← Chapters

လနန်းတော်၏အလွန်က စကြဝဠာ

Vol. 66 Ch. 870

လနန်းတော်၏အလွန်က စကြဝဠာ

Vol. 66 Ch. 870

သူမအပြုံးကို မြင်လိုက်သည်နှင့် ချင်မူမှာ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားသလို ခံစားလိုက်ရသည်။

ထင်းလင်းတောက်ပနေသော နေရောင်၏အောက်၊ မြစ်ကမ်းစပ်တစ်လျှောက် စီးတန်းနေသော ကျူတောများ၏ ဘေး.... နှင်းဖြူရောင် ကျူပန်းပွင့်များ လှုပ်ခတ်နေသောနေရာ... နွားကျောင်းသားလေးသည် မြစ်ကမ်းဘေး၌ နွားအား အေးအေးဆေးဆေး ကျောင်းနေခဲ့၏။ ထိုနေ့တွင် ထူးဆန်းသော သံစဉ်က သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ သူ လိုက်ညည်းချင်သော်လည်း ၊ အသံထွက် ဆိုချင်သော်လည်း မဆိုနိုင်ခဲ့ပေ။

သံစဉ်က အလွန်ရင်းနှီးနေသလို ခံစားရသော်လည်း မမှတ်မိနိုင်ဖြစ်ခဲ့ရသည်။

ဤအခိုက်အတန့်တွင်တော့ ထိုသားချော့တေးအား သူ မှတ်မိလိုက်ချေပြီ။

ချင်မူ ခြင်းထဲတွင် အနှီးဖြင့် ထုပ်လျက် အထည့်ခံထားရစဉ်က ထိုသားချော့တေး၊ ဤအသံကို ကြားခဲ့ရဖူး၏။

သူက သားချော့တေး ညည်းနေသော မိန်းကလေး၏ဘေးသို့ လျှောက်သွားကာ အပြုံးတစ်ခုဖြင့် ထိုင်ချလိုက်သည်။ “ငါတို့ မတွေ့ရတာ ကြာပြီနော်... ခြင်းထဲက ချင်ဖုန်းကျင့်ဆိုတဲ့ ကလေးလေးကို မင်း မှတ်မိသေးလား... ငါက သူပဲ”

ပိုင်ချွီအာသည် အံ့အားသင့်သွားဟန်ဖြင့် သူ့ကို ကြည့်နေသော်လည်း မကြာမီ ပြုံးလိုက်၏။ “သေတ္တာကြီးပေါ်မှာ ထိုင်လိုက်ခဲ့တဲ့ မိန်းကလေးကို မှတ်မိသေးလား”

“မှတ်မိတာပေါ့”

ချင်မူ့ရင်ထဲတွင် မီးလောင်မြိုက်နေသကဲ့သို့ တရှိန်းရှိန်း ဖြစ်နေသော်လည်း ဒဏ်ရာများကြောင့်လား၊ ထူးဆန်းသော ခံစားချက်များကြောင့်လား မပြောတတ်ပေ။

ပိုင်ချွီအာသည် ဒူးလေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားလျက် ကျော,မတ်မတ်ထားကာ အောက်ရှိ မြင်ကွင်းများအား ငေး၍ ကြည့်နေ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက တကယ် လှတယ်နော်”

ချင်မူလည်း အောက်သို့ ငုံ့ကြည့်လိုက်ရာ လင်းထိန်နေသော အိမ်များကို မြင်ရသည်။ ကြီးမားကျယ်ပြောလှသော မြေပြင်၏အထက်၊ တောင်တန်းမြစ်ပြင်များ၏ အကြား၌ ... သေးငယ်သော အလင်းအစက်လေးများ မြင်ရသည်။ အလင်းရောင်ရှိသော နေရာများက ပြည်သူပြည်သားများ နေထိုင်ရာ နေရာများ ဖြစ်ပေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ပြောင်းလဲမှုများ အကြီးအကျယ် ဖြစ်ပွားနေသော်လည်း ဤလူများသည် အသက်ရှင်ရန် အကောင်းဆုံး ကြိုးစားနေကြသေး၏။

လအပေါ်မှနေ၍ လူဘုံဆီ ငုံ့ကြည့်ရသော မြင်ကွင်းက ထူးခြားသော အလှတစ်မျိုးကို ပေးစွမ်းနေသလို ခံစားရသည်။

ထာဝရ နေ့ဖြစ်နေသော ကောင်းကင်နတ်ဘုံအနေဖြင့် အမှောင်အရိပ်တို့၏ အလှတရားကို ခံစားနိုင်မည်မဟုတ်သလို၊ အမှောင်ထုထဲ၌ မီးအိမ်များ ထွန်းလင်းထားကြသော လူသားတို့၏ နှလုံးသားအထဲရှိ မျှော်လင့်ချက်ကိုလည်း မြင်ကြမည်မဟုတ်ပေ။

လရောင်က ထိန်ထိန်လင်းနေသည်။ ကောင်းကင်မြေပုံထဲရှိ လဝင်္ကပါသည် ပြန်ပွင့်လာခဲ့ပြီး မကြာမီ လပြည့်ဖြစ်ပေတော့မည်။ ချင်မူမှာ ငါးရက်၊ ခြောက်ရက်ခန့် အိပ်ပျော်သွားသလို ခံစားနေရသည်။

“မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ” သူက သူ့ဘေးရှိ မိန်းကလေးဘက်သို့ စောင်းငဲ့ကြည့်ကာ မေးလိုက်သည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ငါ အမှတ်မထင် ဆုံခဲ့ပြီး ရက်ပိုင်းလောက် ဓားပညာအကြောင်း ဆွေးနွေးခဲ့ကြတယ်... အဲဒီနောက် စစ်ယွင်ရှန်းဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့တယ်... သူက ချင်သားတော် ဒုက္ခရောက်နေလို့ မြောက်ပိုင်းကောင်းကင်ဘုံဆီ လိုက်သွားရအောင် ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင်လေးယောက်နဲ့ ကောင်းကင်နတ်မင်းလေးပါးကို လိုက်ရှာခိုင်းထားတယ် ပြောတယ်”

ပိုင်ချွီအာက ဆက်ပြောသည်။ “အဲဒါနဲ့ ငါလည်း ကောင်းကင်မြေပုံကနေတစ်ဆင့် မဟာကာလနန်းတော်ထဲ ဝင်မလို့ ဒီကို အရင်ဆုံး လာခဲ့တာပဲ... ငါ ကောင်းကင်မြေပုံထဲက ပြင်ပကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေကို ရှင်းပစ်ပြီးတဲ့အချိန်မှာပဲ ဖက်တီးနဂါးက နင့်ကို ခေါ်လာတာ”

ချင်မူ သဘောပေါက်သွားပြီး ရယ်လိုက်သည်။ “ကောင်းကင်မြေပုံကနေ မဟာကာလရဲ့ နန်းတော်ထဲ ဝင်ပြီး မဟာကာလကို ‌နောက်ကွယ်ကနေ တိုက်ခိုက်မယ်တဲ့လား.... တကယ့်အကြံကောင်းပဲ... သူလည်း အာရုံခံမိမှာမဟုတ်ဘူး”

ပိုင်ချွီအာ ပြုံးလိုက်၏။ “ဟုတ်တယ်... နင် သတိမေ့နေတုန်းက ဝမ်ထျန်းကဲ၊ ဟန်ထန်း၊ ယန်ယွင်ရှီနဲ့ ကျန်သူတွေအားလုံး လာရှာကြတယ်.... သူတို့လည်း ကောင်းကင်မြေပုံကနေ ဝင်လာကြတာပဲ... ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်နတ်မင်းလေးပါးထဲက သုံးပါးလည်း ရောက်လာကြတယ်... ဟန်ထန်းက ကောင်းကင်မြေပုံမှာ အပေါက်တစ်ပေါက် ဖွင့်ပြီး ငါးမျှားကြိုးကို မဟာကာလနန်းဆောင်ထဲ ချရင်း နင့်ကို မျှားထုတ်ချင်နေတာ”

ဟန်ထန်းသည် ကောင်းကင်ဆရာသခင် တံငါသည်၏ နာမည်ဖြစ်ပြီး ယန်ယွင်ရှီက ကောင်းကင်ဆရာသခင် ကျစ်ရှီ၏ နာမည်ဖြစ်သည်။ သို့သော် ယန်ယွင်ရှီဆိုသော နာမည်ကို မိန်းမလို ဝတ်စားသော အချိန်တွင်သာ သုံးလေသည်။

ကောင်းကင်ဆရာသခင်တံငါသည်က သူ၏ငါးမျှားချိတ်များသည် ဘယ်သောအခါမှ ပစ်မှတ်မလွဲကြောင်း အာမခံသည့်အတွက် အမှန်ပင် ချင်မူ့ကို မျှားထုတ်နိုင်ကောင်း မျှားထုတ်နိုင်လိမ့်မည်။

“ယန်ယွင်ရှီက ဝင်္ကပါတစ်ခု တည်ဆောက်ပြီး မဟာကာလကို နောက်ကွယ်ကနေ တိုက်ခိုက်ချင်ပေမယ့် ဝမ်ထျန်းကဲက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဟာကာလအကြားမှာ ရန်ငြိုးမရှိတာမလို့ ကြားနေဆက်ဆံရေးမျိုး ဖော်ဆောင်လို့ရလောက်တယ်လို့ ပြောတယ်”

ပိုင်ချွီအာ ပြုံးလိုက်သည်။ “သူတို့အားလုံး နင့်ကို သိပ် ဂရုစိုက်ကြတာပဲနော်.... နင် အသက်အန္တရာယ်မရှိတော့မှ ပြန်သွားကြတာ.... နင့်ဒဏ်ရာတွေ အခြေအနေ ဘယ်လိုရှိလဲ”

ချင်မူ ရင်ထဲတွင် နွေးထွေးသွားသည်။ “ဒဏ်ရာတွေဆိုမှ ထူးဆန်းတယ်သိလား... ငါ နိုးလာတော့ ငါ့ဒဏ်ရာတွေအားလုံး ပျောက်နေပြီ.... ငါ့ကြောင့် ငါ့သိုင်းအခြေခံ ထိခိုက်သွားတာမလို့ ထိပ်ဆုံးအခြေအနေ ပြန်ရောက်ဖို့ နှစ်အနည်းငယ်လောက် အချိန်ယူရတော့မယ် ထင်နေတာ... မင်း ငါ့ကို ဘာဝိညာဉ်ဆေး ကျွေးလိုက်တာလဲ”

သူ့မှာ အလွန်ဇဝေဇဝါဖြစ်နေသည်။ သူ့ဒဏ်ရာများက အလွန်ပြင်းထန်လှသောကြောင့် သူ့အနေဖြင့် ဆေးပညာဆရာသခင်တစ်ယောက် ဖြစ်စေကာမူ ရှားပါးသော ဝိညာဉ်ဆေးများ ရှာဖွေပြီး သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ကုသရလိမ့်မည်။ ယခင်အတိုင်း ပြန်ဖြစ်ရန် အနည်းဆုံး နှစ်အနည်းငယ်တော့ လိုအပ်လိမ့်မည်။

ပိုင်ချွီအာက သူ့ကို ဆေးတိုက်ပြီး နဂါးပုတီးစေ့ဖြင့် သူ၏မူလဝိညာဉ်အခြေအနေကို ထိန်းသိမ်းပေခဲ့ရာ သူမ၏ဝိညာဉ်ဆေးကြောင့် ယခုလို သက်သာသွားသည်ဟု သူ ထင်မိခြင်းဖြစ်သည်။

“ငါ နင့်ကို တိုက်ခဲ့တဲ့ ဝိညာဉ်ဆေးတွေက အဲဒီလောက် ထူးထူးခြားခြားလည်း မဟုတ်ပါဘူး.... နင့်ကို အသက်ရှင်အောင်ပဲ အားဖြည့်ပေးနိုင်တာ... ဒဏ်ရာကိုတော့ အမြစ်မဖြတ်ပေးနိုင်ဘူး... ဒါပေမဲ့ နင် အိပ်ပျော်နေတုန်းက နင့်ဒဏ်ရာတွေ အလိုလိုကုသနေတာ မြင်ခဲ့ရတယ်... ငါလည်း သိပ်နားမလည်ဘူး”

ပိုင်ချွီအာ စဉ်းစားနေသည်။ “နင် သတိလစ်နေတုန်းက ဝမ်ထျန်းကဲနဲ့ ကျန်သူတွေ ရောက်လာကြပြီး နင်က နင့်ဘာသာနင် ကုသနေတာလို့ ပြောတယ်... ဝမ်ထျန်းကဲရဲ့ ပြောပုံအရဆို ဓမ္မတရားတစ်မျိုးက နင့်ကိုယ်ထဲမှ ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်နေပြီး နင့်ကို အသက်ပြန်သွင်းပေးနေသလိုပဲတဲ့.... ဒါပေမဲ့ အဲဒီဓမ္မ ဘယ်ရောက်လာလဲ သူ မသိဘူး.... ငါလည်း အဲဒီဓမ္မရဲ့ အရင်းအမြစ်ကို ရှာမတွေ့ခဲ့ဘူး”

ချင်မူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် အသက်ပြန်ရှင်လာသကဲ့သို့ ဒဏ်ရာအားလုံး အရှင်းပျောက်သွားခဲ့၏။ သူ၏သိုင်းအခြေခံလည်း ထိပ်ဆုံးအခြေအနေသို့ ပြန်ရောက်သွားသည်။ ဤကျင့်စဉ်မျိုးက ဗြဟ္မဗုဒ္ဓ၏ အိပ်မက်မှတစ်ဆင့် လမ်းစဉ်အဆင့် ဝင်‌ရောက်သော နည်းလမ်းမျိုးနှင့် ပတ်သက်နေသယောင်ပင်။

သူ အိပ်ပျော်နေရင်း ဗြဟ္မဗုဒ္ဓ၏ ဧကရာဇ်ပလ္လင်ကျင့်စဉ်ကို ကျင့်ကြံခဲ့မိသည်လော။

သို့သော် ဤကျင့်စဉ်ကို သူ တစ်ခါမှ မသင်ခဲ့ဖူးပေ။

ထိုစဉ်တုန်းက ဗြဟ္မဗုဒ္ဓသည် သူ၏ချင်စာလုံးမြေပြင်ထဲ၌ ဧကရာဇ်ပလ္လင်အဆင့် အထွတ်အမြတ်ကျမ်းစာများကို သိမ်းဆည်းထားသော ဗြဟ္မဗုဒ္ဓတစ်ပါး ရှိ၍ သူ့ဘာသာ တွေးခေါ်ကြည့်နိုင်သည်ဟု မိန့်ကြားတော်မူခဲ့၏။

သို့သော် ချင်စာလုံးမြေပြင်ကို သူ့အစ်ကိုကြီး ချင်ဖုန်းကျင့်က အပိုင်စီးထားသောကြောင့် သူ ထိုနေရာတွင် နေရသည့်အချိန်က သိပ်မများပေ။ ထို့ကြောင့် ၎င်းတို့အား ဆင်ခြင်သုံးသပ်ရန် အခွင့်အရေးမရခဲ့ချေ။

သို့ဆိုလျှင် သူ မည်သည့်အချိန်တုန်းက လေ့လာနိုင်ခဲ့သည်နည်း။

မလေ့လာဘဲ၊ မတွေးခေါ်ဘဲ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို ရရှိခဲ့ခြင်းကား ထူးဆန်းလွန်းလေသည်။

ရုတ်တရက် ပိုင်ချွီအာက မတ်တပ်ထရပ်ပြီး သူ့ဆီသို့ လက်လှမ်းပေးကာ လှပစွာ ပြုံးနေသည်. “နင် တကယ့် စကြဝဠာကို မြင်ချင်လား”

ချင်မူ သူမကို ‌ငေး၍ ကြည့်နေပြီးနောက် သူမလက်အား ဆုပ်ကိုင်လိုက်၏။

ပိုင်ချွီအာက သူ့လက်ကို ကိုင်၍ လနှင့်ဝေးရာသို့ ပျံထွက်သွားရင်း အပြုံးလေးဖြင့် ရှင်းပြနေလေသည်။ “ကောင်းကင်မြေပုံထဲက နက္ခတ်တာရာတွေက အတုတွေချည်းပဲ.... သူတို့ကို ဝင်္ကပါတွေနဲ့ တည်ဆောက်ထားတာ... ဒါပေမဲ့ ကောင်းကင်မြေပုံအနောက်မှာတော့ တကယ့်စကြဝဠာကြီး ရှိတယ်.... ငါ ကောင်းကင်မြေပုံထဲက အပေါက်တစ်ပေါက်ကို သိတယ်.... နင် အဲဒီကနေ ထွက်သွားရင် တကယ့် စကြဝဠာကြီးကို မြင်ရလိမ့်မယ်”

ချင်မူမှာ သူမနောက်မှ လိုက်သွားရုံအပြင် မရှိပေ။ သူ ဟိုကြည့်သည်ကြည့် ကြည့်သည့်အခါ လနန်းတော်၏အရှေ့ရှိ လရောင်ထဲတွင် နဂါးချီလင်သည် တိုင်တစ်လုံးဘေး၌ အိပ်ငိုက်နေရာမှ ရုတ်တရက် နိုးလာပြီး စကြဝဠာအစစ်အား ကြည့်ချင်၍ လိုက်လာရန် ပြင်နေ၏။

ချင်မူ သူ့ကို ခပ်စူးစူး စိုက်ကြည့်လိုက်ရာတွင် နဂါးချီလင်လည်း အထာပေါက်သွားပြီး ပြန်အိပ်နေတော့သည်။

ချင်မူက ပြုံးလျက် မိန်းကလေး၏ လက်ကို ဆုပ်ကိုင်ကာ ကောင်းကင်မြေပုံထဲတွင် လျှောက်သွားနေသည်။

ကြယ်တာရာများမှာ ရှုပ်ထွေးသော ဝင်္ကပါများဖြင့် ဖွဲ့တည်နေခြင်းဖြစ်ပြီး ဝင်္ကပါတည်ဆောက်ပုံတို့က အတိုင်းထက်အလွန် နက်နဲကြသည်။ ဤနေရာရှိ နတ်ဘုရားများမှာ ပိုင်ချွီအာကြောင့် သေဆုံးသွားသဖြင့် ယခုတွင် ဝင်္ကပါများကို စောင့်ရှောက်နေသူတစ်ယောက်မှ မရှိပေ။

ဤကြယ်အစုအဝေးများမှာ အတုဖြစ်သော်လည်း တောက်ပသော ကြယ်‌ရောင်များအကြား အတူတူ ပျံသန်းနေရခြင်းမှာ အလွန်စိတ်ကူးယဉ်ဆန်ကာ ကြည်နူးဖွယ်ကောင်းလှသည်။

“ဝမ်ထျန်းကဲက ဧကရာဇ်ယန်ဖုန်းနဲ့ သွားတွေ့ပြီး သင်္ချာကျွမ်းတဲ့ ကျောင်းသားတွေကို ကောင်းကင်မြေပုံ ပြုပြင်ခိုင်းဖို့ ဒီနေရာဆီ လွှတ်ခိုင်းမယ်ပြောတယ်”

ပိုင်ချွီအာသည် ကြယ်တာရာများကို ဖြတ်၍ သူ့ကို ခေါ်သွားနေ၏။ “ဟိုးမှာ နေရှိတယ်... ‌ကောင်းကင်မြေပုံထဲမှာ နေ့ရောက်ရင် ကြယ်တွေ မှိန်သွားပြီး မတောက်ပနိုင်တော့ဘူး... နေကပဲ အလင်းရောင် ထုတ်လွှတ်တယ်... ဒါပေမဲ့ ညရောက်ရင်တော့ နေက ငြိမ်းသေသွားရတယ်”

ချင်မူ သူမညွှန်ပြနေသော အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်သည်။ ဤအချိန်တွင် နေ၏ဝင်္ကပါသည် အလုပ်လုပ်နေခြင်း ရပ်တန့်ထားပြီဖြစ်၏။ နေက နေရာရွှေ့ပြောင်းတံခါး အသွင်ရှိသော အဝိုင်းသဏ္ဍာန်ဝင်္ကပါတစ်ခု ဖြစ်သည်။ ဝင်္ကပါအတွင်းထဲတွင် နေနန်းတော်မှအပ ဗလာကျင်းနေလေသည်။

သူ ထင်ထားသည့်အတိုင်း ဝင်္ကပါက နေအစစ်ဆီမှ အလင်းတန်းများကို ငှားယူရင် အလင်းရောင်နှင့် အပူ ထုတ်လွှတ်နေခြင်း ဖြစ်သည်။

“ကောင်းကင်မြေပုံထဲက အပေါက်က ဒီမှာပဲ”

ပိုင်ချွီအာသည် နေနန်းတော်ဆီသို့ ရောက်သွားပြီး သူ့ကို နန်းတော်ထဲသို့ ဆွဲခေါ်သွား၏။ သူမက ပြုံးလျက် ပြောလေသည်။ “ဒါပေမဲ့ ဒီအပေါက်က နေဝင်္ကပါ လင်းလာတဲ့အချိန်မှ ပေါ်လာမှာ... အဲဒီအချိန်ဆို ငါတို့ အပြင်ထွက်ပြီး စကြဝဠာအစစ်ကို ကြည့်နိုင်ပြီ”

ချင်မူ မျက်တောင်ပုတ်ခတ်ကာ ပြန်ဖြေလိုက်သည်။ “အခုက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ညအချိန်ပဲ”

ပိုင်ချွီအာက ခေါင်းညိတ်သည်။

“ငါတို့နေကို ထွန်းလင်းလိုက်ရင် ညကောင်းကင်ထဲမှာ နေနဲ့လ တစ်ပြိုင်တည်း ‌ပေါ်လာမှာနော်” ချင်မူက ဆက်ပြောလိုက်၏။

ပိုင်ချွီအာမှာ နှမြောတသ ဖြစ်သွားသော အမူအရာဖြင့် ‌ခေါင်းညိတ်သည်။

ချင်မူက တောက်ပစွာ ပြုံးလိုက်လေသည်။ “ဒါဖြင့် လုပ်ကြစို့”

ပိုင်ချွီအာ ပျော်ရွှင်သွားပြီး အမည်မသိပစ္စည်းဖြင့် ဖန်တီးထားသော အနီရောင်အဝတ်စကြီးရှိနေသည့် နန်းတော်၏အလယ်ဗဟိုသို့ ပြေးသွားသည်။ ထိုအဝတ်စအပေါ်၌ ရွှေကျီးကန်းသုံးကောင်၏ ပုံသဏ္ဍာန်များ ပုံဖော်ထားပြီး အဝတ်စအောက်တွင် တစ်စုံတစ်ခု ရှိနေသည်။

သူမက အဝတ်ကို အားကုန်ဆောင့်ဆွဲလိုက်သည့်အခါ စင်တစ်စင် ပေါ်လာသည်။ စင်၏အပေါ်၌ အနုစိတ်လှသော သင်္ကေတအမှတ်အသားတစ်ခုဖြင့် ပုံဖော်ထားသော လက်ဝါးရာတစ်ရာ ရှိသည်။

သူမက လက်ဝါးရာအပေါ် လက်ဝါးတင်၍ ချင်မူ့ကို တွန့်ဆုတ်စွာ ကြည့်နေသည်။ “ငါတို့ တကယ်ကြီး နေကို ထွန်းတော့မှာလား ... တုန်လှုပ်စရာ ဖြစ်သွားလောက်မလား”

ချင်မူ ရယ်လိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေက ဒါမျိုးတွေနဲ့ အသားကျနေပါပြီ.... တုန်လှုပ်စရာတွေ ပြောရကြေးဆို... နေတစ်စင်း ညကောင်းကင်မှာ ထွက်ပေါ်လာတာက ကမ္ဘာဦးဘုံ ပွင့်လာတာနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ.... ဒီနှစ်တွေအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေ မြင်တွေ့ခဲ့ရတဲ့ ကပ်ဘေးတွေက နည်းနည်းနောနောမှ မဟုတ်တာလေ.... မာန်ဟုန်မြစ်ကလည်း ကောင်းကင်နတ်မြစ် ဖြစ်လို့ဖြစ်၊ မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေ ပေါ်လို့ပေါ်... ကောင်းကင်မှာလည်း တခြားကောင်းကင်ဘုံတွေ ထွက်လာလို့ ထွက်လာ မဟုတ်လား... သူတို့ရဲ့ အပြောင်းအလဲတွေကို သည်းခံနိုင်စွမ်းက ငါတို့ထင်တာထက် အများကြီး အားကောင်းပါတယ်”

ပိုင်ချွီအာမှာ စိတ်သက်သာရာရသွားသည်။ သူမက ချီစွမ်းအင်ဖြင့် လှုံ့ဆော်လိုက်ရာ စင်ဆီမှ ဝှမ်ခနဲ တုန်ခါသွားသည်။ ထို့နောက် တုန်ခါသံက သူတို့ကို လှည့်ပတ်၍ မြေကြီးဆီသို့ စီးဆင်းသွားသည်။

များစွာမကြာလိုက်ဘဲ နေနန်းတော်၏အပြင်၌ သင်္ကေတအမှတ်အသားများ လင်းထိန်လာပြီး ဝဲကဲ့သို့ လှည့်ပတ်ကာ အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။

ဤအချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ဉာဉ့်သိပ်မနက်သေးပေ။ အိမ်တော်တော်များများက မီးအိမ်များ ထွန်းထားဆဲဖြစ်ပြီး မြို့ထဲတွင် ညစျေးများအကြား လျှောက်သွားနေကြသူများလည်း ရှိသေးသည်။

သို့သော် ကောင်းကင်ထဲတွင် နေလုံးကြီးသည် ဘွားခနဲ ထွက်ပေါ်လာပြီး ညကောင်းကင်အား တခဏအတွင်း ဖယ်ရှားပစ်လိုက်၏။ ထိုမျှသာမက လကလည်း ကောင်းကင်ထဲမှ မခွာပေ။ လရောင်သည် နေရောင်အောက် လျှော့ကျနေခြင်းမဟုတ်ဘဲ ထိန်ထိန်ညီး တောက်ပနေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားအားလုံး အံ့အားသင့်သွားကြပြီး ယွမ်တုထဲရှိ နတ်ဘုရားများ၊ မိစ္ဆာများနှင့် နတ်ဘုရားတစ်ပိုင်းများပင်လျှင် တုန်လှုပ်သွားကြသည်။ သူတို့အားလုံး ကောင်းကင်ဆီသို့ ငေးကြည့်နေကြ၏။

နေနန်းတော်အထဲတွင် ပိုင်ချွီအာက ချင်မူ့လက်ကို ဆွဲ၍ ပြေးထွက်သွားရင်း သဘောကျစွာ ရယ်နေသည်။ “မြန်မြန်လာ... နတ်ဘုရားတွေ၊ မိစ္ဆာတွေ လာမရှာခင် ထွက်သွားရအောင်”

ချင်မူ့ရင်ခုန်သံများ ဆူညံနေသည်။ သူက သူမနှင့်အတူ လုံးဝကြည့်ရက်စရာမရှိနေသော မည်းမည်းအကွက်ကြီးတစ်ကွက် ဖြစ်သည့် နေဝင်္ကပါ၏အလယ်သို့ လိုက်သွား၏။

ပိုင်ချွီအာသည် သူ့ကို ဆွဲပြီး မည်းမည်းအကွက်ထဲ ခုန်ဝင်လိုက်သဖြင့် သူမ၏အဝတ်စများမှာ တဖျပ်ဖျပ် လှုပ်ခတ်သွားကာ ချင်မူ့မျက်နှာအပေါ် လာထိမှန်လေသည်။

ချင်မူက ကျန်လက်တစ်ဖက်ဖြင့် မျက်နှာကို ကွယ်နေသည့် အဝတ်စများကို ဖယ်လိုက်သည့်အခါ သူတို့နှစ်ယောက် နေဝင်္ကပါနှင့် ကောင်းကင်မြေပုံဆီမှ ခုန်ထွက်လာခဲ့ပြီးပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ နှစ်ယောက်သား ကောင်းကင်အတု၏အပြင်သို့ ရောက်သွားကြချေပြီ။

ယခုတွင် သူတို့နှစ်ယောက်သည် ကြီးမားကျယ်ပြောလှသော စကြဝဠာ၊ ကြယ်တာရာစုံလင်နေသည့် ကောင်းကင်ထဲတွင် ပျံဝဲနေ၏။ သူတို့အနောက်တွင် အတိုင်းအတာ၊ အကွာအဝေး မသိရသော ကောင်းကင်မြေပုံ ရှိပြီး သူတို့အရှေ့၌မူ မီးလုံးကြီးတစ်လုံးက တိတ်ဆိတ်စွာ လွင့်မျောနေချေသည်။

၎င်းသည် စိတ်ကူးးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် ကြီးမားလွန်း၏။

ဤနေအရှေ့တွင် ရပ်နေသည့်အခါ သူတို့မှာ ပုရွက်ဆိတ်များပမာ သေးငယ်နေပြီး မပြောပလောက်တော့ပေ။

ပိုင်ချွီအာက ရုတ်တရက် ချင်မူ့ကို လှမ်းဆွဲကာ ပျံသန်းသွားသည်။ သူမသည် ရိပ်ခနဲ ဖြတ်ပြေးသွားသည့် အရိပ်တစ်ခုသဖွယ် အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် အပေါ်ပျံတက်သွား၏။ သူမက အရပ်မျက်နှာတစ်ခုဘက်သို့ လက်ညှိုးထိုးပြရင်း ရယ်နေသည်။ “ဟိုကို ကြည့်လိုက်”

ချင်မူလည်း သူမလက်ညှိုးထိုးပြနေသော နေရာသို့ ကြည့်လိုက်သည့်အခါ ကမ္ဘာဦးဘုံ၏အပြင်တွင် ပြန့်ကြဲနေသော ကျောက်မျက်ရတနာများကဲ့သို့ ကောင်းကင်ဘုံများစွာ မြင်လိုက်ရသည်။ နေ၊ လနှင့် ကြယ်များသည် ထိုကောင်းကင်ဘုံများအကြား တဖျတ်ဖျတ် လင်းလက်လျက် တောက်ပနေကြသည်။

နှစ်ယောက်သား ‌ကောင်းကင်ဘုံများကို ဖြတ်ကျော်သွားကြစဉ် အလွန်နီးကပ်သွားပါက အင်မတန် ပါးလျသည့် ကမ္ဘာလောကအတားအဆီးများသည် သူတို့ကို ညင်ညင်သာသာ ပြန်ကန်ထုတ်ကြ၏။

ချင်မူနှင့် ပိုင်ချွီအာ နေအစစ်ကို ဖြတ်သန်းလာခဲ့ပြီဖြစ်သော်လည်း ချင်မူ ခေါင်းမော့ကြည့်သည့်အခါ နေနောက်တစ်စင်းအား တွေ့မြင်လိုက်ရသည်။ နေသည် မှိန်ပျပြီး ခပ်မှိန်မှိန်အနီရောင်အလင်းကို ထုတ်လွှတ်နေ၏။ ဤနေ၏အပေါ်တွင် ခပ်မှိန်မှိန်အနီရောင်နေကို မြင်တွေ့ရပြန်သည်။

“အဲဒါက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံပဲ”

ပိုင်ချွီအာက ဆက်ပြောပြသည်။ “ခိုင်ဧကရာဇ်က ‌ကောင်းကင်ဘုံ ၃၃ ဘုံ တည်ဆောက်ခဲ့ပေမယ့် ဒီကောင်းကင်ဘုံတွေဟာ ချေမှုန်းခံထားပြီးပြီ”

သူမသည် ချင်မူ့ကို ပထမဆုံး နေအသေကြီးဆီသို့ ခေါ်သွားပြီး ၎င်းကို လှည့်ပတ်ကြည့်လိုက်သည့်အခါ ကြယ်တာရာအစုအဝေးတစ်စုအား မြင်လိုက်ရသည်။

“အဲဒါက ကောင်းကင်နယ်စားမင်းရဲ့ မျက်လုံးပဲ... သူ ငါတို့ကို မြင်နိုင်လောက်တယ်” ပိုင်ချွီအာက ကြယ်အစုအဝေးဆီသို့ စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြသည်။

ချင်မူလည်း စိတ်လှုပ်တရှား လက်ဝှေ့ယမ်းပြလိုက်၏။ သူ့မှာ အလွန်ပျော်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး နီရဲနေသည်။

ချင်စာလုံးမြေပြင်ထဲတွင် ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက နှာခေါင်းရှုံ့၍ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ဘက် လှည့်သွားသည်။ “ငါ ဒီခွေးကောင်လေးကို မြင်နေရတယ်... လက်သီးစာလေး နာနာကျွေးလိုက်ရမှာ”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သားသတ်ဒယ်အိုးထဲ ခေါင်းဝင်ကြည့်နေ၍ ဖင်ဘူးတောင်း ထောင်နေသော ‌မြေအောက်ဘုံအရှင်လေးထံ လှည့်ကြည့်ကာ ပြန်ဖြေသည်။ “သူ့လောက်ပဲ ကျွေးချင်စရာကောင်းဦးမလား”

ချင်ဖုန်းကျင့်က ဒယ်အိုးအတွင်းရှိ အစာများကို သဲကြီးမဲကြီး ရေနေ၍ သူတို့စကားအား မကြားပေ။

မဟာနေဧကရာဇ်သည် တောင်ပံဖြန့်လျက် အပေါ် တက်သွား၏။ သူက ချင်စာလုံးမြေပြင်အထက်ရှိ ကောင်းကင်ယံကို ခြေသုံးချောင်းဖြင့် ဆုပ်ကိုင်ထားရင်း လင်းနိုကြီးတစ်ကောင်လို တွဲခိုကာ ချင်မူ့မျက်လုံးမှတစ်ဆင့် အပြင်ကမ္ဘာအား လောဘတကြီး ကြည့်နေသည်။

“စောစောက အတောက်ပဆုံးနေက ကျုပ် မွေးခဲ့တဲ့နေရာပဲ... ယွမ်တုရဲ့ တစ်ခုတည်းသော နတ်ဘုရားနေ‌‌ပေါ့”

မဟာနေဧကရာဇ်က တစ်ယောက်တည်း ရေရွတ်နေသည်။ “ကျုပ် မွေးလာတုန်းက ကျုပ်အသံက အပြင်းထန်ဆုံး ၊ အကျယ်လောင်ဆုံး ဖြစ်တဲ့ ပထမဆုံးကျီးကန်းအော်သံပဲ... နေကို ဆွဲပြီး ကောင်းကင်ကို ဖြတ်လာရတဲ့နေ့ရက်တွေကို မှတ်မိပါသေးတယ်....”

ရုတ်တရက် သူ့မျက်လုံးများ အမှောင်ဖုံးသွားသည်။ ချင်မူက မိုးမခသစ်ရွက်ကို ထုတ်၍ သူ၏

တတိယမျက်လုံအးပေါ်သို့ ကပ်လိုက်သဖြင့် အပြင်မြင်ကွင်းအား မမြင်ရတော့ပေ။

“ဖယ်လိုက်စမ်းပါဟ.... မြန်မြန် ဖယ်လိုက်စမ်းပါ”

မဟာနေဧကရာဇ်က ဆက်လက်အော်ဟစ်နေသည်။ “ငါ့မွေးရပ်မြေကို ငါ မြင်ချင်တယ်”

ချိဧကရာဇ်၏ အသိစိတ်အလျဉ်က သူ့ကို ဆွဲချလိုက်သည်။ “သူ အဲ့မှာ တစ်တီတူးနေတာ မမြင်ဘူးလား.... မင်းက ဘာဝင်လုပ်ချင်နေတာလဲ... ငါတို့ ဒီမှာ နေပြီး ခိုလှုံခွင့်ရတာ ကံကောင်းတယ်မှတ်... မင်း ရောင့်မတက်သင့်ဘူး”

မဟာနေဧကရာဇ်က ပြန်ချေပသည်။ “ခင်ဗျားတို့က ခိုလှုံနေတာလေ... ကျုပ်ကတော့ ဒီမှာ အကျဉ်းသားပဲ.... ကျုပ်တို့တွေက မတူဘူး... ပြောကြည့် သူတို့နှစ်ယောက် ကျုပ်တို့ မမြင်အောင် ဘာတွေလုပ်နေမယ်ထင်လဲ”

All Chapters