အခန်း (၇၈၀)
Vol. 52 Ch. 780
“ဒီလိုဆိုရင်. ကျွန်မဒီမှာနေရမှာမလား”
နောက်ဆုံးစကားအားသူမပြောသောအခါတွင် ရှစ်လင်ရို့၏ လေသံက ရှစ်ဖုန့်၏အမြင်ကိုတောင်းခံနေသည်နှင့်တူသည်။
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒါပေါ့.. .မင်းဒီမှာနေရလိမ့်မယ်.. အဲ့အဘိုးကြီးမှာထူးခြားတဲ့စရိုက်ရှိတယ်ဆိုပေမဲ့ ကံကြမ္မာတာအိုရဲ့ဆန်းကြယ်မှုမှာ ဘယ်သူကမှသူ့ကိုယှဉ်နိုင်တာမဟုတ်ဘူး. မင်းလဲကံကြမ္မာတာအိုကိုကျင့်ကြံတဲ့သူပဲ .ဒါကြောင့်ကံကြမ္မာတောင်မှာနေတာထက်ပိုကြီးမှားတဲ့အခွင့်အရေးကမင်းအတွက်အခြားဘာမှထပ်ရှိမှာမဟုတ်ဘူး”
ရှစ်လင်ရို့ကရှစ်ဖုန့်အားဆက်လက်
စိုက်ကြည့်နေသည်။ ထို့နောက် သူမ၏မျက်နှာထက်တွင် မလိုလားသောအရိပ်အယောင်တစ်ခုပြသလာသည်။ သူမက ရှစ်ဖုန့်အား တိတ်တဆိတ်မေးလိုက်သည်။
“ဒီလိုဆိုရင်.. ရှင်မကြာခင်ထွက်သွားတော့မှာမလား”
“အင်း”
ရှစ်ဖုန့်က ရိုးသားစွာခေါင်းညိမ့်လိုက်သည်။
“ အဘိုးကြီးထျန်းယုံဒီမှာရှိမနေမှတော့. ဒီသခင်လေးအတွက်ဒီမှာနေစရာဘာအကြောင်းမှမရှိဘူး. အဲ့တာထက်ပိုတာကား ဒီသခင်လေးပြီးမြောက်အောင်လုပ်ဖို့စောင့်နေတဲ့အရာတွေအများကြီးရှိတယ်”
“အင်းပါ”
ရှစ်လင်ရို့ကပေါ့ပါးစွာခေါင်းညိမ့်လိုက်သော်လည်း ရှစ်ဖုန့်၏စကားများအားကြားပြီးနောက်အခြားဘာကိုမှတော့ပြောခြင်းမရှိပေ။
“သွားစို့”
ရှစ်ဖုန့် ရှစ်လင်ရို့အားထူးမခြားနားစွာပြောပြီးနောက် လောချင်းချွမ်ဘက်သို့လှည့်ပြီးပြောလိုက်သည်။
သို့သော် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ကံကြမ္မာမြို့
ဆီသို့ပြန်လှည့်ကာထွက်ခွာတော့မည့်အချိန်တွင် ကလေးဆန်သောအသံတစ်ခုကထပ်မံ
ထွက်ပေါ်လာသည်။
“အာ..ခဏလေးစောင့်ပါအုံး”
ကလေးဆန်သောအသံလေး၌ စိတ်စောမှုတို့ဖြင့်ပြည့်နှက်နေ၏။
“ဟမ်”
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က သူတို့၏လမ်းကြောင်းကိုအလျှင်အမြန်ရပ်တန့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကြုတ်ကာ ခဏလေးနေရန်ပြောသည့်ချစ်ဖို့ကောင်း
သောကောင်မလေးထံသို့ကြည့်လိုက်သည်။
“ထုံအာ..ကျွန်…ကျွန်မ..”
ဤအချိန်တွင် ရွှေရောင်နှင့်ကောင်မလေးက သူမ၏ခေါင်းကိုရှက်ရွံ့စွာဖြင့်ငုံ့လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့်အထစ်ထစ်အ
ငေါ့ငေါ့ဖြစ်နေသည်။
“ထုံအာ.. အဘိုးဆရာက ရှင်တို့အတွက် ချိန်ထားခဲ့တဲ့ နောက်ဆုံးစကားကိုကျွန်မမေ့သွားတယ်.. ထုံအာက ငယ်သေးတာကြောင့် မို့ ထုံအာကို အပြစ်မတင်ပါနဲ့.. အကယ်၍ အနာဂတ်မှာအဘိုးဆရာနဲ့ရှင်တို့တွေ့ခဲ့ရင် ဒီကိစ္စအကြောင်းကို သူ့ကိုမပြောပါနဲ့.. မဟုတ်ရင် အဘိုးဆရာကသေချာပေါက် ထုံအာကို အပြစ်ပေးလိမ့်မယ်”
ရွှေရောင်နှင့်ကောင်မလေးက အမှားတစ်ခုခုကိုပြုလုပ်ထားသောသူပုံစံဖြစ်နေရာ ယင်းကးသူမအားပို၍ပင်ချစ်ဖို့ကောင်းစေ၏။
ရှစ်လင်ရို့က ကောင်မလေးထံဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်ပြီး သူမ၏လုံးဝန်းသောခေါင်းလေးကို
ပွတ်သပ်လိုက်သည်။ သူမက ညင်သာစွာပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါကအဆင်ပြေတယ်.ဟုတ်ပြီလား. ဘယ်သူကမှထုံအာကို အပြစ်တင်မှာမဟုတ်ဘူး”
“တကယ်နော်”
ရှစ်လင်ရို့၏ စကားအားကြားပြီးနောက် ကောင်မလေးက သူမ၏ခေါင်းကိုမော့လိုက်ပြီး ရှစ်လင်ရို့ထံသို့ အပြုံးတစ်ခုနှင့်ကြည့်လိုက်သည်။
“တကယ်ပေါ့”
ရှစ်လင်ရို့၏မျက်နှာထက်တွင်နူးညံ့သောအပြုံးတစ်ခုရှိနေဆဲဖြစ်ပြီး သူမကခေါင်းညိမ့်ကာပြောလိုက်သည်။
“ဒါဆို အဘိုးဆရာကို ဒီအကြောင်းကို ပြန်မပြောဘူးမလား”
မိန်းလေးကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်သည်။
“ဒါပေါ့မပြောဘူး”
“ဟီးဟီး”
ကောင်မလေးကခေါင်းလေးကိုပြန်ငုံ့ကာ ရှစ်ဖုန့်နှင့်လောချင်းချွမ်ကိုပြောလိုက်သည်။
“အဘိုးကရှင့်ကိုမော်ကြွားဓားအိမ်တော်မှာ ဒုက္ခဖြစ်နေပြီလို့ပြောခိုင်းခဲ့တယ်”
“မော်ကြွားဓားအိမ်တော်က ငရဲဘုံကိုးခုဧကရာဇ်ရဲ့ တပည့်ခုနှစ်ဦးထဲကတစ်ဦးဖြစ်တဲ့ ယွမ်ရီမုန့်ရဲ့အိမ်တော်ပဲ”
ကောင်မလေး၏စကားအားကြားပြီးနောက် ရှစ်လင်ရို့က အံ့အားတကြီးပြောလိုက်သည်။ ရုတ်ခြည်းလောချင်းချွမ်၏သရုပ်မှန်ကို ပြန်အမှတ်ရသွားပြီး သူမ၏မျက်လုံးများက လောချင်းချွမ်၏အပေါ်သို့ကျရောက်သွားသည်။
“မော်ကြွားဓားအိမ်တော်က ဒုက္ခရောက်နေပြီ.. နံပါတ်ငါးဂျူနီယာညီလေး”
လောချင်းချွမ်က အံ့အားသင့်စွာပြောလိုက်၏။
“ယွမ်ရီမုန့်”
ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်ပြီး သူတပည့်၏နမည်ကိုခေါ်လိုက်သည်။
ထို့နောက်ချက်ချင်း သူ၏စိတ်ထဲ၌ ဇွတ်တရွတ်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည့် မျက်နှာတစ်ခုကပေါ်လာသည်။
မော်ကြွားဓားအိမ်တော်မှာ အနောက်ပိုင်းဒေသကြီးအတွင်း
တော်တော်ဝေးသောနေရာ၌ရှိပြီး ကမ္ဘာကြီးနှင့် အမြဲတမ်းသီးသန့်ဖြစ်နေသည်ဖြစ်သည်.
“သူတို့ကပ်ဘေး..အဲ့တာကဘယ်
နေရာကနေလာတာလဲ”
သို့သော် ကံကြမ္မာအဘိုးအိုက ဤစကားများအားချန်ထားရစ်ခဲ့သည်
ဖြစ်သောကြောင့် မှားယွင်းမှုတော့ရှိနေလိမ့်မည်မဟုတ်ပေ။
“ဖြစ်နိုင်တာအဲ့သူတောင်းစားများလား”
ရှစ်ဖုန့်မှာလွန်ခဲ့သောရက်အချို့က အနက်ရောင်အလောင်းဂိုဏ်း၌သူအာ
ရုံခံမိခဲ့သောစွမ်းအားကြီးအော်ရာကို အမှတ်ရလိုက်သည်။ ပြန်လည်မွေးဖွားလာတော့မည့်စွမ်း
အားကြီးအော်ရာတစ်ခုကိုသူအာ
ရုံခံမိခဲ့သည်ဖြစ်သည်။
သေရည်ဆိုင်၌၎င်းက အနက်ရောင်အလောင်းဂိုဏ်း
၏ဘိုးဘေးဖြစ်သည်ဟု သူကြားခဲ့သည်ဖြစ်၏။၎င်းအားဘိုးဘေးရှစ်ရွှယ်ဟုခေါ်သည်။ အနက်ရောင်အလောင်းဂိုဏ်း၏ဘိုးဘေးက ဧကရာဇ်ကျိုးယို၏ အဆက်အနွယ်များအားလုံးကိုသတ်ပစ်မည်ဟုပြောခဲ့သည်ဖြစ်သည်။
မြောက်ပိုင်းဒေသကြီးအတွင်းတွင် သူ့အနေဖြင့် သေခြင်းမဲ့တောင်တန်းနှင့် ထျန်းဟွမ်မြို့တို့အား သတင်းပို့ရန် ရွှယ်ဝူဟမ်နှင့် ယွဲ့ရှောက်ချုံးတို့ကို သတင်းပို့ပြီးဖြစ်သည်။ သူ၏အခြားသောတပည့်များအတွက်မှာမူ၎င်းတို့ဘယ်နေရာ၌ရှိနေသည်ဆိုသည်ကသေချာမှုမရှိပေ။ သာမန်လူများအတွက်၎င်းတို့၏ တည်နေရာများကိုသိရန်မှာ ခက်ခဲလိမ့်မည်ဖြစ်သည်။
အနောက်ပိုင်းဒေသကြီးအတွင်းရှိ မော်ကြွားဓားအိမ်တော်တစ်ခုတည်းကိုသာသိရှိနိုင်မည်ဖြစ်၏။
ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်ကလောချင်းချွမ်အားလျှင်မြန်စွာပြောလိုက်သည်။
“အနောက်ပိုင်းဒေသကြီးကမော်ကြွားဓားအိမ်တော်ကို သွားကြစို့”
“ကောင်းပြီ”
ရှစ်ဖုန့်၏စကားများအားကြားသောအခါတွင် လောချင်းချွမ်ကလျှင်မြန်စွာခေါင်းညိမ့်လိုက်သည်။
ထို့နောက်နှစ်ယောက်သား ရုတ်ခြည်းလှုပ်ရှားလိုက်ပြီး ကံကြမ္မာမြို့တော်ဆီသို့ပျံသန်းသွားသည်။
ဤဟင်းလင်းပြင်အတွင်းတွင် လှပသောအဖြူရောင်ပုံရိပ်တစ်ခုနှင့် သေးငယ်သောရွှေရောင်ပုံရိပ်တစ်ခုတို့သာကျန်ရစ်ခဲ့ပြီးဟင်းလင်းပြင်းအတွင်းထိုးခွင်းပျံသန်းသွားသော သူတို့ရှေ့ရှိပုံရိပ်နှစ်ခုအားအကွာအဝေး
တစ်ခုအတွင်း၌ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေသည်။
“နောက်ဆုံးတော့သူတို့ထွက်သွားပြီလား”
ရှစ်လင်ရို့က သူမနှင့်ဝေးသည်ထက်ဝေးသွား
သောပျံသန်းသွားသည့်ပုံရိပ်အား စောင့်ကြည့်ရင်းတီးတိုးရေရွတ်လိုက်သည်။
“တို့တွေဘယ်အချိန်မှ ပြန်တွေ့မယ်ဆိုတာကို ငါမသိဘူး”
ရှစ်လင်ရို့ကနောက်တစ်ကြိမ် တိတ်တဆိတ်ပြောလိုက်သည်။ ထိုပုံရိပ်ရေပြင်ညီအတိုင်းသူမ၏မြင်ကွင်း
အတွင်းမှပျောက်ကွယ်သွားသည်
အထိသူမစောင့်ကြည့်နေသည်။
သူမကခေါင်းကိုငုံ့ပြီးထုံအာကိုပြောလိုက်သည်။
“ထုံအာ..မမကိုကံကြမ္မာတောင်ဆီကိုခေါ်သွားပေး”
“ကောင်းပြီ”
“ချင်းချွမ်.. အတိတ်တုံးက နေဝင်ဆည်းဆာမြို့ဆိုတဲ့မြို့တစ်ခုရှိတာကို မှတ်မိတယ်”
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က တစ်ဟုန်ထိုးပျံသန်းနေသည်။ ကံကြမ္မာမြို့ဆီသို့သူတို့ချဉ်းကပ်လာသကဲ့သို့ ရှစ်ဖုန့်ကလောချင်းချွမ်အားရုတ်တရက်ပြောလိက်သည်။
“အမှန်ပါပဲ.. အရင်တုံးကတော့ နေဝင်ဆည်းဆာမြို့ရဲ့အရှင်သခင်က နေရာကူးပြောင်းအစီအရင်ကို ဆရာငှားတုံးကဘာမှမပြောရဲခဲ့ပေမဲ့. အခုတော့ သူက ကျွန်တော်တို့အသုံးပြုတာကိုခွင့်ပြု
ပေးချင်မှာမဟုတ်ဘူး”
လောချင်းချွမ်ကပြောလိုက်သည်။
“ဟမ့်”
ရှစ်ဖုန့်က သရော်ကာပြောလိုက်သည်။
“အဲ့အချိန်တုံးကတောင် ဒီလူရဲ့ကျင့်ကြံမှုက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်မှာရှိတယ်. အကယ်၍ သူသာ တို့ကိုအစီအရင်ကိုတကယ်အသုံးပြုခွင့်မပေးခဲ့ရင် အခုချိန်မှာတို့တွေသူ့ကိုတကယ်ပဲဘာမှလုပ်နိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ အကယ်၍သူသာတကယ်အစီအရင်ကိုမငှားဘဲ တို့ရဲ့အစီအစဉ်ကိုနှောင့်နှေးစေရင် နေဝင်ဆည်းဆာမြို့ကိုဒီသခင်လေးထပ်လာတဲ့အခါ သေချာပေါက် သူ့ခေါင်းကိုယူပြီး မြို့ဂိတ်မှာချိတ်ထားမယ်”
“သွားစို့..နေဝင်ဆည်းဆာမြို့ကိုသွားရအောင်”
“ကောင်းပြီ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လောချင်းချွမ်က အေးစက်စွာခေါင်းညိမ့်လိုက်သည်။
လောချင်းချွမ်နှင့်ရှစ်ဖုန့်တို့မှာတောင်တစ်ခုပေါ်မှပျံသန်းလာပြီးနောက် ကံကြမ္မာမြို့နှင့်နီးကပ်သည်ထက်နီးကပ်လာပြီး လောချင်းချွမ်က အောက်သို့ထိုးညွှန်ပြကာရှစ်ဖုန့်
ကိုပြောလိုက်သည်။
“သခင်လေးဖုန့် တီရှာနဲ့ကျွန်တော်တို့ ရှေးဟောင်းကမ္ဘာထဲနေထွက်ဖို့အသုံးပြုခဲ့တဲ့ စိတ်ဝိညာဉ်ဥမှင်က ဒီနေရာရဲ့အောက်မှာရှိတယ်”
“အိုး”
ရှစ်ဖုန့်ကလောချင်းချွမ်၏လက်ထိုးညွှန်ရာနောက်သို့လိုက်ပါ၍ ငုံ့ကြည့်လိုက်သည်။ ရုတ်ခြည်း သူ၏နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက်တစ်ခုထွက်ပေါ်လာသည်။
“အိုး”
ရှစ်ဖုန့်ကတိုးဖျော့စွာရေရွတ်လိုက်ပြီး သူ၏ညာလက်သန်းကိုကြည့်လိုက်သည်။ ထူးဆန်းသောခံစားချက်က ထိုနေရာမှလာခြင်းဖြစ်သည်။ ၎င်းမှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က သူ၏လက်သန်းအတွက် ဖွင့်ပေးထားသော နေရာလွတ်မှလာခြင်းဖြစ်သည်။ ၎င်းကအပြာရောင်မြွေထံမှလာခြင်းဖြစ်၏။
“ဘာဖြစ်တာလဲ”
ရှစ်ဖုန့်က သူ၏ လက်သန်းကိုစိုက်ကြည့်ပြီး သံသယဖြစ်စွာဖြင့်တီးတိုးရေရွတ်လိုက်သည်။ တစ်ဟုန်ထိုးပျံသန်းနေသော သူ၏ပုံရိပ်ကလည်းရပ်တန့်သွားသည်။
“သခင်လေးဖုန့် ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်ရပ်တန့်သည်ကိုတွေ့ရသောအခါတွင် လောချင်းချွမ်က သိချင်စိတ်ဖြင့်မေးလိုက်သည်။
ရှစ်ဖုန့်ကလောချင်းချွမ်၏မေးခွန်းအားပြန်မဖြေပေ။ ထိုအစား သူ၏စိတ်ကိုအသုံးပြုလိုက်သည်။
“ရွှီး”
ရုတ်ခြည်းကောင်းကင်ထဲမှခက်ထန်သောအော်သံတစ်ခုထွက်ပေါ်လာသည်။ ကြမ်းကြုတ်သောအပြာရောင်မြွေက ရှစ်ဖုန့်၏လက်သန်းအတွင်းရှိ
နေရာလွတ်မှထွက်လာ၏။ ၎င်းက ပါးစပ်ကိုဖွင့်ဟပြီးအရာအားလုံးအားဝါးမျိုပစ်ချင်သကဲ့သို့ ဒေါသတကြီးဟိန်းဟောက်နေသည်။
“ဝုန်း” ဆိုသောအသံတစ်ခုနှင့်အတူ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏
အောက်ဘက်ရှိမြေပြင်မှ ပြင်းထန်သောမြည်ဟိန်းသံ
တစ်ခုထွက်ပေါ်လာသည်။