အခန်း (၉၁၇)
Vol. 66 Ch. 917
“တည်နေရာပိတ်ဆို့ခြင်း”
သူ့မျက်နှာက ပိုမိုအရုပ်ဆိုးသွားသည်။
ကမ္ဘာငယ်၏စွမ်းအားကို အသုံးပြု၍ ဒဏ်ရာကုသရန် စီစဉ်နေသော ရွှေအင်မော်တယ်ရယ်မင်က ကမ္ဘာငယ်ကို အသုံးမပြုနိုင်ကြောင်း နားလည်သွားသည်။
ဤနေရာကို ချပ်ပိတ်ထားသည်။
‘ရွှေအင်မော်တယ်တစ်ပါးရဲ့ ကမ္ဘာငယ်ကို ဘယ်လိုစွမ်းအားမျိုးက ချိပ်ပိတ်နိုင်တာလဲ’
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“အင်မော်တယ်ဘုရင်ရဲ့ တပည့်လား။ အင်မော်တယ်သခင်ရဲ့ ထောင်ချောက်လား”
အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများကို တားဆီးရန်အတွက် အင်မော်တယ်သခင်က ဤတောင်တန်းကို အထူးတည်ဆောက်ခဲ့သည်။
ဤနေရာတွင် တည်နေရာစွမ်းအားကို တားမြစ်ထားသည်။
အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများကပင် ကမ္ဘာငယ်ကို အသုံးပြုနိုင်မည်မဟုတ်ပေ။
ရွှေအင်မော်တယ်ရယ်မင်၏ မျက်နှာထားက လေးနက်နေပြီး ရွှေရောင်ဆေးလုံးများကို ဆင့်ခေါ်သည်။
သူက အင်မော်တယ်သခင်တစ်ပါး၏ ခွန်အားကို မပိုင်ဆိုင်ပေ။ ထို့ကြောင့် ဤနေရာတွင်ရှိသော တားမြစ်ချက်ကို ချိုးဖောက်နိုင်မည်မဟုတ်ပေ။
သူက ဟန်မူယဲ့ကိုသတ်ဖြတ်ပြီး ထွက်သွားရုံသာ တတ်နိုင်လိမ့်မည်။
ထိုဖြစ်ရပ်ကလည်း ကောင်းမွန်သည်။ ဤနေရာသည် အပြင်ကမ္ဘာနှင့် မသက်ဆိုင်သောကြောင့် အင်မော်တယ်သခင်တစ်ပါးကပင် ဖြစ်ပျက်နေသောအရာများကို သေချာပြောနိုင်လိမ့်မည်မဟုတ်ပေ။ တခြားနေရာတွင် သူမသုံးနိုင်သော ဝှက်ဖဲများကို ဤနေရာတွင် သုံးနိုင်သည်။
“ဟားဟား၊ ကောင်းကင်အင်မော်တယ်က ပုရွက်ဆိတ်ပါပဲ”
ရွှေအင်မော်တယ်ရယ်မင်၏ ဦးခေါင်းထက်တွင် အဝါရောင်နဂါးပုံရိပ်တစ်ခု ပေါ်လာသည်။
သူ့နဖူးတွင် ရွှေရောင်နဂါးဦးချိုနှစ်ခု ပေါက်လာသည်။ ရွှေရောင်ကြေးခွံများက သူ့လက်ဝါးကို လွှမ်းခြုံသွားသည်။
ရှေးခေတ်အစိမ်းရောင်နဂါးသွေးမျိုးဆက် ....
သို့သော် ထိုသွေးမျိုးဆက်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ မှူးမတ်မူ၏ သွေးမျိုးဆက်ထက် အနည်းငယ်ပိုကောင်းသည်။
အစစ်အမှန် ကမ္ဘာဦးသွေးမျိုးဆက် ဖြစ်သည်။
ဟန်မူယဲ့၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
ရွှေအင်မော်တယ်ရယ်မင်က ကမ္ဘာဦးနဂါးတစ်ကောင်ကို သတ်ဖြတ်ပြီး သွေးမျိုးဆက်စွမ်းအားကို ထုတ်ယူ၍ သန့်စင်ခဲ့သည်။
ထိုပြစ်မှုကို ခွင့်မလွှတ်နိုင်ပေ။
ဟန်မူယဲ့က ဓားအလင်းများကို ထပ်မံစုစည်းလိုက်သည်။
ထိုဓားချက်သည် ယခင်ဓားချက်ထက် ပိုအားကောင်းသည်။
“ဝေါင်း ....”
ရွှေအင်မော်တယ်ရယ်မင်က ပြေးဝင်လာသည်။
သူ့နောက်တွင် အင်မော်တယ်အလင်းများ လှုပ်ရှားနေသည်။ အင်မော်တယ်ရတနာများက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုပြီး ဟန်မူယဲ့ကို ဝိုင်းရံထားကြသည်။
တည်နေရာသည် ချုပ်နှောင်ခံထားရသော်လည်း မိုင်ငါးထောင်ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုနိုင်သေးသည်။
ရွှေအင်မော်တယ်တစ်ပါးက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြု၍ ကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်ခြင်းသည် ယုန်တစ်ကောင်ကို အမဲလိုက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူသည်။
“ခလွမ် ....”
ဟန်မူယဲ့စုစည်းထားသော ဓားအလင်းသည် နဂါးလက်သည်းနှင့် ထိတွေ့ပြီး ပျက်စီးသွားသည်။
ရွှေအင်မော်တယ်ရယ်မင်က လက်ကို ဆန့်ထုတ်လိုက်သည်။ ဟန်မူယဲ့က ဓားအလင်းကို ထပ်မံစုစည်းသည်။
ဤတစ်ကြိမ်တွင် ဓားအလင်းက ယခင်နှစ်ကြိမ်ထက် ပိုမိုတောက်ပပြီး အေးစက်နေသည်။
“ခလွမ် ....”
ရွှေအင်မော်တယ်ရယ်မင်၏ နဂါးပုံရိပ်က ပျောက်ကွယ်သွားသည်။ နဂါးလက်သည်းများက တားဆီးခံလိုက်ရသည်။
ဓားအလင်းက ပြိုကွဲသွားပြန်သည်။
ဟန်မူယဲ့က တိုက်ကွက်တစ်ခုကို တားဆီးရန်အတွက် ဓားအလင်းနှစ်ခုကို အသုံးပြုခဲ့ရသည်။ ရွှေအင်မော်တယ်ရယ်မင်က သူ့ထက် ပိုသန်မာသည်။
သို့သော် ရွှေအင်မော်တယ်ရယ်မင်၏ မျက်နှာထားက လေးနက်နေသည်။
သူက ရွှေအင်မော်တယ်တစ်ပါး ဖြစ်နေသော်လည်း ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဖိနှိပ်နိုင်ရုံသာ ရှိသည်။
‘လောကမှာ ဒီလိုကောင်းကင်အင်မော်တယ်မျိုး ရှိနေသေးတာလား’
ထို့အပြင် ဟန်မူယဲ့၏ ဓားအလင်းက တစ်ကြိမ်ပြီးတစ်ကြိမ် ပိုမိုသန်မာလာသည်။
“ဝိညာဉ်ဓားရွှေအင်မော်တယ်လား”
ရွှေအင်မော်တယ်ရယ်မင်က စတုတ္ထအကြိမ်မြောက် စုစည်းလာသောဓားအလင်းကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်သည်။
ထိုဓားအလင်းသည် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
ထိုဓားသည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူကို တစ်ချက်တည်း သတ်ပစ်နိုင်လိမ့်မည်။
ထိုဓားသည် လေးချက်မြောက်သာ ဖြစ်သေးသည်။ ငါးချက်မြောက်၊ ခြောက်ချက်မြောက်၊ ခုနစ်ချက်မြောက်သို့ ရောက်လာလျှင် မည်သို့ ဖြစ်သွားမည်နည်း။
‘ငါထပ်စောင့်နေလို့မရတော့ဘူး’
သူက တွေးသည်။
ရွှေအင်မော်တယ်ရယ်မင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်မြှောက်သည်။
သူ၏ ချီနှင့်သွေးက စုစည်းလာသည်။ သူက လက်ကိုအသုံးပြုပြီး ပတ်ဝန်းကျင်တွင် လွင့်မျောနေသော အင်မော်တယ်ရတနာများကို နေရာချလိုက်သည်။
ထိုရတနာများကို ကောင်းမွန်စွာ အသုံးချလျှင် တစ်ခုချင်းစီသည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်ကြသည်။
သို့သော် ရွှေအင်မော်တယ်ရယ်မင်က ထိုရတနာများကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ပေ။ သူက ရတနာများ၏ အသိအမှတ်ပြုခြင်းကို အပြည့်အဝ ရရှိမထားပေ။
ထို့ကြောင့် သူက ယခင်နှစ်များတွင် အင်မော်တယ်သခင်၏ အမွေအနှစ်ကို ရှာဖွေနေခဲ့သည်။
အင်မော်တယ်သခင်၏ အမွေအနှစ်ကို ရရှိမှသာ ထိုရတနာများကို အပြည့်အဝ သန့်စင်နိုင်လိမ့်မည်။
သူက အင်မော်တယ်ရတနာတစ်ခုကို အပြည့်အဝ သန့်စင်နိုင်လျှင်ပင် တိုက်ခိုက်နိုင်စွမ်း တိုးလာလိမ့်မည်။
“ဝီ”
အင်မော်တယ်ရတနာ ၃၁ခုက တုန်ခါနေပြီး လေဟာနယ်ကို အက်ကွဲသွားစေသည်။
ထိုရတနာများ၏ စွမ်းအားသည် တည်နေရာတားမြစ်ချက်ကို ဖျက်ဆီးတော့မည်ဟု ထင်ရသည်။
“ငရဲကို သွားလိုက်တော့”
ရွှေအင်မော်တယ်ရယ်မင်က အော်ဟစ်လိုက်သည်။ ရတနာများက ဟန်မူယဲ့ကို ပစ်မှတ်ထားပြီး ကျယ်လောင်သောအသံနှင့် ကျဆင်းလာကြသည်။
သူက ရတနာ ၃၁ခု၏စွမ်းအားကို အသုံးပြုပြီး ဟန်မူယဲ့၏ လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ခဲ့သည်။
ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူကပင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
ထို့အပြင် ဤနေရာတွင်ရှိသော လေဟာနယ်က ပိတ်ဆို့ခံထားရသည်။ အင်မော်တယ်ရတနာ ၃၁ခု၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ပေ။
ရွှေအင်မော်တယ်ရယ်မင်က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ယနေ့တိုက်ပွဲသည် လွန်ခဲ့သော နှစ်သောင်းချီအတွင်း၌ သူ့အတွက် အန္တရာယ်အများဆုံးတိုက်ပွဲ ဖြစ်ခဲ့သည်။
သူက အစွမ်းကုန်ထုတ်သုံးခဲ့ရသည်။ ထို့အပြင် ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ဖိနှိပ်ခြင်းကိုလည်း ခံခဲ့ရသည်။
ကံကောင်းစွာဖြင့် သူက တစ်ဖက်လူကို ရတနာများဖြင့် ဖိနှိပ်နိုင်ခဲ့သည်။ ထိုတိုက်ကွက်အပြီးတွင် အရာအားလုံး အဆုံးသတ်သွားလိမ့်မည်။
သူက မကြာခင်ရရှိလာမည့် အမွေအနှစ်အကြောင်းကို တွေးမိသောအခါတွင် စိတ်လှုပ်ရှားလာသည်။
သူက ဟန်မူယဲ့ကို မော့ကြည့်မိသည်။
ဟန်မူယဲ့က အလွန်တည်ငြိမ်နေပြီး ထိတ်လန့်မသွားပေ။
‘သူ့မှာ အရံအစီအစဉ် ရှိသေးတာလား’
‘သူက ကောင်းကင်အင်မော်တယ်တစ်ယောက်ပါပဲ။ အင်မော်တယ်သခင် မဟုတ်ဘူး’
‘အင်မော်တယ်သခင် ....’
ရွှေအင်မော်တယ်ရယ်မင်က မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်မြှောက်လိုက်သည်။
အင်မော်တယ်ရတနာ ၃၁ခုက အမိန့်ပေးခံလိုက်ရသကဲ့သို့ ရပ်တန့်နေသည်။
သွေးရောင်အလင်းဖြင့် တောက်ပနေသော လှံပုဆိန်သည် ချော်ရည်ထဲမှ ထွက်လာပြီး ဟန်မူယဲ့၏ရှေ့တွင် လွင့်မျောနေသည်။
“ဒီရတနာတွေကြောင့်သာ မဟုတ်ရင် အစစ်အမှန်အမွေအနှစ်ကို ရှာဖို့ လွယ်မှာမဟုတ်ဘူး”
ဟန်မူယဲ့က စကားပြောလိုက်သည်။
အင်မော်တယ်ရတနာ ၃၁ခုက အစစ်အမှန်ရတနာများကို ထွက်ပေါ်လာစေသည်။
သို့သော် လောကတွင်ရှိသော အရာအားလုံးကို သန့်စင်နိုင်သည့် သုံးချောင်းထောက်မီးပြင်းဖိုသည် ဤမီးတောင်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ကောင်းကင်သတ်ဖြတ်ခြင်းလှံပုဆိန်သည် နတ်ဘုရားကမ္ဘာ၏ ရတနာတစ်ခု ဖြစ်သည်။ ထိုရတနာထဲတွင် ပါဝင်နေသော သတ်ဖြတ်ခြင်းဆန္ဒသည် အရပ်မျက်နှာတိုင်းကို ပိတ်ဆို့ထားနိုင်သည်။
“ဝီ”
လေဟာနယ်က တုန်ခါသွားပြီး ကျောက်စိမ်းပြားသုံးခု ပေါ်ထွက်လာသည်။
တာအိုဖန်တီးခြင်းတံဆိပ်ပြားသည် တခြားရတနာများနှင့် ပေါင်းစပ်ပြီး ဤနေရာကို ချိပ်ပိတ်ခဲ့သည်။
အစမှအဆုံးအထိ ဟန်မူယဲ့က တိုက်ပွဲကို မထိန်းချုပ်ခဲ့ပေ။ အင်မော်တယ်သခင်စန်ယွင်၏ နှစ်ပေါင်းများစွာ စီမံမှုများက တိုက်ပွဲကို ထိန်းချုပ်ထားခဲ့သည်။
ရွှေအင်မော်တယ်ရယ်မင်သာမက နတ်ဘုရားကမ္ဘာ၏ ကျင့်ကြံသူများ ရောက်လာလျှင်လည်း သေဆုံးသွားရလိမ့်မည်။
“ရွှပ် ....”
အနီရောင်လှံပုဆိန်က ရွှေအင်မော်တယ်ရယ်မင်၏ ရင်ဘတ်ဆီသို့ ပြေးဝင်လာသည်။
သွေးအလင်းသည် ရွှေအင်မော်တယ်ရယ်မင်ကို လွှမ်းခြုံပြီး ပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က လက်ကိုဆန့်ထုတ်ပြီး လှံပုဆိန်မှ သွေးစီးကြောင်းတစ်ခုကို ထုတ်ယူသည်။
သွေးစီးကြောင်းများက ပျံသန်းနေသော နဂါးပုံရိပ်နှင့် ရွှေရောင်သွေးစက်အဖြစ် စုစည်းသွားသည်။
အစိမ်းရောင်နဂါးသွေးမျိုးဆက် ....
သွေးစက်က လက်သီးအရွယ်အစားသို့ ရောက်သွားသောအခါ ရှေ့တွင်ရှိနေသော သွေးပိုးအိမ်က ပေါက်ကွဲသွားသည်။
ရွှေအင်မော်တယ်ရယ်မင်က အရိုးပေါ်အရေတင် ဖြစ်နေပြီး ဟန်မူယဲ့နှင့် လွင့်မျောနေသော ရတနာများကို ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။
“ဟားဟား၊ အဆုံးမှာတော့ အရာအားလုံးက ပုံရိပ်ယောင်ပဲ ....”
သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
တောရိုင်းမြေတွင် နှစ်ပေါင်းများစွာကြာအောင် လွှမ်းမိုးခဲ့သော ရွှေအင်မော်တယ်တစ်ပါးသည် ခါးသီးအင်မော်တယ်နယ်မြေ၏ အမည်မသိနေရာတစ်ခုတွင် ကျဆုံးသွားသည်။
ဟန်မူယဲ့က သေဆုံးသွားသော ရွှေအင်မော်တယ်ရယ်မင်ကို ကြည့်နေသည်။
ကျင့်ကြံခြင်းလောကတွင် သေခြင်းရှင်ခြင်းသည် အလွန်အပြောင်းအလဲမြန်သည်။
ဘဝတစ်သက်တာ ကျင့်ကြံမှုကို စွန့်လွှတ်လိုက်ရခြင်းသည် အလွန်ရက်စက်သည်။
သို့သော် လွန်ခဲ့သောနှစ်များတွင် ရွှေအင်မော်တယ်ရယ်မင်က နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သည်။ သူက အစိမ်းရောင်နဂါးသွေးမျိုးဆက်ကို ထုတ်ယူပြီး ခန္ဓာကိုယ်ကို သန့်စင်ခဲ့သည်။ ယနေ့ဖြစ်ရပ်သည် ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေသည်။
‘ကံကြမ္မာလား ....’
လူသားအင်မော်တယ်အဆင့်သို့ ရောက်လာလျှင် ကံကြမ္မာကို ဖြတ်တောက်နိုင်သည်။ သို့သော် ကံကြမ္မာ၏ ပထမအဆင့်သာ ဖြစ်ပုံရသည်။
လူတစ်ယောက်က ပိုမိုကြာမြင့်စွာကျင့်ကြံလေ ကံကြမ္မာ၏ချုပ်နှောင်မှုကို ခံရလေဖြစ်ပြီး အဆုံးသတ်တွင် ကျဆုံးခြင်းလမ်းဆီသို့ ရောက်သွားလိမ့်မည်။
မဟာတာအိုသည် ချိန်းကြိုးဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးသည် လှောင်အိမ်ဖြစ်သည်။
ယခုအချိန်တွင် ဟန်မူယဲ့က ရတနာများဖြင့် ဝိုင်းရံခံထားရပြီး အင်မော်တယ်သခင်တစ်ပါး၏ စွမ်းအားကို အသုံးချနိုင်နေသည်။ သူက ကိုယ်ပိုင်ကျင့်ကြံဆင့်ထက် ပိုမိုမြင့်မားသောအရာကို အာရုံခံမိသည်။
အင်မော်တယ်သခင်တစ်ပါး၏ နားလည်သဘောပေါက်မှု ဖြစ်သည်။
လောက၏ အထွတ်အထိပ်အဆင့်နှင့် ခြေတစ်လှမ်းသာကွာသော အင်မော်တယ်သခင်၏ နားလည်မှု ....
“အင်မော်တယ်သခင်စန်းယွင်က အင်မော်တယ်ဘုရင်ရဲ့ သင်ပြမှုကို နာခံပြီး ခက်ခဲတဲ့အရာဂတ်ကို ရှာဖွေနေတာ မထူးဆန်းတော့ပါဘူး”
သူက လက်ခံရုံမှလွဲပြီး ရွေးချယ်စရာမရှိပေ။
ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့နေသော တိုက်ခိုက်ခြင်းဆန္ဒသည် ကောင်းကင်ကို ထိုးဖောက်သွားနိုင်သော ဓားတစ်လက်ကဲ့သို့ ပေါ်ထွက်လာသည်။
ဓားအလင်းက တောက်ပနေပြီး သူ့ပတ်ဝန်းကျင်တွင်ရှိသော ရတနာများက ပဲ့တင်သံပေးလိုက်ကြသည်။
ရွှေအင်မော်တယ်အဆင့်နှင့် အင်မော်တယ်သခင်အဆင့်သည် အလွန်ဝေးကွာနေခြင်းမဟုတ်ပေ။
သူတို့ကလည်း တခြားလူများကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ လှောင်အိမ်ထဲတွင် ပိတ်မိနေကြသည်။
ယခုအချိန်တွင် ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားက ဆက်တိုက်မြင့်တက်လာပြီး ကိုယ်ပိုင်ကျင့်ကြံဆင့်ကို ကျော်လွန်သွားသည်။
သူက ရွှေအပိုင်းအစပုရွတ်ဆိတ်များကို အသုံးပြုထားသောကြောင့် သူ၏ ဝိညာဉ်စွမ်းအားသည် ကျင့်ကြံဆင့်ထက် ပိုမိုသန်မာနေခဲ့သည်။
သူက အင်မော်တယ်သခင်၏ စိတ်အခြေအနေကို နားလည်သွားသောအခါတွင် ဝိညာဉ်စွမ်းအားက ထူးခြားသောအဆင့်သို့ ဝင်ရောက်သွားသည်။
ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ....
သူ၏ ဝိညာဉ်စွမ်းအားက ရွှေအင်မော်တယ်အဆင့်နှင့် ထိတွေ့နေသည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသော ရတနာများ၏ အလင်းရောင်သည် ဝိညာဉ်မှထွက်ပေါ်လာသော အလင်းရောင်နှင့် သွယ်ယှက်သွားကြသည်။
ရွှေရောင်ဝိညာဉ်အလင်းသည် ဟန်မူယဲ့၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး ဆက်တိုက်ပြောင်းလဲနေသည်။
ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာသောအချိန်မှစ၍ ထိုသို့ ဝိညာဉ်စွမ်းအားတိုးတက်မှုမျိုးကို မခံစားခဲ့ရပေ။
သူ၏ စိတ်နယ်ပယ်ထဲတွင် ထူးခြားသော တီးတိုးရေရွတ်သံကို ကြားနေရသည်။
ဟန်မူယဲ့က မျက်လုံးမှိတ်ထားပြီး စကားသံကို နားထောင်နေသည်။
တာအိုကို ဟောပြောခြင်း ....
လမ်းညွှန်ခြင်း ....
ရှင်းလင်းခြင်း ....
ရတနာများ၏ အကူအညီဖြင့် အင်မော်တယ်ဘုရင်၏ တပည့်တစ်ယောက်ဖြစ်သော အင်မော်တယ်သခင် စန်ယွင်က ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို ဟန်မူယဲ့ဆီသို့ ပေးအပ်ခဲ့သည်။