အခန်း (၇၇၈)
Vol. 52 Ch. 778
ရှစ်ဖုန့်က အောင်လိုင်ရှင်း၏ ဆက်ခံသူအားကြည့်လိုက်သည်။ အောင်လိုင်းရှင်း၏တပည့်မှာ လေထဲ၌သူတောင်းစားတစ်ယောက်ကဲ့သို့ ခြေကားယားလက်ကားယားဖြစ်နေသည်။
ထို့နော်က ရှစ်ဖုန့်၏ ညာလက်က လက်သည်းအဖြစ်ပြောင်းလဲသွားသည်။ သူက ထိုလူအားကြည့်လိုက်ပြီး ညင်သာစွာဆုပ်ယူလိုက်၏။ စုပ်ယူအားအောက်တွင် ထိုလူ၏ ကိုယ်ကရွေ့လျားလာပြီး ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးပျံသန်းလာသည်။
မကြာခင် ၎င်းက ရှစ်ဖုန့်၏ရှေ့သို့ရောက်ရှိလာပြီး ရှစ်ဖုန့်က ၎င်း၏လည်မျိုကိုဆုပ်ကိုင်လိုက်သည်။
“ငရဲ.. ငရဲဘုံကိုးခု အဆက်အနွယ်”
ခရမ်းရောင်ဝတ်နှင့်လူမှာ ရှုံးနိမ့်သွားပြီး သူ၏ လည်မျိုအား ရှစ်ဖုန့်၏ဆုပ်ကိုင်ခြင်းကိုခံထားရသော်လည်း ၎င်းကမောက်မာနေဆဲဖြစ်ပြီး ရှစ်ဖုန့်အား ထကြွသောင်းကျန်းစွာဖြင့် အေးစက်စွာအော်ပြောနေဆဲဖြစ်သည်။
“ပြောစမ်း.. မင်းတို့နှစ်ယောက် ကံကြမ္မာမြို့မှာ ဘာလို့ပေါ်လာတာလဲ”
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။
ကံကြမ္မာတောင်အနီး ကံကြမ္မာမြို့၌ ဝမ်ကူးချိုးနှင့် အောင်လိုင်ရှင်းတို့၏ဆက်ခံသူတပည့်များ ပေါ်လာခြင်းမှာ မတော်တဆတိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။
“ဟမ့်”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ထိုလူကနှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“အနိုင်ရသူကဘုရင်..ရှုံးတဲ့သူကဓားပြပဲ.. မင်းငါ့ကိုသတ်ချင်ရင်. သတ်လိုက်. ဘာလို့မေးခွန်းတွေအများကြီလိုက်မေးနေတာလဲ”
“ဒီသခင်လေး .မင်းမပြောမှာကိုလုံးဝမကြောက်ဘူး.”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏ဘယ်လက်က လက်သည်းတစ်ခုအဖြစ်ပြောင်းသွားပြီး ထိုလူ၏ နဖူးကိုဆုပ်ကိုင်ကာ ၎င်း၏ခေါင်းခွံကိုဖွင့်ထုတ်ပစ်လိုက်သည်။
“အား”
နှလုံးသည်းခြေပျက်မတတ် အော်သံတစ်ခုက ထိုလူ၏ပါးစပ်မှ ထွက်လာသည်။
ထို့နောက် ၎င်း၏ ကိုယ်က ခြောက်သွေ့သောအလောင်းတစ်လောင်းမဖြစ်ခင်အထိ လေလျော့သွားသော ပူပေါင်းတစ်လုံးကဲ့သို့ လျှင်မြန်စွာ ရှုံ့တွသွားသည်။ ထို့နောက်မှသာရှစ်ဖုန့်က သူ၏ဘယ်လက်ကို ၎င်း၏ခေါင်းမှဆွဲထုတ်လိုက်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်က ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်၏ သေခြင်းစွမ်းအင်နှင့်သွေးတို့ကိုဝါးမျိုလိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏ကိုယ်ပေါ်မှအဖြူရောင်အ
လင်းတစ်ခုလင်းလက်လာပြီး ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်
တစ်ယောက်ဖြစ်လာသည်။
ထို့နောက် ရှစ်ဖုန့်က ၎င်း၏ ရှုံ့တွနေသောအလောင်းကိုထပ်မံ ဂရုစိုက်နေခြင်းမရှိတောပေ။ ထိုလူ၏လည်မျိုအားဆုပ်ကိုင်ထားသောသူ၏ညာလက်ကိုဖြေလျော့လိုက်ပြီး ရှုံ့တွနေသောအလောင်းက မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
သို့သော် ဤလူ၏ကာယခန္ဓာကိုယ်က သေဆုံးသွားသော်လည်း သူ၏ဝိညာဉ်က လက်သီးဆုပ်အရွယ်ရှိသော အကြည်ရောင်ဝိညာဉ်လုံးတစ်ခုအဖြစ် ရှစ်ဖုန့်၏ဖိသိပ်ခြင်းခံလိုက်ရသည်။ ရှစ်ဖုန့် ၏၎င်းအား သူ၏ဘယ်လက်အတွင်းဆုပ်ကိုင်ထား၏။
ရှစ်ဖုန့်မှာ သူ၏ရန်သူ၏ ခေါင်းမာရုန်းကန်နေခြင်းနှင့်ပက်သက်ပြီးကြောက်နေခြင်းမရှိပေ။ ဝိညာဉ်ခံစားရသော နာကျင်မှုဒုက္ခဝေဒနာက ရိုးရှင်းစွာပင် ကာယခန္ဓကိုယ်က နှိုင်းယှဉ်နိုင်သောအရာမဟုတ်ပေ။ ဝိညာဉ်အားညှင်းပန်းနှိပ်စက်ခြင်း
တစ်ခုတည်းကိုသာသ သေခြင်းထက်ဆိုးဝါးသောအရာတစ်ခုအဖြစ်အစစ်အမှန်ခေါ်ဆိုနိုင်သည်ဖြစ်သည်။
အလင်းရောင်တစ်ခုဟုန်းခနဲထွက်ပေါ်လာပြီး သွေးနီရောင်မီးတောက်အမျှင်တန်းတစ်ခုက ရှစ်ဖုန့်၏ဘယ်လက်ဖဝါးပေါ်၌လောင်ကျွမ်းနေကာ ဤဝိညာဉ်အမျှင်တန်းလေးအား
ဖြည်းညှင်းစွာစတင်လောင်ကျွမ်းနေသည်။
“အား..အား.အား.. အား..အား..အား.အား.အား”
၎င်း၏ဝိညာဉ်အားမီးရှို့နေသကဲ့သို့နှိုင်းယှဉ်ဖော်ပြ၍ပင်မရနိုင်သော စူးစူးဝါးဝါး အော်သံများက နေရာတစ်ခုလုံး ၌ထွက်ပေါ်နေသည်။
ထိတ်လန့်ဖွယ်ကောင်းသောငယ်သံပါအောင်အော်ဟစ်သံအားကြားရသူများမှာ ၎င်းတို့၏ခြေထောက်များပျော့ခွေပြီး ကျောရိုးတစ်လျှောက်ပင်
အေးစိမ့်တက်သွားလိမ့်မည်ဖြစ်သည်။ ၎င်းအားအမှန်တကယ်တွေ့ကြုံခံစားဖူးသည့်သူမှသာ၎င်းကဘယ်လိုခံစားချက်မျိုးဆိုသည်ကိုသိလိမ့်မည်ဖြစ်သည်။
“ပြောစမ်း. ဘာလို့မင်းတို့တွေ ကံကြမ္မာမြို့ကိုလာတာလဲ”
ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။
“အား..ငါ့ကိုသတ်လိုက်.. ငါ့ကိုသတ်လိုက်ပါ.. အား..အား…….. ငါ့ကိုသတ်လိုက်ပါတော့”
ဝိညာဉ်အမျှင်တန်းလေးမှာ နာကျင်စွာဖြင့်စူးစူးဝါးဝါးငယ်သံ
ပါအောင်အော်ဟစ်နေဆဲဖြစ်သည်။
၎င်းကသူ၏မေးခွန်းအားမ
ဖြေသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်ကသူ၏ဘယ်လက်အားအနည်းငယ်လှုပ်ရှားလိုက်ပြီး လောင်ကျွမ်းနေသောသွေးနီရောင်မီးတောက်တို့ကရုတ်ခြည်းပို၍ တောက်ပလာသည်။
“အား… အား.. ပြောပါ့မယ်. ငါပြောပါ့မယ်. ငါပြောပါ့မယ်”
ဝိညာဉ်အမျှင်တန်းမှာ လောင်ကျွမ်းနေသော
သွေးနီရောင်မီးတောက်တို့အောက်၌ နောက်ဆုံးတွင် ၎င်း၏မောက်မာမှုများကိုခဝါချတော့သည်။
ဤအသံအားကြားသောအခါတွင် ရှစ်ဖုန့်၏လောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်များက အနည်းငယ်ညင်သာလာသည်။ ဝိညာဉ်အမျှင်တန်းမှာ မီးလောင်ကျွမ်းမှုဝေဒနာကို ခံစားနေရဆဲဖြစ်သော်လည်း ၎င်းမှာလက်ခံနိုင်သောအတိုင်းအတာပမာဏအတွင်း၌ရှိသေးသည်ဖြစ်သည်။ ၎င်းကယခင်လောင်ကျွမ်း
မှုနှင့်နှိုင်းယှဉ်၍မရနိုင်ပေ။
ထို့နောက်ရှစ်ဖုန့်ကခြားနားမှုမရှိပြောလိုက်သည်။
“ပြောစမ်း”
ဝိညာဉ်အမျှင်တန်းက အလျှင်အမြန်ပြောလိုက်သည်။
“အရင်အချိန်တစ်ချို့တုံးက ငါတို့အလင်းဂိုဏ်းရဲ့ အရှင်သခင်သုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ကံတရားဧကရာဇ်က ငရဲဘုံကိုးခု ဧကရာဇ် ဒီကမ္ဘာပေါ်ကိုပြန်လာပြီလို့ကိုယ်တိုင်ပြောခဲ့တယ်”
“အရင်က ငါ့ဆရာနဲ့ ငရဲမီးတောက်ဧကရာဇ်တို့ကိုယ်တိုင် ကံတရားဧကရာဇ်ရဲ့ စကားမှန်မမှန်ကိုယ် အတည်ပြုဖို့ အဘိုးကြီးထျန်းယုံဆီကိုလာပြီးတွေ့ခဲ့တယ်.. ဒါပေမဲ့.. အဲ့နေ့က အဘိုးကြီးထျန်းယုံဟာ ကမ္ဘာအနှံ့ခရီးသွားဖို့ထွက်ခွာသွားပြီး ကံကြမ္မာတောင်မှာမရှိတော့ဘူးလို့ အဘိုးကြီးရဲ့တပည့်ဖြစ်သူကပြောခဲ့တယ်. ဘယ်အချိန်သူပြန်လာမယ်ဆိုတာကိုမသိခဲ့ရဘူး”
(စာရေးသူမှတ်ချက်- အဘိုးကြီးထျန်းယုံမှာ ရှေးဖြစ်ဟော ကျင့်ကြံခြင်းကိုအသုံးပြုသူဖြစ်ပါတယ်.. ကံတရားဧကရာဇ်ကတော့ ရှစ်ဖုန့်ရဲ့ရန်သူတွေထဲကဖြစ်ပါတယ်”
“ဒါကြောင့်ငါ့ဆရာနဲ့ ငရဲမီးတောက်ဧကရာဇ်တို့က ငါတို့နှစ်ယောက်ကိုကံကြမ္မာမြို့တော်မှာ နေဖို့စေလွှတ် ခဲ့တယ်.. အကယ်၍ ငါတို့သာ အဘိုးကြီးထျန်းယုံကိုတွေ့ရင် ချက်ချင်းငါ့တို့ရဲ့ဆရာတွေကိုသတင်းပို့ရမှာ”
“အိုး”
ဝိညာဉ်အမျှင်တန်း၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်၏အမူအယာကပြောင်းလဲသွားသည်။ အလယ်ပိုင်းဒေသကြီးအတွင်းမှ ကံတရားဧကရာဇ်က သူ၏ပြန်လည်မွေးဖွှားမှုအား အခိုင်အမာပြောဆိုနိုင်လိမ့်မည်ဟု သူ မမျှောင်လင့်ထားခဲ့ပေ။
ကံတရားစွမ်းအားက ဤကမ္ဘာပေါ်ရှိသက်ရှိအားလုံး၏ ကံတရားအား ဖမ်းဆုပ်နိုင်သည်ဖြစ်သည်။ ၎င်းကတကယ်ကိုထိတ်လန့်ဖို့ကောင်းသည်ဖြစ်၏။
ထိုအမှိုက်ဧကရာဇ်များအတွက် သူ ဤကမ္ဘာပေါ်သို့ပြန်ရောက်ရှိ
လာသည်ကိုကြားပြီးနောက် ၎င်းတို့အနေဖြင့်တော်တော်လေး အိပ်မပျော်စားမဝင်ဂနာ
မငြိမ်ဖြစ်နေလောက်သည်ဖြစ်သည်။
ထို့နောက်တွင်ရှစ်ဖုန့်၏ နှုတ်ခမ်းကအေးစက်သောအပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။ သူကပြောလိုက်သည်။
“အဘိုးကြီးထျန်းယုံကိုသတင်းကအမှန်ဟုတ်မဟုတ်ကိုအတည်ပြုဖို့အတွက် ရှာချင်တာလို့ပြောခဲ့တယ်.. အဘိုးကြီးထျန်းယုံကို ဒီသခင်လေးအခုဘယ်မှာရှိနေလဲဆိုတာကို တောင် သူတို့တွက်စေချင်မှာ ဒီသခင်လေးကြောက်မိတယ်”
ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားကအဆက်မပြတ်လှည့်ပတ်သွားပြီး သူ၏ဘယ်လက်ထဲရှိဝိညာဉ်မှာ မမြင်နိုင်သော ဝိညာဉ်စွမ်းအားအောက်၌ လျှင်မြန်စွာ ကွဲကြေမွသွားသည်။ ထို့နောက်၎င်းမှာရှစ်ဖုန့်၏ဝါးမျိုမှုကိုခံလိုက်ရသည်။
“ဆရာ. ကံတရားဧကရာဇ်ကို ဆရာ့ရဲ့ပြန်လည်မွေးဖွားလာမှုကို သိနေလိမ့်မယ်လို့ ကျွန်တော်မမျှော်လ့င်မိခဲ့ဘူး. ဒီလို မြေကိုတောင်တုန်စေနိုင်လောက်တဲ့ သတင်းမျိုးက သိပ်မကြာခင်မှာပဲ. ထျန်းဟန်တိုက်ကြီးတစ်ခုလုံးကိုပြန့်သွားလောက်တယ်”
ရှစ်ဖုန့်ကဝိညာဉ်အမျှင်တန်းအားဝါးမျိုလိုက်သည်ကို တွေ့ပြီးနောက် လောချင်းချွမ်က အံ့အားသင့်စွာဖြင့်ပြောဆိုလိုက်သည်။
“ဟမ့်”
ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်း
ရှုံ့လိုက်ပြီးပြောလိုက်သည်။
“ လူတွေဒီအကြောင်းကိုသိတော့ရောဘာဖြစ်လဲ.. ဒီသခင်းလေးငရဲဘုံကိုးခုအရှင်သခင်ဆိုတဲ့ သရုပ်မှန်နဲ့ ထျန်းဟန်တိုက်ကြီးကို ပြန်လာဖို့ကသိပ်မှမကြာတော့တာ.. အဲ့အချိန်ကြရင် ဒီသခင်လေးအဲ့မှိုက်ဧကရာဇ်တွေ ငရဲဘုံဗိမာန်ကိုတစ်ယောက်ချင်းပို့ခံရဖို့အတွက် ဒီသခင်လေးကိုစောင့်နေကြရလိမ့်မယ်”
“အင်း”
လောချင်းချွမ်က ထိုသူတောင်းစားများ သူ၏ဆရာဖြစ်သူကိုမည်ကဲ့သို့လုပ်ကြံခဲ့သည်ကို ပြန်အမှတ်ရမိသောအခါတွင်
အေးစက်စွာဖြင့်ခေါင်းညိမ့်လိုက်သည်။
ထို့နောက် လောချင်းချွမ်ကမေးလိုက်သည်။
“အဘိုးကြီးထျန်းယုံက ကံကြမ္မာတောင်မှာမရှိတော့ဘူး
လို့အဲ့လူပြောတယ်. ကျွန်တော်တို့တွေကံကြမ္မာတောင်ကို သွားကြအုံးမှာလား”
“တစ်ချက်သွားပြီးကြည့်တာပေါ့”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကောလဟာလတွေအရ ကံကြမ္မာတောင်မှာ ကံကြမ္မာရာဆန်းကြယ်တဲ့
စွမ်းအားတစ်ခုရှိတယ်ပြောတယ်. အဲ့မိန်းကလေးကလည်းဒီနေရာကိုတို့နဲ့အတူလိုက်လာတာ.. သူ့ကိုအဲ့တာကိုအာရုံခံပါစေ သူမရဲ့ကံကြမ္မာသိုင်းတာအိုအတွက် ဒါက အကျိုးရှိတာလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်”
ရှစ်ဖုန့်စကားပြောရင်း သူ၏ဘေး၌သွေးနီရောင်အ
လင်းတစ်ခုလင်းလက်လာပြီး သွေးကျောက်ပြားနေရာလွတ်
အတွင်းသို့ဝင်ရောက်သွားသောရှစ်လင်ရို့က ဤဟင်းလင်းပြင်အတွင်းပြန်လည်ပေါ်လာသည်။
ရှစ်ဖုန့်ဆက်ပြောသည်။
“အဲ့တာထက်.. အကယ်၍ များသက်ကြားအိုကြီး
ထျန်းယုံကံကြမ္မာတောင်မှာရှိနေမလားဆိုတာကို ဒီသခင်လေး သွားကြည့်ချင်သေးတယ်”
“ကိစ္စတွေဖြေရှင်းပြီးပြီလား”
ရှစ်လင်ရို့မှာ နေရာလွတ်အတွင်းမှထွက်လာပြီးပြီးချင်း ရှစ်ဖုန့်ကိုကြည့်၍မေးလိုက်သည်။
“အင်း.. ဖြေရှင်းပြီးပြီ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“သွားစို့. ကံကြမ္မာတောင်ကို မြန်မြန်သွားရအောင်”
ထို့နောက်သုံးယောက်သား ခရီးကိုဆက်လိုက်ကြပြီး ကံကြမ္မာတောင်ဆီသို့ ဆက်လက်ပျံသန်းသွားကြသည်။
သိပ်မကြာခင်ရှစ်ဖုန့်နှင့်အခြားသူများ၏ရှေ့၌ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်အောင်ကြီးမားသောတောင်ကြီးတစ်လုံးပေါ်လာသည်။ တောင်ထိပ်၌ ထိုနေရာတွင် ဧရာမတိုင်လုံးကြီးတစ်လုံးထီးထီကြီးရပ်တည်နေသည်ကိုရှစ်ဖုန့်နှင့်အခြားသူများ
လျှင်မြန်စွာတွေ့လိုက်ရသည်။ ၎င်းကကောင်းကင်အားထောက်ထားသော ဧရာမတိုင်လုံးကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။
ဧရာမတိုင်လုံးကြီးမှာ တိမ်စိုင်တိမ်တိုက်များကြားထဲသို့ တိုးဝင်နေသည်။တိုင်လုံး၏ထိပ်ဖျား၌ ဘာရှိသလဲဆိုသည်ကိုကာ မြင်နိုင်ရန်မဖြစ်နိုင်ပေ။ ၎င်းအားနှစ်ပတ်လည်တိမ်စိုင် တိမ်တိုက်များကဝန်းရံနေပြီး လူတစ်ယောက်၏မြင်ကွင်းကိုတားဆီးထားသည်။
ရှစ်ဖုန့်က ကောင်းကင်ထဲသို့လက်ညှိုးထိုးညွှန်လိုက်ပြီး တိမ်စိုက်တိမ်တိုက်များဝန်းရံနေသော တိုင်လုံးကြီးအားပြကာ ရှစ်လင်ရို့ကိုပြောလိုက်သည်။
“ဒီဧရာမတိုင်လုံးကြီးရဲ့ထိပ်ဖျားကမှတကယ့် ကံကြမ္မာတောင်အစစ်ပဲ. အဲ့သက်ကြားအိုကြီးထျန်းယုံက အဲ့မှာနေနေကြ”