အခန်း (၇၆၇)
Vol. 52 Ch. 767
ရှစ်လင်ရို့ရှစ်ဖုန့်၏ဘေးနားသို့ပြန်ရောက်လာသောအခါတွင် သကြားသီးချောင်းတံစို့နှစ်ခုကို ကိုင်ထားသည်။ ထို့နောက်သူမက တစ်ခုအားရှစ်ဖုန့်ကိုပေးလိုက်ပြီး ပြုံးလိုက်၏။
“ရော့”
“သကြားသီးချောင်း”
ရှစ်ဖုန့်ကပြုံးကာတီးတိုးရေရွတ်လိုက်သည်။ သို့သော် သူမ၏ကောင်းမွန်သောရည်ရွယ်ချက်အား ငြင်းပယ်ခြင်းမပြုဘဲ လှမ်းယူလိုက်၏။
ရှစ်ဖုန့်ကသကြားသီးချောင်းတံစို့ကိုယူလိုက်သည်ကို မြင်တွေ့ပြီးနောက် ရှစ်လင်ရို့က စတင်စားလိုက်သည်။ သူမက၎င်း၏တစ်ဝက်ကိုကိုက်လိုက်ပြီး နောက်ပြောလိုက်၏။
“အင်း…..ချိုပြီးချဉ်တင်တင်လေး .အရမ်းအရသာရှိလိုက်တာ..”
သူမ၏လှပသောမျက်နှာထက်ရှိ အသက်ဝင်သောမျက်လုံးတို့က တစ်ဝက်မှိတ်ထား၏။ သူမကစကားပြောနေသကဲ့သို့ သူမ၏ပုံစံက အရမ်းပျော်ရွှင်ပြီး ယစ်မူးသာယာနေသည့်ပုံပေါ်သည်။
ရှစ်ဖုန့်က ရှစ်လင်ရို့၏အခြားသောပုံစံတစ်ဖက်ခြမ်းကိုကြည့်နေရင်းသူ၏ခေါင်းကိုခါယမ်းကာပြုံးလိုက်သည်။ သူက သူ၏လက်ထဲရှိသကြားသီးချောင်းကို ကြည့်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။ ၎င်းကတကယ့်ကိုချိုပြီးချဉ်ပြုံးပြုံးလေးဖြစ်သည်။ အရသာကတော်တော်လေးကောင်းမွန်သည်ဖြစ်၏။
ထို့နောက်ရှစ်ဖုန့်က ဤနုနယ်လှပကြည်လင်သော မျက်နှာလေးထံသို့ကြည့်လိုက်သည်။ ၎င်းမှာ သူမအားပထမဆုံးအကြိမ်သူမြင်တွေ့စဉ်ကကဲ့သို့ အေးစက်မှုတို့ဖြစ်မနေဘဲကွဲပြားနေသည်။
ဤလှပသောအဖြူရောင်ပုံရိပ်အား ကြည့်နေရင်း ရှစ်ဖုန့်စိတ်ထဲပ အခြားသောမိန်းကလေးတစ်ဦး၏
ပုံရိပ်ကပေါ်လာသည်။
ထိုကောင်မလေးတွင်လည်းသူတို့ပထမဆုံးအကြိမ်တွေ့စဉ်တုံးက အေးစက်သောမျက်နှာတစ်ခုရှိခဲ့သော်လည်း သူနှင့်အချိန်အတော်ကြာရှိခဲ့ပြီးနောက် အပြန်အလှန်တုန့်ပြန်ဆက်ဆံမှုတို့ရှိပြီး
သည့်နောက်တွင် သူမ၏မျက်နှာထက်၌အပြုံးတစ်ခုက
ဖြည်းဖြည်းချင်းဖြစ်ပေါ်လာသည်ဖြစ်သည်။
ထိုမိန်းကလေးနှစ်ဦးက တစ်နည်းနည်းနှင့်တော်တော်လေးဆင်တူသည်ဟု ရှစ်ဖုန့်ခံစားရသည်။ နှစ်ယောက်လုံး၌သူတို့၏ကိုယ်ပိုင်အ
တွေးများရှိကြပြီး သူမတို့၏လှပသောမျက်နှာအောက်တွင်ခါးသီးမှုမျိုးစုံကိုဖုံးကွယ်ထားကြသည်။
သို့သော်သွေးကြွေးအား သယ်ဆောင်ထားသည့်ထိုမိန်းကလေးကတော့ ယခုအချိန်၌ ဘာတွေလုပ်နေသည်ကိုသူမသိချေ။ ထိုနေ့ကသူတို့သေခြင်းတားမြစ်နယ်မြေအတွင်း၌ထပ်တွေ့စဉ်တွင် သူမ၏မူလကလှပသောမည်းနက်သည့်ဆံကေသာတို့က ယ ခုအခါ၌ နှင်းကဲ့သို့ဖြူစွတ်နေသည်ကို သူတွေ့ခဲ့ရသည်။
သူမကအဆိပ်အားကျင့်ကြံခြင်းသို့ပင်ကျင့်ကြံမှုကိုပြောင်းလဲခဲ့သည်။
မူလကရှေးဟောင်းအမွေအနှစ်အတွင်းသို့ဝင်ရောက်ပြီး သူမအားရှာဖွေရန်သူပြုလုပ်ခဲ့သော်လည်း သူမ၏သဲလွန်စကိုပင် သူရှာမတွေ့ခဲ့ပေ။
သူမအဆင်ပြေဖို့ကိုသာမျှော်လင့်ရသည်။ အနာဂတ်၌ချင်ယူဖန်းနှင့်သူပြန်တွေ့ခဲ့လျှင် သူမ၏နောက်ခံအကြောင်းအားသူ
သေချာပေါက်မေးမြန်းပြီး သူမ၏သွေးကြွေးကဘယ်ကလာလဲ
ဆိုသည်ကိုသူရှာမည်ဖြစ်သည်။
သူမ၏ရန်သူက ဘယ်လောက်ပင်ဖြစ်နေပါစေ သူမအတွက်၎င်းတို့အားသေလမ်းကိုပို့ပေးမည်ဟု သူတစ်ခါကကတိပေးဖူးသည်ဖြစ်သည်။
“အမ်.. ရှင်ဘာဖြစ်လို့လဲ.. သကြားသီးချောင်းကိုစားနေတုံး ရှင်ဘာလို့တွေဝေသွားရတာလဲ..”
ရှစ်ဖုန့်တွေဝေငေးငိုင်နေသည်ကိုမြင်ရ
သောအခါတွင် ရှစ်လင်ရို့က မေးလိုက်သည်။
သူမ၏ ဘယ်လက်အားလှမ်းလိုက်ပြီး ရှစ်ဖုန့်၏ရှေ့၌ညင်သာစွာ ဝေ့ယမ်းပြလိုက်သည်။
ရှစ်လင်ရို့၏စကားတို့ကရှစ်ဖုန့်အား အသိပြန်ဝင်လာစေသည်။ရှစ်လင်ရို့၏ ကနွဲ့ကလျဟန်ပန်အား မြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်ကပြုံးလိုက်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
“ဘာမှမဟုတ်ပါဘူး. တစ်ခုခုကိုတွေးမိသွားလို့ပါ”
“အိုး”
ရှစ်လင်ရို့ကသူမ၏နှုတ်ခမ်းကိုဖွင့်ဟပြီး
ခေါင်းမညိမ့်ခင် “အိုး”ဟုပြောလိုက်သည်။
“သွားစို့”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အင်း”
ရှစ်လင်ရို့ကခေါင်းညိမ့်လိုက်သည်။
ထို့နောက်နှစ်ယောက်သားလမ်းမအတိုင်းလျှောက်လှမ်းသွားလိုက်သည်။သို့သော်ခဏမျှလျှောက်လှမ်းပြီးနောက်သူ၏ဘေးရှိရှစ်လင်ရို့က ဘေးသို့လျှောက်လှမ်းသွားပြီး အသုံးအဆောင်ပစ္စည်းများရောင်းချရာ ဆိုင်သို့ဦးတည်သွားသည်ကိုတွေ့လိုက်ရသည်။
ရှစ်ဖုန့်က ကူကယ်ရာမဲ့စွာခေါင်းခါယမ်းလိုက်သည်။
မူလကအေးစက်သောအမျိုးသမီးမှာ ဤနေရာသို့ရောက်သည့်အခိုက်အတန့်၌ အခြားသူတစ်ယောက်အဖြစ်ပြောင်း
လဲသွားပုံရသည်။
“မိန်းကလေး. ဘာကိုများဝယ်ချင်ပါသလဲ..ဒီနေရာမှာရှိတဲ့ပစ္စည်းအားလုံးက အသေးစိတ်ကိုလုပ်ထားတဲ့အရာတွေပါ”
ဆိုင်ပိုင်ရှင်မှာ လေးဆယ်ဝန်းကျင်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၌ဝဖိုင့်ဖိုင်မျက်နှာရှိပြီးဝဖိုင့်ဖိုင့်ကိုယ်လုံးရှိ၏။ သူမကရှစ်လင်ရို့အားတွေ့သောအခါတွင် ချိုသာသောအပြုံးတစ်ခုနှင့်အတူ
ကြိုဆိုလိုက်သည်။
“မိန်းကလေး.. ဒီလက်ကောက်တစ်စုံကိုတစ်ချက်ကြည့်ပါအုံး.သူတို့ကိုထိပ်တန်းအဆင့်သန့်စင်တဲ့ကျောက်စိမ်းနဲ့ ပြုလုပ်ထားတာ.. မိန်းကလေးကအရမ်းလှတာပဲ. ဒါကြောင့်သူတို့ကမိန်းကလေးနဲ့ဆိုလိုက်ဖက်လွန်းတယ်..”
ဆိုင်ပိုင်ရှင်ကကျောက်စိမ်းလက်ကောက်တစ်စုံကို ကောက်ယူလိုက်ပြီး ရှစ်လင်ရို့ကိုပေးလိုက်သည်။
ရှစ်လင်ရို့က၎င်းတို့အားယူလိုက်ပြီး
ဆိုင်ပိုင်ရှင်ထံပြန်မပေးခင်ကြည့်လိုက်၏။
“မိန်းကလေးကြည့်ကြည့်ပါအုံး .. ဒီဖီးနစ်ဆံထိုးလေးကလည်း မိန်းကလေးနဲ့ဆိုအရမ်းကိုလိုက်ဖက်နေလွန်းတယ်”
ရှစ်လင်ရို့က၎င်းတို့အားယူလိုက်ကာ တစ်ချက်ကြည့်လိုက်သော်လည်း သိပ်မကြာခင် ဆိုင်ပိုင်ရှင်ထံပြန်ပေးလိုက်၏။
ရှစ်လင်ရို့ကဘာမှဝယ်ချင်စရာတွေ့
မနေသည်ကိုမြင်ရသောအခါတွင် ဆိုင်ပိုင်ရှင်မှာ သူမဘေးရှိရှစ်ဖုန့်ကိုမြင်တွေ့လိုက်သည်။ သူတို့နှစ်ဦးကလိုက်ဖက်သောစုံတွဲဖြစ်သောကြောင့် သေချာပေါက် ပေါ့ပေါ့တန်တန်တော့ဖြစ်မည်မဟုတ်ပေ။သူမကအကြံရသွားပြီး ရှစ်လင်ရို့ကိုထပ်မံပြုံးပြလိုက်သည်။
“မိန်းကလေး နှလုံးသားကာကွယ်ခြင်းသော့ခလောက်
တစ်ခုကိုဝယ်ပြီးတော့ ဒါကို မိန်းကလေးရဲ့ချစ်သူအကိုကြီးကိုပေးလိုက်ပါလား..နှလုံးသားကာကွယ်ခြင်းသော့ခလောက်
ကိုဝယ်ပြီးတာ့ သူ့ရဲ့နှလုံးသားကိုထာဝရသာသော့ခတ်ထားလိုက်”
ဆိုင်ပိုင်ရှင်ကစကားပြောနေသကဲ့သို့ ဘေးရှိအသုံးအဆောင်ပစ္စည်းများထံထိုး
ညွှန်ပြလိုက်သည်။ ထိုနေရာ၌ရွှေ၊ငွေ၊ကြေးတို့ဖြင့်ပြုလုပ်ထားသော နှလုံးသားကာကွယ်ခြင်းသော့ခလောက်
ပုံသုံးခုရှိနေသည်။
ဆိုင်ပိုင်ရှင်၏စကားအားကြားလိုက်ရသော
အခါတွင် ရှစ်လင်ရို့၏မျက်နှာလေးက ရုတ်ခြည်းနီရဲသွားပြီး ခေါင်းလေးကိုအနည်းငယ်ငုံ့လိုက်သည်။
အခြားတစ်ဖက်ရှိ ရှစ်ဖုန့်မှာလည်းချက်ချင်းကို့ရို့ကားယား
ခံစားလိုက်ရ၏။
ဆိုင်ရှင်၏မျက်လုံးထဲတွင်သူတို့နှစ်ဦး၏အမူအယာက ချစ်သူနှစ်ဦး ရှက်နေခြင်းနှင့်တူနေသည်။
ထို့နောက် ပိုင်ရှင်က သံပူတုံး နာနာထပ်ထုလိုက်၏။
“မိန်းကလေးတစ်ချက်ကြည့်လိုက်ပါအုံး.
အတိတ်တုံးက ကျွန်မရဲ့ယောက်ျားကိုရှင့်လိုပဲအရမ်းစွဲလန်းခဲ့တာ.. သူငယ်ငယ်တုံးက ကျွန်မသူနှလုံးသားကိုသော့ခတ်ခဲ့တယ်လေ.. အခုတော့ ဘယ်လိုအရာဖြစ်ဖြစ်နားမထောင်ဘဲ
ကိုမနေတော့ဘူး”
ရှစ်လင်ရို့၏မျက်လုံးတို့ကနီရဲနေသော်လည်း သူမ၏အကြည့်ကတော့ ထိုနေရာရှိနှလုံးသားကာကွယ်ခြင်းသော့ခလောက်ထံသို့ တိတ်တဆိတ်ကျရောက်သွားသည်။
ဆိုင်ပိုင်ရှင်မှာရှစ်လင်ရို့၏အကြည့်အားမြင်လိုက်ရသောအခါတွင် မျှော်လင့်ချက်ကိုမြင်တွေ့သွားရ၏။ ထို့နောက် သူမက ရွှေရောင်သော့ခလောက်နှစ်ခုနှင့်
ငွေရောင်သော့ခလောက်နှစ်ခုကိုယူပြီးသူတို့ကိုပေးလိုက်သည်။
“မိန်းကလေးတစ်ချက်ကြည့်ပြီး ဂရုတစိုက်ရွေးကြည့်ပါအုံး”
ရှစ်လင်ရို့က ရှက်စိတ်ကြောင့်မျက်နှာနီမြန်းနေသကဲ့သို့ ဆိုင်ရှင်ထံမှနှလုံသားကာကွယ်ခြင်းသော့ခလောက်ကို ယူလိုက်ပြီး ၎င်းတို့ကို ဂရုတစိုက်ကြည့်လိုက်သည်။
ဆိုင်ပိုင်ရှင်ဖြစ်သူ၏ စကားများထဲမှ သူမကသူမချစ်သူ၏နှလုံးသားကို သော့ခတ်ခဲ့သည်ဟုကြားခဲ့သည်။
ရှစ်ဖုန့်၏စိတ်ထဲတွင် အဝေးရှိအရှေ့ပိုင်းဒေသကြီးတစ်နေရာမှ နတ်မိမယ်လေးကို သတိရလိုက်သည်။ ထိုနေ့ကနတ်ဆိုးသားရဲတောင်တန်း
အတွင်းရှိဂူထဲတွင် သူမက ရွှေရောင်သော့ခလောက်ကိုဖယ်ရှားပြီး ထိုအရာအား သူ့ကို မပေးခင် သူမ၏အစစ်အမှန်အမျိုးသမီးကိုယ်ကို သူ၏ရှေ့၌ထုတ်ဖော်ပြသခဲ့သည်။
ယင်းမှာထိုအချိန်ကသူမအနေဖြင့်
ဤကဲ့သို့တွေးခဲ့ခြင်းမျိုးဖြစ်နိုင်သည်လော။
သိပ်မကြာခင် ရှစ်လင်ရို့ကတကယ်ပဲငွေရောင်နှလုံးသားကာကွယ်ခြင်းသော့ခလောက်ကို တကယ်ကြီးရွေးချယ်ခဲ့သည်။ သူမက ၎င်းကိုလက်ထဲ၌ကိုင်ထားရင်းဂရုတစိုက်ကြည့်နေသည်။ သူမ၏မျက်နှာကရှက်သွေးဖြာနီမြန်းနေပြီး ဆိုင်ပိုင်ရှင်ဖြစ်သူအား ထိုကဲ့သို့နီမြန်းနေသော မျက်နှာဖြင့်ပင်တန်ဖိုးကိုပေးချေလိုက်သည်။
ဆိုင်ပိုင်ရှင်က ပြုံးလိုက်ပြီး သူတို့ကိုပြောလိုက်သည်။
“မိန်းကလေး. မင်းမှာ အမြင်ကောင်းလေးရှိတာပဲ..ရှင်တို့နှစ်ယောက်က တကယ်အရမ်းကိုလိုက်ဖက်ညီတာပဲ.. ပါရမီရှင်ယောက်ျားနဲ့ လှပတဲ့အမျိုးသမီး ဒါဟာ ကောင်းကင်ဘုံကနေဖန်တီးပေးတဲ့စုံတွဲတစ်ခုပါပဲ..မိန်းကလေးတို့နှစ်ဦး အချိန်အကြာပြီးလှပတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်.. ဟားဟား”
ဆိုင်ရှင်ဖြစ်သူ၏ စကားအားကြားသောအခါတွင် ရှစ်လင်ရို့၏မျက်နှာကပို၍ နီမြန်းလာသည်။ ဤအချိန်တွင်သူမက ခေါင်းလေးကိုလှည့်လိုက်ပြီ တိတ်တဆိတ်ရှေ့သို့ကြည့်လိုက်သည်။သို့သော် သူကထပ်မံတွေဝေနေသည်ကို တွေ့လိုက်ရသည်။
ဤအချိန်တွင် ရှစ်လင်ရို့က တိတ်တဆိတ်သူမလက်ထဲရှိ ငွေရောင်သော့ခလောက်ကို ရှစ်ဖုန့်ထံလွှဲပေးလိုက်ပြီး သူမလက်အား ညင်သာစွာပြန်ရုတ်လိုက်သည်။
“အာ”
ရှစ်ဖုန့်မှာဤအချိန်တွင်သူ၏စိတ်ထဲ၌တစ်ခုခု လေးလံလာသလိုခံစားရသည်။ရုတ်ခြည်း တွေဝေနေရာမှ သူနိုးထလာပြီး သူ၏ခေါင်းကိုငုံ့ကာ သူ၏လက်ထံသို့ကြည့်လိုက်သည်။ သူ၏လက်ထဲ၌နှလုံးသားကာကွယ်ခြင်းသော့ခလောက်တစ်ခုရှိနေသည်။
“ဒါက..”
ရှစ်ဖုန့်က ထိုလှပသောအဖြူရောင်ပုံရိပ်လေးထံသို့ လျှောက်လှမ်းသွားလိုက်ပြီး သူ့လက်ထဲရှိဤအရာအားမည်ကဲ့သို့
ကိုင်တွယ်ရမည်ကို စဉ်းစားနေသည်။
ယခင်ကမိုးကောင်းကင်အောက်၌ စွမ်းအားအကြီးဆုံးသူတစ်ဦးဖြစ်ခဲ့သူ၊တစ်ချိန်ကနတ်ဆိုးဘုရင်ကိုသတ်ပစ်ခဲ့ပြီးလူသားမျိုး
နွယ်အားပြန်လည်အားကောင်းလာစေခဲ့သူဧကရာဇ်ကျိုးယိုမှာ ဤကဲ့သိုသောအရာများအား ပထမဆုံးအကြိမ်ကြုံတွေ့နေရသည်။ အခိုက်တန့်တစ်ခုအထိ သူဘာကိုလုပ်ရမည်မှန်းမသိဖြစ်နေသည်။
ရုတ်ခြည်း သူရှေ့သို့လျှောက်လာနေသော
အဖြူရောင်ပုံရိပ်က ရုတ်တရက်ရပ်တန့်သွားသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။
“ဟေး…ဟေး…ဟေး..ဟေး..”
ရုတ်ခြည်း ညစ်ညမ်းရိုင်းစိုင်းသော ရယ်မောသံတစ်ခုက ရှေ့မှထွက်ပေါ်လာသည်။