← Chapters

ခရီးသွားလာခြင်း အပိုင်း (၂)

Vol. 82 Ch. 1136

ခရီးသွားလာခြင်း အပိုင်း (၂)

Vol. 82 Ch. 1136

သူက လက်ရှိအခြေအနေအတွက် တာဝန်ရှိတဲ့သူပဲ...

ယန်းလီလင်းက ချွေ့ကောလျန်ကို တိတ်တဆိတ် ကြည့်ကာ တွေးလိုက်သည်။

သူ့ရဲ့ ဆုံးဖြတ်ချက် မပြတ်သားတဲ့ သဘာဝက အခြေအနေကို ပိုပြီး ဆိုးဝါးသွားစေတာပဲ။ ငါ့ရဲ့ ဖျောင်းဖျမှုကိုတော့ လက်ခံဖို့ မျှော်လင့်ပါတယ်လေ...

သိပ်မကြာခင် အဖွဲ့က မြင့်မြတ်မှုနဲ့ ထာဝရကြာရှည်မှုကို ကိုယ်စားပြုသည့် အဖြူရောင်၊ ခရမ်းရောင်နှင့် ရွှေရောင်တို့ဖြင့် တန်ဆာဆင်ထားသည့် ခန်းမကျယ်တစ်ခုအတွင်း ရောက်ရှိလာသည်။ သူတို့ကို ထိပ်သီးဆေးဝါးပညာရှင်များကိုယ်တိုင် ဖော်စပ်ထားသည့် အကောင်းဆုံး သေရည်များနှင့် ထိပ်တန်းအဆင့် ဝိညာဉ်အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယန်းလီလင်းက ထိုအရာအားလုံးကို မြည်းစမ်းကြည့်ခဲ့၏။ အများစုက သူမ၏ တကယ့်ခန္ဓာကိုယ်အတွက်ပင် သက်ရောက်မှုတချို့ရှိနေသေးသည်။ ထို့နောက် သူမက မည်းမည်းမှောင်မှောင် အငွေ့အသက်များ ထုတ်လွှတ်နေသည့် ခေါက်ဆွဲကိုသတိထားမိလိုက်သည်။

"ဒါက ဘာလဲ"

"အော ဒါက ကျိန်စာဗိမာန်ကမ္ဘာက ဟင်းလျာပါ။ အကြိုက်ကို မသိတော့ အများကြီး ပြင်ဆင်ထားလိုက်တာပါ။ "

လုံ့လဝီရိယ ဆေးလုံးဧကရာဇ်က ရှင်းပြလာရင်း တစ်စုံတစ်ယောက်ကို ထိုခေါက်ဆွဲပွဲအား ယူသွားဖို့ အချက်ပြလိုက်သည်။

"မလိုပါဘူး" ယန်းလီလင်းက ငြင်းဆန်လိုက်သည်။

"ဒီလိုထူးထူးဆန်းဆန်း အရာမျိုးကို မမြည်းစမ်းဖူးသေးဘူး။ ဒါက အတွေ့အကြုံအသစ်ပေါ့"

ကျိန်စာဗိမာန်ကမ္ဘာက တခြားသူများကို လွှမ်းမိုးနိုင်သည့် ကျိန်စာတာအိုရှိသည့် စိတ်ဝင်စားစရာကောင်းသော ကမ္ဘာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် လူတစ်ယောက်က မည်သည့်တာအို ကျင့်ကြံစေကာမူ သူတို့က ကျိန်စာတာအိုဖြင့် ထိတွေ့နေရလိမ့်မည်။ အပြင်လူများကပင် သူတို့ကိုယ် သူတို့ကာကွယ်ဖို့ ပိုင်နက် မရှိသရွေ့ ကြာကြာနေနိုင်မည် မဟုတ်ပေ။

သူမက အနက်ရောင် ခေါက်ဆွဲများကို စားကြည့်လိုက်သည်။ အမြင်ပဿဓအရ မကောင်းသော ခေါက်ဆွဲကိုစား‌နေသော်လည်း သူမက ပုံမှန်အတိုင်း မြင့်မြတ်ကျော့ရှင်းဆဲသာ ဖြစ်၏။

ယန်းလီလင်းက သူမခေါင်းထဲ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။ ထို့နောက် နာကျင်မှု လိုက်ပါလာ၏။ သို့သော်လည်း ထိုသို့သောနာကျင်မှုများက အခက်တွေ့စေသည့် အရာမျိုး မဟုတ်ဘဲ နာကျင်သော်လည်း သာယာသည့် အမျိုးအစားမျိုး ဖြစ်၏။

အင်း ဒီအစားအစာရဲ့ ပစ်မှတ်ကို သိသွားပြီ...

သူမက နှုတ်ခမ်းကို သုတ်ကာ တွေးလိုက်သည်။

“ဘယ်လိုလဲ"

"ထင်ထားတာထက် ပိုပြီးကောင်းပါတယ်"သူမက ပြန်ဖြေလိုက်၏။

“ယင်ယန်ကျိန်စာဘုရင်ရဲ့ ကောလဟာလတွေကရော အမှန်လား"

"သူက မဟာဧကရာဇ်အဆင့်ကသူတွေကို သတ်နိုင်တယ်ဆိုတဲ့ အကြွင်းမဲ့ကျိန်စာကို ပြောချင်တာလား ဒါမှမဟုတ်ဘူးဆိုရင် သူ့အမေနဲ့ ပတ်သက်ပြီးတော့လား"

"ရှေ့တစ်ခုပါ"

"အဲဒါက ဝါဒဖြန့်ချီမှုတွေလို့ ထင်တယ်။ ဒါမှမဟုတ် သူ့ရဲ့ လက်ရာက သေဆုံးပြီးတဲ့နောက်မှာ ထွက်ပေါ်လာတာလည်း ဖြစ်နိုင်တယ်" ချွေ့ကောလျန်က ပြောလိုက်သည်။ အကယ်၍ ဤသို့သော ကျိန်စာမျိုးတည်ရှိပါက ပထမကောင်းကင်ဧကရာဇ်ကိုပင် ခုခံဖို့ အခွင့်အရေးမပေးဘဲ သတ်ပစ်နိုင်သည်ဟု ဆိုလိုနေသည်။ ချွေ့ကောလျန်က အိမ်မက်လောကမှတဆင့် ထိုသူ၏ စွမ်းအားကို မြင်တွေ့ဖူးသည့်အတွက် ထိုအရာမျိုး တည်ရှိလိမ့်မည်ဟု မယုံပေ။ ထိုအရာ တည်ရှိခဲ့လျှင်ပင် ကြောက်စရာကောင်းလွန်းသည့်အတွက် သူ့အနေဖြင့် ထိုကျိန်စာမျိုးကို သမိုင်းကြောင်းမှ ဖျောက်ဖျက်လို၏။

"ကျွန်မလည်း အဲလိုပဲ ခံစားမိနေတယ်" ယန်းလီလင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ကျိန်စာဗိမာန်ကမ္ဘာက စိတ်လှုပ်ရှားစရာကောင်းသည့် ကမ္ဘာတစ်ခု ဖြစ်၏။ မိစ္စာနတ်ဘုရားကိုးပါးကမ္ဘာတွင် ရှေ့အဖြစ်အပျက်များ မတိုင်ခင်က မဟာဧကရာဇ်တစ်ယောက်ထက်ပိုပြီး မွေးထုတ်ပေးနိုင်သည့် ရှားပါးကောင်းကင် အလိုဆန္ဒကမ္ဘာများထဲမှ တစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း ထိုသို့သောကမ္ဘာမျိုးတွင် အရေအတွက်အတွက် အရည်အသွေးကို လက်လျော့ခဲ့ကြသည်။ ထို့ကြောင့် အမြင့်မားဆုံး အောင်မြင်မှုက ပထမတန်းစားအဆင့်သာ ဖြစ်၏။ ပိုမိုမြင့်မားသည့် အဆင့်အတန်းကို ရယူဖို့ရာက အင်မတန် ခက်ခဲလှသည်။ သို့သော်လည်း လူတချို့ကမူ အောင်မြင်ခဲ့၏။ အတိအကျပြောရလျှင် သုံးယောက် ဖြစ်သည်။ သူတို့က မျိုးဆက်တစ်ခုအတွင်း အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယင်ယန်ကျိန်စာဘုရင်၊ မလိုမုန်းထား ကျိန်စာဘုရင်နှင့် အရိပ်ကျိန်စာဘုရင်တို့က သူတို့၏ တစ်ဘဝလုံး ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ယှဉ်ပြိုင်ခဲ့ကြရသည်။ သူတို့က လက်ရည်ညီနေခဲ့ကြပြီး အရိပ်ကျိန်စာဘုရင်က အတုအယောင်ထာဝရဧကရာဇ် ဖြစ်သွားစဉ် ကျန်နှစ်ယောက်ကကမူ အအစ်အမှန်ထာဝရဧကရာဇ် ဖြစ်သွားကြသည်။

တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထိုနှစ်ဦးသားက ဘယ်သူက အကောင်းဆုံးလဲ သက်သေပြဖို့အတွက် ဆက်လက် ယှဉ်ပြိုင်ခဲ့ကြ၏။ သူတို့က ဒဏ္ဍာရီတွင်နိုင်သည့် တိုက်ပွဲကို တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးရလဒ်အနေဖြင့် မလိုမုန်းထား ကျိန်စာဘုရင်က အနိုင်ရရှိခဲ့သည်။ သို့သော်လည်း သူက ထိုအနိုင်ရရှိမှုမျိုးကို လက်ခံမည် မဟုတ်ကြောင်း ပြောဆိုခဲ့၏။ အကြောင်းအရင်းမှာ ယင်ယန်ကျိန်စာဘုရင်က အကြွင်းမဲ့ကျိန်စာကို ဖန်တီးခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် အသုံးမပြုဖို့ ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုစဉ်အချိန်ကတည်းက အကြွင်းမဲ့ကျိန်စာအကြောင်း ကောလဟာလများက အဆုံးမဲ့လေဟာနယ်တစ်လျှောက် ပြန်နှံ့လာခဲ့သည်။ သို့သော်လည်း လူအများစုက နဂိုရှိခဲ့ဖူးသည့် ဂုဏ်သတင်းကြောင့် ချဲ့ကား‌ပြောနေရခြင်းဖြစ်မည်ဟု လက်ခံထားကြသည်။

အခမ်းအနားက နာရီပိုင်းကြာ ကြာမြင့်ခဲ့ပြီး ယန်းလီလင်းက ပျော်ရွှင်နေမိသည်။ သူမက မွေးရပ်မြေတွင် အနည်းငယ် စိတ်ကျဉ်းကျပ်သလို ခံစားမိနေပြီး ဤသို့ အပြင်ထွက်လာခြင်းက ပြီးပြည့်စုံသည့် အာရုံလွှဲပြောင်းမှုတစ်ခု ဖြစ်ခဲ့သည်။ ယခုတွင် သူမက တရားဝင်ဆွေးနွေးဖို့ အချိန်ကျရောက်လာပြီ ဖြစ်၏။

"ရှင်တို့ စိတ်ထဲမထားရင် ကျွန်မရဲ့ ရည်ရွယ်ချက်ကို တဲ့တိုးပဲ ပြောပါမယ်"

"ပြောပါ" ချွေ့ကောလျန်က လူများသည် ကွေ့ပတ်ပြောနေသည်ကို သဘောမကျပေ။

"ကျွန်မ ဒီကိုရောက်လာတာ ရည်ရွယ်ချက်တချို့ရှိတယ်။ ပထမဦးဆုံးကျွန်မက အရှင်နဲ့ တခြားပါရမီထူးကဲတဲ့ ဆေးဝါးပညာရှင်တွေနဲ့အတူ တာအိုဆွေးနွေးရေး လုပ်ချင်တယ်။ သူတို့က မသေမျိုးဖြစ်နေဖို့ မလိုပါဘူး။ အရည်အချင်းရှိတဲ့သူဆိုရင် ရပါတယ်"

"ကျုပ်က ပိုပြီးတော့တောင် သဘောကျသေးတယ်" ချွေ့ကောလျန်က ချက်ချင်း ပြန်ဖြေလိုက်သည်။ လက်ရှိသူက ဆေးလုံးဧကရာဇ် အဆင့်ဇယားတွင် တတိယမြောက်ရှိနေသည့်အတွက် ထိုသို့သော ဆွေးနွေးမှုမျိုးက သူ့အား ဒုတိယနေရာသို့ ရောက်အောင် ခွင့်ပြုပေးလိမ့်မည်။ သူ့လိုလူမျိုးအတွက် ချမ်းသာကြွယ်ဝမှုက အဓိပ္ပာယ်မရှိဘဲ ဂုဏ်သတင်းနှင့် ဆေးဖော်စပ်သည့် အရည်အချင်းကသာ အရေးကြီးလေသည်။

"ဒါကတော့ ကျွန်မရဲ့ ဒုတိယရည်ရွယ်ချက်ပါ" ယန်းလီလင်းက အဆောင်တစ်ခုကို ထုတ်ကာ ပြောလိုက်သည်။

"အရင်တုန်းက ရှင်တို့ရဲ့ကမ္ဘာရဲ့ အိမ်မက်လောကတည်ဆောက်မှုက မပြီးပြည့်စုံသေးဘူး။ ဒီအဆောင်က အဲဒါကို ပြင်ဆင်ပေးပါ့လိမ့်မယ်"

ချွေ့ကောလျန်က အနည်းငယ် တုံ့ဆိုင်းသွားမိစဉ် အရာရှိများကလည်း တုံ့ပြန်မှုအမျိုးမျိုး ရှိနေ‌လေကြသည်။ အများစုကမူ အဆိုးဘက်မှ ဖြစ်၏။ ဤကမ္ဘာက အိမ်မက်လောကနှင့် ဆက်နွယ်ပြီးသည့်နောက်တွင် ကာလံဒေသံကို ဖြတ်‌ကျော်၍ အမှတ်အသားများကို ပြန်လည်ဆင့်‌ခေါ်ပြီး တိုက်ပွဲမျှော်စင်ကို တည်ဆောက်ဖို့ ရှုရှစ်၏ စွမ်းအားကို လိုအပ်ခဲ့သည်။ သို့သော်လည်း သူမက ဝမ်ဝေ့ မဟုတ်သည့်အတွက် သူမ စုဆောင်းနိုင်သည့် အမှတ်အသား အရေအတွက်က ကန့်သတ်ချက် ရှိနေလေသည်။ ထို့ကြောင့် သူမက နှစ်များစွာ အချိန်မပေးသရွေ့ မပြီးမြောက်နိုင်ပေ။

ပို၍အရေးကြီးသည်က ထိုဆေးဝါးပညာရှင်များက အပြင်းအထန် ငြင်းဆန်ခဲ့ကြသည်။ သူတို့က တချို့သော အမှတ်အသားများကို ပေါ်ထွက်လာခွင့်မပြုပေ။ ထိုအရာက သူတို့၏ ဆေးလုံးသူတော်စင်နှင့် ဆေးလုံးအုပ်စိုးသူများလည်း အပါအဝင် အလျှို့ဝှက်ဆုံးနည်းစနစ်များကို ထုတ်ဖော်လိုက်မည်ဖြစ်၏။ ထိုအရာက ဝမ်ဝေ့ ဆုံးဖြတ်ဖို့ လိုအပ်သည့် ရှုပ်ထွေးသော အနေအထားသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ရှုရှစ်က ထိုအဓိပ္ပာယ်မရှိသည့် အရာအားလုံးကို ငြီးငွေ့လာကာ ထွက်ခွာသွားခဲ့သည်။

"ဒါနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့က ခုံရုံးဆီကို တင်ပြထားပါတယ်။ ဒီအမှတ်အသားတွေကို ပေါထွက်ခွင့်ပေးဖို့က ကျုပ်တို့ရဲ့ အတွင်းရေးမှာပဲ ရှိဖို့ ဆုံးဖြတ်ထားကြပါတယ်"

အင်္သချေအင်ပါယာကမ္ဘာ၏ ကောင်းကင်ခုံရုံးက အဆုံးမဲ့လေဟာနယ်ရှိ ခုံရုံးအားလုံး၏ အထွတ်အထိပ်အုပ်ချုပ်သူ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် ထိုစည်းမျဥ်းများက တခြားခုံရုံးများကို ဝင်ရောက်မစွက်ဖက်နိုင်အောင် တားဆီးပေးထားသည်။ အိမ်မက်လောကကဲ့သို့ အရာ မပါဝင်လာသရွေ့ ဖြစ်၏။ ထို့နောက် ကိစ္စများက ရှုပ်ထွေးလာခဲ့သည်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ‌ဒိုင်မေးရှင်းနိမ့်တစ်ခုလုံးကို စည်ပင်ကြွယ်ဝဆုံးခေတ်ကာလကို ဖန်တီးဖို့ပဲ။ ရှင်တို့ရဲ့ အပြုအမူက ဆေးလုံးတာအိုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်နေတယ်။ အဲ့ဒါကြောင့် ရှင်တို့ရဲ့ တောင်းဆိုချက်က ငြင်းပယ်ခံရတယ်"

"အဲလိုလုပ်လို့ မဖြစ်ဘူး"

"ဒါပေမဲ့ ကျွန်မ လုပ်နိုင်တယ်" ယန်းလီလင်းက တည်ငြိမ်စွာပြောရင်း ဝမ်ဝေ့၏ အမှတ်တံဆိပ်ပါသည့် စာလိပ်တစ်လိပ်ကို ဆင့်ခေါ်ခဲ့သည်။ ထိုသူများက အမူအရာ ပျက်ယွင်းသွားကြ၏။

"ကျွန်မက အယဉ်ကျေးဆုံး နည်းလမ်းကို သုံးချင်ပေမဲ့ ရှင်တို့က ဖိအားပေးနေတာကိုး "

သူမက ကမ္ဘာအားလုံး၏ ဧကရာဇ်များနှင့် တခြား သောပါရမီထူးကဲသည့် ဆေးဝါးပညာရှင်များမှ သင်ယူဖို့ စိတ်ဝင်စားလေသည်။ အထူးသဖြင့် ဆေးလုံးသူတော်စင် နှစ်ယောက်က သူတို့၏ တာအိုဆေးလုံးကို မည်သို့ဖော်စပ်ခဲ့သလဲ သိချင်နေမိသည်။

"အယူခံ ဝင်မယ်" အမတ်တစ်ယောက်က ပြောလိုက်သည်။

"တော်သင့်ပြီ။ ငါတို့ကို ထပ်ပြီး အရှက်ခွဲမနေနဲ့တော့" ချွေ့ကာလျန်က နောက်ဆုံး ဝင်ပြောလိုက်သည်။ သူက ထိုအမျိုးသမီးသည် ပထမကောင်းကင်ဧကရာဇ်၏ ညီမ ဖြစ်ကြောင်း သိထားလေ၏။ ထိုအမျိုးသားက ကမ္ဘာကြီးစည်ပင်ကြွယ်ဝစေဖို့အတွက် တခြားသူများအား စည်းမျဉ်းများကို လိုက်နာစေလိုသလောက် ချိုးဖောက်နိုင်ခြင်းလည်း တတ်နိုင်သူ ဖြစ်သည်။

အကယ်၍ သူတို့၏ အယူခံက အောင်မြင်သွားလျှင်ပင် သူမ ပြောလိုက်သည်နှင့် သူက စည်းမျဉ်းအားလုံးကို ပြန်လည်ရေးသားနိုင်သည်။ နှမြောဖို့ကောင်းသည့်အရာက သူတို့က ဘာမှမတတ်နိုင်ခြင်း ဖြစ်၏။

" ကျုပ်တို့က ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါ့မယ်။ နောက်ထပ် ဘာများရှိသေးလဲ"

"ဟင့်အင်း ဒါပဲ"

"ဒီလိုဆိုရင် ကျုပ် တာအိုဆွေးနွေးဖို့ လူတွေ စုစည်းနေတုန်း ခင်ဗျားဘက်က ကိစ္စကို စထားလိုက်လေ”

"ကောင်းပြီလေ"

ယန်းလီလင်းက စားပွဲမှ ထလာကာ သူမအတွက် အနားယူရာ နေရာအား လိုက်ပြသည့် အစေခံများနောက် လိုက်ပါသွားခဲ့သည်။

“အရှင်”

လုံ့လဝီရိယဆေးလုံးဧကရာဇ်က လက်မြောက်ကာ ပြောသည့်သူကို တားဆီးလိုက်သည်။ သူက နောက်ထပ် ၁၀မိနစ်ကြာ အတွေးများဖြင့် အငြင်းအခုံ ပြုနေရ၏။

"သူမအတွက် ဆေးလုံးသူတော်စင် မော်ကွန်းကို တည်ဆောက်ပေးရင် ဘယ်လိုလဲ"

"ဘယ်လို"

"သူမတင် မကသေးဘူး။ ဒီမျိုးဆက်မှာရှိတဲ့ ဆေးလုံးအုပ်စိုးသူ ပါရမီရှင်တွေအားလုံးအတွက်ပဲ။ ပိုပြီးကောင်းတာက ဒိုင်မေးရှင်းအနိမ့်က ပါရမီရှင်တွေအားလုံးအတွက် လုပ်ပေးရမယ်"

"ဒါက..."

"ဒီစကားဝိုင်းက ငါတို့တွေက အချိန်နဲ့အမျှ မပြောင်းလဲဘူးဆိုရင် ကျန်ရစ်ခဲ့မယ်ဆိုတာကို သဘောပေါက်သွားစေတယ်" လုံ့လဝီရိယ ဆေးလုံးဧကရာဇ်က ပြောလိုက်သည်။

"ငါတို့ရဲ့ကမ္ဘာက ထူးကဲတဲ့ အခြေအနေကြားမှာ ကျရောက်နေတာ။ ငါတို့ရဲ့စည်ပင်ကြွယ်ဝမှုကိုအာမခံပေးဖို့ အခွင့်ကောင်းယူနိုင်တယ်"

အခန်းက စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။

"အဲဒါက သိပ်ပြီးတော့ မဆိုးဘူးပဲ။ တကယ်လို့ ကျုပ်တို့သာ မော်ကွန်းတွေကို လုပ်ပြီးတော့ သူတို့ပိုင်ရှင်တွေ အသိအမှတ်ပြုမှုကို ရမယ်‌ဆိုရင် ကျုပ်တို့ကမ္ဘာရဲ့ ချီကံကောင်းမှုကိုလည်း တိုးမြင့်နိင်လိမ့်မယ်။ အိမ်မက်လောကရဲ့ အဆင့်ဇယားတွေလိုမျိုးပေါ့"

"တကယ်လို့ ကျုပ်တို့သာ အဲလိုလုပ်မယ်ဆိုရင် အဲဒီလူတွေကို ဆွဲဆောင်ဖို့ တစ်ခုခုတော့ လိုအပ်လိမ့်မယ်"

"အဲဆိုတော့ ကျုပ်တို့ရဲ့ လျှို့ဝှက်နည်းစနစ်တွေကို ဒီလိုမျိုးပဲ ထုတ်ဖော်လိုက်မှာလား"

"ငါတို့ထက် ပိုပြီးတော့ အဖိုးတန်တဲ့ နည်းစနစ်တွေ ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီလူတွေကတောင် မျှဝေချင်တုန်းပဲလေ"

ချွေ့ကောလျန်က ထိုသူများသည် ထမ်မံ ငြင်းခုံတော့မည်ကို ခံစားမိကာ မျက်မှောင်ကြုတ်လိုက်၏။

"ကောင်းပြီ။ ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။ ငါတို့ရဲ့ ဆေးလုံးအုပ်စိုးသူ အသစ် လေးယောက်ကို အသိအမှတ်ပြုတာကနေ စလိုက်ကြတာပေါ့"

All Chapters