← Chapters

အခန်း (၇၇၆)

Vol. 52 Ch. 776

အခန်း (၇၇၆)

Vol. 52 Ch. 776

လောချင်းချွမ်က ရှစ်ဖုန့်အား အဆင့်ကိုးတော်ဝင်အစိမ်းရောင်သစ်သီးကို ပြသပြီးနောက် ၎င်းအားဖယ်ထားလိုက်ပြီး တစ်ခြားတစ်စုံတစ်ခုအားရှစ်ဖုန့်ကို ပြသလိုက်သည်။ ၎င်းမှာဦးခေါင်းတစ်လုံးစာအရွယ်အစားရှိသော ခရမ်းရောင်သလင်းကျောက် သတ္ထုရိုင်းဖြစ်သည်။လောချင်းချွမ်၏ လက်ထဲတွင် ၎င်းက ခရမ်းရောင် ရောင်လျှံစက်ဝန်းတစ်ခုကို ထုတ်လွှတ်နေသည်။

“အဆင့်ကိုး တော်ဝင်သလင်းကျောက်သတ္ထုရိုင်း”

ရှစ်ဖုန့်က လောချင်းချွမ်၏လက်ထဲမှ ခရမ်းရောင်သလင်းကျောက်သတ္ထုရိုင်းကို စိုက်ကြည့်ပြီးပြောလိုက်သည်။

သလင်းကျောက်သတ္ထုရိုင်းမှာ ကျင့်ကြံသူများ လက်နက်များကို သန့်စင်ရာတွင် အသုံးပြုသောအရာများဖြစ်သည်။ အဆင့်ကိုး တော်ဝင်သလင်းကျောက်သတ္ထုရိုင်းနှင့် လောချင်းချွမ်အစောပိုင်းထုတ်လိုက်သော တော်ဝင်စိတ်ဝိညာဉ်သစ်သီးတို့မှာ ထျန်းဟန်တိုက်ကြီးအတွင်းတွင် လွန်စွာရှားပါးသော ပစ္စည်းများဖြစ်ကြသည်။

ထျန်းဟန်တိုက်ကြီးအတွင်းရှိ အဆင့်အမြင့်ဆုံးသော သန့်စင်သူမှာ အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ် ၌သာရှိသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။

အစိမ်းရောင်စိတ်ဝိညာဉ်သစ်သီးမှ ၎င်း၏ အဆီအနှစ်ကိုသာ သန့်စင်မှုပြုလုပ်နိုင်သည်ဖြစ်သည်။ အဆင့်ကိုး တော်ဝင်သလင်းကျောက်သတ္ထုရိုင်းမှာ အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်ရွှမ်းလက်နက်များအားသန့်စင်ရာ၌သာသုံးနိုင်သည်ဖြစ်သည်။

သို့သော် အဆင့်ကိုးတော်ဝင်သလင်းကျောက်သတ္ထုရိုင်းတစ်ခုမှသန့်စင်ထားသော ရွှမ်းလက်နက်တစ်ခုမှာ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်ရွှမ်းလက်နက်များ ကြားထဲ၌ အကောင်းဆုံးဟုသုံးသပ်၍ရသည်ဖြစ်သည်။

ထို့နောက်လောချင်းချွမ်က သလင်းကျောက်သတ္ထုရိုင်းကိုဖယ်ထားလိုက်ပြီး ရှစ်ဖုန့်ကိုပြုံးပြလိုက်သည်။

“အဲ့ကနေကျွန်တော် ဒီပစ္စည်းနှစ်ခုကိုပဲရခဲ့တယ်”

“သူတို့အားလုံးက အခုကျွန်တော့်အတွက်အသုံးမဝင်ဘူး. အနာဂတ်မှာ ကျွန်တော် နံပါတ်ငါးဂျူနီယာညီလေးနဲ့နံပါတ်ခုနှစ် ဂျူနီယာညီလေးတို့ကိုတွေ့မှပဲ သူတို့ကို သန့်စင်ပေးဖို့တောင်းဆိုနိုင်မယ်”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဧကရာဇ်နယ်ပယ်အဆင့် ပစ္စည်းနှစ်ခု ..မဆိုးပါဘူး”

ထို့နောက် ရှစ်ဖုန့်က လောချင်းချွမ်နှင့် ရှစ်လင်ရို့တို့အားပြောလိုက်သည်။

“သွားစို့. တို့တွေအခုပဲကံကြမ္မာတောင်ကိုသွားပြီးတော့ ထျန်းယုံနဲ့သွားတွေ့ကြစို့”

“သွားကြစို့”

ထို့နောက် အဖြူရောင်ပုံရိပ်သုံးခုက လေထဲသို့ပျံသန်းသွားပြီး ကံကြမ္မာတောင်တောင်ပေါ်သို့ ရှေးရှုဦးတည်လိုက်သည်။

ကံကြမ္မာမြို့၏လမ်းမများထက်တွင် ရှစ်ဖုန့်နှင့်အခြားနှစ်ယောက်တို့ထက်ခွာသွားပြီး သိပ်မကြာခင် မှောင်မိုက်သော ထောင့်လေးတစ်ခု၌ အေးစက်သောမျက်လုံးနှစ်ခု ပေါ်လာသည်။

“ဟားဟား.. အဆင့်ကိုး စိတ်ဝိညာဉ်သစ်သီးနဲ့.. အဆင့်ကိုး သလင်းကျောက်သတ္ထုရိုင်းတို့က ငါတို့ရဲ့လက်ထဲကို ရောက်တော့မယ်ကွ”

“ဟားဟား…ဒါပေါ့..သွားစို့. ငါတို့တွေသူတို့နောက်တိတ်တိတ်လေးလိုက်ကြမယ်.. ကံကြမ္မာတောင်ဆီကိုလာတဲ့ ငါတို့ရဲ့ခရီးက အချည်းအနှီးတော့မဖြစ်ဘူးပဲ”

ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့က ကံကြမ္မာတောင်ဆီသို့ လျှင်မြန်စွာပျံသန်းသွားကြသည်။ သူ၏ယခင်ဘဝမှမှတ်ဉာဏ်များအတိုင်း ရှစ်ဖုန့်က ကံကြမ္မာတောင်ဆီသို့ပျံသန်းနေဆဲဖြစ်သည်။

သို့သော် နှစ်နာရီမျှပျံသန်းပြီးသည့်နောက် ရှစ်ဖုန့်ကအရှိန်လျော့လိုက်၏။ သူကခေါင်းလှည့်ပြီး လောချင်းချွမ်ကိုပြောလိုက်သည်။

“တစ်ယောက်ယောက်က မင်းဆီကအဆင့်ကိုးပစ္စည်းနှစ်ခုကို ငမ်းငမ်းတက်လိုချင်နေတဲ့ပုံပဲ”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် လောချင်းချွမ်ကခပ်ယဲ့ယဲ့သာပြုံးသော်လည်း ဘာမှတော့မပြောပေ။

ရှစ်ဖုန့်က ခေါင်းလှည့်လိုက်ပြီး သူ၏ဘေးရှိရှစ်လင်ရို့ကိုကြည့်လိုက်သည်။

“မင်းစိတ်ကိုဖွင့်ထားပြီး ဒီသခင်လေးရဲ့ နေရာလွတ်ကမ္ဘာထဲကို ဝင်နေလိုက်”

“ကောင်းပြီ”

ရှစ်လင်ရို့ကခေါင်းညိမ့်လိုက်သည်။

ထို့နောက်ချက်ချင်း သူမ၏ကိုယ်ပေါ်၌သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့နှစ်ဦးလုံး ပျံသန်းနေခြင်းကိုရပ်တန့်လိုက်ပြီး ရှေ့သို့ကြည့်လိုက်ကာ သူတို့ရှေ့သို့ လူနှစ်ဦးရောက်အလာကို စောင့်နေကြသည်။

ထို့နောက်တွင် ရွှေရောင်ပုံရိပ်တစ်ခုနှင့် ခရမ်းရောင်ပုံရိပ်တစ်ခုတို့က ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ရှေ့သို့ရောက်ရှိလာသည်။ ၎င်းတို့မှာ အသက်သုံးဆယ်ဝန်းကျင်အရွယ်ရှိသော လူရွယ်နှစ်ဦးဖြစ်သော်လည်း ၎င်းတို့ထံမှရင်းနီးသောအော်ရာနှစ်ခုကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

၎င်းတို့ထဲမှ တစ်ဦးကမီးဓာတ်အခြေပြုသိုင်းနယ်ပယ်ကို ကျင့်ကြံပြီးအခြားတစ်ဦးကတော့မိုးကြိုးအခြေပြုသိုင်းနယ်ပယ်ကို ကျင့်ကြံသည်။ ၎င်းတို့၏အမွေဆက်ခံမှုကိုလည်းရှစ်ဖုန့် ဖြတ်မြင်လိုက်သည်။ ပုံရိပ်နှစ်ခုက ရှစ်ဖုန့်၏စိတ်ထဲ၌ ဖြည်းဖြည်းချင်းပေါ်လာသည်။

“ငရဲမီးတောက်ဧကရာဇ် ဝမ်ကူးချိုး.”

“မိုးကြိုးဧကရာဇ် အောင်လိုင်ရှင်း”

ရှစ်ဖုန့်က အေးစက်စွာရေရွတ်လိုက်သည်။

ဘေး၌ရှိနေသောလောချင်းချွမ်မှာ ရှစ်ဖုန့်၏ရေရွတ်မှုအားကြားလိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။ သူကရှစ်ဖုန့်ကိုမေးလိုက်သည်။

“သူတို့ကအဲ့သူတောင်းစားနှစ်ယောက်ရဲ့ အမွေဆက်ခံသူတွေလား”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။

ရှစ်ဖုန့်၏ခေါင်းညိမ့်မှုအား တွေ့ရသောအခါတွင် လောချင်းချွမ်က ရှေ့သို့ထပ်မံကြည့်လိုက်သည်။ သူ၏မျက်လုံးများကအေးစက်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့်ပြည့်နှက်နေ၏။

“ဝမ်ကူးချိုး.. အောင်လိုင်ရှင်း”

၎င်းတို့မှာ ထိုအချိန်တုံးက ဧကရာဇ်ကျိုးယိုကို လုပ်ကြံသတ်ဖြတ်ရန်အတွက် အစီအရင်ကိုခင်းကျင်းခဲ့ကြသော အထွတ်အထိပ်ဧကရာဇ်များ

ထဲမှနှစ်ဦးပင်ဖြစ်သည်။

သူတို့နောက်သို့ယခုလိုက်လာသောနှစ်ဦးမှာ ၎င်းတို့နှစ်ဦး ၏ဆက်ခံသူများဖြစ်ကြသည်။

ထိုအချိန်တွင် ပျံသန်းလာနေသောလူနှစ်ဦးမှာ သူတို့ရှေ့ရှိလူနှစ်ဦးက ရပ်တန့်နေသည်ကို လှမ်းမြင်လိုက်ရသည်။ ရွှေရောင်ဝတ်ရုံအားဝတ်ဆင်ထားသော မီးဓာတ်အခြေပြုကျင့်ကြံသူက ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ငါတို့တော်တော်လေးကောင်းမွန်တယ်လို့ထင်ထားတဲ့ဖုံးကွယ်ခြင်းနည်းစနစ်ကို သူတို့တွေရှာတွေ့သွားပုံပဲ”

“ဟားဟား”

ခရမ်းရောင်နှင့် မိုးကြိုးလျှပ်စီးသိုင်းတာအိုကို ကျင့်ကြံသည့်အခြားတစ်ယောက်ကလည်း အဖော်ဖြစ်သူ၏ စကားတို့အားကြားသောအခါတွင်ရယ်မောလိုက်သည်။ သူကပြောလိုက်သည်။

“ မင်းနဲ့ငါနဲ့ကဒီလိုမျိုးပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားမှုတွေမှာ တော်မှမတော်တာ.. ဒီတော့ . ငါတို့ကိုရှာတွေ့တာက ပုံမှန်ပါပဲ”

“တိုက်ပွဲကိုမြန်မြန်အဆုံးသတ်ပြီး သူတို့ကို ဖြစ်နိုင်သမျှအမြန်ဆုံးသတ်ရအောင်.. အဲ့တာမှ ငါတို့ကိုသူတို့သိုလှောင်လက်စွပ်တွေကိုရမှာ.. မဟုတ်ရင် အခြားသူတို့က ငါတို့တွေ လူတွေကိုသတ်ပြီး သူတို့ဆီကလုယူတာကိုမြင်သွားရင် ငါတို့ရဲ့အဆင့်အတန်းကို သိမ်ငယ်အရှက်ရစရာဖြစ်သွားလိမ့်မယ်”

“ဒါပေါ့”

ရွှေရောင်ဝတ်စုံနှင့်လူက ခေါင်းညိမ့်လိုက်သည်။

ရှစ်ဖုန့်ကသူ့ရှေ့ရှိနီးသည်ထက်နီးလာသော လူနှစ်ဦးအားကြည့်ရင်း အေးစက်စွာပြောလိုက်သည်။

“ ဝမ်ကူးချိုးနဲ့ အောင်လိုင်ရှင်းတို့က တကယ်တော်တာပဲ.. သူတို့ကလည်း ခိုးကြောင်ခိုးဝှက်လုပ်နေကြ.. သူတို့တွေမင်းတို့လိုမျိုး အလားအလာကောင်းတဲ့ လူနှစ်ယောက်ကို သင်ကြားပေးနိုင်လိမ့်မယ်လို့ဒီသခင်လေးမမျှောင်လင့်ထားခဲ့မိဘူး”

ရှစ်ဖုန့်၏အသံကရုတ်ခြည်းဟင်းလင်းပြင်ထဲ၌ ပဲ့တင်ရိုက်ခတ်သွားသည်။

ပျံသန်းလာနေသော လူနှစ်ဦး၏အမူအယာများက ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် သိသိသာသာပြောင်းလဲသွားသည်။ ဤလူကတကယ်ကြီးသူတို့၏ မူလဇစ်မြစ်ကို ဖြတ်မြင်နိုင်စွမ်းရှိလိမ့်မည်ဟု သူတို့ လုံးဝမတွေးခဲ့ကြချေ။

ထို့နောက် သူတို့၏မျက်နှာများက ပို၍ပင်အေးစက်လာသည်။ ဤ၎င်းလူနှစ်ဦးသေကိုသေရမည်ဖြစ်သည်။

“ဝုန်း”

ရုတ်ခြည်း ရွှေရောင်ဝတ်ရုံနှင်လူထံမှ ပြင်းထန်သော ရွှေရောင်မီးတောက်တို့ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူက ရွှေရောင်မီးတောက်လူသား

အဖြစ်သို့ပြောင်းလဲသွားသည်။

“အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်မြေမီးတောက်”

ထိုလူထံမှထွက်ပေါ်လာသောရွှေရောင်မီးတောက်အား မြင်သောအခါတွင် ရှစ်ဖုန့်ကတွေးလိုက်၏။ ထို့နောက်သူကပြောလိုက်သည်။

“ ကြယ်သုံးပွင့် ဧကရာဇ်နယ်ပယ်”

ဤလူ၏သိုင်းနယ်ပယ်က ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ရှိပြီး ၎င်း၌ အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်မြေမီး

တောက်တစ်ခုရှိသည်။

“အုန်း”

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ မိုးကြိုးများကျဆင်းလာပြီး ခရမ်းဝတ်ရုံနှင့်လူပေါ်သို့ကျလာသည်။ ရုတ်ခြည်း လူ၏တစ်ကိုယ်လုံးက ဧရာမမိုးကြိုးဓားကြီးတစ်ခုအသွင်ပြောင်းလဲသွားသည်။

ဤလူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း သူ့ရှေ့ရှိယခင်လူနှင့်တူညီသည်ကို

ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။

“ချင်းချွမ်.. မင်းကအဲ့အောင်လိုင်ရှင်းရဲ့ကောင်စုတ်ကိုကိုင်တွယ်လိုက်.ဝမ်ကူးချိုးရဲ့အမှိုက်တပည့်ကိုဒီသခင်လေးကိုင်တွယ်ပြီးရင် မင်းကိုလာကူမယ်”

ရှစ်ဖုန့်ကလောချင်းချွမ်ကိုပြောလိုက်သည်။

ရှစ်ဖုန့်ကထိုသို့ပြောပြီးနောက် သူနှင့်လောချင်းချွမ်တို့ကတစ်ချိန်

တည်းတွင်လှုပ်ရှားလိုက်သည်။ ရှစ်ဖုန့်က ရွှေရောင်မီးတောက်နှင့်လူထံသို့

တစ်ဟုန်ထိုးဦးတည်သွားချိန်တွင် လောချင်းချွမ်ကလည်းဧရာမမိုးကြိုးဓားကြီးထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

“လောမိသားစုရဲ့ ပျက်သုဉ်းခြင်းလက်သီး.. “

လောချင်းချွမ်က အော်ပြောလိုက်သကဲ့သို့ သူ့ထံသို့ကျဆင်းလာသောဧရာမမိုးကြိုးဓားကြီးထံလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“ဝုန်း”

ကောင်းကင်ထဲ၌ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုရိုက်ခတ်ထွက်ပေါ်လာသည်။ ပြင်းထန်သော စွမ်းအင်များက ဟင်းလင်းပြင်အတွင်းပရမ်းပတာ ပျံ့နှံ့ထွက်သွားသည်။

ရှစ်ဖုန့်မှာမူ ရွှေရောင်မီးတောက်လူသားနှင့်

နီးကပ်လာသောအခါတွင် သူ၏ကိုယ်မှသွေးနီရောင်မီးတောက်တို့ဟုန်းခနဲထွက်ပေါ်လာသည်။

သွေးနီရောင်မီးတောက်များ ပေါ်လာလာချင်း ထိုလူ၏ကိုယ်ပေါ်ရှိရွှေရောင်မီးတောက်များမှာ ပရမ်းပတာဖြစ်လာသည်။ ၎င်းတို့က ထိုလူ၏မီးတောက်မျက်နှာပြင်မှစတင်ဆုတ်ခွာလာ၏။

“ဒါ..ဒါက”

ရွှေရောင်မီးတောက်တို့အလယ်တွင် ထိုလူ၏ရုတ်တရက်အံ့အားသင့်သော

အသံထွက်ပေါ်လာသည်။ ဤခံစားချက်က မီးတောက်တစ်ခုဖိနှိပ်ခံရသောခံစားချက်ဖြစ်သည်။ သူ၏ အဆင့်ရှစ်မြေမီးတောက်မှာ တကယ်ကြီးသူ၏ရှေ့မှလူ၏ ဖိနှိပ်ခြင်းကိုခံနေရသည်။

သူ့အနေဖြင့် ဤကဲ့သို့သောအရာအား ဝမ်ကူးချိုး၏ အောက်၌သာခံစားခဲ့ဖူးခြင်းဖြစ်သည်။

သူ၏ဆရာဖြစ်သူ သယ်ဆောင်ထားသောမီးတောက်မှာ သူသိသလောက်ဆိုလျှင် အဆင့်ကိုးဧကရာဇ်နယ်ပယ်ကောင်းကင်မီးတောက်ဖြစ်သည်။

All Chapters