← Chapters

အခန်း (၉၂၀)

Vol. 66 Ch. 920

အခန်း (၉၂၀)

Vol. 66 Ch. 920

“လျှပ်စီးတွေရဲ့ အထွတ်အထိပ်တဲ့လား”

ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေပြီး ပိုင်ယွင်ကျီကို ကြည့်သည်။

“ခရမ်းရောင်လျှပ်စီးဘုရင်လား”

ပိုင်ယွင်ကျီက အေးစက်စွာ နှာမှုတ်လိုက်ပြီး လျှပ်စီးကြောင်းများကို ထပ်မံစုစည်းသည်။

သူ၏ မိုးကြိုးတိမ်တိုက်ဘီးလုံးကို ကျော်လွှားနိုင်မည့် ဓားကျင့်ကြံသူတစ်ယောက် ရှိနေမည်ဟု မယုံပေ။

“လျှပ်စီး”

သူ၏ အော်သံကြောင့် အဆုံးမရှိသော လျှပ်စီးကြောင်းများသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး လျှပ်စီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။

ထိုအရာသည် မိစ္ဆာဘုရင်၏ ထောက်ပံ့မှုကို အသုံးချထားသော တာအိုဂိုဏ်း၏ လျှပ်စီးပင်လယ် ဖြစ်သည်။

ထိုလျှပ်စီးပင်လယ်ထဲတွင် အရာအားလုံး ပျောက်ကွယ်သွားရမည်။

ကျိုးရှန့်က လျှပ်စီးပင်လယ်ကိုကြည့်ပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ရွှေအင်မော်တယ်အဆင့် ဓားကျင့်ကြံသူကပင် ထိုလျှပ်စီးပင်လယ်ထဲတွင် ဖိနှိပ်ခံရလိမ့်မည်။

ချန်ကျူးလုံက နဂါးပုံရိပ်များကို ထုတ်လွှတ်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“လျှပ်စီးလား”

ဟန်မူယဲ့က ညင်သာစွာ ခေါင်းခါလိုက်ပြီး လျှပ်စီးပင်လယ်ထဲသို့ ခြေချသည်။

“ဘုန်း”

ခွေသားရဲပုံရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။

လျှပ်စီးပင်လယ်က ဝဲကတော့အဖြစ် ပြောင်းလဲသွားပြီး ခွေသားရဲ၏ ဦးချိုနှစ်ခုကြားတွင် စုစည်းနေသည်။

“ဝီ ....”

“ဝူး ....”

ခွေသားရဲက ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။

မိုင်ထောင်ချီပတ်ဝန်းကျင်သည် တုန်ခါသွားသည်။

လျှပ်စီးကြောင်းများက လေပြင်းတောင်စောင်းကို လွှမ်းခြုံလိုက်သည်။

ဝင်္ကပါ၏ အားဖြည့်ပေးနေသောစွမ်းအားက နောက်ဆုတ်သွားပြီး လေပြင်းတောင်စောင်းကို ကာကွယ်ပေးနေသည့် အလင်းလွှာအဖြစ် ပြောင်းလဲသွားသည်။

“ခွေသားရဲ”

“နတ်ဘုရားသားရဲသွေးမျိုးဆက်”

“မိုးကြိုးနတ်ဘုရားသားရဲ”

အံ့အားသင့်နေသောအသံများ ပေါ်ထွက်လာသည်။

ပိုင်ယွင်ကျီ၏ လှံရှည်တွင်ရှိသော လျှပ်စီးကြောင်းများသည် ခွေသားရဲ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။

သူ့နောက်တွင်ရှိနေသော မိုးကြိးတိမ်တိုက်ဘီးလုံးကိုလည်း မထိန်းချုပ်နိုင်တော့ပေ။ ထိုဘီးလုံးက ခွေသားရဲဆီသို့ သွားချင်နေသည်။

တာအိုဂိုဏ်း၏ ရတနာ၊ မိုးကြိုးလျှပ်စီးတာအို၏ အထွတ်အထိပ်စွမ်းရည်သည် ဟာသတစ်ခု ဖြစ်သွားရသည်။

ပိုင်ယွီကျီက မယုံကြည်နိုင်ဘဲ မျက်နှာတစ်ခုလုံး ရှုံ့တွနေသည်။

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

သူက မိုးကြိုးလျှပ်စီးတာအိုကို ကျင့်ကြံပြီး ခရမ်းရောင်လျှပ်စီးဘုရင်အဖြစ် လူသိများသည်။

ခါးသီးအင်မော်တယ်နယ်မြေတွင်ဖြစ်စေ တာအိုဂိုဏ်းတွင်ဖြစ်စေ လျှပ်စီးစွမ်းအားကို ဆန့်ကျင်နိုင်သောလူများ သိပ်မရှိကြပေ။

သို့သော် ယခုအချိန်တွင် သူဂုဏ်ယူရသော လျှပ်စီးတာအိုစွမ်းအားက အလကားဖြစ်သွားသည်။

ထို့အပြင် တစ်ဖက်လူကို အားဖြည့်ပေးလိုက်သလိုပင် ဖြစ်နေသည်။

“ငရဲကို သွားလိုက်တော့”

ပိုင်ယွင်ကျီက ဟိန်းဟောက်လိုက်ပြီး လက်ထဲတွင်ရှိသော လှံရှည်ဖြင့် ဟန်မူယဲ့၏ဦးခေါင်းကို ထိုးချသည်။

သူက လျှပ်စီးစွမ်းအားကို အသုံးမပြုလျှင်ပင် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှင့်ယှဉ်နိုင်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

လှံရှည်သည် တိမ်တိုက်များကို ထိုးဖောက်သွားသည်။

လှံရှည်၏ အလင်းရောင်သည် ပေထောင်ချီအထိ ဖြာထွက်လာသည်။

ချက်ချင်းဆိုသလိုပင် သူက ဟန်မူယဲ့နှင့် သုံးပေအကွာသို့ ရောက်သွားသည်။

ချန်ကျူးလုံ၏မျက်နှာထားက ပြောင်းလဲသွားပြီး လှုပ်ရှားတော့မည့်အချိန်တွင် ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်မြှောက်၍ လက်ညှိုးနှင့်လက်ခလယ်ကိုပူးကပ်ထားပြီး ညွှန်ပြလိုက်ကြောင်း မြင်ရသည်။

“ထန်”

သူ့လက်ချောင်းမှ ထွက်လာသော ဓားအလင်းသည် လှံရှည်နှင့် ထိတွေ့သွားသည်။

လှံရှည်က တုန်ခါနေပြီး တစ်လက်မချင်းစီ ပျက်စီးသွားသည်။

ပိုင်ယွင်ကျီ၏မျက်နှာက နီရဲသွားသည်။ သူ့ရှေ့တွင်ရှိသော လေဟာနယ်က ရုတ်တရက် ပြန့်ကားလာပြီး ပေါက်ကွဲသွားသည်။

ဟန်မူယဲ့က လက်ချောင်းမှထွက်ပေါ်လာသော ဓားအလင်းဖြင့် လှံရှည်ကိုဖျက်ဆီးပြီး တိုက်ခိုက်မှုကို ချေဖျက်လိုက်သည်။

ထိုလက်ချောင်းဓားအလင်း၏ စွမ်းအားကို မခန့်မှန်းနိုင်ပေ။

“ကောင်းတယ်”

ချန်ကျူးလုံက တောက်ပနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။

“ကောင်းလိုက်တဲ့ ဓားအလင်းပဲ”

ကျိုးရှန့်က ပြုံးလိုက်ပြီး ဟန်မူယဲ့၏လက်ချောင်းထိပ်တွင် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော အစိမ်းရောင်ဓားအလင်းကို ကြည့်သည်။

“ဘုန်း”

ထိုအချိန်တွင် ကောင်းကင်မှဆင်းသက်လာသော လျှပ်စီးကြောင်းများသည် လေပြင်းတောင်စောင်း၏ အကာအကွယ်ကို ဖျက်ဆီးပစ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် မိစ္ဆာဘုရင်ရှန်းထျန်း၏ လက်အောက်ငယ်သားများက တုန်ခါသွားကြသည်။

အကယ်၍ ထိုလျှပ်စီးကြောင်းများက သူတို့၏ကိုယ်ပေါ်သို့ ရောက်လာလျှင် သူတို့က သေချာပေါက် သေဆုံးသွားကြလိမ့်မည်။

“ဘုန်း”

လျှပ်စီးကြောင်းများက မိုးရွာနေသကဲ့သို့ ဆက်တိုက်ကျဆင်းလာပြန်သည်။

ကောင်းကင်ထက်တွင်ရှိသော လျှပ်စီးကြောင်းများက ပိုမိုအားကောင်းလာပုံပေါ်သည်။

ကျိုးရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး လျှပ်စီးပင်လယ်ကို ကြည့်သည်။

“မဟုတ်သေးဘူး။ ဒီလျှပ်စီးက ....”

တခြားလူများက အံ့အားသင့်နေပြီး လျှပ်စီးပင်လယ်ကို ကြည့်သည်။ ထို့နောက် ဟန်မူယဲ့ကို ဆက်ကြည့်သည်။

‘ဒီလျှပ်စီးက အရမ်းအားကောင်းလွန်းနေတာမဟုတ်လား’

ကြက်သွေးရောင်ငှက်မိစ္ဆာက လျှပ်စီးပင်လယ်ကို ကြည့်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။ လျှပ်စီးကြောင်းတစ်ခုက သူ့ဆီသို့ ကျရောက်လာသည်။

သူက မျက်နှာထားပြောင်းလဲသွားပြီး မခုခံရဲပဲ လျင်မြန်စွာနောက်ဆုတ်သည်။ သူက မိစ္ဆာတစ်ကောင်ကို ဖမ်းယူပြီး ရှေ့တွင် ကာကွယ်ထားလိုက်သည်။

“ဘုန်း”

ဒဏ်ရာသိပ်မရသော မိစ္ဆာက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ကြက်သွေးရောင်ငှက်မိစ္ဆာကို လှည့်ကြည့်သည်။

‘ဒါက လျှပ်စီးကြောင်းလေးတစ်ခုပဲ မဟုတ်ဘူးလား’

“မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ကပ်ဘေးကို မကျော်ဖြတ်ရသေးဘူးမဟုတ်လား” အဝေးတစ်နေရာတွင် ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။ “အဲဒါဆိုရင် ကပ်ဘေးတစ်ခု လက်ဆောင်ပေးပါရစေ”

“ဘုန်း”

အဆုံးမရှိသောလျှပ်စီးကြောင်းများ ပေါ်ထွက်လာပြီး ကြက်သွေးရောင်ငှက်မိစ္ဆာကို လွှမ်းခြုံသွားသည်။

ကြက်သွေးရောင်ငှက်မိစ္ဆာက သွေးနီးရောင်မီးတောက်များကို ပေါက်ကွဲထွက်လာစေသည်။ ထို့နောက် အံကြိတ်လိုက်ပြီး ပေတစ်ထောင်ကြီးမားသော ငှက်သားရဲအဖြစ် ပြောင်းလဲ၍ ထွက်ပြေးသည်။

‘လျှပ်စီးကြောင်းနဲ့ ရင်မဆိုင်ချင်ဘူးလား’

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်ညှိုးညွှန်သည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ဓားအလင်းအဖြစ် ပြောင်းလဲသွားပြီး ပေတစ်ထောင်ကြီးမားသော ငှက်ကို ထိုးနှက်လိုက်သည်။

“ရွှပ်”

လျှပ်စီးကြောင်းဓားအလင်းများက ချိန်းကြိုးအဖြစ် ပြောင်းလဲသွားပြီး ငှက်မိစ္ဆာကို ချည်နှောင်သည်။

ချိန်းကြိုးများက ချက်ချင်းပျက်စီးသွားကြသည်။

သို့သော် လျှပ်စီးပင်လယ်က ဒေါသထွက်နေပုံပေါ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော ပစ်မှတ်တစ်ခုကို ရှာတွေ့သွားပုံပေါ်သည်။ မိုင်ထောင်ချီပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော မိုးကြိုးတိမ်တိုက်များက လှုပ်ရှားလာကြသည်။

“ကပ်ဘေးမိုးကြိုး”

ထိုအချိန်တွင် ပိုင်ယွင်ကျီက သတိဝင်လာသည်။ သူက ဟန်မူယဲ့ကို စိုက်ကြည့်နေပြီး အံတင်းတင်းကြိတ်သည်။

“မင်း၊ မင်းက မိုးကြိုးတိမ်တိုက်ဘီးလုံးရဲ့စွမ်းအားကို လှုံ့ဆော်ပြီး ကပ်ဘေးမိုးကြိုးကို ဆင့်ခေါ်ခဲ့တာပဲ”

ကပ်ဘေးမိုးကြိုးသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားစုစည်းမှုဖြစ်ပြီး အလိုရှိတိုင်း မဆင့်ခေါ်နိုင်ပေ။

ယွင်လန်တာအိုဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ တာအိုလမ်းစဉ်ကို လွှမ်းမိုးထားပြီး ဒေသ ၁၃ခုကို ထိန်းချုပ်ထားသည်။ ကောင်းကင်နှင့်မြေကြီးက ယွင်လန်တာအိုဂိုဏ်းကို အသိအမှတ်ပြုထားသည်။

ထိုဂိုဏ်းမျိုးကသာ ကပ်ဘေးမိုးကြိုးကို ဆင့်ခေါ်ရန် အရည်အချင်းမီသည်။

တစ်နည်းပြောရလျှင် သူတို့၏ရှေ့တွင် ရှိနေသော ဓားကျင့်ကြံသူက ပိုင်ယွင်ကျီအတွက် ထောင်‌ချောက်ဆင်ခဲ့သည်။

“မင်းက ဘယ်သူလဲ”

ပိုင်ယွင်ကျီက အံတင်းတင်းကြိတ်လိုက်ပြီး အော်ပြောသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ယွင်လန်တာအိုဂိုဏ်းရဲ့ လက်ရွေးစင်၊ ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးနိုင်တဲ့ ခရမ်းရောင်လျှပ်စီးဘုရင်။ မင်းက အခုမှ ငါ့ကို ဘယ်သူလဲလို့ မေးနေတာလား”

“မင်းက ဦးနှောက်မရှိဘူးလား။ ဒါမှမဟုတ် မောက်မာလွန်းနေတော့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းတယ်လို့ ထင်သွားတာလား”

သူက လက်မြှောက်သည်။ သူ့နောက်တွင်ရှိနေသော ခွေသားရဲက ဟိန်းဟောက်လိုက်ပြန်သည်။

လျှပ်စီးကြောင်းများသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသည်။

မိစ္ဆာဘုရင်ရှန်းထျန်း၏ လက်အောက်တွင်ရှိသော မိစ္ဆာများက တုန်ခါနေကြသည်။

မိစ္ဆာများသည် လူသားများထက် မိုးကြိုးကပ်ဘေးကို ပိုမိုကြောက်ရွံ့ကြသည်။

သူတို့က ပင်ကိုယ်ဗီဇအတိုင်း ဆောင်ရွက်တတ်ပြီး သတ်ဖြတ်မှုကို အမြဲကျူးလွန်ကြသည်။

“ဘုန်း”

ကြက်သွေးရောင်ငှက်မိစ္ဆာ၏ ပေတစ်ထောင်ကြီးမားသော ကိုယ်လုံးက လျှပ်စီးကြောင်းများ၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။ သွေးအလင်းသည် ပေါက်ကွဲထွက်လာပြီး မီးတောက်များက နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။

သူက နာကျင်စွာ တောင်ပံခတ်သည်။ ကောင်းကင်ထက်တွင်ရှိသော ကပ်ဘေးတိမ်တိုက်များက အားနည်းမသွားပဲ ပိုမိုသန်မာလာသည်။

သူက ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး ရွှေအင်မော်တယ်အဆင့်နှင့် တစ်လှမ်းသာကွာတော့သည်။

သို့သော် သူက ရွှေအင်မော်တယ်တစ်ပါးအဖြစ် ကပ်ဘေးကျော်ဖြတ်ရန် အသင့်မဖြစ်သေးပေ။

ယခုအချိန်တွင် သူက မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်လိုစိတ်မရှိပေ။

“ဝှစ်”

သွေးရောင်မီးငှက်သည် လျှပ်စီးကြောင်းများကို ထိုးဖောက်ပြီး အဝေးတစ်နေရာသို့ ပျံသန်းသွားသည်။

မဟာမိစ္ဆာဘုရင်တစ်ပါးသည် မိုးကြိုးကပ်ဘေးကြောင့် ထွက်ပြေးသွားရသည်။

ဟန်မူယဲ့၏နောက်တွင် ရွှေမီးတောက်က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်လိုက်ပြီး တောင်ပံခတ်၍ လျင်မြန်စွာပျောက်ကွယ်သွားသည်။

မိစ္ဆာစစ်တပ်က ထိတ်လန့်စွာ ထွက်ပြေးနေသည်။

ချင်ကျီယွဲ့နှင့် တခြားလူများကို ဖမ်းဆီးရန် ကြိုးစားခဲ့သော မိစ္ဆာစစ်တပ်က တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားသည်။

မိစ္ဆာများက အုပ်စုလိုက် နောက်ဆုတ်သွားကြသည်။

ကောင်းကင်ထက်တွင်ရှိသော လျှပ်စီးကြောင်းများက သူတို့ကို ဖိအားပေးနေသည်။ ကြက်သွေးရောင်ငှက်မိစ္ဆာက ထွက်ပြေးသွားသောကြောင့် သူတို့က မှီခိုစရာ မရှိတော့ပေ။

ပိုင်ယွင်ကျီ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ထွက်ပြေးချင်သည်။ သို့သော် လှံရှည်ကို မထိန်းချုပ်နိုင်သလို မိုးကြိုးတိမ်တိုက်ဘီးလုံးကိုလည်း မထိန်းချုပ်နိုင်တော့ပေ။

မိုးကြိုးတိမ်တိုက်ဘီးလုံးသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို လှုံ့ဆော်ပြီး မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်သည်။

ယခုအချိန်တွင် မိုးကြိုးတိမ်တိုက်များက လှုပ်ရှားနေပြီး ကောင်းကင်တာအို၏စွမ်းအားကို ဖော်ပြနေသည်။ မိုးကြိုးတိမ်တိုက်ဘီးလုံးကို ယူသွားရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပိုင်ယွင်ကျီကို ကြည့်သည်။

ပိုင်ယွင်ကျီက တစ်ကိုယ်လုံးတုန်ခါသွားပြီး ခရမ်းရောင်ဘီးလုံးကို ကြည့်နေသည်။

“ခရမ်းရောင်လျှပ်စီးဘုရင်၊ မင်းက ဆက်နေချင်လို့လား”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သူက ဓားအလင်းကို စုစည်းလိုက်ပြီး ဓားရှည်တစ်ချောင်းကို ဆင့်ခေါ်သည်။

သူက ပိုင်ယွင်ကျီ၏ လှံဦးထိပ်ကို လက်ချောင်းမှထွက်ပေါ်လာသော ဓားအလင်းဖြင့် ဖျက်ဆီးခဲ့သည်။ ယခုအချိန်တွင် ဓားကိုင်ထားပြီး တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်ကို ဖော်ပြနေသည်။ အကယ်၍ ပိုင်ယွင်ကျီက ယခုအချိန်တွင် ထွက်မသွားလျှင် ထွက်သွားနိုင်ရန် မသေချာတော့ပေ။

“မင်းကိုသတ်လိုက်တဲ့လူက ယွင်လန်မြို့သခင် ပြိုင်ဘက်ကင်းဟန်ဆိုတာကို မှတ်ထားပါ”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဓားရှည်ဖြင့် လွှဲခုတ်သည်။

သို့သော် သူလက်မမြှောက်နိုင်ခင် ပိုင်ယွင်ကျီက ဝှစ်ခနဲ ထွက်ပြေးသွားသည်။

ထိုမြင်ကွင်းကြောင့် ကျိုးရှန့်နှင့် တခြားလူများက ရယ်လိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဓားသိမ်းသည်။ သူ့မျက်နှာထားက လေးနက်နေသည်။

“ချင်ကျောက်ယွမ်၊ မင်းတို့ အရင်ထွက်သွားကြတော့”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး လေပြင်းတောင်စောင်းကို လှည့်ကြည့်သည်။

‘အရင်ထွက်သွားရမှာလား’

ချင်ကျောက်ယွမ်က နားမလည်နိုင်ဖြစ်နေပြီး ဘေးတွင်ရှိသော ချင်ကျီယွဲ့ကို လှည့်ကြည့်သည်။

မိုးကြိုးဝါးမြိုခြင်းခြင်္သေ့အဖြစ် ပြောင်းလဲသွားသော ချင်ကျီယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားသည်။

ချန်ကျူးလုံကလည်း စကားအနည်းငယ်ပြောလိုက်ပြီး တုချင်နှင့် တခြားလူများကို ထွက်သွားစေသည်။

All Chapters