← Chapters

အခန်း (၇၇၁)

Vol. 52 Ch. 771

အခန်း (၇၇၁)

Vol. 52 Ch. 771

ကွမ်းရှန့်မြို့၏ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေသော တပ်မှူးကြီးလီရှင်းမှာ မြို့အရှေ့ပိုင်းတပ်မှူးခွမ်ရှင်းတစ်ယောက် သွေးနီရောင်မီးတောက်တို့၏ လောင်ကျွမ်းမှုကိုခံလိုက်ရပြီး မီးတောက်တို့က တစ်ကိုယ်လုံးဖုံးလွှမ်းသွားသည်

ကိုမြင်တွေ့ရသောအခါတွင် ထိတ်လန့်သွားသည်။

ဤကဲ့သို့ထူးဆန်းသောမြင်ကွင်းတစ်ခုက ယမန်နေ့ညက သူဖြစ်ပျက်ခဲ့သည်တို့ကိုပြန်၍အမှတ်ရစေသည်။ သူကယမန်နေ့ညကမြင်တွေ့ခဲ့ရသည့် ဆန်းကြယ်ပြီး လိုက်မမှီနိုင်လောက်အောင်နက်နဲသော လူငယ်ကို ပြန်အမှတ်ရလိုက်သည်။

လီရှင်းက သူ၏ခေါင်းအားဖြည်းညှင်းစွာငုံ့လိုက်ပြီး မြို့၏လမ်းမထက်ကိုကြည့်လိုက်သည်။ သူမြင်တွေ့ရမည့်သူက သူ၏ စိတ်ထဲမှထိုလူဖြစ်မနေစေရန်ဆုတောင်းမိသည်။

သို့သော်ကိစ္စများက မကြာခဏဆိုသလို ဆန္ဒများနှင့် ဆန့်ကျင်ဘက်ဖြစ်လေ့ရှိသည်ဖြစ်သည်။ လမ်းမထက်ရှိအဖြူရောင်ပုံရိပ်အားလီရှင်းမြင်တွေ့လိုက်ရသောအခါတွင် လီရှင်း၏ မျက်လုံးတို့ပြူးကျယ်သွားပြီး မေးရိုးပါပြုတ်ကျသည်အထိပါးစပ်ပါဟသွားရသည်။

ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့်ထူးဆန်းသောအရာဖြစ်သော ဓားမြှောင်ထောင်ပေါင်းများစွာဖြင့်

ထိုးသွင်းခံရသည့် ကြီးစွာသောနာကျင်မှုဝေဒနာကို လီရှင်းရုတ်ခြည်းပြန်အမှတ်ရလိုက်သည်။

ထို့နောက်လီရှင်းက ထိုလူ၏ရှေ့၌လဲကာသူ့အားအော်ဟစ်

ပြောဆိုနေသော သူ၏တူဖြစ်သူလီလဲ့ကိုကြည့်လိုက်သည်။ လီရှင်းချက်ချင်းဘာဖြစ်ခဲ့သည်ကို

နားလည်သွားသည်။

ဤသူတောင်းစားလေးကသူ၏ ကိုယ်ပိုင်အာဏာကိုအသုံးပြုပြီး မြို့အတွင်း၌ ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ကာ ယခုသူနှင့်တွေ့ဆုံရခြင်းဖြစ်သည်။

ဤအချိန်တွင်ရှစ်ဖုန့်ကလည်း သူ၏ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲရှိကြီးမားသော အစုအဖွဲ့အစီအရင်အခင်းအကျင်း

ကိုကြည့်လိုက်သည်။ သူ၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး ငွေရောင်ချပ်ဝတ်စစ်တပ်၏ခမ်းအားသော တပ်မှူးကြီးထံသို့ကြည့်လိုက်သည်။ သူကအေးစက်စွာပြောလိုက်၏။

“တပ်မှူးကြီး ခင်ဗျားကတကယ်အထင်ကြီးစရာပါပဲ”

ရှစ်ဖုန့်၏ စကားအားကြားသောအခါတွင် လီရှင်း၏ကိုယ်ကတုန်တက်သွားသည်။ သူကလျှင်မြန်စွာရွေ့လျားလိုက်ပြီး အောက်ရှိမြို့အတွင်းသို့ဆင်းသက်လိုက်၏။

“တပ်မှူးကြီးလီရှင်းကိုယ်တိုင် အရေးယူတော့မယ်”

လမ်းမထက်ရှိကြည့်နေသူများမှာ လီရှင်း၏လှုပ်ရှားမှုအားမြင်တွေ့လိုက်ရသောအခါတွင် စတင်ဆွေးနွေးပြောဆိုကြသည်။

“ဒီလူငယ်က အရမ်းကိုစွမ်းအားကြီးနေလိမ့်မယ်လို့ငါမမျှော်လင့်ထားမိဘူး.. ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ် မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်းတောင် အဲ့ကြောက်စရာကောင်းတဲ့မီးတောက်

တွေဝါးမျိုတာခံရတယ်.. အခုဆိုခွမ်ရှင်းမီးလောင်ပြီးပြာဖြစ်သွားလောက်ပြီ”

“တပ်မှူးလီရှင်းကမဟာသူတော်စင်နယ်ပယ်ပဲ..ဒီတစ်ကြိမ်တော့ လူငယ်လေးသူ့အသက်ကိုဆုံးရှုံးရမယ်

လို့ငါထင်တယ်”

“ဒီလိုမျိုးစွမ်းအားကြီးလူတစ်ယောက်က ငါတို့ ကွမ်းရှန့်မြို့ကိုလာမယ်လို့ငါမမျှော်လင့်ထားဘူး. ဒီနေ့ဖြစ်ရပ်က ကွမ်းရှန့်မြို့တစ်ခုလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ အုတ်အော်သောင်းနင်းဖြစ်စေမှာပဲ”

လီရှင်း၏ခံ့ညားသောပုံရိပ်က ရှစ်ဖုန့်နှင့် ဘေးရှိမြေပြင်ထက်၌လဲလျောင်းနေသော လီလဲ့တို့၏ရှေ့၌ဆင်းသက်လိုက်သည်။

လီလဲ့မှာသူ၏နှလုံးသားထဲမှ ကောင်းကင်ဘုံကဲ့သို့သောလူရောက်ရှိလာသည်ကိုတွေ့ရသောအခါတွင် မြင့်မားသောပုံရိပ်အားကြည့်ပြီး သူခံစားခဲ့ရသည့်မကျေနပ်ချက်အားလုံးက လုံးဝထွက်ကျလာသည်။ ယနေ့သူခံစားခဲ့ရသောအရှက်ခွဲခံရမှုအား

နောက်ဆုံးတွင် ထိုလူ၏ သွေးဖြင့်ပြန်ပေးဆပ်နိုင်ပြီဖြစ်သည်။

“အဲ့လူ.အဲ့လူ.. ငါသူ့အသားတွေကို အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်.. ငါ့ရဲ့အရှက်ရမှုကိုဆေးကြောဖို့သူ့ခေါင်းကိုမြို့အရှေ့ပိုင်းဂိတ်မှာ ချိတ်ထားမယ်.. ကွမ်းရှန့်မြို့ကလူတွေကို ငါလီလဲ့ကို စော်ကားရင်ဖြစ်လာမဲ့အကျိုးဆက်နဲ့ပက်သက်ပြီးသိစေရမယ်”

“ဦးလေး..ဦးလေး. ဒီတူတော်အတွက်ဦးလေးတရားမျှတ

အောင်လုပ်ပေးပါ.. ဒီလူက တူတော်ရဲ့မျက်နှာကိုရိုက်တာဆိုပေမဲ့ ဒါဟာတူတော်တို့လီအိမ်တော်ရဲ့

မျက်နှာကိုဖြတ်ရိုက်တာပါပဲ.. ဦးလေး. ဦးလေးဒီလူကိုလွှတ်ပေးလို့မဖြစ်ဘူး. သူ့ကိုသေဖို့အတွက်တောင်းပန်လာအောင်ဦးလေးလုပ်ပေးရမယ်”

အစကလီလဲ့မှာ မကျေနပ်စွာဖြင့်အော်ဟစ်နေသော်လည်း နောက်ဆုံးစကားအရောက်တွင် သူ၏မျက်နှာက ခက်ထန်မှုတို့ပြသလာပြီး ကြမ်းကြုတ်ခက်ထန်စွာအော်ဟစ်လိုက်သည်။

“တိတ်စမ်း..လူ့တိရစ္ဆန်ကောင်”

လီလဲ့၏စကားများအားကြားသော

အခါတွင်အစကတည်းက ဒေါကန်နေသော လီရှင်းမှာ ရုတ်တရက်ဒေါသတကြီးအော်ဟစ်လိုက်သည်။ ဤအချိန်တွင် လီရှင်းက သူ၏ ညာလက်ခြေကိုမြှောက်ပြီးလီလဲ့၏

ကျောပြင်ကိုစောင့်နင်းချလိုက်သည်။

“အား”

နာကျင်စွာဖြင့်အော်ဟစ်သောအသံက ရုတ်ခြည်းလီလဲ့၏ပါးစပ်မှုထွက်ကျလာသည်။

“အား..အား. ဦးလေး.. ဦးလေးဘာလို့ဒီလိုလုပ်ရတာလဲ. “

လီလဲ့မှာနာကျင်စွာဖြင့် အော်ဟစ်ရင်းစိတ်ရှုပ်ထွေးမှုတို့ဖြင့်ပြည့်

နှက်နေသည်။

လီရှင်း၏ကန်ချက်ကလုံးဝမျှော်လင့်

မထားမှုဖြစ်သည်။

လမ်းဘေးနှစ်ဖက်ရှိစောင့်ကြည့်သူများပင် လီရှင်း၏ အပြုအမူကြောင့်နားလည်ရခက်သွားကြသည်။

ဤအချိန်တွင် လူပေါင်းသောင်းနှင့်ချီ၏ အကြည့်တို့အောက်၌ပင် လီရှင်းက အဖြူရောင်နှင့်ပုံရိပ်ရှေ့၌ သူ၏ကိုယ်ကိုကိုင်းညွှတ်ကာ

ဒူးထောက်ချလိုက်သည်ကို လူများမြင်တွေ့လိုက်ရသည်။

“ဒါက.ဒါက..”

“ဒါက..”

ဤမြင်ကွင်းအားမြင်လိုက်ရသောအခါတွင် လူအုပ်ကြီးမှာ အရမ်းတုန်လှုပ်အံ့အားသင့်သွားပြီး ဆွံ့အသွားရသည်။

သူတို့၏နှလုံးသားများထဲတွင် အလျော့အမပေးခေါင်းမာတတ်သော လူသန်းပေါင်းများစွာ၏အထက်၌ရှိနေသည့် လီရှင်းလိုလူမှာ တကယ်ကြီး အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏ရှေ့၌ ဒူးထောက်နေသည်။

“ဒီလူ. ဒီလူရဲ့နောက်ခံက ဘယ်လိုဟာမျိုးလဲ”

လီလဲ့၏မျက်လုံးများပင် သူ၏ဘေးရှိမိုးကောင်းကင်နှင့်

တူညီသည့်လူအားကြည့်ရင်း ပြူးကျယ်နေသည်။ ၎င်းကတကယ်ကြီးဒူးထောက်နေသည်ဖြစ်သည်။ ၎င်းက တကယ်ကြီးသူ့အားပါးရိုက်ခဲ့သော

သူ၏ရှေ့၌ဒူးထောက်နေသည်ဖြစ်၏။ ၎င်းတကယ်ဒူးထောက်နေခြင်းဖြစ်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…ဒါက

ဘယ်လိုဖြစ်နိုင်မှာလဲ.. ဦးလေး..သူတကယ်ကြီး.”

လီလဲ့မှာအရမ်းတုန်လှုပ်အံ့အားသင့်နေပြီး သူမြင်တွေ့နေရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ ဤအချိန်တွင် ယင်းကသူ့အတွက်အိမ်မက်တစ်ခု

ကဲ့သို့ပင်ဖြစ်သည်။ ယင်းကလွန်စွာ အိမ်မက်ဆန်ဆန်သဘာဝနှင့်ကင်းကွာလွန်းသည်ဟုခံစားရ၏။

“အရှင်.. ဒီလူ့တိရစ္ဆာန်ကောင်က အမြင်ကန်းပြီး အရှင့်ကိုစော်ကားခဲ့ပါတယ်..ကျေးဇူးပြုပြီးသဘောထားကြီးစွာနဲ့သူ့ကိုဗွေမယူလိုက်ပါနဲ့. ကျုပ်အိမ်ကိုပြန်ရောက်တဲ့အခါမှာ သေချာပေါက်ဒီလူ့တိရစ္ဆာန်ကောင်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်”

မြေပြင်ပေါ်၌ဒူးထောက်နေသောတပ်မှူးကြီးလီရှင်း၏မျက်နှာထက်တွင်ခါးသီးသော

အမူအယာတစ်ခုရှိနေသည်။ သူကရှစ်ဖုန့်အား အသနားခံသောအမူအယာဖြင့် တောင်းပန်နေ၏။

ရှစ်လင်ရို့မှလွှဲ ဤနေရာ၌ သူ့ရှေ့ရှိလူက မည်မျှကြောက်ဖို့ကောင်းသည်ကို လီရှင်းကလွဲ၍မည်သူမှမသိကြချေ။

လီရှင်း၏ အသနားခံတောင်းပန်မှုအားမြင်ရသောအခါတွင်ရှစ်ဖုန့်၏ အေးစက်သောအမူအယာကအနည်းငယ်ပြေလျော့သွားသည်။ လီရှင်း၏ စကားအားကြားပြီး နောက် သူက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

“သူ့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးမှာလား”

ထို့နောက်ရှစ်ဖုန့်ကခေါင်းခါယမ်းလိုက်ပြီး ဂရုမစိုက်စွာပြောလိုက်သည်။

“ဒီလူက ဒီသခင်လေးနဲ့ဒီသခင်လေး မိတ်ဆွေကိုစော်ကားခဲ့တယ်.. ဒီနေ့ သူသေရမယ်”

“အာ”

ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင် လီရှင်း၏ ပါးစပ်ကပွင့်ဟသွားသည်။ ဤလူကအကြင်နာမဲ့ရက်စက်သည်ကိုသူသိထားပြီးဖြစ်သည်။ သို့သော် ဤလူကတကယ်ပဲအရမ်းကို အသနားအကြင်နာမဲ့လေသည်။

“အရှင်”

လီရှင်းကဆက်လက်အသနားခံသည်။

“ကျုပ်ရဲ့အကိုကြီးက စောစီးစွာသေဆုံးသွားခဲ့ပြီးမိသားစု မျိုးဆက်အတွက်ဒီသားတစ်ယောက်

ထဲကိုပဲချန်ထားခဲ့တာပါ.. ကျေးဇူးပြုပြီးသနားညှာတာစွာနဲ့

သူ့အသက်ကိုချမ်းသာပေးပါ.. အရှင်အနေ့နဲ့ကျုပ်ကိုသူ့ဒန်တန်ကိုဖျက်ဆီးပြီး ဒုက္ခိတအဖြစ်ပြောင်းလဲကာ ဘယ်တော့မှအာဏာရှင်မဆန်စေ

အောင်လုပ်စေချင်ပါသလား”

ဤအရာအားလုံးအားကြားပြီးနောက် လီလဲ့အနေဖြင့်မည်ကဲ့သို့လူမျိုးအား

သူသွားစော်ကားမိသည်ဖြစ်သည်

ကိုနောက်ဆုံး၌နားလည်သွားသည်။

သူစော်ကားမိသောသူမှာသူ့ဦးလေးကဲ့သို့လူမျိုး သူကဲ့သို့လူမျိုး စော်ကားရန်အားထုတ်ခြင်းငှာမ

တက်နိုင်သောလူမျိုးဖြစ်သည်။

သို့သော်ထို့နောက်ချက်ချင်း လူပေါင်းသောင်းနှင့်ချီ၏အကြည့်တို့အောက်၌ပင် တပ်မှူးကြီးလီရှင်းဤကဲ့သို့စကားများပြောပြီး ဤကဲ့သို့တိုင်းအတာအထိတောင်းပန်သည့်တိုင် အဖြူရောင်ဝတ်ရုံနှင့်လူငယ်ကခြား

နားမှုမရှိဂရုမစိုက်သည်ကို လူများမြင်တွေ့လိုက်ရသည်။

“ဒီသခင်လေးကခင်ဗျားအတွက် ခင်ဗျားကိုယ်တိုင် ဒီသတ္တဝါကိုသတ်ခွင့်ပေးမယ်.ဒီကမ္ဘာပေါ်မှာသူအသက်ရှင်နေတာကို ဒီသခင်လေးမမြင်ချင်ဘူး. မဟုတ်ရင်ဖြစ်လာမဲ့အကျိုးဆက်ကို ခင်ဗျားခံစားရလိမ့်မယ်”

“အာ”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လီရှင်း၏ပါးစပ်ကထပ်မံပွင့်ဟသွားပြန်သည်။

“အား..ဦးလေး..ဦးလေး. ကျုပ်ကိုကယ်ပါ..ဦးလေး”

နတ်ဆိုးတစ်ပါးကဲ့သို့အသံအားကြား

လိုက်ရသောအခါတွင် လီလဲ့ကသူဘေးရှိလီရှင်းအား အလျှင်အမြန်အော်ပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းအသက်ရှူသုံးကြိမ်စာအချိန်ကုန်ဆုံးသွားသည်။

လီရှင်းကသူ၏ခေါင်းကိုဖြည်းညှင်းစွာ

လှည့်လိုက်ပြီး သူ့ဘေး၌သူ့အားအသနားခံနေသည့်

သူ့၏တူဖြစ်သူလီလဲ့ကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။

သူ၏အကိုကြီးက အမွေခံဤသားတစ်ယောက်ကိုသာ

ချန်ရစ်ထားခဲ့သည်။ သို့သော်အကယ်၍သူသာ ၎င်းအားမသတ်လျှင်သူအပါအဝင်

လီမိသားစုတစ်ခုလုံး လုံးဝပျက်သုဉ်းခြင်းသို့စိုက်ရောက်

ရလိမ့်မည်ဖြစ်သည်။

“လီလဲ့.လီလဲ့.လီလဲ့. မင်းဘယ်သူ့ကိုအလွယ်လေးစော်ကားလိုက်တာလဲ.. ဘာလို့မင်းဒီလိုမျိုးအကြင်နာမဲ့ရက်စက်တဲ့လူမျိုးကိုမှစော်ကားခဲ့ရတာလဲ”

All Chapters