ရေအောက်စီးကြောင်းများ
Vol. 109 Ch. 1140
ဝဲကတော့နက်ကို ဖြတ်သန်းပြီးနောက် ဟန်ယွီဟာ အာကာသဂယက်ကြား ရောက်ရှိသွားပါတယ်။ မဟာတာအိုပညာရှိချုပ် တစ်ပါး ဖြစ်တာကြောင့် ဟန်ယွီဟာ ဒီအာကာသ ပုံရိပ်ယောင်တွေကြား နစ်မြောမသွားဘဲ ဟန်လျန်နောက်ကို ခပ်သုတ်သုတ် လိုက်ပါတယ်။
ဟန်လျန်ကို မီးခိုးရောင် ဝတ်ရုံနဲ့ မျက်နှာဖုံးလူတစ်ယောက်က ဖက်ထားပါတယ်။ ဟန်လျန်ဟာ ဒီလူ့ရဲ့လက်ထဲကနေ လွတ်အောင် မရုန်းနိုင်ပါဘူး။
မီးခိုးရောင်ဝတ်ရုံနဲ့လူရဲ့ မျက်နှာဖုံးက ပဋိပက္ခ အကောင်းစား ရတနာဆိုတာ အသိသာကြီးပါ။ ဟန်ယွီဟာ ဒီလူရဲ့မျက်နှာကို မထောက်လှမ်းနိုင်ပါဘူး။ သူ့ရောင်ဝါကလည်း သိမ်မွေ့လွန်းပါတယ်။
မျက်စိနဲ့သာ တပ်အပ်မမြင်ရဘူးဆိုရင် ဟန်ယွီဟာ ဟန်လျန် တစ်ယောက်တည်း အာကာသဂယက်ကြားထဲမှာ လျှောက်သွားနေတာလို့ တွေးမိမှာပါ။
ဟန်ယွီဟာ ခပ်သုတ်သုတ်ပဲ ချဉ်းကပ်လိုက်ပါတယ်။ ဟန်လျန်ဟာ ဟန်ယွီကို တွေ့လိုက်ရတဲ့အခါ မျက်လုံးပြူးပြီး အံ့အားသင့်သွားပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ နောက်လှည့်လာပြီး အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်တဲ့အခါ အတောမသတ်နိုင်တဲ့ သွေးလေပြင်းတွေ ထွက်ပေါ်လာပြီး ဟန်ယွီကို ဖုံးအုပ်သွားပါတယ်။ ဟန်ယွီဟာ တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ ဒီသွေးလေပြင်းတွေကို လွင့်ပါး ပျောက်ကွယ်စေကာ ဒီအာကာသဂယက်ကိုလည်း ဖြတ်တောက်ပစ်လိုက်ပါတယ်။
ဟန်ယွီဟာ ဟန်လျန်ကို ဓမ္မစွမ်းအားနဲ့ အထပ်ထပ် ရစ်ပတ်ပြီး ဆွဲယူဖို့ ကြိုးစားလိုက်ပေမဲ့ အလွန်တရာ အားကောင်းလွန်းတဲ့ အင်အားတစ်ခုကြောင့် သူ့ဓမ္မစွမ်းအားတွေ လွင့်ပါး ပျောက်ကွယ်ကာ ဝိညာဉ်တောင် ဒဏ်ရာ ရသွားပါတယ်။
ဟန်ယွီဟာ မျက်မှောင်ကြုတ်ပြီး စိတ်လေးသွားပါတယ်။ ဒီတစ်ချက်နဲ့တင် တစ်ဖက်လူကို သူမယှဉ်နိုင်ဘူးဆိုတာ ဟန်ယွီ သိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ယွီဟာ နောက်မဆုတ်ပါဘူး။ ဟန်လျန်ကို မရမက ကယ်မှာပါ။
ဟန်လျန်က တခြားမိသားစုဝင်တွေရဲ့ သွေးစည်းကို ဖိနှိပ်ပြီး မွေးဖွားလာတာပါ။ ဒီအလားအလာက ဟန်မိသားစုရဲ့ ကံကောင်းမှုမလို့ ဆုံးရှုံးလို့ မဖြစ်ပါဘူး။
ဟန်ယွီဟာ ထပ်ပြီးတော့ တိုက်ခိုက်ပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ရုတ်တရက်ရပ်ပြီး ဟန်ယွီရဲ့ ဆန်းကြယ်စွမ်းအားကို ချေဖျက်လိုက်ပါတယ် “တာအိုပညာရှိ ဟန်ယွီ... ခင်ဗျား ကျုပ်ကို မတားသင့်ဘူး”
ဟန်ယွီဟာ ဒီအသံကို ရင်းနှီးတယ်လို့ ခံစားရတာကြောင့် မတိုးမကျယ် ပြန်မေးလိုက်ပါတယ် “မင်းက ဟန်မိသားစုနဲ့ ရန်သူ ဖြစ်ချင်တာလား”
“မဟုတ်ပါဘူး၊ ငါက ဟန်မိသားစုကို ကယ်တင်နေတာ၊ ဒီကလေးကို အသက်ရှင်လျက် ထားလို့ မရဘူး”
ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ညာလက်မြှောက်ပြီး သူ့ရှေ့မှာ အဝန်းတစ်ခု ဆွဲလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို သွေးရောင် လခြမ်း ခဲလာပါတယ်။ ဟန်ယွီရဲ့ အကြည့်ဟာ ဒီသွေးရောင်လခြမ်းဆီ ရောက်သွားတဲ့အခါ ငေးကြောင်သွားပါတယ်။
ဟန်ယွီ မျက်လုံးဖွင့်လိုက်တဲ့အခါ သူက သွေးရောင်လွှမ်းနေတဲ့ ဟင်းလင်းပြင်တစ်ခုဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ အဝေးမှာတော့ ပျက်စီးနေတဲ့ ကမ္ဘာအများကြီးကို တွေ့မြင်လိုက်ရပါတယ်။ အလောင်းကောင်တွေကလည်း နေရာတိုင်းမှာ ပြန့်ကျဲနေပါတယ်။
ဒါက ဗလာနယ်မြေပါ။ ဒီနေရာ သွေးရောင်လွှမ်းနေတာက သတ်ဖြတ်မှုတွေ များလွန်းလို့ပါ။
ဟန်ယွီဟာ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဟန်လျန်ပါ။
ဒီဟန်လျန်က အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်ရှိပြီး သွေးရောင် သင်္ကေတတွေ ရေးထိုးထားတဲ့ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ ဒီဝတ်ရုံနက်ဟာ နည်းနည်းချောင်ပါတယ်။ ဟန်လျန်ရဲ့ ဆံပင်ရှည်တွေဟာ ရှုပ်ပွနေပြီး ချောမောလှပတဲ့ သူ့မျက်နှာပေါ်မှာတော့ ရက်စက်တဲ့ အပြုံးတစ်ခု ရှိနေပါတယ်။
ဟန်ယွီဟာ ဟန်လျန်ကို ဒီလိုမြင်ရလို့ အံ့အားသင့်ခြင်းမရှိပါဘူး။ ဟန်ယွီဟာ သူရောက်နေတဲ့ ဒီနေရာက ပုံရိပ်ယောင်ဆိုတာ သဘောပေါက်ပါတယ်။ ဒီနေရာမှာ သူမြင်တာတွေ ကြားတာတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက ဒီပုံရိပ်ယောင်ထဲကနေ တတ်နိုင်သလောက် မြန်မြန် ထွက်ခွာနိုင်ဖို့ပါ။
ဟန်လျန် သူ့ရှေ့ကို အပြေးရောက်လာတာတောင် ဟန်ယွီဟာ ဂရုမစိုက်ပါဘူး။
“ဝုန်း...”
ဟန်လျန်ရဲ့ လက်ဖဝါးဟာ ဟန်ယွီရဲ့ ရင်ဘက်ကို ထိုးဖောက်သွားပါတယ်။ အလွန်တရာ စစ်မှန်လွန်းတဲ့ နာကျင်မှုက ဟန်ယွီကို နှလုံးလှုပ်သွားစေပါတယ်။ မျက်နှာမှာလည်း မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဟန်လျန်က သူ့ဓမ္မစွမ်းအားကို စုပ်ယူနေတာကြောင့်ပါ။ ဒါက အတုအယောင် ပုံရိပ်ယောင် မဟုတ်ပါဘူး။
‘မဖြစ်နိုင်ဘူး...’
.....
တတိယ တာအိုစက်ကွင်း။
ဟန်ယွီဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ယွီနဲ့ ဟန်ယွင်ကျင်းဟာ သူနဲ့တွေ့ရဖို့ အပြင်မှာ စောင့်နေကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။
ဟန်ယွင်ကျင်းဟာ တာအိုဘုံကျောင်းထဲ ရောက်တဲ့အခါ ဟန်ကျွယ်ကို ဦးညွှတ်ပြီး စိုးရိမ်တကြီး ပြောလိုက်ပါတယ် “အဖေ... ကျွန်တော့် သားကို တစ်ယောက်ယောက် ဖမ်းသွားတယ်”
ဟန်ယွီကလည်း သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။ ဒါပေမဲ့ သူ မြင်ခဲ့တဲ့ ဟန်လျန်ရဲ့ အနာဂတ်ကိုတော့ ထိန်ချန်ထားပါတယ်။
ဟန်ကျွယ်ဟာ သူတို့စကားကို ကြားရလို့ အံ့အားသင့်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ငါ ဒီအကြောင်းကို သိပြီးပြီ”
ဟန်ကျွယ်ရဲ့ တည်ငြိမ်လွန်းတဲ့ အမူအရာကြောင့် ဟန်ယွင်ကျင်းဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “အဖေ... ကျွန်တော်တို့တွေ ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ”
ဟန်ယွင်ကျင်းဟာ ကလေးအများကြီး ရှိတာကြောင့် ဟန်လျန်ကို သိပ်ပြီးတော့ ဦးစားမပေးပါဘူး။ ပထမတုန်းကဆို ဟန်ယွင်ကျင်းဟာ ဟန်လျန်ကို သတိထားပြီး စောင့်ကြည့်နေခဲ့ပါတယ်။ ဟန်လျန်က ပုန်းလျှိုးနေတဲ့ အန္တရာယ်တစ်ခု ဖြစ်လာမှာစိုးတာကြောင့်ပါ။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ နောက်ကနေ ခေါင်းလေးတစ်ခေါင်း ထွက်ပေါ်လာပါတယ်။ ဟန်လျန်ကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
တာအိုဘုံကျောင်းက သူတို့ရဲ့ အာရုံတွေကို ကာထားတာကြောင့် ဟန်ယွင်ကျင်းနဲ့ ဟန်ယွီဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီးနောက်ပိုင်း ဟန်လျန်ကို အာရုံမခံမိတာပါ။ ဟန်ကျွယ်ရှေ့မှာ သူတို့တွေဟာ လျှောက်မကြည့်ရဲပါဘူး။
“လျန်အာ” ဟန်ယွင်ကျင်းဟာ တအံ့တဩ လှမ်းခေါ်လိုက်ပါတယ်။ ဟန်ယွီလည်း ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
ဟန်လျန်ဟာ သူ့အဖေရင်ခွင်ထဲကို ပြေးမဝင်ဘဲ ဟန်ကျွယ်ရဲ့ ပခုံးကိုမှီပြီး သူ့အဖေကို တခစ်ခစ်နဲ့ ရယ်ပြပါတယ်။ ဟန်လျန်ရဲ့ အပြုံးကို ကြည့်ပြီး ဟန်ယွီဟာ ကြက်သီးမွေးညင်း ထသွားပါတယ်။
ဟန်ကျွယ် “ပြန်ကြတော့... လျန်အာက ငါနဲ့ နေလိမ့်မယ်”
ဟန်ယွင်ကျင်းဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူ့အငယ်ဆုံးသားက သူနဲ့ မလိုက်ချင်တာကို တွေ့လိုက်ရတာကြောင့် ဟန်ယွင်ကျင်းဟာ သက်ပြင်းချပြီး ထွက်ခွာသွားပါတယ်။
ဟန်ယွီဟာ တစ်ခုခုပြောချင်ပေမဲ့ ဟန်ကျွယ်ရဲ့ အကြည့်ကို ရုတ်တရက် မြင်လိုက်ရတာကြောင့် သက်သာရာ ရသွားပါတယ်။ သူတို့ရဲ့ ကနဦးဘိုးဘေးက အစွမ်းအထက်ဆုံး တည်ရှိမှုဆိုတော့ အရာအားလုံးကို သိမှာပါ။
ဟန်ယွီဟာ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။ ဟန်ယွင်ကျင်းကတော့ ချက်ချင်း ထွက်မသွားသေးဘဲ သူ့အမေ လီယောင်ဆီ သွားလည်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်လျန်ကို ဖက်ပြီး ပြုံးလိုက်ပါတယ် “ကောင်လေး... နောက်ကျရင် လျှောက်မပြေးနဲ့၊ မင်းကို ဖမ်းချင်တဲ့လူတွေ အများကြီး၊ အဲဒီထဲမှာ မင်းကိုယ်တိုင်လည်း ပါတယ်”
ဟန်လျန်ဟာ ခေါင်းစောင်းပြီး မေးလိုက်ပါတယ် “ဘိုးဘိုး... သားက ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ ပြန်ဖမ်းရမှာလဲ”
ဟန်ကျွယ်ဟာ ပြုံးပြီး ဘာမှ ထပ်မပြောတော့ဘဲ ဟန်လျန်ရဲ့ ခေါင်းကို ပွတ်သပ်လိုက်ပါတယ်။
ဘေးနားက တာအိုဘုံကျောင်းမှာတော့ ဟန်ယွင်ကျင်းဟာ သူ့အမေ လီယောင်နဲ့တွေ့ပြီး စိုးရိမ်သောကတွေကို ဖွင့်ပြောပါတယ်။ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ သားအမိနှစ်ယောက်ဟာ မောင်နှမနဲ့ ပိုတူပါတယ်။
လီယောင်ရဲ့ အေးစက်တဲ့ မျက်နှာမှာ အပြုံးပေါ်လာပါတယ် “မစိုးရိမ်ပါနဲ့၊ လျန်အာက အခု သားအဖေဘေးကို ရောက်နေပြီ၊ ဒါက သားအဖေ သားကို ဂရုစိုက်လို့ပဲ”
ဟန်ယွင်ကျင်းဟာ မှင်တက်သွားပြီး သဘောပေါက် သွားပါတယ်။ သူ့အဖေတောင် ဟန်လျန်ကို မထိန်းချုပ်နိုင်ရင် ဒီလောကမှာ သူ့ကို ကာကွယ်နိုင်တဲ့လူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ပါဘူး။
လီယောင်က ဆက်ပြောပါတယ် “သားမှာ ကလေးတွေ ဒီလောက်တောင် ရှိနေပြီ၊ ကလေးတွေ ထပ်မယူတော့နဲ့”
ဟန်ယွင်ကျင်းဟာ ရှက်သွေးဖြာပြီး ချက်ချင်း နှုတ်ဆက်ကာ ထွက်ခွာသွားပါတယ်။
လီယောင်ဟာ ပြုံးလိုက်ပြီး မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်တွေထဲမှာ လီယောင်က တာအိုဖန်တီးရှင် ဖြစ်လာဖို့ မျှော်လင့်ချက် အရှိဆုံးပါ။ လီယောင်ကလည်း ဒီပန်းတိုင်ကို ရောက်ဖို့အတွက် ကြိုးစားအားထုတ်နေပြီး တစ်ခါမှ ပေါ့ပေါ့လျော့လျော့ မနေပါဘူး။
နှစ်သုံးထောင်ကြာပြီးနောက်။
တာအိုစက်ကွင်းထဲမှာ ဟန်လျန်ဟာ တိမ်စီးပြီး လျှောက်သွားနေပါတယ်။ တစ်ခါတစ်ရံမှာ ဟန်လျန်ဟာ ခွင်ဖုန်အဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်လေမှာတော့ မိုးပြာနဂါးအဖြစ် ပြောင်းလဲသွားတာကြောင့် မြေပြင်ပေါ်က တပည့်တွေဟာ အံ့ဩတကြီးဖြစ်ပြီး လက်ခုပ်တီးကာ အားပေးကြပါတယ်။
ဒီတပည့်တွေရဲ့ ကျင့်ကြံမှုက ဟန်လျန်ထက် ပိုမြင့်မားပါတယ်။ ဒါပေမဲ့ သူတို့တွေ ဒီလောက် အံ့အားသင့်နေရာတာက ဟန်လျန် စိတ်ကျေနပ်အောင် လုပ်ပေးချင်တာအပြင် ဟန်လျန်ရဲ့ အရည်အချင်းကြောင့်လည်း ပါပါတယ်။
အခုဆိုရင် ဟန်လျန်ဟာ နတ်မင်းအဆင့်ကို ရောက်နေပါပြီ။ သူ့ရဲ့ ကျင့်ကြံမှုအလျင်က တကယ်ကို အံ့မခန်းပါပဲ။
ဟန်လျန်ဟာ အမြဲတမ်း လူငယ်လေးနဲ့ တူပြီး သူ့စရိုက်ကလည်း ရင့်ကျက်မလာပါဘူး။ အဲဒီအကြောင်းကြောင့်လည်း တပည့်တွေဟာ သူ့ကို ဝိုင်းချစ်ကြပါတယ်။
“လျန်အာ... ဒေါ်လေးသုံး ရောက်လာပြီ”
ဟန်ချင်းအာဟာ ပျံသန်းလာပြီး ဟန်လျန်ကို ဖက်လိုက်ပါတယ်။ ဟန်လျန်ဟာ မနှစ်မြို့ပုံ ပေါ်သွားပြီး ဟန်ချင်းအာရဲ့ လက်ထဲကနေ ရုန်းထွက်ပါတယ် “သွားစမ်းပါ၊ ကျွန်တော် ဒေါ်လေးနဲ့ မကစားချင်ဘူး”
ပထမတော့ ဟန်လျန်ဟာ ဟန်ချင်းအာကို တော်တော်လေး ကြိုက်ပါတယ်။ ဒါပေမဲ့ ဟန်ချင်းအာ ရောက်လာတိုင်း သူ့ကို ဒုက္ခပေးတဲ့အတွက် ဟန်လျန်ဟာ ဟန်ချင်းအာကို ပိုပိုပြီးတော့ စက်ဆုပ်လာပါတယ်။
ဟန်လျန် ဘယ်လောက်ပဲ ရုန်းရုန်း ဟန်ချင်းအာရဲ့ လက်ထဲကနေ ပြေးမလွတ်ပါဘူး။
တခြားတစ်ဖက်မှာတော့ ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ဆီ သွားလည်ပါတယ်။
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းလာပြီးနောက် အရင်လိုမျိုး အချိန်တစ်ခု သတ်မှတ်ပြီး တံခါးပိတ် မကျင့်ကြံတော့ပါဘူး။ နောက်ပြီး အခုအချိန်မှာ သူ့ကို နှောင့်ယှက်ရဲတဲ့လူကလည်း သိပ်မရှိတော့ပါဘူး။
ကျန်းကျွယ်ရှီဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီးနောက် ဟန်ကျွယ်ကို တရိုတသေ ဦးချပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို မော့ကြည့်ပြီး “ဆရာသခင်... ပြန်လည်မွေးဖွားခြင်း စက်ဝန်းမှာ လျှို့ဝှက်အင်အားစုတစ်စုက အချိန်-အာကာသထဲမှာ အင်အားစုဆောင်းနေတယ်၊ အမှောင်သခင်ကြီး နာမည်ကိုလည်း ပြောကြတယ်၊ ဒီဟာက ကောင်းတဲ့ကိစ္စတော့ မဟုတ်လောက်ဘူး”
ကျန်းကျွယ်ရှီဟာ သူသိသမျှကို ပြောပြပါတယ်။ ဟန်ကျွယ်က ခေါင်းညိတ်လိုက်တဲ့အခါမှာတော့ ကျန်းကျွယ်ရှီဟာ ထွက်ခွာသွားပါတယ်။ ကျန်းကျွယ်ရှီဟာ ဒီကိစ္စကို သတိပေးဖို့ပဲ ရောက်လာတာပါ။
ဟန်ကျွယ်ဟာ ဟန်လျန်ကို ကြည့်လိုက်ပါတယ်။
“မင်းရယ် ဂျိရှင်းရှန်ရယ် ကောင်းကင်အရှင်ရွှင်နဲ့ အတူတူ ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး၊ စိတ်ဝင်စားဖို့ ဘယ်လောက်တောင် ကောင်းလိုက်လဲ” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
ကောင်းကင်အရှင်ရွှင်က မဟာတာအို အနန္တကပ်ဘေးဆီ ရောက်လာခဲ့တဲ့ အနာဂတ် တာအိုဖန်တီးရှင်ပါ။ သူကလည်း ဟန်ကျွယ်ရဲ့ မျိုးဆက်ပါပဲ။ ဒါပေမဲ့ သူက ဟန်လျန်လို မဟုတ်ပါဘူး။ သူနဲ့ ပတ်သက်တာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။