အခန်း (၇၇၄)
Vol. 52 Ch. 774
ကွမ်းရှန့်မြို့အတွင်းတွင် လီရှင်း၏ အမိန့်အောက်၌ ငွေရောင်ချပ်ဝတ်စစ်သည်တစ်ယောက်က
မြေပုံကို ပြန်လည်ယူဆောင်ရန်အတွက် မြို့မှချက်ချင်းထွက်ခွာသွားသည်။
မကြာခင်တွင် ငွေရောင်ချပ်ဝတ်စစ်သည်ပြန်လည်
ရောက်ရှိလာသည်။ သူ၏ငွေရောင်ပုံရိပ်က လီရှင်း၏ဘေးနှင့်ရှစ်ဖုန့်၏ရှေ့တွင်ဆင်းသက်လိုက်သည်။ သူကလျှင်မြန်စွာ ဦးညွှတ်ဂါရဝပြုလိုက်ပြီး မြေပုံအား ရှစ်ဖုန့်၏လက်အတွင်းသို့ လွှဲပေးလိုက်၏။
ရှစ်ဖုန့်ကမြေပုံအားယူကာ ဖွင့်ကြည့်လိုက်သည်။ မြောက်ပိုင်းဒေသကြီးကားကျယ်ပြောလှ၏။ မြေပုံကမြောက်ပိုင်းဒေကြီး၏ မြို့များအားလုံးကိုထည့်သွင်းမထားသော်လည်း မြောက်ပိုင်းဒေသကြီး၏သုံးပုံတစ်ပုံလောက်ကို ထည့်သွင်းထားဆဲဖြစ်သည်။ ပို၍အရေးကြီးသည်ကား ၎င်း၌ကွမ်းရှန့်မြို့မှ ကံကြမ္မာမြို့သို့ လမ်းကြောင်းပါရှိခြင်းဖြစ်သည်။
ရှစ်ဖုန့်က၎င်းအားသာမန်ကာလျှံကာ
တစ်ချက်ကြည့်လိုက်သည်။အကယ်၍ သူသာကွမ်းရှန့်မြို့မှ ကံကြမ္မာမြို့ဆီသို့ နေရာကူးပြောင်းအစီအရင်အား
အသုံးပြုမည်ဆိုလျှင် မြို့ပေါင်းရှစ်ဆယ်ကျော်ကိုသူဖြတ်
ကျော်ရလိမ့်မည်ဖြစ်သည်။ သူနောက်သွားရမည့်မြို့အား အလင်းမဲ့မြို့ဟုခေါ်ဆို၏။
ရှစ်ဖုန့်ကမြေပုံအား ပိတ်လိုက်ပြီး ၎င်းကို သူ၏သိုလှောင်လက်စွပ်အတွင်း
ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ခေါင်းကိုလှည့်လိုက်ပြီး ရှစ်လင်ရို့ကို ကြည့်လိုက်သည်။
“သွားစို့”
“အင်း”
ရှစ်လင်ရို့က ပြန်လည်တုန့်ပြန်သည့်အ
နေဖြင့်ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်နှင့်အတူတကွ လမ်းမတစ်လျှောက်လျှောက်လှမ်း
သွားလိုက်ပြီး ကွမ်းရှန့်မြို့၏နေရာကူးပြောင်းအစီအရင်ရှိရာသို့ ဦးတည်လိုက်သည်။
ဤအချိန်တွင် ရာထူးဖြုတ်ချခံရသော ကွမ်းရှန့်မြို့၏ တပ်မှူးကြီးလီရှင်းမှာ နန်းကုန်းဖေးဟုန် သေဆုံးသွားပြီးနောက် သူ၏ တပ်မှူးကြီးရာထူးကို အလိုအလျောက်ပြန်လည်ရရှိပြီးဖြစ်သည်။ ငွေရောင်ချပ်ဝတ်စစ်သည်များ
၏အကူအညီနှင့် သူက ဒူးထောက်နေသောအနေအထားမှဖြည်းညှင်းစွာထရပ်လိုက်သည်။
ထို့နောက် လီရှင်းကလှည့်လိုက်ပြီး လမ်းမအတိုင်းလျှောက်လှမ်းသွားကာ အကွာအဝေးတစ်ခုအတွင်းဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသည့် အဖြူရောင်ပုံရိပ်နှစ်ခုကိုကြည့်လိုက်သည်။ သူ၏အကြည့်က နောက်ဆုံးတွင် အဖြူရောင်နှင့်လူငယ်၏ကျော
ပေါ်သို့ကျရောက်သွားသည်။
မနေ့ညဤပုဂ္ဂိုလ်ပေါ်လာပြီးကတည်းက သူ့၌ ကောင်းမွန်သောအရာတစ်ခုတစ်လေ
တောင်ဖြစ်ပျက်ခဲ့ခြင်းမရှိပေ။ ယခုချိန်ထိတိုင် သူ၏ တူတော်လီလဲ့သာ သေုံး သွားခဲ့ပြီး သူပင် ကွမ်းရှန့်မြို့၏တပ်မှူးကြီးဖြစ်သောသူ၏ရာထူးကိုဆုံးရှုံးရလုနီးပါးဖြစ်သွားခဲ့ရသည်။ နန်းကုန်းဖေးဟုန်၏လက်အတွင်း၌ သူသေလုနီးပါးပင်ဖြစ်ခဲ့ရ၏။
ဤအရာအားလုံးက ဤပုဂ္ဂိုလ်နှင့် ပက်သက်ဆက်နွယ်နေသည်ဖြစ်သည်။
သူလက်ခံဖို့အခက်ခဲဆုံးနှင့် ဝမ်းနည်းပူဆွေးစိတ်မကောင်းဖြစ်ရသည့် အရာက သူ၏ အကိုကြီး၌ တစ်ဦးတည်းသောသားတစ်ယောက်
သာရှိခြင်းဖြစ်သည်။ သူ့၌သားတစ်ယောက်သာချန်ရစ်ထားခဲ့ပြီး သူမသေဆုံးခင် သားဖြစ်သူကို ညီဖြစ်သူဖြစ်သော သူ လီရှင်းထံ၌ အပ်နှံထားခဲ့၏။ ယခုက သူက ၎င်း၏အသက်ကိုသူ၏လက်ဖြင့်ကိုယ်တိုင် အဆုံးသတ်ခဲ့ရသည်။ အတင်းအကျပ် စေခိုင်းခံရသောကြောင့်လုပ်ခဲ့ခြင်းဖြစ်သော်ငြား ထိုသို့သူလုပ်ခဲ့သည်သာဖြစ်၏။
သူ့အနေဖြင့် ၎င်းအား မကာကွယ်နိုင်ခဲ့ချေ။ ယင်းက ပြောင်းလဲ၍မရနိုင်သောအချက်သာဖြစ်သည်။
“မဟုတ်ဘူး..မဟုတ်ဘူး. လဲ့အားရဲ့သေခြင်းကအလကားဖြစ်လို့မရဘူး. ငါလဲ့အာအတွက်လက်စားချေရမယ်.. မဟုတ်ရင်နှစ်တစ်ရာကြာပြီးတဲ့နောက် အောက်ဘုံမှာ ငါ့ရဲ့အကိုကိုငါဘယ်လိုမျက်နှာပြရမလဲ”
“ငါရဲ့ခွန်အားနဲ့ဆိုရင် ငါကသူ့ကိုမယှဉ်နိုင်တဲ့အပြင် ငါ့မှာလည်းသူ့ကိုရင်ဆိုရဲတဲ့သတ္တိမရှိဘူး.
ဒါပေမဲ့ အဲ့အင်အားစု အဲ့စွမ်းအားကြီးတဲ့အင်အားစုသာဆိုရင်..”
“သူတို့အတွက်ဘာကကောင်းမှန်း
မသိကြတဲ့အရင်မြို့အရှင်သခင်နှစ်ယောက်က အဲ့အင်အားစုရဲ့တိတ်တဆိတ်
သတ်ဖြတ်တာကိုခံခဲ့ရတာ”
“အဲ့အင်အားစု တွေကို ကောင်းကင်၊မြေကြီး.. အနက်နဲ့အဝါဆိုပြီးပိုင်းခြားထားတယ်.. အဲ့အချိန်တုံးက ငါကအနက်နဲ့အဝါအဆင့်လုပ်ကြံသူတစ်ယောက်ကိုပဲ ဖိတ်ကြားခဲ့တာ.. သူတို့အတွက် မဟာသူတော်စင်နယ်ပယ်နှစ်ယောက်ကို သတ်တာက ငှက်ပျောသီးအခွံနွှာစားရသလိုပဲ. ….အဲ့တာဆို သူတို့သာကောင်းကင်နဲ့မြေကြီး
အဆင့်လုပ်ကြံသူတွေဖြစ်နေရင် ဘယ်လောက်တောင်မှစွမ်းအားကြီးကြမလဲ”
“လဲ့အာ..”
လီရှင်းကသူ၏ နှလုံးသားထဲမှ
ပြောလိုက်သကဲ့သို့ သူ၏အမူအယာက ရုတ်ခြည်းဆိုးယုတ်ခက်ထန်သွားသည်။ သူကခေါင်းကိုငုံ့လိုက်ပြီး ရှုပ်ပွနေခြင်းမှလွဲပြီးဘာမှမရှိသည့် မြေပြင်ကိုကြည့်လိုက်သည်။ ထိုနေရာမှာလီလဲ့၏ အလောင်းလဲလျောင်းနေခဲ့သောနေရာဖြစ်သည်။
သို့သော်နန်းကုန်း ဖေးဟုန်၏ ပြင်းထန်သောလေမုန်တိုင်းအောက်တွင် ထိုအလောင်းက ပြာမှုန်အဖြစ်သို့ပြောင်းလဲသွားပြီးဖြစ်သည်။
“လဲ့အာ.. ဂရုစိုက်ပါ.. အကယ်၍ဘာတန်ကြေးပဲပေးရပါစေ ငါမင်းအတွက်လက်စားချေပေးမယ်.. “
လီရှင်းကသူ၏နှလုံးသားထဲမှ နောက်တစ်ကြိမ်ခက်ထန်စွာပြောလိုက်သည်။ ထို့နောက် သူက လမ်း၏အဆုံး၌ ပျောက်ကွယ်သွားတော့မည့်
အဖြူရောင်ပုံရိပ်ကိုကြည့်လိုက်သည်။
သူ၏ တူတော်အတွက်ထိုအင်းအား
စုအားဖိတ်ကြားကာ လက်စားချေခြင်းအပြင် လီရှင်းအနေဖြင့် ဤနေရာ၌ဖြစ်ပျက်ခဲ့သည်တို့ကိ အနည်းငယ်ပြောင်းလဲပြီး အင်ပါယာသို့ တင်ပြရမည်ဖြစ်သည်။
ကွမ်းရှန့်မြို့၏အရှင်သခင်သစ်ဖြစ်သူက အသတ်ခံခဲ့ရပြီး အင်ပါယာအနေဖြင့် ၎င်းအားသေချာပေါက်လွှတ်ပေးမည်မဟု်ပေ။
သေချာပေါက်ကျွမ်းကျင်သူများအားသူတို့ အောက်ခြေသို့စေလွှတ်လိမ့်မည်ဖြစ်သည်။
မြောက်ပိုင်းဒေသကြီး၏ အင်ပါယာက ယခင်ကလောက် အသေရတင့်ခြင်းမရှိတော့သော်လည်း
ဤသူတောင်းစားအားသတ်ဖြတ်ရန်အတွက် အထွတ်အထိပ်ဧကရာဇ်နယ်ပယ်
တစ်ဦးအားစေလွှတ်ခြင်းကလုံလောက်သည်
ထက်ပင်ပိုသည်ဖြစ်သည်။
“မင်း..မင်းစောင့်ပြီးကြည့်နေလိုက်စမ်းပါ”
“ဟမ်”
ဤအချိန်တွင် ရှစ်ဖုန့်နှင့်အတူလမ်းမထက်၌
လျှောက်လှမ်းနေသောရှစ်လင်ရို့က ရုတ်တရက်တစ်စုံတစ်ခုအား
သူမအာရုံခံမိလိုက်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ သူမက လမ်းကြောင်းကိုရပ်တန့်လိုက်၏။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်ကလှည့်လိုက်ပြီး ရှစ်လင်ရို့လမ်းကြောင်းအား
ရပ်လိုက်သည်ကိုတွေ့လိုက်ရသောအခါတွင် မေးလိုက်သည်။
“အစောပိုင်းက ကံကြမ္မာလမ်းကြောင်းရဲ့သဲလွန်စ
တစ်ခုကိုကျွန်မဖမ်းမိတယ်. အစောကဖြစ်ပျက်ခဲ့တာတွေ
ဟာဆက်ဖြစ်လိမ့်မယ်.. အနာဂတ်မှာ အစောပိုင်းကဖြစ်ပျက်ခဲ့တာတွေကြောင့် ရှင်ပြဿနာအချို့ကို ပက်ပင်း
ကြုံတွေ့ရအုံးမယ်.. “
ရှစ်လင်ရို့က ကံကြမ္မာစွမ်းအားအားကျင့်ကြံသူဖြစ်သောကြောင့် ရှစ်ဖုန့်အားသူမအစောက
အာရုံခံမိသည်ကိုပြောလိုက်သည်။
“အိုး”
ရှစ်လင်ရို့၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး အမှုမထားသလိုပြောလိုက်သည်။
“အဲ့ပြဿနာတွေလာပါစေ . အကယ်၍သူတို့လာရင် ဒီသခင်လေးက သူတို့ကိုဖျက်ဆီးပစ်မယ်”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ရှစ်လင်ရို့က လည်းခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူမသူနှင့်တွေ့ဆုံစဉ်ကတည်းက သူကအမြဲတမ်းကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုအရမ်းရှိလွန်းသည်ဖြစ်သည်။
သို့သော်သူ့၌လည်း ထိုသို့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပိုင်ခွင့်ရှိသည်ဖြစ်သည်။ သူ့အား ဘယ်အရာကမှရပ်တန့်နိုင်ခြင်းမရှိပုံပေါ်၏။
သူသာရှိနေလျှင် သူမဖြေရှင်းနိုင်သောအရာဘာမှရှိမပုံရသည်။
သူသာသူမဘေး၌ရှိနေလျှင် သူမအနေဖြင့် အမြဲစိတ်ချလုံခြုံမှုကိုခံစားရသည်ဖြစ်သည်။ သူမအနေဖြင့်ဧကရာဇ်နယ်ပယ်ဖြစ်သောနန်းကုန်းဖေးဟုန်နှင့် တွေ့ရသောခါ၌ပင် သူ သူမ၏ဘေး၌ရှိနေသည်နှင့် စိတ်ချလုံခြုံမှုကို ခံစားရသေးသည်ဖြစ်သည်။
ရှစ်လင်ရို့သူမဖာသာသူမတွေးလိုက်သည်။
ထို့နောက် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့က ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားကြသည်။ ငွေရောင်နှလုံးသားကာကွယ်ခြင်းသော့ခလောက်ကိစ္စအတွက်မူ ရှေ့ကဖြစ်ပျက်ခဲ့သောကိစ္စများကြောင့် မသိလိုက်ပါဘဲဖြတ်ကျော်သွားပြီဖြစ်သည်။
သူတို့နှစ်ဦးသား ၎င်းအကြောင်းနှင့်ပက်သက်ပြီး ထပ်မပြောရန် အပြန်အလှန်ဖွင့်ဟမပြောဘြနား
လည်ကြပြီးဖြစ်သည်။
နေရာကူးပြောင်းအစီအရင်ထံသို့ရောက်ရန်အတွက် အချိန်သိပ်မယူလိုက်ရပဲ ၎င်းပေါ်သို့ အတူအကွခြေချလိုက်ကြသည်။
ညနက်ပိုင်းတွင် လျှပ်ပန်လျှပ်နွယ်များကလင်းလက်နေပြီး မိုးချုန်းသံများကမြည်ဟိန်းနေကာ
လေပြင်းများက သဲကြီးမဲကြီးတိုက်ခတ်နေသည်။
ကွမ်းရှန့်မြို့၏ အနောက်ပိုင်းတွင် ကုန်စုံဆိုင်တစ်ခုအတွင်း၌ ဆီမီးအိမ်ငယ်စ်ခုက လင်းနေဆဲဖြစ်၏။ မီးအိမ်အလင်းရောင်ကခပ်ယဲ့ယဲ့လင်းလက်နေပြီး ကုန်စုံဆိုင်တစ်ခုလုံးအား မှိန်ပြပြပုံစံဖြစ်စေသည်။
ဤအချိန်တွင် ခေါင်းစွပ်ပါသောအနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည့် ဆန်းကြယ်သည့်လူတစ်ယောက်က ပြင်းထန်သောမိုးရေအတွင်း ရုတ်တရက်ပေါ်လာပြီးကုန်စုံဆိုင်အတွင်းတိတ်တဆိတ်ဝင်လိုက်သည်။
ကုန်စုံဆိုင်အတွင်းတွင် အဘိုးအိုတစ်ယောက်က ကောင်တာ၌ခေါင်းငုံကာထိုင်နေပြီး စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ တစ်စုံတစ်ယောက်ဝင်လာသည်ကို မြင်လိုက်သောအခါတွင် သူ၏ခေါင်းအားဖြည်းညှင်းစွာမော့လိုက်ပြီး သူ၏အရေးအကြောင်းအတွန့်များနှင့်အိုမင်းသော မျက်နှာကိုဖော်ပြလိုက်သည်။
ထို့နောက်အဘိုးအို က သူ၏ ပါးစပ်အားဖြည်းညှင်းစွာဖွင့်ဟပြီး အက်ရှရှအသံဖြင့်ပြောလိုက်သည်။
“ကျုပ်တို့ပိတ်ပြီ..အကယ်၍ ကိစ္စတစ်ခုခုရှိတယ်ဆိုရင် မနက်ဖြန်မှပြန်လာခဲ့ပါ”
အဘိုးအိုကစကားပြောပြီးနောက် သူ၏ခေါင်းကိုပြန်ငုံ့လိုက်ပြီး သူ၏လက်ထဲမှစာအုပ်အား ထပ်မံ ဖတ်နေသည်။
“မဟုတ်ပါဘူး. သံတမန်.. ကျုပ်ဒီကိုလာတာပစ္စည်းဝယ်ဖို့လာ
တာမဟုတ်ပါဘူး.. ဒီကိုလာတာကျုပ်အသက်ကိုဝယ်ဖို့လာတာပါ”
ဤအချိန်တွင် အနက်ရောင်ဝတ်ရုံထံမှအသံတိုးတိုးတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။
ထို့နောက် အနက်ရောင်ဝတ်ရုံကသူ၏ခေါင်းမှအနက်ရောင်ခေါင်းစွပ်အား ဖြည်းဖြည်းချင်းချွတ်လိုက်သည်။
“ဂျိန်း..ဂျိန်း.ဂျိန်း.ဂျိန်း.”
ဤအချိန်တွင် ညကောင်းကင်ယံထဲ၌လျှပ်ပန်း
လျှပ်နွယ်များကလင်းလက်နေပြီး မိုးချုန်းသံများက မြည်ဟိန်းနေသည်။ ကမ္ဘာတစ်ခုလုံး ကုန်စုံဆိုင် အပါအဝင် ရုတ်ခြည်း ခရမ်းရောင်လျှပ်ပန်းလျှပ်နွယ်များ
ဖြင့်အစားထိုးသွားသည်။
လျှပ်ပန်းလျှပ်နွယ်များအတွင်းတွင် အနက်ရောင်ခေါင်းစွပ်ပျောက်ကွယ်သွားပြီးနောက် တွန့်လိမ်သော မုတ်ဆိတ်တစ်ခုနှင့် ဆန်းကြယ်သောသက်လတ်ပိုင်း
အရွယ်လူတစ်ယောက်ပေါ်လာသည်။ သူက ကွမ်းရှန့်မြို့၏တပ်မှူးကြီးလီရှင်းပင်ဖြစ်သည်။
ထို့နောက်တွင် ခေါင်းငုံ့ထားသော အဘိုးအိုက အသံတိုးတိုးအားကြားပြီးနောက်သူ၏ခေါင်းကိုထပ်မံမော့လိုက်ပြီး လီရှင်းကိုကြည့်လိုက်သည်။
မှုန်မှိုင်းသောအလင်းရောင်အောက်၌ အဘိုးအို၏မျက်နှာကအနည်းငယ်ခေါင်းညိမ့်လိုက်သည်။