← Chapters

ခရီးသွားလာခြင်း အပိုင်း (၃)

Vol. 82 Ch. 1137

ခရီးသွားလာခြင်း အပိုင်း (၃)

Vol. 82 Ch. 1137

ယန်းလီလင်းက သူမ၏ ဆေးလုံးဖော်စပ်ရေး ပညာကို အဆင့်မြှင့်တင်ဖို့ ခရီးထွက်နေစဉ် ဝမ်ဝေ့ကလည်း ဂိုဏ်းရေးကိစ္စများကို ဖြေရှင်းပြီးသည့်နောက် ကိုယ်ပိုင်ခရီးစဉ် စတင်ခဲ့သည်။ သူက အစွန်အဖျားပင်လယ်သို့ ခြေတစ်လှမ်းဖြင့် သွားလာနိုင်သော်လည်း အချိန်ယူကာ ခရီးတိုထွက်ဖို့ ဆုံးဖြတ်ခဲ့သည်။

သူ့ပထမဆုံး ဦးတည်ချက်က သေမျိုးနှလုံးသားကမ္ဘာ ဖြစ်၏။ သူက ဤကမ္ဘာ၏ ခုံရုံးက ကိစ္စအကြီးကြီးလုပ်ကာ သူ့ခရီးစဉ်ကို ဖျက်ဆီးပစ်မည်ကို မလိုလားသည့်အတွက် သူရောက်ရှိလာမှုကို မည်သူ့ကိုမှ အသိမပေးခဲ့ပေ။ ထို့ကြောင့် ဝမ်ဝေ့က ဒေသခံများနည်းတူ အဝတ်စားများကို လဲလှယ်လိုက်ပြီး ရှုခင်းကို ခံစားကာ အစားသောက်ကို မြည်းစမ်းနေသည်။

သေမျိုးနှလုံးသားကမ္ဘာ၏ လေထုက ချိုမြိန်ကာ ငြိမ်းအေးလှသည်။ ကမ္ဘာတစ်ခုလုံးက တောအုပ်၊ တောင်တန်း၊ ပင်လယ်နှင့် မြစ်ချောင်း များပြားမှုကြောင့် သဘာဝ‌ဆန်သည့် လေထုမျိုး ပိုင်ဆိုင်ထားသည်။ ဤကမ္ဘာ၏ ကျင့်ကြံသူများက သဘာဝကို ကောင်းကောင်းထိန်းသိမ်းထားနိုင်သည့်အတွက် ပတ်ဝန်းကျင်က အဆုံးမဲ့လေဟာနယ်အတွင်း အကော င်းဆုံးထဲမှတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ထိုအရာက သစ်သားတာအိုက တခြားသောတာအိုများကို လွှမ်းမိုးထားသည့် ကမ္ဘာများကို ထည့်တွက်ထားခြင်းမရှိပေ။

ဒီကမ္ဘာက အငြိမ်းချမ်းဆုံးကမ္ဘာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်...

ဝမ်ဝေ့က အစားသောက်များကို စားရင်း တွေးလိုက်သည်။ သေမျိုးနှလုံးသားကမ္ဘာ၏ ကျင့်ကြံရေးစနစ်ကို သုံးပိုင်းခွဲထားပြီး ကဏ္ဍတစ်ပိုင်းချင်းစီတွင် အဆင့်သုံးခု ရှိလေသည်။ စိတ်ဝိညာဉ်နိုးထခြင်း ကဏ္ဍ၊ ပြန်လည်သုံးသပ်ရေး ကဏ္ဍနှင့် မိုးမြေတွေးဆရေး ကဏ္ဍတို့ ဖြစ်၏။

စိတ်ဝိညာဉ်နိုးထရေး ကဏ္ဍက ကျင့်ကြံသူများအား သူတို့၏ စိတ်ပင်လယ်ကို ဖွင့်လှစ်ကာ သူတို့၏ ဝိညာဉ်စွမ်းအား သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားကို ပြုစုပျိုးထောင်ခွင့်ပြုထားသည်။ ဝိညာဉ်စွမ်းအား၏ ပမာဏနှင့် အရည်အသွေးပေါ်မူတည်၍ တစ်စုံတစ်ယောက်က ထိုကဏ္ဍတွင် ပထမမှ တတိယအဆင့်ထိ ရောက်ရှိနိုင်သည်။

ပြန်လည်သုံးသပ်ရေး ကဏ္ဍတွင် ကမ္ဘာရှိ လူများက ကိုယ်ပိုင်သုံးသပ်မှုများ ပြုလုပ်လာကြသည်။ သူတို့က စိတ်၊ စိတ်ဝိညာဉ်၊ ဝိညာဉ်နှင့် တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့အတွက် မသိစိတ်ထဲ ရှာဖွေကြသည်။ ထိုကဏ္ဍ အဆုံးသတ်တွင် သူတို့က ဘယ်သူလဲ၊ သူတို့က ဘာလိုချင်လဲ၊ သူတို့က ထိုအရာအတွက် မည်သည့်အရာကို စတေးလိုလဲ အစရှိသည့် အချက်အလက်များကို သိလာလိမ့်မည်။

သူတို့၏ ကိုယ်ပိုင် ကျင့်ကြံရေးပြီးဆုံးသွားသည့်အခါ သေမျိုးနှလုံးသား ကျင့်ကြံသူများက အထဲမှ တိုးတက်စရာ မရှိတော့ပေ။ ထို့ကြောင့် သူတို့က အပြင်ပိုင်းကို အာရုံစိုက်လာကြသည်။ သူတို့က သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့အတွက် မိုးမြေကို စတင်အသုံးပြုလာသည်။ ဤကဏ္ဍ၏ အဓိက ကျင့်ကြံရေးစနစ်ကို မိုးကောင်းကင်တွေးဆရေးဟု ခေါ်ဆိုပြီး ပြောင်မြောက်သည့် အ‌တွေးအခေါ်တစ်ခုလည်း ဖြစ်ပေသည်။

ကျင့်ကြံသူတစ်ယောက်က တောအုပ်အတွင်း ကြုံရာကျပန်း သစ်ပင်တစ်ပင်ဆီ သွားကာ တွေးဆလိုက်သည်။ ထို့နောက် သူတို့က သစ်ပင်ဘဝကို မွေးဖွားချိန်မှ ယခုအချိန်ထိရောက်အောင် တွေ့ကြုံခဲ့ရမည်။ အကယ်၍ သစ်ပင်က နှစ်ထောင်ချီ သက်တမ်းရှိပါက ကျင့်ကြံသူများသည် ထိုနှစ်ထောင်ချီသက်တမ်းများကို ကြုံတွေ့ရမည်ဖြစ်ကာ သူတို့က သံသရာတစ်ခုကို ကျော်ဖြတ်ခဲ့သလိုမျိုး နောက်ထပ် ဘဝအတွေ့အကြုံကို ရရှိလာလိမ့်မည်။

ဤကမ္ဘာရှိ လူများက ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားသည်မှာ မြက်ပင်မှစ၍ ကောင်းကင်ယံမှ ကြယ်များအထိ အရာအားလုံးကို တွေးဆနိုင်၍ ဖြစ်သည်။ တကယ်တော့ ပစ္စည်းက ပိုမို သက်တမ်းရင့်လေလေ တွေးဆမှုသက်ရောက်မှုက ပိုမို သက်ရောက်မှုဖြစ်သည့်အတွက် ပိုမိုအဖိုးတန်သည်။ ပိုမိုလည်း အန္တရာယ်များပေသည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်က သူ့ကိုယ်ပိုင် အာရုံကို မထိန်းချုပ်နိုင်ပါက သူတို့သည် ထိုပစ္စည်း၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံများဖြင့် ပေါင်းစည်းခံလိုက်ရလိမ့်မည်။

ငါ ကမ္ဘာဦးဟွင်သွမ်းထဲမှာ ခံစားခဲ့ရတာနဲ့ အတူတူပဲ...

ဝမ်ဝေ့က တွေးလိုက်သည်။ သူ အသင်္ချေဝါးမျိုသူဘဝတွင် ရှိစဉ်က ကမ္ဘာမြေမှ မှတ်ဉာဏ်များကို ထိန်းသိမ်းထားဖို့ တိုက်ခိုက်ခဲ့ရသည်။ မဟုတ်ပါက သူတို့သည် ပေါင်းစည်းသွားမည်ဖြစ်ကာ သူ ပင်မစရိုက်ကို ဆုံးရှုံးသွားနိုင်သည်။

ဝမ်ဝေ့က အနီးနားရှိ စားသောက်ဆိုင်ထဲမှ ထွက်လာလိုက်၏။ သူက တစ်စုံတစ်ယောက် စကားများနေသည်ကို ကြားကာ သွားရောက်ကြည့်ခဲ့သည်။ သေမျိုးနှလုံးသားကမ္ဘာတွင် ရန်ပွဲဖြစ်သည်က ရှားပါးလှ၏။ ဤကမ္ဘာရှိ ကျင့်ကြံသူများက အရင်းအမြစ်များစွာပေါ် မှီခိုခြင်း မရှိဘဲ သူတို့ကိုယ်သူတို့၊ ပတ်ဝန်းကျင်နှင့် သူတို့ကျင့်ကြံရေးအတွက် သဘာဝကိုသာ မှီခိုကြသည့်အတွက် ဤကမ္ဘာက တခြားအရာတွေနှင့် ယှဉ်လိုက်ပါက အမြဲတမ်းလိုလို ငြိမ်းအေးနေသည်။

သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် တာအိုနှလုံးသားနှင့် စိတ်ခံစားချက် ထိန်းချုပ်နိုင်စွမ်းပါ ထည့်ပေါင်းလိုက်လျှင် ဤကမ္ဘာက အငြိမ်းချမ်းဆုံး ဂုဏ်ပုဒ်နှင့် ထိုက်တန်လေ၏။ ဤနေရာတွင် တိုက်ပွဲ မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့သော် တခြားသော ကမ္ဘာများနှင့် ယှဉ်လိုက်ပါက သေမျိုးနှလုံးသား ကမ္ဘာသည် ဤကျင့်ကြံရေးစနစ်ကို စတင်ကတည်းက သုခဘုံအဖြစ် မှတ်ယူနိုင်သည်။

ထို့နောက် အိပ်မက်လောက ရောက်ရှိလာမှုဖြင့် အရာအားလုံးက ဆင့်ကဲ တိုးတက်လာခဲ့သည်။ ပဋိပက္ခအားလုံးကို သေဆုံးစရာ၊ စိတ်ညစ်စရာမလိုဘဲ ဖြေရှင်းနိုင်ပြီဖြစ်၏။ ဝမ်ဝေ့၏ ခုံရုံးက သေမျိုးနှလုံးသားကမ္ဘာအား နမူနာအဖြစ်ထားကာ လူများကို ကျင့်ကြံသူနှင့် လူဦးရေ ဆုံးရှုံးမှုအား လျှော့ချဖို့ ပြောဆိုလေ့ ရှိသည်။

ဝမ်ဝေ့က ထိုသူနှစ်ဦးကြားမှ တိုက်ပွဲကို ကြည့်နေလေ၏။ ထိုသူနှစ်ဦးက အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ ထိုသူနှစ်ဦးက ဒုတိယကဏ္ဍ၏ တတိယအဆင့်တွင် ရှိကြပြီး မွေးရပ်မြေတွင် သူတော်စင် အဆင့်နှင့် တူညီလေသည်။ အမျိုးသမီးက တာအိုနှလုံးသားနှင့် စိတ်ကို အသုံးပြုကာ မီးစည်းမျဉ်းကို ဆွဲကိုင်ထားစဉ် အမျိုးသားကမူ မိုးကြိုးစည်းမျဉ်းကို ဆွဲကိုင်ထားသည်။

ဝမ်ဝေ့က ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းသည့် အချက်နှစ်ချက်ကို သတိထားမိလိုက်သည်။ ပထမတစ်ခုက ထိုသူများသည် မိုးမြေ၏ စည်းမျဉ်းများကို နားလည်နိုင်စွမ်းက သုည ဖြစ်၏။ ထိုအစား သူတို့၏ စိတ်ဝိညာဉ်က အာရုံစိုက်ထား၍ သူတို့၏ စိတ်နှင့် တာအိုနှလုံးသားကို စည်းမျဉ်းဖြင့် အတင်းအကြပ် ပေါင်းစည်းထားခြင်း ဖြစ်ကာ စည်းမျဉ်းသဟဇာတဖြစ်မှု၏ နောက်ထပ် ပုံစံတစ်မျိုးကို ထုတ်သုံးနေခြင်း ဖြစ်သည်။

သူ သတိထားမိသည့် ဒုတိယကိစ္စကမူ ထိုသူနှစ်ဦး တိုက်ခိုက်နေသည်က အပြင်ပိုင်းနှင့် အတွင်းပိုင်းမှာ ဖြစ်၏။ ဓာတ်သဘာဝတိုက်ကွက်များကို ထုတ်လွှတ်နေရင်း သူတို့၏ စိတ်ကမူ စိတ်ဝိညာဉ်နယ်မြေထဲ တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက် တွေ့ဆုံနေသည်။ ဤသည်က ဒုတိယကဏ္ဍရှိ ကျင့်ကြံသူများ တိုက်ခိုက်သည့် ပုံစံ ဖြစ်၏။

လူများစွာက တခြားသူ၏ စိတ်၊ စိတ်ဝိညာဉ်နှင့် ကိုယ်ကို ဖျက်ဆီးဖို့ တိုက်ခိုက်ကြစဉ် အရှုံးသမားက သတိမေ့သွားခြင်း၊ အရူးဖြစ်သွားခြင်း၊ စိတ်ဓာတ်ကျကာ တခြားသော စိတ်ဝေဒနာကို ခံစားသွားရခြင်းတို့ဖြင့် အဆုံးသတ်သွားလေ့ ရှိသည်။

တကယ်လို့ ငါ့စိတ်စွမ်းအားကိုသာ မြှင့်တင်နိုင်ရင် စံပြနဲ့ ယှဉ်နိုင်လောက်တယ်။ အဲ့ဒါဆိုတော့ ဒီကမ္ဘာရဲ့ ကျင့်ကြံရေးစနစ်ကို သုံးပြီးတော့ ငါ့ရဲ့စိတ်စွမ်းအားကို မဟာတာအို အရင်းအမြစ် ကိုးဆယ်ရာခိုင်နှုန်း ငှားယူဖို့ လုပ်နိုင်မှာလား...

ဝမ်ဝေ့က တွေးကာ ကောက်ချက်ချလိုက်သည်။

ငါ လုပ်နိုင်ပေမဲ့ ငါ့ခန္ဓာကိုယ်ကတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို မြှင့်တင်နိုင်မယ်ဆိုရင် ငါက ဝိညာဉ်ပုံစံနဲ့ ရှင်သန်နိုင်တယ်။ ဒါပေမဲ့ ဒါက အဲဒီလိုလုပ်ခြင်းရဲ့ တန်ပြန်သက်ရောက်မှုက ငါ့ကို မပြီးမပြတ်အခြေ‌အနေကို ရောက်ရှိသွားစေလိမ့်မယ်။

ပိုပြီး ဆိုးတာက မဟာတာအိုက ငါ့ရဲ့အပြုအမူအတွက် အပြစ်ပေးလာနိုင်တယ်။ အဲ့ဒါဆိုတော့ ငါသာ ချောင်ပိတ်မခံရသရွေ့ ဒီလိုနည်းစနစ်မျိုးကို သုံးတာက အသုံးမဝင်ဘူး...

ထိုသို့ သုံးသပ်ပြီးသည့်နောက်တွင် သူက ထိုနည်းစနစ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်သည်။

ငါက မတက်လှမ်းခင် ဒိုင်မေးရှင်းအနိမ့်က တခြားကျင့်ကြံသူတွေရဲ့ ကျင့်ကြံရေးစနစ်ကို လေ့လာဖို့ အချိန်ချန်ထားရအုံးမယ်...

သူက တခြားသော လူမှုအဖွဲ့အစည်းတွေဆီမှ သင်ယူရခြင်း၏ အရေးပါမှုကို သိထားလေသည်။ ဝမ်ဝေ့က သူ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုသည် ကမ္ဘာမြေမှ ဗဟုသုတများဟု ယုံကြည်ထား၏။

ထိုသူနှစ်ဦးကြားက တိုက်ပွဲက အချစ်တိုက်ပွဲ ဖြစ်ဟန်ပေါ်သည်။ သူတို့၏ သက်ဆိုင်ရာမျိုးနွယ်များမှ တတိယကဏ္ဍအဆင့် ပုဂ္ဂိုလ်နှစ်ယောက် မရပ်တန့်ခင်အထိသာ ကြာမြင့်လိုက်သည်။ တတိယကဏ္ဍကမူ ဤကမ္ဘာတွင် ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်၏။

သူတို့၏ တွေးဆမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် ကျင့်ကြံသူများက ဒုတိယကဏ္ဍတွင် သူတို့၏ အသိစိတ်ပင်လယ်အတွင်း စည်းမျဉ်းသလင်းကျောက်ကို ဖန်တီးဖို့နှင့် နားလည်ဖို့ သူတို့ရည်ရွယ်ချက်နှင့် သင့်တော်သည့် စည်းမျဉ်းကို ရွေးချယ်ဖို့ လိုအပ်သည်။

သူတို့က ထိုအဆင့်တွင် အားနည်းချက်ဖြစ်သည့် ခန္ဓာကိုယ်ကို ကာမိအောင် လုပ်ကြသည်။ ထိုအချိန်က ကျင့်ကြံသူများအတွက် သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကြားက ဆက်နွယ်မှုကို မှီခိုစရာမလိုတော့သည့်အတွက် သက်တမ်း တိုးမြင့်လာလေ၏။

သူတို့က မိုးမြေကြားမှ ဝိညာဉ်ချီကို တိုက်ရိုက်ယူကာ ခန္ဓာကိုယ်ကို အားဖြည့်ပြီး ဆေးလုံးများနှင့် စည်းမျဉ်းများကို အသုံးပြုကာ ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်သည်။

အကြီးအကဲများက ထိုနှစ်ဦးကို တိုက်ခိုက်မှုကို တားဆီးပြီးသည့်နောက်တွင် သူတို့၏ ပဋိပက္ခများကို ဆွေးနွေးဖို့ မိသားစုအစည်းအဝေး ဆင့်ခေါ်ခဲ့သည်။ ဝမ်ဝေ့က ထိုသူတို့ ထွက်သွားသည်ကို ကြည့်နေလိုက်၏။ ဤကမ္ဘာက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသော အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကာ အထူးသဖြင့် သူတို့၏ ဆေးဝါးကဏ္ဍနှင့်တခြားသော ကျွမ်းကျင် အတတ်ပညာ ကဏ္ဍများ ဖြစ်သည်။

ကျွမ်းကျင်အတတ်ပညာရှင်များက ဖွံ့ဖြိုးမှုနိမ့်ကျနေလေ၏။ အထူးသဖြင့် အဆောင်ပြုလုပ်သူများ ဖြစ်သည်။ ဆေးလုံးများကလည်း ပထမကဏ္ဍရှိ ဝိညာဉ်စွမ်းအား လေ့ကျင့်နှုန်းကို တိုးမြှင့်ပေးနိုင်ဖို့ ဆေးလုံးများ လိုအပ်နေဆဲ ဖြစ်၏။ တချို့သော ဆေးလုံးများက မသိစိတ်ထဲ စူးစမ်းရာတွင် ကူညီပေးနိုင်သည်။ ထိုစဉ် အစီအရင်များကမူ တွေးဆနေသည့် ဖြစ်စဉ်အတွင်း သတိလက်လွတ် မဖြစ်အောင် စိတ်ကို တားဆီးပေးနိုင်သည်။

သို့‌သော်လည်း အဆောင်များကမူ အသုံးမပြုသလောက် နည်းပါး၏။ သို့သော်လည်း အဆောင်များက နယ်ခြားများနှင့် ဆက်သွယ်ရာမှ အစပြုလာခြင်း ဖြစ်သည်။ တကယ်တော့ အရင်းအမြစ်များအပေါ် သဘောထားအရ ကာကွယ်လွန်းအားကြီးခြင်းသည် အဆောင်ကျွမ်းကျင်မှု အတတ်ပညာ ဖွံ့ဖြိုးမှုကို နှောင့်နှေးထား၏။ ထို့ကြောင့် သူတို့က ကုန်သွယ်ရေးဗဟိုချက်နှင့် ဆက်ဆံရေးဆိုးနေရခြင်း ဖြစ်ပေသည်။

ကုန်သွယ်ရေးဗဟိုချက်က ဤကမ္ဘာ၏ ရှားပါးအရင်းအမြစ်များကို လိုချင်သော်လည်း ဤနေရာရှိ လူများကမူ သဘာဝ ဖျက်ဆီးပစ်ခြင်းကို မုန်းတီးကြသူများ ဖြစ်၏။ ကုန်သွယ်ရေးဗဟိုချက်က အရင်းအမြစ်များအတွက် ဤကမ္ဘာကို ကျူးကျော်တော့မည် ဖြစ်၏။ ကံကောင်းသွားသည်က ယခုခေတ်ကာလမတိုင်ခင် သူတို့ဆီမှ ထာဝရဧကရာဇ် တစ်ယောက် ပေါ်ထွက်လာလေသည်။ သူက သူတို့၏ ဌာနချုပ်ဆီ သွားကာ ထိုသူများ၏ စိတ်ကို ဖျက်ဆီးပစ်ခဲ့ပြီး သူတို့၏ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးအောင် ဖိအားပေးနိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် ထိုထာဝရဧကရာဇ်က သတိပေးရုံမျှသာ လုပ်ခဲ့ပြီး သူ့ကမ္ဘာကို ကာကွယ်ဖို့ ဆွေးနွေးခဲ့သည်။

"နှမြောစရာပဲ" ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် ထိုကမ္ဘာမှ ထွက်ခွာသွားလိုက်၏။ သူက ဤနည်းစနစ်ကို အသုံးပြုကာ တစ်ကမ္ဘာလုံးကို စဉ်းစားတွေးဆကြည့်ချင်မိသည်။ ဤကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြုံတွေ့ရခြင်းက သူ့အား စိတ်၊ စိတ်ဝိညာဉ်နှင့် တာအိုနှလုံးသားကို လေ့ကျင့်ဖို့ အထောက်အကူ ပြုလိမ့်မည်။ သို့သော်လည်း သူ့တည်ရှိမှု အခန်းအနားအတွင်း တူညီစွာ လုပ်ဆောင်ခဲ့ဖူးပြီးသား ဖြစ်နေ၏။

"အခု အသက်ရှည်လမ်းစဉ်ကမ္ဘာကို သွားရအောင်" သူက တွေးပြီးသည့်နောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

All Chapters