အခန်း (၇၇၂)
Vol. 52 Ch. 772
“ဦးလေး. ကျုပ်ကိုကယ်ပါအုံး”
လီလဲ့က လီရှင်းအား ကူညီရန်ဆက်တိုက်ခေါ်နေဆဲဖြစ်သည်။
လီရှင်း၏မျက်နှာထက်တွင် တုန့်ဆိုင်းမှု၊ခါးသီးမှု ၊ကူကယ်ရာမဲ့မှု၊ပရိဒေဝမီးတောက်
လောင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
“ဟူး”
လီရှင်းကသက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး လီလဲ့အား ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။
“လဲ့လေး. ငါတို့လီမိသားစုအတွက်အလို့ငှာ သွားလိုက်ပါတော့”
ဤသို့ပြောပြီးနောက် လီရှင်းက သူ၏ညာလက်ကိုမြှောက်လိုက်ပြီးဖြစ်သည်။
“ဟင့်အင်း..မဟုတ်ဘူး..မဟုတ်ဘူး ဦးလေး”
လီရှင်း၏ စကားများအားကြားပြီး လီရှင်း၏ညာလက်ဖဝါးအားမြင်တွေ့
ရသောအခါတွင် လီလဲ့၏မျက်လုံးတို့ ပြူးကျယ်စွာပွင့်သွားသည်။ အရမ်းကြောက်လန့်စွာဖြင့် စတင် အော်ဟစ်နေပြီး သူ၏ခေါင်းအားအဆက်မပြတ်ခါယမ်းနေသည်။
ထို့နောက် လီရှင်း၏ညာလက်ဝါးက ရုတ်တရက်ကျဆင်းလာသည်။
“မဟုတ်ဘူး..မလုပ်ပါနဲ့”
လီလဲ့ကသူ၏အားကုန်သုံး၍ အသက်အက်ကွဲသည်အထိအသား
ကုန်အော်ဟစ်လိုက်သည်။
“ဘန်း”
လီရှင်း၏လက်ဝါးက လီလဲ့၏ဦးခေါင်းကိုထိမှန်သွားသည်။ လီလဲ့၏မျက်နှာထက်တွင် ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်နေသကဲ့သို့ သူ၏ မျက်လုံးတို့ကဖြည်းညှင်းစွာ ပိတ်သွားသည်။မသိလိုက်ပါဘဲသူ့အား အမှောင်ထုကဝါးမျိုသွားခဲ့ပြီးဖြစ်သည်။
“ဖန်း”
သူ၏မော့နေသောခေါင်းကလည်း မြေပြင်ပေါ်သို့ပြန်လည်ပြုတ်ကျသွားပြီးခံစားချက်မဲ့နေသောသူ၏ကိုယ်သာကျန်ရစ်တော့သည်။
ကွမ်းရှန့်မြို့၏ မျိုးဆက်တစ်ခုမှ သခင်လေးဖြစ်သူ လီလဲ့မှာ ကျဆုံးသွားပြီဖြစ်သည်။
“သေပြီ.. လီလဲ့သေပြီ. . အမြဲတမ်းသူ့ရဲ့စွမ်းအား အာဏာနဲ့ပက်သက်ပြီးလီရှင်းကိုအား
ကိုးအားထားပြုခဲ့တဲ့သူက တကယ်ကြီးအဆုံးသတ်မှာလီရှင်းလက်ထဲမှာပဲသေသွားရတယ်..ဘဝကတကယ်ကို မခန့်မှန်းနိုင်တဲ့အရာပဲ”
“ဟုတ်တယ်.. ငါတကယ်ပဲဒါကိုမျှော်လင့်မထားခဲ့ဘူး”
“လီလဲ့သေဆုံးတာက ငါတို့ကွမ်းရှန့်မြို့ရဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို ဖယ်ရှားလိုက်တာလို့သုံးသပ်လို့ရတယ်.
ငါတို့အတွက်ဒါကကောင်းချီးပေးမှု
တစ်ခုအဖြစ်တောင် သုံးသပ်လို့ရတယ်”
“ဒါက..အမှန်ပဲ”
လီရှင်းကိုယ်တိုင်လီလဲ့၏အသက်အား အဆုံးသတ်လိုက်သည်ကိုတွေ့ရပြီး
နောက်လူအုပ်ကြီးက စိတ်ပါလက်ပါဆွေးနွေးပြောဆိုကြသည်။
လီလဲ့၏အသက်အားကိုယ်တိုင်ကိုယ်ကျအဆုံးသတ်ပြီးနောက် မြေပြင်ပေါ်၌လဲလျောင်းနေသော ခံစားချက်မဲ့နေသည့်ကိုယ်အားကြည့်ရင်း လီရှင်းကသူ၏ ခေါင်းကိုဖြည်းညှင်းစွာမော့ကာ သူ၏ရှေ့ရှိအဖြူရောင်ပုံရိပ်ထံသို့ကြည့်လိုက်သည်။
လီရှင်း ကြည့်လာသည်ကိုမြင်ရသောအခါတွင် ရှစ်ဖုန့်က ဂရုမထားစွာဖြင့်ပြောလိုက်သည်။
“ကောင်းပြီ.. ခင်ဗျားကဒီသခင်လေးပြောသလိုလုပ်ခဲ့ပြီးပြီမို့ ဒီကိစ္စကို အရင်ကလို ဒီသခင်လေး ဆက်မလုပ်တော့ဘူး. ခင်ဗျားလည်းထလို့ရပြီ”
“ဟူး”
လီရှင်း ထပ်မံသက်ပြင်းချလိုက်သည်။ သူ၏ကိုယ်ကအနည်းငယ်လှုပ်ရှားသွားပြီး မြေပြင်ထက်တွင်ဒူးထောက်နေရာမှ
ထရန်လုပ်လိုက်သည်။ သို့သော် ဤအချိန်တွင် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်၏အသံက ကွမ်းရှန့်မြို့အတွင်းမှထွက်ပေါ်လာသည်။
“အင်း..မဆိုးဘူး.မဆိုးဘူး. ဒီလိုအံ့ဩဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုကို ကွမ်းရှန့်မြို့ကိုငါရောက်လာပြီးဒုတိယနေ့မှာမြင်တွေ့ရလိမ့်မယ်လို့ငါမမျှော်လင့်ထားဘူး.. ပြီးတော့တပ်မှူးကြီးလီရှင်း. မင်းကတကယ်ကိုကွမ်းရှန့်မြို့ကိုဘယ်လိုဂုဏ်ယူရအောင်လုပ်ရမယ်ကိုသိတာပဲ”
အသံ၌ လှောင်ပြောင်သရော်မှုရယ်သွေးမှ
တို့ဖြင့်ပြည့်နှက်နေသည်။
ဤအသံအားကြားပြီးသောအခါတွင် ထရပ်တော့မည့်လီရှင်းမှာ အသံလာရာဆီသို့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“နန်းကုန်း ဖေးဟုန်”
ကောင်းကင်ထဲရှိ ထောင်နှင့်ချီသောငွေရောင်ချပ်ဝတ်စစ်
တပ်၏အထက်၌ ရွှေရောင်ချပ်ဝတ်ပုံရိပ်တစ်ခုကဝင့်ကြွားစွာရပ်နေသည်။၎င်းကခံ့ညားပြီး ရွှေရောင်ချပ်ဝတ်စစ်နတ်ဘုရားတစ်ပါးက ကမ္ဘာပေါ်သို့ဆင်းသက်လာသကဲ့သို့ပင်ဖြစ်သည်။
ဤလူက ကွမ်းရှန့်မြို့၏မြို့အရှင်သခင်အသစ်ဖြစ်သူ နန်းကုန်း ဖေးဟုန်ပင်ဖြစ်သည်။
“ဒါကမြို့အရှင်သခင်အသစ်ပဲ..
မြို့အရှင်သခင်အသစ်ရောက်လာပြီ.. “
လူအုပ်ကြီးမှာ ရွှေရောင်ချပ်ဝတ်နှင့်နန်းကုန်းဖေးဟုန်အားမြင်တွေ့လိုက်ရသောအခါတွင်သူကမြို့
အရှင်သခင်အသစ်ဖြစ်သည်ကို ချက်ချင်းမှတ်မိသွားသည်။
“မြို့အရှင်ကိုနှုတ်ဆက်ပါတယ်”
ငွေရောင်ချပ်ဝတ်စစ်သားများက နန်းကုန်းဖေးဟုန်အား မြင်တွေ့လိုက်ရသောအခါတွင် ချက်ချင်းဦးညွှတ်ကာသူ့အား
နှုတ်ဆက်လိုက်ကြသည်။
“အရှင်”
လီရှင်းအနေဖြင့်နန်းကုန်းဖေးဟုန်၏ လှောင်ပြောင်မှုအား စိတ်မကျေမနပ်ဖြစ်သော်လည်း သူ၏လက်နှစ်ဖက်ကိုဆုပ်ကာ ၎င်းကိုအရိုအသေပေးလိုက်ဆဲဖြစ်သည်။ အားလုံးထက် အပေါ်ယံမျက်နှာပြင်တွင် နန်းကုန်းဖေးဟုန်က မြို့အရှင်သခင်ဖြစ်သည်။
“ဘယ်လိုလုပ်ပြီးတော့ ကျုပ်လို မြို့အရှင်သခင်အသစ်က ခင်ဗျားအရိုသေပေးတာကို ခံရဲမှာလဲ တပ်မှူးကြီးလီရှင်း. ဒီမြို့အရှင်သခင်အသစ်ကို မျက်နှာပျက်အောင် လို့ ခင်ဗျားမလုပ်ပါနဲ့..”
နန်းကုန်းဖေးဟုန်က ဆက်လက်လှောင်ပြောင်သရော်လိုက်သည်။
ထို့နောက်မကြာခင်နန်းကုန်းဖေးဟုန်၏ အသံကကျယ်ပြောလှသော ကွမ်းရှန့်မြို့အတွင်း နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာသည်။
“တပ်မှူးကြီးလီရှင်းဟာ ကွမ်းရှန့်မြို့ကို အရှက်ရအောင်ပြုလုပ်ပြီး အဲ့အတွက်ကြောင့်မို့ သူဟာ ကွမ်းရှန့်မြို့ရဲ့အရေးကြီးတဲ့ရာထူးကို ကိုင်ထားဖို့ မသင့်တော်ဘူးလို့ငါကြေညာတယ်.. ဒီနေ့မှာ ငါဟာသူ့ရဲ့တပ်မှူးကြီးဆိုတဲ့ရာထူးကို ရုတ်သိမ်းပြီး အရပ်သားတစ်ယောက်အဖြစ်သူ့ကို လျှော့ချတယ်. သူကကွမ်းရှန့်မြို့နဲ့ဘယ်သော
အခါမှအလုပ်ခန့်အပ်တော့မှာမဟုတ်ဘူး”
နန်းကုန်းဖေးဟုန်၏ စကားတို့က မြို့တစ်ခုလုံးအားတုန်လှုပ်သွားစေသည်။ မြို့သူမြို့သားများသာမက ငွေရောင်ချပ်ဝတ်စစ်သည်များသည်ပင်ထိုသို့ဖြစ်ကြရသည်။ တပ်မှူးကြီးလီရှင်းမှာ ကွမ်းရှန့်မြို့၏ လူများ၏နှလုံးသားထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီးဖြစ်သည်။မြို့အရှင်သခင်အသစ်က ဤကဲ့သို့ ရုတ်သိမ်းခြင်းကို ပြုလုပ်လိမ့်မည်ဟု မည်သူကထင်ထားပါမည်နည်း။
နန်းကုန်းဖေးဟုန်၏ စကားတို့အားကြားပြီးနောက် လီရှင်း၏ မျက်လုံးတို့ကတုန်လှုပ်အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားရသည်။ထို့နောက် သူက ကောင်းကင်ထဲသို့လက်ညှိုးထိုးပြီး နန်းကုန်းဖေးဟုန်ထံသို့ အော်ပြောလိုက်သည်။
“နန်းကုန်းဖေးဟုန်.. ခင်ဗျား”
လီရှင်းကခက်ထန်စွာဖြင့် နန်းကုန်းဖေးဟုန်၏နမည်
ကိုတိုက်ရိုက်ပင်ခေါ်လိုက်သည်။
လီရှင်း၏ ဤကဲ့သို့အခြေအနေအားမြင်တွေ့ရသောအခါတွင် နန်းကုန်းဖေးဟုန် ၏ထည်ဝါသောမျက်နှာက ရုတ်ခြည်းမှောင်ကျသွားသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်ထဲရှိနန်းကုန်းဖေးဟုန်၏ ကိုယ်မှ အားကောင်းသောအော်ရာတစ်ခုရုတ်ခြည်း ဝုန်းခနဲထွက်ပေါ်လာသည်။
နန်းကုန်းဖေးဟုန်၏ကိုယ်မှ လာသောအော်ရာကိုခံစားရင်း မြို့အတွင်းရှိလူများ၏မျက်နှာများက သိသိသာသာပြောင်းလဲသွားသည်။
“ဒီ..ဒီစွမ်းအား”
လူများမှာ ဧရာမတောင်ကြီးတစ်လုံးကကောင်းကင်ထဲ၌ပေါ်လာပြီး သူတို့အားခြေမွပစ်တော့မည့်မတက် ရုတ်ခြည်းခံစားလိုက်ရသည်။ ထိုပုံရိပ်ကဆင်းလာသည်နှင့်
သူတို့အားလုံးလည်းချက်ချက်း
ခြေမွပစ်ခံရမည်ဖြစ်သည်။
သူတို့အနေဖြင့် မွန်းကျပ်လွန်းလှသောဖိအားကိုပင်ခံစားရသည်။ သူတို့၏ကိုယ်များကမထိန်းနိုင်ဘဲ ဖိအား ၏အောက်၌တုန်ယင်နေသည်။
“ဒီအော်ရာက. ဧကရာဇ်နယ်ပယ်ပဲ”
ရှစ်လင်ရို့က သုံးဘဝလျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး ထိုနေ့ကတောအုပ်အတွင်းရှစ်ဖုန့်နှင့်အ
တူပက်ပင်းကြုံခဲ့ရသော ရှေးဟောင်းသားရဲများကို ဆင်ခြင်ခဲ့သည်။ ဤအော်ရာမှတစ်ဆင့်လူက ဧကရာဇ်နယ်ပယ်ထဲသို့ဝင်ရောက်ပြီးဖြစ်သည်ဟု သူမခန့်မှန်းလိုက်၏။
သို့သော်ရှစ်လင်ရို့ကသူမ၏ တည်ငြိမ်အေးဆေးမှုကိုဆုံးရှုံးစေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော်ထိုနေ့ကသူမအနေဖြင့် ဤအော်ရာ၏ သတ်ဖြတ်ခြင်းကိုရုတ်ခြည်းခံရလုနီးပါး ဖြစ်သောကြောင့်ဖြစ်သည်။
“နန်းကုန်းဖေးဟုန်က တကယ်ကြီးအရမ်းစွမ်းအားကြီးတာပဲ”
နန်းကုန်းဖေးဟုန်၏ကိုယ်မှ အာရုံကိုခံစားရင်း မဟာသူတော်စင်နယ်ပယ်ဖြစ်သော
လီရှင်းတစ်ယောက် မသိလိုက်ပါဘဲတုန်ယင်သွားပြီး တုန်လှုပ်စွာဖြင့်ရေရွတ်ပြောဆိုလိုက်သည်။
ရှစ်လင်ရို့မှာ လီရှင်း နှင့်သိပ်မဝေးသောနေရာတွင်ရှိနေပြီးသူမ၏အသံကလည်း လီရှင်း၏နားထဲသို့ရောက်သွားသည်ဖြစ်သည်။
ရှစ်လင်ရို့၏ စကားများကိုကြားရပြီး နန်းကုန်းဖေးဟုန်၏ ကိုယ်မှလာသောအော်ရာမှတစ်ဆင့် ဤကဲ့သို့စွမ်းအားကြီးပြီး ထိတ်လန့်ဖို့ကောင်းသော အော်ရာတည်ရှိမှုကို လီရှင်းတကယ်ယုံကြည်သည်ဖြစ်သည်။
လီရှင်းမှာ နန်းကုန်းဖေးဟုန်၏ အကြောင်းကိုယခင်ကတစ်ခါမှမကြားဖူးချေ။ ကွမ်းရှန့်မြို့အားလက်လွှဲယူဖို့အတွက်ဧကရာဇ်နယ်ပယ်တစ်ယောက်အား အင်ပါယာမှစေလွှတ်လိမ့်မည်ဟု သူ လုံး ဝမထင်ထားခဲ့ချေ။
ဤအချိန်တွင်နန်းကုန်းဖေးဟုန်၏ ခံ့ညားသောအသံက ကောင်းကင်ထဲ၌ ထပ်မံထွက်ပေါ်လာသည်။
“ လီရှင်း.. မင်းကတကယ်ပဲငါ့နမည်ကို ထုတ်ခေါပြီး ငါ့ကိုအရမ်းရိုင်းပျရဲတယ်.. ဒူးထောက်စမ်း”
နန်းကုန်းဖေးဟုန်၏ နောက်ဆုံးစကားဖြစ်သော “ဒူးထောက်စမ်း” ဟူသည့်စကားအရောက်တွင် ကောင်းကင်ထဲမှ အားကောင်းသောအော်ရာတစ်ခုက လီရှင်းထံသို့ ကျဆင်းလာသည်။
လီရှင်း၏ကိုယ်ကတုန်ယင်နေပြီး အထက်မှကျဆင်းလာသောဖိအားအား ကြာကြာတောင့်ခံနိုင်ခြင်းမရှိပေ။ သိပ်မကြာခင်ကမှထရပ်ထားသောသူ၏ကိုယ်က မြေပြင်ပေါ်သို့ ဒုန်းခနဲ ကျသွားသည်။
“ဟမ့်”
လီရှင်းဒူးထောက်ပြီးနောက် ကောင်းကင်ထဲမှနန်းကုန်းဖေးဟုန်၏ အထင်သေးမှုအပြည့်ဖြင့်နှာမှုတ်သံတစ်ခုထွက်ပေါ်လာသည်။
ထို့နောက်တွင်နန်းကုန်းဖေးဟုန်က လီရှင်းအားထပ်မံကြည့်ရှုခြင်းပင်မပြုပေ။ သူ၏အကြည့်ကပြောင်းရွှေ့သွားပြီး လီရှင်းရှေ့ရှိအဖြူရောင်ပုံရိပ်ထံ
သို့ကျရောက်သွားသည်။
“မင်း..မင်းဘယ်ကလာတာတွေ မင်းရဲ့သရုပ်မှန်ကဘာဆိုတာတွေကိုငါဂရုမစိုက်ဘူး. မင်းကကွမ်းရှန့်မြို့ထဲမှာပြဿနာဖြစ်စေပြီး ကွမ်းရှန့်မြို့ရဲ့စစ်သည်တွေကိုသတ်ဖြတ်ခဲ့
တာကြောင့်ဘာတွေပဲဖြစ်နေပါစေမင်း
လည်းဒီနေ့သေခြင်းတရား
ကနေလွတ်မှာမဟုတ်ဘူး”
“ငါကသနားညှာတာတတ်တဲ့သူသပါ. မင်းအသက်ကိုမင်းဟာမင်းပြန်နှုတ်လိုက်”
ရွှေရောင်ချပ်ဝတ်နှင့်နန်းကုန်းဖေးဟုန်၌ မောက်မာထည်ဝါသောအသွင်အပြင်တစ်ခုဖြစ်ပေါ်လာသည်။ ၎င်းမှာလူတစ်ယောက်၏သေခြင်းရှင်ခြင်းအား စကားပြောရုံဖြင့်ဆုံးဖြတ်နိုင်သော ဧကရာဇ်တစ်ပါးနှင့်တူညီနေ၏။
နန်းကုန်းဖေးဟုန် ၏ စကားအားကြားပြီး နန်းကုန်းဖေးဟုန်၏ ပုံရိပ်အားကြည့်နေရင်း ရှစ်ဖုန့်၏ ဂရုမထားသောမျက်နှာထက်၌ သရော်ပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။
“ဘယ်လိုတောင် အဆင့်မြင့်မြို့အရှင်သခင်တစ်ယောက်လဲ. ဒီနေ့ကွမ်းရှန့်မြို့ကတော့ မြို့အရှင်သခင်အသစ်တစ်ယောက်
ထပ်ရတော့မယ်”