← Chapters

အခန်း (၇၆၉)

Vol. 52 Ch. 769

အခန်း (၇၆၉)

Vol. 52 Ch. 769

လီစန်း၏ ခြင်္သေ့အော်သံက လူငယ်၏လေထုကဲ့သို့ဆက်ဆံမှုကိုခံလိုက်ရသည်။လီစန်း၏မျက်နှာမှာလူငယ်၏ ဆုပ်ကိုင်မှုကိုခံထားရပြီး သွေးနီရောင်မီးတောက်လူသား

အဖြစ်သို့ပြောင်းလဲသွားသည်။ ဤမြင်ကွင်းကလူတိုင်းကိုတုန်လှုပ်သွားရစေ၏။

လီလဲ့၏နံပါတ်တစ်လက်ပါးစေဖြစ်သူလီစန်းမှာ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သည်။ သူ၏ ခြင်္သေ့အော်သံက ကွမ်းရှန့်မြို့တစ်ခုလုံးကိုပင် တုန်လှုပ်ရစေသည်ဖြစ်၏။ မည်သူကမှဤကဲ့သို့ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားကြချေ။

အသက်ဆယ့်ငါးဆယ့်ခြောက်အရွယ်

လူငယ်တစ်ယောက်က တကယ်ပဲအရမ်းစွမ်းအားကြီးနေသည်။

မျက်စိတစ်မှိတ်အတွင်း သက်လက်ပိုင်းအရွယ် သန်မြန်သော လူတစ်ယောက်က ရှစ်ဖုန့်၏ရှေ့သို့ရောက်လာ၏။

ဤသက်လတ်ပိုင်းအရွယ်လူအားတွေ့လိုက်ရသောအခါတွင် တစ်စုံတစ်ယောက်က အလန့်တကြားပြောလိုက်သည်။

“ဒီလူက လီစန်းရဲ့သွေးသောက်ညီအကို ကင်းကောင်ပဲ.. ကင်းကောင်က ဖျက်ဆီးမရနိုင်တဲ့အကြမ်းခံ ခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံထားတယ်လို့ပြောကြတယ်.. သူက ဓားလှံတွေတောင် မတိုးဘူး. သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကလည်း လီစန်းထက်ပိုမြင့်တယ်.. သူက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ကိုတောင်ရောက်နေပြီလို့ပြောကြတယ်”

“ငါ့ညီကိုကို လွှတ်လိုက်စမ်း.”

ကင်းကောင်က အော်ဟစ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးကရွှေရောင်အတိဖြစ်နေ၏။ သူ၏တစ်ကိုယ်လုံးကရွှေရောင်လူသားတစ်ယောက်ကဲ့သို့ဖြစ်ကာ မျက်စိကျိန်းလောက်စရာကောင်းသောရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။

ကင်းကောင်က သူ၏ညာလက်သီးကိုဆုပ်လိုက်ပြီး ရှစ်ဖုန့်၏ ရင်ဘက်ထံသို့ထိုးလိုက်သည်။ ဤလက်သီးချက်ကအရာအားလုံးအားထိုးဖောက်သွားနိုင်သော စွမ်းအားတို့ပါဝင်နေသည့်ပုံပေါ်သည်။ ကင်းကောင်က ဤလက်သီးချက်ဖြင့်လူငယ်၏

ရင်ဘက်အားထိုးဖောက်ပြီး ၎င်းအားသူ့ကိုစော်ကားသောကြောင့်ဖြစ်လာသည့်အကျိုးဆက်ရလက်ကိုသိစေလိုသည်။

ကင်းကောင်၏ပြင်းထန်သောလက်သီးချက်အားရင်ဆိုင်ရာတွင် ရှစ်ဖုန့်က သူ၏ ဘယ်လက်ကိုသာမြှောက်လိုက်ပြီး ကင်းကောင်၏လက်သီးကိုဆုပ်ကိုင်လိုက်သည်။

လူငယ်ကသူ့အားအထင်သေးရဲသည်ကိုတွေ့ရသောအခါတွင် ကင်းကောင်၏မျက်နှာကပို၍ခက်ထန်လာသည်။ သူကအော်ပြောလိုက်သည်။

“မောက်မာလိုက်တာ.. မောက်မာတဲ့ ကောင်.. ငရဲကိုသွားစမ်း”

ကင်းကောင် ၏စိတ်ထဲတွင် လူငယ်၏လက်သီးပေါက်ကွဲသွားပြီး သူ၏လက်သီးက လူငယ်၏ရင်ဘက်ကိုထွင်း

ဖောက်သွားသည့်မြင်ကွင်းဖြစ်ပေါ်လာသည်။

သို့သော် မကြာခင် အစောပိုင်းကလီစန်းကဲ့သို့ ကင်းကောင်၏အမူအယာက သိသိသာသာပြောင်းလဲသွားသည်။

သူ၏လက်သီးကရှစ်ဖုန့်၏ဘယ်လက်နှင့်ထိတွေ့ချိန်တွင် ရှစ်ဖုန့်၏ ဘယ်လက်က ကင်းကောင်၏ လက်သီးကိုဆုပ်ကိုင်လိုက်သည်။ရုတ်တရက် သူ၏လက်သီးကပေါက်ကွဲထွက်တော့မတက်ကင်းကောင်ခံစားလိုက်ရသည်။

“ဘန်း”

ကင်းကောင် ဤအရာအား တွေးတောနေစဉ် ပေါက်ကွဲမှုတစ်ခုကိုကြားလိုက်ရသည်။ သူ၏ လက်သီးက ထိုလူ၏လက်ထဲ၌တစ်ကယ်ကို

အပိုင်းပိုင်းကြေမွထွက်သွားသည်။

“အား..လက်..ငါ့လက်..အား…အား.”

ရုတ်ခြည်း ကင်းကောင်၏တစ်ကိုယ်လုံး၌ ပြင်းထန်သောနာကျင်မှုတစ်ခုပြန့်နှံ့လာသည်။ ကင်းကောင်းက အသတ်ခံရသောဝက်တစ်ကောင်ကဲ့သို့ ဟစ်အော်နေသည်။

ဤအချိန်တွင်ကင်းကောင်၏အသံက သူ၏ ညီအကိုဖြစ်သူလီစန်း၏ခြင်္သေ့

ဟိန်းသံနှင့်ခြားနားခြင်းမရှိပေ။

ထို့နောက်ချက်ချင်းရှစ်ဖုန့်က သူ၏ညာလက်အတွင်းမှ လူသားအသွင်သွေးနီရောင်

မီးတောက်အားကင်းကောင်ထံသို့စီးဆင်းစေလိုက်သည်။ နာကျင်စွာဖြင့်ဟစ်အော်နေဆဲဖြစ်သော ကင်းကောင်မှာ ရုတ်ခြည်းလူသားအသွင်သွေးနီရောင်မီးတောက်တို့၏ ဝါးမျိုမှုကိုခံလိုက်ရသည်။ သူက သူ၏ ညီအကိုဖြစ်သူ လီစန်းကဲ့သို့ တူညီသောကံတရားနောက်လိုက်ပါပြီး လူသားအသွင်သွေးနီရောင်မီး

တောက်အဖြစ်ပြောင်းလဲသွားသည်။

ညီအကိုနှစ်ယောက်ဖြစ်ကြသော လီစန်းနှင့်ကင်းကောင်တို့မှာ နောက်ဆုံး၌ သူတို့သွေးသောက်ညီအကိုဖြစ်လာစဉ်ကျိန်ဆိုခဲ့သော ကတိအတိုင်းဖြည့်ဆည်းနိုင်လိုက်ပြီဖြစ်သည်။ သူတို့ကတစ်နေ့တစ်ရက်တစ်နှစ် တစ်လတစ်ချိန်တည်းတွင်မမွေးဖွားလာခဲ့ကြသော်လည်း တစ်နေ့တည်းတွင်တော့ အတူတူသေဆုံး ခွင့်ရရန် မျှော်လင့်ခဲ့ကြသည်ဖြစ်သည်။

လက်ပါးစေနှစ်ယောက်အားသတ်ဖြတ်ပြီးနောက် ရှစ်ဖုန့်က ရှစ်လင်ရို့နှင့်လီလဲ့ထံသို့ ဆက်လက်လျှောက်လှမ်းသွားသည်။

“ဟီးဟီး..ကောင်းတယ်..အရမ်းကောင်းတယ်.. မင်းကတော်တယ်”

လူငယ်ကသူ၏လက်ပါးစေနှစ်ယောက်အားသတ်လိုက်သည်ကိုမြင်လိုက်ရသောအခါတွင် လီလဲ့က ဒေါသထွက်ခြင်းမရှိရုံမက လက်ခုပ်လက်ဝါးပင်တီးပေးလိုက်သေးသည်။

လီလဲ့ကရှစ်ဖုန့်အားဆက်လက်ရယ်မောပြောဆို၏။

“မင်းကမဆိုးပါဘူး. မင်းကဒီအသက်အရွယ်လေးနဲ့ငါ့ရဲ့အသုံးမကျတဲ့ လူနှစ်ယောက်ဖြစ်တဲ့လီစန်းနဲ့ကင်းကောင်ကို သတ်လိုက်တယ်.. မင်းရဲ့ပါရမီကငါ့ရဲ့အထက်မှာရှိပြီး မင်းရဲ့ခွန်အားကလည်း ငါ့ရဲ့အထက်မှာရှိလိမ့်မယ်.. ဒါပေမဲ့အဲ့တော့ရောဘာဖြစ်လဲ.. ဟားဟား..ဟားဟားဟား. မင်းကိုသတ်ဖို့အတွက်ငါတိုက်ဖို့တောင်မလိုဘူး”

စကားပြောနေရင်း လီလဲ့၏ရယ်သံကပို၍ကျယ်သည်

ထက်ကျယ်လာပြီး ပို၍မောက်မာက အထင်သေးမှုတို့ပြည့်နှက်လာသည်။

ရှစ်ဖုန့်ကရှစ်လင်ရို့ကိုကျော်ဖြတ်ပြီး သူ့ထံသို့ဆက်လက်လျှောက်လှမ်းလာနေသည်ကိုတွေ့ရသည်ပင် သူကကြောက်နေခြင်းမရှိပေ။ သူကဆက်လက်ရယ်မောပြီးမောက်မာစွာပြောလိုက်သည်။

“မင်းရဲ့ ပါရမီက ကောင်းကင်ဘုံကိုဆန့်ကျင်နေရင်တောင် ကွမ်းရှန့်မြို့ထဲမှာ ငါ့ရှေ့မှာမင်းဘာလုပ်နိုင်မှာလဲ”

“ငါဘယ်သူလဲမင်းသိလား. ငါကကွမ်းရှန့်မြို့ရဲ့တပ်မှူးကြီး လီရှင်းရဲ့တူပဲ.. .ငါ့ဦးလေးကကွမ်းရှန့်မြို့ရဲ့ကောင်းကင်ပဲ. ငါကလည်းဒီနေရာရဲ့ကောင်းကင်ပဲ..ဒီသခင်လေးရဲ့မျက်လုံးထဲမှာမင်းကအလောင်းတစ်ခုထက်မပိုဘူး”

“ညီအကိုတို့ မင်းတို့ ပြပွဲကိုကြည့်တာလုံလောက်ပြီမဟုတ်ဘူးလား”

လီလဲ့ကနောက်ဆုံးစကားအားပြောချိန်တွင် ရုတ်တရက်သူက ခေါင်းကိုမော့လိုက်သည်။

လီလဲ့စကားဆုံးပြီးပြီးချင်း ဂရုထားဟန်မရှိသော ရယ်မောသံတစ်ခုပေါက်ကွဲထွက်ပေါ်လာသည်။

“ဟီးဟီး..ကျုပ်မြင်ရတာလုံလောက်ပါပြီ.. မနက်ခင်းစောစောစီးစီးမှာ သခင်လေးလီလဲ့အနေနဲ့ဒီလိုအ

ခြေအနေကောင်းမျိုးဖြစ်နေမယ်လို့ကျုပ်မထင်ထားဘူး”

စကားဆုံးပြီးပြီးချင်း များပြားလှသောငွေရောင်ပုံရိပ်များက ကောင်းကင်ထဲမှသက်ဆင်းလာပြီး လီလဲ့၏ဘေးတွင်ဆင်းလိုက်ကြသည်။ ၎င်းတို့စုစုပေါင်းဆယ့်ရှစ်ယောက်ရှိပြီး အားလုံးကငွေရောင်ချပ်ဝတ်

စစ်သည်များဖြစ်ကြသည်။

လမ်းမထက်၌သဏ္ဍန်မဲ့ သတ်ဖြင်ခြင်းအော်ရာဆယ့်ရှစ်ခုတို့ရုတ်ခြည်းပြည့်နှက်သွား၏။

“ငွေရောင်ချပ်ဝတ်စစ်တပ်..

ဒါကငွေရောင်ချပ်ဝတ်စစ်တပ်ပဲ..”

ငွေရောင်ချပ်ဝတ်စစ်သည်ဆယ့်ရှစ်ယောက်ရောက်ရှိလာသောအခါတွင် လမ်းလေးနှစ်ဘက်ရှိလူအုပ်ကြီးမှာ အံ့အားသင့်စွာဖြင့်အလန့်တကြား

ပြောလိုက်ကြသည်။

ကွမ်းရှန့်မြို့အတွင်းရှိစစ်သည်များအား ငွေရောင်ချပ်ဝတ်နှင့် ကြေးရောင်ချပ်ဝတ်စစ်တပ်ဟူ၍ပိုင်းခြားထားသည်။ ငွေရောင်ချပ်ဝတ်စစ်တပ်က ကွမ်းရှန့်မြို့၏ဂုဏ်ကျတ်သရေကို ကိုယ်စားပြုသည်ဖြစ်၏။ ငွေရောင်ချပ်ဝတ်စစ်တပ်ရှိစစ်သည်တိုင်းမှာ တိုက်ပွဲပေါင်းရာကျော်အား ဖြတ်ကျော်ထားသောဝါရင့်များဖြစ်ကြသည်။ ငွေရောင်ချပ်ဝတ်စစ်တပ်ရှိစစ်သည်တိုင်းမှာ သာလွန်သော စစ်တပ် အောင်မြင်မှုများကိုရရှိထားသူများဖြစ်ကြသည်။ ၎င်းတို့တွင် ကွမ်းရှန့်မြို့အတွင်း၌သတ်ဖြတ်နိုင်သော လုပ်ပိုင်ခွင့်အာဏာရှိသည်ဖြစ်သည်။

“အဲ့လူက မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်းပဲ. အဲ့လူကငါတို့မြို့အရှေ့ပိုင်းရဲ့အကြီးအကဲပဲ.. ကောလဟာလတွေအရ ခွမ်ရှင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က ကြယ်ရှစ်ပွင့် သူတော်စင်နယ်ပယ်ကိုရောက်နေပြီတဲ့.. ကွမ်းရှန့်မြို့ထဲမှာထိပ်တန်း

ဆယ်ယောက်စာရင်းဝင်ပဲ”

မကြာခင်တွင် တစ်စုံတစ်ယောက်က လီလဲ့၏စကားတို့အားတုန့်ပြန်သော ငွေရောင်ချပ်ဝတ်စစ်သည်ကို မှတ်မိသွားသည်။

ငွေရောင်ချပ်ဝတ်စစ်သည်ဆယ့်ရှစ်ယောက်ရောက်ရှိလာမှုနှင့်အတူ လမ်း၏နှစ်ဖက်လုံးမှာ အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ရုတ်ခြည်းကွမ်းရှန့်မြို့ ၏ကြေးရောင်ချပ်ဝတ်စစ်တပ်အတန်းကြီးကပေါ်လာပြီးတစ်ဟုန်ထိုးရောက်ရှိလာသည်။

ဤစစ်သည်များပေါ်လာမှုနှင့်အ

တူလီလဲ့မျက်နှာထက်ရှိ မောက်မာမှုကပို၍ကြီးထွားလာသည်။ သူကသူ၏ရှေ့၌ရပ်နေသောလူငယ်ကို အေးစက်စွာကြည့်လိုက်သည်။

သို့သော်ဤအချိန်တွင် ဤလူက သူ၏ စကားတို့ကိုကြားပြီး သူ၏ သရုပ်မှန်ကိုသိလိုက်ကာ ကွမ်းရှန့်မြို့၏စစ်တပ်များ အထူးသဖြင့်ငွေရောင်ချပ်ဝတ်စစ်တပ်ပေါ်လာခြင်းကိုမြင်တွေ့ရသောလည်း သူ့အားအေးစက်စွာကြည့်နေဆဲဖြစ်သည်ကို လီလဲ့သဘောပေါက်လိုက်သည်။

ဤခံစားချက်ကလီလဲ့အား လွန်စွာ အဆင်မပြေဖြစ်စေသည်။ သူ၏စိတ်ကူးအရဆိုလျှင် ဤလူက သူ၏ သရုပ်မှန်၊အဆင့်အတန်း၊အာဏာ

နှင့်စစ်တပ်တို့ကြောင့် ကြောက်လန့်နေရမည်ဖြစ်သည်။

၎င်းကသူ့အား ဘယ်လိုတောင်အေးစက်စွာကြည့်နေရဲပါသနည်း။ သူ့ပတ်ဝန်းကျင်ရှိအရာအားလုံးအားဘာမှမဟုတ်ဟု မှတ်ယူထားသည်လော။

ဤအချိန်တွင်လီလဲ့အားစိုက်ကြည့်နေသော ရှစ်ဖုန့်က ထပ်မံအေးစက်စွာပြောလိုက်သည်။

“မင်းသောက်လုပ်တွေပြီးပြီလား”

စကားပြောရင်း ရှစ်ဖုန့်ကသူ၏ လက်ဝါးကိုမြှောက်လိုက်သည်။ ရုတ်တရက်လက်ဝါးရိပ်တစ်ခုက

ဖျက်ခနဲပေါ်လာသည်။

“ဘန်း”

လီလဲ့မတုန့်ပြန်နိုင်ခင် သူ၏ ပါးပြင်ထက်၌ကပြင်းထန်သောနာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။

“အား”

လီလဲ့တစ်ယောက်နာကျင်စွာအော်ဟစ်ရင်း သူ ၏ ကိုယ်ကလည်း ပါးရိုက်ချက်ကြောင့် လွင့်ထွက်သွားသည်။

“သူ..သူတကယ်ကြီးလီလဲ့ရဲ့

မျက်နှာကိုဖြတ်ရိုက်လိုက်တယ်”

“ငွေရောင်ချပ်ဝတ်စစ်သည်

ဆယ့်ရှစ်ယောက်ကလည်းပေါ်လာပြီး ကြေးရောင်ချပ်ဝတ် စစ်တပ်ကလည်း တစ်ဟုန်ထိုးလာနေတာတောင်. သူတကယ်ကြီး လီလဲ့ကိုရိုက်ရဲပြီး ရိုက်တာမှပါးကိုဖြတ်ရိုက်တာတဲ့လား”

“ဒီလူရဲ့နောက်ခံက ဘာလဲ. ဘယ်လိုတောင် သူကအရမ်းရဲတင်းနေရတာလဲ”

လီလဲ့ပါးရိုက်ခံလိုက်ရသကဲ့သို့ လမ်းမထက်ရှိလူများကလည်း မယုံကြည်နိုင်စွာဖြင့်အလန့်တကြားဖြစ်ကုန်သည်။

“ရဲတင်းလိုက်တာ”

All Chapters