အမှတ်အသား ပေးခံရခြင်း
Vol. 82 Ch. 1142
ဝမ်ဝေ့က ဤပြောင်းလဲမှုနှင့်ပတ်သက်ပြီး ပျော်ရွှင်နေမိသည်။ သူက ဟုန်အာကို ယုံကြည်ပြီး ဒီနေရာကို ရောက်လာသည့်အတွက်လည်း ဝမ်းသာနေမိ၏။ အကယ်၍ ယခင်က သူသည် ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်ကို ရောက်ရှိဖို့ သူ့အကြံကြောင့် ယုံကြည်ချက်ရှိသည်ဆိုပါက ယခုအခါ နောက်ထပ် ယုံကြည်ချက်တစ်ခု ပိုတိုးလာခဲ့သည်။ သူ့ပါရမီနှင့် တာအို အုတ်မြစ် ဖြစ်၏။
သူက ခရမ်းရောင် ဝတ်ရုံကို ဝတ်လိုက်ပြီးသည့်နောက်တွင် ထိုအရောင်က လက်ရှိအနေအထားနှင့် မသင့်တော်ကြောင်း ခံစားမိ၍ အဖြူရောင်ဖြင့် ပြောင်းလဲလိုက်သည်။ ကြေးမုံတွင် သူ့ခပ်ချောချော မျက်နှာကို ကြည့်ပြီးသည့်နောက်တွင် သူ့ကိုယ်သူ ချစ်ကျွမ်းဝင်လုနီးပါး ဖြစ်သွားခဲ့၏။
ဒီအရှိန်အဝါကို နည်းနည်းလျှော့ချထားရမယ်။
သူ့ပြီးပြည့်စုံလုနီးပါး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါကို ထိန်းချုပ်ရင်း တွေးလိုက်သည်။ သို့သော်လည်း သူက များစွာ ပြောင်းလဲမှု သိပ်မရှိပေ။ ယခု ကိုယ်ပိုင်ကိစ္စများကို ဖြေရှင်းပြီးပြီဖြစ်သည့်အတွက် အချိန်စတင်ကတည်းက ဟွင်သွမ်းစကြဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေခဲ့သည့် ဤတားမြစ်ချက်အပေါ် အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
"တစ်ယောက်ယောက်များ ရှိလား" ဝမ်ဝေ့က မေးလိုက်သော်လည်း မည်သူကမျှ ပြန်မဖြေပေ။ မြူခိုးက တည်ငြိမ်နေပြီး ကြက်သီးထဖွယ်ကောင်းနေ၏။
"အနာဂတ်ကိုယ် တကယ်လို့ မင်းသာ ဒီကိစ္စတွက် တာဝန်ရှိတယ်ဆိုရင် ငါ့ကို ရှားပါးပစ္စည်း နည်းနည်းလောက်ပေးလိုက်ပါလား"
မည်သည့်အသံ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာပေ။
"ငါတို့ရဲ့ အဖေက အကန့်အသတ်ချိုးဖောက်ရေး ကိရိယာကို သုံးရမယ်။ မဟုတ်သေးဘူး။ ငါတို့အမေအတွက်ရောဆိုတော့ နှစ်ခုလိုတယ်။ တစ်မိသားစုလုံး ပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်ချဖို့အတွက် ပစ္စည်းတွေ လိုတယ်ဆိုတော့ ဇနီးကိုပါ ထည့်တွက်ရင် လူလေးယောက်စာပဲ။"
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
သူတို့က ဤနေရာကို လာဖို့ လိုအပ်သည့် ထူးထူးဆန်းဆန်း စည်းမျဉ်းများ ရှိနေတာလား...
ဤသည်က ဖြစ်နိုင်ချေ တစ်ခု ဖြစ်၏။
ဒါမှမဟုတ် ငါ မှားသွားတာလည်း ဖြစ်နေနိုင်တယ်။ ငါ့အနာဂတ်ကိုယ်က ဒီအရာကို ဖန်တီးထားတာ မဟုတ်ဘဲနဲ့ တစ်ခုခုတော့ ဆက်နွယ်နေလောက်တယ်။ အဲ့ဒါကြောင့် ငါ ဒီအခြေခံအုတ်မြစ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေအကြောင်းကို သိနေတာပဲ...
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး တစ်နေရာကို ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။သို့သော်လည်း သူက အစွန်အဖျားပင်လယ် နယ်နိမိတ်ဆီ ရောက်ရှိသည့်အခါ မမြင်နိုင်သည့် အတားအဆီးတစ်ခုက သူ့ကို တားဆီးထားသည်ကို ခံစားမိလိုက်၏။ သူက မျက်မှောင်ကြုတ်ပြီး လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။
ငါက ဒီမှာ ထာဝရ ပိတ်မိနေမှာတော့ မဟုတ်ဘူးမလား....
သူက ထိုမမြင်နိုင်သည့် အကာအရံကို တွန်းဖို့ အားကုန်ကြိုးစားလိုက်သော်လည်း အားစိုက်ထုတ်မှုက အသုံးမဝင်ပေ။ ဝမ်ဝေ့က လက်လျှော့ပြီး တစ်ခုခုကို ကြိုးစားတော့မည့်ဆဲဆဲတွင် အကာအရံက သိသိသာသာ အားပျော့သွားသည်ကို ခံစားမိလိုက်၍ ထိုအခွင့်အရေးကို ရယူကာ အပြင်ဘက်ကို ထွက်လာခဲ့လိုက်သည်။ သူက သူ့ကိုယ်သူ ကြည့်ပြီးသည့်နောက်တွင် ဘာမှမဖြစ်ပျက်ခဲ့ကြောင်း သိလိုက်သည်။ ဝမ်ဝေ့က အပေါ်ကိုကြည့်ကာ မဟာတာအို မျက်လုံးပေါ်ထွက်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း တစ်ဖက်၌ ကြာကြာစောင့်ဆိုင်းပြီးသည့်နောက်တွင် ဘာမှဖြစ်မလာခဲ့ပေ။
ဒီဟာက သာမန်ပဲလား ဒါမှမဟုတ် သံသယဝင်စရာ အပြုအမူပဲလား....
သူက မပြောနိုင်သည့်အတွက် တခြားတစ်ခုကိုသာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ယခု သူက စွမ်းအားရှိနေပြီ ဖြစ်သည့်အတွက် စမ်းသပ်ကြည့်ဖို့ တစ်စုံတစ်ယောက် လိုအပ်နေသည်။
ဘယ်သူက ဘေးအကင်းဆုံး ဖြစ်မလဲ...
သူ့တွက်ဆထားမှုအရ မရဏကမ္ဘာသည် ဘေးအကင်းဆုံးနှင့် တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည့် အပြောင်းအလဲအများဆုံး ဖြစ်ပေသည်။ အသူရာချောက်နက်ကမူ ပြောင်းလဲနိုင်ချေ အများကြီးရှိထားပြီး အန္တရာယ် အများဆုံးနေရာတစ်ခု ဖြစ်ကာ ငရဲကမ္ဘာကမူ ဒုတိယအန္တရာယ်အများဆုံးဖြစ်လေသည်။
အဲဒါဆိုတော့ မရဏကမ္ဘာနဲ့ ငရဲကမ္ဘာပေါ့...
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် မရဏကမ္ဘာကို ရွေးချယ်ခဲ့သည်။ သူက ထိုအရာကို တတ်နိုင်သမျှ မြန်မြန် ရှင်းထုတ်ပစ်လို၏။ ထို့ကြောင့် မရဏအရှင်က သူ့ကို ရန်ရှာလာနိုင်သည်။ သို့သော်လည်း သူက သူသတိကြီးတတ်သည့် သဘာဝကို အဆုံးရှုံးမခံဘဲ လေဟာနယ်ထဲ တင်ပျဉ်ခွေထိုင်ကာ အိပ်မက်လောကထဲ ဝင်ရောက်ပြီးလေ့ကျင့်လိုက်သည်။
သူက တိုက်ပွဲမျှော်စင်ကို အသုံးပြုကာ သူ့အတွက် ထိုက်တန်သည့် ပြိုင်ဘက်များကို ဖန်တီးပြီး စွမ်းအားအသစ်ကို တတ်နိုင်သမျှ မြန်မြန် နေသားကျအောင် လုပ်ယူခဲ့သည်။ သူက တစ်ဖက်သူကို သူ့အတွက် စိန်ခေါ်မှု ဖြစ်စေဖို့အတွက် စွမ်းအားကြီးကြီးမားမား ပေးထားလေသည်။
သူ နိုးထမလာခင် အချိန်တစ်ခု ကုန်ဆုံးသွားခဲ့၏။ သူက ယခုအခါ အပြည့်အဝပြင်ဆင်ပြီးသည် ဖြစ်သည့်အတွက် မရဏကမ္ဘာဆီ တိုက်ရိုက် ကူးသန်းသွားလိုက်သည်။ ကောင်းကင်အထက် အနီရောင် နေမင်းကြီး ထွန်းလင်းနေပြီး ဤကျယ်ပြောလှသည့် လောကကို အလင်းပေးနိုင်ရုံမျှသာ ဖြစ်၏။
ဒါက တကယ့်ကို မရဏကမ္ဘာပဲ...
ဝမ်ဝေ့က တွေးလိုက်မိသည်။
အလယ်တွင် မျောလွင့်နေသည့် ကုန်းမြေတစ်ခု ရှိနေသော်လည်း နေရာတိုင်းတွင် အလောင်းများရှိနေသည်။ ဤကမ္ဘာက ဒိုင်မေးရှင်းက ဒိုင်မေးရှင်းအနိမ့်ထက် ပိုကြီးမားနေသည်။ နေရာတစ်ခုလုံး၌ အလောင်းများဖြင့် ပြည့်နက်နေ၏။ အရေအတွက်ကိုပင် မသိနိုင်ပေ။
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ သူက ကွဲပြားသည့် မျိုးနွယ်၊ မျိုးစိတ်များကို သတိထားမိခဲ့ကာ သူ ယခင်က မကြားဖူးသည့် အရာများလည်း ပါဝင်နေသည်။ သူတို့က ကျင့်ကြံဆင့် အမျိုးမျိုး ရှိကြ၏။
အလောင်းတွေကိုတော့ ထားလိုက်ပါတော့။ ဒီနေရာမှာရှိတဲ့ မရဏအငွေ့အသက်တွေက ကြက်သီးထစရာကောင်းတယ်...
သူက မျက်မှောင်ကြုတ်ပြီး အန္တရာယ် ခံစားနိုင်စွမ်းကို အသက်သွင်းလိုက်သည်။ သို့သော်လည်း ဘာမှမတွေ့ရပေ။ ဤကမ္ဘာရှိ လူများက သူ ရောက်ရှိလာသည်ကို သတိထားမိကာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အစီအရင် အသက်သွင်းထားကြသည်။ နှမြောစရာကောင်းလှစွာဖြင့် ဝမ်ဝေ့က တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့ဆီ သွားကာ သူတို့၏ အစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည်။
"မရဏအစောင့်အရှောက်ကို ခေါ်လိုက်" တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
အမိန့်ကို ချက်ချင်း ဆောင်ရွက်လိုက်၏။
အလောင်းရောင်းဝယ်ရေးဂိုဏ်းက ဤနေရာကို တစ်စုံတစ်ယောက်က ရှာတွေ့လိမ့်မည်ဟု ဘယ်သူကမှ ထင်မှတ်မထားခဲ့ပေ။ ထိုသူက ဝမ်ဝေ့ ဖြစ်နေမည်ကို ပို၍ပင် မထင်ထားကြပေ။ သူတို့က ထိုသူကို မကြောက်သော်လည်း ထိုသူကို သုတ်သင်ဖို့အတွက် တန်ကြေး ကြီးကြီးမားမား ပေးဆပ်ရမည် ဖြစ်၍ သူနှင့် ပဋိပက္ခ မဖြစ်ချင်ကြခြင်း ဖြစ်၏။
ကောင်းကင်အထက် မရဏချီ အမြောက်အမြား စုဝေးလာကာ သုံးမီတာခွဲရှည်လျားသည့် ဦးချိုများ၊ လက်သည်းများနှင့် အနီရောင် စွမ်းအင်အကြောင်းများ ပါဝင်သည့် အမှောင်သက်ရှိ တစ်ယောက် ထွက်ပေါ်လာသည်။ ထိုအရာ၏ အရှိန်အဝါက မရဏ၏ ပြယုဂ်အလား ဖြစ်၏။
မဟာတာအို အရင်းအမြစ် ၆၉ရာခိုင်နှုန်းပဲ။ ဒီကမ္ဘာရဲ့ မရဏချီကို သုံးလိုက်မယ်ဆိုရင် ၇၀ရာခိုင်နှုန်းအထိ ရောက်သွားနိုင်တယ်...
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ငါတော့ ခံစားချက်ဆိုးဆိုးရနေပြီ … အဲဒါဆို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်လိုက်ရအောင်။ ငါ့ရဲ့နည်းစနစ်အသစ်ကို စမ်းသပ်ကြည့်ရမယ်...
"ဟင်းလင်းပြင်ဆိုတာက တကယ့် ဗလာနတ္ထိ မဟုတ်သေးဘူး။ အဲ့ဒီမှာ မမြင်နေရတဲ့ ကဏ္ဍတွေ ပါဝင်နေတယ်။ ဗလာနတ္ထိကတော့ တကယ့်ကို ဗလာကျင်းနေတာ။ ဒါပေမဲ့ ဖန်ဆင်းမှုအားလုံးကို ဖြစ်ပေါ်စေတဲ့ အချက်ကြောင့် ဗလာနတ္ထိရဲ့ မောက်မာမှု ၊ မြင့်မြတ်မှု၊ ကြီးကျယ်မှုတို့ ပါဝင်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီစွမ်းအားကို နည်းနည်းလောက် ခံစားကြည့်တာပေါ့။ ဗလာနတ္ထိသို့ ပြန်သွားခြင်း"
သူ့ညာဘက်လက်ထဲရှိ အဖြူရောင် သတ္တုလုံးလေးက ကျယ်ပြန့်လာကာ မရဏအစောင့်အရှောက်ကို လွှမ်းခြုံသွားခဲ့သည်။ ထိုအားကောင်းသည့် သက်ရှိက သူ့သေခြင်းတရားကို ခံစားမိသည့်အလား ရုန်းကန်ဖို့ ကြိုးစားလာသည်။ ထို့နောက် ထိုအရာ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တည်ရှိမှုတို့က ချက်ချင်းပျက်သုဉ်းသွား၏။
မရဏကုန်းမြေကလည်း တူညီသော ကံကြမ္မာကို ခံစားခဲ့ရသည်။
ဝမ်ဝေ့က မစွန့်စားလိုဘဲ သူတို့အားလုံးကို ရှင်းထုတ်ပစ်ခဲ့၏။
ထို့နောက် သူက မရဏအရှင် ပေါ်ထွက်လာမည့် ဖြစ်နိုင်ချေအတွက် သတိကြီးကြီးထားထားလိုက်သည်။ မရဏကမ္ဘာက တုန်ခါသွားပြီး ဝမ်ဝေ့အနေဖြင့် တစ်စုံတစ်ယောက်က အမှောင်ထုထဲမှ သူ့ကို စောင့်ကြည့်နေသည်ကို ခံစားမိလိုက်၏။ သူ့အာရုံခံစားနိုင်စွမ်းကမူ ဘာမှ မတွေ့ရပေ။ သို့သော် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက သူ့ကို စောင့်ကြည့်နေမှန်း သိလေသည်။
"မင်းက ပြီးပြည့်စုံတဲ့ အခွံ့တစ်ခုပဲ" ဝမ်ဝေ့၏ ခန္တာကိုယ်က သူ့တည်ရှိမှု၏ အနက်ဆုံးအလွှာမှ တွန်းကန်မှုတစ်ချို့ကို ခံစားမိလိုက်သည်။ ပတ်ဝန်းကျင်ရှိ အရှိန်အဝါက ပြောင်းလဲသွားပြီး ရင်းနှီးလာဟန်ပေါ်သည်။
ဒါက အသူရာချောက်နက်ပုံစံမျိုး ဖြစ်နေတာပဲ။ မိုးမြေရဲ့ အခြေခံကျမှု ငြင်းဆန်မှုတစ်ခုပဲ....
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး သေချာစဉ်းစားကြည့်လိုက်သည်။
မရဏအရှင်က ကတ်သုလူ ဒါမှမဟုတ် သက်တမ်းရင့်နတ်ဘုရားတွေနဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာ ဖြစ်ရမယ်...
ကိစ္စများစွာက ဝမ်ဝေ့အတွက် အဓိပ္ပာယ်ရှိလာလေသည်။ မရဏအရှင်က ထိုကမ္ဘာကို အဘယ်ကြောင့် ဖျက်ဆီးပစ်ခဲ့သနည်း။
ထိုအရာက ဤဟွင်သွမ်းစကြဝဠာထဲ ထိုသက်ရှိအား ဆင်းသက်လာဖို့အတွက် စတေးမှုတစ်ခုသာ ဖြစ်၏။
အဲဒီကမ္ဘာမှာ သူ လိုအပ်နေတာ တစ်စုံတစ်ခုတော့ ရှိနေရမယ် …
ဝမ်ဝေ့၏ စိတ်ထဲ ထိုအတွေးများ ပျံ့နှံ့လာကာ သူ့အလိုလို အသိစိတ်က အသိဝင်လာခဲ့သည်။ သို့သော် ထိုအရာက အသုံးမဝင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ပေ။ သူက ကိုယ့်ကိုယ်ကို သတ်သေကာ တခြားနေရာတွင် ပြန်လည်ရှင်သန်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ ကောင်းကင်အထက်မှ မဟူရာအလင်းတန်းက သူ့ခန္တာကိုယ်အတွင်း ကျရောက်လာသည်။
ဝမ်ဝေ့က သူ့ရင်ဘက်အထက် အနက်ရောင် တက်တူးကို မြင်သည့်အခါ အမူအရာ ပျက်ယွင်းသွားခဲ့သည်။
"ငါ့အပေါ် အမှတ်အသား ထားရဲတယ်လား" မည်သူကမျှ ပြန်မဖြေကြပေ။ ပတ်ဝန်းကျင်ရှိ တွန်းလှန်နေသည့် အရှိန်အဝါက ပျောက်ကွယ်သွား၏။
ဝမ်ဝေ့က အမှောင်ထုကို ဒေါသတကြီးဖြင့် ကြည့်ကာ သူက အေးစက်စက်ဖြင့် မရဏကမ္ဘာကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
သူက လေဟာနယ်ထဲ မျောလွင့်ကာ ကောင်းကင်အထက် ကြည့်လိုက်သည်။ သို့သော်လည်း ဆယ်မိနစ်ကြာပြီးသည့်နောက်တွင် သူ့ဒေါသက ပို၍ တိုးလာသည်။
"ကျစ် မဟာတာအို ငါက ဟွင်သွမ်းစကြဝဠာရဲ့ ကျူးကျော်သူ အမှတ်အသား ရှိနေတာလေ။ ဘာလို့ မင်း အလုပ်ကို မလုပ်ရတာလဲ "
အယူအဆသဘောတရားအားလုံးက မဟာတာအို ပေါ်ထွက်လာကာ အခြေအနေကို ဖြေရှင်းသင့်ကြောင်း ညွှန်ပြနေ၏။ သို့သော် ဝမ်ဝေ့လိုမျိုး တစ်စုံတစ်ယောက်က အမည်မသိ ထူးကဲသာလွန်မှု သို့မဟုတ် ထူးကဲသာလွန်မှု တစ်ပိုင်းတစ်ဆင့်က ဆင်းသက်လာဖို့အတွက် စတေးတစ်ခုအနေနှင့် အသုံးပြုခံရမည်ဆိုလျှင် ရလဒ်ကမူ ဖရိုဖရဲသာ ဖြစ်လိမ့်မည်။
ဝမ်ဝေ့၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ထိုမဟာတာအိုက တမင်သက်သက် ဝင်ရောက် မစွက်ဖက်ကြောင်း သိလိုက်သည်။ အကြောင်းအရင်းက သူ့အနာဂတ်ကိုယ်ကြောင့် ဒါမှမဟုတ် သူက ပြီးပြည့်စုံသည့် အုတ်မြစ်ကို ရယူထားသောကြောင့် ဖြစ်နိုင်သည်။
ငါက အကူအညီ လိုမယ်များ ထင်နေလား။ အိပ်မက်မက်နေလိုက်
သူ့အနီရောင်မျက်ဝန်းက အဆုံးမဲ့ လေဟာနယ်ကို အာရုံစိုက်ထားလိုက်သည့် အကြည့်တစ်ချက်ဖြင့် အလောင်းရောင်းဝယ်ရေးဂိုဏ်း၏ အဖွဲ့ခွဲအားလုံးက ပျောက်ကွယ်သွားလေသည်။
ဝမ်ဝေ့က အရာအားလုံး၊ လူအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ ဤအရာထဲတွင် သူတို့ဂိုဏ်း၏ အစီအရင်၊ အသုံးအဆောင်နှင့် အရင်းအမြစ်အားလုံးပင် အပါအဝင် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက ထိုအရာများအား ဘယ်သောအခါမှ အသုံးမပြုနိုင်အောင် လုပ်ဆောင်ထားခဲ့သည်။ သူ ချန်ထားသည့် တစ်ခုတည်းသော အရာက သူတို့ဂိုဏ်း၏ ကံကောင်းမှုသာ ဖြစ်၏။ သူက ရွှေရောင်သလင်းကျောက်အဖြစ် ဖွဲ့စည်းထားလိုက်သည်။
မည်သူကမျှ ဤသတ်ဖြတ်မှုအတွင်း အသက်မရှင်ကြပေ။ ထာဝရဧကရာဇ် နှစ်ယောက်ပင် အပါအဝင် ဖြစ်၏။ သူက မရဏကမ္ဘာရှိ သူတို့၏ လျှို့ဝှက်လုံခြုံရေး သေတ္တာကိုပင် ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် သူတို့ကို သမိုင်းကြောင်းမှ ဖျောက်ဖျက်ဖို့သာ လိုတော့သည်။ သူက ဂိုဏ်းရာချီနှင့် လူအပေါင်းကို အတွေးတစ်ချက်ဖြင့် သုတ်သင်ပစ်ခဲ့သည်။
ဝမ်ဝေ့က ချက်ချင်းဆိုသလို အလင်းမဲ့အမှန်တရားဆီ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ ရောက်ရှိလာသည်နှင့် မြူခိုးဆီမှ လှုပ်ရှားမှုအရိပ်အရောင် တစ်ချို့ကို မြင်လိုက်ရ၏။ သို့သော်လည်း မြူခိုးက ချက်ချင်းဆိုသလို ပြိုကွဲသွားသည်။
ထိုဖြစ်စဉ်က မိနစ်ပိုင်းမျှ ကြာမြင့်ပြီးသည့်နောက်တွင် လှုပ်ရှားမှုဟူ၍ မရှိပေ။
အဲဒါဆိုတော့ မင်းက ဒီတစ်ခေါက် ရှုံးနိမ့်သွားတာလား ..
သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူက ချက်ချင်းဆိုသလို အိမ်ပြန်လာ၏။ ပထမဆုံး သူ လုပ်သည့်အရာက သူ့ကိုယ်သူ သတ်သေခြင်း ဖြစ်၏။ သူ့တွင် အပို အသက်သုံးခု ရှိထားလေ၏။ တစ်ခုက သူ သေမျိုးဧကရာဇ် အောင်မြင်မှုကြောင့် ဖြစ်ပြီး နှစ်ခုကမူ သူ့သေခြင်းရှင်ခြင်း စွမ်းရည်ကြောင့် ဖြစ်၏။
သူ့ခန္ဓာကိုယ်က ပြန်လည်ပေါ်ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ရင်ဘတ်ပေါ်မှ အမှတ်အသားကို မြင်လိုက်ရသည့်အတွက် အံ့အားသင့်ခြင်း မရှိပေ။ သူ့သေဆုံးမှုက ထိုအမှတ်အသားသည် မည်မျှနက်ရှိုင်းနေကြောင်း သေချာစေဖို့ရာ ဖြစ်၏။ ယခုအခါ သူ သိပြီဖြစ်သည့်အတွက် ဤအစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်ကာ သိပ္ပံနှင့် နည်းပညာ ကမ္ဘာဆီ ဝင်ရောက်ပြီး ကွမ်တန်နယ်ပယ်ဆီ သွားရောက်လိုက်သည်။
"မင်းဒီမှာ ရှိနေတယ်ဆိုတာကို သိတယ်။ မင်းအတွက် လက်ဆောင်ပါတယ်" ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားကို ပြကာ ပြောလိုက်သည်။
"ဒီအမှတ်အသားက မင်းရဲ့ လက်လှမ်းမီတဲ့ နယ်ပယ်ထဲမှာ မဟုတ်တဲ့ တခြားတည်ရှိမှုရဲ့ သတင်းအချက်အလက်တွေ ပါဝင်နေတယ်။ ဒါက မင်း လုပ်နိုင်တာထက်တောင် ကျော်လွန်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခုပဲ။ "
ကွမ်တန် စိတ်ဆန္ဒက အသက်ဝင်လာကာ ထိုအမှတ်အသားကို စစ်ဆေးလိုက်သည်။ ဤအရာက ချက်ချင်းဆိုသလို စိတ်ဝင်စားဟန် ပေါ်၏။ ထိုအရာက သူ့ကို ဖန်တီးထားသည့် ထူးထူးဆန်းဆန်း လူသားကို လေ့လာခြင်းဖြင့် သတင်းအချက်အလက် မြောက်မြားစွာကို လက်ခံရရှိလာသည်။ သို့သော် ဤအမှတ်အသားတွင် ပါဝင်သည့် သတင်းအချက်အလက်က ပို၍ပင် အဖိုးတန်နေလေ၏။
ထို့ကြောင့် ၎င်းက ဝါးမြိုရေး စွမ်းအားကို ထုတ်ကာ ထိုအမှတ်အသားကို ဝါးမြိုသွားခဲ့သည်။
ဝမ်ဝေ့က ပြင်းထန်သည့် နာကျင်မှုကို ခံစားမိပြီး သူ့ခန္ဓာကိုယ်က သေလုမတတ် ဖြစ်နေသည်။ သို့သော် သူက တောင့်ခံထားသည်။
ကွမ်တန်စိတ်ဆန္ဒက သူ့အလုပ်သူ ဆက်လုပ်နေလေ၏။ ထိုအရာက သူ့ထက် ပိုမို အားကောင်းနေသော်လည်း အနှစ်သာရ အဆင့်ကမူ အတူတူ ဖြစ်နေသည်။ ထို့အပြင် သူက အိမ်ကွင်းအရေးသာချက် ရှိနေသည်။ ထို့အပြင် အမှတ်အသားက တစ်စုံတစ်ယောက် ထိန်းချုပ်ခြင်း မရှိသည့် အရာတစ်ခုသာ ဖြစ်သည်။
အမှတ်အသားက ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားပြီး ကွမ်တန်နယ်ပယ် အနက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ သူက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရပေ။ ထို့ကြောင့် သူက စိတ်သက်သာရာရစွာ သက်ပျင်းချလိုက်၏။
သူက အဝေးတစ်နေရာကို လှမ်းကြည့်ကာ ထွက်သွားခဲ့သည်။
ဘန်း
အသင်္ချေ အင်ပါယာ ကမ္ဘာအထက်ရှိ ဝေဟင်က ပြောင်းလဲသွားခဲ့သည်။
"မဟာတာအို " ဝမ်ဝေ့က အံကြိတ်ကာ ရေရွတ်လိုက်သည်။ မျက်လုံးက သူ့ကို ကြည့်နေလေ၏။ ထို့နောက် တစ်နေရာမှ သိပ္ပံနှင့် နည်းပညာ ကမ္ဘာပါဝင်နေသည့် သလင်းကျောက်က ကောင်းကင်အထက် ပေါ်ထွက်လာကာ လျှပ်စီးမိုးကြိုးများဖြင့် ဖျက်ဆီးခံလိုက်ရသည်။ ထို့နောက် မဟာတာအိုက သူ့ကို အာရုံစိုက်လာ၏။ ဝမ်ဝေ့က ထိုအရာ၏ ဒေါသကို ခံစားမိနေသည်။ သို့သော်လည်း သူက မထုံတထေးဖြင့်သာ ကြည့်လိုက်သည်။ သူတို့ အချင်းချင်းကြည့်ပြီးသည့်နောက်တွင် ထိုအရာက မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားလေ၏။
ထိုစဉ် ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိရာ အစွန်အဖျားပင်လယ်ကို လှမ်းကြည့်လိုက်သည်။
မြူခိုးများက ပျောက်ကွယ်သွားပြီ ဖြစ်၏။
တခြားနည်းဖြင့် ပြောရလျှင် အလင်းမဲ့အမှန်တရားက ဒိုင်မေးရှင်း အနိမ့်မှ ထွက်ခွာသွားလေပြီ။