← Chapters

ပင်လယ်ပြင်ထဲက နဂါးတေးသံ

Vol. 66 Ch. 873

ပင်လယ်ပြင်ထဲက နဂါးတေးသံ

Vol. 66 Ch. 873

ချင်မူက အပြုံးပန်းများ ဝေဆာစွာဖြင့် မရဏတမန်တော်၏လက်ကို မုခ်ဝအတွင်း ပြန်ပို့ကာ ကောင်းကင်အလိုတော်မုခ်ဝအား ပိတ်နေသည်။ “ကောင်းကင်နတ်အရှင်ယွီက သိပ်ကောင်းကောင်းမွန်မွန် ရှိပါတယ်ဗျာ... ကျွန်တော် သူ့ကို ကျောက်စိမ်းမြို့တော်မှာ ထားခဲ့တယ်... အခုလောလောဆယ် ပထမလူသားဧကရာဇ်အပါအဝင် လူသားဧကရာဇ် ၃၅ ယောက်နောက် လိုက်ပြီး ကျင့်ကြအားထုတ်နေတာမလို့ အင်မတန် သန်မာအားကောင်းနေပြီ.... ကျွန်တော် လူသားဧကရာဇ်နေရာကနေ အနားယူရင် သူက သုံးဆယ့်ရှစ်ယောက်မြောက် လူသားဧကရာဇ် ဖြစ်လာလိမ့်မယ်”

မရဏတမန်တော်က ထွက်သွားလိုစိတ်မရှိပေ။ ချင်မူမှာ မုခ်ဝကို အားကုန်ပိတ်လိုက်၍ နောက်ဆုံးတွင် ပိတ်နိုင်သွားသည်။ ထို့နောက် ကောင်းကင်အလိုတော်မုခ်ဝအား ရုပ်သိမ်းလိုက်၏။

“သခင်လေး၊ ပင်လယ်က အနက်ရောင်ဖြစ်သွားပြီ” ယန်အာက ရေပြင်ဆီ ငုံ့ကြည့်ရင်း ပြောသည်။

ချင်မူလည်း ငုံ့ကြည့်လိုက်သည်။ ပင်လယ်ရေမှာ အမှန်တကယ် မည်းနက်သွားပြီး အမှောင်ထုအောက်တွင် စက္ကူလှေတစ်စင်း လွင့်မျောနေသည်။ မရဏတမနတော်က မီးအိမ်မြှောက်၍ ချင်မူ့ဆီသို့ ထွန်းလင်းလိုက်သည်.

နဂါးချီလင်မှာ ရေအောက် မြင်ကွင်းကို ကြည့်၍ ကြက်သီးတဖြန်းဖြန်း ထသွားကာ လေပေါ်သို့ ကမန်းကတန်း ခုန်လိုက်လေသည်။

ချင်မူမှာ မတတ်နိုင်တော့ပေ။ “ကောင်းကင်နတ်အရှင်ရုံ၊ ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားကြည့်လိုက်... ကျွန်တော်ပြောတာ မှန်မှန်၊ မမှန်မှန်‌ တွေ့လိမ့်မယ်... ကျွန်တော့်နောက် လိုက်ရင်း ဒုက္ခခံနေစရာ မလိုပါဘူး”

ပင်လယ်အောက်ရျိ မရဏတမန်တော် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူတို့ဆီသို့ သူ့အသံက ပျံ့လွင့်လာသည်။ “ငါ ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားကြည့်မယ်.. မင်းပြောတဲ့အတိုင်း မဟုတ်လို့ကတော့ မင်းဆီလာပြီး စကားကောင်းကောင်း ပြောကြတာပေါ့”

ထိုအခါမှ ချင်မူ့ခြေထောက်အောက်ရှိ အမှောင်ထု မှေးမှိန်ပျောက်ကွယ်သွား၏။

တခဏလေးအတွင်း ကျောက်စိမ်းမြို့တော်သို့ မရဏတမန်တော် နောက်တစ်ယောက် ရောက်လာသည်။

သေဆုံးသူတို့၏ကမ္ဘာနှင့် သက်ရှိကမ္ဘာကြားတွင် ကွာခြားမှုများ ရှိသည်။ မရဏတမန်တော်အနေဖြင့် သက်ရှိကမ္ဘာထဲသို့ ဝင်ရောက်စွက်ဖက်လိုစိတ် မရှိသောကြောင့် ကိုယ်ထင်မပြဘဲ အမှောင်ထုထဲမှသာ စောင့်ကြည့်နေ၏။

လူသားဧကရာဇ်ခန်းမ၏ လူသားဧကရာဇ်များ ဖက်တီးလေးကို လေ့ကျင့်ပေးနေကြောင်း သူ မြင်နေရသည်။

မရဏတမန်တော်၏မျက်နှာအပေါ်ရှိ အပြုံးမှာ တောင့်တောင့်ကြီး ဖြစ်သွားပြီး သူ့ဘာသာသူ တွေးနေသည်။ “ဒီဖက်တီးလေးက သေချာပေါက် ကောင်းကင်နတ်အရှင်ယွီ မဟုတ်လောက်ပါဘူး”

“လန်ယွီထျန်း၊ လာ သိုင်းကွက်ဖလှယ်မယ်”

အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း လူသားဧကရာဇ်ချီကန်းက သူ၏ကောင်းကင်ရတနာများကို ပိတ်၍ ဖက်တီးလေးအာ စတင်ရိုက်နှက်တော့သည်။ ချီကန်းပြီးနောက် ရီရှန်း၏အလှည့်၊ ရီရှန်းပြီးနောက် လန်ပို၏အလှည့် ဖြစ်သည်။

မရဏတမန်တော်၏မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားပြီး တစ်လောကလုံးအား သတ်ပစ်လိုစိတ်များ တဖွားဖွာ ဖြစ်ပေါ်လာသည်။

ဖက်တီးလေးမှာ ရက်ရက်စက်စက် ရိုက်နှက်ခံနေရသော်လည်း လူသားဧကရာဇ်များက သူ့အသက်အန္တရာယ် ရှိလောက်သည်အထိ စည်းလွတ်ဘောင်လွတ် မတိုက်ခိုက်ပေ။

ရိုက်နှက်ပြီးသည့်အခါ လူသားဧကရာဇ်များသည် လူရုပ်မပေါ်တော့သော ကောင်းကင်နတ်အရှင်ယွီကို ဝိုင်း၍ မည်သည့်သိုင်းကွက်က မှားကြောင်း၊ မည်သည့်နေရာတွင် လွဲနေကြောင်း ထောက်ပြကြ၏။

“လူသားဧကရာဇ်ခန်းမရဲ့ အစဉ်အလာက .... မတိုက်ခိုက်ရင် မအောင်မြင်ဘူး၊ အရိုက်မခံရရင် မင်းက ဘာမဟုတ်မသေးဘူးဆိုတဲ့ အစဉ်အလာပဲ”

“ငါတို့လူသားဧကရာဇ်ခန်းမမှာ အစဉ်အလာနောက်တစ်ခု ရှိသေးတယ်... အဲဒါ မင်း သိုင်းကွက်တွေ တတ်မြောက်သွားရင် မင့်ရဲ့ဆရာကို ပြန်ရိုက်ရမယ်”

“ငါတို့ဆီက မင်း သင်ယူပိုင်ခွင့်မရှိဘူး... ငါတို့က ဆရာ့ကျင့်စဉ်တွေ၊ သိုင်းကွက်တွေကို ဘယ်တော့မှ မသင်ဘူး... ငါတို့အားလုံး ငါတို့ကျင့်စဉ်၊ ငါတို့ကောင်းကင်နတ်သိုင်းကို ငါတို့ဘာသာ ဖန်တီးကြတယ်... မင်း မင်းရဲ့ကိုယ်ပိုင်ကျင့်စဉ်၊ သိုင်းကွက်တွေကို အနိုင်မယူနိုင်ရင် အဲဒီကောင်စုတ်လေးချင်ကို ဘယ်လိုအနိုင်ယူမလဲ”

ဤစကားကို ကြားလျှင် မရဏတမန်တော် စိတ်သက်သာရာရသွားသည်။ သူ့မှာ သူတို့၏ သင်ကြားနေသောပုံစံများနှင့် ပတ်သက်ပြီး သိပ်မပျော်သော်လည်း ရည်ရွယ်ချက်ကတော့ အင်မတန် ကောင်းမွန်လေသည်။

.....

ချင်မူ၊ ယန်အာနှင့် နဂါးချီလင်သည် မရဏတမန်တော် ညွှန်ပြခဲ့သော အရပ်မျက်နှာသို့ ဦးတည်လျက် ခရီးဆက်နေကြ၏။ ဆယ်ရက်ကျော် ခရီးနှင်လာပြီးသော်လည်း နဂါးအရှင်စီရင်စုကို ရှာမတွေ့သေးပေ။ ပင်လယ်ထဲတွင် တစ်ချက်တစ်ချက် ခုန်ထွက်လာသော ငါးများ၊ ရေလှိုင်းများအပ မည်သည့်အရာမှမရှိ ၊ တိတ်ဆိတ်ခြောက်ကပ်နေ၏။ ပင်လယ်ထဲ ဝင်လာသည်က လူသူမရှိသော သဲကန္တာရထဲ ဝင်လာခဲ့သလို ဖြစ်နေရာ သုံးယောက်သား ရူးတော့မည့်အလား ခံစားနေကြရသည်။

နဂါးချီလင်မှာ ပင်လယ်ထက်တွင် ပက်လက်လှန်နေရန်သာ ဆုံးဖြတ်လိုက်ပြီး ချင်မူမှာလည်း သူ့ကို ရိုက်နှက်ရန် အားမရှိတော့ပေ။ သူက နဂါးချီလင်၏ အမြီးကို မြှောက်၍ တရွတ်တိုက် ဆွဲရင်း ရေပြင်ထက်၌ လမ်းလျှောက်သွားသည်။

ပြီးခဲ့သည့်ရက်များအတွင်း ယန်အာသည် ပင်လယ်ငါးများ၊ ပင်လယ်သားရဲများကို စားလိုက်၊ ချင်မူတို့ကို ခွံ့ကျွေးလိုက် လုပ်နေခဲ့သော်လည်း ငြီးငွေ့လာခဲ့၏။ သူမက အသက်မဲ့နေသော မျက်လုံးများဖြင့် ချင်မူ့ပခုံးအပေါ်တွင် ရပ်နေရင်း တစ်ချက်တစ်ချက် ခြေသည်းတစ်ချောင်းဖြင့် သွားကြားထိုးနေတတ်သည်။ သွားကြားထိုးလိုက်တိုင်း ငါးရိုးတစ်ချောင်း ထွက်လာတတ်လေသည်။

ချင်မူ ပိုင်ချွီအာ ဆွဲပေးခဲ့သော မြေပုံကို ဖွင့်လိုက်သည်။ သူက မင်းကို ကြည့်ပြီးနောက် ပင်လယ်ထဲသို့ ပစ်ချလိုက်၏။

ပိုင်ချွီအာ ဆွဲပေးခဲ့သော မြေပုံက လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းမှ ရေပြင်မြေပုံဖြစ်သည်။ ယခုတွင် ရေမြေအနေအထားများ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ အရှေ့ပင်လယ်သည် ပိုင်ချွီအာ မြင်ခဲ့ရစဉ်ကနှင့် မတူတော့ပေ။

ထို့အပြင် ကမ္ဘာဦးဘုံမှာ တစ်ခါ ချိတ်ပိတ်ခံခဲ့ရပြီး ပြန်ပွင့်လာသည့်အခါ ကမ္ဘာလောကကြီး၏ မြေပုံသည်လည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

အထူးသဖြင့် ပင်လယ်များပင်။ ပင်လယ်ကြမ်းပြင်ရှိ တောင်တန်းများ အပြောင်းအလဲက ပို၍ပင်မြင်တွေ့ရခက်လေသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ရှိ ကျွန်းအတော်များများလည်း ပျောက်ကွယ်သွားခဲ့သည့်အတွက် နေရာဆုံးဖြတ်ရန် ပို၍ပင် ခက်လာသည်။

ရုတ်တရက် ချင်မူက ခေါင်းစောင်းကာ အသံအက်အက်ဖြင့် မေးလိုက်သည်။ “မမကြီးယန်အာ၊ သီချင်းသံ ကြားလား”

ယန်အာက အားနည်းစွာ ပြန်ဖြေသည်။ “သခင်လေး၊ နင် နားကြားမှားတာပဲ နေမယ်... သီချင်းဆိုသံက ဘယ်မှာ... အမ် တကယ်ကြီး သီချင်းဆိုသံပဲ”

သူတို့အားလုံး အသံလာရာနောက် လိုက်သွားကြပြီး ခပ်လှမ်းလှမ်းရှိ ပင်လယ်ထက်တွင် ကိုယ်တစ်ဝက် ပေါ်‌နေသော ဧရာမအရိုးစုကြီးတစ်စုအား မြင်တွေ့ကြရ၏။

ဤအရိုးစုကြီးကား နတ်နဂါးတစ်ကောင်၏ အရိုးစုဖြစ်ပေသည်။ ပင်လယ်မှာ အလွန်တရာနက်ပါသော်လည်း နတ်နဂါးကြီး၏အရိုးစုသည် ရေပြင်ထက်၌ တစ်ဝက်ပေါ်နေသေးသည်။ ဤနဂါးကြီး အသက်ရှိစဉ်က မည်မျှကြီးမားမည်ကို ကောင်းကောင်းစိတ်ကူးကြည့်နိုင်ပေသည်။

သီချင်းဆိုသံက ဤအရိုးစုကြီးဘက်မှ ပျံ့လွင့်လာနေခြင်း ဖြစ်သည်။ အနားလျှောက်သွားသည့်အခါ အမှန်တကယ်ပင် ဤနဂါးအရိုးစုကြီး သီချင်းဆိုနေခြင်းဖြစ်ကြောင်း ချင်မူတို့ မြင်လိုက်ရ၏။

နဂါးခေါင်းကြီး၏ပါးစပ်က ပိတ်လိုက်ဖွင့်လိုက် ရှိနေပြီး သီချင်းဆိုသံမှာ ထိုပါးစပ်ဆီမှ ထွက်လာနေသည်။ သို့သော် ဤနတ်နဂါးကြီးမှာ အရိုးစုသာ ဖြစ်ချေရာ အဘယ်သို့ပြု၍ သီချင်းဆိုနိုင်နေသနည်း။

နဂါးသီချင်းဆိုသံက ခပ်ကြမ်းကြမ်း၊ ခပ်ဩဩ ရှိသည်။ ပင်လယ်တေးသံသဖွယ် ထင်ရပြီး သီချင်းသံတွင် စိတ်ဓာတ်ကျမှု၊ ဝမ်းနည်းမှုတို့ ပြည့်နှက်နေ၏။

“သခင်လေး၊ သူ ဘာဆိုနေတာလဲ” ယန်အာမှာ နဂါးစကားကို နားမလည်သဖြင့် မေးလေသည်။

“သူက သူ့မွေးရပ်မြေနဲ့ပတ်သက်ပြီး အင်မတန် ရှေးကျတဲ့ နဂါးဘာသာစကားနဲ့ သီချင်းဆိုနေတာ”

အစောပိုင်းနှစ်များတုန်းက ချင်မူသည် အစစ်အမှန်နဂါးမင်း၏အသိုက်ထဲမှ နဂါးဘာသာစကားကို ထုတ်နုတ်ခဲ့သလို နဂါးဘာသာစကားနယ်ပယ်တွင်လည်း သေသေချာချာ လေ့လာခဲ့ဖူး၏။

“သူ့မွေးရပ်မြေက နဂါးအရှင်စီရင်စုတဲ့”

ချင်မူက နဂါးအရိုးစုကြီး၏ သီချင်းသံကို ဆက်လက်နားထောင်ရင်း ရှင်းပြနေသည်။ “နဂါးအရှင်စီရင်စုက အင်မတန်လှတဲ့ နေရာလို့ သူ ပြောနေတယ်... အဲဒီနေရာမှာ နတ်နဂါးတွေဟာ မြူးထူးဆော့ကစားကြပြီး သိပ်ကို လှပတဲ့ ကျွန်းတွေလည်း အများကြီးပဲတဲ့... ဒီကျွန်းတွေပေါ်မှာ ခမ်းနားလှတဲ့ အဆောက်အဦးတွေ ဆောက်ပြီး ပင်လယ်ပြင်ကို သူတို့အုပ်ချုပ်ကြတယ်... ပင်လယ်မျိုးနွယ်စုတွေဟာ သူတို့ကို အရိုအသေပြုပြီး ပင်လယ်ဒေသထွက် လက်ဆောင်ပဏ္ဍာတွေ၊ ကျောက်မျက်ရတနာတွေ ဆက်သကြတယ်... အဲဒီအတိုင်း နတ်နဂါးတွေဟာ ပျော်ပျော်ရွှင်ရွှင် သင့်သင့်မြတ်မြတ် နေထိုင်ကြတယ်... နတ်နဂါးတချို့က အခြားမြို့တွေဆီ သွားပြီး မိုးခေါ်ပေးနိုင်တဲ့ နဂါးဘုရင်တွေ ဖြစ်လာကြတယ်.... လူသားတွေကလည်း သူတို့ကို သိပ်လေးစားကြည်ညိုကြတယ်တဲ့”

ရုတ်တရက် သီချင်းဆိုနေသော အသံသည် သတ်ဖြတ်လိုစိတ်နှင့်အတူ ကြေကွဲဖွယ်ကောင်းလာပြီး နားမလည်နိုင်ဖြစ်နေသကဲ့သို့ ခံစားချက်လည်း ကိန်းဝပ်နေ၏။

“သူ ပြောနေတာက တစ်နေ့မှာ ကောင်းကင်နတ်ဘုံရဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့တွေ ရောက်လာပြီး သူ့မွေးရပ်မြေကို ဖျက်စီးခဲ့တယ်တဲ့.... နတ်နဂါးမျိုးနွယ်စုဟာ တစ်ကွဲတစ်ပြားဖြစ်ကုန်ပြီး သံကြိုးတွေနဲ့ ချည်နှောင်ခံရရင်း ကျွန်လုပ်ဖို့ ဖမ်း‌ခေါ်သွားခံရတယ်တဲ့... ပြန်တိုက်ခိုက်တဲ့သူတွေကို ခေါင်းဖြတ်သတ်ခဲ့လို့ ပင်လယ်တစ်ပြင်လုံး သွေးချင်းနီရဲသွားတယ်တဲ့လေ.... ကျွန်တွေကိုတော့ သင်္ဘောနဲ့ ခေါ်သွားကြတယ်”

ချင်မူက နဂါးအရိုးစုကြီး၏ သီချင်းသံကို ဆက်လက်နားထောင်ရင်း ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ ယွီလင်နန်း‌‌စောင့်တပ်ဖွဲ့ဟာ သူတို့ရဲ့အသွေးအသားတွေကို ယဇ်ပူဇော်ပြီး ကောင်းကင်နတ်ဧကရာဇ်ဆီ ဆက်သကြရတယ်တဲ့... သူတို့ရဲ့ ဘုရင် နဂါးအရှင်ဘုရင်လည်း ဖမ်းဆီးခံရပြီး ကောင်းကင်နတ်ဘုံမှာ ကျွန်လုပ်ဖို့ ခေါ်သွားခံရတယ်တဲ့လေ... သူ့မွေးရပ်မြေဟာ အဲဒီလို ပျက်စီးသွားပြီး သူလည်း အိမ်ခြေရာမဲ့ ဖြစ်လာခဲ့တယ်... အိမ်ကို လွမ်းလို့ ဒီနေရာဆီ ပြန်လာတဲ့အခါမှာ ဒီနေရာမှာပဲ နေထိုင်နေသေးတဲ့ အဖော်မဲ့ဝိညာဉ်တွေ၊ သရဲတစ္ဆေတွေကို မြင်ရတယ်တဲ့”

နဂါးချီလင်သည် နတ်နဂါးအရိုးစုကြီးကို ချောင်းကြည့်ရင်း ချင်မူ့အနောက်၌ ပုန်းနေ၏။ “ဂိုဏ်းသခင် သူ့မွေးရပ်မြေက ဘယ်မှာလဲ... သူ ဘာကြောင့် ဒီမှာ သေသွားတာလဲ”

နဂါးအရိုးစုကြီးက သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။ မွေးရပ်မြေကို လွမ်းဆွတ်လွန်းသည့် စိတ်ကြောင့်သာ လွမ်းချင်းအား ဆိုနေနိုင်ခြင်း ဖြစ်သည့်အအတွက် သူတို့ကို ပြန်မဖြေနိုင်‌ပေ။

“ဒီနဂါးအရှင်က အရှေ့ပင်လယ်မှာ ချွီအာ ဆုံခဲ့တဲ့တစ်ယောက်များ ဖြစ်နိုင်မလား”

ချင်မူ အတန်ကြာ တွေးပြီးသော် ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ဖြင့် နဂါးအရိုးစုကို ဝိညာဉ်သွင်းရန် ကြိုးစားကြည့်သည်။

ရုတ်တရက် ပင်လယ်ပြင်ထက်ရှိ နဂါးအရိုးစုကြီးသည် ဆူဆူညံညံ တုန်ခါလာ၏။ ရေများက ကောင်းကင်ထက်သို့ မြောက်တက်ကုန်ပြီး နတ်နဂါးအရိုးစုကြီးက ပင်လယ်ထဲမှ ခုန်ထွက်လာသည်။ နတ်နဂါးအရိုးစုသည် မတ်တပ်ထ၍ ပါးစပ်ကြီးဟကာ အော်ဟစ်လေသည်။ “မွေးရပ်မြေ၊ မွေးရပ်မြေ... ငါ နယ်မြေအစိမ်းမှာ အမြှုပ်မခံရချင်ဘူး... ငါ့မွေးရပ်မြေကို ပြန်ချင်တယ်”

ချင်မူက သူ့အောက်၌ ရပ်နေသည်။ ရေများက သူ့ကို ပတ်ပတ်လည်မှ ဝိုင်းထားသော်လည်း ချီစွမ်းအင်ဖြင့် သူ့ကိုယ်သူ ကာကွယ်ထား၏။ ချင်မူ ခေါင်းမော့ကာ ကျယ်လောင်စွာ လှမ်းမေးလိုက်သည်။ “ခင်ဗျားရဲ့ မွေးရပ်မြေက ဘယ်မှာလဲ”

ဝုန်း

နတ်နဂါးအရိုးစုကြီးက ရုတ်တရက် လေပေါ်ခုန်တက်ပြီး အရိုးခန္ဓာကိုယ်ကြီးဖြင့် အဝေးသို့ ပျံသန်းသွားသည်။ သို့သော် ရုပ်ခန္ဓာလည်း မရှိ၊ စွမ်းအားလည် မရှိသောကြောင့် တခဏသာ ပျံသန်းနိုင်လိုက်ကာ ကောင်းကင်ထဲမှ ပြုတ်ကျပြီး ပင်လယ်ထဲ ကျသွားသည်။ ရေများ တဗွမ်းဗွမ်း လွင့်စင်ကုန်ကာ အရိုးစုကြီးလည်း အစိတ်စိတ်အမြွှာမြွှာ ပြန့်ကြဲကုန်တော့သည်။

ချင်မူက ဝိညာဉ်နိုးထစေသော မှော်စွမ်းအင်ဖြင့် ၎င်းကို အသက်သွင်းလိုက်သည်။ တခဏကြာ‌သော် အရိုးစုကြီးသည် ၎င်းဘာသာ ပြန်တည်ဆောက်နေပြီး အလွန်လျင်မြန်စွာပင် မူလအခြေအနေသို့ ပြန်ရောက်သွား၏။ အရိုးစုက ဤတစ်ကြိမ်တွင် မပျံတော့ဘဲ ပင်လယ်ထဲ၌ ကူးခတ်သွားသည်။ သို့သော်လည်း အလွန်မြန်သေးလေသည်။

“မှီအောင် လိုက်”

ချင်မူက နဂါးချီလင်၏ခေါင်း‌ပေါ် ခုန်တက်လိုက်ပြီး နဂါးချီလင်က အရိုးစုနောက် အလျင်အမြန် လိုက်သွားသည်။ နဂါးအရိုးစုမှာ ပင်လယ်ပြင်တစ်လျှောက် ထိုးခွဲရင်း မြန်သထက်မြန်မြန် ကူးခတ်သွားနေသည်။ ရုတ်တရက် သူတို့မျက်စိရှေ့တည့်တည့်မှာတင် နဂါးအရိုးစုကား ပျောက်ကွယ်သွား၏။

“ဒါ ဝင်္ကပါတစ်ခုနဲ့ ဖန်တီးထားတဲ့ မှိုင်းကာတစ်ခုပဲ”

ချင်မူ မှိုင်းကာအထဲ လျှောက်ဝင်သွားသည်။ သူ့မျက်စိရှေ့ရှိ ပင်လယ်ပြင်သည် ရုတ်တရက် ဆုတ်ခွာသွားပြီး ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်။ မရေမတွက်နိုင်သည့် နတ်ဘုရားများသည် နဂါးခေါင်းနှင့် လူခန္ဓာရှိသော နဂါးအရှင်သခင်များကို ဖမ်းဆီး၍ ယဇ်ဓားမများဖြင့် ခေါင်းဖြတ်သတ်နေကြ၏။ ခေါင်းပြတ်များ လိမ့်ဆင်းလာပြီး သွေးတို့က ပင်လယ်တစ်စင်းအဖြစ် အိုင်ထွန်းလာသည်။ သွေးလှိုင်းကြီးများက အပေါ်သို့ မြောက်တက်လာကာ တဝုန်းဝုန်း ရိုက်ခတ်နေကြသည်။

လေထဲတွင် ဧရာမယဇ်ပလ္လင်ကြီးတစ်ဆူ ရှိသည်။ သွေးတို့သည် ပလ္လင်၏ပတ်ပတ်လည်၌ ဝေါခနဲ ဝေါခနဲ စီးဆင်းနေကြ၏။ ဤသည်ကား ဧရာမကြီးမားသော ယဇ်ပူဇော်ပွဲကြီး ဖြစ်ပေသည်။

ယွီလင်နန်းစောင့်တပ်ဖွဲ့၏ နတ်ဘုရားစစ်သူကြီးများနှင့် မိစ္ဆာစစ်သူကြီးများက အဆက်မပြတ် အော်ဟစ်ရင်း အမိန့်များပေးနေကြသည်။ နဂါးအရှင်စီရင်စု၏ ပြည်သူပြည်သားများမှာ ဤယဇ်ပူဇော်ပွဲအတွက် စတေးခံများ ဖြစ်ကြရ၏။ သူတို့၏အသွေးအသားတို့မှာ ကောင်းကင်နတ်ဧကရာဇ်နှင့် ကောင်းကင်နတ်ဘုံ၏ ဝန်မင်းများ၊ အမှုထမ်းများ ၏ အစားအသောက်များ ဖြစ်လာစေရန် အတုံးလိုက်၊ အတစ်များ ခုတ်ဖြတ်ခံကြရလေသည်။

ချင်မူမှာ ငေးငေးငိုင်ငိုင်ဖြင့် ခေါင်းယမ်းနေမိသည်။

ရုတ်တရက် သူ၏မျက်စိအရှေ့ရှိ မြင်ကွင်းများ ပျောက်ကွယ်သွားပြီးနောက် တကယ့်မြင်ကွင်း ပေါ်လာသည်။

စောစောက ယဇ်ပူဇော်ပွဲသည် သမိုင်းပုံရိပ်တစ်ခုသာ ဖြစ်၏။ နဂါးဟန်ခေတ်အတွင်း ဝေစွေ့ဖုန်း ယွီလင်နန်းစောင့်တပ်ဖွဲ့ကို ဦးဆောင်၍ နဂါးဟန်စီရင်စု၏ ပုန်ကန်မှုကို နှိမ်နင်းခဲ့ပြီးနောက် နဂါးစီရင်စု၏ ပြည်သူပြည်သားများအား သတ်ဖြတ်ကာ ကောင်းကင်နတ်ဘုံဆီသို့ ဆက်သခဲ့သည်။

ယခု ပေါ်လာသော မြင်ကွင်းက တကယ့်အရှိတရား၏ မြင်ကွင်း ဖြစ်ပေသည်။

သူ့အရှေ့တွင် မရေမတွက်နိုင်သော နဂါးအရိုးစုကြီးများ ပြန့်ကြဲနေသည်။ အရိုးစများလည်း နေရာအနှံ့ ရှိနေပြီး ပြိုကျနေသော နဂါးနန်းတော်အတွင်း၌ တစ္ဆေမီးတောက်များ လောင်မြိုက်နေသည်။ ထိုမီးတောက်တို့သည် အရိုးဖြူဖြူများကို စွေ့သယ်ကာ မတ်တပ်ရပ်၍ လမ်းလျှောက်သွားနိုင်စေ၏။

ဤနေရာကား ငရဲကမ္ဘာနှင့် ဆင်သည်။ လေထဲတွင် နဂါးအရိုးစုကြီးများသည် တစ္ဆေမီးတောက်များ တမြေ့မြေ့ လောင်စွဲလျက် သွားလာနေကြ၏။ မြို့ထဲရှိ စျေးများတွင်လည်း စည်ကားသိုက်မြိုက်နေဆဲ ဖြစ်ပြီး နဂါးအရိုးစုများ လျှောက်သွားနေကြသည်။ တစ္ဆေစျေးကို ချင်မူကိုယ်တိုင် မျက်မြင်တွေ့နေရလေသည်။

ထိုနဂါးအရိုးစုများက နဂါးမြို့အတွင်း၌ ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေကြသလို၊ ကုန်များ သယ်ယူနေကြသည်။ သူတို့ကား အသက်ရှင်နေသေးသည့်အလားပင်။

အပေးအယူလုပ်နေသော အသံများကိုပင် ချင်မူ ကြားနေရ၏။

ချင်မူက နဂါးချီလင်နှင့် ယန်အာကို နဂါးစီရင်စုထဲသို့ ခေါ်သွားသည်။ ဧရာမနတ်နဂါးကြီးများနှင့် ယှဉ်လျှင် နဂါးချီလင်သည် အကောင်ပေါက်စလေးနှင့် တူ၏။ သူ ရုပ်သွင်အစစ်သို့ ပြောင်းလိုက်လျှင်ပင် ဤနေရာတွင် သေးညှက်လွန်းသည်ဟု ဆိုရလိမ့်မည်။

ရှေးခေတ်၏ နတ်နဂါးတို့သည် တိုးတက်စည်ပင်သော လူမှုအဆင့်အတန်းတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ဤနေရာတွင် စီရင်စုတစ်စုတဖြစ်လဲ နိုင်ငံတစ်နိုင်ငံပမာ တည်ဆောက်နိုင်ခဲ့သည်။ ချင်မူက လမ်းလျှောက်နေသော ဧရာမနဂါးကြီးများအကြား၌ ရပ်လျက် သူတို့၏ လွတ်လပ်ပျော်ရွှင်နေသော ဘဝများကို စောင့်ကြည့်နေသည်။

သို့သော် ဤမြင်ကွင်းက အလွန်ထူးဆန်းလေသည်။

ထို့နောက် သူတို့ကို နဂါးစီရင်စုဆီသို့ ခေါ်လာခဲ့သော နဂါးအရိုးစုကြီးပင် မြင်ရသည်။ ၎င်းသည် ပြန်လည်မွေးဖွားလာသကဲ့သို့ နဂါးခေါင်း၊ လူကိုယ် နဂါးအရှင်သခင်အဖြစ် ပြောင်းလဲလျက် ပျံဝဲနေ၏။

ချင်မူ့မျက်လုံးထဲတွင် သူ မြင်မြင်ရသမျှမှာ အရိုးဖြူဖြူများသာ ဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့၏မျက်လုံးထဲတွင် နဂါးအရှင်စီရင်စုကား ရှင်သန်နေသော နေရာဖြစ်သလို ၊ နဂါးအရှင်သခင်များလည် အသက်ရှင်နေသေးလေသည်။

နဂါးအရှင်မှာ ရွေ့လျားနေသော အရိုးစုများကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်နေသည်။ ၎င်းမှာ သေလူဖြစ်သည်ကို သတိမထားမိသလို ၎င်း၏မျိုးနွယ်ဝင်များ သေနေကြသည်ကိုလည်း မသိပေ။

ဤနေရာရှိ အရာအားလုံးသည် မတရားသဖြင့် သေဆုံးသွားသော နဂါးအရှင် ဖွဲ့တည်ထားသော ကမ္ဘာသာ ဖြစ်သည်။ ယခုတွင် ဤနဂါးအရှင်မှာ ၎င်း၏မွေးရပ်မြေသို့ ပြန်ရောက်လာ၍ စိတ်အစွဲတို့မှ လွတ်‌မြောက်သွာကာ အေးချမ်းစွာ သေဆုံးနိုင်ပေတော့မည်။

“ဂိုဏ်းသခင်၊ သူတို့က သေသွားပြီဆိုတာ မသိကြဘူးလား” နဂါးချီလင်က တအံ့တဩ မေးလေသည်။

ချင်မူက ပြန်မဖြေနိုင်ခင် ရုတ်တရက် နဂါအရှင်စီရင်စုထဲရှိ နတ်နဂါးအားလုံး သူပြောသည်ကို ကြားသွားကြဟန်တူပြီး နဂါးချီလင်ဆီသို့ ပြိုင်တူလှည့်ကြည့်ကြသည်။

နဂါးချီလင်မှာ လန့်ဖျပ်သွားပြီး အမြီးကုပ်လျက် ချင်မူ့နောက်ထဲ ဝင်ပုန်းကာ ကြောက်လန့်တုန်ရီနေတော့သည်။

ဝေါ

လေဆင်နှာမောင်းကြီးတစ်လုံး သူတို့ဆီ တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်စက္ကန့်အတွင်း အုံးအုံးကြွက်ကြွက်ထ စည်ကားနေခဲ့သော နဂါးအရှင်စီရင်စုထဲရှိ အရိုးစုအားလုံး တဝုန်းဝုန်း ပြိုကျကုန်တော့သည်။ အရိုးစများ လွင့်စင်ပြိုကွဲကုန်ပြီး သူတို့၏မျက်လုံးအတွင်းရှိ တစ္ဆေမီးတောက်များ ငြိမ်းသေကုန်၏။ မတ်တပ်ရပ်နေသော နဂါးအရှင်သခင်တစ်ယောက်မှ မရှိတော့ပေ။

သူတို့သည် အစတုန်းက သေဆုံးသွားမှန်း မသိကြသော်လည်း နဂါးချီလင်၏ စကားကြောင့် သတိထားမိသွားသည်နှင့် သူတို့၏ဝိညာဉ်များမှာ အရိုးစုများကို မထိန်းချုပ်နိုင်တော့ပေ။ နဂါးအရှင်စီရင်စုတစ်စုလုံး ရုတ်ခြည်းဆိုသလို သေဆုံးသွားချေပြီ။

အရိုးဖြူဖြူများ ပြိုကွဲနေသည့် အသံတို့ ရပ်တန့်သွားသည့်အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သည့်အသံမှ မကြားရတော့ပေ။

ကောင်းကင်သည် တစတစ မည်းမှောင်လာ၏။

ခပ်သဲ့သဲ့ သက်ပြင်းချသံ ထွက်လာပြီး မီးတောက်မီးလျှံများ ဖွဲ့တည်လာသည်။ မရေမတွက်နိုင်သော စက္ကူလှေများသည် ယိုတုထဲမှ ရွက်လွှင့်လာကြပြီး လှေဦးတွင် မရဏတမန်တော်များ ရပ်နေကြသည်။

ချင်မူ အရိုအသေပေးလိုက်သည့်အခါ မရဏတမန်တော်များလည်း အရိုအသေပြန်ပေးသည်။

“ဒီနေရာက နဂါးအရှင်သခင်တွေ သေဆုံးသွားတာ နှစ်တစ်သန်းနီးပါး ရှိပြီ... သူတို့ကိုယ်သူတို့ သေသွားမှန်း မသိကြမလို့ သူတို့ဝိညာဉ်တွေက ဒီနေရာမှာပဲ နေထိုင်ပြီး ထွက်မသွားချင်ကြတာပဲ”

မရဏတမန်တော်တစ်ယောက်က ချင်မူ့ကို ရှင်းပြနေသည်။ “အရင်တုန်းက သူတို့ရဲ့ အသက်ရှင်ချင်တဲ့စိတ်က အင်မတန်မှ ပြင်းထန်တော့ ငါ သူတို့ဝိညာဉ်တွေကို လမ်းပြဖို့ ဒီနေရာဆီ ဝင်လို့မရခဲ့ဘူး... ဒါပေမဲ့ အခုတော့ သူတို့ကိုယ်သူတို့ သေသွားမှန်း သိပြီဆိုတော့ ငါ သူတို့ကို ယိုတုဆီ လမ်းပြဖို့ ဝင်လာနိုင်ပြီ”

ချင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။ အရိုးစုအများစုသည် ခေါင်းများဖြတ်ခံထားရ၍ နဂါးခေါင်းများက မြေပြင်ပေါ်တွင် ပြန့်ကြဲနေ၏။ သူ မျက်မှောင်ကြုတ်သွားကာ အက်ကွဲကွဲအသံဖြင့် မေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ရုံ၊ နဂါးဟန်ကောင်းကင်နတ်ဘုံ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးချုပ် ဝေစွေ့ဖုန်းက ကျွန်တော့်ရဲ့ ဆရာတူအစ်ကိုကြီးပါ... သူက တကယ်ပဲ ရက်စက်တာလား... နဂါးအရှင်မျိုးနွယ်နဲ့ နဂါးအရှင်စီရင်စုကို မျိုးတုံးသတ်စရာ လိုလို့လား”

“ဝေစွေ့ဖုန်းက ရက်စက်တာမဟုတ်ဘူး”

မရဏတမန်တော်က ဆက်ပြောသည်။ “ရက်စက်တာက နဂါးဟန်ကောင်းကင်ဘုံတစ်ဘုံစလုံးပဲ”

ချင်မူ မှင်သက်သွား၏။

“ပုန်ကန်တဲ့မျိုးနွယ်စု ဒါမှမဟုတ် စီရင်စုတစ်စုကို ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်နတ်ဧကရာဇ်ဆီ ပူဇော်သလို ဆက်သတာဟာ.... နဂါးဟန်ခေတ်မှာ မထူးဆန်းဘူး”

မရဏတမန်တော်သည် ဆက်ရှင်းပြ၏။ “ယွီလင်နန်းစောင့်တပ်ဖွဲ့တွေက ပုန်ကန်မှုတွေကို နှိမ်နင်းပြီး နဂါးအရှင်စီရင်စုကို ချေမှုန်းခဲ့တယ်... မျိုးနွယ်စုတစ်စုလုံး၊ စီရင်စုတစ်စုလုံးကို သတ်ဖြတ်ပြီး ကောင်းကင်နတ်ဧကရာဇ်ဆီ ဆက်သတယ်... ကောင်းကင်နတ်ဧကရာဇ်က အသားစားပွဲတော်ကြီး ကျင်းပတယ်... ဒါဟာ အဲဒီခေတ်မှာ ပုံမှန်ပဲ... မင်းရဲ့အစ်ကိုကြီးက သူရောက်သွားတဲ့အချိန်ကာလရဲ့ ဓလေ့တွေကို လိုက်နာနေရုံသက်သက်ပဲ... သူ့အနေနဲ့ ဘာကိုမှ မပြောင်းလဲနိုင်ဘူး.. ပြောင်းလဲလိုက်ရင် သူက လူထူးဆန်းဖြစ်သွားလိမ့်မယ်... နဂါးဟန်ကောင်းကင်နတ်ဘုံတစ်ဘုံစလုံးမှာ ဒီလိုအရာမျိုးတွေ မကြာခဏ ဖြစ်လေ့ရှိတယ်... ဘာကြောင့် ကောင်းကင်နတ်ဧကရာဇ် သေခဲ့ရတာလဲ... ဘာကြောင့် ကောင်းကင်မဟာမိတ်အဖွဲ့က သူ့ကို အားသွန်ခွန်စိုက် လုပ်ကြံခဲ့တာလဲ... ဒါက အကြောင်းရင်းပဲ”

ချင်မူ၏ဆံပင်မွှေးများ ထောင်သွားသည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကား မတရားသဖြင့် သေခဲ့ရခြင်းမဟုတ်ပေ။

All Chapters