← Chapters

အခန်း (၉၁၈)

Vol. 66 Ch. 918

အခန်း (၉၁၈)

Vol. 66 Ch. 918

အင်မော်တယ်သခင်စန်ယွင်က နှစ်ပေါင်းမရေမတွက်နိုင်သော ကျင့်ကြံခြင်းဉာဏ်အလင်းများကို ဟန်မူယဲ့ဆီသို့ အပြည့်အဝ လွှဲပြောင်းပေးခဲ့သည်။

ဟန်မူယဲ့က မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်တွင်ရှိသော အလင်းရောင်သည် ပျောက်ကွယ်သွားခဲ့သည်။

ရတနာများအားလုံးသည် သူ၏ ချီပင်လယ်ထဲသို့ ရောက်သွားခဲ့သည်။

မီးတောင်၏ ချော်ရည်များက ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင်ရှိနေသော တိမ်တိုက်များက ပျောက်ကွယ်သွားကြသည်။

“ဆရာတူအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”

ဟန်မူယဲ့က ဦးညွတ်လိုက်ပြီး ညင်သာစွာပြောသည်။

အင်မော်တယ်သခင်စန်ယွင်ကဲ့သို့ မရေမတွက်နိုင်သော ကျင့်ကြံသူများကြောင့် ကျင့်ကြံခြင်းလောကသည် အဆုံးမရှိပဲ ဆက်လက်ရှင်သန်နေခဲ့သည်။

ထိုအမွေအနှစ်များကြောင့်သာ အားနည်းသူများက ကောင်းကင်နှင့်မြေကြီးကို ဖီဆန်နိုင်ခဲ့ကြသည်။

သူက ဤလောကတွင် မွေးဖွားလာခဲ့သောကြောင့် ကောင်းကင်အထိ တက်လှမ်းသွားနိုင်ရမည်။

သူက ဤကျင့်ကြံခြင်းလောကသို့ ရောက်လာခဲ့သောကြောင့် လောက၏ အထွတ်အထိပ်တွင် ရပ်နေနိုင်ရမည်။

ဟန်မူယဲ့က သတ်ဖြတ်ခြင်းဆန္ဒများကို ဖိနှိပ်လိုက်သည်။

သူက ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ရှာဖွေပြီး လောက၏ ရှုခင်းများကို ခံစားကြည့်ချင်သည်။ တခြားလူများနှင့် ရက်စက်စွာ မတိုက်ခိုက်ချင်ပေ။

ကျင့်ကြံခြင်းသည် သတ်ဖြတ်ခြင်းသာမဟုတ်ပဲ ဖြောင့်မတ်မှုကို စောင့်ထိန်းခြင်းဖြစ်သည်။

သူက ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာပြီး တိုက်ခိုက်ခဲ့သော တိုက်ပွဲများ၏ အတွေ့အကြုံနှင့် သတ်ဖြတ်ခြင်းဆန္ဒများသည် စိတ်ထဲတွင်ရှိသော ဓားဆီသို့ စုစည်းသွားကြသည်။

ဓားက တုန်ခါပြီး အသံပေးလိုက်သည်။ ဓားအလင်းက ရိုးရှင်း‌သော အစိမ်းရင့်ရောင်ဓားတစ်လက်အဖြစ် စုစည်းသွားသည်။

ရတနာများသည် ပုန်းကွယ်၍‌ နေထိုင်ကြသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ဓားအလင်းအဖြစ် ပြောင်းလဲ၍ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

သူက ဤနေရာတွင်ရှိသော ကိစ္စများကို ဖြေရှင်းခဲ့သည်။ ထို့ကြောင့် လေပြင်းတောင်စောင်းဆီသို့ သွားရန် အချိန်ကျလာသည်။

.....

လေပြင်းများ တိုက်ခတ်နေသောအသံသည် ကောင်းကင်နှင့်မြေကြီးကို ထိုး‌ဖောက်သွားသည်။

လှိုင်းထနေသော တောင်တန်းများကြားတွင် ဓားရိုးနှင့်တူသော ကျောက်ဆောင်များ ရှိနေကြသည်။

ဤနေရာသည် လေပြင်းတောင်ကြား ဖြစ်သည်။

“ဘုန်း”

ပေါက်ကွဲသံနှင့်အတူ ရွှေရောင်ဓားအလင်း ပေါ်ထွက်လာသည်။

ထို့နောက် ခရမ်းရောင်လျှပ်စီးကြောင်းသည် ဓားအလင်းကို ဖျက်ဆီးပစ်လိုက်သည်။

“အစ်မကြီး၊ မြန်မြန်သွားတော့”

ခရမ်းရောင်လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းနေသော ချင်ကျောက်ယွမ်က ရှေ့တွင်ရှိနေသော ကျားသစ်ဦးခေါင်းနှင့်လူကို ပေသောင်းချီအကွာအထိ လွင့်ထွက်သွားအောင် လက်သီးဖြင့်ထိုးချလိုက်သည်။

သူ့နောက်တွင် ဒါဇင်ချီနေသောလူများက ဖြူဖျော့နေသောမျက်နှာနှင့် သွေးစွန်းနေသော အမျိုးသမီးတစ်ယောက်ကို ကာကွယ်ပေးနေကြသည်။

မိုးကြိုးဓားပြများအားလုံးသည် မိဘမဲ့များဖြစ်သည်ဟု ပြောကြသည်။ သူတို့ကို ချင်မျိုးရိုးနာမည်နှင့် လူအိုကြီးတစ်ယောက်က ပျိုးထောင်ပေးခဲ့သည်။ ထိုလူအိုကြီး ကွယ်လွန်သွားသောအခါတွင် တစ်ဦးတည်းသောသမီးဖြစ်သူ ချင်ကျီယွဲ့က မိဘမဲ့များကို စောင့်ရှောက်ပေးခဲ့သည်။

ချင်ကျီယွဲ့သည် မိုးကြိုးဓားပြများ လေးစားရသော အစ်မကြီးဖြစ်သည်။

ယခုအချိန်တွင် ချင်ကျောက်ယွမ်က အကောင်းဆုံးကြိုးစားပြီး လေပြင်းတောင်စောင်း၌ ချုပ်နှောင်ခံထားရသော ချင်ကျီယွဲ့ကို ကယ်တင်နေသည်။

သူက ကျူးလုံကုန်သွယ်ရေးအဖွဲ့၏ အကူအညီဖြင့် အစောင့်များကို ဖြေရှင်းပြီး ကျင့်ကြံဆင့် ဖိနှိပ်ခံထားရသော ချင်ကျီယွဲ့ကို ကံကောင်းစွာ ကယ်တင်နိုင်ခဲ့သည်။ သို့သော် သူတို့ ထွက်သွားတော့မည့်အချိန်တွင် တိုက်ခိုက်ခံလိုက်ရသည်။

လေပြင်းတောင်စောင်းသည် မိစ္ဆာဘုရင်ရှန်းထျန်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ထိုနေရာတွင် လူကယ်ရန် အလွန်ခက်ခဲသည်။

မိစ္ဆာစစ်တပ်က သူတို့ကို တိုက်ခိုက်ခဲ့သည်။ မိစ္ဆာဘုရင်ရှန်းထျန်းက ကျွမ်းကျင်သူများကိုခေါ်ဆောင်၍ ထွက်မသွားခဲ့လျှင် သူတို့က အဖမ်းခံရလိမ့်မည်။

ချင်ကျောက်ယွမ်က သန်မာသော်လည်း ဝိုင်းရံတိုက်ခိုက်မှုကို မချိုးဖောက်နိုင်ခဲ့ပေ။

“ဘုန်း”

ချင်ကျောက်ယွမ်က နောင်ထပ် လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဟိန်းဟောက်နေသော ခရမ်းရောင်ခြင်္သေ့ပုံရိပ် ပေါ်ထွက်လာသည်။ ခမ်းနားသော အလင်းတန်းသုံးခု ဆင်းသက်လာပြီး လက်သီးပုံရိပ်ကို ဖျက်ဆီးပစ်သည်။ ထို့နောက် ပိုက်ကွန်အဖြစ် ပြောင်းလဲသွားပြီး ခြင်္သေ့ကို ချုပ်နှောင်သည်။

“ပျက်စီးစမ်း”

အေးစက်နေသောအသံကို ကြားနိုင်သည်။

“ဘန်း”

ရွှေအလင်းပိုက်ကွန်သည် ခြင်္သေ့ပုံရိပ်ကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။

ချင်ကျောက်ယွမ်၏မျက်နှာက ဖြူဖျော့သွားပြီး နောက်ဆုတ်ပေးလိုက်ရသည်။

“ခရမ်းရောင်လျှပ်စီးပိုက်ကွန်”

သူက အံ့အားသင့်နေပြီး ဆင်းသက်လာသော ပုံရိပ်သုံးခုကို ကြည့်သည်။

လှံရှည်များကို ကိုင်ထားသော သားရေချပ်ဝတ်နှင့် လူသုံးယောက်က တည်ငြိမ်စွာရပ်နေကြသည်။

“ချင်ကျီယွဲ့၊ မင်းမလွတ်မြောက်နိုင်ဘူး”

ရှေ့ဆုံးတွင်ရှိသောလူက ကာကွယ်ပေးခံထားရသော ချင်ကျီယွဲ့ကို အေးစက်စွာကြည့်လိုက်သည်။

ချင်ကျီယွဲ့က အထင်သေးနေသောမျက်နှာထားဖြင့် ပြန်ကြည့်သည်။

“ခရမ်းရောင်လျှပ်စီး၊ မိုးကြိုးနဲ့ လေပြင်းဓားပြတွေက ခါးသီးအင်မော်တယ်နယ်မြေရဲ့ နာမည်ကြီးဓားပြတွေပဲ။ နင်တို့က ရှက်စရာကောင်းလွန်းတယ်”

ချင်ကျီယွဲ့က အေးစက်စွာရယ်လိုက်ပြီး ပြောသည်။

“ခါးသီးအင်မော်တယ်နယ်မြေရဲ့ နာမည်ကြီးလျှပ်စီးဓားပြတွေက ရှန်းထျန်းရဲ့ အမဲလိုက်ခွေးတွေထက် မပိုဘူး”

“ဒါမှမဟုတ် နင်တို့ကို ရှန်းထျန်းက ကောင်းကောင်းလေ့ကျင့်ပေးထားတယ်လို့ ပြောရမှာလား”

သူမ၏စကားကြောင့် တစ်ဖက်တွင်ရှိနေသော လူသုံးယောက်က ဒေါသထွက်သွားသည်။

ဓားပြအုပ်စုသုံးခု၏ နောက်ကွယ်တွင် ထောက်ပံ့ပေးနေသော အင်အားစုများရှိသော်လည်း သူတို့က တခြားလူများ၏အမိန့်ကို နာခံရန်မလိုပေ။

ခရမ်းရောင်လျှပ်စီးကလည်း အတူတူပင်ဖြစ်သည်။ အစပိုင်းတွင် သူတို့က ထူးခြားပြီး ခါးသီးအင်မော်တယ်နယ်မြေ၏ ဖိနှိပ်မှုကို ခုခံနေသော သင်္ကေတတစ်ခု ဖြစ်ခဲ့ကြသည်။

သို့သော် မိစ္ဆာဘုရင်ရှန်းထျန်းက ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးရန် ကြိုးစားလာသောအခါတွင် မိစ္ဆာစစ်တပ်ထဲ၌ ခရမ်းရောင်လျှပ်စီးဓားပြများ၏ အရိပ်အယောင်ကို မြင်လိုက်ရသည်။

လှံရှည်ကို ကိုင်ဆောင်တတ်သော ခရမ်းရောင်လျှပ်စီးဓားပြများက လျင်မြန်ပြီး အားကောင်းသည်။ သူတို့က အစွမ်းကုန်အားထုတ်ပြီး မိစ္ဆာဘုရင်၏စစ်တပ်အတွက် ကင်းထောက်လုပ်ပေးကြသည်။

ထိုလုပ်ဆောင်ချက်ကြောင့် ခါးသီးအင်မော်တယ်နယ်မြေက ဆူပွက်သွားခဲ့သည်။

“ရှန်းထျန်းရဲ့ အမဲလိုက်ခွေးတွေတဲ့လား”

ရှေ့ဆုံးတွင်ရှိနေ‌သော ကျွမ်းကျင်သူက ခေါင်းခါလိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“ပုရွက်ဆိတ်လေးတွေ၊ မင်းတို့က ငါတို့ ခရမ်းရောင်လျှပ်စီးအစောင့်တွေရဲ့ အကြောင်းကို ဘာမှမသိပါဘူး”

“ဟမ့်၊ အဆင့်နိမ့်ကမ္ဘာရဲ့ ပိုးကောင်လေးတွေက ....”

ဘေးတွင်ရှိနေသော ခရမ်းရောင်လျှပ်စီးဓားပြတစ်ယောက်က စကားကို အဆုံးမသတ်ပဲ ရုတ်တရက် တိုက်ခိုက်လိုက်သည်။

“သတ်”

ခရမ်းရောင်လျှပ်စီးကြောင်းများက ချင်ကျောက်ယွမ်ဆီသို့ ချက်ချင်းတိုးဝင်လာကြသည်။

“ဆရာချင်၊ ဂရုစိုက်ပါ”

ဘေးတွင်ရပ်နေသော တုချင်က အော်ပြောလိုက်သည်။ သူက လက်ထဲတွင်ရှိ‌သော ရွှေရောင်ယပ်တောင်ကို ဖြန့်လိုက်ပြီး လှုပ်ရှားသည်။

ယပ်တောင်နှင့် ချင်ကျောက်ယွမ်၏ လက်သီးချက်က လျှပ်စီးကြောင်းသုံးခုကို ရင်ဆိုင်သည်။

တုချင်က လွင့်ထွက်သွားသည်။ လျှပ်စီးကြောင်းသုံးခုက ချင်ကျောက်ယွမ်၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

“ကမ္ဘာဦးသွေးမျိုးဆက်ရဲ့ အကြွင်းအကျန်တွေ။ ဒီသွေးမျိုးဆက် သိပ်ပြီးအသုံးမဝင်ဘူး။ ဒါပေမဲ့ အရင်ဆုံး စုဆောင်းထားလိုက်တာပေါ့”

ခေါင်းဆောင်ဓားပြက တီးတိုးပြောသည်။ သူက ရွှေရောင်လျှပ်စီးကြောင်းကို လှံရှည်ဖြင့် ထိန်းချုပ်ပြီး ချင်ကျောက်ယွမ်ဆီသို့ ပစ်လွှတ်လိုက်သည်။

ချင်ကျောက်ယွမ်၏နောက်တွင် မိုးကြိုးဓားပြအုပ်စုနှင့် ကျူးလုံကုန်သွယ်ရေးအဖွဲ့၏အစောင့်များ ရှိနေကြသည်။ သူတို့က အော်ဟစ်လိုက်ပြီး ရှေ့တက်လာသော်လည်း လျှပ်စီးကြောင်းတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဒါဇင်ချီနေသော ခရမ်းရောင်လျှပ်စီးဓားပြများသည် သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။

“အစ်မကြီးကိုကာကွယ်ပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားတော့”

ချင်ကျောက်ယွမ်က အံတင်းတင်းကြိတ်လိုက်ပြီး လျှပ်စီးကြောင်းများကို စုစည်းသည်။

ပြောင်းပြန်သွေးမျိုးဆက်စွမ်းအား ဖြစ်သည်။

ခရမ်းရောင်လျှပ်စီးခြင်္သေ့၏ သွေးမျိုးဆက်သည် ဒေါသထွက်လာလျှင် ခွန်အားဆယ်ဆကျော် တိုးမြှင့်ပေးနိုင်သည်။

သို့သော် တစ်ကြိမ်တိုက်ခိုက်ပြီးလျှင် ခွန်အားပျောက်ဆုံးပြီး အရိုးများကြေမွသွားမည်။

မိုးကြိုးဓားပြများထဲတွင် ကျွမ်းကျင်သူများက ထိုသို့ သေဆုံးသွားကြသည်။

မိုးကြိုးဓားပြများက သေဆုံးခြင်းကို မကြောက်ရွံ့ကြပေ။

“ချင်ကျောက်ယွမ် ....”

ချင်ကျီယွဲ့က မျက်ရည်ဝဲနေသည်။ သို့သော် သူမက ဝင်ပါနိုင်ရန် စွမ်းအားမရှိပေ။

သူမ၏ ကျင့်ကြံဆင့်က ဖိနှိပ်ခံထားရသည်။ သူမ၏ ကမ္ဘာငယ်က အက်ကွဲနေသည်။ သူမ၏ သွေးမျိုးဆက်ကြောင့်သာမဟုတ်လျှင် အသတ်ခံရလိမ့်မည်။

ချင်ကျောက်ယွမ်၏ လျှပ်စီးလုံးသည် အလွန်တောက်ပနေပြီး သူ့ကိုလွှမ်းခြုံ၍ ပေတစ်ရာကြီးမားသော ခရမ်းရောင်ခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်သည်။

ဒေါသထွက်နေသောခြင်္သေ့က ဟိန်းဟောက်လိုက်ပြီး ထောင်ချီနေသော လျှပ်စီးလုံးများကို ဖန်တီးသည်။

ခရမ်းရောင်လျှပ်စီးဓားပြများနှင့် မိစ္ဆာဘုရင်ရှန်းထျန်း၏ လက်အောက်ငယ်သားများက နောက်ဆုတ်ပေးလိုက်ရသည်။

“သွေးမျိုးဆက်ကို ပြောင်းပြန်လှန်ပြီး ရှေးခေတ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲလိုက်တယ်။ လူသားတစ်ယောက်လိုမဟုတ်ပဲ သားရဲတစ်ကောင်ကို ပြုမူနေတယ်”

“ဟမ့်၊ ခေါင်းမာလိုက်တဲ့အရူးပဲ”

အသံတစ်သံ ပေါ်ထွက်လာသည်။ ခရမ်းရောင်ဝတ်စုံနှင့် ရွှေအလင်းကိုထုတ်လွှတ်နေသော သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက် ဆင်းသက်လာသည်။

လှံရှည် ၁၃ချောင်းသည် သူ့နောက်တွင် လွင့်မျောနေသည်။

“နင်ပဲ”

ချင်ကျီယွဲ့က ထိုလူကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။

“ယွင်လန်တာအိုဂိုဏ်းရဲ့ ပိုင်ယွင်ကျီ။ နင်က ခရမ်းရောင်လျှပ်စီးဘုရင်လား”

ယွင်လန်တာအိုဂိုဏ်း၏ ပိုင်ယွင်ကျီသည် မျိုးဆက်သစ်ထဲတွင် အသန်မာဆုံးလက်ရွေးစင်ဖြစ်ပြီး ရွှေအင်မော်တယ်အဆင့်သို့ ရောက်မည်ဟု ထင်ကြေးပေးခံရသည်။

ထိုလူသည် ခရမ်းရောင်လျှပ်စီးဓားပြများ၏ ထူးခြားဆန်းကြယ်သော ခရမ်းရောင်လျှပ်စီးဘုရင် ဖြစ်နေသည်။

ပိုင်ယွင်ကျီရောက်လာသောကြောင့် တာအိုဂိုဏ်းနှင့် မိစ္ဆာဘုရင်ရှန်းထျန်း၏ ပူးပေါင်းမှုကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

“ဝမ်ချုံမြို့ကို သိမ်းပိုက်ပြီးသွားပြီး ခါးသီးအင်မော်တယ်နယ်မြေရဲ့ ၇၀%ကိုလည်း မိစ္ဆာဘုရင်ရှန်းထျန်းက ထိန်းချုပ်ထားတယ်။ မင်းတို့က လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”

ပိုင်ယွင်ကျီက ချင်ကျောက်ယွမ်အသွင်ပြောင်းထားသော ခရမ်းရောင်ခြင်္သေ့ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

“ရူးသွပ်နေတဲ့ ခရမ်းရောင်ခြင်္သေ့က အစောင့်အကြပ်လုပ်ပေးဖို့ အကောင်းဆုံးပဲ။ ငါ့ရဲ့ဂူနန်းကို စောင့်ကြပ်ပေးဖို့အတွက် သားရဲတစ်ကောင်လိုနေတယ်။ ငါနဲ့လိုက်ခဲ့။ ငါက မင်းကို အသက်ချမ်းသာပေးမယ်”

သူက ချင်ကျီယွဲ့ကို လှည့်ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။

“မိစ္ဆာဘုရင်က မင်းရဲ့သွေးမျိုးဆက်ကို မလိုဘူးဆိုရင် မင်းကို ငါနဲ့အတူခေါ်သွားနိုင်တယ်”

“ဝေါင်း ....”

ခရမ်းရောင်ခြင်္သေ့အဖြစ် အသွင်ပြောင်းသွားသော ချင်ကျောက်ယွမ်က ဟိန်းဟောက်လိုက်ပြီး ခုန်ထွက်သွားသည်။ သူ့ပတ်ဝန်းကျင်တွင်ရှိနေသော လျှပ်စီးလုံးများက ပိုင်ယွင်ကျီဆီသို့ ပြေးဝင်သွားကြသည်။

ထိုလျှပ်စီးလုံးများသည် လေဟာနယ်ကို ပျက်စီးသွားစေသည်။

ကောင်းကင်ထက်တွင် လျှပ်စီးကြောင်းများနှင့်ပြည့်နေသော ချင်ကျောက်ယွမ်၏ ကမ္ဘာငယ် ပေါ်လာပြီး ပိုက်ယွင်ကျီဆီသို့ ကျဆင်းလာသည်။

လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်သို့ မ‌ရောက်သေးလျှင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။

“ဟမ့်၊ အသုံးမဝင်ဘူး”

ပိုင်ယွင်ကျီက ပြန့်ကျဲသွားသော လျှပ်စီးကြောင်းများကိုကြည့်လိုက်ပြီး အေးစက်စွာနှာမှုတ်၍ လက်မြှောက်သည်။ လှံရှည် ၁၃စင်းက တိုက်ရိုက်ပျံထွက်လာသည်။

လျှပ်စီးလုံးနှင့် လှံရှည်များ ထိတွေ့သွားကြသည်။

လျှပ်စီးလုံးများက တိုက်ရိုက် ပျောက်ကွယ်သွားကြသည်။

ရှေးခေတ်ခြင်္သေ့၏ လျှပ်စီးလုံးများက လှံရှည်၏ရှေ့တွင် ဖိနှိပ်ပြီး စုပ်ယူခံလိုက်ရသည်။

“ချင်ကျောက်ယွမ်၊ သူက တာအိုဂိုဏ်းရဲ့ လျှပ်စီးနည်းစနစ်ကို အသုံးပြုပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တယ်။ နင့်ရဲ့သွေးမျိုးဆက်က အားနည်းတယ်။ သူ့ကို တားနိုင်မှာမဟုတ်ဘူး”

ချင်ကျီယွဲ့က ခရမ်းရွှေရောင်အလင်းကို ထုတ်လွှတ်နေပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။

သူမက အလွန်အားကောင်းသော လျှပ်စီးကြောင်းများကို ထုတ်လွှတ်လိုက်သည်။

လျှပ်စီးကြောင်းများက ဧရာမလက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ချင်ကျောက်ယွမ်၏ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သည်။

ချင်ကျောက်ယွမ်က လူသားအဖြစ် ပြန်ပြောင်းသွားသည်။ သူက ဝမ်းနည်းနေသည်။

“အစ်မကြီး”

သူက အံကြိတ်လိုက်ပြီး အော်ခေါ်သည်။

All Chapters