အခန်း (၇၇၅)
Vol. 52 Ch. 775
သုံးရက်ကြာပြီးနောက် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့က ကံကြမ္မာမြို့သို့ရောက်ရှိလာသည်။
ကံကြမ္မာမြို့တော်။ ကောလဟာများအရ ဤမြို့ကိုယခင်တုံးက ကံကြမ္မာမြို့ဟု မခေါ်ခဲ့ဟုဆိုသည်။ သို့သော် ၎င်းအား မည်သို့ခေါ်သည်ကို လူများမေ့နေသည်မှာကြာခဲ့ပြီဖြစ်သည်။
၎င်းအားကံကြမ္မာမြို့ဟုခေါ်ရသည့် အကြောင်းပြချက်မှာ အဘိုးအိုတစ်ဦးကအနီးအနားရှိတောင်ပေါ်၌ ဂိုဏ်းတစ်ခုကိုထူထောင်ခဲ့သောကြောင့်ဖြစ်သည်။ထိုအဘိုးအိုကတောင်တန်း၏နမည်ကို ကံကြမ္မာတောင်တန်းဟုပြောင်းလဲခဲ့ပြီး မြို့ကလည်း ကံကြမ္မာမြို့ဟု အမည်တွင်သွားခဲ့ခြင်းဖြစ်သည်။
ထိုအဘိုးအိုမှာ သိမြင်နှံ့စပ်ပြီးထျန်းဟန်တိုက်ကြီးအတွင်း ကံကြမ္မာအားထိန်းချုပ်ခြင်းကိုလေ့ကျင့်
သည်ဟုကောလဟာလများထွက်ပေါ်သော ဆန်းကြယ်သည့်အ ဘိုးအိုပင်ဖြစ်သည်။၎င်းအားကံကြမ္မာအ
ဘိုးအိုဟုလည်းသိကြသည်ဖြစ်သည်။
ကံကြမ္မာမြို့သို့ရောက်ရောက်ချင်းရှစ်ဖုန့်က သူ့ထံသို့ဦးတည်လာနေသည့် အော်ရာနှစ်ခုကို အာရုံခံမိလိုက်သည်။ ၎င်းတို့မှာ လောချင်းချွမ်နှင့်တီရှာတို့ဖြစ်သည်။
၎င်းတို့က ရှေးဟောင်းကမ္ဘာအတွင်းမှထွက်ခွာလာပြီး သူ့ထက်အရင် ကံကြမ္မာမြို့တော်သို့ရောက်ရှိနေလိမ့်မည်ဟု ရှစ်ဖုန့်မမျှော်လင့်ထားခဲ့ပေ။
ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့က လမ်းမထက်၌အတူတကွရပ်နေကြသည်။ အလွန်လျှင်မြန်စွာဖြင့် အဖြူရောင်ပုံရိပ်တစ်ခုနှင့် အနက်ရောင်ပုံရိပ်တစ်ခုတို့က သူ့ရှေ့ရှိလေထုအတွင်းပျံသန်းလာသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ၎င်းတို့နှစ်ဦးလုံးက သူ့ထံသို့အပြင်းလာနေ၏။
၎င်းတို့ကလောချင်းချွမ်နှင့်တီရှာတို့ပင်ဖြစ်သည်။ ထိုအချိန်တွင် တီရှာကအနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဝါးခါးမောက်ကိုဆောင်းထားကာ လူသားမျိုးနွယ်မှ ကျင့်ကြံသူတစ်ဦးအဖြစ်ဟန်ဆောင်ထားသည်။
“ဆ..သခင်လေးဖုန့်..”
လမ်းမထက်ရှိရှစ်ဖုန့်အားမြင်တွေ့သောအခါတွင် လောချင်းချွမ်က အော်ပြောလိုက်သည်။
လောချင်းချွမ်မှာ သူ၏ ဆရာဖြစ်သူအားတွေ့ရသောအခါတွင် “ဆရာ”ဟူသော စကားလုံးအား ရုတ်ခြည်း “သခင်လေးဖုန့်”ဟုပြောင်းလဲခေါ်ဝေါ်လိုက်သည်။
“ဖန်း..ဖန်း”
လောချင်းချွမ်နှင့်တီရှာတို့က ရှစ်ဖုန့်၏ရှေ့သို့ရောက်ရှိလာသည်။ ထိုအချိန်တွင် ဝါးခမောက်အားဆောင်းထားကာ မျက်နှာကို အဖြူရောင်ပတ်တီးတို့စည်းထားသည့်
တီရှာကလည်းရှစ်ဖုန့်အား “သခင်”ဟုခေါ်လိုက်သည်။
“မင်းတို့နှစ်ဦး ဒီသခင်းလေးထက်အရင်မြန်မြန်နဲ့ ရောက်နေလိမ့်မယ်လို့မထင်ထားဘူး”
ရှစ်ဖုန့်ကသူ့ရှေ့ရှိလူနှစ်ယောက်အားကြည့်၍ ပြောလိုက်သည်။
လောချင်းချွမ်ကရှစ်ဖုန့်အားကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်ဘေးရှိ အဖြူရောင်ကိုဝတ်ဆင်ထားသော ရှစ်လင်ရို့ကိုကြည့်လိုက်သည်။သို့သော် လောချင်းချွမ်မှာဤကဲ့သို့လှပသောအမျိုးသမီးတစ်ဦးအားမြင်တွေ့ရသည်ကို အရမ်းအံ့ဩခြင်းမရှိပေ။
သူ၏ဆရာအတွက် ဘေး၌အမြဲတစေ လှပသောအမျိုးသမီးတစ်ယောက်သို့မဟုတ် နှစ်ယောက်ရှိနေကြဖြစ်သည်။အတိတုံးကပင် သူ၏ဝန်းကျင်၌ လှပသောအမျိုးသမီးများ မကြာခဏလိုက်ပါသည်ဖြစ်သည်။ သူ၏ အမိန့်အောက်ရှိတစ္ဆေစစ်သူကြီးရှစ်ဦးကြားထဲ၌ပင် လှပသောအမျိုးသမီးတစ္ဆေသုံးဦး
အထိရှိသည်ဖြစ်သည်။
ရှစ်လင်ရို့အားတစ်ချက်ကြည့်ပြီးနောက် လောချင်းချွမ်၏အကြည့်ကသူမထံမှ
လျှင်မြန်စွာပြန်လည်ခွာလိုက်ပြီး ရှစ်ဖုန့်ထံပြန်ပြောင်းလိုက်သည်။ သူကပြောလိုက်သည်။
“သခင်လေးဝင်သွားတဲ့ စိတ်ဝိညာဉ်တံခါးပေါက်က အဲ့ရှေးဟောင်းကမ္ဘာထဲမှာပျောက်ကွယ်သွားတာကို ကျွန်တော်တို့တွေ့လိုက်ရတော့ အဲ့တာဖျက်ဆီးခံလိုက်ရပြီဆိုတာကို
သိလိုက်တယ်လေ”
“အဲ့နောက် ရှေးဟောင်းအမွေအနှစ်ထဲကနေ ထွက်ပေါက်အသစ်တစ်ခုကိုကျွန်တော်တို့ရှာခဲ့တယ်.. အရမ်းမြန်မြန်ရှာတွေ့လိမ့်မယ်လို့ကျွန်တော်တို့မမျှော်လင့်ခဲ့ဘူး. စိတ်ဝိညာဉ်တံခါးပေါက်က တကယ်ကြီးကံကြမ္မာမြို့ရဲ့အနီးကလျှို့ဝှက်ဂူတစ်ခုထဲမှာရှိနေခဲ့တယ်”
“အိုး”
လောချင်းချွမ်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကအံ့အားသင့်သွားပြီးပြောလိုက်သည်။
“ဒီနေရာမှအာကာသဥမှင်တစ်ခုရှိနေလိမ့်မယ်လို့ ဒီသခင်လေးမမျှော်လင့်ထားခဲ့ဘူး”
“ပိုင်ယွမ်မြို့..အနက်ရောင်အလောင်းတောင်နဲ့ ကံကြမ္မာမြို့”
ယခုထိုကမ္ဘာသို့ဝင်ရောက်သည့်လမ်းကြောင်းသုံးခုကို သူသိရပြီဖြစ်သည်။ သို့သော် အနက်ရောင်အလောင်းတောင်၌ရှိသည့်တစ်ခုမှာ သူ လျှပ်စီးမိုးကြိုး အတိဒုက္ခကပ်ဘေးကို ဖြတ်ကျော်စဉ်ကဖျက်ဆီးခံလိုက်ရပြီးဖြစ်သည်။
သို့သော် ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်က တီရှာ၏လက်ရှိကျင့်ကြံမှုကို တွေ့လိုက်ရပြီး ကြယ်တစ်ပွင့် ဧကရာဇ်နယ်ပယ်မှ ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့
ကျော်ဖြတ်ဝင်ရောက်ပြီးဖြစ်နေသည်ကို တွေ့ရသည်။
ရှစ်ဖုန့်ကပြောလိုက်သည်။
“တီရှာ.. မင်းလဲအဲ့မှာအကျိုးအမြတ်အချို့ကို ရရှိခဲ့တဲ့ပုံပဲ”
“ဟုတ်ကဲ့”
တီရှာမှာရှစ်ဖုန့်၏စကားတို့အားကြား
သောအခါတွင် ခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။
“ရှေးဟောင်းကမ္ဘာအတွင်းကကုန်းမြေရဲ့
အောက်ခြေမှာ သက်ရှိမြေဆီလွှာအပိုင်းအစအချို့ကို ကျွန်တော်ရှာတွေ့ခဲ့တယ်..ဒါကြောင့် အဲ့သက်ရှိမြေဆီလွှာအပိုင်းအစအချို့ကိုကျွန်တော်ဝါးမျိုခဲ့ပြီး အဆင့်ချိုးဖျက်နိုင်ခဲ့တာ”
သက်ရှိမြေဆီလွှာဆိုသည်မှာ ကောလဟာလများအရ မြေကြီး၏မိခင်ဖြစ်သည်။ ၎င်းက ကြီးထွားနိုင်စွမ်းရှိသော မြေဆီလွှာဖြစ်၏
ရှေးဟောင်းခေတ်ထက်ပင်ပို၍ ရှေးကျသော ခေတ်ကာလကဖြစ်သည်။ ထိုအချိန်က ထျန်းဟန်တိုက်ကြီးတစ်ခုလုံး ရေလွှမ်းမိုးမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး တိုက်ကြီးတစ်ခုလုံးအား ဝါးမျိုသွားခဲ့သည်။ ကုန်းမြေများပျောက်ကွယ်သွားခဲ့ပြီးအကန့်သတ်မဲ့သောပင်လယ်ပြင်အဖြစ်သို့ပြောင်းလဲသွားခဲ့ကာ ကုန်းမြေပေါ်မှ မရေတွက်နိုင်သောသက်ရှိများ ဒုက္ခဖြစ်ခဲ့ရသည်။
ထိုအချိန်က ပြောပြ၍မရနိုင်သောအခက်အဲများ
အားဖြတ်ကျော်ပြီးနောက် တစ်သောင်းသောရှေးခေတ်နတ်ဘုရား
များမှာနောက်ဆုံး၌ သက်ရှိမြေဆီလွှာအပိုင်းအစငါးခုကိုရှာတွေ့ခဲ့သည်။ သူတို့က ထျန်းဟန်တိုက်ကြီး၏ မတူညီသော ပင်လယ်ဒေသကြီးငါးခုတွင် သက်ရှိမြေဆီလွှာငါးခုကိုဖြည့်ခဲ့ကြ၏။
နှစ်ပေါင်းများစွာကြာပြီးနောက် သက်ရှိမြေဆီလွှာအပိုင်းအစငါးခုကနောက်ဆုံးတွင် ကုန်းမြေကြီးငါးခုအဖြစ်ကြီးထွားလာခဲ့သည်။ ဤကုန်းမြေကြီးငါးခုက ယခုအခါတွင် အကန့်သတ်မဲ့ ကျယ်ပြောနေပြီဖြစ်၏။ ၎င်းတို့အား အရှေ့ပိုင်းဒေသကြီး၊တောင်ပိုင်းဒေသကြီး၊အနောက်ပိုင်းဒေသကြီး၊မြောက်ပိုင်းဒေသကြီးနှင့် အလယ်ပိုင်းဒေသကြီးတို့အဖြစ်သိကြသည်ဖြစ်သည်။
ယင်အလောင်းကောင်များကမဟာပထဝီမြေကြီးမှ မွေးဖွားလာကြသူများဖြစ်ကြပြီးမဟာပထဝမြေကြီး၏ စွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံကြသည်။သက်ရှိမြေဆီလွှာအတွက်မူ ၎င်၌ မဟာပထဝီမြေကြီး၏ အဆီအနှစ်များ ပါဝသည်ဖြစ်သည်။ သက်ရှိမြေဆီလွှာအပိုင်းအစအနည်းငယ်အား ဝါးမျိုလိုက်ပြီးနောက် တီရှာအဆင့်ချိုးဖျက်နိုင်စွမ်းရှိသည်မှာ လုံးဝအံ့ဩစရာတော့မဟုတ်ပေ။
ထို့နောက်တီရှာကဆက်ပြော၏။
“ကျွန်တော်တို့ရဲပါရမီစွမ်းရည်အကန့်အသတ်ကြောင့် ကျွန်တော်တို့ယင်အလောင်းကောင်တွေအတွက် ဧကရာဇ်နယ်ပယ်ကိုဝင်ရောက်တာကပဲ အရမ်းကိုခက်ခဲလွန်းနေပါပြီ.. ဧကရာဇ်နယ်ပယ်ရောက်လာပြီးတဲ့နောက် ထပ်ပြီးချိုးဖျက်ဖို့ဆိုတာက ပိုပြီးတောင်ခက်ခဲပါသေးတယ်..
အဲ့သက်ရှိမြေဆီလွှာအပိုင်းအစအနည်းငယ်ကို ကျွန်တော်ဝါးမျိုပြီးတဲ့နောက် ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်ကို
ကျွန်တော်ဝင်ရောက်နိုင်ခဲ့ရုံသာမက ကျွန်တော့်ရဲ့ပါရမီစွမ်းရည်ကလည်းထပ်ပြီး နိုးထလာခဲ့တယ်..အနာဂတ်မှာကျွန်တော်လျှောက်လှမ်းရမဲ့လမ်းကြောင်းတွေပိုပြီး ပွင့်လာပါလိမ့်မယ်”
“အင်း”
ရှစ်ဖုန့်ကအနည်းငယ်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူ၏လက်ဖဝါးအတွင်း၌အဖြူရောင်စာတန်းလေးတစ်ခုပေါ်လာသည်။ထို့နောက် ရှစ်ဖုန့်က တီရှာ၏စိတ်အတွင်းသို့အဖြူရောင်
စာလုံးများကိုရိုက်သွင်းလိုက်သည်။
“သခင်. သခင်ဘာလုပ်နေတာလဲ”
ရှစ်ဖုန့်၏အပြုအမူအားမြင်ရသောအခါတွင် တီရှာတုန်လှုပ်သွားသည်။ သို့သော် သူ၏စိတ်ထဲ၌ပေါ်လာသောစာလုံးများအားအာရုံခံမိသောအခါတွင် ရှစ်ဖုန့်၏ အသိများပါဝင်နေသည်ကို သဘောပေါက်လိုက်သည်။ တီရှာထပ်မံတုန်လှုပ်အံ့အားသင့်သွားသည်။
ရှစ်ဖုန့်၎င်း၏စိတ်အတွင်း ပို့လွှတ်လိုက်သော ရှေးဟောင်းစာလုံးက သေခြင်းဥပဒေသကိုကိုယ်စားပြုသည်ဖြစ်သည်။ တီရှာမှာ သေခြင်းကို အခြေပြုသော သတ္တဝါတစ်ကောင်ဖြစ်သည်။ ရှစ်ဖုန့်၏အသိနောက်သို့လိုက်ပါ၍ ရှေးဟောင်းစကားလုံးတို့ကိုအာရုံခံလိုက်ပြီး စကားလုံး၏ ဆန်းကြယ်မှုနှင့်အံ့ဖွယ်နက်နဲမှုတို့ကို ခံစားခဲ့ရသည်။
“ဒါကမူလဘူတရဲ့စွမ်းအားလို့ခံစားရတယ်”
“ကျေးဇူးတင်ပါတယ်သခင်..”
တီရှာကရှစ်ဖုန့်အားလျှင်မြန်စွာကျေးဇူးတင်စကားဆိုလိုက်သည်။
“ဒီစကားလုံးကို ကောင်းကောင်းနားလည်အောင်ကြိုးစားပါ..မင်းအတွင်မမျှော်လင့်ထားတဲ့ အံ့အားသင့်မှုတွေကို ရလိမ့်မယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဟုတ်ကဲ့.. သခင်.ကျေးဇူးပြုပြီး ကျွန်တော့်ကိုသခင့်ရဲ့ကျင့်ကြံခြင်း
နေရာဆီကိုခေါ်ဆောင်ပေးပါ..”
တီရှာကပြောလိုက်သည်။ သူပြောသော ကျင့်ကြံခြင်းနေရာဆိုသည်ကား ရှစ်ဖုန့်၏သွေးကျောက်ပြားအတွင်းမှနေရာလွတ်ကို ပြောခြင်းဖြစ်သည်။
ရှစ်ဖုန့်က ထပ်မံခေါင်းဆတ်လိုက်သည်။ ထို့နောက်အတွေးတစ်ချက်ဖြင့် တီရှာ၏ကိုယ်ပေါ်၌သွေးနီရောင်အလင်းတစ်ချက်လင်းလက်လာသည်။ ထို့နောက်တီရှာမှာ လမ်းမပေါ်မှပျောက်ကွယ်သွားပြီး သွေးကျောက်ပြား၏ နေရာလွတ်အတွင်းသို့ဝင်ရောက်သွားသည်။
ရှစ်လင်ရို့နှင့်လောချင်းချွမ်တို့မှာ ရှစ်ဖုန့်၌နေရာလွတ်ပစ္စည်းတစ်ခုရှိ
သည်ကိုသိသည်ဖြစ်သည်။ ထို့ကြောင့် တီရှာရုတ်တရက်ပျောက်ကွယ်သွားမှုအားသူတို့အံ့အားသင့်ခြင်းမရှိပေ။
ထို့နောက်ရှစ်ဖုန့်က လောချင်ချွမ်ကိုကြည့်လိုက်ပြီးပြောလိုက်သည်။
“ ချင်းချွမ်. အဲ့မှာမင်းဘာရှာတွေ့ခဲ့သေးလဲ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လောချင်းချွမ်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ထို့နောက် သူ၏ညာလက်ဖဝါးကိုဖွင့်ပြလိုက်သည်။ရုတ်ခြည်း သာမန်အလေ့ကျသစ်သီးတစ်လုံးပုံစံရှိသည့် အစိမ်းရောင်တစ်ခုက သူ၏လက်ဖဝါးထဲ၌ပေါ်လာသည်။
“ဟမ်”
အစိမ်းရောင်အလေ့ကျအသီးမှလာသော ပုံမှန်မဟုတ်သည့် အနံ့တစ်ခုကို ရှစ်ဖုန့်ရုတ်ခြည်းအာရုံခံမိလိုက်သည်။ ရှစ်ဖုန့်က၎င်းအားဂရုတစိုက်အာရုံခံလိုက်ပြီး ပြောလိုက်သည်။
“အဆင့်ကိးဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်သစ်သီး”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် လောချင်းချွမ်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီစိတ်ဝိညာဉ်သစ်သီးမှာ ဘာအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာကိုတော့ကျွန်တော်မသိပေမဲ့. ဒါက လုံးဝကို အဆင့်ကိုး ဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်သစ်သီးတစ်လုံးပဲ.. ဒါကလုံးဝကိုထူးခြားအံ့ဖွယ်ဖြစ်နေမှာပဲ. ကျွန်တော်တို့ နံပါတ်ငါးဂျူနီယာညီလေးရယ် နံပါတ်ခုနှစ်ဂျူနီယာညီလေးရယ်နဲ့တွေ့တဲ့အခါကြရင် သူတို့တွေဒါကိုသိမှာပဲ.. သူတို့ကိုဒါရဲ့အဆီအနှစ်တွေကိုဆွဲ
ထုတ်ဖို့လည်းကြိုးစားကြည့်ခိုင်းလို့ရနိုင်တယ်”
လောချင်းချွမ်ပြောသော နံပါတ်ငါးဂျူနီယာညီလေးနှင့် နံပါတ်ခုနှစ်ဂျူနီယာညီလေးတို့မှာ အဂ္ဂရိတ်သန့်စင်ဆရာသခင် ရှောင်းထျန်းယီနှင့် ကမ္ဘာ့နံပါတ်တစ်ဆေးဝါးဖော်စပ်သူ ချင်ယူဖန်းတို့ပင်ဖြစ်သည်။