← Chapters

ခွဲခွာခြင်း

Vol. 109 Ch. 1134

ခွဲခွာခြင်း

Vol. 109 Ch. 1134

ချူရှောင်ချီဟာ ဟန်ထော်ရဲ့ ပုံစံကို ကြည့်ပြီး စိတ်ထဲမှာ တထစ်ချ ယုံကြည်သွားပါတယ်။ ဟန်ထော်က သေချာပေါက် စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ဆိုပြီးတော့ပေါ့။ ဟန်ထော်ရဲ့ သင်ကြားမှုကိုလည်း မျှော်လင့်နေပါတယ်။ ဒါပေမဲ့ တစ်ရက်တောင် မကြာလိုက်ပါဘူး။ ချူရှောင်ချီ သူ့ရွေးချယ်မှုကို နောင်တရသွားပါတယ်။

‘ဒါက ကျင့်ကြံတာ မဟုတ်ဘူး... တမင် နှိပ်စက်တာ'

စံအိမ်ရဲ့ အနောက်ဘက်မှာ ဟန်ထော်ဟာ အရံအတားတစ်ခု တည်ဆောက်လိုက်ပါတယ်။ ဒီအရံအတားထဲက အာကာသဟာ သေမျိုးကမ္ဘာတစ်ခုလုံးထက် ပိုကြီးပါတယ်။ ချူရှောင်ချီဟာ ကျယ်ဝန်းတဲ့နေရာကို ကြည့်ပြီး အံ့အားသင့်သွားပေမဲ့ ဘယ်လောက်ကျယ်လဲဆိုတာကို သတိမထားမိပါဘူး။

ချူရှောင်ချီဟာ အပျက်အစီးတွေကြားထဲ လဲနေပြီး အသက်ကို မရမက ရှူရှိုက်နေရပါတယ်။ တစ်ကိုယ်လုံးလည်း သွေးတွေချည်းပါပဲ။ တော်တော်လေးကို သနားစရာကောင်းတဲ့ အခြေအနေပါ။

ချူရှောင်ချီဟာ တန်ခိုးစွမ်းအားကြီးမားတဲ့ ဟန်ထော်ကို ကြည့်ရင်း မျှော်လင့်ချက် မဲ့သွားပါတယ်။

“ဦးလေး... ကျွန်တော်တို့ နားကြရအောင်”

“ငါက မင်းဦးလေး မဟုတ်ဘူး၊ အခု ငါတို့က ရန်သူတွေ၊ ရန်သူက မင်းကို တိုက်ပွဲထဲမှာ အနားပေးမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ကျွန်တော်မှာ စိတ်ဝိညာဉ်စွမ်းအား တစ်စက်မှ မရှိတော့ဘူး...”

“ငါ မင်းကို သင်နေတာက စိတ်ဝိညာဉ် ကုန်သွားရင်တောင် သူသေကိုယ်သေ တိုက်ခိုက်ဖို့ပဲ”

ဟန်ထော်ဟာ ချူရှောင်ချီကို ထပ်တိုက်ပါတယ်။ ဟန်ထော်ရဲ့ စွမ်းအားက တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။ ချူရှောင်ချီဟာ သူ မရှောင်ရင် သေနိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒါကြောင့် ချူရှောင်ချီဟာ အံကြိတ် အားယူပြီး ပွတ်ကာသီကာ ရှောင်တိမ်းလိုက်ပါတယ်။

ခုနစ်ရက်ကြာတဲ့အခါ ချူရှောင်ချီဟာ အရံအတားထဲကနေ ထွက်လာပါတယ်။

ချူရှောင်ချီဟာ သူ့ရဲ့ ဒဏ်ရာဗရပွနဲ့ ခန္ဓာကိုယ်နဲ့ ဟန်ကျွယ်ဆီ သွားပါတယ်။

ထန်ဝမ်ဟာ ချူရှောင်ချီကို ဒီလိုအခြေအနေမှာ မြင်ရတဲ့အခါ ပါးစပ်ကို လက်နဲ့ကာမိလိုက်ပါတယ်။ ဒါပေမဲ့ ထန်ဝမ်ဟာ ဘာမှ မပြောပါဘူး။ ချူရှောင်ချီကို ပညာသင်ပေးတာက ဟန်ကျွယ်ရဲ့ သားရင်းဆိုတော့ ယုံလို့ ရပါတယ်။

ချူရှောင်ချီဟာ ဟန်ကျွယ်ရှေ့သွားပြီး ငိုယိုပါတယ်။

ဒီတစ်ခါမှာတော့ ဟန်ကျွယ်ရဲ့ နှလုံးသားဟာ ပျော့ပျောင်းမသွားပါဘူး။ ချူရှောင်ချီ ဘယ်လောက်ပဲ တောင်းပန် တောင်းပန် ဟန်ကျွယ်ဟာ လျစ်လျူရှုထားပါတယ်။

ချူရှောင်ချီဟာ ဘာမှ မတတ်နိုင်ဘဲ ပြန်ထွက်သွားရပါတယ်။

အဲဒီ‌နောက် ဟန်ထော် ရောက်လာပါတယ်။ ဟန်ထော်ဟာ ချူရှောင်ချီလိုမျိုး မလေးမစား မလုပ်ရဲပါဘူး။ ဟန်ထော်ဟာ ဟန်ကျွယ်နဲ့ ဝေးကွာနေသေးတယ်လို့ ခံစားရတုန်းပါပဲ။ ဟန်ကျွယ် ဘယ်လောက် စွမ်းအားကြီးတယ် ဆိုတာကို ဟန်ထော်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပါတယ်။ သားအဖနှစ်ယောက်က အာလာပသလ္လာပတွေ ပြောနေဖို့ မလိုပါဘူး။ တစ်ခါတည်း တာအိုဟောကြားတာက ပိုပြီးတော့ လက်တွေ့ဆန်ပါတယ်။

ဟန်ကျွယ်ဟာ အချိန်စွမ်းအားကို သုံးပြီး ဒီတာအိုဟောကြားတဲ့အချိန်ကို ခွဲထုတ်လိုက်ပါတယ်။ အဲဒါကြောင့် ဟန်ထော် တာအိုနားထောင်ပြီးလို့ နိုးလာတဲ့အခါ လေးငါးရက်ပဲ ကုန်ပါသေးတယ်။

ဟန်ထော်ဟာ တာအိုနားထောင်ရာကနေ နိုးလာတာနဲ့ ချူရှောင်ချီကို လိုက်ရှာပါတယ်။ ဟန်ထော်ဟာ ချူရှောင်ချီရဲ့ ရုန်းကန်မှုကို ဂရုမစိုက်ဘဲ အရံအတားထဲ ဆွဲခေါ်သွားပါတယ်။

ထန်ဝမ်ဟာ ချူရှောင်ချီအတွက် နည်းနည်းစိုးရိမ်တဲ့အတွက် ဟန်ကျွယ်ဆီသွားပြီး အကျိုးအကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို မပြောင်းလဲနိုင်မှန်း သိလိုက်တဲ့အခါ ထန်ဝမ်ဟာ လက်လျှော့လိုက်ပါတယ်။

ဒီတစ်ခါတော့ ချူရှောင်ချီဟာ အရံအတားထဲမှာ အကြာကြီးနေပါတယ်။ နေချင်လို့တော့ မဟုတ်ပါဘူး။ ဖိအားပေးခံရတာပါ။

တစ်နေ့မှာတော့ ရှင်းဟုန်ရွှမ် ပြန်ရောက်လာပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ရင်ခွင်ထဲကို တိုးဝင်ပြီး ချူရှောင်ချီလိုမျိုး ကလူကျီစယ်ကာ ဒီအ‌တောအတွင်း သူမြင်ခဲ့သမျှ ကြားခဲ့သမျှကို ပြန်ပြောင်း ပြောပြပါတယ်။

ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် နားထောင်ပါတယ်။

နောက်ဆုံးမှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ချူရှောင်ချီအကြောင်း မေးပါတယ်။ ဟန်ထော်ကို လှမ်းခေါ်တာ ကြည့်ရုံနဲ့ ဟန်ကျွယ် ချူရှောင်ချီကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ရှင်းဟုန်ရွှမ် ခန့်မှန်းနိုင်ပါတယ်။

ချူရှောင်ချီက သူ့ရဲ့တစ်ဦးတည်းသော မြေးဆိုတော့ ရှင်းဟုန်ရွှမ်ဟာ ဂရုမစိုက်ဘဲ မနေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒီကောင်လေးမှာ လောကဦးနတ်ဘီလူး ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်”

ရှင်းဟုန်ရွှမ်ဟာ ဝမ်းသာအားရ ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်ပါတယ် “ယောက်ျား... ဟွမ်အာကို ဒီအကြောင်း မပြောတော့ဘူးလား”

“မပြောတော့ဘူး၊ အဲဒီကောင်စုတ်လေးက သူ့လောကဦးပဋိပက္ခကို တည်ဆောက်ရင်း အလုပ်များနေတာ”

“ဒါပေမဲ့ ဒီလိုဆိုရင် သူတို့သားအဖနှစ်ယောက်က...”

“ဟွမ်အာ့ကိုလည်း လမ်းမှန်တည့်ပေးဖို့ လိုတယ်” ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။

ဟန်ကျွယ်သာ ဟန်ဟွမ်ကို ဖိနှိပ်ဖို့ တခြားမျိုးဆက်တွေကို ပျိုးထောင်ရင် ဟန်ဟွမ်က သေချာပေါက် စိတ်ဆိုးမှာပါ။ ဒါပေမဲ့ သူအပြစ်ရှိသလို ခံစားရတဲ့ သူ့သားဆိုရင်တော့ တခြားဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားမှာပါ။

ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “မိန်းမက ယောက်ျား ရှောင်ချီကို အလိုလိုက်တယ်လို့ပဲ ထင်နေတာ၊ ယောက်ျားက ဘာဖြစ်လို့ ဒီလောက် ကျိုးကြောင်း မဆီလျော်ရတာလဲ”

“ငါ သူ့ကို အလိုလိုက်တာ အမှန်ပဲ၊ ငါက အဆုံးမဲ့ခေတ်ရဲ့ အရှင်သခင်လေ၊ တစ်ယောက်ယောက်ကို အလိုလိုက်တာ ဘာများစိုးရိမ်စရာရှိလို့လဲ”

“ဟုတ်ပါတယ်... ဟုတ်ပါတယ်... ယောက်ျားက အတော်ဆုံးပဲ၊ မိန်းမ ထန်ဝမ်ကို ခေါ်သွားမယ်၊ သူ့အရည်အချင်းက နိမ့်ပါးလွန်းတယ်၊ ဒီအတိုင်းဆက်သွားရင် သူ ရှောင်ချီကို အမီလိုက်နိုင်မှာ မဟုတ်ဘူး”

“အင်း... ဒီတစ်ခါ ရှောင်ချီထွက်လာရင် ငါ ဝမ်အာကို နှုတ်ဆက်စကား ပြောခိုင်းလိုက်မယ်၊ ဒီလိုဆို ဒီကောင်လေးလည်း ပိုကြိုးစားလာလိမ့်မယ်”

“ယောက်ျားက တကယ်ပဲနော်”

ရှင်းဟုန်ရွှမ်လည်း စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားရပြီး ချူရှောင်ချီ ဘယ်လို တုံ့ပြန်မလဲဆိုတာ သိချင်လာပါတယ်။

အဲဒီနေ့မှာပဲ ရှင်းဟုန်ရွှမ်ဟာ ထန်ဝမ်ကို သွားရှာပြီး အစွမ်းပြပါတယ်။ ထန်ဝမ်ဟာ အံ့ဩကျေနပ်သွားပြီး ရှင်းဟုန်ရွှမ်ကို ချက်ချင်း ဆရာတင်ပါတယ်။

ရှင်းဟုန်ရွှမ်က သူမကို အဝေးခေါ်သွားတော့မယ်လို့ ပြောတဲ့အခါ ချူရှောင်ချီနဲ့ အချိန်အကြာကြီး မတွေ့ရတော့မှာကို တွေးပြီး ထန်ဝမ်ဟာ ချက်ချင်း တုန်လှုပ်ကာ ချီတုံချတုံ ဖြစ်သွားပါတယ်။

သူ့အစ်ကို ဆုံးသွားကတည်းက ချူရှောင်ချီဟာ ထန်ဝမ်ရဲ့ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ထန်ဝမ်ဟာ ချူရှောင်ချီကို ချစ်သလို ချူရှောင်ချီကလည်း သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့ပါတယ်။

ဒါကြောင့် ထန်ဝမ်ဟာ အခွင့်အရေးအတွက်နဲ့ ချူရှောင်ချီကို မစွန့်ပစ်ချင်ပါဘူး။

“ထားလိုက်ပါတော့... သမီး... သူ့ကို မခွဲနိုင်ဘူး”

ထန်ဝမ်ဟာ သက်ပြင်းချပြီး မျက်လုံးတွေ ပြတ်သားသွားပါတယ်။ အချစ်အတွက်နဲ့ အခွင့်အရေးကြီးကို စွန့်လွှတ်ရဲတာက နည်းနည်းနောနော ပြတ်သားမှု မဟုတ်ပါဘူး။ ထန်ဝမ်ဟာ ဟန်ကျွယ်က ချူရှောင်ချီကိုပဲ ဂရုစိုက်ပြီး သူ့ကို ဂရုမစိုက်ဘူးဆိုတာလည်း သိပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “ကျင့်ကြံသူတွေက နှစ်တစ်ထောင်ကျော် နှစ်တစ်သောင်းကျော် ရှင်သန်နိုင်တယ်၊ နင်တို့တွေ ကျင့်ကြံမှု ကွာခြားချက် မြင့်လာတာနဲ့ နင် သူ့နောက်ကို အမီလိုက်နိုင်မှာ မဟုတ်ဘူး”

ရှင်းဟုန်ရွှမ်ဟာ လက်ဝှေ့ယမ်းပြီး မှတ်ဉာဏ်တစ်ခုကို ထန်ဝမ်စိတ်ထဲ ထည့်ပေးလိုက်ပါတယ်။

ဒီမှတ်ဉာဏ်က တာအိုဘုံကျောင်းတစ်ကျောင်းပါ။ အိုမင်းရင့်ရော်နေတဲ့ ထန်ဝမ်ဟာ အိပ်ယာပေါ် လဲလျောင်းနေပြီး ဘဝနေဝင်ချိန်ကို ရောက်နေပါပြီ။ သူမရဲ့ဘေးမှာတော့ ငယ်ရွယ်နုပျိုပြီး ဒီထက်ပိုချောမောတဲ့ ချူရှောင်ချီ ရပ်နေပါတယ်။

သေခြင်းနဲ့ ရှင်ခြင်းကြားက ခြားနားမှု။ ဒီမှတ်ဉာဏ်က တိုတောင်းလွန်းပါတယ်။ ဘာစကားမှ မပြောပေမဲ့ ဒီတိတ်ဆိတ်မှုက စကားလုံးထောင်ချီထက် ပိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။

ထန်ဝမ် နိုးလာတဲ့အခါ နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ခံရပြီး နဖူးမှာ‌ ချွေးစို့သွားပါတယ်။ ရင်ထဲမှာ အတော်ကြာအောင် ရုန်းကန်ပြီးနောက် ထန်ဝမ်ဟာ နောက်ဆုံးမှာတော့ ရှင်းဟုန်ရွှမ်နောက် လိုက်ပြီး ကျင့်ကြံအားထုတ်ဖို့ သဘောတူလိုက်ပါတယ်။

နှစ်ဝက်ကြာတဲ့အခါမှာတော့ ချူရှောင်ချီဟာ အရံအတားကနေ ထွက်လာပါတယ်။

ဒီတစ်ကြိမ်မှာတော့ ချူရှောင်ချီဟာ ပြန်မွေးသွားသလိုမျိုးပါပဲ။ ဓားအိမ်ထဲက ထုတ်ထားတဲ့ ဓားလို စူးရှမှုကို ထုတ်လွှတ်နေပါတယ်။

ဒီတစ်ကြိမ်မှာတော့ ချူရှောင်ချီဟာ ဟန်ကျွယ်ကို သွားမရှာဘဲ ထန်ဝမ်ဆီ ရောက်လာပါတယ်။ ဒါပေမဲ့ ချူရှောင်ချီဟာ ထန်ဝမ်ရဲ့ အခန်းထဲမှာ ကျောက်စိမ်းချောင်းတစ်ချောင်းကို တွေ့လိုက်ရပါတယ်။ ချူရှောင်ချီဟာ ကျောက်စိမ်းချောင်းထဲကို စိတ်ဝိညာဉ်ချီ လောင်းထည့်လိုက်တဲ့အခါ အရိပ်တစ်ရိပ် ထွက်ပေါ်လာပါတယ်။ ထန်ဝမ်ပါ။

“အစ်ကိုရှောင်ချီ... အစ်ကို ဒါကို ကြည့်နေချိန်မှာ ညီမထွက်သွားလောက်ပြီ၊ ညီမ အင်မော်တယ်တစ်ပါးရဲ့ မျက်နှာသာပေးမှုကို ရလိုက်တယ်၊ အဲဒီအင်မော်တယ်က ကျင့်ကြံအားထုတ်ဖို့ ညီမကို အင်မော်တယ်ကမ္ဘာဆီ ခေါ်သွားချင်တယ်၊ တကယ်တော့ ညီမ အစ်ကိုကို အမြဲတမ်း ချစ်နေခဲ့တာ၊ ဒါပေမဲ့ အစ်ကိုက ညီမကို ချစ်ပုံ မပေါ်ဘူး”

“ပထမတော့ ညီမ အစ်ကိုနားကနေ ထွက်မသွားချင်ဘူး၊ ဒါပေမဲ့ ညီမ အနာဂတ်ကို မြင်လိုက်ရတယ်၊ အခွင့်အရေးမရှိရင် ညီမ အစ်ကိုနောက်ကို လိုက်နိုင်မှာ မဟုတ်ဘူး၊ ညီမသေတဲ့အချိန်ကျရင် အစ်ကိုက ငယ်ငယ်လေး ရှိနေဦးမှာ၊ ညီမ ဒီလို အဖြစ်မခံနိုင်ဘူး၊ ညီမက အစ်ကိုနဲ့ ရင်ပေါင်တန်း လျှောက်ချင်တာ”

ထန်ဝမ်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပြီး ဆက်ပြောပါတယ်။

“ညီမ အစ်ကို့ကိုမီဖို့ ကျင့်ကြံအားထုတ်ရမယ်၊ ဒါပေမဲ့ အစ်ကို ညီမကို မချစ်မှာ စိုးရိမ်မိတယ်၊ ဘိုးဘိုးပြောတာတော့ ညီမတို့က ရေစက်ပါလာပြီးသားတဲ့၊ ဒါပေမဲ့ ချစ်မှုရေးရာကို ဘယ်သူက အတပ်ပြောနိုင်မှာလဲ”

“အစ်ကိုရှောင်ချီ နောက်ကျမှ တွေ့မယ်၊ အစ်ကိုသာ ညီမကို မမေ့ရင် ညီမတို့တွေ သေချာပေါက် ပြန်ဆုံမှာပါ”

ထန်ဝမ်ရဲ့ အရိပ်ဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ ချူရှောင်ချီဟာ စားပွဲရှေ့မှာ မတ်တတ်ရပ်ရင်း တိတ်ဆိတ်သွားပါတယ်။

လေးငါးဆယ်ရက် ကြာသွားပေမဲ့ ချူရှောင်ချီဟာ ထန်ဝမ်ရဲ့ အခန်းထဲကနေ ထွက်မသွားပါဘူး။

ဟန်ထော်လည်း ချောက်ကမ်းပါးစွန်းမှာ ထိုင်ရင်း အတွေးတွေ လွင့်မျောသွားပါတယ်။ ဟန်ထော်ဟာ သူ့ဘဝရဲ့ အရေးအကြီးဆုံး မိန်းမကိုလည်း တွေးမိလိုက်ပါတယ်။ သူ့မိတ်ဆွေဟောင်းတွေက သေကုန်ပြီမလို့ မှတ်ဉာဏ်ပဲ ကျန်နေခဲ့ပါတော့တယ်။

ဟန်ထော်ဟာ အဲဒီလူ ပြန်ရှင်အောင် လုပ်နိုင်ပေမဲ့ အခွံသက်သက်ပဲ ဖြစ်လိမ့်မယ်လို့ ခံစားရပါတယ်။ လူတချို့နဲ့ တချို့အရာတွေက မှတ်ဉာဏ်ထဲမှာပဲ သိမ်းထားလို့ရပါတယ်။

လဝကြာတဲ့အခါမှာတော့ ချူရှောင်ချီဟာ ထန်ဝမ်ရဲ့ အခန်းထဲကနေ ထွက်လာပါတယ်။ ချူရှောင်ချီဟာ ဟန်ကျွယ်ဆီသွားပြီး ထန်ဝမ်ကို ခေါ်သွားတဲ့ အင်မော်တယ်က ဘယ်သူလဲဆိုတာကို မမေးပါဘူး။ ဒီအင်မော်တယ်က ဟန်ကျွယ်နဲ့ သေချာပေါက် ပတ်သက်နေမယ်ဆိုတာ ချူရှောင်ချီ သိပါတယ်။

ချူရှောင်ချီဟာ ဟန်ထော်ဆီသွားပြီး ဆက်ကျင့်ကြံမယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ အရံအတားထဲ ထပ်သွားပါတယ်။

ဟန်ကျွယ်ဟာ အိမ်ထဲကနေ ထွက်လာပြီး ဝင်းခြံထဲမှာ မတ်တတ်ရပ်ရင်း နေရောင်ခြည်ကို ခံစားကာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ အကြောဆန့်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အာရုံစိုက်စရာကောင်းတဲ့ စာတစ်စောင်ကို ရှာတွေ့သွားပါတယ်။

[သင့်တပည့် ဂျိရှင်းရှန်သည် မူလ ကာလဒေသကို ဖြတ်ကျော်သွားသဖြင့် ကံတရား ဖြတ်တောက်ခံလိုက်ရ၏။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters