← Chapters

ဦးလေး

Vol. 109 Ch. 1133

ဦးလေး

Vol. 109 Ch. 1133

“အို ဘုရား ဘုရား... ဘိုးဘိုး... ဘိုးဘိုးက ကြမ်းလှချည်လား” ချူရှောင်ချီဟာ သတိပြန်ဝင်လာပြီး အံ့ဩတကြီး ဖြစ်သွားပါတယ်။ ချူရှောင်ချီဟာ ချက်ချင်း ဟန်ကျွယ်ဘေးဆီ ခုန်သွားပြီး စဖားပါတော့တယ်။

ထန်ဝမ်ဟာ မြေကြီးပေါ် ပြန်ကြဲနေတဲ့ ကျောက်သားကျောက်စတွေကို ကြည့်ပြီး တံတွေး မျိုချမိလိုက်ပါတယ် “ဂလု”

‘ဝိညာဉ်အစီအမံ ကျင့်ကြံသူက ဒီလိုမျိုး သေသွားတာလား’

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ဦးမှာလဲ’

‘ကောင်းကင်ဘုံဝင် ကျင့်ကြံသူတောင် ဝိညာဉ်အစီအမံ ကျင့်ကြံသူကို မတိုက်ခိုက်ဘဲ သတ်နိုင်ပါ့မလား’

ဒီနည်းလမ်းက ထန်ဝမ် စိတ်ကူးနိုင်တာထက် အများကြီး ပိုပါတယ်။

“ဘိုးဘိုး... အဲဒါ ဘာဆန်းကြယ်စွမ်းအားလဲ၊ ကျွန်တော်ကို သင်ပေးပါဦး”

‘ဘိုးဘိုး... ဘိုးဘိုးက သေချာပေါက် ကောင်းကင်ဘုံဝင် ကျင့်ကြံသူမလား’

“ဘိုးဘိုးက ကောင်းကင်ဘုံဝင်အဆင့်ကို ကျော်လွန်သွားပြီလား၊ အင်မော်တယ်တွေက တကယ်ပဲ သေမျိုးကမ္ဘာဆီ ဆင်းသက်နိုင်တာလား”

ချူရှောင်ချီဟာ ဟန်ကျွယ်လက်ကို ကိုင်လှုပ်ပြီး မေးခွန်းတွေ ဆက်တိုက်မေးပါတယ်။

ဟန်ကျွယ်ဟာ ဘာမှမတတ်နိုင်ပါဘူး။ ချူရှောင်ချီပဲ သူ့ကို ဒီလောက်ထိ ရိုင်းရဲပါတယ်။ ဟန်ဟွမ်၊ ဟန်ထော်နဲ့ ဟန်ယွင်ကျင်းသာဆိုရင် ဟန်ကျွယ်ဟာ ဘယ်ပြန်ညာပြန် ပါးတွေနားတွေ ချပစ်လိုက်မှာပါ။

“ငါ့ကျင့်ကြံမှုက ဘယ်အဆင့်လဲဆိုတာ ပြောလို့မရဘူး၊ မင်းမှာ သိဖို့ အရည်အချင်း မရှိသေးဘူး၊ ကျင့်ကြံတာကိုပဲ အာရုံစိုက်”

ဟန်ကျွယ်ဟာ ချူရှောင်ချီကို စကားဖြတ်ပြောပြီး မောင်းထုတ်လိုက်ပါတယ်။

ချူရှောင်ချီနဲ့ ထန်ဝမ်ဟာ ဝင်းခြံကို စ,ရှင်းပါတယ်။ သူတို့နှစ်ယောက်ဟာ ခြံကိုရှင်းပြီးတာနဲ့ စောစောက ဖြစ်ခဲ့တာတွေကို စိတ်လှုပ်တရှား ဆွေးနွေးပါတယ်။ အခုအချိန်မှာ သူတို့တွေဟာ ဟန်ကျွယ်က တကယ့် အင်မော်တယ်စစ်စစ်ဆိုတာ သေချာ သိသွားကြပါတယ်။

အဲဒါကြောင့် သူတို့နှစ်ယောက်ဟာ တောက်ပတဲ့ အနာဂတ်ကို မျှော်ကြည့်ပြီး စိတ်လှုပ်ရှားသွားကြပါတယ်။ အင်မော်တယ်အောက်မှာ ကျင့်ကြံအားထုတ်ရင် သူတို့လည်း နောက်ကျ အင်မော်တယ် ဖြစ်လာနိုင်ခြေ ရှိတယ် မဟုတ်ပါလား။

ထန်ဝမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အစ်ကိုက တကယ်ပဲ သူ့ရဲ့ မြေးလား၊ အင်မော်တယ်တစ်ပါးက သေမျိုးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ချစ်မှာလဲ”

ချူရှောင်ချီဟာ ခေါင်းကုတ်သွားပါတယ် “ငါ့အဘိုးကို မြှုပ်နှံတုန်းက ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာပဲ၊ အတု မဖြစ်နိုင်ပါဘူး”

“ဘိုးဘေးရော မဖြစ်နိုင်ဘူးလား”

“ဖြစ်နိုင်တယ်၊ ငါတို့နှစ်ယောက်စလုံးက ရုပ်ချောတော့ တစ်မျိုးဆက်တည်း ဖြစ်နိုင်တယ်”

“အစ်ကိုက တော်တော် အရှက်မရှိတာပဲ”

ထန်ဝမ်ဟာ မျက်လုံးပင့်တက်သွားပါတယ်။ ထန်ဝမ်ဟာ ဟန်ကျွယ်က သူမြင်ဖူးသမျှ ယောက်ျားတွေထဲမှာ အချောဆုံး၊ ချူရှောင်ချီက သူမြင်ဖူးသမျှ ယောက်ျားတွေထဲမှာ အရှက်မရှိဆုံးလို့ ကောက်ချက်ချလိုက်ပါတယ်။

သူ့မျက်နှာကြည့်ရုံနဲ့ ထန်ဝမ် ဘာတွေးနေလဲဆိုတာ လူတိုင်း သိနိုင်ပါတယ်။

“ဟီးဟီး... ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ဘိုးဘိုး အစစ်ပဲ၊ ဒါကတော့ သေချာတယ်”

‘ဒီလောက် အင်အားကြီးတဲ့ နောက်ခံ ရှိနေမှတော့ နောက်ကျရင် ဘယ်သူက ငါ့ကို ခြိမ်းခြောက်ရဲမှာလဲ’ ဒီအတွေးကြောင့် ချူရှောင်ချီဟာ ဝမ်းသာအားရ ဖြစ်သွားပြီး လှပတဲ့ အနာဂတ်ကို စိတ်ကူးယဉ် ကြည့်လိုက်ပါတယ်။

ချန်ရွှီသေသွားတဲ့အခါ ဂိုဏ်းထဲက ဘယ်သူမှ ချူရှောင်ချီနောက်ကို မလိုက်တော့ပါဘူး။ ဒါကြောင့် စံအိမ်တော်ထဲမှာ ကျင့်ကြံအားထုတ်ရတာက အေးဆေးပါပဲ။

ဟန်ကျွယ်ဟာ ချူရှောင်ချီနဲ့ ထန်ဝမ်ကို မကြာမကြာ လမ်းညွှန်ပေးပါတယ်။ စကားတစ်ခွန်း နှစ်ခွန်းတည်းဆိုပေမဲ့ အကြိမ်တိုင်းမှာ ချူရှောင်ချီနဲ့ ထန်ဝမ်ရဲ့ သုံးသပ်နားလည်နိုင်စွမ်းကို အများကြီး တိုးပွားစေပါတယ်။

သူတို့နှစ်ယောက်ဟာ ဘာကြောင့်မှန်း မသိပေမဲ့ သူတို့ရဲ့ တိုးတက်မှုတွေကို သိသိသာသာကြီး ခံစားနိုင်ကြပါတယ်။ ဒါပေမဲ့ အင်မော်တယ် လက်အောက်မှာ ကျင့်ကြံအားထုတ်တာဆိုတော့ သူတို့တွေ ဒီလောက်တော့ လက်ခံနိုင်ပါသေးတယ်။

ဒီလိုနဲ့ နှစ် ၂၀ ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ချူရှောင်ချီတောင် ကနဦးဝိညာဉ်အဆင့်ကို ‌ရောက်ရှိသွားပါပြီ။ ထန်ဝမ်ကတော့ ရွှေဓာတ်လုံးအဆင့်မှာပဲ ရှိနေသေးပေမဲ့ ကနဦးဝိညာဉ်အဆင့်နဲ့ အလှမ်းမဝေးတော့ပါဘူး။

ဒီကျင့်ကြံမှုအလျင်က သေမျိုးကမ္ဘာမှာ သေချာပေါက် ထိပ်တန်းပါ။ ဒီသေမျိုးကမ္ဘာရဲ့ ပါရမီရှင်တွေထက်လည်း အများကြီး ပိုမြန်ပါတယ်။ ဒါပေမဲ့ ချူရှောင်ချီနဲ့ ထန်ဝမ်ဟာ ဒါကို သဘောမပေါက်ကြပါဘူး။

ဒီနေ့မှာတော့ ထန်ဝမ်ဟာ ဟန်ကျွယ်ကို လာရှာပါတယ်။

ဟန်ကျွယ်ဟာ ထန်ဝမ်ကို မြေးချွေးမအဖြစ် သဘောထားတာမလို့ မကြာမကြာ စကားပြောလေ့ရှိပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သိပ်မနီးပေမဲ့ သိပ်လည်း မဝေးပါဘူး။

ထန်ဝမ်ဟာ ဟန်ကျွယ်ဘေးမှာ ထိုင်ပြီး ပူပန်သောကနဲ့ ပြောလိုက်ပါတယ် “အစ်ကိုရှောင်ချီက တစ်မျိုးပဲ၊ သမီးအပေါ် ခံစားချက် လုံးဝ မရှိသလိုပဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းတို့နှစ်ယောက် ရေစက်ပါပြီးသား... သူမင်းကို သူ့ခံစားချက်တွေ ဖွင့်မပြောတာက စောင့်နေတာ”

“ဘာကို စောင့်နေတာလဲ”

“နောက်ထပ် မိန်းမတွေကို စောင့်နေတာ”

“ဟမ်... အဲဒါက သူ့ရဲ့အကျင့်ပဲ၊ အရင်တုန်းက ဂိုဏ်းမှာလည်း တခြား အမျိုးသမီးတပည့်တွေကို အမြဲတမ်း လိုက်ချောင်းတာ”

“အဲဒါဆို မင်း သူ့ကို သေချာဖမ်းထားဖို့ လိုတယ်၊ ငါ မင်းတို့နှစ်ယောက်ကို အတူနေအောင် တွန်းအားမပေးနိုင်ဘူး၊ လက်ထပ်ပွဲက ဆုံးဖြတ်ရခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်ထပ်ပွဲ ရောက်လာရင် တားဆီးမရလို့ပဲ”

“ဘိုးဘိုးတောင် မခန့်မှန်းနိုင်ဘူးလား”

“ခန့်မှန်းနိုင်တယ်၊ ဒါပေမဲ့ ငါ ကောင်းကင်လျှို့ဝှက်ချက်ကို ထုတ်ပြောလို့ မရဘူး”

“ကောင်းပါပြီ... ဟင်း”

ထန်ဝမ်ဟာ သက်ပြင်းချလိုက်ပါတယ်။

အခုလို စကားပြောနေတဲ့ ထန်ဝမ်နဲ့ ဟန်ကျွယ်ဟာ တကယ် မြေးအဘိုးနှစ်ယောက်လိုပါပဲ။ ဟန်ကျွယ်ရဲ့ စကားတွေကြောင့် ထန်ဝမ်ဟာ စိတ်ညစ်တာတွေ ပျောက်သွားပြီး ပျော်ပျော်ရွှင်ရွှင် ပြန်ကျင့်ကြံပါတယ်။

ဟန်ကျွယ်ဟာ ထန်ဝမ်ရဲ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်ပါတယ်။ အချစ်ကြောင့် အာရုံထွေပြားတာက လူသားတွေရဲ့ သဘောသဘာဝတစ်ခုပါ။ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ။

ဟန်ကျွယ်ဟာ ဒီအရည်အချင်းကို ဆုံးရှုံးသွားပြီမလို့ ပိုပြီးတော့ တမ်းတမိပါတယ်။

သူတို့ရောက်နေတဲ့ စံအိမ် အေးချမ်းပြီး ဘေးနားမှာလည်း ရှုမငြီးတဲ့ တောတောင်မြစ်ချောင်းတွေ ရှိနေတာကြောင့် သေမျိုးကမ္ဘာရဲ့ သုခဘုံလိုပါပဲ။ ဟန်ကျွယ်ဟာ ဒီလိုနေရာမျိုးမှာ နေရတာက တာအိုစက်ကွင်းမှာ နေရတာထက် ပိုပြီးတော့ သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရပါတယ်။

ဒါက ငြိမ်းချမ်းမှု ဖြစ်နိုင်ပါတယ်။ တာအိုစက်ကွင်းမှာက သူ ဒီအတိုင်း ထိုင်နေတာပါ။

မကြာမကြာဆိုသလို သက်ရှိအသစ်တွေ ဒီတောအုပ်ထဲမှာ ပေါ်လာပါတယ်။ ဒါက အချိန်ရဲ့ ပြောင်းလဲမှုပါ။ ဟန်ကျွယ်ဟာ လောကကြီးက လှုပ်ရှားနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

ဒီအချိန် စကြဝဠာအပြင်ဘက်မှာ လူတစ်ယောက် ပေါ်လာပါတယ်။ ဒီလူဟာ ဒီသေမျိုးကမ္ဘာကို လက်တစ်ဖက်နဲ့မပြီး စကြဝဠာအပြင်ဘက်ဆီ သယ်သွားပါတယ်။

လက်ရှိ အဆုံးမဲ့ခေတ်က မဟာတာအိုကမ္ဘာ၊ မဟာကမ္ဘာနဲ့ ကမ္ဘာငယ်လေးတွေဆိုပြီး အဆင့်ခွဲထားပါတယ်။

မဟာတာအိုကမ္ဘာမှာ ကမ္ဘာပေါင်း အမြောက်အမြားရှိပြီး ကမ္ဘာတိုင်းက စကြဝဠာတစ်ခုလိုမျိုး အနန္တကမ္ဘာတွေ ပါဝင်ပါတယ်။

ဟန်ကျွယ်ဟာ ဒီလူက မဟာတာအိုပညာရှိဆိုတာကို သတိထားမိလိုက်ပါတယ်။ မဟာတာအိုပညာရှိ ကိုယ်တိုင် ရောက်လာတယ်ဆိုတော့ ဒါက ကိစ္စသေးသေးလေး မဟုတ်ပါဘူး။ ဟန်ကျွယ်လည်း စတွက်ချက်ကြည့်လိုက်ပါတယ်။

ဒီကိစ္စရဲ့ ရင်းမြစ်က ဝူရှင်းရှစ်ကျဲ့ပါ။ ဝူရှင်းရှစ်ကျဲ့ဟာ မဟာတာအိုကမ္ဘာ အကုန်လုံးကို ဆက်သွယ်ပြီး ကြားနယ်မြေ တည်ထောင်ချင်ပါတယ်။ အငယ်တွေကို စွမ်းအားကြီးတဲ့ အင်အားစုထဲ ဝင်နိုင်အောင် အခွင့်အ‌ရေး ပေးတာအပြင် ကိုယ့်ကိုယ်ကိုယ်ကိုလည်း အင်အားကြီးလာအောင် လုပ်တာပါ။

အင်အားစုအသီးသီးရဲ့ မျက်လုံးထဲမှာ သေမျိုးကမ္ဘာတစ်ခု ပေးရတာက အရှုံးမရှိပါဘူး။ သူတို့တွေ ဝူရှင်းရှစ်ကျဲ့နဲ့ မဟာမိတ်ဖွဲ့နိုင်တဲ့အပြင် ဝူရှင်းရှစ်ကျဲ့က သူ့ရင်းမြစ်တွေသုံးပြီး ဒီကမ္ဘာတွေကို ဖွံ့ဖြိုးအောင်လုပ်ရမှာပါ။ ဒီကမ္ဘာတွေကနေ မဟာတာအိုကမ္ဘာတွေကို ပြန်သက်ရောက်နိုင်ဖို့ဆိုရင် ရင်းမြစ် အမြောက်အမြား ရင်းနှီးမြှုပ်နှံဖို့ လိုတဲ့အပြင် အချိန်အကြာကြီးလည်း စောင့်ရမှာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကမ္ဘာက ရွေးချယ်ခံလိုက်ရပါတယ်။

ချူရှောင်ချီအတွက် စင်မြင့်တစ်ခုလိုနေတာ အချိန်ကိုက် ဖြစ်သွားပါတယ်။

ဟန်ကျွယ် တွက်ချက်ကြည့်တဲ့အခါ ဒီသေမျိုးကမ္ဘာ တာအိုဆန်းကြယ်နယ်မြေနဲ့ ပေါင်းစပ်ဖို့က နှစ်ငါးထောင် ကြာမှာပါ။ ဟန်ကျွယ်ဟာ တာအိုဆန်းကြယ်နယ်မြေကို ရောက်ရင် အချိန်နည်းနည်း စောင့်ဦးမှာပါ။

ချူရှောင်ချီက နှစ်ငါးထောင်အတွင်း လုံလောက်တဲ့ စွမ်းအား ရှိလာနိုင်ပေမဲ့ ထိပ်သီးကျင့်ကြံသူရဲ့ စရိုက်ရှိလာဖို့တော့ လိုနေပါသေးတယ်။

ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီးနောက် လူတစ်ယောက်ကို အိပ်မက်ပေးလိုက်ပါတယ်။

လေးငါးဆယ်ရက်အကြာမှာတော့ ယောက်ျားတစ်ယောက်ဟာ တိမ်တွေကို ထိုးဖောက်ပြီး စံအိမ်ဆီ ရောက်ရှိလာပါတယ်။

ချူရှောင်ချီနဲ့ ထန်ဝမ်ဟာ ကြောက်မက်ဖွယ်ရောင်ဝါကို ခံစားမိတာကြောင့် အိမ်ထဲက ထွက်လာပြီး အပေါ် မော့ကြည့်လိုက်တဲ့အခါ ခရမ်းရောင် နတ်ချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ ချောမောလှပတဲ့ ယောက်ျားပျိုတစ်ယောက်က ဟင်းလင်းပြင်မှာ ရပ်တည်နေတာကို တွေ့လိုက်ရပါတယ်။

ဒီလူဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ရင်း ဟန်ကျွယ်ကို ရုတ်တရက် တွေ့သွားတဲ့အခါ ချက်ချင်း ဒူးထောက်ပြီး ဦးညွှတ်လိုက်ပါတယ်။

ချူရှောင်ချီနဲ့ ထန်ဝမ်ဟာ မှင်တက်သွားပါတယ်။ ချပ်ဝတ်နဲ့လူဟာ သူတို့ကို အာရုံခံမိတာကြောင့် ချူရှောင်ချီရှေ့မှာ ဆင်းသက်ပြီး “ဒီနေ့ကစပြီး ငါ မင်းကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ပေးမယ်”

ဒီလူက ဟန်ထော်ပါ။

ဟန်ထော်ဟာ မျက်နှာသေနဲ့ ချူရှောင်ချီကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ နည်းနည်းဝမ်းသာသွားပါတယ်။ ဟန်ထော်ဟာ သူ့ညီနှစ်မှာ သားတစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ချူရှောင်ချီက ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”

ထန်ဝမ်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “သူက ဘိုးဘိုးနဲ့ မဆင်ဘူးလား”

ဟန်ထော် “ဟုတ်တယ်၊ မင်းတို့ခေါ်နေတဲ့ ဘိုးဘိုးက ငါ့ရဲ့ အဖေရင်းပဲ”

ချူရှောင်ချီရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး ရှေ့တိုးကာ ဟန်‌ထော်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပါတယ် “ဒါဆို ကျွန်တော်ရဲ့ ဦးလေးပေါ့”

ချူရှောင်ချီဟာ ဖားဖို့ကြိုးစားပေမဲ့ ဟန်ထော်ဟာ ပြုံးတောင် မပြုံးပါဘူး။

ဟန်‌ထော် “ငါ မင်းကို နှစ်တစ်ရာ သင်ကြားပေးမယ်၊ ကျင့်ကြံမှုတင်မကဘူး၊ တိုက်ခိုက်တာလည်း ပါတယ်”

“အဆင်ပြေပါတယ်... အဆင်ပြေပါတယ်”

“ခက်ခဲမှာနော်”

“ဆင်းရဲဒုက္ခတွေကို ကျွန်တော် မကြောက်ဘူး”

ဟန်ထော်ဟာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။

ချူရှောင်ချီက ထပ်ပေါင်းပြောလိုက်ပါတယ် “သူ့ကိုပါ ထည့်လိုက်” ချူရှောင်ချီဟာ ထန်ဝမ်ကို လက်ညှိုးထိုးလိုက်ပါတယ်။

ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ့ကျင့်စဉ်က မိန်းမတွေအတွက် မသင့်တော်ဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters