ဟန်ယဲ့
Vol. 109 Ch. 1131
“အဲဒီကောင် သေသွားပြီ” ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်ကို တအံ့တဩ မော့ကြည့်လိုက်ပါတယ် “ဘိုးဘိုး သူ့ကို သတ်လိုက်တာလား”
“ငါ မသတ်ပါဘူး၊ သူ့ကို မင်းသတ်လိုက်တာ၊ ငါ ဒီနေရာကို ရောက်လာတော့ သူ သေနေပြီ၊ သူက ချီဖောက်လွဲဖောက်ပြန် ဖြစ်နေတာကို အတင်းဝင်ပူးဖို့ ကြိုးစားတော့ တန်ပြန်ထိပြီး သေသွားတာ”
“ဒီလိုလား... ဒါဆို ကျွန်တော် သူ့ကို သတ်လိုက်တာပေါ့၊ ဟားဟား... ကျွန်တော် သူ့ကို ချီဖောက်လွဲဖောက်ပြန် ဖြစ်အောင် အကောက်ကြံထားတာ... ဟားဟား...”
အဲဒီနောက် ချူရှောင်ချီဟာ မလှမ်းကမ်းကနေ သူတို့ဆီ လျှောက်လာနေတဲ့ ထန်ဝမ်ကို လှမ်းကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ငါ စောစောတုန်းက လုပ်ခဲ့တာတွေက အဲဒီခွေးမသား သံသယမဝင်အောင်လို့ လုပ်ခဲ့တာ”
ထန်ဝမ်အောင် ခေါင်းညိတ်လိုက်ပါတယ် “အစ်ကို ငိုတာကိုတော့ ကျွန်မယုံပါတယ်၊ ဒါပေမဲ့ ဘောင်းဘီတွေ စိုရွှဲအောင် သေးထွက်ကျတာကတော့ ညီမ ဘယ်လိုမှ သရုပ်မဆောင်နိုင်ဘူး”
ချူရှောင်ချီဟာ မျက်နှာတစ်ခုလုံး ပူထူပြီး ဘယ်လိုငြင်းရမလဲ မသိ ဖြစ်သွားပါတယ်။
ထန်ဝမ်ဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး ရင်တထိတ်ထိတ်နဲ့ သူမ အကြောင်း မိတ်ဆက်ပါတယ်။
ဟန်ကျွယ်ဟာ ကြင်နာစွာ ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ရုပ်ရည်ကြောင့် သူ့အပြုံးဟာ ရိုးရိုးကြင်နာတဲ့အပြုံး မဟုတ်တော့ဘဲ နူးညံသိမ်မွေ့တဲ့ အပြုံးဖြစ်သွားတာကြောင့် ထန်ဝမ်ဟာ ရှက်သွေးဖြာသွားပါတယ်။
ဒါကို မြင်တဲ့ ချူရှောင်ချီဟာ မျက်လုံးပြူးသွားပြီး အော်ပြောလိုက်ပါတယ် “ထန်ဝမ်... နင် ငါ့အဘွား လုပ်ချင်တယ်လို့တော့ မပြောနဲ့နော်၊ ဒီလိုလုပ်လို့ မရဘူး”
“အစ်ကို ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ” ထန်ဝမ်ဟာ စိတ်ဆိုးသွားပါတယ်။ ထန်ဝမ်ဟာ ဟန်ကျွယ်ကို မြင်မြင်ချင်း မချစ်ကြိုက်မိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ရုပ်ရည်က ချောမောလွန်းတဲ့အတွက် ထန်ဝမ်ဟာ ဟန်ကျွယ်ကို တည်တည်တံ့တံ့ မျက်နှာချင်း မဆိုင်နိုင်ပါဘူး။
ဟန်ကျွယ်ကလည်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “မင်းက တွေ့တဲ့လူကို အဘွားလို့ ခေါ်ချင်နေတာလား၊ မင်းအဘွားက မကြာသေးခင်မှ ထွက်သွားတာနော်၊ သူက မင်းစကားတွေကို ခိုးနားထောင်နေနိုင်တယ်၊ သူ မင်းဆီလာမှာ မကြောက်ဘူးလား”
ဟန်ကျွယ်ရဲ့ စကားကြောင့် ချူရှောင်ချီဟာ ချက်ချင်း ခုန်ထပြီး ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ကာ အရိပ်ဆယ်မျက်နှာကို ဦးချပါတယ်။
ဒါကိုကြည့်ပြီး ထန်ဝမ်ဟာ မျက်လုံးပင့်တက်သွားပါတယ်။ ချူရှောင်ချီဟာ အရေးကြီးတဲ့အချိန်ဆို တော်တော်လေး ဟိတ်ဟန်ကောင်းပေမဲ့ ပုံမှန်အချိန်တွေမှာဆို တော်တော်လေးကို ကျိုးကြောင်း မဆီလျော်ပါဘူး။ တကယ်ကို လူထူးဆန်း တစ်ယောက်ပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တော်ပြီ... ပြဿနာ မရှာတော့နဲ့၊ အေးဆေး အနားယူ၊ လောလောဆယ် ဒီနားမှာ ဘာအန္တရာမှ မရှိဘူး”
ချူရှောင်ချီဟာ မတ်တတ်ရပ်ပြီး စိတ်လှုပ်တရှား ခေါင်းညိတ်လိုက်ပါတယ်။ ရှင်သန်ရတဲ့ ခံစားချက်ကို တကယ်ကို ကောင်းမွန်လှပါတယ်။
အဲဒီနောက်ပိုင်း ဟန်ကျွယ်ဟာ မြစ်ကမ်းဘေးမှာပဲ ထိုင်နေပါတယ်။ ထန်ဝမ်နဲ့ ချူရှောင်ချီကတော့ ဟန်ကျွယ်နဲ့ မလှမ်းမကမ်းမှာ ကျင့်ကြံအားထုတ်ပြီး မကြာမကြာဆိုသလို မန္တန်တွေ လေ့ကျင့်ကြပါတယ်။
ထန်ဝမ်ဟာ ဟန်ကျွယ် အကြောင်းကို တော်တော်လေး သိချင်တာကြောင့် ဆေးမြစ်ရှာတဲ့အချိန်မှာ ချူရှောင်ချီကို သူတို့နှစ်ယောက် ဘယ်လိုမျိုး တွေ့ဆုံခဲ့လဲဆိုတာ မေးမြန်းပါတယ်။ အကြောင်းစုံကို သိပြီးတဲ့နောက်မှာတော့ ထန်ဝမ်ဟာ ဟန်ကျွယ်က သေချာပေါက် ထိပ်သီးကျင့်ကြံသူလို့ ခံစားလိုက်ရပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့လူကလည်း ဟန်ကျွယ်လက်ထဲမှာ သေသွားတာ ဖြစ်ရမယ်လို့ သေချာပေါက် ယုံကြည်သွားပါတယ်။ ဒါပေမဲ့ ချူရှောင်ချီကတော့ ဒီလိုမတွေးပါဘူး။
ငါ့အစ်ကိုက တကယ်ကို အ,တာပဲ’
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း နှစ်ဝက် ကုန်သွားပါတယ်။
ချူရှောင်ချီဟာ ဂိုဏ်းက သူတို့ကို ရှာတွေ့သွားမှာ စိုးတဲ့အတွက် နေရာပြောင်းဖို့ အကြံပေးပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို မကန့်ကွက်ပါဘူး။ သူ့အတွက် ဘယ်နေရာသွားသွား ကိစ္စမရှိပါဘူး။ ကလေးတွေနဲ့လည်း ပြိုင်မငြင်းချင်ပါဘူး။
ဒီလိုနဲ့ ဟန်ကျွယ်နဲ့ ချူရှောင်ချီဟာ ထပ်ပြီးတော့ ခရီးနှင်ကြပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ဘေးမှာ လူတစ်ယောက် အပိုပါလာပါတယ်။
ချူရှောင်ချီနဲ့ ထန်ဝမ်ဟာ သူတို့ဓားတွေနဲ့ ပျံသန်းပြီး ဟန်ကျွယ်ကတော့ တိမ်စီးပါတယ်။ ဒီနည်းလမ်းက ထန်ဝမ်ကို အံ့အားသင့်သွားစေပါတယ်။
‘ဒါ ဒဏ္ဍာရီလာ အင်မော်တယ် မဟုတ်ဘူးလား’ ထန်ဝမ်ဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။
လေးငါးလ အကြာမှာတော့ သူတို့သုံးယောက်ဟာ စံအိမ်တစ်အိမ်ဆီ ရောက်ရှိသွားပါတယ်။ ဒီစံအိမ်နဲ့ အနီးအနားက တောင်တန်းတွေဟာ မတ်စောက်ပြီး မိုင်တစ်ထောင်ပတ်လည်အတွင်း လူတစ်ယောက်မှ မတွေ့ရပါဘူး။
သုခဘုံလိုပါပဲ။ ဒါပေမဲ့ ဒီစံအိမ်ထဲမှာ လူတစ်ယောက်မှ မရှိပါဘူး။ ဟန်ကျွယ်ဟာ ဒီစံအိမ်ထဲမှာ သရဲတွေ အများကြီး ပုန်းနေတာကို မြင်နိုင်ပါတယ်။ ဒီစံအိမ်ထဲက လူတွေဟာ အသတ်ခံရပြီးနောက် သရဲဖြစ်လာကာ ပြန်မွေးဖွားတာကို မလိုချင်ကြပါဘူး။ ဒါကြောင့် ဒီစံအိမ်က သရဲစံအိမ်လို့ ပြောလို့ရပါတယ်။
ထန်ဝမ်ဟာ ဒီနေရာက အငွေ့အသက် မကောင်းဘူးလို့ ခံစားရတာကြောင့် တစ်ယောက်တည်း မသွားလာရဲပါဘူး။ အဲဒါကြောင့် ချူရှောင်ချီနောက်ကို တကောက်ကောက်လိုက်ပါတယ်။ ချူရှောင်ချီဟာ ထန်ဝမ် သူ့နောက်လိုက်တာကို ဂရုမစိုက်ပါဘူး။
ဟန်ကျွယ် ဘေးနားမှာရှိနေတဲ့အတွက် ချူရှောင်ချီဟာ ကောင်းကင်ပြိုကျရင်တောင် မကြောက်ပါဘူး။
ဟန်ကျွယ်ဟာ ဒီနေရာက မဆိုးဘူးလို့ ခံစားရတဲ့အတွက် နေဖို့ သဘောတူလိုက်ပါတယ်။ ဒီနေရာက ချူရှောင်ချီရဲ့ ကျင့်ကြံမှုကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပါ။
ညရောက်တဲ့အခါ ထန်ဝမ်ဟာ တစ်ယောက်တည်း မနေရဲတဲ့အတွက် ချူရှောင်ချီဆီ ရောက်လာပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ခန်းတည်းထဲမှာ အတူနေကြပါတယ်။
ထန်ဝမ်ဟာ အခြေခံအုတ်မြစ် ကျင့်ကြံသူ ဖြစ်ပေမဲ့ ဒီနေရာကို ရောက်လာကတည်းက စိတ်လေးနေပါတယ်။ သူတို့နှစ်ယောက်ဟာ သေမျိုးတွေ မဟုတ်တဲ့အတွက် အိပ်စက်ဖို့ မလိုပါဘူး။ သူတို့နှစ်ယောက်ဟာ အတူတူ ကျင့်ကြံအားထုတ်ကြပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ညတိုင်း မိန်းမတွေနဲ့ ကလေးငိုသံတွေကို ခပ်ယဲ့ယဲ့ ကြားရပါတယ်။ ဒီငိုသံတွေက ထန်ဝမ်ကို ထိတ်လန့်စေပြီး ချူရှောင်ချီကိုလည်း ယောက်ယက်ခတ်စေပါတယ်။
‘ငါက ရွှေဓာတ်လုံး ကျင့်ကြံသူပါ၊ ဒီသရဲတွေက ဘယ်လောက်တောင် စွမ်းအားကြီးနေလို့ ငါ မမြင်နိုင်ရတာလဲ’
သရဲတွေက တကယ်ကို စွမ်းအားကြီးပါတယ်။ ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်အရ ကနဦးဝိညာဉ်အဆင့် ရှိတဲ့ ကျင့်ကြံသူတစ်ဦး ဒီစံအိမ်ကို ရောက်လာရင်တောင် သေဘေးက ပြေးမလွတ်ပါဘူး။ ဒီစံအိမ်ကို သတ်ဖြတ်သွားတဲ့လူက ကပ်ဘေးဖြတ်ကျော်အဆင့် ရှိပါတယ်။ သူဟာ သေသွားတဲ့လူတွေကို ဒီစံအိမ်ထဲကနေ မထွက်နိုင်အောင် ချိပ်ပိတ်ထားခဲ့ပါတယ်။
ဒီအကြောင်းကြောင့်ပဲ သရဲတွေဟာ ပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။ ဒီနေရာက သရဲတွေဟာ နေနဲ့လရဲ့ စွမ်းအားကို နေ့တိုင်း စုပ်ယူတာကြောင့် ပိုပိုပြီးတော့ စွမ်းအားကြီးလာတာပါ။ ဒီသရဲတွေ ချူရှောင်ချီနဲ့ ထန်ဝမ်ကို ဘာမှမလုပ်တာက ဟန်ကျွယ်ကြောင့်ပါ။
ဟန်ကျွယ်ဟာ ချူရှောင်ချီ စွမ်းအားပိုကြီးလာရင် စာမေးပွဲအနေနဲ့ ဒီသရဲတွေကို ရှင်းခိုင်းဖို့ စီစဉ်ထားပါတယ်။
ဒီနေ့မှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက် တစ်ချက် ဝင်လာပါတယ်။
[သဏ္ဍာန်မဲ့နတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ တာအိုဖန်တီးရှင်တွေ သူ့ကို အိပ်မက်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို သဏ္ဍာန်မဲ့နတ်မင်းဆီ ပေးထားခဲ့ပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းက အခုအချိန်မှာ အဆုံးမဲ့ခေတ်ကို ကြီးကြပ်ကွပ်ကဲသူပါ။ အပေါ်ယံမှာ စွမ်းအားအကြီးဆုံး တည်ရှိမှုဆိုရင်လည်း မမှားပါဘူး။
အိပ်မက်နယ်မြေက ဗလာနယ်မြေပါ။ သဏ္ဍာန်မဲ့နတ်မင်းဟာ ဟန်ကျွယ်ကို တွေ့တဲ့အခါ တလေးတစား ဦးညွှတ်ပြီး မေးလိုက်ပါတယ် “ဖန်တီးရှင်သခင်... နောက်ပေါ်လာမဲ့ တာအိုဖန်တီးရှင်အတွက် လိုအပ်ချက်များ ရှိပါသလား”
“သူတို့ကို ကန့်သတ်ထားစရာ မလိုဘူး၊ သူတို့ဘာသာ တာအိုဖန်တီးရှင် ဖြစ်လာနိုင်ရင် လွှတ်သာထားလိုက်”
တာအိုဖန်တီးရှင်တစ်ပါး ပေါ်ထွန်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ တခြား တာအိုဖန်တီးရှင်တွေ မတားဆီးရင်တောင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမှ တာအိုဖန်တီးရှင်တစ်ပါး ပေါ်ထွန်းလာနိုင်တာပါ။
ဥပမာပေးရရင် ဟန်ဟွမ်၊ ဟန်လင်၊ လောကဦး ဘိုးဘေးနတ်ဘုရား၊ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ မဟာတာအို အနန္တကပ်ဘေးရဲ့ မဟာဖန်တီးမှုကို ရရှိသွားတဲ့ တခြား မဟာတာအိုပညာရှိချုပ်တွေဟာ လောလောဆယ်မှာ တာအိုဖန်တီးရှင် ဖြစ်လာဖို့ မျှော်လင့်ချက် မရှိသေးပါဘူး။
သဏ္ဍာန်မဲ့နတ်မင်းက ဆက်ပြောပါတယ် “ကျွန်တော် အနာဂတ်ကို လေ့လာကြည့်တာ နောက်ကျရင် တာအိုဖန်တီးရှင်တွေအတွက် ကပ်ဘေးတစ်ခု ပေါ်လာမယ်ဆိုတာကို တွေ့လိုက်ရတယ်၊ အဲဒီကပ်ဘေးက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးတွေနဲ့ ပတ်သက်ကောင်း ပတ်သက်နေနိုင်တယ်”
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးတွေဟာ ပဋိပက္ခထဲက မောင်းထုတ်ခံရပြီးနောက် ထူးခြားဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဟန်ကျွယ်တောင် တွက်ချက်လို့ မရပါဘူး။ ဟန်ကျွယ်ဟာ ဒီကိစ္စက နဝမပဋိပက္ခနဲ့ ပတ်သက်နေလိမ့်မယ်လို့ တွေးမိတာကြောင့် စနစ်ရဲ့ တွက်ချက်မှု လုပ်ဆောင်ချက်ကိုတောင် မသုံးခဲ့ပါဘူး။
နဝမပဋိပက္ခကို ကျွန်ပြုပြီးမှ အေးဆေးမေးမယ်လို့ စီစဉ်ထားခဲ့ပါတယ်။
“ဖူစန်းသစ်ပင်ကို အနာဂတ် ကြီးကြပ်ခိုင်းလိုက်”
ဟန်ကျွယ်ရဲ့ စကားတစ်ခွန်းက ဖူစန်းသစ်ပင်ရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးလိုက်ပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းဟာ မငြင်းရဲတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းဟာ တစ်ခဏ ချီတုံချတုံ ဖြစ်နေပြီးမှ မေးလိုက်ပါတယ် “အခုတစ်လော ဟန်ယဲ့က သူ့ကျင့်ကြံမှု တိုးတက်ဖို့အတွက် မဟာတာအိုကမ္ဘာတွေကို ဆက်တိုက် ဖျက်ဆီးနေတယ်၊ ကျွန်တော် သူ့ကို တစ်ခုခုလုပ်ဖို့ လိုလား”
“မင်းက ကံဝန်ကို မထမ်းရဘူးမလား၊ ဒီအတိုင်းသာ လွှတ်ပေးထားလိုက်၊ မင်းအဆင့်အောက်က အရာတွေကို ဝင်မပါနဲ့၊ အဆုံးမဲ့ခေတ်က ခေတ်သစ်တစ်ခု၊ နောက်ကျရင် ဘယ်လို ဘေးအန္တရာယ်မျိုးတွေ ပေါ်လာမယ်ဆိုတာ ငါတောင် မသိဘူး၊ သက်ရှိအားလုံးကို နိုးနိုးကြားကြား နေခိုင်းချည်”
“ကျွန်တော် နားလည်ပါပြီ”
အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယဲ့ကို ကြည့်လိုက်ပါတယ်။ ဟန်ယဲ့က တကယ်ကို နည်းနည်း သွေးဆာလွန်းပါတယ်။ နောက်ပြီး သူလာနေတဲ့လမ်းမှာ ဒီကမ္ဘာက တိုက်တိုက်ဆိုင်ဆိုင် သွားတည်ရှိနေပါတယ်။
ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရ အများဆုံး နှစ်တစ်ရာအတွင်း ဟန်ယဲ့ဟာ ဒီကမ္ဘာကို ရောက်ရှိလာမှာပါ။ ဟန်ကျွယ်ဟာ သူ့မျိုးဆက်တွေ အနိုင်ကျင့်ခံရမှာကို မလိုလားသလို နေရာတကာ ပြဿနာ လိုက်ရှာတာကိုလည်း မကြိုက်ပါဘူး။
ဟန်ကျွယ်ဟာ ရုတ်တရက် အကြံရသွားပြီး ပြုံးလိုက်ပါတယ်။
.....
ဗလာနယ်မြေမှာ ကမ္ဘာကြီးတွေဟာ အဖြူရောင်ဖျော့ဖျော့ပေါ်က အစက်တွေလိုပါပဲ။ သွေးချီတွေ ဝိုင်းနေတဲ့ ဟန်ယဲ့ဟာ ဟင်းလင်းပြင်ထဲမှာ တရားထိုင်နေပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ မကြာမကြာ တုန်တက်သွားပါတယ်။ သူ့အခြေအနေက တော်တော်လေးကိုမှ မူမမှန်ပါဘူး။
ဒီအချိန်မှာ ဟန်ယဲ့ဟာ အိပ်မက်တစ်ခုထဲ ရောက်နေပါတယ်။ အိပ်မက်ထဲမှာ ဝိုးတိုးဝါးတား စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက သူ့ကို ဆက်တိုက် ဖိနှိပ်တဲ့အတွက် ဟန်ယဲ့ကို အကြီးအကျယ် ဒေါသထွက်စေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။