ဆုလာဘ်
Vol. 82 Ch. 1141
ဝမ်ဝေ့က လက်သီးဆုပ်ထားပြီး အပြောင်းအလဲကို ခံစားလိုက်သည်။ သူက သူ့အရေပြားအကြောင်း ပြောနေခြင်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ်၏ ခွန်အားအကြောင်း ပြောနေခြင်း ဖြစ်၏။
နဂါးဇာမဏီ ၆ဆင့်မြောက်ကို ရောက်သွားပြီ...
သူက တွေးလိုက်မိသည်။ ထို့အပြင် သူက ဤနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ ၆ဆင့်မြောက်နှင့် ၇ဆင့်မြောက်ကြားတွင် တည်ရှိနေသည့် အဟန့်အတား ကြောင့်သာ မဟုတ်လျှင် သူက ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ သို့သော် သူက ဂရုမစိုက်ပေ။ သူ့ဇနီး၏ စည်းတံဆိပ်ကို အသုံးပြုကာ အဟန့်အတားကို ဖြေရှင်းနိုင်သည်။ သူက ၄ဆင့်မြောက်အဆင့်တွင် လုပ်ခဲ့သလိုမျိုး ဖြစ်ကာ ၁၀ဆင့်မြောက်အဆင့်တွင် လုပ်မည့်ပုံစံမျိုး ဖြစ်၏။
နောက်တစ်ခုက ငါ့ရဲ့ ဝိညာဉ်ပဲ...
ဝမ်ဝေ့က မျက်လုံးမှိတ်ထားပြီး သူ့စံပြဝိညာဉ်၏ အပြောင်းအလဲကို အာရုံခံစားလိုက်သည်။
ဒါက မဟာတာအိုအရင်းအမြစ် ၉၁ - ၉၂ ကနေပြီးတော့ ၉၃ - ၉၄အထိ တိုးမြင့်သွားတာပဲ။ မဆိုးဘူး...
သူ့သီအိုရီအရ ကောင်းကင်ဘုံအဆင့်များကသာ နောက်တစ်ဆင့် ရောက်ဖို့အတွက် ကျင့်ကြံနိုင်ခြင်း သို့မဟုတ် စံပြဝိညာဉ်ကို ဖွဲ့စည်းနိုင်ခြင်းတို့ ပြုလုပ်နိုင်ကြသောကြောင့် စံပြအဆင့်တွင် သီးသန့်ဝိညာဉ် ကျင့်စဉ် လိုအပ်လာလိမ့်မည်။ ထို့ကြောင့် သူ့မှန်းဆချက်သာ မှန်ကန်နေခဲ့လျှင် သူ့ကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၉၄ ရာခိုင်နှုန်း ရောက်သည်အထိ သူ့ဝိညာဉ်နှင့် ပတ်သက်ပြီး စိတ်ပူစရာ မလိုပေ။
"နောက်တစ်ခုက တားမြစ်တိုက်ခိုက်ရေး အဆင့်ပဲ" ဝမ်ဝေ့က သူ့တာအိုခန္ဓာကိုယ်ကို အာရုံစိုက်လိုက်သည်။ ယခုအခါ ပြီးပြည့်စုံသော တာအိုခန္ဓာဟု ခေါ်ဆိုနိုင်ပြီ ဖြစ်၏။ သူက နိုးထသက်ဝင်ခြင်းကို အသက်သွင်းလိုက်သည်။ သူ့ပထမနန်းဆောင် ပေါ်ထွက်လာသည်နှင့် ကွဲပြားမှုကို သတိထားမိလိုက်သည်။ ယခင်နှင့် မတူညီဘဲ ယခုအခါ နန်းဆောင်က စက်ကွင်း ၁၃ခုနှင့် မော်ကွန်းတိုင် တစ်ခုရှိနေပြီး တစ်ခုချင်းစီက အထဲတွင် ကြာပွင့်တစ်ခုစီ ရှိနေသည်။
စက်ကွင်းဆိုတာက ပြီးပြည့်စုံမှုကို ကိုယ်စားပြုပြီးတော့ ပြည့်ဝမှုကိုလည်း ကိုယ်စားပြုတယ်။ ကြာပွင့်က သန့်စင်မှု၊ ဉာဏ်အလင်းပွင့်မှုနဲ့ စိတ်ဝိညာဉ် ပြီးပြည့်စုံမှုကို ကိုယ်စားပြုတယ်။ ပြီးတော့ နံပါတ် ၁၃ လည်း ရှိသေးတယ်...
တခြားသော နန်းဆောင်၉ခုက တူညီသည့် မော်ကွန်းတိုင်များ ရှိနေကြစဉ် ၁၀ခု မြောက်ကို ဖန်တီးပြီးသည့်နောက်တွင် ဝမ်ဝေ့က ၁၁ခုမြောက်က ပုံရိပ်ယောင်သာ မြင်လိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက နန်းဆောင်သည် ယခင်ထက် ပိုမိုဆက်နွယ်မှု မရှိကြောင်း ခံစားမိလိုက်သည်။
ငါသာ ၁၂ခုကို ဖွဲ့စည်းပြီးသွားရင် တစ်စုံတစ်ခု ဖြစ်လာမှာလား။ မဟုတ်သေးဘူး ၁၃ ခုမြောက်ကို ဖွဲ့စည်းပြီးတဲ့နောက်မှာမှ ဖြစ်သင့်တယ်...
သူက ပြုံးကာ တွေးလိုက်သည်။ သူက မဟာတာအိုအရင်းအမြစ် အားဖြည့်မှုအားလုံး အသုံးပြုကာ သူ့စွမ်းအားက ၆၇ ၊ ၆၈၊ ၆၉ … ၆၉.၉ရာခိုင်နှုန်း … ၇၀ရာခိုင်နှုန်း အထိ ရောက်ရှိသွားခဲ့သည်။
ဝမ်ဝေ့က သူသည် အတားအဆီးတစ်ခုကို ချိုးဖောက်ကာ ခွန်အားနယ်ပယ်အသစ်၊ စွမ်းအားနယ်ပယ်အသစ်နှင့် ယုံကြည်မှုနယ်ပယ်အသစ် ဆီတက်လှမ်းသွားသလို ခံစားသွားလိုက်သည်။ ထိုခံစားချက်က သူ ပုံရိပ်ယောင်ဆေးလုံးကို သောက်သုံးစဉ်အခါနှင့် မတူညီပေ။ ဤသည်က သူ့ကိုယ်ပိုင်စွမ်းအား ဖြစ်၏။ သူက အသားကျနေပြီ ဖြစ်သည့်အတွက် စိတ်ဓာတ်တက်ကြွမှု မရှိတော့ပေ။
ငါ ပြောတာမှန်တယ်။ ပြီးပြည့်စုံတဲ့ အုတ်မြစ်ရဲ့ ရည်ရွယ်ချက်က ငါ့ကို တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ပေးအပ်တာ မဟုတ်ဘူး။ ဒါက မတော်တဆမှုတစ်ခုပဲ။ ဒါရဲ့ အဓိကရည်ရွယ်ချက်က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်နိုင်တဲ့ အခွင့်အရေးကို တိုးမြင့်ပေးလိုက်တာပဲ။ ပြီးတော့ ငါ့ရဲ့ ရွယ်တူတွေကြားမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးတယ်...
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
တားမြစ်တိုက်ခိုက်ရေးအဆင့်က လူတွေကို တိုက်ခိုက်စွမ်းရည်မြင့်မားရုံအပြင် တခြားရည်ရွယ်ချက်လည်း ရှိတယ်...
သူက တွေးလိုက်မိသည်။
အုတ်မြစ်က ပြီးပြည့်စုံမှုကို ငါ့ရဲ့ တည်ရှိမှုထဲမှာ ထည့်ပေါင်းလိုက်တာပဲ။ တားမြစ်တိုက်ခိုက်ရေး အဆင့်ဆိုတာက တစ်စုံတစ်ခုကို ထည့်ပေါင်းလိုက်တာ။ ဒါပေမဲ့ အပြည့်အဝ ပုံပေါ်မလာသေးဘူး။ ကြည့်ရတာ ငါက အဲဒါကို ရဖို့အတွက် ကောင်းကင်ဘုံအဆင့်နဲ့ စံပြအဆင့်ကို ရောက်ဖို့လိုတဲ့ပုံပဲ...
ဒီအရာ ပြီးမြောက်သွားတာနဲ့ အဲဒါက ငါ့ကို ထူးကဲသာလွန်မှုအဆင့် တစ်ပိုင်းဆီ ရောက်အောင် ကူညီပေးနိုင်လောက်တယ်...
ဝမ်ဝေ့က တားမြစ်တိုက်ခိုက်ရေးအဆင့်သည် မဟာတာအိုက ထူးကဲသာလွန်မှုတစ်ပိုင်း လမ်းစဉ်အတွက် ဖန်တီးထားသည့် ဆုံမှတ်တစ်ခုသာ ဖြစ်ကြောင်း ယုံကြည်ထားသည်။ ထိုအရာကို ရရှိဖို့ အနည်းဆုံး လိုအပ်ချက်က စံပြအဆင့် ဖြစ်၏။ ကောင်းကင်စာအုပ်စံပြနှင့် တူညီသည့်လမ်းစဉ်ကို လျှောက်လှမ်းလိုသည့်လူများက သူတို့၏ စွမ်းအားအများစုကို စွန့်ပယ်ခြင်း သို့မဟုတ် သူတို့ကိုယ်သူတို့ အားနည်းအောင် နေခြင်း သို့မဟုတ် အချိန်တစ်ခုဆွဲထားခြင်းတို့ ပြုလုပ်ကြလိမ့်မည်။ ဤသို့သော နည်းလမ်းများက သမာသမတ်ကျသော လမ်းစဉ်တစ်ခု ဖြစ်သော်လည်း အချိန်နှင့် အားစိုက်ထုတ်မှုများစွာ လိုအပ်နေသည်။ သူ့နည်းလမ်းကမူ ဖြတ်လမ်းဖြစ်သည့်အတွက် လှည့်ဖျားခြင်းဟုပင် ယူဆနိုင်သည်။
ဝမ်ဝေ့က သူ့စွမ်းအားကို အာရုံစိုက်ထားလိုက်သည်။
ဒါက ငါ့ရဲ့ ကန့်သတ်ချက် မဟုတ်သေးဘူးလို့ ခံစားမိနေတယ်။
သူက သူ့မဟာတာအို အရင်းအမြစ်ကို ထည့်ပေါင်းလိုက်ပြီး တာအိုအမှတ်အသားကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သူ့စွမ်းအားက ထပ်မံ တိုးတက်လာသည်။ ၇၀.၁ ရာခိုင်နှုန်း … ၇၀.၅ ရာခိုင်နှုန်း … ၇၀.၇ ရာခိုင်နှုန်း … ၇၀.၉ ရာခိုင်နှုန်း … ၇၀.၉၉၉ ရာခိုင်နှုန်း
ငါ နောက်ထပ် ကန့်သတ်ချက်ကိုရောက်သွားပြီ...
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့အားဖြည့်မှုအားလုံးက စွမ်းအားအများကြီး ရလာစေသည်။ အထူးသဖြင့် သူက အစွမ်းထိန်းချုပ်ရေး ပညာရပ်တွင် အစစ်အမှန်ကောင်းကင်တာအိုတစ်ပိုင်း ထိန်းချုပ်မှု အဆင့်တစ်ခု ရောက်ရှိသွားသည်။
နောက်ဆုံးတွင် သူက ထိုကမ္ဘာအသစ်က ကောင်းကင်အလိုဆန္ဒ ဖြစ်ပေါ်လာကာ အစစ်အမှန်ကောင်းကင်တာအို ဆန္ဒကို တိုက်ရိုက်ထိန်းချုပ်သွားသည်ကို ကြည့်ရင်းဖြင့် အဆင့်တက်လှမ်းသွားခြင်း ဖြစ်၏။
မဟုတ်သေးဘူး။ ငါ့တာအိုအမှတ်အသားက ဒီမှာတင် ရှိမနေတော့ဘူး...
သူက ရပ်တန့်လိုက်သည်မှာ မိုးမြေဆီမှ အတားအဆီးကြောင့် မဟုတ်ဘဲ သူ့အရည်အချင်း လိုအပ်နေမှုကြောင့် ဖြစ်၏။ သို့သော်လည်း ဤသည်က ဝမ်ဝေ့အတွက် သတင်းဆိုး ဖြစ်၏။ သူသည် တာအိုအမှတ်အသားကို အသုံးပြုရာတွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။ သူက သူ့တာအိုကို မကျင့်ကြံခဲ့သည့်အတွက် သီးသန့်ကျင့်ကြံနေစဥ်အတွင်း အချိန်များစွာ ရှိခဲ့သည်။ ထို့ကြောင့် သူ့အာရုံစိုက်မှုက အမြဲတမ်းလိုလို သူ့ခန္ဓာကိုယ်နှင့် သူ့တာအိုအမှတ်အသားသာ ဖြစ်ခဲ့သည်။
အခု တာအိုအမှတ်အသား နှစ်ခုကို ရှေ့ထား စမ်းကြည့်ရမှာပဲ …
သတင်းကောင်းက ဝမ်ဝေ့သည် ကောင်းကင်ဘုံအဆင့် ဝင်ရောက်ပြီးသည့်နောက်တွင် သူ့မဟာတာအို အရင်းအမြစ်အားဖြည့်မှု ရလာမည်မဟုတ်ပေ။ ချွင်းချက်ကမူ လက်နက်များ ဖြစ်၏။ သူ့အရေးသာချက်အနေဖြင့် သူက ၁၀ ဆတိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိနိုင်လိမ့်မည်။ သူ့ပြီးပြည့်စုံသည့် အုတ်မြစ်ကြောင့် တားမြစ်တိုက်ခိုက်ရေး အဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်၏။
ဝမ်ဝေ့က တောက်တောက်ပပပြုံးကာ သူ့ပြီးပြည့်စုံသည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ သူက ခေါင်းအသာရမ်းလိုက်၏။ သူ့အကြီးမားဆုံး ပြိုင်ဘက်တစ်ယောက်က သူ့ဘဝတစ်လျှောက်လုံး ပြီးပြည့်စုံမှုနောက်ကို လိုက်ခဲ့သည့်အတွက် ဆက်ဆံရေးပင် ပျက်ပြားလုနီးပါး ဖြစ်ပျက်ခဲ့ရသည်။ သို့သော် သူက ထိုသူ့ထက် အရင် ရယူသွားနိုင်ခဲ့၏။
သူက သူ့သွေးမျိုးဆက်ထဲမှာ ပါဝင်နေသည့် ဗလာနတ္ထိ ဂုဏ်သတ္တိသည် များစွာပြောင်းလဲခြင်း မရှိကြောင်း သဘောပေါက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်အသစ်က တိုက်စားမှုကို ပိုမိုခုခံနိုင်လာသည်။
အဲဆိုတော့ ငါက တတိယအဆင့် ဗလာရဲ့ စွမ်းအားကို ရဖို့ နည်းစနစ်တစ်ခုကို ဖန်တီးနိုင်လောက်တယ်...
ဝမ်ဝေ့က ဤရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ ထို့ကြောင့် သူက ပန်း၃ပွင့် စွမ်းရည်ကို အာရုံစိုက်လိုက်၏။
ပထမတစ်ခုက စိတ်ဝိညာဉ်ပန်းပွင့် ဖြစ်ပြီး ဝမ်ဝေ့က မျက်လုံးမှိတ်ကာ သူ့ဝိညာဉ်ကွန်ရက်ကို ဝင်ရောက်လိုက်သည်။ သူက အလွှာနှစ်ခုကို မြင်လိုက်ရသည်။ အပေါ်တစ်လွှာနှင့် အောက်တစ်လွှာ ဖြစ်၏။ အပေါ်တစ်လွှာက ကျယ်ပြန့်ကာ ကြီးမားလှသည်။ သူက အလျင်အမြန် ချက်ချင်းကြည့်သည့်အခါ ဒိုင်မေးရှင်းအမြင့်၏ ကွန်ရက်ကို ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
ဝမ်ဝေ့က အသုံးပြုဖို့ ကြိုးစားကြည့်လိုက်သော်လည်း ခေါင်းကိုက်လာသည့်အတွက် ရပ်တန့်လိုက်ရသည်။
ကြည့်ရတာ ငါအပြည့်အဝသုံးနိုင်ဖို့ တက်လှမ်းဖို့ လိုနေတယ်ထင်တယ်...
ဤသည်က အဆုံးသတ် မဟုတ်သေးဘဲ နောက်ထပ် အဆင့်မြင့်တင်မှု တစ်ခုရှိနေသည်။ သူက စံပြများဆီမှ သူ့တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ပြီ ဖြစ်၏။
ဝမ်ဝေ့က ဤနည်းစနစ်သည် ကပ်ပါးများက သူ့လှုပ်ရှားမှုများကို ခံစားမိသည့်အခါ အသုံးဝင်တော့မည် မဟုတ်ကြောင်း သိထားသော်လည်း ယခုအခါ သူ့အနေဖြင့် ထိုစိုးရိမ်မှု မရှိတော့ပေ။ မေတ္တယျက အန္တိမသဟဇာတကို ထိန်းထားနိုင်သ၍ သူက ဤစွမ်းရည်ကို အသုံးပြုကာ ဒိုင်မေးရှင်းအမြင့်၏ တော်လှန်ရေးကို စီစဉ်နိုင်လိမ့်မည်။
ဒါက အမှောင်နောက်ကွယ်ကနေ စီစဉ်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းပဲ...
ဝမ်ဝေ့က လှောင်ပြုံးဖြင့် သူ့ချီပန်းပွင့်ကို စစ်ဆေးကြည့်လိုက်သည်။ ဤအရာကလည်း ချီဖွဲ့စည်းဖို့ စွမ်းရည် တိုးမြင့်ပေးကြောင်း တွေ့လိုက်မိသည်။ ဤသည်က အဆင့်မြင့်တင်မှုပင် မဟုတ်သေးပေ။ အဆင့်မြင့်တင်မှုက GPS လိုမျိုး လမ်းညွှန်မှုတစ်ခု ဖြစ်ပြီး အရင်းအမြစ်ချီ နေရာလွတ်ထဲ လမ်းညွှန်ပေးနိုင်သည်။
တခြားနည်းနဲ့ပြောရမယ်ဆိုရင် ဒီစွမ်းရည်က ငါ လိုချင်တဲ့ ချီကို ရှာပေးနိုင်လိမ့်မယ်။ ဒါက အရမ်းကို အားကောင်းလွန်းတာပဲ။ ကန့်သတ်ချက်တချို့တော့ ရှိလိမ့်မယ်...
ထင်ထားသည့်အတိုင်း အဆင့်(၁၁)နှင့် အထက် ချီများက ရှာတွေ့ဖို့ ခက်ခဲလှသည်။
ပြီးတော့ ဒီချီတွေက ဘယ်နေရာမှန်း သိနေရင်တောင် အန္တရာယ်ကတော့ ရှိနေဦးမှာပဲ...
ကန့်သတ်ချက် ရှိနေသော်လည်း သူက ကျေနပ်နေမိသည်။ သူက ထွက်မသွားခင် တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အားကောင်းသည့် ချီတချို့ ရှာပေးနိုင်လိမ့်မည်။ ထို့နောက် သူက အဆီအနှစ်ပန်းပွင့်ကို အာရုံစိုက်လိုက်၏။
ဟမ် ဒီစွမ်းရည်က လုံးလုံး တိုးတက်မလာဘူးလား။ အဲလိုတော့ မဖြစ်သင့်ဘူး။ ဒါက ဘာများလဲ...
ဝမ်ဝေ့က သူ့စိတ်ထဲ အာရုံစိုက်ထားလိုက်သည်။သူက သူ့ခန္ဓာကိုယ်တွင် တံခါးနှစ်ချပ်ရှိနေပြီး တစ်ချပ်က ပွင့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
တက်လှမ်းရေး ဂိတ်ပေါက်...
သူ့စိတ်ထဲ ထိုနာမည်က ချက်ချင်းပေါ်ထွက်လာ၏။
အဲဆိုတော့ ငါက ခွန်အားအစစ်အမှန်နယ်ပယ်ရဲ့ ပထမဂိတ်ကို ပြန်လည်ဖန်တီးလိုက်လို့ ပိုပြီးပြီးပြည့်စုံသွားတာလား...
ဝမ်ဝေ့က ထိုဂိတ်ပေါက်အသစ်ကို အာရုံခံလိုက်စဉ် သူ့ခန္ဓာကိုယ်က ပြီးမြောက်မှု အဓိပ္ပာယ်ကို ခံစားမိလိုက်သည်။
ဒီစကားက ဖန်တလဲလဲ ထပ်နေတယ်ဆိုပေမဲ့ ဤသို့ သူခံစားနေရခြင်းသာ ဖြစ်၏။ ယခင်က သူသည် ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်သည်ဟု ထင်ထားခဲ့မိသော်လည်း ယခုအခါ အမှန် မဟုတ်ကြောင်း သိသွားခဲ့သည်။ ယခင်က သူသည် ခန္ဓာကိုယ်ထိန်းချုပ်မှု ၉၉.၉၉ ရာခိုင်နှုန်း ရှိထားခဲ့သည်။ ပို၍အရေးကြီးသည်က ထိုအရေအတွက်ကို ပြီးပြည့်စုံမှုအဖြစ် မှတ်ယူခဲ့သည်။ သို့သော် တက်လှမ်းခြင်းဂိတ်ပေါက် ပေါ်ထွက်လာသည့်အခါ သူက အစစ်အမှန် ၁၀၀ ရာခိုင်နှုန်းကို ရရှိသွားခဲ့၏။
ပြီးတော့ ကိုယ်ပျောက် ချပ်ဝတ်ဆိုတဲ့ စွမ်းရည်လည်း ရှိသေးတယ်...
သူက စိတ်စွမ်းအား သဏ္ဍာန်ပြခြင်းမှ ဖြစ်တည်လာသည့် ကိုယ်ပျောက်ချပ်ဝတ်သည် အမြဲလိုလို ခုခံမှုပထမအလွှာအဖြစ် ရှိကြောင်း ခံစားမိသည်။ ထိုအရာ၏ စွမ်းအားက ကောင်းမွန်၏။ ပို၍ အရေးကြီးသည်က စွမ်းအားနှင့် သက်လုံ သုံးစရာ မလိုအပ်သည့် အလိုအလျောက် စွမ်းရည်တစ်ခု ဖြစ်လေသည်။