အခန်း (၇၆၆)
Vol. 52 Ch. 766
“အစက ဒီကိစ္စကိုပြီးသွားပြီလို့ကျုပ်ထင်ခဲ့တာ.. မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်သုံးနှစ်ကကုန်သွားခဲ့တယ်.. ဒါပေမဲ့..လွန်ခဲ့တဲ့ခုနှစ်နှစ်က အဲ့ညမှာ အဲ့တာက အဋ္ဌမမြောက်လပြည့်ဆယ့်ငါးရက်နေ့
ဆိုတာကိုကျုပ်မှတ်မိနေသေးတယ်.. အဲ့ညက လဝန်းကအပြည့်ကိုသာနေတာ”
“အဲ့နေ့အတောအတွင်းမှာ မြို့အရှင်တုလူက သူ့အနေနဲ့ တစ်ခုခုဆိုးရွားတာဖြစ်တော့မှာလိုမျိုး စိုးရိမ်ပူပန်ရတဲ့ခံစားချက်မျိုးရနေတယ်လို့ ကျုပ်ကိုပြောခဲ့တယ်”
“အဲ့အချိန်တုံးက ကျုပ်အဲ့တာကို အာရုံမထားခဲ့ဘူး. လက်တလောကွမ်းရှန့်မြို့မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့အလုပ်များပြီး သူအားအင်ကုန်ခမ်းပင်ပန်းနွမ်းနယ်နေ
တာလို့ပဲကျုပ်ထင်ခဲ့တာ”
“အဲ့ညက ကျုပ်တို့တွေ ကွမ်းရှန့်မြို့ရဲ့မြို့အရှင်သခင်အိမ်တော်
ထပ်ကလပြည့်ဝန်းကိုကြည့်ရှုခံစားရင်းဝိုင်သောက်သုံးဖို့စီစဉ်ခဲ့တယ်”
“ဒါပေမဲ့အဲ့ည လပြည့်ဝန်းပေါ်လာတဲ့အချိန်မှာ ကျုပ်သူ့ကိုမတွေ့ခဲ့ဘူး. ကျုပ်တစ်ယောက်ယောက်ကိုမေးတော့မဲ့အချိန်မှာ သူ့ဇနီးကအပြေးလာပြီး မြို့အရှင် ကမြေအောက်ခန်းထဲကလျှို့ဝှက်အခန်းထဲမှာ သူ့ကိုယ်သူ သော့ခတ်ထားတယ်လို့ ကျုပ်ကို လာပြောတယ်”
“ဒီသတင်းကိုကျုပ်ကြားတော့ အလျှင်အမြန်သွားခဲ့တယ်.. အဲ့အချိန်မှာ သူ့သားသုံးယောက်ကလည်းအဲ့မှာရှိနေတယ်.. ဒါပေမဲ့ ကျုပ်တို့ဘယ်လောက်ပဲ သူ့ကိုအော်ပြောပါစေ သူက လုံးဝမတုန့်ပြန်ခဲ့ဘူး”
“ကျုပ်တို့တွေသူ့ကို အပြင်ကနေနာရီဝက်လောက်အထိ
အော်ပြောခဲ့တယ်”
“အဲ့အချိန် ရုတ်တရက်ကြီး ထူးဆန်းပြီးအေးစိမ့်တဲ့လေပြင်းက မြေအောက်လျှောက်လမ်းတစ်လျှောက်တိုက်ခတ်လာတာကို ကျုပ်တို့ခံစားခဲ့ရတယ်။. ထူးဆန်းတဲ့အော်ငိုသံခပ်သဲ့သဲ့ကိုလည်း ကျုပ်တို့တွေကြားလိုက်ရတယ်.. အဲ့အသံက လူသားတစ်ယောက်ရဲ့အသံနဲ့လုံးဝကိုမတူဘူး”
“အဲ့နောက်မှာ ကျောက်တုံးအခန်းထဲကနေ မြို့အရှင်တုကူရဲ့ ကျယ်လောင်စွာအော်သံကိုကျုပ်တို့ကြားခဲ့ရတယ်.. အဲ့အသံကသူအရမ်းကို နာကျင်နေတဲ့အသံမျိုးပဲ”
“အဲ့တာကြောင့်ကျုပ်တို့တွေဘာကိုမှ
ဂရုစိုက်မနေတော့ဘဲ.. ကျောက်တုံးခန်းရဲ့ကျောက်တံခါးကိုတိုက်ရိုက်ဖျက်ဆီးဖွင့်လိုက်တယ်.. ဒါပေမဲ့ကျုပ်တို့ အခန်းထဲကိုဝင်သွားတဲ့အချိန်မှာ ကျောက်တုံးခန်းထဲမှာဘာမှရှိမနေတာ
ကိုတွေ့ခဲ့ရတယ်.. အဲ့မှာလူတစ်ယောက်ရဲ့အရိပ်တောင်ရှိမနေဘူး.. မြို့အရှင်တုကူက ဒီအတိုင်းလေထဲမှပျောက်ကွယ်သွားတာ”
“မြို့အရှင်တုကူပျောက်ကွယ်သွားတဲ့နောက်ကိုလိုက်ပြီး ဖော်ပြမရနိုင်တဲ့အသံနဲ့ လျှောက်လမ်းကထူးဆန်းတဲလေအေးကလည်း ပျောက်ကွယ်သွားတယ်”
“သူ့ရဲ့ဒုတိယသားက ကျောက်တုံးခန်းထဲကနေ အနက်ရောင်အမွှေးရှည်သုံးခုကို မြင်တွေ့ခဲ့တယ်..အဲ့အမွှေးရှည်တွေက သူတို့တွေရှေးဟောင်းအမွေအနှစ်ထဲကိုဝင်သွားတုံးက သူတို့ရဲ့ကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့အနက်ရောင်အမွှေးတွေနဲ့ တစ်ထေရာတည်းတူညီနေတယ်”
“အဲ့နောက်မှာ ထျန်းဝေ့မြို့အရှင်သခင် မာထျန်းယွမ်ပျောက်ကွယ်သွားတာကိုလည်းကျုပ်တို့ကြားခဲ့ရတယ်..ထျန်းဝေ့မြိုကိုစုံစမ်းဖို့အတွက်လည်းကျုပ်လူလွှတ်ခဲ့တယ်.. အဲ့နေ့က နီညိုရောင်တံခါးကိုထိခဲ့တဲ့ ထျန်းဝေ့မြို့က အခြားကျွမ်းကျင်သူတစ်ဦးလည်း အဲ့ညမှာဆန်းကြယ်စွာပျော်ကွယ်သွားတယ်”
“သိပ်မကြာခင်မှာပဲ.. ထျန်းဟွမ်မြို့အရှင်သခင် လန်အောင်းယွဲ့ကလည်း မြောက်ပိုင်းဒေသကြီးထဲကနေရုတ်တရက်ပျောက်ကွယ်သွားတယ်..လွန်ခဲ့တဲ့ခုနှစ်နှစ်ကသူတို့ပျောက်ကွယ်သွားကြတာ..သူတို့အခုဘယ်မှာလဲ ဘယ်သူမှမသိသလို သူတို့သေပြီလားရှင်သေးလားဆိုတာကိုလည်းဘယ်သူမှမသိဘူး.. ဒီနေ့အထိတိုင် အချိန်ခုနှစ်နှစ်သာကုန်ဆုံးသွားတယ်.. သူတို့နဲ့ပက်သက်ပြီးဘာသတင်းမှမရသေးဘူး.
.ဟူး..”
နောက်ဆုံးစကားအရောက်၌ လီရှင်းက သပ်ပြင်းရှည်တစ်ချက်ချလိုက်သည်။
ဤအချိန်တွင်အရာအားလုံးက ရှေးဟောင်းအမွေအနှစ်နှင့် ထိုနေရာရှိနီညိုရောင်တံခါးတို့နှင့်ဆက်နွယ်
နေသည်ကိုရှစ်ဖုန့်ဖြည်းဖြည်းချင်းနား
လည်လာသည်။
“နီညိုရောင်တံခါး”
နီညိုရောင်တံခါးနှင့် လီရှင်ပြောခဲ့သည်များကိုတွေးနေရင်း ရှစ်ဖုန့်သူ၏ခေါင်းကိုငုံ့လိုက်ကာ သူ၏လက်တို့ကိုကြည့်လိုက်သည်။ သေခြင်းတားမြစ်နယ်မြေ၌သူ၏လက်များကလည်း နီညိုရောင်တံခါးများကိုထိခဲ့သည်ဖြစ်သည်။
ထိုအချိန်၌ သေခြင်းတားမြစ်နယ်မြေထဲမှထွက်ခွာပြီး
သည့်နောက်အဆင်ပြေပြီဟုသူထင်ခဲ့သည်။ လန်အောင်းယွဲ့၊လီရှင်းပြောခဲ့သောကွမ်းရှန့်မြို့အရှင်သခင်တို့ကဲ့သို့သူအဆုံးသတ်ရမည်လားဆိုသည်ကို သူမသိချေ။
“အဲ့အချိန်ကြလို့ အကယ်၍ ထူးဆန်းတဲ့တစ်စုံတစ်ခုကငါ့ကိုလာရှာရင် ငါအဆင်ပြေမှာပါ.. အဲ့အချိန်ကြရင် ဒီသခင်လေးကအဲ့သောက်အရာကိုဖျက်ဆီးပစ်မယ်..”
ရှစ်ဖုန့်ကစိတ်ထဲမှအေးစက်စွာပြောလိုက်သည်။
ထို့အပြင်သူ၏တပည့်ဖြစ်သူလန်အောင်းယွဲ့
သေသည်ဖြစ်စေရှင်သည်ဖြစ်စေ သူ့အနေဖြင့် ၎င်းအားရှာဖို့လုပ်ရမည်ဖြစ်သည်။
“ဒီသခင်လေး ကံကြမ္မာတောင်ကိုသွားကိုသွားရမယ်.. အကယ်၍အဲ့သူတောင်းစားအိုကြီးက ဒီသခင်လေးကိုငြင်းခဲ့ရင် ဒီသခင်လေးသူ့ကိုအတင်းအကျပ်လုပ်ရမယ်”
ထို့နောက်ရှစ်ဖုန့်ကသူ၏လက်တို့မှအကြည့်ကိုဖယ်လိုက်ပြီး သူ၏ရှေ့ရှိလီရှင်းကိုကြည့်ကာပြောလိုက်သည်။
“ကောင်းပြီ.ခင်ဗျားသွားလို့ရပြီ”
“တကယ်လား”
ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် လီရှင်းရုတ်ခြည်းပျော်ရွှင်သွားသည်။ သူ၏ပခုံးထက်မှလေးလံသောဝန်ထုပ်ကြီး
ပေါ့ကျသွားသလိုခံစားလိုက်ရ၏။
သို့သော်ထို့နောက်တွင် လီရှင်း “မင်းသွားလို့ရပြီ” ၏ အခြားအဓိပ္ပါယ်တစ်ခုကိုတွေးမိပြန်သည်။အချိန်အများစုတွင် သူသိချင်တာကိုသိသွားရသောသူက အခြားသူအား “ကောင်းပြီမင်းသွားလို့ရပြီ”ဟု ပြောလိမ့်မည်ဖြစ်သည်။
လီရှင်းက အချိန်မရွေးဖျက်ဆီးရန်အသင့်ပြင်ထားသည်။ သူက ပျံသန်းထွက်ခွာရန်အတွက်ပြတင်းတံခါးဆီသို့ဖြည်းညှင်းစွာဆုတ်ခွာနေသည်။ သို့သော်သူပြတင်းတံခါးနားသို့ရောက်
သောအခါတွင် လူငယ်ကသူ့အားဘာမှမပြုလုပ်သည်ကိုသူတွေ့လိုက်ရသည်။
သူ၏နှလုံးသားထဲ၌ရုတ်ခြည်းပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွား၏။ သူ၏ကိုယ်အားရုတ်တရက်လှုပ်ရှားမှုနှင့်အတူ လေကိုထိုးခွင်းပြီးညကောင်းကင်ယံထဲသို့ဦးတည်လိုက်သည်။ ညကောင်းကင်ယံထဲသို့ရောက်သောအခါမှသာ သူတကယ်လုံခြုံသွားပြီဖြစ်သည်ကို လီရှင်း သိလိုက်သည်။ သူ၏ကိုယ်က လီအိမ်တော်ရှိရာသို့ တစ်ဟုန်ထိုးဆက်လက်ပျံသန်းနေသည်။
ယနေ့ည၌သူလွန်စွာနာကျင်ရသောညှင်းပန်းနှိပ်စက်မှုကိုခံစားရရုံသာမက သူကြောက်ရွံ့ခဲ့ရသည်။ သူအိမ်သို့အမြန်ဆုံးပြန်ပြီးသူ၏ခွန်အား
ကိုဖြည့်တင်းရမည်ဖြစ်သည်။
လီရှင်းထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က ဖြည်းဖြည်းချင်း အသိပြန်ဝင်လာသည်။
အဆုံးသတ်၌ အရာအားလုံးကစွမ်းအားသာဖြစ်သည်။
အကယ်၍ သူ့၌သာ အရာအားလုံးအားဖိနှိပ်နိုင်သည့်စွမ်းအားမျိုးရှိနေလျှင် သူ့အနေဖြင့်ဘာထူးဆန်းသောသတ္တဝါကိုမှဂရုစိုက်နေဖို့မလိုပေ။ သူ့အနေဖြင့်၎င်းတို့အားချေမွပစ်လိုက်ရုံ
သာဖြစ်သည်။
သူ့အနေ့ဖြင့်ဘိုးဘေးရှစ်ရွှယ်သူ၏တပည့်များအားလက်စားချေမည်ကို ဂရုစိုက်ဖိုလိုလိမ့်မည်မဟုတ်ပေ။ သူက၎င်းတို့အားဖျက်ဆီးလိုက်ရုံသာဖြစ်သည်။
“စွမ်းအား..စွမ်းအား”
ယခုအချိန်၌သူ့အနေဖြင့်သူ့ကိုယ်သူအရမ်း
အားနည်းနေသေးသည်ဟုခံစားရသည်။
အချိန်တို့ဖြည်းညှင်းစွာကုန်ဆုံးသွားပြီး ညပင်တော်တော်လေးနောက်ကျနေပြီဖြစ်သည်။
ရှစ်ဖုန့်ကအခန်းထဲရှိသစ်သားကုတင်ထက်တွင်ထိုင်လိုက်ပြီး သူ၏ခြေထောက်တို့အားတင်ပျည်ချိတ်ကာ ကျင့်ကြံခြင်းအခြေအနေသို့ဝင်ရောက်လိုက်သည်။
သူ၏အစီအစဉ်ကဤနေရာ၌သူ၏တစ်နေ့တာ
အချိန်ကို ဖြုန်းရန်ဖြစ်သည်။မနက်ဖြန်တွင်သူ့အနေဖြင့်ရှစ်လင်ရို့နှင့်အတူ နေရာကူးပြောင်းအစီအရင်ကိုသုံးပြီး ကံကြမ္မာတောင်သို့အပြင်းနှင်မည်ဖြစ်သည်။
ညအချိန်ကတိတ်တဆိတ်ကုန်ဆုံးသွား၏။ နောက်တစ်နေ့အာရုံတက်ချိန်တွင် ရှစ်ဖုန့်ကတံခါးခေါက်သံကိုကြားလိုက်ရသည်။
ရှစ်ဖုန့်ကသူ၏မျက်လုံးတို့အားဖွင့်လိုက်ပြီး ကျင့်ကြံခြင်းအခြေအနေမှနိုးထလာသည်။နောက်ကျိနေသာ မီးခိုးရောင်ချီမျှင်တန်းတစ်ခုက ရေတံခွန်မှရေကဲ့သို့ပါးစပ်အပြည့်ထွက်လာသည်။
ရှစ်ဖုန့်ကကုတင်ထက်မှထလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။ ရုတ်ခြည်း လုံးကြီးပေါက်လှဖြစ်ကာလှပသောမျက်နှာလေးကိုပိုင်ဆိုင်ထားသည့် လှပသော အဖြူရောင်ပုံရိပ်တစ်ခုကို သူမြင်တွေ့လိုက်ရသည်။
ရှစ်ဖုန့်တံခါးဖွင့်သည်ကိုမြင်ရသောအခါတွင်ရှစ်လင်ရို့က သူ့အားခပ်ယဲ့ယဲ့ပြုံးပြသည်။
“မင်းနိုးလာပြီပဲ”
ရှစ်ဖုန့်ကတည်ငြိမ်စွာပင်ပြောလိုက်သည်။
“အင်း”
ရှစ်လင်ရို့က ပေါ့ပါးစွာခေါင်းညိမ့်လိုက်သည်။
“မင်းနိုးလာမှတော့ မနက်စာစားပြီးရင် ကွမ်းရှန့်မြို့နေရာကူးပြောင်းအစီအရင်ဆီကို
သွားကြတာပေါ့”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကောင်းပြီ”
ထို့နောက်ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့က အောက်ထက်သို့အတူတူဆင်းလိုက်သည်။ သူတို့နှစ်ယောက်သား စားပွဲတစ်ခုတည်းတွင် ထိုင်လိုက်ကြပြီး နံနက်စာကိုမှားစားလိုက်သည်။ ရှစ်ဖုန့်ကကျသင့်ငွေကိုပေးချေပြီးနောက် သေရည်ဆိုင်ထဲမှလျှောက်လှမ်းထွက်လာသည်။
နံနက်ခင်းစောစောတွင် ကွမ်းရှန့်မြို့က ပျားပန်းခပ်လှုပ်ရှားကာသက်ဝင်စည်ကားနေသည်။ လမ်းဘေးဈေးသည်များက လမ်းများ၏ဘေးတစ်ဖက်တစ်ချက်စီတွင်နေရာယူထားကြပြီး အော်ဟစ်ရောင်းချနေသောအသံများကိုကြားရနိုင်သည်ဖြစ်သည်။ ကွမ်းရှန့်မြို့ရှိလူများက နေ့သစ်တစ်ခု၏ဘဝသစ်တစ်ခုကိုစတင်
နေကြသည်။
“သကြားသီးချောင်းတွေရမယ်..ချိုပြီးကြွပ်ရွတဲ့ သကြားသီးချောင်းတွေရမယ်. အရသာရှိပြီး အရမ်းကိုချိုမြတယ်နော်”
“ပန်ကိတ်တွေရမယ်.. အရသာရှိပြီးစားလို့အရမ်းကောင်းတဲ့ပန်ကိတ်
အကြီးကြီးတွေရမယ်နော်”
ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့ လူသိပ်မများသေးသော လမ်းမထက်တွင် ဆိတ်ငြိမ်စွာလျှောက်လှမ်းနေပြီး ဤအခိုက်အတန့်၏ငြိမ်းချမ်းမှုကိုခံစားနေသည်။ သူတို့က သာမန်လူတို့၏ ငြိမ်ချမ်းမှုအပြည့်နှင့်ဘဝကို နှစ်သက်ပြီးရင်းနှစ်သက်လာသည်။
“ခဏလေး”
ဤအချိန်တွင် ရှစ်လင်ရို့က ရှစ်ဖုန့်အားအလျှင်အမြန်ခေါ်ပြောလိုက်သည်။
“ကျွန်မကိုဒီမှာခဏလေးစောင့်ပါ.ကျွန်မ
မကြာခင်ပြန်လာခဲ့မယ်”
“အိုး..သွားပါ”
ရှစ်ဖုန့်ကအေးအေးဆေးဆေးပင်ပြန်ဖြေလိုက်သည်။
ထို့နောက်ရှစ်လင်ရို့က ကလေးငယ်တစ်ဦးကဲ့သို့ သကြားသီ’ချောင်းများရောင်းသောအသည်
ထံသို့ပြေးသွားပြီးနံနက်ခင်း၏ဆည်းလည်းသံကဲ့သို့ကြည်လင်သာယာသောအသံမျိုးဖြင့် ပြောလိုက်သည်။
“ဒီသကြားသီးချောင်းတွေကိုဘယ်လိုရောင်း
လဲဟင်”