အခန်း (၉၁၅)
Vol. 66 Ch. 915
‘မိစ္ဆာဘုရင်ရှန်းထျန်းရဲ့နောက်ကွယ်မှာ အင်မော်တယ်သခင်တစ်ယောက် ရှိနေတာလား’
အကယ်၍ အင်မော်တယ်သခင်တစ်ပါး ရှိနေလျှင် သူ၏ လက်ရှိစွမ်းရည်ဖြင့် မလုံလောက်ပေ။
‘အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျိုးရှန့်နဲ့ တခြားလူတွေကရော ဒီအကြောင်းကို သိထားကြလား’
ထို့အပြင် နလန်ရွှင်၏ စကားအရ မိစ္ဆာဘုရင်ရှန်းထျန်း၏ စစ်တပ်သည် မိုင်သန်းချီအကွာသို့ ရောက်လာသည်။
အကယ်၍ စစ်တပ်က လျင်မြန်စွာ ရွေ့လျားမလာလျှင်ပင် ကျွမ်းကျင်သူများ လှုပ်ရှားလိုက်သ၍ ဝမ်ချုံမြို့သို့ ချက်ချင်းရောက်လာလိမ့်မည်။
ဟန်မူယဲ့က သတင်းများကို နားထောင်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
“အရှင်၊ ကျွန်တော်က ပါးနပ်တဲ့ကလန်သားနှစ်ယောက်ကို အရှင့်နောက်လိုက်ဖို့ စီစဉ်လိုက်ပါမယ်။ အရှင်က တစ်ခုခုသိချင်တာရှိရင် သူတို့ကနေတစ်ဆင့် သတင်းပေးနိုင်ပါတယ်”
နလန်ရွှင်က ဦးညွတ်လိုက်ပြီး ပြောသည်။
ထို့နောက် သူက လှည့်ထွက်သွားသည်။ သူက ခြံဝိုင်းအပြင်ဘက်သို့ ရောက်သွားသောအခါတွင် လူသားပုံစံ ပြောင်းသွားသည်။
မိစ္ဆာမျိုးနွယ်၏ ပုံရိပ်ယောင်နည်းစနစ်သည် ခွဲခြားနိုင်ရန် ခက်ခဲသည်။
နလန်ရွှင် ထွက်သွားသောအခါတွင် ဟန်မူယဲ့က ခြံဝိုင်းထဲမှ ထွက်လာခဲ့သည်။
သူက ကျိုးရှန့်ကိုရှာပြီး မိစ္ဆာဘုရင်ရှန်းထျန်း၏ နောက်ကွယ်တွင်ရှိသော ကျွမ်းကျင်သူများကို ရှာဖွေချင်သည်။ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ သတင်းကိုလည်း ကိုးကားကြည့်နိုင်လိမ့်မည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သောကြောင့် တချို့အရာများကို သေချာပေါက်သိနေလိမ့်မည်။
ဟန်မူယဲ့က ခြံဝိုင်းထဲမှ ထွက်လာသောအခါတွင် မျက်မှောင်ကြုတ်လိုက်သည်။
အဝေးတစ်နေရာတွင် မိစ္ဆာချီများကို မြင်နိုင်သည်။
မိစ္ဆာဘုရင်ရှန်းထျန်း၏ လက်အောက်တွင်ရှိသော ကျွမ်းကျင်သူများ ရောက်လာကြသည်။
“ဒေါင် ....”
ခေါင်းလောင်းသံ မြည်ဟီးလာသည်။ မရေမတွက်နိုင်သော ပုံရိပ်များက ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသည်။
ဟန်မူယဲ့က ထိုပုံရိပ်များထဲတွင် ဓားအလင်းတစ်ခုကို မြင်လိုက်ရသည်။
ကျိုးရှန့်ကလည်း လှုပ်ရှားခဲ့သည်။
“မြို့သခင်”
တစ်ဖက်ခြံဝိုင်းမှ ထွက်လာသော ချင်ကျောက်ယွမ်က သူ့ဘေးသို့ လျင်မြန်စွာရောက်လာပြီး ဦးညွတ်လိုက်သည်။
တုချင်နှင့် တခြားလူများကလည်း လေးနက်သောမျက်နှာထားဖြင့် စုဝေးလာကြသည်။
“ကုန်ပစ္စည်းတွေရဲ့ အခြေအနေက ဘယ်လိုလဲ”
ဟန်မူယဲ့က တုချင်ကို ကြည့်လိုက်သည်။
သိန်းချီသော လက်နက်နှင့် ချပ်ဝတ်များသည် နည်းပါးသောပမာဏတစ်ခု မဟုတ်ပေ။
“အများစုကို ကြိုတင်သိမ်းဆည်းပြီးပါပြီ။ ဒါပေမဲ့ ....”
တုချင်၏မျက်နှာက မှုန်မှိုင်းနေပြီး ခေါင်းခါလိုက်သည်။
“ကျွန်တော်တို့က အချိန်မီစုဆောင်းနိုင်မယ်မထင်ဘူး”
မိစ္ဆာဘုရင်ရှန်းထျန်းက တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ အကယ်၍ ခုခံနိုင်လျှင် အဆင်ပြေသည်။ အကယ်၍ မခုခံနိုင်လျှင် လက်နက်နှင့် ချပ်ဝတ်များကို ရောင်းချနေရန် မလိုအပ်တော့ပေ။
“သခင်ဓားအင်မော်တယ်၊ ကုန်ပစ္စည်းတွေက အရေးမကြီးပါဘူး။ သခင်ဓားအင်မော်တယ်ရဲ့ အလုပ်ကိစ္စကို မနှောင့်နှေးဖို့ပဲ လိုအပ်ပါတယ်”
တုချင်က လက်သီးဆုပ်လိုက်ပြီး တီးတိုးပြောသည်။
“တစ်ခုခု အမိန့်ပေးချင်တာ ရှိပါသလား”
သူတို့က ယွင်လန်ဓားအင်မော်တယ်၏အမိန့်ကို နာခံရမည်ဟု ခေါင်းဆောင်က ပြောခဲ့သည်။
ယခုအခြေအနေတွင် ကုန်သည်အဖွဲ့က ဟန်မူယဲ့၏ ဦးဆောင်မှုနောက်သို့ လိုက်လိမ့်မည်။
သူတို့က ဆုံးရှုံးမှုကို ခံစားရမည်ဆိုလျှင်ပင် ဟန်မူယဲ့ကို မနှောင့်နှေးစေရပေ။
ကုန်သည်အဖွဲ့ကြီးများအတွက် ဆုံးရှုံးမှုသည် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။
သူတို့က ဆုံးရှုံးမှုကို လက်ခံလိုက်လျှင်ပင် ဟန်မူယဲ့ကို ကူညီပေးခြင်းအားဖြင့် အကျိုးအမြတ်ပြန်ရလိမ့်မည်။
ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော မိစ္ဆာအလင်းကို ကြည့်လိုက်ပြီး ပြောသည်။
“ငါတို့က ခြေရာဖျောက်ဖို့ မင်းတို့ရဲ့ကုန်သည်အဖွဲ့နဲ့ လိုက်လာမယ်လို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အခု အလုပ်မဖြစ်လောက်ဘူး”
“မင်းတို့က ကုန်ပစ္စည်းတွေကိုသိမ်းပြီး မြို့ထဲကနေ ထွက်သွားနှင့်ပါ။ နောက်ကျမှ ပြန်တွေ့ကြမယ်”
ဟန်မူယဲ့က မြို့အပြင်ဘက်တွင်ရှိသော ရှုပ်ထွေးနေသည့်မြင်ကွင်းကို ကြည့်လိုက်ပြီး ခေါင်းခါသည်။
မိစ္ဆာအများအပြားသည် ဝမ်ချုံမြို့မှ ထွက်ပြေးသွားကြသည်။
မြို့က သန်မာသော်လည်း ရွှေအင်မော်တယ်များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သွားလိမ့်မည်။
လူတိုင်းသည် မြို့နှင့်အတူ နေထိုင်ရန် ဆန္ဒမရှိကြပေ။
မြို့နေလူထုသည် ထိုအကြောင်းကို သိထားပြီး ဖြည်းဖြည်းချင်းပိတ်နေသော ဂိတ်တံခါးကို ကြည့်လိုက်ကြသည်။
တုချင်က လျင်မြန်စွာဦးညွတ်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ရွှေရောင်အင်းကွက်များကို စေလွှတ်လိုက်သည်။
ကုန်သည်အဖွဲ့၏ အစောင့်များက စတင်လှုပ်ရှားပြီး ကုန်လှည်းများကို ရွေ့ပြောင်းလိုက်ကြသည်။
စစ်တပ်အရာရှိများနှင့် အဆင့်မြင့်မိစ္ဆာများက လက်နက်များကို စုဆောင်းရန်အတွက် လျင်မြန်စွာ ရောက်လာကြသည်။
“မြို့စောင့်ဝင်္ကပါကို အသက်သွင်းတော့မယ်”
ချင်ကျောက်ယွမ်က ပတ်ဝန်းကျင်တွင်ရှိသော အစိမ်းရောင်သစ်ရွက်များကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
ဝမ်ချုံမြို့သည် ဆူပွက်နေပြီး မရေမတွက်နိုင်သော အစိမ်းရောင်သစ်ရွက်များ ပေါ်ထွက်လာသည်။
အစိမ်းရောင်အလင်းသည် သွယ်ယှက်နေပြီး အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည်။
အလင်းလွှာပိတ်သွားလျှင် လေထုထဲမှ ထွက်မသွားနိုင်တော့ပေ။
“သွားကြစို့”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အစိမ်းရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။
သူက ခွေသားရဲ၏စွမ်းအားကို အသက်သွင်းပြီး အလင်းလွှာမပိတ်ခင် မြို့ထဲမှထွက်သွားသည်။
ချင်ကျောက်ယွမ်ကလည်း သူ့နောက်မှ လိုက်လာသည်။
သူတို့က မိစ္ဆာဘုရင်ရှန်းထျန်းနှင့် ဝမ်ချုံမြို့တွင်တိုက်ခိုက်ရန် ခါးသီးအင်မော်တယ်နယ်မြေသို့ ရောက်လာခြင်းမဟုတ်ပေ။ ထို့ကြောင့် မြို့ထဲတွင် ပိတ်မိနေရန် မလိုအပ်ပေ။
သူတို့က မြို့နှင့် မိုင်တစ်ရာခန့်အကွာသို့ ရောက်လာသောအခါတွင် ပေါက်ကွဲသံကို ကြားလိုက်ရသည်။
နောက်သို့ ပြန်ကြည့်လိုက်သောအခါတွင် ဝမ်ချုံမြို့သည် အဆုံးမရှိသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ ပုံရိပ်ယောင်ဆန်သော သစ်ကိုင်းနှင့်သစ်ရွက်များသည် ယိမ်းနွဲ့နေပြီး ကောင်းကင်ကို ထိုးဖောက်တော့မည်ဟု ထင်ရသည်။
အလင်းလွှာသည် မြို့ထဲတွင်ရှိသော သက်ရှိများ၏စွမ်းအားကို အသုံးပြုထားသည်။
အကယ်၍ ဟန်မူယဲ့နှင့် ချင်ကျောက်ယွမ်က အချိန်မီထွက်မလာခဲ့လျှင် စွမ်းအားအကုန်ခံ၍ ဝင်္ကပါကို ထောက်ပံ့ပေးနေရလိမ့်မည်။
“ဒါက ခါးသီးအင်မော်တယ်နယ်မြေပဲ”
ချင်ကျောက်ယွမ်က ရှုပ်ထွေးနေသော မျက်နှာထားဖြင့် အလုံပိတ်ထားသော ဝမ်ချုံမြို့ကို လှည့်ကြည့်သည်။ သူက ညင်သာစွာ ပြောလိုက်သည်။
“အဆင့်နိမ့်သက်ရှိတွေက အဆုံးမရှိတဲ့ အရှုပ်အထွေးတွေထဲမှာ ရွေးချယ်စရာမရှိပဲ ပါဝင်နေရတယ်”
ခါးသီးအင်မော်တယ်နယ်မြေတွင် အဆင့်နိမ့်သက်ရှိများအတွက် အခွင့်အရေးမရှိပေ။
ဖူယွီအင်မော်တယ်ကမ္ဘာတွင် ခါးသီးအင်မော်တယ်နယ်မြေသည် အနားယူချိန်မရှိပဲ အရှုပ်အထွေးများဖြင့် ထာဝရပြည့်နှက်နေသည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။
ခါးသီးအင်မော်တယ်နယ်မြေ၏ အရှုပ်အထွေးများသည် မိစ္ဆာမျိုးနွယ်၏ သဘာဝကြောင့် ဖြစ်သည်။ ထို့အပြင် တခြားအင်အားစုများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်လည်း ဖြစ်သည်။
ဖရိုဖရဲဖြစ်နေသော တိုက်ပွဲတိုင်း၏ နောက်ကွယ်တွင် အကြံအစည်များ ရှိနေသည်။
အဆင့်နိမ့်ကျင့်ကြံသူနှင့် မိစ္ဆာများက အစစ်အမှန် ခွန်အားမဲ့နေကြသည်။
ယခုအချိန်တွင် သူက အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အနည်းငယ် နားလည်သွားသည်။
ကောင်းကင်စက်ဝန်းဝင်္ကပါတွင် စွမ်းအားများကို စုစည်းပြီး ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည်။
အမြင့်တစ်နေရာတွင်ရှိနေပြီး အဆင့်နိမ့်ကျင့်ကြံသူများ၏ အသက်ကို တန်ဖိုးမထားသော ပုဂ္ဂိုလ်ကြီးများက ထိုအရာကို ကြောက်ရွံ့ကြသည်။
ပုရွက်ဆိတ်များ၏ စုပေါင်းခွန်အား ဖြစ်သည်။
“မြို့သခင်၊ ဒါက အဲဒီအကြီးအကဲ ကျဆုံးသွားတဲ့နေရာနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေပါ”
ချင်ကျောက်ယွမ်က လက်မြှောက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ပေးလိုက်သည်။
“ဉာဏ်အလင်းဒေသရဲ့ လေပြင်းတောင်စောင်းလား”
“ဒါက မိစ္ဆာဘုရင်ရှန်းထျန်းရဲ့ နေရာမဟုတ်လား”
ကျောက်စိမ်းပေလွှာထဲတွင် မှတ်သားထားသောနေရာသည် မိစ္ဆာဘုရင်ရှန်းထျန်း၏ ပိုင်နက်ဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် မိုးကြိုးဓားပြများကိုလည်း ထိုနေရာတွင် ချုပ်နှောင်ထားသည်။
ဟန်မူယဲ့က အင်မော်တယ်သခင်စန်ယွင်နှင့် စကားပြောခဲ့ပြီး ခါးသီးအင်မော်တယ်နယ်မြေတွင် တခြားအင်မော်တယ်သခင်များ ကျဆုံးမသွားခဲ့ကြောင်း သိလိုက်ရသည်။
အင်မော်တယ်သခင်စန်ယွင်၏ အမွေအနှစ်အပြင် ရွှေအင်မော်တယ်ကျူးမင်၏ အစီအစဉ်များသာ ရှိနေလိမ့်မည်။
ထို့ကြောင့် နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများ၏ အစီအစဉ် ဖြစ်နိုင်သည်။
“သူက လှည့်ကွက်တွေချန်ထားခဲ့ရင် မင်းက ဂရုစိုက်ဖို့လိုမယ်”
အင်မော်တယ်သခင်စန်ယွင်က လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
အင်မော်တယ်သခင်တစ်ပါး၏ အစီအစဉ်များကို ရွှေအင်မော်တယ်အဆင့်သို့ မရောက်သေးသော ဟန်မူယဲ့က ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
သူက ချင်ကျောက်ယွမ်ပေးသော တည်နေရာကို ကြည့်လိုက်ပြီး နတ်ဘုရားကမ္ဘာမှ ကျဆုံးသွားသော ကျွမ်းကျင်သူ၊ မိစ္ဆာဘုရင်ရှန်းထျန်းတို့နှင့် ပတ်သတ်နေမည်ဟု တွေးလိုက်မိသည်။
“သခင်ဓားအင်မော်တယ်၊ တုချင်က အစောင့် ၃၂ယောက်နဲ့ ကုန်သည်အဖွဲ့ကိုဦးဆောင်ပြီး ရောက်လာပါပြီ”
အနက်ရောင်ချပ်ဝတ်နှင့် တုချင်က ချဉ်းကပ်လာပြီး ဦးညွတ်လိုက်သည်။
သူ့ဘေးတွင် အငွေ့အသက်များကို ဖုံးကွယ်ထားသော အနက်ရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူများ ရှိနေကြသည်။
လူသားနှင့် မိစ္ဆာများ ပါဝင်ကြသည်။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ကျောက်စိမ်းပေလွှာကို ချင်ကျောက်ယွမ်ဆီသို့ ပြန်ပေးလိုက်သည်။
“မင်းတို့က အရင်သွားပြီး သတင်းအချက်အလက်တွေကို စုဆောင်းခဲ့ပါ”
“ငါက တခြားကိစ္စတွေ လုပ်ရအုံးမယ်”
အင်မော်တယ်သခင်တစ်ပါး၏ အမွေအနှစ်က အစစ်အမှန်ဖြစ်စေ အတုအယောင်ဖြစ်စေ ဟန်မူယဲ့က စုံစမ်းကြည့်ရမည်။
သို့သော် သူက အင်မော်တယ်သခင်စန်ယွင် ချန်ထားခဲ့သော ရတနာကို အရင်အသက်သွင်းရမည်။
သူက လေပြင်းတောင်စောင်းသို့ရောက်သွားပြီး မိစ္ဆာဘုရင်ရှန်းထျန်းနှင့် တိုက်ပွဲဖြစ်ခဲ့လျှင် ခါးသီးအင်မော်တယ်နယ်မြေတွင် ဆက်နေပြီး အင်မော်တယ်သခင်၏ အမွေအနှစ်ကို ရှာဖွေနိုင်တော့မည်မဟုတ်ပေ။
ချင်ကျောက်ယွမ်နှင့် တုချင်တို့က ဟန်မူယဲ့၏ အစီအစဉ်နှင့် ပတ်သတ်၍ မငြင်းပယ်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင် လူတိုင်းက တိတ်ဆိတ်စွာ ပျံသန်းသွားကြသည်။
ဟန်မူယဲ့ကလည်း အရပ်မျက်နှာတစ်ခုကို ရွေးချယ်၍ ဓားအလင်းကိုသုံးပြီး ပျံသန်းသွားသည်။
သူက နေရာတိုင်းတွင် ဖရိုဖရဲဖြစ်နေသော မိစ္ဆာများကို မြင်ခဲ့ရသည်။
တိုက်ပွဲ စတင်နေခြင်း ဖြစ်နိုင်သည်။ အဝေးတစ်နေရာတွင် ဆက်တိုက်ပေါ်ထွက်လာသော ဟိန်းဟောက်သံများကို ကြားနိုင်သည်။ ကောင်းကင်ထက်တွင် ပျံသန်းနေသော ပုံရိပ်များကို မည်သူမှ ဂရုမစိုက်ကြပေ။ ဟန်မူယဲ့၏ ဓားအလင်းက အလွန်လျင်မြန်ပြီး မိုင်သန်းချီအကွာအဝေးကို တစ်ရက်အတွင်း ဖြတ်သန်းခဲ့သည်။
သုံးရက်အကြာတွင် သူက မိုင်ထောင်ချီရှည်လျားသော တောင်တန်းတစ်ခုဆီသို့ ရောက်လာသည်။
တောင်ထိပ်များသည် မီးခိုးရောင်သန်းနေပြီး မတ်စောက်သည်။
တောင်ခြေတွင် မီးပွားတချို့ကို မြင်နိုင်သည်။
အချိန်မရွေး ပေါက်ကွဲသွားနိုင်သော မီးတောင်တစ်ခု ဖြစ်သည်။
ပတ်ဝန်းကျင်တွင် မိစ္ဆာမျိုးနွယ်စုကြီးများ မရှိကြပေ။ ပုန်းအောင်းနေသော မိစ္ဆာတချို့သာ ရှိကြသည်။
မီးတောင်က အချိန်မရွေး ပေါက်ကွဲထွက်လာပြီး သူတို့ကို သတ်ဖြတ်သွားနိုင်သော်လည်း သူတို့က ဤနေရာတွင် ဆက်နေရန်သာ တတ်နိုင်ကြသည်။
ထိုအရာသည် အဆင့်နိမ့်မိစ္ဆာများ၏ အကူအညီမဲ့မှု ဖြစ်သည်။
သူတို့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို မခုခံနိုင်ကြပေ။
ဟန်မူယဲ့က ဓားနှစ်လက်ကို ထုတ်ယူပြီး တောင်ပေါ်သို့ တက်လိုက်သည်။
ဓားတစ်လက်ကို အင်မော်တယ်ရယ်မင်ဆီမှ ရရှိလာပြီး နောက်ထပ်ဓားတစ်လက်ကို ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ဆီမှ ရရှိလာသည်။
ဓားများသည် ညင်သာစွာတုန်ခါနေပြီး ရှေ့သို့ ပြေးထွက်သွားသည်။
ဓားများသည် အလွန်လျင်မြန်ပြီး မိုင်ထောင်ချီအကွာအဝေးသို့ နာရီဝက်အတွင်း၌ ရောက်လာသည်။
ဤနေရာသည် တောင်တန်း၏ အတွင်းပိုင်းဖြစ်ပြီး မီးတောက်၊ ဖုန်မှုန့်နှင့် မီးခိုးများက ကောင်းကင်ကို လွှမ်းခြုံထားသည်။
ဓားနှစ်လက်က လှုပ်ရှားနေသော ချော်ရည်များ၏အပေါ်တွင် ရပ်တန့်သွားသည်။
သို့သော် သူတို့၏ အနေအထားက မတူညီကြပေ။
ရွှေအင်မော်တယ်ရယ်မင်ဆီမှ ရရှိလာသောဓားသည် ရှေ့ဆက်သွားချင်သကဲ့သို့ အနည်းငယ်တုန်ခါနေသည်။
တစ်ဖက်တွင် ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ဆီမှ ရရှိလာသောဓားသည် ချော်ရည်ကို ညွှန်ပြထားသည်။
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် နေရာတွင် ရပ်နေသည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်မြှောက်သည်။
ဓားနှစ်လက်က သူ့လက်ထဲသို့ ပြန်ရောက်လာကြသည်။
“အကြီးအကဲရယ်မင်၊ ကျွန်တော်တို့က ဒီနေရာကို ရှာတွေ့ထားပြီးပြီပဲ။ ဘာဖြစ်လို့ ထွက်မလာသေးတာလဲ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။
ရယ်မင် ....
ရွှေအင်မော်တယ် ရယ်မင် ....
သူ့စကားအဆုံးတွင် မီးခိုးထဲမှ ပုံရိပ်တစ်ခုထွက်လာသည်။
“ဟုတ်တယ်။ ကျန်တာကို ငါဆက်လုပ်လိုက်မယ်”
ရွှေအင်မော်တယ်ရယ်မင်က ခပ်ဟဟရယ်လိုက်ပြီး ချော်ရည်ကန်ကို ကြည့်သည်။
“မြေပြင်ကို ဆူပွက်စေမယ်။ အဲဒီတော့ ဒီမီးတောင်ပေါ့။ ငါက တောရိုင်းမြေရဲ့ နေရာတိုင်းမှာ ရှာဖွေခဲ့ရတယ်”
သူက လက်မြှောက်ပြီး ရွှေအလင်းများကို ထုတ်ဖော်၍ ချော်ရည်ကန်ကို ဖိချသည်။ ရွှေအင်မော်တယ်ရယ်မင်၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
“နှစ်ပေါင်းများစွာကြာအောင် ရှာဖွေပြီးတဲ့အချိန်မှာ အင်မော်တယ်သခင်ရဲ့ အမွေအနှစ်တွေအားလုံးကို ရတော့မယ်”
သူ့ပတ်ပတ်လည်တွင် အင်မော်တယ်အလင်းဖြင့် တောက်ပနေသော ရတနာများ ပေါ်လာကြသည်။
“အစစ်အမှန်ရတနာသိုက်နဲ့ ယှဉ်လိုက်ရင် ဒါတွေက ဘာမှ တန်ဖိုးမရှိဘူး”
ရွှေအင်မော်တယ်ရယ်မင်က နှစ်ပေါင်းများစွာကြာအောင် စုစည်းထားသော မကျေမနပ်မှုများကို ဖော်ပြနေသကဲ့သို့ မျက်နှာတစ်ခုလုံး ရှုံ့တွနေသည်။
သူက လျှို့ဝှက်ချက်များအား မျှဝေနိုင်သည့် တစ်ယောက်ယောက်ကို တွေ့သွားပုံပေါ်သည်။