အခန်း (၇၇၃)
Vol. 52 Ch. 773
“ဒီနေ့ ကွမ်းရှန့်မြို့မှာ မြို့အရှင်သခင်အသစ်တစ်ယောက်ရှိလာလိမ့်မယ်”
ရှစ်ဖုန့်၏အသံကမကျယ်သော်လည်း ၎င်းက ဧရိယာတစ်ခွင့်ဖြတ်သန်းရိုက်ခတ်သွားသည်။
ထိုအရာက သူဘာကိုဆိုလိုပါသနည်း။ဤလူငယ်က စွမ်းအားကြီးမြို့အရှင်သခင်အသစ်ဖြစ်သော နန်းကုန်းဖေးဟုန်ကို သတ်လိုနေခြင်းဖြစ်သည်။
“ဟားဟား…ဟားဟားဟား”
ရှစ်ဖုန့်၏ စကားအားကြားသောအခါတွင် နန်းကုန်းဖေးဟုန်က ဒေါသထွက်ရမည့်အစား ရယ်မောလိုက်သည်။
“မင်းကတကယ်မင်းနေရာမင်းမသိဘူးပဲ. အခု ငါမင်းကို ဧကရာဇ်နယ်ပယ်တစ်ယောက်ရဲ့
စွမ်းအားကဘာလဲဆိုတာကိုငါပြမယ်”
“ဧကရာဇ်နယ်ပယ်စွမ်းအား. ဧကရာဇ်နယ်ပယ်.. မြို့အရှင်သခင်အသစ်.. သူက ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်နိုင်တာလား”
“ဧကရာဇ်နယ်ပယ်.. နန်းကုန်းဖေးဟုန်”
နန်းကုန်းဖေးဟုန်၏ နောက်ဆုံးစကားအားကြားသောအခါတွင် ကွမ်းရှန့်မြို့အတွင်း၌ အံ့ဩတကြီးရေရွတ်ပြောဆိုသံများ ပေါက်ကွဲထွက်ပေါ်လာသည်။ လူများ၏မျက်နှာများကပြောင်းလဲသွားရုံမက ကောင်းကင်ထဲရှိထောင်နှင့်ချီသော
ငွေရောင်ချပ်ဝတ်စစ်သည်များပင် တုန်လှုပ်အံ့အားသင့်သွားကြသည်။
နန်းကုန်းဖေးဟုန်၏ စကားဆုံးပြီးပြီးချင်း လေပြင်းတစ်ချက်က ဧရိယာတစ်ခုလုံးအားဖြတ်သန်း
တိုက်ခတ်သွားသည်။
“ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်..”
ရုတ်ခြည်းလေးပြင်းတို့အော်မြည်
တိုက်ခတ်လာသည်။
နန်းကုန်းဖေးဟုန်က ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေပြီး လေပြင်းကို မျက်နှာမူထားသည်။သူ၏ညာလက်အားဓားလက်ချောင်းအသွင် ပုံဖော်လိုက်ပြီး အောက်ရှိမြို့အတွင်းမှ ရှစ်ဖုန့်ထံသို့ ထိုးညွှန်လိုက်သည်။
ရုတ်ခြည်းထက်ရှသောအသိအာရုံရှိသူများမှာ လေပြင်းတို့က မြို့အရှင်သခင်အဖြူရောင်နှင့်လူ
ငယ်ရှိရာသို့ထိုးညွှန်ထားသော ဦးတည်ချက်သို့စုစည်းသွားသည်ကို ခံစားနိုင်ကြသည်ဖြစ်သည်။
အရာအားလုံးအားဖျက်ဆီးပစ်နိုင်ပုံရသော လေပြင်းတစ်ခုပုံပေါ်လာပြီး လူငယ်၏ကိုယ်အားရုတ်ခြည်းဝါးမျိုသွားသည်။
ရှစ်ဖုန်သည်သာမက သူနှင့်သိပ်မဝေးသောနေရာ၌ရှိနေသည့် ရှစ်လင်ရို့နှင့်လီရှင်းတို့ပင် လေပြင်းတို့အား မည်သည့်ခုခံမှုမှမပြုလုပ်နိုင်ဘဲ ဝါးမျိုခံလိုက်ရသည်။
“သေပြီ.သူသေပြီလား”
“အဲ့လူငယ်လေးနဲ့ တပ်မှူးကြီးလီရှင်းတို့ကဒီအတိုင်း အသတ်ခံလိုက်ရတာလား”
“ဧကရာဇ်နယ်ပယ်..ဧကရာဇ်နယ်ပယ်စွမ်းအား ဒါကတကယ်ကြောက်ဖို့ကောင်းလိုက်တာ”
ကွမ်းရှန့်မြို့အတွင်း၌ ကောင်းကင်းနှင့်မြေကြီးအားဝါးမျိုသွားသော လေပြင်းမုန်တိုင်းအား အားလုံးကတုန်လှုပ်စွာဖြင့်ကြည့်နေပြီး အလန့်တကြား အော်ပြောလိုက်ကြသည်။
သို့သော်ဤအချိန်တွင် လူငယ်၏အေးစက်သောအသံ
ကိုကြားလိုက်ရသည်။
“ပျောက်ကွယ်စမ်း”
ထိုအော်သံနောက်လိုက်ပါ၍ အရာအားလုံးအား ဖျက်ဆီးပစ်နိုင်ပုံရသည့် ပြင်းထန်ပြီး နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်အောင်စွမ်းအားကြီးပုံရသော လေပြင်းမုန်တိုင်းမှာ ရုတ်ခြည်းဘာသဲလွန်စမှမကျန်အောင် ပျောက်ကွယ်သွားသည်။
ဝါးမျိုခံလိုက်ရသောပုံရိပ်သုံးခုမှာ ရုတ်ခြည်းပြန်ပေါ်လာသည်။
လေပြင်းမုန်တိုင်း၏ မျက်စိကျိန်းလောက်စရာကောင်း
သောအလင်းအောက်တွင် မြေပြင်ရှိလမ်းမမှာ ရှုပ်ပွနေအောင်ဖျက်ဆီးခံရပြီးဖြစ်ပြီး အပျက်အစီးနယ်မြေတစ်ခုနှင့်ဆင်တူသွားသည်။
သို့သော် လေပြင်းမုန်တိုင်း၏ တိုက်ခိုက်မှုကိုခံရသော လူသုံးယောက်မှာ အားလုံး၏ ရှေ့မှောက်၌မထိမရှ ပကတိအတိုင်းပြန်ပေါ်လာသည်။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏
မျက်နှာထက်တွင် ခြားနားမှုမရှိသောအမူအယာက ရှိနေဆဲဖြစ်သည်။လှပသောအဖြူရောင်နှင့်အမျိုးသမီး၏ မျက်နှာထက်တွင် အနည်းငယ်တုန်လှုပ်သောအမူအယာဖြစ်နေသည်။ တပ်မှူးကြီးလီရှင်း၏မျက်နှာထက်တွင် တုန်လှုပ်မှု ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ထို့နောက်လီရှင်းက သူ၏ခေါင်းကိုငုံ့လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်သည်။ သူကပို၍ တုန်လှုပ်အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
“ငါ..ငါတကယ်ကြီးအဆင်ပြေနေတယ်..ငါမသေဘူး.”
ထို့နောက်လီရှင်းကအဖြူရောင်
ဝတ်ရုံနှင့်လူငယ်အား ပို၍ထိတ်လန့်ကြောက်ရွံ့ ရှုံ့မဲ့သောမျက်နှာဖြင့်ကြည့်လိုက်သည်။
ဤအချိန်တွင် မရေတွက်နိုင်သော တုန်လှုပ်သည့်အကြည့်များက အဖြူရောင်ဝတ်ရုံနှင့်လူငယ်ပေါ်သို့ကျရောက်လာသည်။ သူက တကယ်ကြီး ဧကရာဇ်နယ်ပယ်စွမ်းအားအား “ပျောက်ကွယ်စမ်း” ဟူသည့်စကားတစ်ခွန်းဖြင့်ချိုး
ဖျက်နိုင်ခဲ့သည်ဖြစ်သည်။
“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. သူ..သူကဘယ်သူလဲ”
တုန်လှုပ်မှုအဖြစ်ဆုံးသောသူမှာ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေပြီး အောက်ရှိလူများအားကြည့်နေသည့် ကွမ်းရှန့်မြို့အရှင်သခင်အသစ်ဖြစ်သူ နန်းကုန်းဖေးဟုန်မှလွဲ၍အခြားသူမဟုတ်ပေ။
သူက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်အထွတ်အထိပ်ကျွမ်းကျင်သူဖြစ်သည်။ သူ၏တိုက်ခိုက်မှုက အသက်ဆယ့်ခြောက်ဆယ့်ခုနှစ်နှစ်
အရွယ်ထိုလူကြောင့် တကယ်ကြီးကျိုးပျက်သွားခဲ့သည်။
ဤအချိန်တွင် ကွမ်းရှန့်မြို့ရှိလူများမှာ လူငယ်၏ခြားနားမှုမရှိသော အသံကိုထပ်မံကြားလိုက်ရသည်။
“ငရဲကိုသွားစမ်း”
အသံပျောက်ကွယ်သွားသကဲ့သို့ ကောင်းကင်ထဲမှ နာကျင်မှုအပြည့်ဖြင့် စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သောအသံတစ်ခုကိုရုတ်ခြည်းကြားလိုက်ရသည်။
“အား”
ကွမ်းရှန့်မြို့အရှင်သခင်သစ်ဖြစ်သူ ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူ နန်းကုန်းဖေးဟုန်မှာ တကယ်ကြီး မြို့အရှေ့ပိုင်းတပ်မှူး ခွမ်ရှင်းကဲ့သို့ ကောက်ကာငင်ကာ မီးလောင်ခံရသည်။၎င်းအားလောင်ကျွမ်းနေသည်ကားလည်း သွေးနီရောင်နတ်ဆိုးမီးတောက်ပင်ဖြစ်သည်။
၎င်းကသွေးနီရောင် လူသားမီးတောက် အသွင်ပြောင်းလဲသွားသည်။
ကိစ္စများကအရမ်းကို လျှင်မြန်စွာပြောင်းလဲပြီးအရမ်းကိုရုတ်ခြည်းဆန်လွန်းသည်။ ယနေ့ကိစ္စများစွာဖြစ်ပေါ်ခဲ့ပြီး မတော်တဆမှုများလည်းများစွာဖြစ်ခဲ့သည်။
လူများစွာမှာ အချိန်အတိုင်းအတာတစ်ခုအထိ တုန့်ပြန်နိုင်ခြင်းမရှိကြချေ။သို့သော်
သူတို့၏မျက်နှာများထက်၌ တုန်လှုပ်မှု၊ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေပြီး ပို၍ပင်ထိတ်လန့်တုန်လှုပ်နေကြသည်။
“နန်းကုန်ဖေးဟုန်.. သူ.. သူလည်းဒီလိုမျိုးပဲ. သူ.. သူကဘယ်လိုကျွမ်းကျင်သူမျိုးလဲ ငါတို့ကွမ်းရှန့်မြို့မှာ တကယ်ကြီး ဒီလိုမွန်းစတားတစ်ကောင်ရှိနေတယ်..”
လီရှင်းမှာ သူ့ရှေ့ရှိအဖြူရောင်ဝတ်ရုံနှင့်လူငယ်အား မျက်တောင်မခတတ်စတမ်းကြည့်နေသည်။
သို့သော်ဤအချိန်တွင်လီရှင်းမှာ သူ၏နှလုံးသားထဲမှ တိတ်တဆိတ်ပျော်ရွှင်သွားသည်။ ကံကောင်းစွာဖြင့် သူကလီလဲ့အားလက်ဝါးရိုက်ချက်
တစ်ချက်တည်းဖြင့်သတ်ခဲ့ပြီး ၎င်းအားဒေါသမထွက်စေခဲ့ပေ။အကယ်၍ထိုအချိန်ကသာသူတကယ်ခုခံအာခံခဲ့လျှင် သူနှင့်သူ၏လီမိသားစုတစ်ခုလုံး ပြန်ပြောင်း၍မရနိုင်သော အခြေအနေတစ်ခုသို့ ကျဆင်းရလိမ့်မည်ဖြစ်သည်။
ယခုနန်းကုန်းဖေးဟုန်က ၎င်းအားအရေးမထားခဲ့သောကြောင့် ကံဆိုးမှုနှင့် တွေ့ဆုံသွားခဲ့ပြီးဖြစ်သည်။ အနာဂတ်တွင် သူက ကွမ်းရှန့်မြို့၏ စွမ်းအားကြီးတပ်မှူးကြီးတစ်ဦး
ဖြစ်နေအုံးမည်သာဖြစ်သည်။
ကောင်းကင်ထဲရှိလူသားပုံသဏ္ဍန်
သွေးနီရောင်မီးတောက်ထံမှစိတ်မချမ်းမြေ့ဖွယ်ကောင်းသော အော်သံများကလျှင်မြန်စွာရပ်တန့်သွားသည်။ သို့သော် မှန်းကြည့်စရာပင်မလိုအပ်ပဲ မြို့အရှင်သခင်အသစ်ကကျဆုံးဖို့များ
သည်ဖြစ်သည်ကိုလူများသိကြသည်ဖြစ်သည်။
ကွမ်းရှန့်မြို့၏မြို့အရှင်သခင်အသစ်မှာ ဤရာထူးအားဆက်ခံရယူထားသည်
မှာနှစ်ရက်သာရှိသေးသည်ဖြစ်သည်။
“ကျိန်စာ.. မြို့အရှင်သခင်ကျိန်စာ. လူတစ်ယောက်က ကွမ်းရှန့်မြို့ရဲ့မြို့အရှင်သခင်ဖြစ်လာတာနဲ့ သူတို့တွေသေချာပေါက်ကံဆိုး
မှုနဲ့ကြုံတွေ့ရလိမ့်မယ်”
ရှစ်ဖုန့်က ကောင်းကင်ထဲရှိ လူသားပုံစံသွေးနီရောင် မီးတောက်အားဂရုမစိုက်ဟန်ဖြင့် ခဏကြာအောင်ကြည့်လိုက်သည်။ ထို့နောက်သူက သူ၏ညာလက်ဖဝါးအား ကောင်းကင်ထဲ၌ လောင်ကျွမ်းနေသော လူသားပုံစံသွေးနီရောင်မီးတောက်ထံသို့ မျက်နှာမူလိုက်သည်။
သွေးနီရောင်မီးတောက်က ရုတ်ခြည်းလှုပ်ရှားသွားသည်။ သွေးနီရောင်စမ်းချောင်းတစ်ခုကဲ့သို့ တစ်ဟုန်ထိုးစီးဆင်းလာပြီးရှစ်ဖုန့်၏ လက်ဖဝါးအတွင်းလျှင်မြန်စွာ စီးမျောလာသည်။ ထို့နောက်၎င်းတို့က ရှစ်ဖုန့်လက်ဖဝါးအတွင်းအပြီး
တိုင်စုပ်ယူမှုကိုခံလိုက်ရသည်။
ကွမ်းရှန့်မြို့၏မြို့အရှင်သခင်အသစ်ဖြစ်သူ နန်းကုန်းဖေးဟုန်မှာ လုံးဝသဲလွန်စတစ်ခုပင်ကျန်ရစ်ခြင်းမရှိဘဲ ပျောက်ကွယ်သွားပြီဖြစ်သည်။ ဤကမ္ဘာပေါ်၌၎င်းနှင့်ပက်သက်သည့်အစအနတစ်ခုပင်ကျန်ရစ်ခဲ့ခြင်းမရှိပေ။
ဤအရာများအားလုံးပြုလုပ်ပြီးနောက် ရှစ်ဖုန့်က သူ၏ ခေါင်းကိုဖြည်းညှင်းစွာငုံ့လိုက်ပြီး ရှေ့သို့ကြည့်လိုက်သည်။ သူကရပ်နေသော လီရှင်းကိုကြည့်၍ပြောလိုက်၏။
“ခင်ဗျား”
ရှစ်ဖုန့်က “ခင်ဗျား”တစ်ခွန်းတည်းသာပြောခဲ့သည်ဖြစ်သည်။ လီရှင်းမှာ၎င်းအားကြားချိန်တွင် အရမ်းထိတ်လန့်ကြောက်ရွံ့သွားပြီး “ဖုတ်”ခနဲအသံတစ်ခုပါထထွက်ပေါ်သွားသည်။အ
စောပို်ငးကမှထရပ်သောသူ၏ကိုယ်က ရုတ်ခြည်းရှစ်ဖုန့်၏ရှေ့၌ထပ်မံ
ဒူးထောက်ကျသွားပြီး အော်ပြောလိုက်သည်။
“အရှင်. ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကိုချမ်းသာပေးပါအရှင်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီသခင်လေးက အဲ့သူတောင်းစားလေးကိုသတ်ဖို့ပြောခဲ့ပြီး ခင်ဗျားက လည်းဒီသခင်လေးအမိန့်အတိုင်း
လိုက်နာလုပ်ဆောင်ခဲ့တယ်. ဒီသခင်လေးကခင်ဗျားကို ဘာမှဟုတ်တာလေးနဲ့ငြင်းခုန်မှာ
မဟုတ်ဘူးပြောခဲ့ရင်.ဒီသခင်လေးအနေနဲ့ခင်ဗျားနဲ့အဲ့လိုလုပ်မှာမဟုတ်ဘူး”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် လီရှင်း၏ နှလုံးသားကအနည်းငယ်တည်ငြိမ်သွားသည်။ သို့သော်၎င်းကသူ့အား “ခင်ဗျား”ဟုပြောသည်ဖြစ်သောကြောင့် ၎င်းအနေဖြင့်သူ့အားတစ်ခုခုပြု
လုပ်စေချင်သည်မှာ သိသာသည်ဖြစ်သည်။
ဤအရာအားတွေးမိသောအခါတွင် လီရှင်းက ချက်ချင်းပြောလိုက်သည်။
“အရှင့်မှာ တစ်ခြားဘာညွှန်ကြားချက်များရှိနေပါသေးသလဲအရှင်. အရှင့်အတွက် ဆိုရင် မီးပင်လယ်ကိုဖြတ်ရမယ်ဆိုရင်တောင် တုန့်ဆိုင်းခြင်းမရှိ ကျွန်တော်မျိုးလုပ်ပေးမှာပါ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒါကဘာမှအရေးကြီးတာမဟုတ်ဘူး. ဒီသခင်လေးမနေ့ညကခင်ဗျားကိုမေးဖို့မေ့သွားတာ.. အကယ်၍ ကံကြမ္မာမြို့တော်ဆီကို နေရာကူးပြောင်းအစီအရင်ကိုသုံးပြီးသွားမယ်ဆိုရင် မြို့ဘယ်နှစ်မြို့ကိုဖြတ်သွားဖို့လိုလဲ”
“ကံကြမ္မာမြို့လား”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လီရှင်းက သူ၏ခေါင်းကိုချက်ချင်းမော့လိုက်ပြီး ကောင်းကင်ထဲရှိငွေရောင်ချပ်ဝတ်စစ်သည်များကို အော်ပြောလိုက်သည်။
“မြန်မြန်. မင်းတို့ကောင်တွေမြန်မြန်သွားပြီး မြေပုံသွားယူကြစမ်း.. မြန်မြန်လုပ်”
“ဟုတ်ကဲ့. ကျွန်တော်အခုပဲသွားလိုက်ပါ့မယ်.. “
လီရှင်း၏အော်သံအားကြားသောအခါတွင် ငွေရောင်ချပ်ဝတ်စစ်သည်တစ်ဦး
ကလျှင်မြန်စွာလိုက်ပါတုန့်ပြန်ပြီး သူ၏ ငွေရောင်ပုံရိပ်ကလည်း ဟင်းလင်းပြင်ထဲ၌အလျှင်အမြန်ရွေ့လျားသွားကာ လေကိုထိုးခွင်းဖြတ်သန်းထွက်ခွာသွားသည်။