← Chapters

ခေတ်သစ်တစ်ခု

Vol. 69 Ch. 961

ခေတ်သစ်တစ်ခု

Vol. 69 Ch. 961

ရွှေရောင် အသက်နန်းတော်...

ရွှေရောင် အသက်နန်းတော်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အကြီးမားဆုံးသော စီးပွားရေး လုပ်ငန်းကြီး ဖြစ်ကာ အဆုံးမဲ့ ကောင်းကင် တစ်ခုလုံးရှိ ငွေ‌ကြေး စီးဆင်းမှု များစွာကို လွှမ်းမိုး ချုပ်ကိုင် ထားသည်။ နန်းတော် အတွင်းရှိ အပြောင်းအလဲ တစ်ခုချင်းစီက သက်ရောက်မှု အလွန်ပင် ကြီးမားလှကာ မတူကွဲပြားသော မဟာမိတ်များ၊ စိတ်ဝင်စားမှုများ၊ ဆက်ဆံရေးများ အပေါ် ခြားနားမှုများ ဖြစ်ပေါ် စေခဲ့သည်။

ရုတ်ချည်းဆိုသလို ဖြစ်ပေါ်လာသည့် ရွှေရောင် အသက်နန်းတော်သခင် နေရာ စိန်ခေါ်ပွဲနှင့် ၎င်း၏ ရလဒ်က တစ်လောကလုံးကို အံ့အားသင့် စေခဲ့လေသည်။ စိန်ခေါ်ပွဲ သုံးပွဲတွင် တတိယကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ မာ့ကျန်းမှာ အနိုင်နှစ်ပွဲနှင့် သ‌ရေတစ်ပွဲကို ရယူခဲ့သည်။

ယခု၌ ဝါရင့်သဘာရင့် ထိုလူအိုကြီးမှာ အကြွင်းမဲ့စည်းစိမ်၏ နန်းတော် သခင် နေရာကို အခွင့်အရေး အပြည့်ဖြင့် သိမ်းပိုက်ခဲ့သည်။ ပြိုင်ပွဲ၌ သူက လက်ရှိနန်းတော်သခင် ရှန်းကျီးကျိကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အပြတ်အသတ် အနိုင်ယူကာ ကျင့်ကြံခြင်းကိုပင် ဖျက်ဆီး ပစ်ခဲ့သည်။

ရှန်းကျီးကျိ...

ရွှေရောင် အသက်နန်းတော် အကြောင်း ပြောလျှင် သူ့နာမည် ပါသည် အထိ ရှန်းကျီးကျိမှာ နှစ်ထောင်ပေါင်းများစွာ ကျော်ကြား ထင်ရှားခဲ့သည့် ပုံရိပ် တစ်ခု ဖြစ်သည်။ သူ၏ အဆက်အသွယ်များနှင့် စီးပွားရေး အကွက်မြင်မှုများကပင် ရွှေရောင် အသက်နန်းတော်ကို ပိုမို ကြီးကျယ် ခမ်းနားသည့် အမြင့်တစ်နေရာသို့ ဆွဲတင်ပေးနိုင်ခဲ့သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၌ သူ့ကို မလေးစားကြသူများ အလွန်ပင် နည်းပါးသည်။

ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ချက်ချင်း နိမ့်ကျ သွားသည်ကို မြင်ရခြင်းမှာ အလွန်ပင် ဝမ်းနည်းစရာ ကောင်းလွန်းလှသည်။ သို့သော်လည်း... ဘာတတ်နိုင်မည်နည်း။ ထိုအရာက ရှုံးနိမ့်သူ၏ ကံကြမ္မာသာ ဖြစ်သည်။

ယခုအချိန်၌ ရှန်းကျီးကျိ ဘာဖြစ်နေပြီကို မည်သူမှ မသိကြချေ။ ပြိုင်ပွဲ ပြီးဆုံးသည်နှင့် ရွှေရောင် အသက်နန်းတာ်မှာ ဝိညာဥ် ပုံရိပ်ယောင် ကျောက်တိုင် ထုတ်လွှင့်မှုကို တိုက်ရိုက် ဖြတ်တောက် ပစ်လိုက်သည်။ ‘ရွှေရောင် အသက်နန်းတာ်၏ တရားဝင်၊ စည်းမျဉ်း ဥပဒေများနှင့် ကိုက်ညီသည့် မည်သည့် အကျိုးစီးပွားမဆို ဆက်လက် ကျန်ရှိစေရမည်’ ဆိုသည် မာ့ကျန်း၏ မိန့်ခွန်း တစ်ခုသာလျှင် သူတို့က ချန်ထားခဲ့သည်။

၎င်းကြေညာချက်က များစွာသော လူများကို စိတ်အေး သွားစေခဲ့ပေသည်။ အဆုံးမဲ့ ကောင်းကင်ရှိ မရေမတွက်နိုင်သော လူများ အတွက် ရွှေရောင် အသက်နန်းတော်မှာ ရင်းနှီး မြှုပ်နှံရာ ရပ်ဝန်း တစ်ခု ဖြစ်သည်။ ရောင်းဝယ်မှု ပြုရာ ဒိုင်တစ်ခုလည်း ဖြစ်သည်။ ထို့အပြင်... ၎င်းက သူတို့၏ ဘဏ်လည်း ဖြစ်ကာ ချေးငွေများကို မျှတသော အတိုးနှုန်းများဖြင့် အမြဲတမ်း ထုတ်ချေး ပေးသည်။

အဆုံးမဲ့ ကောင်းကင်ပ ရွှေရောင် အသက်နန်းတော်ကို အမှီသဟဲ ပြုလုပ်၍ စီးပွားရေး လုပ်ကိုင်နေကြသည့် အင်အားစုများစွာ ရှိသည်။ အကယ်၍ မာ့ကျန်းသာ မူဝါဒများ ပြောင်းလဲပစ်လိုက်ပါက ရွှေရောင် အသက်နန်းတော် အပေါ် မှီခိုနေသည့် မရေမတွက်နိုင်သော အင်အားစုများ ဖရိုဖရဲ ဖြစ်ကာ ပြိုလဲ သွားပေလိမ့်မည်။

အခြားတစ်ဖက်၌...ရှန်းကျီးကျိကို လိုလားသော အုပ်စုများလည်း ရှိနေပေသေးသည်။ သူတို့ထဲမှ အများစုက ရှန်းကျီးကျိနှင့် ပုဂ္ဂိုလိက ဖက်စပ် လုပ်ကိုင်ကြသူများ ဖြစ်သည်။

ထိုပုဂ္ဂိုလ်များ၊ အင်အားစုများက ရှန်းကျီးကျိကို ချက်ချင်းပင် ထုတ်ပေးဖို့ တောင်းဆိုကြသည်။ သို့သော်လည်း... ကံဆိုးစွာပင် နာရီအနည်းငယ် ကြာမြင့်ပြီးနောက် သတင်းဆိုး တစ်ခု ပျံ့နှံ့လာခဲ့သည်။ ၎င်းက နန်းတော်သခင်ဟောင်း ရှန်းကျီးကျိ တစ်ယောက် ဒဏ်ရာများနှင့် လောကမှ ထွက်ခွာ သွားခဲ့ပြီ ဆိုသည့် အကြောင်းပင်။

မကြာခင်မှာပင်... မာ့ကျန်းက ထိုသတင်းအပေါ် ဝမ်းနည်းရကြောင်းနှင့် ရှန်းကျီးကျိ၏ မျိုးနွယ်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း၊ ရွှေရောင် အသက်နန်းတော်၏ လုပ်ထုံးလုပ်နည်း အတိုင်း သေသေချာချာ ဂရုစိုက်မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၎င်းထုတ်ပြန်ချက်က အပြင်ပန်း အားဖြင့် ကြည်နူးစရာ ဖြစ်သည့်တိုင် နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သိသူတိုင်းကတော့ ရိုးတွင်းခြင်ဆီများပင် အေးစက် သွားခဲ့ကြသည်။ သို့သော်လည်း ဘာတတ်နိုင်မည်နည်း။ ထိုအရာက ရှုံးနိမ့်သူတို့၏ ကံကြမ္မာပင် ဖြစ်သည်။

တစ်ချိန်တည်း၌... ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထို၏ ပြန်လည် ထွက်ပေါ်လာမှုကြောင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံး ပွက်ပွက်ဆူနေသော်လည်း ဖေးယဲ့လီယင်ကို ဝရမ်းပြေး အဖြစ် အမိန့်ထုတ်ခဲ့သည့် ထိပ်တန်း ပုဂ္ဂိုလ်များကတော့ တိတ်ဆိတ်နေသည်။ သူတို့က အကျိုးအမြတ် တစ်ချို့ကြောင့် ရေငုံနှုတ်ပိတ် နေနေကြခြင်း ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။

အချို့က ဖေးယဲ့လီယင်မှာ ရွှေရောင် အသက်နန်းတော်နှင့် ကြယ်ကိုးပွင့် ရှန့်ထို ခန်းမတို့ ပူးပေါင်းကာ စီးပွားရေး လုပ်မည့် အစီအစဉ် တစ်ခု အဖြစ် ရှုမြင် နေကြသည်။

ရွှေ‌ရောင် အသက်နန်းတော်၌ အပြောင်းအလဲများ ဖြစ်ပေါ်နေသလို တစ်ချိန်တည်း၌ ခေတ်သစ် တစ်ခုကို အဆုံးအဖြတ်ပေးမည့် မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာလည်း လျှင်မြန်စွာပင် နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ လူတိုင်းမှာ လေထုဖိအားက ပိုမို လေးလံကာ သိပ်သည်းလာနေသလို ခံစားနေကြရ၏။ ခေတ်သစ်တစ်ခုကား လာနေခဲ့ပြီ ဖြစ်သည်။ ၎င်းအား မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

...

“ရှီး... အား...”

ဖက်ခေါင်းအုံးကို ကိုက်၍ ငြီးတွားနေသည့် အသံများမှာ ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထိုရာဂသံများကို ကြားရုံဖြင့် စိတ်များ ပူမြိုက်လောင်ကြွမ်းလာမှာ သေချာပေသည်။

“တော်ဝင်... သားတော်... အ... အမေရေ...”

စက္ကန့်နှင့် အမျှ အသံများက ပိုမို ကျယ်လောင်လာကာ သာယာမှုမှာ အထွတ်အထိပ်ထိ ရောက်ရှိလာ၏။

“အ.... အ.... အ...”

ရွှေရောင်အသက်နန်းတော် စိန်ခေါ်ပွဲ အဆုံးသတ် သွားသည်မှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအသံများမှာ အသစ်ပြန်လည် ဖွဲ့စည်းထားသည့် အာရုဏ်ဦး မူလဂြိုဟ်၊ ပထမ ကောင်းကင်အလွှာ တိမ်များ အကြား၌ တည်ဆောက်ထားသည့် ငွေရောင် နန်းတော် တစ်ခုထဲမှ ဖြစ်ပေသည်။ ၎င်းက အလွန်ပင် ကြီးကျယ် ခမ်းနားသလို ခေတ်မှီဆန်းသစ်လှ၏။

၎င်းက ဝေ့ဝူယင်၏ ကိုယ်ပိုင် စွမ်းအင်များဖြင့် ထုဆစ် ဖန်တီးထားသည့် အာရုဏ်ဦး မူလ နန်းတော်ပင် ဖြစ်သည်။ စိတ်တက်ကြွဖွယ် အသံများ၏ ပိုင်ရှင်ကတော့... မျက်မမြင် မဟာ သီလရှင် စီတမှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။

သာလွန်ခြင်း အဆင့် အဆင့်ကိုး ထုတ်ကုန် တစ်ခုကို ယန်ချောင်ယွီအား ပေးပြီးသည့် နောက်တွင် ဝေ့ဝူယင်မှာ အာရုဏ်ဦး မူလဂြိုဟ်သို့ ပြန်လာကာ စိတ်ဆန္ဒများကို စီတ၏ နူးညံ့သော ခန္ဓာကိုယ်ပေါ်သို့ ပုံချခဲ့သည်။ စီတကလည်း ငြင်းဆိုခြင်း မရှိချေ။ ဤသည်က လွန်ခဲ့သည့် သုံးရက် အတွင်း သူတို့ ဆယ့်ငါးကြိမ်မြောက် လိင်ဆက်ဆံခဲ့ခြင်း ဖြစ်သည်။

ဖျောင်း...

ဝေ့ဝူယင်က စီတ၏ တင်ပါးဝိုင်းဝိုင်းကို တစ်ချက် ရိုက်ကာ ခွာ၍ လှပသော ရှုမြင်ကွင်းသဖွယ် ကြည့်လိုက်၏။ ထို့နောက်... သူ့နှုတ်ခမ်းထက်၌ ကျေနပ်သည့် အပြုံးတစ်ခု ဖွဲ့စည်းလာခဲ့သည်။

“တော်ဝင်သားတော်... တော်ဝင်သားတော်...”

စီတမှာ ရင်သပ် ရှုမောဖွယ် အတွေ့အကြုံ၏ အငွေ့အသက်များ မကုန်ခမ်း သေးသည့် အလား ဆက်လက် ငြီးတွားနေဆဲ ဖြစ်သည်။ သူမ၏ ရှည်လျားသော ခြေထောက်များက တဆတ်ဆတ် တုန်ရီနေ၏။

ဝေ့ဝူယင် ထိုနေရာမှ ဖယ်ခွာကာ ခုတင်စွန်းတွင် ထိုင်လိုက်သည်။ စီတမှာ မွေ့ယာပေါ် မှောက်လျက် ကျသွားကာ ဆက်လက် မှိန်းနေခဲ့၏။ သူမ အနေဖြင့် ယင်စွမ်းအင်များကို ချေဖျက်ဖို့ အချိန်လိုမည် ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။

လောကသခင် အဆင့်ကို တက်လှမ်းခဲ့ပြီး နောက်တွင် ဝေ့ဝူယင်၏ ယန်အမတေများက အလွန်ပင် သန့်စင်လာကာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များထက်ပင် ပိုမို အကျိုးအမြတ် ရှိနေခဲ့ပြီ ဖြစ်သည်။ စီတ၏ ချောမွေ့သော အရည်ပြားက အဆက်အပြတ် ပြောင်းလဲနေကာ ဝိညာဥ် အငွေ့အသက်များမှာ မျက်လုံးများထဲတွင် နေရာယူ လာနေခဲ့၏။ သူမက အပြောင်းအလဲ တစ်ခုကို ကြုံတွေ့နေရကြောင်း သံသယ ရှိစရာမ မလိုပါချေ။

ဝမ်...

ရုတ်တရက်... ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ်က လင်းလက် လာခဲ့၏။ ထိုအရာက ဆက်သွယ်ရေး သလင်းကျောက်ထံမှ ဖြစ်ကြောင်း သဘောပေါက်လေရာ ဝေ့ဝူယင် ချက်ချင်းပင် ထုတ်ယူ ဖတ်ရှု လိုက်သည်။

“ရွှယ်ရီဖေးနဲ့ ဝူပိုင်ကျိုးတို့က မဟာရှန့်ထို ညီလာခံမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ကြပြီ...”

စာက ဝူယုထံမှ ဖြစ်သည်။ ဝေ့ဝူယင် သိမ်မွေ့စွာ ပြုံးလိုက်၏။ လွန်ခဲ့သည့် လေးလခန့်ကတည်းက ဝူယုမှာ ရွှယ်ရီဖေးကို စိုးရိမ်နေခဲ့ခြင်း ဖြစ်ကာ မာ့ကျန်းနှင့် အတူ အပြေးအလွှား လိုက်သွားခဲ့ခြင်း ဖြစ်သည်။ ယခု ဆက်သွယ်မှုက ရွှယ်ရီဖေး လုံခြုံကြောင်း အတည်ပြုစာလည်း ဖြစ်သည်။

နောက်ထပ်တစ်ဖန်... ၎င်းက ဝူပိုင်ကျိုး တစ်ယောက်လည်း ရွှေရောင် အသက်နန်းတော်၏ ပိုင်နက် အတွင်းတွင် လုံခြုံ နေကြောင်း အတည်ပြုပေးခဲ့သည်။

ဝေ့ဝူယင် စာပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူ့ပေါင်ကို လာထိနေကြောင်း သတိထားမိလိုက်၏။ သူ ငုံ့ကြည့်လိုက်တော့ ငွေရောင် ဆံပင်ဆံပင်များကို မြင်းမြီး သဏ္ဌာန် ချည်နှောင်ထားသည့် ဦးခေါင်းတစ်ခုကို တွေ့လိုက်ရသည်။ စီတမှာ သူ့ ခြေထောက် နှစ်ချောင်း ကြားထဲရှိ အရာကို အပြည့်အဝပင် အာရုံစိုက် နေခဲ့၏။

“ဟား... အား...”

မကြာခင်မှာပင် နူးညံ့ စိုဆွတ်သော အသံများနှင့် ပါးစပ် အပြည့် စုပ်ယူသည့် အသံများက အခန်းတစ်ခုလုံးကို ပြည့်နှက် သွားခဲ့တော့သည်။ ဝေ့ဝူယင် ထိုကြည်နူးမှု အပေါ် အပြည့်အဝ အာရုံစိုက်ကာ ဆက်သွယ်ရေး သလင်းကျောက်ကို ပြန်လည် သိမ်းဖို့ ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် နောက်ထပ် ဆက်သွယ်မှု တစ်ခုကို လက်ခံ ရရှိလိုက်သည်။

စာကို ဖတ်လိုက်ရင်း ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ၎င်းက ဝမ်မင်ယာထံမှ ဖြစ်ကာ စိတ်ဝင်စားဖွယ်ရာ တစ်ခုခုကို သူမ ရှာတွေ့ခဲ့ဟန် ရလေသည်။

...

အာရုဏ်ဦး မူလ နန်းတော် တံခါး၏ အပြင်ဘက်...

နန်းတော် အဆောက်အဦ တစ်ခုလုံးကို ကောင်းကင်ပေါ် လွင့်မြောနေအောင် ထိန်းသိမ်းထားသည့် အုတ်မြစ်ပေါ်၌ မိန်းမငယ်လေး တစ်ယောက် ရှိနေခဲ့၏။ သူမ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း နေကာ အတွေးတစ်ခု အတွင်း နစ်မြုပ်နေဟန် ရသည်။

ဝမ်မင်ယာ သိပ်ကြာကြာ မစောင့်လိုက်ရပါ‌ချေ။ မိနစ်ပိုင်း အတွင်းမှာပင် ရင်းနှီးနေသည့် အော်ရာ တစ်ခု ချဉ်းကပ်လာသည်ကို သူမ ခံစားလိုက်ရ၏။ မိန်းကလေး၏ မျက်ဝန်းများက ပုံမှန် ပြန်ဖြစ်သွားကာ လေးစားမှု၊ ချစ်ခင်မှုများဖြင့် ပြည့်နှက် သွားသည်။

ဝေ့ဝူယင်မှာ အပြုံးဖြင့် နန်းတော်ထဲမှ ထွက်လာခဲ့သည်။ သူက အနက်ရောင် ချည်ထည် ဝတ်စုံကို ဝတ်ဆင်ထား၏။ လူငယ်၏ အော်ရာက လောကသခင် အဆင့်ကို ခြေမချခင်ကနှင့် လုံးဝ ခြားနားသွားသလို ဝမ်မင်ယာ ခံစား လိုက်ရသည်။

ဝေ့ဝူယင်၏ အသွင်အပြင်ကို ကြည့်ရင်း ဝမ်မင်ယာမှာ စိတ်လှုပ်ရှား လာသလို ခံစား လိုက်ရ၏။ ကျင့်ကြံခြင်း အဆင့် တစ်ခုကို ချိုးဖျက်ပြီး နောက်တွင် ကျင့်ကြံသူများ အနေဖြင့် ပိုမို ဆွဲဆောင်မှု ရှိလာတတ်သည်က သဘာဝပင် ဖြစ်သည်။ အထူးသဖြင့် ယင်-ယန် ချိတ်ဆက်မှု ရှိသည့် ဆန့်ကျင်ဘက် လိင်များ အပေါ်တွင် ဖြစ်၏။ ဝမ်မင်ယာမှာ ထိုအတွက် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဝေ့ဝူယင်မှာ အခြားလူများထက် အဆပေါင်းများစွာ ပိုမို ထူးခြားကာ ဆွဲဆောင်မှု ရှိနေသလို သူမ ခံစားနေရသည်။

“ဝမ်မင်ယာ...”

မိန်းကလေးနှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ ဝေ့ဝူယင်၏ အပြုံးက ပိုမို တောက်ပလာ၏။ မကြာခင် သူတို့ အကြားတွင် ပေအနည်းငယ်သာ ခြားနား ပေတော့သည်။

ဝမ်မင်ယာ စိတ်ကို လျှင်မြန်စွာပင် ပြန်လည် စုစည်းလိုက်ရင်း သက်တောင့်သက်သာ ပြုံးပြလိုက်၏။

“ဝေ့ဝူယင်....”

***

All Chapters