အခန်း (၇၆၈)
Vol. 52 Ch. 768
“ဟီးဟီး..ဟီးဟီးဟီး..”
ရုတ်ခြည်းမနှစ်မြို့ဖွယ်ကောင်းသောညစ်ညမ်းသည့်ရယ်သံတစ်ခုက ရှေ့မှထွက်ပေါ်လာသည်။
အသံအားကြားလိုက်ရသောအခါတွင် ရှေ့ရှိရှစ်လင်ရို့အားစိုက်ကြည့်နေသော ရှစ်ဖုန့်၏မျက်နှာက အေးစက်မှုအဖြစ်သို့ပြောင်းလဲသွားသည်။
“ဟီးဟီး..ဟီးဟီးဟီး..”
ရှစ်လင်ရို့၏ရှေ့တွင် တန်ဖိုးကြီး အဝတ်အစားတို့အား ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ရပ်နေသည်။သူ့၌ ရိုင်းပျသော မျက်နှာထားတစ်ခုရှိပြီး သူကရှစ်လင်ရို့၏ လမ်းကိုပိတ်ထား၏။ သူ၏မျက်လုံးများက ရှစ်လင်ရို့အား တုန့်ဆိုင်းခြင်းမရှိ သိမ်းကျုံး စိုက်ကြည့်နေသည်။
သူပိုကြည့်လေသူ၏ရယ်သံကပို၍ ကျယ်လောင်လာလေဖြစ်ပြီး သူ၏အသွင်အပြင်ကလည်းပို၍ပို၍ ဆိုးယုတ်လာသည်။
ထိုလူငယ်ကသူ၏ခေါင်းကိုခါယမ်းလိုက်ပြီး အဆက်မပြတ် “ကျွတ်..ကျွတ်..ကျွတ်”ဟု စုတ်သပ်လိုက်၏။
“လှလိုက်တာ.. သူမကတကယ်ပဲအရမ်းကိုလှလွန်းတယ်.. ဒီလိုမျိုးနတ်သမီးလေးက ငါတို့မြို့ကို ဘယ်အချိန်က ရောက်လာခဲ့တာလဲ.. ဒါကကောင်းလိုက်တာ..ဟီးဟီး..ဟီးဟီးဟီး..”
“ကောင်းကင်ဘုံက သခင်လေး လောလောဆယ်မှာအရမ်းကိုကြိုးကြိုး
စားစားကျင့်ကြံနေတာကိုသိပြီး ဒီသခင်လေးနဲ့လိုက်ဖက်ညီတဲ့ အလှလေးတစ်ယောက်ကိုအထူးနှင်း
အပ်တာဖြစ်ကောင်းဖြစ်နိုင်တယ်..”
ဤလူငယ်၏နောက်တွင် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူနှစ်ယောက်ရပ်နေသည်။သူတို့ထဲမှတစ်ဦးက အခွင့်အရေးရယူပြီး မြှောက်ပင့်ပြောဆိုလိုက်သည်။
ထိုလူစကားဆုံးပြီးပြီးချင်းအခြားသူတစ်ဦးကလည်း အလျှင်အမြန်ဆက်ပြောလိုက်သည်.
“သခင်လေး သခင်လေးက ကွမ်းရှန့်မြို့ရဲ့ နံပါတ်တစ်ပါရမီရှင်ပါပဲ..သခင်လေးက နှစ်ဆယ့်လေးနှစ်ပဲရှိသေးတယ်..ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်ကိုရောက်နေပြီ.. ဒီလိုမျိုးအလှလေးကသာသခင်လေးလိုလူနဲ့ထိုက်တန်တာပါ. ကောင်းကင်ဘုံကတကယ်ပဲသခင်လေးကို ကောင်းချီးတွေပေးနေတဲ့ပုံပဲ”
“အဲ့လိုဖြစ်လောက်တယ်..”
နောက်လိုက်ငယ်သားနှစ်ယောက်၏ စကားတို့အားကြားပြီးနောက် လူငယ်ကသွားပေါ်အောင်ရယ်ပြီး ရှစ်လင်ရို့ကို အပြုံးတစ်ခုနှင့်အတူမေးလိုက်သည်။
“အလှလေး.. မင်းလေးကဘယ်ကနေလာတာလဲ.. မင်းလေးဘယ်ကိုသွားမလို့လဲ..
ကိုယ့်အိမ်ကိုလိုက်ပြီးတော့ လက်ဖက်ရည်တစ်ခွပ်လောက်သုံးဆောင်ပါလား”
ဤအချိန်တွင် ရှစ်လင်ရို့၏ မျက်နှာက မနှစ်မြို့ရွံရှာသော အမူအယာတစ်ခုထွက်ပေါ်လာပြီး
သူမအားပိတ်ကာထားသော လူသုံးယောက်ကိုသိမ်းကျုံးကြည့်လိုက်သည်။ လူငယ်၏စကားအားကြားပြီးနောက်သူမက အေးစက်စွာအော်ပြောလိုက်သည်။
“ကျွန်မအားမနေဘူး..ကျေးဇူးပြုပြီး ဘေးကိုဖယ်ပေးပါ”
ရှစ်လင်ရို့၏အေးစက်သောမျက်နှာအားမြင်တွေ့ရသောအခါတွင် ၎င်းတို့ထဲမှကျင့်ကြံသူတစ်ဦးမျက်မှောင်ကြုတ်သွားပြီး မကျေနပ်သောအမူအယာတစ်ခုကိုပြသာလာသည်။ သူကရှစ်လင်ရို့အားလက်ညှိုးထိုးပြီး
အော်ပြောလိုက်သည်။
“ငါတို့သခင်လေးကမင်းကိုသွားဖို့တောင်းဆိုနေရင်မင်းသွားလိုက်.. သူ့ရဲ့ကြင်နာမှုကို အသိအမှတ်မပြုဘဲနဲ့ အဟုတ်ကြီးကိုယ့်ကိုယ်ကိုယ်ထင်မနေနဲ့.. ငါတို့သခင်လေးကဘယ်သူလဲဆိုတာ
ကိုမင်းသိလား”
“ဟေး…မင်းဘာတွေပြောနောတာလဲ..အလှလေးတွေကို ညင်သာရမယ်လို့မင်းကိုမပြောထားဘူးလား.. ညင်သာရမယ်. ဘယ်လိုဖြစ်ပြီးတော့ မင်းကအလှလေးတွေကိုအရမ်းခက်ထန်နေရတာလဲ..”
လူငယ်မှာ နောက်လိုက်ငယ်သား၏ ဒေါသတကြီးအော်သံအားကြားလိုက်သောအခါတွင် အလျှင်အမြန်သူ၏ခေါင်းကိုလှည့်လိုက်ပြီး ၎င်းအားပြစ်တင်ဆုံးမလိုက်သည်။
စကားပြောပြီးနောက်လူငယ်ကသူ၏ခေါင်းကိုပြန်လှည့်လိုက်ပြီး ရှစ်လင်ရို့အားပြုံး၍ကြည့်လိုက်သည်။
“ဒီငယ်သားက သတိလက်လွတ်ဖြစ်သွားလို့ပါ.. အလှလေးမင်းစိတ်ထဲမှာဒါကိုမှတ်မထားပါနဲ့.. ဒါပေမဲ့ ဒီသခင်လေးကမင်းကိုဖိတ်တာမို့ မင်းအနေနဲ့ ဒီသခင်လေးရဲ့အိမ်ကိုသွားရလိမ့်မယ်.. မဟုတ်ရင် မင်းအနေနဲ့ဒီသခင်လေးကိုမျက်နှာသာ
မပေးသလိုဖြစ်နေမယ်”
“အကယ်၍ မင်းသာဒီသခင်လေးကိုဒေါသထွက်အောင်လုပ်ရင် အကျိုးဆက်ကိုခံစားရလိမ့်မယ်”
“ကျွန်မမအားဘူးလို့ပြေထားပြီးသား”
ရှစ်လင်ရို့ကထပ်မံအေးစက်စွာ
အော်ပြောလိုက်သည်။
“ဟက်.. ဒီသခင်လေးမမျှော်လင့်ထားဘူး. ဒါပေမဲ့မင်းလေးက ရေခဲစိုင်ဖြစ်နေမှတော့ ဒီသခင်လေးကလည်း ပြင်းထန်တဲ့မီးတောက်တစ်ခုဖြစ်ပေးရတာပေါ့.. ဒီသခင်လေးကိုမင်းကိုဖြည်းဖြည်းချင်းဘယ်လိုအရည်ဖျော်မလဲဆိုတာကို စောင့်ကြည့်လိုက်”
“ဟားဟားဟား”
လူငယ်ကပြောဆိုရယ်မောရင်း ရှစ်လင်ရို့ထံသို့တစ်လှမ်ချင်းလျှောက်လှမ်းကာချဉ်းကပ်လာသည်။
သို့သော်ဤအခိုက်အတန့်တွင် အေးစက်သောငယ်ရွယ်သည့်အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။
“ ဒီနေရာကနေအခုချက်ချင်းထွက်သွားစမ်း”
“ဟမ်”
လူငယ်၏အေးစက်သောအသံကထွက်ပေါ်လာသည်။ လူငယ်၏ခြေလှမ်းတို့က ရပ်တန့်သွားသည်။ သူ၏မျက်နှာထက်ရှိမနှစ်မြို့ဖွယ်အပြုံးကလည်း ရုတ်ခြည်းအေးစက်မှုအဖြစ်ပြောင်းသွားသည်။ သူ၏အကြည့်က ရှစ်လင်ရို့ကိုဖြတ်ကျော်သွားပြီး သူမနောက်မှပေါ်လာသော အဖြူရောင်ဝတ်ရုံနှင့် လူငယ်အား အေးစက်စွာကြည့်လိုက်သည်။
ရှစ်ဖုန့်ကဖြည်းဖြည်းချင်းလျှောက်လှမ်းထွက်လာသည်။
“ဘာဖြစ်တာလဲ. ကောင်စုတ်. အမွှေးတောင်စုံအောင်မပေါက်သေးတဲ့
ကောင်ကများ မင်းကအလှလေးကိုကယ်တင်တဲ့သူရဲ
ကောင်းတစ်ယောက်ဖြစ်ချင်နေတာလား”
အေးစက်သောအသံကရှစ်ဖုန့်၏ပါးစပ်မှထွက်ပေါ်လာသည်ကိုအတည်ပြုပြီးနောက် လူငယ်က သွားပေါ်အောင်ရယ်ကာရှစ်ဖုန့်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။
သို့သော် ဤသခင်လေး၏မျက်လုံးထဲ၌ ဤလူငယ််မှာ သေလူဖြစ်နေပြီဖြစ်သည်။ ၎င်း၏ပါးစပ်မှထွက်လာသော “ထွက်သွားစမ်း”ဟူသည့်စကားက ၎င်းအား အလောင်းကောင်တစ်ခုဖြစ်စေရန်လုံလောက်သည့်အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သည်။
“ဒါက.. ဘာတွေဖြစ်နေတာလဲ.. ဒါကကွမ်းရှန့်မြို့တပ်မှူးလီရှင်းရဲ့တူဖြစ်တဲ့ လီလဲ့မဟုတ်လား.တစ်စုံတစ်ယောက်က
ဘယ်လိုဖြစ်ပြီး သူ့ကိုစော်ကားရတာလဲ”
လမ်းမထက်ရှိ အခြေအနေကရုတ်ခြည်း လမ်းသွားလမ်းလာများနှင့် လမ်းဘေးဈေးသည်များ၏အာရုံကိုဆွဲဆောင်သွားသည်။ အထူးသဖြင့်လီလဲ့၏အဆင့်အတန်းဖြစ်ကာ ယင်းက ဤနေရအား အာရုံစူးစိုက်ရာနေရာတစ်ခု အလျှင်အမြန်ဖြစ်လာစေသည်။
“လီလဲ့က ဒီမိန်းကလေးကို သဘောကျနေတာဖြစ်မယ်.”
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။
“လီလဲ့က ကွမ်းရှန့်မြို့ရဲ့နံပါတ်တစ်အကျင့်ပျက်
ကောင်အဖြစ် သိကြတယ်.မိန်းကလေးတွေအများကြီးသူ့ရဲ့လက်ထဲကျရောက်ခဲ့ရတယ်.ဒီတစ်ကြိမ် ဒီမိန်းကလေးလည်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
“ဟူး..တစ်ခါတစ်လေမှာ ငါအဲ့သူတောင်းစားကို တကယ်မနာလိုဣဿာမစ္ဆရိယစိတ်ဖြစ်မိတယ်..သူ့မှာလီရှင်းလို့ခေါ်တဲ့ဦးလေးတစ်ယောက်ရှိဖို့ဘယ်သူကများတောင်းဆိုခဲ့တာလဲ”
“အဲ့လူငယ်လေးကတကယ်ကြီးလီလဲ့ရဲ့လက်ထဲက အလှလေးတစ်ယောက်ကို ကယ်တင်ပေးချင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ချင်နေတာလား.. အရင်တုံးက အလှပေးတစ်ယောက်ကိုကယ်တင်ပြီး
တော့သူရဲကောင်းဖြစ်ချင်တဲ့ များပြားလှတဲ့လူငယ်တွေရှိခဲ့ပေမဲ့..သူတို့ထဲက ဘယ်တစ်ယောက်မှများ ကောင်းမွန်တဲ့အဆုံးသတ်ဆိုတာမျိုးရှိလို့လဲ..ဟူး..”
“အဲ့လူငယ်နဲ့ မိန်းကလေးက တစ်ခြား ကနေလာတဲ့သူတွေဖြစ်ပုံရတယ်.ဟုတ်တယ်မလား. သူတို့ကိုကြည့်ရတာ သူတို့က ငါတို့ကွမ်းရှန့်မြို့ကိုခိုးရာလိုက်ပြေးလာကြတာနဲ့ အများကြီးပိုတူတယ်..သနားစရာကောင်းလိုက်တာ..သနားစရာကောင်းလိုက်တာ.. ဒီမိန်းကလေးကလီလဲ့ရဲပစ်မှတ်ဖြစ်နေပြီ”
“ဒီတစ်ကြိမ်လည်း..ဟူး.မိန်းမကောင်း
လေးတစ်ယောက်..သူလည်း ဝက်တစ်ကောင်ရဲ့ထက်ပြီးစားတာ
ကိုခံရတော့မယ်”
ရှစ်ဖုန့်ကရှေ့သို့လျှောက်လှမ်းတက်လာသကဲ့သို့ လီလဲ၏နောက်၌ရှိနေသော ကျင့်ကြံသူတစ်ယောက်လည်း ရုတ်ခြည်း ဒေါသကြီးအော်ဟစ်လာသည်။
“ကောင်လေး. ငါတို့ရဲ့သခင်လေးကိုတွေ့တဲ့အချိန်မှာတောင်မင်းဘာလို့ဒူးမထောက်သေးတာလဲ”
အော်ဟစ်သံနှင့်အတူ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ပုံရိပ်ကလည်း ရှစ်ဖုန့်ထံသို့ပျံသန်းလာပြီးဖြစ်သည်။ သူကရှစ်ဖုန့်နားချဉ်းကပ်လာသကဲ့သို့ နောက်တစ်ကြိမ်ခြင်္သေ့တစ်ကောင်ကဲ့သို့အော်ဟစ်လိုက်သည်။
“ဒူးထောက်စမ်း”
သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ အော်သံအောက်တွင် သူ၏ရှေ့၌ရှိနေသောလေထုမှာ ပြင်းထန်သောအသံလှိုင်းစွမ်းအား
အောက်၌ရုတ်ခြည်း မတည်မငြိမ်အတက်အကျတို့ဖြစ်သွားသည်။၎င်းကလှိုင်းလုံးတစ်ခုကဲ့သို့လှုပ်ခါသွားပြီး ရှစ်ဖုန့်ထံသို့သိမ်းကျုံးဦးတည်သွားသည်။
“ဒီလူက လီလဲ့ရဲ့နံပါတစ် လက်ပါးစေပဲ. လူတွေကသူ့ကိုခြင်္သေ့ဟိန်းသံလီစန်းလို့ခေါ်တယ်.. သူ့ရဲ့အော်သံအောက်မှာ ခြင်္သေ့တစ်ကောင်ရဲ့ဟိန်းသံလိုမျိုးပဲ ဟင်းလင်းပြင်ကလှုပ်ခါပြီး အရိုးတွေအားလုံးအစိတ်စိတ်အမွှာမွှာ
ကွဲကြေရတယ်..ဒီလူငယ်လေးတော့ ပျက်ကိန်းစိုက်လောက်ပြီ.. “
သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ ဒေါသတကြီးအော်သံကိုကြည့်ရင်း
တစ်စုံတစ်ယောက် လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ဟူး”
နောက်ဆုံးတွင်သူကသက်ပြင်းချလိုက်သည်။
ရှစ်ဖုန့်ကပြင်းထန်သောအသံလှိုင်းကိုရင်ဆိုင်ပြီး ပြင်းထန်စွာတုန်ခါနေသောလေထုအလယ်၌ ရပ်နေသည်။ သူ၏အမူအယာကအေးစက်နေဆဲဖြစ်ပြီး ပြင်းထန်သောအသံလှိုင်းတို့ကိုရင်ဆိုင်နေသည်။ သူ၏အဖြူရောင်ဝတ်ရုံနှင့် ဆံပင်ရှည်တို့က တဖျပ်ဖျပ်လူးလွန့်နေပြီး ရှေ့သို့တစ်လှမ်းချင်းတက်လှမ်းလာ၏။
အားကောင်းသောအသံလှိုင်းက ရှစ်ဖုန့်အတွက်သာမန်လေထုကဲ့သို့ပင်ဖြစ်သည်။
ဤအချိန်တွင် လီစန်း၏အမူအယာကြီးစွာပြောင်းလဲသွားသည်။ မမျှော်လင့်ပါပဲ ဤလူကသူ၏တိုက်ခိုက်မှုကိုလျစ်လျူရှုထားသည်။
လီစန်း၏အမူအယာကကြီးစွာပြောင်းလဲသွားပြီး ပြန်ဆုတ်ခွာရန်လုပ်သော်လည်း အရမ်းနောက်ကျသွားပြီဖြစ်သည်။ ရှစ်ဖုန့်ကသူ့ရှေ့သို့လျှောက်လှမ်း
ရောက်ရှိလာပြီးဖြစ်ပြီး သူ၏လက်ကိုလှမ်းကာ လီစန်း၏မျက်နှာကိုဆုပ်ကိုင်လိုက်သည်။ “ဝုန်း”ဆိုသေအသံနှင့်အတူလီစန်းက ရှစ်ဖုန့်၏လက်အတွင်း မအော်ဟစ်နိုင်ခင်မှာပင်သွေးနီရောင်
လူသားမီးတောက်အဖြစ်သို့ပြောင်းလဲသွားသည်။
၎င်းကပြင်းထန်စွာလောင်ကျွမ်းနေ၏။
“အိုး..မဟုတ်ဘူး.လီစန်း”
အခြားတစ်ဖက်ရှိလီလဲ့၏နောက်မှကျင့်ကြံသူမှာ သူ့အဖော်ဖြစ်သူလီစန်းလောင်ကျွမ်း
မှုအားမြင်တွေ့လိုက်ရသောအခါတွင် ဝမ်းနည်းစွာဖြင့်ဟစ်အော်လိုက်သည်။
သူတို့နှစ်ဦးကအတူတကွကြီးပြင်းလာပြီး
သွေးသောက်ညီအကိုများဖြစ်နေသည်မှာကြာပြီဖြစ်သည်။ သူတို့ကနီးကပ်မှုရှိသော ညီအကိုများဖြစ်ကြသည်။ သူတို့က နှစ်၊လ၊ရက်တို့တူညီစွာအမွေးဖွားလာသော်လည်း တူညီသောနှစ်၊လ၊ရက်၌အတူတူသေဆုံးကြမည်ဟု တစ်ခါကသစ္စာဆိုထားကြသည်ဖြစ်သည်။
ဤအခိုက်အတန့်၌ လီစန်း၏လောင်ကျွမ်းမှုအား မြင်တွေ့ရသောအခါတွင် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူမှာ တုန့်ဆိုင်းနေရဲခြင်းမရှိဘဲ ချက်ချင်းလျှင်မြန်စွာထွက်လာသည်။