← Chapters

ဖန်းလျန်ရဲ့ ရွေးချယ်မှု

Vol. 109 Ch. 1137

ဖန်းလျန်ရဲ့ ရွေးချယ်မှု

Vol. 109 Ch. 1137

ဟန်ကျွယ်ဟာ ချူရှောင်ချီရဲ့ အမူအရာကို တွေ့လိုက်ရတဲ့အခါ စိတ်ထဲမှာ ကျေနပ်သွားပါတယ် ‘ငါ ဒီကောင်လေးကို ပျိုးထောင်ရတာ အလကား မဖြစ်ဘူးပဲ... လိမ္မာလိုက်တဲ့ မြေးလေး’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သွားပါ... ဒီတစ်ခေါက် ငါ မင်းကို တကယ် သွားစေချင်တာ၊ စောစောက မင်းပြောခဲ့သလိုပဲ၊ လူတိုင်းမှာ ဘဝကိုယ်စီ ရှိတယ်၊ မင်းမှာလည်း မင်းဘဝရှိတယ်၊ ငါက မင်းဘဝမှာ ဒီအတိုင်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်ပဲ”

ချူရှောင်ချီဟာ တိတ်ဆိတ်ပြီး စိတ်ထဲမှာ ဝန်လေးသွားပါတယ်။

ဟန်ကျွယ်ဟာ လက်ဆန့်ပြီး ချူရှောင်ရဲ့ခေါင်းကို ထိလိုက်ပါတယ် “ရှောင်ချီ... ကျင့်ကြံမှုလမ်းစဉ်က တော်တော်လေးကိုမှ ရှည်ကြာတယ်၊ တစ်နေ့ကျရင် မင်းအတွက် နှစ်တစ်ထောင်က တစ်ရက် ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်ကျလို့ မင်း နောက်လှည့်ကြည့်ရင် မင်းရဲ့ စိတ်အခြေအနေလည်း လုံးဝ ပြောင်းလဲသွားလိမ့်မယ်”

ချူရှောင်ချီဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒါက ဘိုးဘိုးရဲ့ လက်ရှိ စိတ်အခြေအနေလား”

“ဟုတ်တယ်”

“ဘိုးဘိုးက အသက် ဘယ်လောက်ရှိပြီလဲ၊ ဘိုးဘိုးက အင်မော်တယ်ကမ္ဘာမှာ တော်တော်လေးစွမ်းအားကြီးတဲ့ အင်မော်တယ်မလား”

“ငါက အင်မော်တယ်ကမ္ဘာက မဟုတ်ဘူး၊ တကယ်တော့ ငါက အင်မော်တယ် မဟုတ်ဘူး၊ ငါ အသက် ဘယ်လောက်ကြီးလဲဆိုတော့... အဲဒီလောက်ကြီးလည်း မကြီးသေးပါဘူးကွာ”

ဟန်ကျွယ်ဟာ ညင်သာစွာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စကားတွေကြောင့် ချူရှောင်ချီဟာ သေမျိုးကမ္ဘာမှာ လျှောက်သွားနေတဲ့ မြေနတ်သားကို တွေးမိလိုက်ပါတယ်။

မြေးအဘိုးနှစ်ယောက်ဟာ အတန်ကြာအောင် စကားဆက်ပြောကြပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ရဲ့ လက်ဝှေ့ယမ်းမှုအောက်မှာ ချူရှောင်ချီဟာ သေမျိုးကမ္ဘာရဲ့ နိယာမတွေ နှင်ထုတ်တာ ခံရပြီး ဘုံပျံတက်ပါတယ်။

ကောင်းကင်ကို တရစပ် မြင့်တက်သွားတဲ့ ချူရှောင်ချီဟာ အောက်ငုံ့ကြည့်လိုက်တဲ့အခါ သူ့ဘိုးဘိုးကို မတွေ့ရတော့ပါဘူး။ သူ့ဘိုးဘိုးက သူ့ကို ထွက်လာပြီး နှုတ်မဆက်ပါဘူး။ အကြောင်းတချို့ကြောင့် ချူရှောင်ချီဟာ ရုတ်တရက်ဆိုသလို ဝမ်းနည်းပြီး ဝေခွဲမရ ဖြစ်သွားပါတယ်။

သူ့မိသားစုက အမှုန့်ဖြစ်သွားတာ ကြာပါပြီ။ အခု သူ့ဘိုးဘိုးကိုလည်း နှုတ်ဆက်ခဲ့ရပြီဆိုတော့ အခုအချိန်ကစပြီး သူတစ်ယောက်တည်း လောကကြီးမှာ လျှောက်သွားရမှာပါ။

‘ငါ အနာဂတ်မှာ ဘာလုပ်သင့်လဲ၊ ဘယ်ကို သွားသင့်လဲ’

ချူရှောင်ချီဟာ ရုတ်တရက်ဆိုသလို ဟန်ထော်ကို တွေးမိလိုက်ပါတယ် ‘အဲဒါက ငါ့ရဲ့ ပန်းတိုင်ပဲ၊ ငါ အဲဒီလိုမျိုး ယောက်ျားတစ်ယောက် ဖြစ်ချင်တယ်’

ချူရှောင်ချီဟာ ကလေးလိုမျိုး မပြုမူတော့ပါဘူး။ ချူရှောင်ချီဟာ ကောင်းကင်ပြင်ကို မျှော်လင့်ချက်နဲ့ ကြည့်လိုက်ပါတယ်။

‘အင်မော်တယ်ကမ္ဘာ... မင်းက ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာ ငါ ကြည့်ချင်သေးတယ်’

ချူရှောင်ချီ ဘုံပျံတက်သွားတာနဲ့ ဟန်ကျွယ်လည်း စံအိမ်ထဲကနေ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။ စံအိမ်ဟာ အရင်လိုမျိုး သရဲစံအိမ် ပြန်ဖြစ်သွားပါတယ်။

နှစ်တစ်ထောင်ကျော် စုဆောင်းမှုကြောင့် စံအိမ်ရဲ့ သရဲရောင်ဝါဟာ ပိုပြီးတော့တောင် အားကောင်းလာပါတယ်။ ဒီနေရာက သေမျိုးကမ္ဘာအတွက်တော့ သေချာပေါက် တားမြစ်နယ်မြေတစ်ခုပါ။

.....

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ တပည့်အများကြီးဟာ တာအိုဘုံကျောင်းဘေးမှာ အုပ်စုဖွဲ့ပြီး ကျင့်ကြံအားထုတ်နေကြပါတယ်။

အခုအချိန်မှာ တာအိုစက်ကွင်းတွေက ဆက်သွယ်သွားပြီမလို့ တာအိုဘုံကျောင်းရဲ့ မိုင်ပေါင်းဘီလီယံ ပတ်လည်ကို လာနိုင်တဲ့ တပည့်တိုင်းက တိတ်ဆိတ်ဂိုဏ်းမှာ အဆင့်အတန်း မြင့်မြင့်မားမား ရှိကြပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကို တိတ်တဆိတ် ပြန်ပါတယ်။ ရှန်ဝေါ်ဟာ အပြင်ထွက်သွားပြီးကတည်းက တစ်ခါမှ ပြန်မလာသေးပါဘူး။ အရင်တုန်းက တော်တော်လေး အောင့်အည်းထားခဲ့ရပုံပါပဲ။

‘ဟင်း... ဒီတပည့်တွေကလည်း ငါ့ကလေးတွေလိုပဲ၊ အပြင်ထွက်လိုက်ရင် ပြန်မလာချင်ကြတော့ဘူး’

ဟန်ကျွယ်ဟာ ကြာပလ္လင်မှာ ခဏထိုင်ပြီးနောက် ဖန်းလျန်ကို ခေါ်လိုက်ပါတယ်။ ဖန်းလျန်ဟာ တာအိုဘုံကျောင်း အပြင်ဘက်မှာ သူ့ကို စောင့်နေတာ နှစ်ရာချီသွားပါပြီ။

ဖန်းလျန်ဟာ တာအိုဘုံကျောင်းထဲ ရောက်တဲ့အခါ ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နေရာမှာထိုင်ပြီး “ဘိုးဘိုး... အချိန်နဲ့ အာကာသ ပြောင်းလဲသွားတယ်လို့ ကျွန်တော် ခံစားရတယ်”

“ဘာဖြစ်လို့လဲ”

“ကျွန်တော်က အချိန်-အာကာသကို မကြာခဏ လေ့လာတော့ သူ့ပြောင်းလဲမှုတွေကို သိတယ်၊ လတ်တလောမှာ ကျွန်တော် တစ်ခုခုကို မေ့သွားတယ်လို့ သိသိသာသာကြီး ခံစားရတယ်၊ အချိန်-အာကာသ နိယာမထဲမှာလည်း နည်းနည်း လှုပ်သွားတယ်၊ တစ်ယောက်ယောက် အချိန်-အာကာသ နိယာမကို လိုသလို ပြောင်းလိုက်တာ ဖြစ်မယ်၊ အဲဒါက ကျွန်တော်တို့ကို လာသက်ရောက်မှာ စိုးရိမ်မိတယ်”

ဖန်းလျန်က စိုးရိမ်စွာ ပြောလိုက်ပါတယ်။

ဖန်းလျန်ရဲ့ စကားကို နားထောင်ပြီး ဟန်ကျွယ်ဟာ ဖန်းလျန်ကို နည်းနည်း အထင်ကြီးသွားပါတယ်။ သေချာတွေးကြည့်ရင် ဖန်းလျန်က ဂျိရှင်းရှန်ထက်စောပြီး အချိန်-အာကာသကို ဖြတ်သန်း ခရီးနှင်ခဲ့တာပါ။

ဖန်းလျန်က မူလ ကာလဒေသကို အာရုံခံနိုင်တယ်ဆိုတော့ သူ့အရည်အချင်းက တကယ်ကို အထင်ကြီးဖို့ကောင်းတာပါ။

မဟာတာအိုပညာရှိချုပ်တောင် မူလ ကာလဒေသကို အာရုံမခံနိုင်ပါဘူး။ တာအိုဖန်တီးရှင်ပဲ အာရုံခံနိုင်ပါတယ်။

ပြောရရင် ဖန်းလျန်နဲ့ ဂျိရှင်းရှန်က အကောင်းဆုံး ညီအစ်ကိုတွေပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ကောင်းကင်တာအို အနန္တကပ်ဘေး တိုက်ပွဲကြောင့် သူတို့နှစ်ယောက်ဟာ နှစ်သန်းရာချီအောင် သူစိမ်းတွေ ဖြစ်လာခဲ့ပါတယ်။

ဂျိရှင်းရှန် ပျောက်ကွယ်သွားပြီး ဂျိရှင်းရှန်ကို ဂရုစိုက်တဲ့လူက သူနဲ့ မတည့်တဲ့ ဖန်းလျန် ဖြစ်နေလိမ့်မယ်လို့ ဟန်ကျွယ် ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

“ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်၊ တပည့်တစ်ယောက်က မူလ ကာလဒေသကို ထိမိပြီး ကံတရား ဝါးမျိုခံလိုက်ရတယ်၊ လူတိုင်း သူ့ကို မေ့သွားကြတယ်”

ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ အတွေးတွေကို မနှောင့်ယှက်ပါဘူး။ အချိန်အတန်ကြာသွားတဲ့ အခါမှာတော့ ဖန်းလျန်က မေးလိုက်ပါတယ် “အဲဒီလူက ကျွန်‌တော်အတွက် အရေးကြီးလား”

“ဒီမေးခွန်းက ဘာအဓိပ္ပာယ်ရှိလို့လဲ”

“ကျွန်တော် စိတ်လေးနေတယ်၊ သူက ကျွန်‌တော်အတွက် အရေးကြီးတယ်ဆိုရင် ကျွန်တော် သူ့ကို မရရအောင် ကယ်တင်မယ်၊ ကံတရားကို ဒီလို ဖြတ်တောက်လိုက်တာက သူ့မှာ ရွေးချယ်စရာ လုံးဝ မရှိလို့ ဖြစ်မယ်၊ ဘိုးဘေး... ကျေးဇူးပြုပြီး ကျွန်တော်ကို လမ်းပြပေးပါ”

ဟန်ကျွယ်ဟာ ဖန်းလျန်ကို အဓိပ္ပာယ်ပါပါ ကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ မူလ ကာလဒေသကိုသွားမှ ဒီကိစ္စကို စုံစမ်းနိုင်လိမ့်မယ်၊ ဒါပေမဲ့ ငါ သူ့ကို ဘယ်လို ကယ်တင်ရမလဲဆိုတာ မသိဘူး၊ မင်းတို့နှစ်ယောက်က အကောင်းဆုံး ညီအစ်ကိုတွေ ဖြစ်ခဲ့ကြတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ကိစ္စတစ်ခုကြောင့် မင်းတို့တွေ သူစိမ်း ဖြစ်သွားကြတယ်၊ သူပျောက်ဆုံးသွားတဲ့အထိ မင်းတို့တွေ အရင် အခြေအနေကို ပြန်မရောက်သေးဘူး”

ဟန်ကျွယ်ဟာ အမှန်အတိုင်း ပြောလိုက်ပါတယ်။ ဘာလုပ်မယ်ဆိုတာကတော့ ဖန်းလျန် ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။

ဖန်းလျန်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။ တာအိုဘုံကျောင်းလည်း တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ တာအိုစက်ကွင်းကို ဖြတ်သန်းပြီး ဗလာနယ်မြေဆီ ရောက်သွားပါတယ်။

ပဋိပက္ခ ကွဲကြေပြီးနောက် ပဋိပက္ခရဲ့ ကမ္ဘာတွေဟာ လွင့်ပါးပျောက်ကွယ်သွားခဲ့ပါတယ်။ လက်ရှိ အဆုံးမဲ့ခေတ်ရဲ့ ကမ္ဘာအများစုက ပဋိပက္ခကမ္ဘာကနေ ဆင့်ကဲပြောင်းလဲ လာခဲ့တယ်ဆိုရင် မှားမယ် မထင်ပါဘူး။

ဟန်ကျွယ်ဟာ သူ့ကလေးတွေက နည်းနည်း သူစိမ်းဆန်လာတာကို ရှာတွေ့သွားပါတယ်။ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မဆက်သွယ်တာ အတော်ကြာသွားခဲ့ပါပြီ။

ပြောရရင် ကျေးဇူးအသိတတ်ဆုံးက ဟန်ကျွယ် အမြင့်ကြီး မတွေးထားတဲ့ အငယ်ဆုံးသား ဟန်ယွင်ကျင်းပါ။ ဟန်ယွင်ကျင်းရဲ့ အလားအလာက အဆိုးဆုံးပါ။ ဒါပေမဲ့ ဟန်ယွင်ကျင်းဟာ အချိန်တစ်ခုကြာတိုင်း တာအိုစက်ကွင်းဆီ ပြန်လာလည်လေ့ ရှိပါတယ်။ သူ့ရဲ့ ညီအစ်ကိုမောင်နှမတွေဆီလည်း သွားလည်ပါတယ်။

ဒါပေမဲ့ ဟန်လင်ကလွဲရင် ဟန်ထော်၊ ဟန်ဟွမ်နဲ့ ဟန်ချင်းအာတို့ဟာ သူ့ကို သိပ်ဂရုမစိုက်ပါဘူး။

လက်ရှိမှာ ဟန်ယွင်ကျင်းက မဟာာတာအိုပညာရှိအဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒီအဆင့်ကို ရောက်လာနိုင်ခဲ့တာကလည်း တိတ်ဆိတ်ဂိုဏ်းရဲ့ ပံ့ပိုးမှုကြောင့်ပါ။ သူ့အရည်အချင်းနဲ့ဆိုရင် မဟာတာအိုပညာရှိချုပ် ဖြစ်လာဖို့ လုံးဝ မျှော်လင့်ချက် မရှိပါဘူး။

ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသားကို ဂရုစိုက်သင့်လားလို့ ရုတ်တရက် တွေးမိလိုက်ပါတယ်။

ဖန်းလျန်ဟာ မော့ကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် သူ့ကို ကယ်မယ်၊ ဆရာဘိုးဘိုး... မူလ ကာလဒေသ ဘယ်မှာရှိတယ်ဆိုတာ ကျွန်တော်ကို လမ်းပြပေးပါ”

“အင်း...”

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဖန်းလျန်ကို မူလ ကာလဒေသဆီ ပို့လိုက်ပါတယ်။ ဖန်းလျန် အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အရေးမကြီးပါဘူး။ ဒါက သူ့ရွေးချယ်မှုပါ။

မူလ ကာလဒေသက ကံအားလုံးကို ဖြတ်ပစ်နိုင်ပါတယ်။ ဟန်ကျွယ်ဆီမှာ ချန်ထားခဲ့တဲ့ ဂျိရှင်းရှန်ရဲ့ ဝိညာဉ်အပိုင်းအစက ပျောက်ကွယ်သွားခဲ့ပါပြီ။ ဆိုလိုချင်တာကတော့ ဒီခရီးစဉ်မှာ ဖန်းလျန် သေနိုင်ပါတယ်။

ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပါဘူး။ တပည့်အကုန်လုံးကို သူ ထာဝရ ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုအချိန်မှာ သူက ပြိုင်ဘက်ကင်းနေပါပြီ။ သူသာ ဒီလိုမျိုး ဘက်လိုက်ရင် တိတ်ဆိတ်ဂိုဏ်းက အဆုံးမဲ့ခေတ်ကို စိုးမိုးလာမှာပါ။

ဒီလိုဆို မကြာခင်မှာ တန်ပြန်ဆိုးကျိုးက ဟန်ကျွယ်ဆီကို မလွဲမသွေ ရောက်ရှိလာမှာပါ။ ဘယ်လောက်ပဲ ပေါင်းစည်းထားပါစေ တစ်နေ့ကျရင် ပြိုကွဲရမှာ ဓမ္မတာပါ။

ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကနေ ခုန်ထွက်ပြီးပြီမလို့ သူ့တပည့်တွေကိုလည်း အထူးတလည် မျက်နှာသာပေးမှာ မဟုတ်ပါဘူး။ လက်ရှိ တိတ်ဆိတ်ဂိုဏ်းရဲ့ အနှစ်သာရက ပျောက်ကွယ်သွားပါပြီ။ မကြာခင်မှာ ကိုယ်ပိုင်အင်အားစု အသီးသီးရှိတဲ့ တပည့်ရင်းတွေက အချင်းချင်း တိုက်ခိုက်ကြတော့မှာပါ။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကနေ ပျောက်ကွယ်သွားပါတယ်။

ကောင်းကင်တာအို။

အဆုံးမဲ့ခေတ် ရောက်လာကတည်းက ကောင်းကင်တာအိုဟာ လုံးဝကို မိုးပေါ်ပျံတက်သွားပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ဖိနှိပ်မှု မရှိတာကြောင့် ကောင်းကင်တာအိုဟာ အကန့်အသတ်မရှိ ဖွံ့ဖြိုးလာနိုင်ပါတယ်။ အခုအချိန်မှာ ကောင်းကင်တာအိုကို ကောင်းကင်အရှင်ရွှမ်တုက စိုးမိုးထားတယ်ဆိုပေမဲ့ တကယ့်ထိန်းချုပ်မှုက ဟန်ကျွယ်လက်ထဲမှာ ရှိနေတုန်းပါ။

ကောင်းကင်တာအိုရဲ့ အထက်ပိုင်းလူကြီး အများစုက ဟန်ကျွယ်ရဲ့ ကျေးကျွန်တွေပါ။ ဟန်ယွင်ကျင်းကလည်း အစွမ်းအထက်ဆုံး ကောင်းကင်တာအိုပညာရှိတွေထဲက တစ်ပါး ဖြစ်လာခဲ့ပါပြီ။

ဒီအချိန်မှာ ဟန်ယွင်ကျင်းဟာ တာအိုဘုံကျောင်းထဲ ထိုင်ပြီး မှန်တစ်ချပ်နဲ့ ကစားနေပါတယ်။ မှန်ထဲမှာ အရိပ်ပေါင်းများစွာ ယှက်သမ်းသွားပြီး ဟန်ယွင်ကျင်းရဲ့ မျက်စိထဲကို ရောင်ပြန်ဟပ်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ယွင်ကျင်းရဲ့ နောက်မှာ တိတ်တဆိတ် ပေါ်လာပါတယ်။ ဟန်မိသားစု မျိုးဆက်တွေရဲ့ အခြေအနေ အသီးသီးက မှန်ထဲမှာ ပေါ်လာပါတယ်။

ဟန်ယွင်ကျင်း အနှစ်ခြိုက်ဆုံးက ဟန်မိသားစု မျိုးဆက်သစ်တွေထဲက အလားအလာရှိတဲ့လူတွေကို ရွေးချယ်ပြီး ပျိုးထောင်ရတာကိုပါ။

မိုးကောင်းကင်ပါရမီရှင် ဖန်တီးမှုကို ရရှိလိုက်တဲ့ ချန်ကျွယ်ကလည်း ဟန်ယွင်ကျင်းရဲ့ လျှို့ဝှက်ကူညီမှုကို ရရှိခဲ့တာကြောင့် အင်မော်တယ်တွေကို အထင်မကြီးတာပါ။

ဟန်ယွင်ဟာ မကြာမကြာ ခေါင်းညိတ်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ဒီကောင်လေးကို တကယ်ကို ထိပ်သီးကျင့်ကြံသူနဲ့ မတူဘူး... ဒါလည်း ကောင်းတာပဲလေ၊ ငါ့ကလေးတွေ အကုန်လုံးသာ အစွမ်းအထက်ဆုံး ဖြစ်ချင်နေရင် နောက်ကျ ငါ့ကို ရန်သူလို ဆက်ဆံလာမှာ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters