ခရီးသွားလာခြင်း အပိုင်း (၁)
Vol. 82 Ch. 1135
ဆေးဖော်စပ်နည်းကို ရရှိပြီးသည့်နောက်တွင် ယန်းလီလင်းက ဆင်ခြင်သုံးသပ်သည့် အနေအထားသို့ ဝင်ရောက်သွားခဲ့သည်။ သူမက ဝမ်ဝေ့လိုမျိုး တူညီသည့်အရာကို ကောက်ချက်ချမိသော်လည်း ဤဆေးဖော်စပ်နည်းကို မည်သို့အသုံးပြုရမည်ကို ကောင်းကောင်း သိထားလေသည်။ ထို့ကြောင့် သူမက အချိန်မဖြုန်းဘဲ အိမ်မက်လောကအတွင်း ဝင်ရောက်ကာ ဆေးဖော်စပ်နည်းအတွက် သရုပ်ပြလှုံ့ဆော်မှုကို လုပ်ဆောင်လိုက်သည်။
ပထမလှုံ့ဆော်မှုအတွက် သူမက လက်ရှိအနေအထားဖြင့် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့သည်။ ဒုတိယအကြိမ်အတွက်မူ သူမက အိမ်မက်ခန္ဓာကိုယ်အား ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်အောင် ချုပ်တည်းထားခဲ့ပြီး ဆေးလုံးကို သန့်စင်ခဲ့၏။ ထိုကြိုးပမ်းမှုတွင် အမှားအယွင်းနှင့် စစ်ဆေးမှုတစ်ချို့ ကျော်ဖြတ်ခဲ့ရသည်မှာ သူမ၏ ကျင့်ကြံဆင့် ကန့်သတ်ထားမှုကြောင့် ဖြစ်၏။
သို့သော် သူမတွင် အရည်အချင်းရှိနေသည်။ သူမ၏ စွမ်းရည်က ဆေးဝါး မဟာတာအိုအရင်းအမြစ် နားလည်ပြီးသည့်နောက်တွင် နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ယန်းလီလင်းက ထိုရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်သည့်အတွက် သူမက တာအို သက်သေမပြခင် အရည်အချင်း အားလုံးပိုင်ဆိုင်ထားသည့် အိမ်မက်ခန္ဓာကိုယ် တစ်ခုကို ဖန်တီးခဲ့သည်။ နောက်ဆုံးတွင် သူမက လိုချင်တာကို ရရှိလိုက်၏။ သူမက ငယ်ရွယ်သည့် ကိုယ်က ဆေးလုံးသန့်စင်နေရင်း ပြုလုပ်သည့် အမှားအယွင်းတချို့ကို ကြည့်နေခဲ့သည်။ ထိုအရာအားလုံးကို ပြင်ဆင်ပြီးသည့်နောက်တွင် သူမ၏ အရည်အချင်းနှင့် ကျင့်ကြံဆင့်က တိုးတက်သွားနိုင်သည်။
ယန်းလီလင်းက ငယ်ရွယ်သောကိုယ် ဆေးဖော်စပ်ပြီးသည်နှင့် သူမ၏ အရည်အချင်းက သိသိသာသာ တိုးတက်သွားလေသည်။
အဲဆိုတော့ ကျွမ်းကျင်မှုလမ်းစဉ်က အလားအလာရှိနေတာပဲ…
ယန်းလီလင်းက တောက်တောက်ပပပြုံးကာ တွေးလိုက်မိသည်။ တာအို သက်သေပြပြီးသည့်နောက်တွင် သူမက ဗလာနတ္ထိခံစားချက်ကို ကြုံတွေ့ခဲ့ရသည်။ သူမက လိုချင်သမျှ အရာအားလုံးကို ရရှိပြီး ဆေးလုံးဝိဇ္ဇာအဖြစ်လည်း ချီးကျူးခြင်းကို ခံခဲ့ရကာ တာအိုလည်း သက်သေပြနိုင်ခဲ့သည်။ ထို့အပြင် ခင်ပွန်းကောင်းနှင့်လည်း လက်ထပ်ထားရ၏။ သူမဘဝနှင့် ပတ်သက်ပြီး မကျေနပ်နိုင်စရာကောင်းသည့် အချက်တစ်ခုက အစောင့်အရှောက်တောင်တွင် ပိတ်မိနေခြင်း ဖြစ်၏။ သို့သော် သူမက ရွေးချယ်မှုကို နောင်တမရပေ။
ယန်းလီလင်းက လမ်းပျောက်နေသလို ခံစားနေရသည်။ သူမက စိတ်သက်သာဖို့အတွက် ဆေးလုံးများကို သန့်စင်ဖော်စပ်ခဲ့သော်လည်း ဦးတည်ရာမဲ့သလို ခံစားနေရသည်။ သို့သော် ယခုတွင် သူမက ဆေးလုံးဖော်စပ်ရေးတွင် စိတ်အားထက်သန်မှုကို ပြန်လည်တွေ့ရှိလာပြီ ဖြစ်၏။ သူမက ဆေးဖော်စပ်နည်းလမ်းစဉ်တွင် စိန်ခေါ်မှုအသစ်တချို့ကို မြင်တွေ့လိုက်ရသည်။ သူမက ဆေးလုံးစံပြများစွာကိုပင် ရပ်တန့်စေသည့် ထိုတောင်ကို စိန်ခေါ်ချင်မိသည်။
ငါ ပထမဦးဆုံးလုပ်မဲ့သူ ဆိုရင်တော့ ပိုပြီး ကောင်းလိမ့်မယ်…
ယန်းလီလင်းက တွေးလိုက်သည်။
သူမ၏ ပြိုင်ဘက် မီးတောက်ဧကရာဇ်က ပါရမီအရ သူမထက် မရှုံးနိမ့်ဘဲ ခြေတစ်လှမ်း သာနေသည်က နှမြောဖို့ ကောင်းလှသည်။
အခု ရည်ရွယ်ချက်က ထူးကဲသာလွန်မှုသက်ရှိရဲ့ အရည်အချင်းကို ရယူဖို့ပဲ…
ယန်းလီလင်း၏ အကြည့်များက ပိုမိုတောက်ပလာလေ၏။ သူမ၏ အရှိန်အဝါက ပိုမိုငြိမ်းအေးသွားသည်။ သူမ၏ စိတ်အခြေအနေက သိသိသာသာ တိုးတက်လာခဲ့သည်။
အခု အသင်္ချေဆေးလုံးကမ္ဘာကို သွားလည်ရမဲ့အချိန်ပဲ…
သူမရှေ့တွင် ဖန်သားပြင်တစ်ခု ပေါ်ထွက်လာခဲ့ပြီး သံတမန်အမှတ်အသားကို နှိပ်ကာ အသင်္ချေဆေးလုံးကမ္ဘာကို စိတ်ထဲမှာ တွေးလိုက်သည်။ သူမက တောင်းဆိုချက်တစ်ခုကို ပို့ကာ စောင့်ဆိုင်းနေလိုက်၏။ သူမ၏ အပြုအမူက အသင်္ချေဆေးလုံးကမ္ဘာရှိ ကောင်းကင်ခုံရုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
သူမက အသင်္ချေအင်ပါယာကမ္ဘာ၏ အစောင့်အရှောက် ဖြစ်၏။ ပို၍အရေးကြီးသည်က သူမသည် ဆေးလုံးဧကရာဇ် အဆင့်ဇယားတွင် ပထမ ဖြစ်၏။ အသင်္ချေဆေးလုံးကမ္ဘာရှိ ခုံရုံးမှ လူများက သူတို့၏ ကောင်းကင်ဧကရာဇ်ကို အသိပေးပြီး အစည်းအဝေး ခေါ်ခဲ့ရသည်။ ဆယ်မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် ယန်းလီလင်းက သူမ၏ တောင်းဆိုမှုအတည်ပြုချက်ကို လက်ခံရရှိလိုက်၍ အိမ်မက်လောကမှ ထွက်လာလိုက်သည်။
သူမရှေ့တွင် အပြာရောင်မီးတောက်တစ်ခု ပေါ်ထွက်လာသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုအရာက ကိုယ်ပွားတစ်ခု ဖြစ်သွားလေ၏။
“ဒီလောက်ဆို ရပြီ”
သူမက အစ်ကိုကြီးထံ ဆက်သွယ်ကာ အဆောင်တစ်ခုကို တောင်းခံခဲ့သည်။ သူမက ထိုအရာကို ရရှိပြီးသည်နှင့် အိမ်မက်လောကကို အသုံးပြုကာ ဦးတည်ရာဆီ ကိုယ်ပွားကို စေလွှတ်လိုက်သည်။
ယန်းလီလင်း မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီးသည့်နောက်တွင် ပထမဦးဆုံး သတိထားမိသည့်အရာက တပ်သားများ တစ်ဖက်တစ်ချက်စီ ခြံရံထားလျှက် ကော်ဇောနီအရှည်ကြီး ခင်းကျင်းထားခြင်း ဖြစ်၏။ သူမက မြင့်မားသည့် ရုပ်တုတချို့ကို သတိထားမိလိုက်သည်။ ညာဘက်ရှိ ရုပ်တုနှစ်ခုကို ဆေးလုံးသူတော်စင်ဟု မော်ကွန်းရေးထွင်းထားပြီး ဘယ်ဘက်ရှိ ရုပ်တု ၁၄ ခုအောက်တွင် ဆေးလုံးအုပ်စိုးသူဟု ရေးထိုးထားသည်ကို မြင်လိုက်ရသည်။ သူမက ကော်ဇောနီအဆုံးထိ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
ထိုကမ္ဘာရှိ ကောင်းကင်ဧကရာဇ်နှင့် တခြားသော ခုရုံးအဖွဲ့သားများက သူမကို တောက်တောက်ပပ ပြုံးလျှက် ကြိုဆိုနေကြသည်။
"ကိုယ်ပွားပဲ စေလွှတ်လိုက်ရလို့ အားနာပါတယ်"
"အခြေအနေကို နားလည်ပါတယ်။ ကိစ္စမရှိပါဘူး" လုံ့လဝီရိယ ဆေးလုံးဧကရာဇ်က ပြန်ပြောလိုက်သည်။
ယန်းလီလင်းအနေနှင့် ထိုထာဝရဧကရာဇ်သည် ထူးခြားနေသည့် အရာမရှိသလို အသက်ကြီးပြီး ရှည်လျားသည့်ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူရှိထားကြောင်း အကဲခတ်မိသည်။ သာမန်အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သာမန်ဆေးဖော်စပ်သူ အများစုကဲ့သို့ ဆေးရနံ့တို့ ရှိနေသည်။ သူ့အကြည့်များက တောက်ပကာ သူ့အရှိန်အဝါက ဖြောင့်မတ်သည်ဟု ဖော်ညွှန်းနိုင်သည်။
ဤသူက သာမန်ထင်ရသော်လည်း ယန်းလီလင်းကမူ ထိုအမျိုးသားသည် အတော်လေး စိတ်ဝင်စားစရာကောင်းကြောင်း သိထားလေ၏။ လုံ့လဝီရိယ ဆေးလုံးဧကရာဇ်ကို ချွေ့ကောလျန်ဟု ခေါ်ဆိုပြီး အသင်္ချေဆေးလုံးကမ္ဘာ၏ ယခင်ခေတ်ကာလနှစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ငယ်ရွယ်စဉ် အချိန်ကတည်းက သူသည် နဝမအဆုံးအစွန်အုတ်မြစ်အကြောင်း သိခဲ့ပြီး ထိုအရာကို ရယူလိုခဲ့သည်။ သို့သော်လည်း အရိပ်အမြွက်အားလုံးက သူသည် ပါရမီ မလုံလောက်ကြောင်း ပြသနေ၏။ ထို့ကြောင့် သူက ဆေးလုံးမှတစ်ဆင့် နောက်ထပ် နည်းလမ်းတစ်ခုကို ဖော်ဆောင်ခဲ့သည်။
သူ့အရည်အချင်းကို အထွတ်အထပ်အထိ ရောက်အောင် ပျိုးထောင်ပြီးသည့်နောက်တွင် သေမျိုးအဆင့် တာအိုပုံဖော်ရေးဆေးလုံးကို ဖန်တီးခဲ့သည်။ ထိုအရာက အသိစိတ်အနည်းငယ်ရှိပြီး သံသရာဆေးကြောခြင်းကို တွေ့ကြုံခံစားဖို့ ပြန်လည်ဝင်စားခြင်းစက်ဝန်းကို ကျော်ဖြတ်နိုင်လေသည်။ ထိုဆေးလုံးက ဆေးလုံးအဖြစ် ကျန်ရှိနေပြီး မည်သည့်ပုံစံဖြင့် ပြန်လည်ဝင်စားစေကာမူ အသွေးအသားနှင့် စိတ်ဝိညာဉ်များကို စုပ်ယူပြီး ဆေးလုံးအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ထိုစဉ် ချွေ့ကောလျန်က သွေးကျောက်တုံးအတွင်း သူ့ကိုယ်သူ စည်းပိတ်ထားခဲ့သည်။ ပြန်လည်ဝင်စားလာပြီးတိုင်း သူက နိုးထလာကာ ဆေးလုံးကို နောက်ယောင်ခံလိုက်ပြီး တစ်ဖန်သန့်စင်ကာ ပြန်လည်ဝင်စားခြင်း စက်ဝန်းသို့ ပြန်လည်စေလွှတ်ခဲ့သည်။ ဤမျိုးဆက်က ၉ကြိမ်မြောက် ဖြစ်၏။ သူ့အစီအစဉ်က ကံကောင်းမှုနှင့် သူ့အင်အားစုမှ အကူအညီများကြောင့် အောင်မြင်ခဲ့သည်။ ချွေ့ကောလျန်က နိုးထကာ ဆေးလုံးကို ဝါးမြိုခဲ့၏။
သူ့အစီအစဉ်က အလုပ် မဖြစ်ခဲ့သလို ကျရှုံးခြင်းလည်း မရှိခဲ့ပေ။
ဆေးလုံးက သူ့အား ပွင့်ချပ် ၆လွှာအဆင့် စွမ်းအား ပေးအပ်လာပြီး ကံကြွေးကို ဆေးကြောပေးနိုင်ခဲ့သည်။ ဖြစ်စဉ်ကို ဆက်တိုက် နှောင့်နှေးခြင်းက တစ်ဖန် စတင်ရမည်ဟု ဆိုလိုနေလေ၏။ ထို့နောက် သူက အသစ်ဖန်တီးထားသည့် သံသရာသန့်စင်ခြင်း ပညာရပ်ကို အသုံးပြုကာ ကောင်းကင်တာအိုအား သူသည် ဤမျိုးဆက်တွင် အကောင်းဆုံး ဆေးဖော်စပ်သူဖြစ်ကြောင်း သက်သေပြကာ မဟာဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့သည်။
“နားလည်ပေးလို့ ကျေးဇူးပါ” ယန်းလီလင်းက ခေါင်းညိတ်လိုက်သည်။ နှစ်ဦးသားက စကားစမြည်ပြောရင်း အထဲကို ဝင်ရောက်လိုက်၏။
“ရှင်တို့တွေက ဆေးလုံအုပ်စိုးသူအရေအတွက် မတိုးရသေးဘူး ထင်တယ်” ယန်းလီလင်းက ပုံမှန်အတိုင်း မေးလိုက်သည်။ သို့သော် သူ့မစကားများက ထိုအမတ်များအား မျက်နှာပူသွားစေ၏။ ချွေ့ကောလျန်ကပင် သက်ပြင်းချလိုက်သည်။
“ဒီခေါင်းစဉ်က ပြဿနာတစ်ခု ဖြစ်နေတာလေ။ အဲဒီလူတွေက ကျုပ်က နောက်ဆုံး ဆုံးဖြတ်တဲ့သူ လုပ်သင့်တယ်လို့ ပြောနေကြတာ”
ဆေးလုံးအုပ်စိုးသူ သို့မဟုတ် ဆေးလုံးသူတော်စင် ဆိုသည်က ပေါ့ပေါ့ပါးပါး ချီးမြင့်ရသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ ထာဝရဧကရာဇ်ပင် ထိုအရာကို မပြောင်းလဲနိုင်ပေ။
ဆေးလုံးအုပ်စိုးသူက သေမျိုးဘဝတွင် အင်မော်တယ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆေးဝါးပညာရှင်များ ဖြစ်၏။ ဆေးလုံးသူတော်စင်ကမူ တာအိုဆေးလုံးကို ဖန်တီးထားသည့်သူများအတွက် ဖြစ်၏။
တခြားနည်းဖြင့်ပြောရလျှင် မွေးရပ်မြေတွင် ယန်းလီလင်းတစ်ယာက်တည်းသာ လုပ်နိုင်သည့်အရာမျိုးက ဤကမ္ဘာတွင် ၁၆ ယောက်လောက် ရှိနေသည်။
“ဆေးလုံးအုပ်စိုးသူရာထူးကို ရဖို့ ကျွန်မရဲ့ အင်မော်တယ်သင်္ကေတကို သုံးဖို့က အမှားရှိတယ်လို့တော့ မထင်ဘူး။ တခြားနည်းလမ်းတွေထက် ပိုပြီး လွယ်ကူပေမဲ့ အားလုံး လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူးပေါ့”
ယန်လီလင်းက သူမ၏ အမြင်ကို ထုတ်ပြောဖို့ ရှက်ရွံ့နေခြင်း မရှိပေ။ ဤကမ္ဘာက အင်မော်တယ်ဆေးလုံးများ သန့်စင်ဖို့ နည်းလမ်းလေးခုကို ဖန်တီးထားခဲ့သော်လည်း ပါရမီနှင့် အရည်အချင်းတို့ တင်းကျပ်သည့် လိုအပ်မှုများကြောင့် မည်သည့်အရာမှ အများ အသုံးမပြုနိုင်ပေ။ သူတို့၏ သမိုင်းကြောင်းတစ်လျှောက်တွင် လူ ၁၄ယောက်လောက်ကသာ အောင်မြင်ခဲ့ဖူး၏။ ထိုဆေးဖော်စပ်နည်းများက သေသေချာချာလျှို့ ဝှက်ထားသည့် အချက်ကြောင့်သာ မဟုတ်လျှင် အရေအတွက်က ပိုမိုမြင်မ့ားသွားနိုင်သည်။
ဤကမ္ဘာ၏ ဆေးဝါးပညာရှင်များက ယန်လီလင်းအား သူမ၏ အင်မော်တယ်သင်္ကေတ ဖန်တီးမှုအတွက် ချီးကျူးကြသော်လည်း သူတို့က သူမ၏ နည်းလမ်းကို အသုံးပြု၍ အောင်မြင်သွားသည့်သူများသည် ထိုဂုဏ်ပုဒ်နှင့် ထိုက်တန်ရဲ့လားဟု ဆွေးနွေးငြင်းခုံခဲ့ကြသည်။
“ဒါတွေအားလုံးက ရှေးရိုးထုံးတမ်းကို ထိန်းသိမ်းနေလို့ပဲ” အမတ်တစ်ယောက်က ပြောလိုက်သည်။
“ရှေးရိုးထုံးတမ်းတဲ့လား။ အဲဒါတွေက အရမ်းကြီးကောင်းတာတော့ မဟုတ်ပါဘူး”
“ဘာကိုပြောချင်တာလဲ”
“ဘာကိုမှ ပြောချင်တာ မဟုတ်ပါဘူး။ အချက်တစ်ခုကိုပဲ ပြောချင်ရုံပါ” ယန်းလီလင်းက အေးစက်စွာ ပြောလိုက်သည်။
“ရှေးရိုးအစဉ်အလာဆိုတာက ရှင်တို့ရဲ့ အင်မော်တယ် ဆေးဖော်စပ်နည်းတွေကို အိမ်မက်လောကထဲ တခြားသူတွေ မသင်ရအောင် ပို့မပေးတာကို ပြောတာလား။ ရှေးရိုးအစဉ်အလာတွေက ဖွံ့ဖြိုးတိုးတက်မှုကို တင်းကျပ်ထားစေတယ်။ မျိုးရိုး ၁၀ဆက်လောက်အတွင်း ရှင်တို့ကမ္ဘာက ဆေးလုံးတာအို အဖွံ့ဖြိုးဆုံးဆိုတဲ့နေရာကို ဆုံးရှုံးသွားနိုင်တာပဲ”
ထိုအမတ်များ၏ အမူအရာက ပျက်ယွင်းသွားကြသည်။ ထိုအချက်က သူတို့၏ အနာဟောင်းလို ဖြစ်နေ၏။ တစ်စုံတစ်ယောက်က အိမ်မက်လောကအတွင်း ထိုကဏ္ဍကို ထုတ်ဖော်လိုက်သည့်အချက်အား မကျေနပ်ကြပေ။ လူအများစုက အမှန်တရားကို ငြင်းဆန်ကြသော်လည်း နှမြောစရာကောင်းလှစွာဖြင့် အချက်အလက်များက သူတို့၏ စိတ်ခံစားချက်ကို ဂရုမစိုက်ပေ။ ကမ္ဘာအများစုက အင်မော်တယ်သင်္ကေတ ပြန့်နှံ့လာမှုကြောင့် ဆေးဝါးပညာရွှေရောင်ခေတ်ကာလသို့ ဝင်ရောက်သွားပြီဖြစ်ကာ တစ်စုံတစ်ယောက်က သူတို့ကို ကျော်တက်သွားဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။
ယန်းလီလင်းက ထိုသူများကို နောက်ထပ် ပြောမနေတော့ပေ။ သူက သူတို့သည် အဘယ်ကြောင့် ခေါင်းမာနေမှန်း သိထားကြ၏။ ဤကမ္ဘာသည် ကုန်သွယ်ရေးဗဟိုချက်အတွင်း ကုန်ကြမ်းအများစုကို ဆေးလုံးအဖြစ် ပြောင်းလဲပေး၍ အမြင့်ဆုံးအဆင့်အတန်း ရှိသည်။ သို့သော်လည်း ယခုအခါ ထိုကုန်သွယ်ရေးဗဟိုချက်က ကျရှုံးသွားပြီး တခြားကမ္ဘာများက အိမ်မက်လောကကို အသုံးပြုကာ ဆေးဝါးပညာရှင်များကို လမ်းဘေး ဂေါ်ဖီထုပ်များသဖွယ် လေ့ကျင့်နိုင်ကြပြီဖြစ်ကာ သူတို့က နဂိုလောက် အဆင့်မြင့်မားနေခြင်းမျိုး မရှိတော့ပေ။
စစ်ပွဲ အဆုံးသတ်သည်မှာ နှစ် ငါးသောင်း မျှ ရှိပြီဖြစ်သော်လည်း ထိုသူများက အဆုံးမဲ့လေဟာနယ်၏ အပြောင်းအလဲများကို နေသားမကျကြသေးပေ။