← Chapters

အခန်း (၇၇၀)

Vol. 52 Ch. 770

အခန်း (၇၇၀)

Vol. 52 Ch. 770

လီလဲ့တစ်ယောက်သာသူ၏ပါးအား

ဖြတ်ရိုက်ခံရရန်မမျှော်လင့်ထားခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်ထဲမှဆင်းသက်လာကြသော ငွေရောင်ချပ်ဝတ် စစ်သည်များပင် ဤအရာအား မျှော်လင့်မထားခဲ့ကြချေ။

သူ၏ကိုယ်က မြေပြင်နှင့်ပြင်းထန်စွာပစ်ဆောင့်ထိတွေ့မိပြီး ကျယ်လောင်သောအသံတစ်ခုထွက်

ပေါ်လာပြီးမှသာ ဘာဖြစ်ခဲ့သည်ကိုသဘောပေါက်ပြီး

သူတို့၏အသိများပြန်ဝင်လာကြခြင်းဖြစ်သည်။

မြေပြင်ထိတိုင်ပါးဖြတ်ရိုက်ခြင်းခံလိုက်ရသောလီလဲ့မှာ အရမ်းကို စိုးရိမ်ဖွယ်အခြေအနေတစ်ခုသို့ကျရောက်နေပြီး မြေပြင်ပေါ်၌ခွေးသေကောင်တစ်ကောင်ကဲ့သို့လဲလျောင်းနေသည်။ သို့သော်သူက လျှင်မြန်စွာသူ၏ခေါင်းကိုမော့လိုက်ပြီး ညစ်ပတ်စုတ်ပြတ်မှုတို့ပြည့်နှက်နေသောသူ၏မျက်နှာကိုပြသလာသည်။ သူကသူ၏ရှေ့ရှိရှစ်ဖုန့်အား ခက်ထန်စွာအော်ဟစ်လိုက်သည်။

“မင်း.. ငါ့ပါးကိုဘယ်လိုတောင်ဖြတ်ရိုက်ရဲတာလဲ.. ရဲတင်းလိုက်တာ”

ဤအချိန်တွင်လီလဲ့မှာရူးသွပ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ တပ်မှူးကြီးလီရှင်း၏ တူတစ်ယောက်အနေဖြင့် လီရှင်းက ကွမ်းရှန့်မြို့အတွင်း၌ အာဏာပြကြီးစိုးချယ်လှယ်နေခဲ့သည်မှာ

နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။ သူဤကဲ့သို့ယခင်က တစ်ခါမှအရှက်ခွဲမခံရဘူးပေ။

ထိုထက်ပိုသည်ကား သူက လူများစွာရှေ့မှောက်၌ အရှက်ခွဲခံရခြင်းဖြစ်သည်။ သူ၏မျက်နှာအားဖြတ်ရိုက်ခြင်းခံရသည်ကို လူများစွာကမြင်တွေ့ခဲ့သည်။ ဤကဲ့သို့သောအရှက်ခွဲခံရခြင်းက သူ့အတွက်သေသည်ထက်ကိုဆိုးရွားသည်ဖြစ်သည်။

“ရဲတင်းလိုက်တာ. ငါ့ရှေ့မှာဘယ်လိုတောင်လာပြီးရဲတင်းပြရဲတာလဲ. မင်းတော့သေချင်နေတာပဲ”

မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်းက ဤလူကအရမ်းဥပဒေမဲ့ပြုမူနေသည်ကိုမြင်တွေ့ရသည်။ သူ၏ငွေရောင်ချပ်ဝတ်စစ်သည်

ဆယ့်ရှစ်ယောက်နှင့် ကြေးရောင်ချပ်ဝတ်စစ်တပ်တို့ရှိနေသည်ပင် ၎င်းက သူ၏ရှေ့၌တစ်စုံတစ်ယောက်အား ရိုက်နှက်ရဲသေးသည်။

သူက တပ်မှူးကြီး၏တူတော်ဖြစ်သူကိုပင် ပါးဖြတ်ရိုက်သေးသည်ဖြစ်၏။

“သူ့ကို အမှောက်သိပ်စမ်း”

မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်း၏ အမိန့်အောက်တွင် ငွေရောင်ချပ်ဝတ်စစ်သည်ဆယ့်ခုနှစ်ယောက်တို့က သူတို့၏ဓားများကိုတစ်ခုပြီးတစ်ခုမြှောက်လိုက်ကြသည်။

ငွေရောင်ချပ်ဝတ်စစ်သည်ဆယ့်ခုနှစ်ယောက်နှင့်အတူယှဉ်တွဲ၍ ရာပေါင်းများစွာသောကြေးရောင်ချပ်ဝတ်စစ်သည်များကလည်း ရှစ်ဖုန့်ထံသို့ဦးတည်လာပြီး တစ်ယောက်စီတိုင်းမှာ သူတို့၏လက်ထဲ၌ ကြေးပုဆိန်တစ်ခုစီကိုကိုင်ထားကြသည်။

ရုတ်ခြည်းငွေရောင်နှင့် မိုးပြာရောင်အလင်းများက ဦးတည်ချက်ပေါင်းစုံမှလွှမ်းမိုးထွက်ပေါ်လာသည်။ လေထုထဲ၌သတ်ဖြတ်ခြင်းအော်ရာများနှင့်ပြည့်နှက်နေ၏။ တိုက်ပွဲတစ်ခုကစတင်တော့မည်ဖြစ်သည်။

သို့သော်အားလုံးကတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မည်ဟုခံစားရချိန်တွင် အဖြူရောင်နှင့် လူငယ်၏ ကိုယ်မှ သွေးနီရောင်မီးတောက်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာပြီး ဦးတည်ချက်ပေါင်းစုံသို့ပျံ့နှံ့သွားသည်။

သူနှင့်အနီးကပ်ဆုံးဖြစ်သော ငွေရောင်ချပ်ဝတ်စစ်သည်ဆယ့်ခုနှစ်ယောက်မှာ သွေးနီရောင်မီးတောက်တို့၏ အရင်ဆုံးလွှမ်းခြုံမှုခံလိုက်ရသည်။ သူတို့အော်ခွင့်ပင်မရလိုက်ခင် သွေးနီရောင်မီးတောက်များက သူတို့၏ ကိုယ်များကိုဝါးမျိုသွား၏။

ထို့နောက်မကြာခင် သွေးနီရောင်မီးတောက်ပင်လယ်က ဆက်လက် ပျံ့နှံ့သွားပြီး သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော ကြေးနီရောင်စစ်တပ်ဆီသို့ဦးတည်သွားကာ သွေးနီရောင်မီးပင်လယ်၏အောက်၌ ၎င်းတို့ပျောက်ကွယ်သွားသည်။ ထို့နောက်မကြာခင် မြို့အရှေ့ပိုင်းလမ်းမထက်၌ သွေးနီရောင်မီးပင်လယ်တစ်ခုပေါ်လာပြီး ထူးဆန်းပြီးအေးစက်သောအော်ရာတစ်ခုကိုထုတ်လွှတ်နေသည်။

“အား.အား”

ရှေ့သို့တက်ရန်ပြင်ဆင်နေသော ကြေးနီရောင်ချပ်ဝတ်စစ်သည်များမှာ သူတို့၏အဖော်များက ခုခံနိုင်ခြင်းလုံးဝမရှိဘဲ သွေးနီရောင်မီးတောက်တို့၏ ဝါးမျိုမှုအားခံလိုက်ရသည်ကိုမြင်တွေ့ရသောအခါတွင် ရုတ်ခြည်းထိတ်လန့်သော အမူအယာများပြသလာ၏။ သူတို့က စတင်ဆုတ်ခွာထွက်ပြေးရန်ပြင်ဆင်ကြသည်။

သို့သော် သွေးနီရောင်မီးတောက်များက ကြမ်းကြုတ်ရက်စက်သောသားရဲတစ်ကောင်ကဲ့သို့ တစ်ဟုန်ထိုးဒုန်းဆိုင်းပြေးနေသည်။ ၎င်းကလွန်စွာကြီးမားသော ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ဖြစ်ကာ မြည်ဟိန်းသံတို့ပင်ထွက်ပေါ်နေ၏။ လွန်စွာကြီးမားလှသော သွေးနီရောင်လှိုင်းလုံးများက ရုတ်တရက်အောက်သို့ခုန်မအုပ်ခင် ကောင်းကင်ထဲအထိမြင့်မားစွာထိုးတက်သွားပြီး ကျန်နေသော ကြေးနီရောင်ချပ်ဝတ်စစ်သည်များကို ဝါးမျိုသွားသည်။

မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်းမှာ တလိပ်လိပ်ထနေသောသွေးနီရောင်မီးတောက်ပင်လယ်နှင့် သွေးနီရောင်မီးတောက်များအတွင်း

ပျောက်ကွယ်သွားသော သူ၏စစ်တပ်ကို တွေဝေစွာကြည့်နေသည်။

“အား”

“အား”

မြေပြင်ပေါ်၌လဲနေဆဲဖြစ်သောလီလဲ့မှာလည်း တိလိပ်လိပ်ထနေသော သွေးနီရောင်မီးတောက်လှိုင်းများကို ကြောင်ကြည့်နေသည်။

“ဘာကြီးလဲ..ဘာကြီးလဲ.. မင်း..မင်း. မင်းတကယ်ကြီ ငါ့ကွမ်းရှန့်မြို့ရဲ့ငွေရောင်ချပ်ဝတ်စစ်သည်တွေကို သတ်ရဲတယ်.. ဘယ်လိုတောင်ငါ့ကွမ်းရှန့်မြို့

စစ်တပ်ကိုမီးလောင်တိုက်သွင်းရဲတာလဲ”

လီလဲ့ကအော်ဟစ်လိုက်သည်။

သွေးနီရောင်မီးတောက်ပင်လယ်အ

လယ်၌ရှိနေသောရှစ်ဖုန့်မှာ တည်ငြိမ်စွာရှိနေဆဲဖြစ်သည်။ အစောပိုင်း က သူ၏ သွေးနီရောင်မီးတောက်အောက်၌ ကွမ်းရှန့်မြို့၏စစ်သည်ငါးရာကျော်သေဆုံးခဲ့သည်။ သို့သော် ရှစ်ဖုန့်က၎င်းတို့၏သေခြင်းအား လုံးဝဂရုထားခြင်းမရှိပေ။

၎င်းတို့၏ဓားများကိုဆွဲထုတ်ပြီး သူ့အား၎င်းတို့၏လက်နက်များဖြင့် ချိန်ရွယ်ရဲသူဟူသမျှ သူကသေခွင့်ပေးမည်သာဖြစ်သည်။

အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်က ပြင်းထန်စွာလောင်ကျွမ်းနေသော

သွေးနီရောင်မီးတောက်များအား သူ၏အဖြူရောင်ပုံရိပ်ထံသို့ ပြန်လည်ဦးတည်လာစေပြီး သူ၏ကိုယ်အတွင်းသို့ဝင်ရောက်စေလိုက်သည်။ တလိပ်လိပ်ထနေသောသွေးနီရောင်မီးပင်လယ်က ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲ လျှင်မြန်စွာပျောက်ကွယ်သွားသည်။

၎င်းနှင့်အတူယှဉ်တွဲ၍ ကွမ်းရှန့်မြို့၏ စစ်သည်ငါးရာကျော်မှာလည်းပျောက်ကွယ်သွားသည်။ သွေးနီရောင်မီးတောက်ပင်လယ်အောက်တွင် ၎င်းတို့ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ လောင်ကျွမ်းခံလိုက်ရသည်။

ဤမြင်ကွင်းအားမြင်လိုက်ရသူအားလုံးမှာ လမ်းမထက်ရှိလူမားဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် မြို့အရှေ့ပိုင်းတပ်မှူးခွမ်ရှင်းဖြစ်စေ နှလုံးသားထဲအထိအေးစိမ့်တက်သွားမှုကိုခံစားလိုက်ရသည်။ ရက်စက်သော လူတစ်ယောက်က ကွမ်းရှန့်မြို့သို့ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်း ရာပေါင်းများစွာသောလူများ၏အသက်ကိုနှုတ်ယူသွားသည်ကို သူတို့ သဘောပေါက်လိုက်ကြပြီးဖြစ်သည်။

အဖြူရောင်နှင့်အလှလေး ရှစ်လင်ရို့မှာ သူမရှေ့ရှိပုံရိပ်အား ဆိတ်ငြိမ်စွာ စိုက်ကြည့်နေသည်။ သူကသူမကြောင့်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုလူများက သူမအားအနိုင်ကျင့်လိုသောကြောင့် သေသွားရခြင်းဖြစ်ပြီး သူ၏လက်ထဲကျရောက်ရခြင်းဖြစ်သည်။

ထိုကဲ့သို့သောယောက်ျားမျိုးက သာ ထိုနေရာ၌ရပ်နေပြီး လူများအားသူ့ကိုမော်ကြည့်ရအောင်လုပ်နိုင်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်ကသူ၏ခြေထောက်ကိုထပ်မံရွေ့လျားလိုက်ပြီး ရှေ့သိုဖြည်းညှင်းစွာလျှောက်လှမ်းလိုက်သည်။

ရှစ်ဖုန့်လှမ်းသမျှခြေလှမ်းတိုင်းက မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်းအတွက် ဧရာမတောင်ကြီးတစ်လုံးသူ့အပေါ်ဖိကျလာသကဲ့သို့ခံစားရပြီး မထိန်းနိုင်ဘဲ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

လီမိသားစု ၏သခင်လေးဖြစ်သူလီလဲ့မှာလည်း သူ၏ခေါင်းကိုမော့ပြီး သူ့ထံသို့နီးကပ်သည်ထက်နီးကပ်စွာလျှောက်လှမ်းလာသည့် ထိုလူကိုကြည့်နေသည်။ရာပေါင်းများ

စွာသောလူများ၏ သေဆုံးမှုကြောင့်သူ့အနေဖြင့်ဤလူအား ကြောက်စိတ်ဝင်နေပြီဖြစ်သည်။

သူ့ထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာနေ

သောထိုလူကိုကြည့်ရင် လီလဲ့က ခွမ်ရှင်းကို အလျှင်အမြန်အော်ခေါ်လိုက်သည်။

“တပ်မှူးခွမ်.. ကယ်..ကျုပ်ကိုကယ်ပါအုံး.. “

သို့သော်လီလဲ့၏အသံက အနည်းငယ်တုန်ယင်နေသည်။

“ငါ့ကွမ်းရှန့်မြို့မှာ ဘယ်ကောင်က သောက်ပြဿနာလာရှာရဲတာလဲ”

ဤအချိန်တွင် ရုတ်တရက်ဟင်းလင်းပြင်ထဲမှာ အော်သံတစ်ခုထွက်ပေါ်လာသည်။ဤအသံကဧရိယာတစ်ခုလုံအား ဖြတ်သန်းရိုက်ခတ်သွား၏။

ဤအသံအားကြားသောအခါတွင် လီလဲ့၏ကိုယ်က ပြင်းထန်စွာတုန်သွားသည်။ သူကအလျှင်အမြန်ကောင်းကင်ထဲသို့ခေါင်းကိုမော့လိုက်ပြီး အော်ပြောလိုက်သည်။

“ဦးလေး. ဦးလေးလာပါအုံး.. ဦးလေး. ဦးလေးနောက်ဆုံးတော့ရောက်လာပြီ. ဦးလေး ဒီတူတော်အတွက်တရားမျှတမှုကို

ဆောင်ရွက်ပေးပါအုံး”

လီလဲ့၏မျက်နှာနှင့်အသံက အော်ပြောနေရင်း အဆုံးမဲ့နာကြည်းချက်တို့ဖြင့်ပြည့်နှက်နေသည်။

“သူလာပြီ.. သူ့ရဲ့ဦးလေး ကွမ်းရှန့်မြို့ရဲ့တပ်မှူးကြီးလီရှင်းလာပြီ.. ဘုရားရေ. သူရောက်လာပြီပဲ”

“ဟုတ်တယ်.. ဒါက ကွမ်းရှန့်တပ်မှူးကြီးလီရှင်းပဲ”

“တကယ်သူပဲ..လီရှင်း”

“သူနဲ့အတူ ငွေရောင်ချပ်ဝတ်စစ်သည်ထောင်နဲ့ချီလည်းပါလာတယ်”

အားလုံးကခေါင်းမော့ကာကောင်းကင်ထဲသို့ကြည့်လိုက်ပြီး ဟင်းလင်းပြင်ထဲမှငွေရောင်ချပ်ဝတ်စစ်သည်အဖွဲ့တစ်ခုကိုတွေ့လိုက်ရသည်။ ၎င်းတို့၏ရှေ့တွင် ခန့်ညားသောမျက်နှာနှင့် ငွေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသော သက်လက်ပိုင်းအရွယ်လူတစ်ယောက်ရှိနေသည်။

သူ၏ ခါး၌ ငွေရောင် ဓားတစ်လက်ကိုချိတ်ဆွဲထားပြီး ငွေရောင်ဝတ်ရုံကလေနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေ၏။

ဤလူကကွမ်းရှန့်မြို့၏တပ်မှူးကြီးလီရှင်းပင်ဖြစ်သည်။ သူက လူသန်းပေါင်းများစွာ၏အထက်၌ရှိနေသောဒုတိယမြောက်လူဖြစ်သည်။

“တပ်မှူးကြီး”

မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်းပင် ဟင်းလင်းပြင်ထဲရှိ တပ်မှူးကြီးနှင့်သူ၏ ညီအကိုများအားမြင်တွေ့ရသောအခါ၌ အားကိုးစရာတစ်စုံတစ်ယောက်အားမြင်တွေ့လိုက်ရသကဲ့သို့ဖြစ်သွားသည်။သူကရုတ်ခြည်း

ကောင်းကင်ထဲသို့ပျံတက်သွား၏။

သို့သော် ဤအချိန်တွင် ပုံမှန်မဟုတ်သော အေးစက်သည့်အသံတစ်ခုထွက်ပေါ်လာသည်။

“မင်းကဒီသခင်လေးကိုစော်ကားပြီး

အခုမှထွက်ပြေးချင်တာလား”

အေးစက်သောအသံက ပြောဆိုမှုပြီးဆုံးသွားသည်။

“အား”

မကြာခင်တွင်လေထဲ၌ပျံသန်းနေသောခွမ်ရှင်းမှာ နာကျင်မှုအပြည့်ဖြင်စူးစူးဝါးဝါးအော်ဟစ်လိုက်၏။ထို့နောက် သူ၏ကိုယ်က ရုတ်ခြည်းမီးတောက်လူသားတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။

“ဒါက”

ဟင်းလင်းပြင်ထဲ၌ရှိနေသာလီရှင်းမှာ သူ့ထံသို့ ပျံသန်းလာနေသောခွမ်ရှင်းက ရုတ်ခြည်းလူသားမီးတောက်အဖြစ်ပြောင်းလဲသွားသည်ကိုတွေ့လိုက်ရသည်။ သူ၏ မျက်လုံးတို့ကရုတ်ခြည်းတုန်လှုပ်စွာဖြင့်ပြူးကျယ်သွား၏။

ခွမ်ရှင်း၏ ကျင့်ကြံမှုက ကြယ်ရှစ်ပွင့် သူတော်စင်နယ်ပယ်၌ရှိသော်လည်း သူကတကယ်ကြီးတစ်စုံတစ်ယောက်၏ တိတ်တဆိတ်သတ်ဖြတ်မှုကိုခံလိုက်ရသည်။ ထိုထက်ပိုသည်ကား ခွမ်ရှင်း၏အော်ရာက သွေးနီရောင်မီးတောက်များအတွင်းလုံးဝ

ပျောက်ကွယ်သွားသည်ကို လီရှင်းအာရုံခံမိပြီးဖြစ်သည်။

သူကတစ်စုံတစ်ယောက်၏ တိတ်တဆိတ်သတ်ဖြတ်မှုကိုခံလိုက်ရသည်။ လီရှင်းတစ်စုံတစ်ခုကို ရုတ်ခြည်းတွေးမိသွား၏။ ယခင်ညကသူဖြစ်ပျက်ခဲ့သည်ကိုပြန်လည်တွေးမိလိုက်သည်။

ထို့နောက်လီရှင်း သူ၏ခေါင်းကိုဖြည်းဖြည်းချင်းငုံ့လိုက်၏။ သူမြင်တွေ့ရမည်ကသူ၏စိတ်ထဲမှပုံရိပ်ဟုတ်မနေရန်သူမျှော်လင့်မိသည်။

All Chapters