← Chapters

အခန်း (၇၇၇)

Vol. 52 Ch. 777

အခန်း (၇၇၇)

Vol. 52 Ch. 777

“ကောင်းကင်…ကောင်းကင်မီးတောက်.. အဆင့်ကိုး ဧကရာဇ်နယ်ပယ် ကောင်းကင်မီးတောက်.”

မီးတောက်များအတွင်း၌ရှိနေသောလူမှာ သူ၏ပြိုင်ဘက်ကိုယ်ပေါ်ရှိလောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်များအား မြင်ရသောအခါတွင် ပထမဆုံးတုန်လှုပ်အံ့အားသင့်သွားသည်။

ထို့နောက်သူက စိတ်လှုပ်ရှားသည်ထက် စိတ်လှုပ်ရှားလာသည်။

သူက သူ၏ဘဝတစ်လျှောက်လုံး မီးတောက်သိုင်းတာအိုနယ်ပယ်ကို ကျင့်ကြံခဲ့သူဖြစ်သည်။ ဒဏ္ဍာရီလာ ကောင်းကင်မီးတောက်တစ်ခုအား မြင်တွေ့ရခြင်းထက် သူ့အား စိတ်လှုပ်ရှားအောင် ဘာကများလုပ်ဆောင်နိုင်ပါမည်နည်း။

“ကောင်းကင်မီးတောက်. အဲ့တာကငါ့ဟာပဲ..”

ရွှေရောင်ဝတ်ရုံနှင့်လူမှာ စိတ်လှုပ်ရှားမှုအား မထိန်းထားနိုင်ဘဲ စိတ်လှုပ်ရှားမှုတို့ဖြင့် အော်ဟစ်ပြောလိုက်သည်။

သူ၏အားကောင်းသောထိန်းချုပ်မှုအောက်တွင် သူက သူ၏ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်စွမ်းအင်တို့ကို ပြင်းထန်စွာလောင်ကျွမ်းနေသောမီးတောက်များ

အတွင်းသို့ပေါင်းစည်းထည့်လိုက်သည်။ ထို့နောက်ချက်ချင်း သူ၏ကိုယ်ပေါ်ရှိ ဟုန်းခနဲတောက်လောင်နေသော ရွှေရောင်မီးတောက်များမှာ ဆုတ်ခွာသည့်လက္ခဏာကိုပြနေရာမှ နောက်တစ်ကြိမ် ဒေါသအိုးပေါက်ကွဲမှုအဖြစ်ပြောင်းလဲပြီး ရှေ့သို့တစ်ဟုန်ထိုးတက်လာသည်။

ထို့နောက်တစ်ခုကရွှေရောင်နှင့်တစ်ခုကသွေးရောင်တို့ဖြစ်သောမီးတောက်နှစ်ခုတို့မှာ ဧရာမ ဆူနာမီကြီးနှစ်ခုကဲ့သို့ အတူတကွပစ်ဆောင့်သွားကြသည်။

“ဟားဟားဟား..ဟားဟားဟား”

ရွှေရောင်ဝတ်ရုံနှင့်လူ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နှင့် ဝင့်ကြွားစွာရယ်မောသောအသံဥ ရွှေရောင်မီးတောက်များအတွင်းမှ

ဆက်လက်ရိုက်ခတ်ထွက်ပေါ်နေသည်။

“မင်းခက်ခဲခဲကြိုးစားပြီး ရထားတဲ့ကောင်းကင်မီးတောက်က အခုငါ့အတွက်ပဲ.. မင်းမှာ အဆင့်ကိုးဧကရာဇ်နယ်ပယ် ကောင်းကင်မီးတောက်ရှိနေပေမဲ့. မင်းကကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်ပဲရှိသေးတာ.. ပြီးတော့ ငါကကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ပဲ…ဟားဟား..ဟားဟားဟား”

ရွှေရောင်ဝတ်ရုံနှင့်လူက ဆက်လက်ရယ်မော နေသည်။သို့သော် ဤအချိန်တွင် သူ၏ရယ်မောသံကမပြေမပြစ်ရပ်တန့်သွားသည်။ ရုတ်ခြည်း သူ၏နှလုံးသားထဲမှ အန္တရာယ်အသိအာရုံတစ်ခု မြင့်တက်လာသည်။

ထို့နောက် သွေးနီရောင်မီးတောက်များအတွင်းမှ ဧရာမအဖြူရောင်စာလုံးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ မီးတောက်များအတွင်း၌၎င်းက ခပ်ရေးရေးထွက်ပေါ်နေခြင်းဖြစ်ပြီး သွေးနီရောင်မီးတောက်များထံမှ ရှေးဟောင်းအော်ရာတစ်ခုမြင့်တက်လာသည်။

အဖြူရောင်စာလုံးမှာ မီးတောက်ဥပဒေသကို ကိုယ်စားပြုသည့် ရှေးဟောင်းစာလုံးပင်ဖြစ်သည်။

သွေးနီရောင် မီးတောက်များက ရှေ့သို့တစ်ဟုန်ထိုးထပ်မံတက်သွားပြန်သည်။ ပြင်းထန်သောရွှေရောင်မီးတောက်များမှာ သွေးနီရောင်မီးတောက်တို့၏ လျှင်မြန်စွာဝါးမျိုမှုကိုခံလိုက်ရသည်။

“ဒါ.. ဒါကဘယ်လိုဖြစ်တာလဲ. “

ရွှေရောင်ဝတ်ရုံနှင့်လူက ငေးကြောင်ကြည့်နေသည်။သူ၏နှလုံးသားထဲမှ စွမ်းအားမဲ့သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်း ပြင်းထန်သော သွေးနီရောင်မီးတောက်များက ရွှေရောင်ဝတ်ရုံနှင့်လူအပါအဝင် ရွှေရောင်မီးတောက်ပင်လယ်တစ်ခုလုံးကို ဝါးမျိုသွားသည်။

သွေးနီရောင်မီးတောက်များအတွင်း ရှစ်ဖုန့်က ရှေ့သို့အေးစက်စွာစိုက်ကြည့်နေသည်။ ဝမ်ကူးချိုး ထိုအမှိုက်၏တပည့်တစ်ယောက်က တကယ်ကြီးသူ၏ရှေ့၌ဖင်လာယားရဲနေသည်။

“ဟမ့်.. အကယ်၍ ဝမ်းကူးချိုးပင်လာစော်ကားရင်တောင် ပါးတစ်ချက်ရိုက်ရုံနဲ့လွင့်ထွက်သွားမှာ.”

ရှစ်ဖုန့်ကပြောလိုက်သည်။ ဤအချိန်တွင် သွေးနီရောင်မီးတောက်ပင်လယ်က သူ့ထံသို့တစ်ဟုန်ထိုးပြန်လည်လှိမ့်ဝင်လာသည်။

မကြာခင် သွေးနီရောင်မီးတောက်တို့ကရှစ်ဖုန့်

၏ကိုယ်ဆီသို့ပြန်လည်ရောက်ရှိလာပြီး ရှစ်ဖုန့်၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။ နောက်ဆုံးသွေးနီရောင်မီးတောက်ပြန်လည်ရောက်ရှိလာချိန်တွင် ၎င်းက လက်သီးဆုပ်အရွယ်ရှိသော ရွှေရောင်မီးတောက်တစ်ခုကိုယူဆောင်လာသည်။

“အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်

မီးတောက်ဖြစ်တဲ့ မြေမီးတောက်. “

ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ သို့သော် နောက်ဆုံးမီးတောက်မျှင်က ရွှေရောင်မီးတောက်နှင့်အတူ ရှစ်ဖုန့်၏ကိုယ်အတွင်းသို့ဝင်ရောက်သွားသည်။

ထို့နောက် ရွှေရောင်မီးတောက်တို့က လျှင်မြန်စွာဝါးမျိုခံလိုက်ရပြီး ရှစ်ဖုန့်၏ချေဖျက်ခြင်းကိုခံလိုက်ရသည်။

ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်၏ သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်၊သွေးနှင့် မဟာသူတော်စင်နယ်ပယ်မြေမီးတောက်တို့အားဝါးမျိုပြီးသည့်နောက် လောချင်းချွမ်ရှိရာတိုက်ပွဲဆီသို့ရှစ်ဖုန့်ကြည့်လိုက်သည်။ သူက ခရမ်းရောင်လျှပ်စီးများ ဝန်းရံနေသော ပုံရိပ်ထံသို့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သွားကြစို့”

“ပြီးကာနီးပြီ. ကျွန်တော်သာဒီအမှိုက်ကိုသတ်ပြီးတာနဲ့ ကျွန်တော်ကြယ်လေးပွင့်ဧကရာဇ်

နယ်ပယ်ထဲကိုဝင်ရောက်နိုင်စွမ်းရှိလိမ့်မယ်”

“ပျက်သုဉ်းခြင်း မိုးကြိုး”

တိုက်ပွဲမြေပြင်တွင် ခရမ်းရောင်လျှပ်စီးများဝန်းရံနေသော လူကရုတ်တရက်အော်ဟစ်လိုက်သည်။ ရုတ်ခြည်းသူ၏ကျယ်လောင်သော အော်သံထွက်ပေါ်လာကာ သူ၏လက်များကလက်သည်းအဖြစ်ပြောင်းလဲသွားသည်။ ဤအချိန်တွင် ကောင်းကင်ထဲ၌မိုးချုန်းသံများမြည်ဟိန်းလာပြီး ဧရာမလျှပ်စီးတန်းများ ကျဆင်းလာသည်။ ၎င်းက ကမ္ဘာကြီးအားဖျက်ဆီးပစ်တော့မည့်သကဲ့သို့ လောချင်းချွမ်ထံပေါက်ကွဲဦးတည်လာသည်။

ဤအချိန်တွင်လောချင်းချွမ်က သူ၏ ညာလက်အားဓားတစ်ခုအသွင်ပုံဖော်လိုက်ပြီး ကောင်းကင်ထဲသို့ ထိုးညွှန်လိုက်သည်။ သူကအော်ပြောလိုက်၏။

“ ငရဲဘုံကိုးခု ဓားပညာရပ် ဆဋ္ဌမမြောက်လှုပ်ရှားမှု ကောင်းကင်ခွဲဓား”

ရုတ်ခြည်း လောချင်းချွမ်၏ ခေါင်းထက်တွင် ဧရာမအဖြူရောင်ဓားကြီးတစ်ချောင်းပေါ်လာသည်။ ဓားကြီးကပေါ်လာပြီး ကောင်းကင်အားထိုးခွဲနိုင်သောစွမ်းအားတို့ပိုင်ဆိုင်ထားသကဲ့သို့ထိုးညွှန်ထားသည်။

ထို့နောက်ချက်ချင်း အပေါ်သို့ထိုးညွှန်ထားသောကောင်းကင်ခွဲဓားက အောက်သို့ကျဆင်းလာသော ခရမ်းရောင်လျှပ်စီးနှင့်တွေ့ဆုံသွားသည်။ ကောင်းကင်ခွဲဓား၏အောက်တွင် ကမ္ဘာကြီးအားဖျက်ဆီးတော့မည့်သကဲ့သို့စွမ်းအားတို့ပါဝင်သော ခရမ်းရောင်လျှပ်စီးမိုးကြိုးမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။

“ဒီ..ဒီဓားက. ဒီသိုင်းပညာရပ်က.. ငရဲဘုံကိုးခု သိုင်းပညာရပ်ပဲ.. ငရဲဘုံးကိုးခုရဲ့အဆက်အနွယ်”

ခန္ဓာကိုယ်၌ခရမ်းရောင်လျှပ်စီးများဝန်ရံနေသော ထိုလူမှာ သူ၏ စွမ်းအားကြီးတိုက်ခိုက်မှုအား

ဖျက်ဆီးလိုက်သော ဧရာမအဖြူရောင်ဓားကြီးအားမြင်တွေ့လိုက်ရသောအခါတွင် လျှင်မြန်စွာဖြင့် အံ့အားသင့်စွာပြောလိုက်သည်။

ရှစ်ဖုန့်ကလောချင်းချွမ်၏ တိုက်ခိုက်မှုအား ကြည့်လိုက်ပြီး အနည်းငယ်ခေါင်းညိမ့်လိုက်သည်။ လောချင်းချွမ်မှာ ဤအချိန်အတောအတွင်းသူ ပေးထားသော ကျင့်ကြံခြင်းနည်းလမ်းကို ဆင်ခြင်နေခဲ့ပုံရပြီး ၎င်းက သူ၏ သိုင်းနည်းစနစ်းနှင့် လောမိသားစု ၏သိုင်းနည်းစနစ်တို့ကိုအသုံးပြုခဲ့သည်ဖြစ်သည်။

ငရဲဘုံကိုးခု ကောင်းကင်ခွဲဓားမှာ ငရဲဘုံကိုးခု ကောင်းကင်ခွဲဓား၏စွမ်းအားများသာမက လောမိသားစု ပျက်သုဉ်းခြင်းလက်သီး၏စွမ်းအား

များပါပေါင်းစည်းထားခြင်းဖြစ်သည်။

တစ်ချက်ကြည့်ရုံနှင့် ၎င်းအားအသုံးပြုရာ၌လုံးဝဆရာကျကျွမ်းကျင်ဖြစ်လာရန်သိပ်မကြာတော့သည်ကိုတွေ့နိုင်သည်ဖြစ်သည်။

“ဟမ့်”

လောချင်းချွမ်က ပျက်သုဉ်းခြင်းမိုးကြိုး ကို ဓားတစ်ချက်တည်းနှင့်ဖျက်ဆီးပြီးနောက် သူ့ရှေ့ရှိခရမ်းရောင်နှင့်လူအား အေးစက်စွာကြည့်လိုက်သည်။ ၎င်းတို့နှစ်ဦးလုံးက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်များ

ဖြစ်ကြသော်လည်း လောချင်းချွမ်မှာ ဧကရာဇ်ကျိုးယို၏တပည့်ဖြစ်သည်။

၎င်းက မိုးကြိုးဧရာဇ် အောင်လိုင်ရှင်း၏ တပည့်ဖြစ်သည်။ ဧကရာဇ်ကျိုးယို၏ တပည့်နှင့်မည်ကဲ့သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။

“ဖျက်ဆီးစမ်း”

လောချင်းချွမ်က အေးစက်စွာပြောလိုက်သည်။ထို့နောက် သူ ၏ဓားအားကောင်းကင်ထဲသို့ထိုးညွှန်လိုက်ပြီး ၎င်း၏ရှေ့သို့ ဖြည်းညှင်းစွာ ဆွဲလိုက်သည်။

လောချင်းချွမ်၏ အပြုအမူနောက်လိုက်ပါ၍ ကောင်းကင်ခွဲဓားကလည်း ပြန်းထန်စွာကျဆင်းလာပြီး ခရမ်းရောင်လျှပ်စီးများဝန်းရံနေသော ထိုလူကို ခုတ်ပိုင်းလိုက်သည်။

“အား”

အောင်လိုင်ရှင်း၏ တပည့်မှာ ကျဆင်းလာသောကောင်းကင်ခွဲဓား

ကိုတုန်လှုပ်စွာဖြင့်ကြည့်ရင်း

မျက်လုံးများကပြူးကျယ်နေသည်။

ကောင်းကင်ခွဲဓား၏ စွမ်းအားအောက်တွင် သူအနေဖြင့် ယှဉ်နိုင်ခြင်းငှာမတက်နိုင်သော

စွမ်းအားတစ်ခုကိုခံစားရသည်။

၎င်းတို့နှစ်ဦးလုံးက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်များ

ဖြစ်ကြသော်လည်း ကောင်းကင်ခွဲဓားမှာ ကမ္ဘာပေါ်ရှိ အသန်မာဆုံးပုဂ္ဂိုလ် ဧကရာဇ်ကျိုးယိုဖန်တီးထားခြင်းဖြစ်သည်။၎င်းကအံ့ဖွယ်ကောင်းသောသူဖြစ်၏။

“မဟုတ်ဘူး”

သို့သော် ငရဲဘုံကိုးခု အဆက်အနွယ်အား ယှဉ်နိုင်ခြင်းမရှိသည်ကို သိသော်လည်း အောင်လိုင်ရှင်း၏တပည့်မှာ လက်သင့်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ အော်သံက ကောင်းကင်ကိုလှုပ်ခတ်သွားစေပြီး သူ၏ကိုယ်မှပို၍ပြင်းထန်သော ခရမ်းရောင်လျှပ်စီးများထွက်ပေါ်လာသည်။ ၎င်းကကျဆင်းလာသောကောင်းကင်ခွဲဓားအား တားဆီးရန်အပေါ်သို့တစ်ဟုန်

ထိုးတက်စေလိုက်သည်။

“သူ့ကိုအခုအသက်ရှင်နေပါစေ”

ဤအချိန်တွင် တိုက်ပွဲအား စောင့်ကြည့်နေသော ရှစ်ဖုန့်ကခြားနားမှုမရှိပြောလိုက်သည်။

ဤအချိန်တွင် တိုက်ပွဲရလဒ်အား ဆုံးဖြတ်ပြီးဖြစ်သည်ကိုသူမြင်နိုင်သည်ဖြစ်သည်။

“အိုး”

ရှစ်ဖုန့်၏ စကားအားကြားသောအခါတွင် လောချင်းချွမ်က တိုးဖျော့စွာတုန့်ပြန်လိုက်၏။ ထို့နောက်သူ၏ ဓားလက်ချောင်းတို့ကလက်သည်းအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ခွဲဓား၏ စွမ်းအားအစိတ်အပိုင်းအချို့ကိုစုပ်ယူလိုက်သည်။

သို့သော် ငရဲဘုံကိုးခု ကောင်းကင်ခွဲဓားကတော့ထို

နေရာ၌ရှိနေဆဲဖြစ်သည်။ ၎င်းကခရမ်းရောင်နှင့်လူထံသို့ ပြင်းထန်စွာကျဆင်းသွားဆဲဖြစ်သော်လည်း ကောင်းကင်ခွဲဓား၏ စွမ်းအားက ယခင်ထက်များစွာလျော့နည်းသွားပြီဖြစ်သည်။

သို့သော်ယင်းက ဤယူအား ထိခိုက်မှုများစွာဖြစ်စေပြီး တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားစေရန်လုံလောက်သည်ဖြစ်သည်။

ငရဲဘုံကိုးခု ကောင်းကင်ခွဲဓားကဆက်လက်ကျဆင်းလာသည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူထံမှထွက်ပေါ်လာသော ပြင်းထန်သည့်လျှပ်စီးများမှာ ငရဲဘုံကိုးခု ကောင်းကင်ခွဲဓားကြောင့် လျှင်မြန်စွာပျောက်ကွယ်ကုန်သည်။ ထို့နောက် ခရမ်းရောင်ဝတ်ရုံနှင့်လူမှာ ကြီးမားသည်ထက်ကြီးမားလာသောကောင်းကင်ခွဲဓားကိုထိတ်လန့်စွာကြည့်နေသည်။ သူ၏ကိုယ်အား ထိခိုက်လာသည်ကို ကူကယ်ရာမဲ့စွာဖြင့်ကြည့်နေရုံသာတက်နိုင်၏။

“မဟုတ်ဘူး”

“အုန်း”

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ငရဲဘုံကိုးခု ကောင်းကင်ခွဲဓား၏လုံးဝ

ဝါးမျိုမှုကိုခံလိုက်ရသည့် အောင်လိုင်ရှင်း၏တပည့်ဖြစ်သည်သူကို အေးစက်စွာစောင့်ကြည့်နေကြသည်။

ဓားအောက်မှထိုလူမှာ ထိခိုက်မှုများစွာဖြစ်သွားပြီးဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။ သို့သော် လောချင်းချွမ်၏ ထိန်းချုပ်မှုအောက်၌၎င်းက

အသက်ရှင်နေဆဲဖြစ်၏။

ဧရာမအဖြူရောင်ဓားကြီးမှာ ဟင်းလင်းပြင်ထဲမှဖြည်းညှင်းစွာ

ပျောက်ကွယ်သွားပြီး ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ရှေ့၌ အရုပ်ကြိုးပျက်နေသည့် ကိုးရို့ကားယားဖြစ်နေသော ခရမ်းရောင်ဝတ်ရုံနှင့်

လူဖြည်းဖြည်းချင်းပေါ်လာသည်။

All Chapters