← Chapters

မူလ ကာလဒေသ

Vol. 109 Ch. 1135

မူလ ကာလဒေသ

Vol. 109 Ch. 1135

ဟန်ကျွယ်ဟာ မိတ်ဆွေစာရင်းကို ဖွင့်ကြည့်လိုက်တဲ့အခါ ဂျိရှင်းရှန်ရဲ့ ရုပ်ပုံက ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဂျိရှင်းရှန် မသေသေးပါဘူး။

ဒါပေမဲ့ ဟန်ကျွယ် အဆုံးမဲ့ခေတ်ကို ကြည့်လိုက်တဲ့အခါ ဂျိရှင်းရှန်ကို ဘယ်လိုမှ ရှာမတွေ့ပါဘူး။ ဂျိရှင်းရှန်ရဲ့ အတိတ်နဲ့ အနာဂတ်ကိုလည်း ရှာမတွေ့ပါဘူး။ သူ့အတိတ်မှာလည်း ဂျိရှင်းရှန် ပျောက်နေပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းတဲ့အတွက် ဂျိရှင်းရှန်ကို မှတ်မိနိုင်တာပါ။ ဒါပေမဲ့ သူကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံး တိတ်ဆိတ်ဂိုဏ်းတပည့်တွေ အပါအဝင် ဂျိရှင်းရှန်ကို မေ့သွားကြပါတယ်။ ဂျိရှင်းရှန်က ဒီလောကမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အတိုင်းပါပဲ။

‘မူလ ကာလဒေသ... စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ’

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို အိပ်မက်ပေးချင်ပေမဲ့ အိပ်မက်ပေးလို့ မရပါဘူး။ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို ဘယ်လိုမှ ရှာမတွေ့ပါဘူး။

ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် စနစ်ရဲ့ တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။

“ငါ ဂျိရှင်းရှန်ရဲ့ တည်နေရာကို သိချင်တယ်”

[ကံတရားအား တွက်ချက် မရပါ။ ဗလာနယ်မြေ၌ ရှာမတွေ့ပါ။]

ဟန်ကျွယ်ဟာ တစ်ချက်ပြုံးမိလိုက်ပြီး မေးခွန်းပြောင်းလိုက်ပါတယ် “ဂျိရှင်းရှန်မှာ ငါ့ကို ကျော်တက်နိုင်ဖို့ အခွင့်အရေး ရှိလား”

တပည့်ဆိုပေမဲ့ လူတွေက ပြောင်းလဲတတ်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ သတိမထားဘဲ မနေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို မကယ်နိုင်တဲ့အတွက် ကပ်ဘေးကနေ အကျိုးအမြတ်ရပြီး သူ့ကို ကျော်လွန်သွားမှာ ဂရုစိုက်ရပါမယ်။ မျှော်လင့်ချက်ပဲ ရှိမယ်ဆိုရင် ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို ကျိန်စာတိုက်မှာ မဟုတ်ပါဘူး။ ပိုပြီးတော့ပဲ ကြိုးစားကျင့်ကြံမှာပါ။

နောက်ကျလို့ ဂျိရှင်းရှန်နဲ့ တွေ့ရင်တော့ သတိကြီးကြီးထားပြီး ဆက်ဆံမှာပါ။

[သက်တမ်း ၆၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ထာဝရ မဖြစ်နိုင်ပါ။ ဖန်တီးရှင်သခင် အဆင့်သို့ ရောက်ရှိရန်အတွက် လောကဦးနတ်ဘီလူး၏ အရည်အချင်းကို ကျော်လွန်ရန် လိုအပ်သည်။ မူလ ကာလဒေသ၌ ထိုကဲ့သို့သော အခွင့်အရေးမျိုး မရှိသလို ဖြစ်နိုင်ခြေလည်း မရှိပါ။]

ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။

သူ့စနစ်က ဗလာနယ်မြေရဲ့ သိစိတ်ကနေ ဖြစ်တည်လာတာပါ။ ဗလာနယ်မြေရဲ့ အကြီးမားဆုံး အခွင့်အရေးလို့ ပြောလို့ရပါတယ်။ သူ့မတိုင်ခင် စီနီယာပေါင်း မြောက်မြားစွာကလည်း ပျိုးထောင်ခဲ့တာကြောင့် တစ်ယောက်ယောက် သူ့ကို လိုက်မီဖို့ဆိုတာ မလွယ်ကူလှပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က စိတ်ချရလို့ သတိလက်လွတ်မနေပါဘူး။ ဂျိရှင်းရှန် မဖြစ်နိုင်တာက တခြားလူတွေ မဖြစ်နိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ သူ့ကို ကျော်လွန်နိုင်တဲ့လူ ရှိလားလို့ စနစ်ကို မမေးရဲပါဘူး။ စနစ်က ကျော်လွန်ဖို့ မဖြစ်နိုင်ဘူးလို့ ဖြေမှာ ကြောက်လို့ပါ။

ဟန်ကျွယ်ဟာ ပေါ့ပေါ့လျော့လျော့ မနေချင်ပါဘူး။

‘မူလ ကာလဒေသလား...’ ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားတာကြောင့် ချက်ချင်း ကိုယ်ပွားတစ်ခု ဖန်တီးပြီး အချိန်-အာကာသထဲဝင်ကာ မူလ ကာလဒေသကို ရှာဖွေစေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်ပါတယ်။

အဆုံးမဲ့ခေတ်ဟာ နှစ်သန်းတရာ ကြာပြီးနောက် အေးချမ်းတဲ့ခေတ်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေကြားမှာ မကြာမကြာ သဘောထား ကွဲလွဲမှုတွေ ရှိတယ်ဆိုပေမဲ့ မဟာတာအို အနန္တကပ်ဘေးနဲ့ ယှဉ်ကြည့်ရင် ခင်မင်လွန်းနေပါသေးတယ်။

မဟာတာအို အနန္တကပ်ဘေး အဆုံးသတ်ပြီးနောက် အဆုံးမဲ့ခေတ်ဟာ တစ်ဟုန်ထိုး တိုးတက်တဲ့ အချိန်ကာလကို ရောက်ရှိသွားခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်းလိုလို ကမ္ဘာသစ်တွေ ပေါ်လာပါတယ်။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ ရှိနေပါသေးတယ်။

ဂိုဏ်းတပည့်အချို့ဟာ စပြီးတော့ သဘောထား ကွဲလွဲလာကြပါတယ်။

ဥပမာပေးရရင် နိုင်ငံတစ်နိုင်ငံကို စုစည်းသလိုပါပဲ။ ရန်သူနဲ့ တိုက်ခိုက်နေချိန်မှာ အားလုံးက စည်းလုံးညီညွှတ်နေပေမဲ့ နိုင်ငံကို စုစည်းပြီးတဲ့အခါ အာဏာအတွက် တိုက်ခိုက်လာကြပါတယ်။

ဟန်ကျွယ်ဟာ ဒီအခြေအနေကို အင်အားသုံးပြီး မတားဆီးနိုင်ပါဘူး။ အန္တိမမူလ ကောင်းကင်ထောင်နဲ့ ကျွန်ပြုခံရရင်တောင် ဟန်ကျွယ်ကိုပဲ သစ္စာရှိတာပါ။ တခြားလူတွေကို အကြွင်းမဲ့ သနားကြင်နာနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ မိသားစုတိုင်းမှာ သူတို့အခက်အခဲနဲ့ သူတို့ပါ။ ဟန်ကျွယ်ဟာ သူတို့ကို စိတ်ကြိုက် တိုက်ခိုက်ခိုင်းမှာပါ။

အဲဒီနောက်ပိုင်း ချူရှောင်ချီဟာ ရူးသွားသလိုမျိုး အရံအတားထဲမှာ စိတ်နှစ်ကာ လေ့ကျင့်ပါတယ်။ ချူရှောင်ချီဟာ အရံအတားထဲမှာ နှစ် ၈၀ ကြာအောင် နေပါတယ်။

နှစ် ၈၀ ကြာတဲ့ အခါမှာတော့ ချူရှောင်ချီဟာ အရံအတားထဲကနေ ထွက်လာပြီး ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ချူရှောင်ချီရဲ့ ရုပ်ရည်က ပြောင်းလဲမသွားပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ သိသိသာသာကြီး ကြံ့ခိုင်လာပါတယ်။ မျက်ခုံးကြားမှာလည် သတ်ဖြတ်ငွေ့ ရှိလာပါတယ်။

ဒီနှစ်တွေမှာ ချူရှောင်ချီရဲ့ ကျင့်ကြံမှုက ရပ်တန့်လုနီး ဖြစ်သွားခဲ့ပေမဲ့ သူ့စွမ်းအားကတော့ အကြီးအကျယ် တိုးတက်လာခဲ့ပါတယ်။

ချူရှောင်ချီ ဟန်ကျွယ်ကို တွေ့တဲ့အခါ ပထမဆုံးပြောတဲ့ စကားက “ဘိုးဘိုး... ကျွန်တော် ဝမ်အာနဲ့ ဘယ်တော့ တွေ့ရမှာလဲ”

ချူရှောင်ချီဟာ ငတုံးမဟုတ်တဲ့အတွက် နောက်ကွယ်က လက်သည်ဟာ ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ ချူရှောင်ချီဟာ သူတို့ကို တွေ့ခွင့်ပေးဖို့ ဟန်ကျွယ်ကို မတောင်းဆိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူတို့နှစ်ယောက်စလုံးအတွက် အကောင်းဆုံး လမ်းကြောင်း ဖြစ်နေလို့ပါ။

ဟန်ကျွယ် “အချိန်ရောက်ရင် မင်း သူ့ကို ပြန်တွေ့ရလိမ့်မယ်၊ လက်ထပ်ချင်ရင် ကြိုးစားပေါ့၊ စောင့်မနေနဲ့”

ချူရှောင်ချီဟာ အတွေးနက်သွားပြီး ရုတ်တရက်ဆိုသလို ပြုံးဖြဲဖြဲ ဖြစ်သွားပါတယ် “ဒါဆို ကျွန်တော် အရင်ဆုံး နှစ်တစ်ထောင် ကျင့်ကြံအားထုတ်မယ်၊ ဒီအတောအတွင်း ကိုယ်လုပ်တော် တစ်ရာလောက် ရှာပြီး ပျော်ပါးရမယ်၊ အဲဒီကောင်မလေးက ဘာမဟုတ်တာလေးနဲ့ မနာလိုတတ်တာဆိုတော့ သူ မသိအောင် လုပ်မှရမယ်”

ချူရှောင်ချီဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ချူရှောင်ချီက တမင် စကားလမ်းကြောင်း ပြောင်းလိုက်တယ်ဆိုတာ သိပါတယ်။ အခုအချိန် ချူရှောင်ချီမှာ ကိုယ်လုပ်တော်ရှာဖို့ အချိန်မရှိပါဘူး။

“ဘိုးဘိုး... ဘိုးဘိုးရဲ့သားက ဘယ်လိုခေါ်လဲ၊ ဒီနှစ်တွေမှာ ကျွန်တော် ဦးလေးကို မေးတိုင်း တစ်ခါမှ မဖြေဘူး၊ ဦ‌လေးက တကယ်ကို စွမ်းအားကြီးတာ၊ ဦးလေးက ကောင်းကင်ဘုံဝင်အဆင့် ကျင့်ကြံသူလား” ချူရှောင်ချီဟာ မျှော်လင့်ချက်နဲ့ မေးလိုက်ပါတယ်။

အခုအချိန်မှာ ချူရှောင်ချီဟာ ဟန်ထော်ကို အလေးစားဆုံးပါ။ ဒီအတောအတွင်း လေ့ကျင့်မှုတွေက ဟန်ထော် ဘာတွေ တွေ့ကြုံခံစားခဲ့ရလဲဆိုတာကို ချူရှောင်ချီ မတွေးဆနိုင် ဖြစ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ပြောပြဖို့ လိုလာရင် ပြောပါလိမ့်မယ်”

“ဒါပေမဲ့ ဦးလေးက ထွက်သွားတော့မယ်”

“အဲဒါဆိုလည်း ကြိုးစားကျင့်ကြံပြီး တစ်နေ့ကျ သူနဲ့ ဆက်သွယ်နိုင်အောင်လုပ်”

“ဟုတ်ကဲ့ပါ”

ချူရှောင်ချီဟာ သက်ပြင်းချလိုက်ပါတယ်။ သူက တကယ်ကိုပဲ အားနည်းလွန်းပါတယ်။ မဟုတ်ရင် သူ့ညီအစ်ကို အသတ်ခံရမှာ မဟုတ်သလို သူနဲ့ ထန်ဝမ်လည်း အမဲလိုက်ခံရမှာ မဟုတ်ပါဘူး။

တံခါးအပြင်ဘက်က ဟန်ထော်ဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး တစ်ချက်တည်း ဒီမဟာတာအိုကမ္ဘာရဲ့ အပြင်ကို ခုန်ထွက်လိုက်ပါတယ်။ ချူရှောင်ချီရဲ့ အလျင်နဲ့ ဒီမဟာတာအိုကမ္ဘာကို ခုန်ထွက်ဖို့ဆိုရင် ဘီလီယံပေါင်း မြောက်မြားစွာ ကြာမှာပါ။

ဟန်ကျွယ် “မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ၊ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်မှာလား၊ စွန့်စားခရီး ထွက်မှာလား”

ချူရှောင်ချီဟာ တစ်ခဏ တွေးတောပြီးနောက် “ကျင့်ကြံရမှာပေါ့၊ ကျွန်တော်က တော်တော်လေး စွမ်းအားကြီးနေပြီဆိုပေမဲ့ ဒီကမ္ဘာမှာ ပြိုင်ဘက်မကင်းသေးဘူး၊ ဘိုးဘိုးဘေးမှာ နေရတာက ဒီလောကမှာ အကြီးမားဆုံး အခွင့်အရေးပဲ၊ ဘာဖြစ်လို့ လျှောက်သွားရမှာလဲ”

ချူရှောင်ချီဟာ ဂုဏ်ယူစွာ ပြုံးပြီး ဟန်ကျွယ်ရဲ့ ပခုံးနဲ့ နောက်ကျောတွေကို နှိပ်နယ်ပေးပါတယ်။ ချူရှောင်ချီဟာ အသက် ဘယ်လောက်ကြီးကြီး ဟန်ကျွယ်ရှေ့မှာ အမြဲတမ်း လူငယ်လေး တစ်ယောက်လိုပါပဲ။

မြေးအဘိုးနှစ်ယောက်ဟာ အတန်ကြာအောင် စကားပြောကြပါတယ်။ ပြီးတော့မှ ချူရှောင်ချီဟာ ကိုယ့်နေရာကိုယ်ပြန်ပြီး ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်လည်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ လက်ရှိမှာ ဟန်ကျွယ်အတွက် ဘယ်နေရာမှာ ကျင့်ကြံအားထုတ် အားထုတ် အတူတူပါပဲ။ ဖန်တီးရှင်သခင်အဆင့်မှာ ဓမ္မစွမ်းအားကို ကျင့်ကြံအားထုတ်ဖို့ မလိုတော့ပါဘူး။ ဒီအဆင့်မှာ အသစ်အသစ်တွေနဲ့ မတည်ရှိတဲ့ အရာတွေကို သုံးသပ်နားလည်ရတာပါ။

ဟန်ကျွယ် ချူရှောင်ချီကို သင်ပေးထားတဲ့ ကျင့်စဉ်က ကောင်းကင်ဘုံဝင် အဆင့်အထိ ကျင့်ကြံအားထုတ်ဖို့ လုံလောက်ပါတယ်။ အဲဒါကြောင့် အဲဒီနောက်ပိုင်းနေ့တွေမှာ ချူရှောင်ချီဟာ ဟန်ကျွယ်ကို မနှောင့်ယှက်ပါဘူး။

ဒီလိုနဲ့ နွေမိုးဆောင်း ဥတုအလီလီ ပြောင်းပြီး နှစ်တွေ ကြာညောင်းသွားပါတယ်။

ကမ္ဘာကြီးထဲက အရာတွေ ပြောင်းလဲသွားပေမဲ့ စံအိမ်ကတော့ အရင်အတိုင်း တည်ရှိနေဆဲပါ။

နှစ်ငါးရာဟာ လျင်မြန်စွာ ကုန်ဆုံးပြီး ချူရှောင်ချီဟာ ကောင်းကင်ဘုံဝင်အဆင့်ကို ကျော်လွန်ကာ မြေလျှောက်အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ဖို့အတွက် ကောင်းကင်စမ်းသပ်မှုကို ကျော်ဖြတ်နေပါတယ်။

ချူရှောင်ချီဟာ ဒီစမ်းသပ်မှုရှေ့မှာ တော်တော်လေးလည်း ရင်ထိတ်နေပါတယ်။ ဒီကောင်းကင်စမ်းသပ်မှုကို သူ အောင်မြင်တာနဲ့ အင်မော်တယ်ကမ္ဘာဆီသွားပြီး ထန်ဝမ်ကို ရှာနိုင်မှာပါ။

ချူရှောင်ချီဟာ ထန်ဝမ်က အင်မော်တယ်ကမ္ဘာမှာ အသားကျပြီး သူ့ကို မကြိုက်တော့မှာလည်း စိုးရိမ်နေပါတယ်။ ဒီနှစ်ငါးရာက ဟန်ကျွယ်အတွက် တိုတောင်းလွန်းပေမဲ့ ချူရှောင်ချီအတွက်တော့ နှစ်သန်းရာချီ ကြာညောင်းပါတယ်။

ချူရှောင်ချီဟာ နေ့တိုင်းညတိုင်း ထန်ဝမ်ကို သတိရနေခဲ့ပါတယ်။

အရင်တုန်းက ထန်ဝမ်ဘေးမှာ ရှိနေတုန်းကတော့ ချူရှောင်ချီဟာ ထန်ဝမ်ကို မကြိုက်ပါဘူး။ ဒါပေမဲ့ အခု ထန်ဝမ် မရှိတော့တဲ့အခါမှာတော့ ချူရှောင်ချီဟာ ထန်ဝမ်ကို နေ့တိုင်း သတိရပါတယ်။ လူတွေက မရှိတော့မှ တန်ဖိုးသိကြတယ်လို့ ပြောရိုးရှိတယ် မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဝင်းခြံထဲက ထွက်လာပြီး ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်နေတဲ့ ချူရှောင်ချီကို ကြည့်ပါတယ်။

ချူရှောင်ချီက ရင်ထိတ်နေပေမဲ့ သူ အောင်မြင်မယ်ဆိုတာကို ဟန်ကျွယ် ခန့်မှန်းနိုင်ပါတယ်။

ဟန်ကျွယ်ရဲ့ ခန့်မှန်းချက် အတိုင်းပါပဲ။ ၄၉ ရက် ကြာတဲ့အခါ ချူရှောင်ချီဟာ မြေလျှောက် အင်မော်တယ် ဖြစ်သွားပါတယ်။

ကောင်းကင်ယံကနေ ချူရှောင်ချီဆီကို အလင်းတိုင်တစ်တိုင် ဆင်းသက်လာပါတယ်။ ဒီအလင်းတိုင်ဟာ ကောင်းကင်ကို ထိုး‌ဖောက်ပြီး ချူရှောင်ချီကို အပေါ်ဆွဲယူသွားပါတယ်။ ချူရှောင်ချီဟာ စံအိမ်ကို လှည့်ကြည့်လိုက်ပါတယ်။

ကောင်းကင်ဘုံဝအဆင့်ကို ရောက်ပြီးနောက် ချူရှောင်ချီဟာ စံအိမ်ထဲမှာ ပုန်းအောင်းနေတဲ့ သရဲအမြောက်အမြားကို တွေ့မြင်လာရပါတယ်။ ဒီသရဲတွေ အကုန်လုံးကို လျှို့ဝှက်ဆန်းကြယ် ဓမ္မစွမ်းအားတစ်ခုက စံအိမ်အောက်မှာ ဖိနှိပ်ထားပါတယ်။ ဒီတော့မှ ချူရှောင်ချီဟာ သူ အရင်တုန်းက ဒီနေရာကို ဘာဖြစ်လို့ ရက်စက်ကြမ်းကြုတ်တယ်လို့ ခံစားမိလဲဆိုတာ နားလည်သွားပါတယ်။ ဟန်ကျွယ်က သူတို့ကို ကာကွယ်ပေးခဲ့တယ် ဆိုတာလည်း သိသွားပါတယ်။

ချူရှောင်ချီဟာ အော်ပြောလိုက်ပါတယ် “ဘိုးဘိုး... ကျွန်တော် ဘုံပျံတက်တော့မယ်၊ နောက်ကျရင် ဘိုးဘိုးနဲ့ အင်မော်တယ်ကမ္ဘာမှာ တွေ့မယ်”

ဘုံပျံစွမ်းအားက အားကောင်းလွန်းတဲ့အတွက် ချူရှောင်ချီဟာ ဘုံပျံမတက်အောင် ဘယ်လိုမှ မလုပ်နိုင်ပါဘူး။

“ဘိုးဘိုး... ကျွန်တော် ဘိုးဘိုးကို အမြဲတမ်း သတိရနေမှာပါ၊ နောက်ကျလို့ အခွင့်အရေးရှိရင် ကျွန်တော် ဘိုးဘိုးကို ကျေးဇူးဆပ်ပါ့မယ်”

ချူရှောင်ချီဟာ ဆက်အော်ပြောပါတယ်။ သူ့အသံဟာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

‘ဝမ်အာ... အစ်ကိုလာပြီ’

ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ အသံ ထွက်ပေါ်လာပါတယ်။

“ဒီလိုဆိုမှတော့ ဘုံပျံမတက်နဲ့တော့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters