အချိန်ဆက်နွယ်မှု အရှုပ်အထွေးများ
Vol. 82 Ch. 1143
ကမ္ဘာဦးဟွင်သွမ်း
မေတ္တာယျနှင့် အန္တိမသဟဇာတတို့က ခေတ္တမျှ ရပ်တန့်သွားကြသည်။ တခြားသူများနှင့် မတူညီဘဲ သူတို့က မဟာတာအို၏ ဆင်းသက်လာမှုကို သတိထားမိခဲ့ကြသည်။ သူတို့က ဝမ်ဝေ့တို့ကြားရှိ ပဋိပက္ခကိုပါ မြင်လိုက်ရပြီး ကမ္ဘာတစ်ခု ပါဝင်နေသည့် သလင်းကျောက်က ဖျက်ဆီးခံလိုက်ရသည်ကိုပင် မြင်လိုက်ရသည်။
သူတို့က ထိုသလင်းကျောက်၏ အရှိန်အဝါသည် သူတို့နှင့် ယှဉ်နိုင်ကြောင်း ချက်ချင်း သတိထားမိသွား၏။ သူတို့က တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ခုက ကမ္ဘာကို ကျူးကျော်ခဲ့ဖူးသည့် ခံစားချက်ကို ပြန်လည်အမှတ်ရခဲ့သည်။ သို့သော် သူတို့က အကောင်းဆုံး အားစိုက်ထုတ်ခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
သူက ထူးခြားနေတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ ထူးကဲသာလွန်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ပတ်သက်နေလောက်တဲ့အထိတော့ ထင်မထားမိခဲ့ဘူး...
မေတ္တယျက တွေးလိုက်မိသည်။ ကိစ္စများက ပိုမိုစိတ်ဝင်စားဖို့ကောင်းလာပြီဖြစ်၏။ သူမက အနာဂတ်အတွက် မျှော်လင့်နေမိသည်။ သူမက အစွန်အဖျားပင်လယ်ကို အာရုံစိုက်လိုက်၏။
ဒါက သူ့ကို သတ်ဖို့ ငါ့ရဲ့အခွင့်အရေးလား...
အန္တိမသဟဇာတက တွေးလိုက်မိသည်။ အကယ်၍ ဝမ်ဝေ့က မဟာတာအိုနှင့် အဆင်မပြေတော့ပါက ဤအခွင့်အရေးကို အသုံးချကာ ခေတ်ကာလသားတော် ဟူသော ဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်လိမ့်မည်။ သူ့ကံကကြမ္မာ၏ ကာကွယ်မှုမရှိဘဲ ထိုသူကို သတ်ဖို့ လွယ်ကူသွားလိမ့်မည်။
မဟုတ်သေးဘူး။ ဒါက အလုပ်မဖြစ်ဘူး...
အစစ်အမှန်ကောင်းကင်တာအိုက တုံးအနေခြင်း မဟုတ်ပေ။ အားကြီးသည့် ခေါင်းဆောင်ကြီးက မည်သို့ပင်ခံစားနေစေကာမူ သူ့ကို တိုက်ခိုက်ရာ၌ ဝမ်ဝေ့က အရေးပါနေကြောင်း သိနေလေသည်။ ထိုအရာ လုပ်နိုင်သည့် တုံးအအဆုံးအရာက သူ့အတွက် ရန်သူဖန်တီးဖို့သာ ဖြစ်၏။
"ယာယီရပ်တန့်လိုက်ရင် ဘယ်လိုလဲ"
"ဘာလို့ အဲလို လုပ်ရမှာလဲ" မေတ္တယျက မေးလိုက်သည်။
""အလင်းမဲ့ အမှန်တရားက ဒိုင်မေးရှင်း အနိမ့်ကနေ ပျောက်သွားပြီ။ ငါတို့တွေ အတူတကွ ကမ္ဘာကနေ အပြီးတိုင် ဖယ်ရှားပစ်နိုင်လောက်တယ်။
" ဒီတားမြစ်ချက်မှာ ပါဝင်နေတဲ့ အရာက ကျွန်မတို့ အဆင့်ထက် မြင့်တယ်ဆိုတာကိုလည်း သိတာပဲ။ အဲလိုအရာမျိုးကို ကြိုးစားကြည့်နေလို့ အလကားပဲ"
"နောက်ဆုံးတော့ ငါတို့ဆီမှာ မျှော်လင့်ချက်ရှိလာပြီ။ သေချာစဉ်းစားမကြည့်တော့ဘူးလား"
"ဟုတ်တယ်" မေတ္တယျက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူမ၏ ဆုံးဖြတ်ချက်က မယိုင်မလဲ ရှိနေ၏။
“ဒီလိုဆိုရင် အဲ့ဒီကောင်လေးကို စစ်မေးဖို့ ရပ်တန့်လိုက်ရင် ဘယ်လိုလဲ။ မင်းကိုယ်တိုင်လည်း မြင်တာပဲ။ သူ့ရဲ့ လျှို့ဝှက်ချက်က ငါတို့ဆီကနေ အဝေးကို လျှောက်လှမ်းသွားတဲ့ တည်ရှိမှု ပါဝင်နေတယ်။ ငါတို့တွေက ရှေ့ဆက်လျှောက်ရမဲ့ လမ်းစဉ်တွေကို အဖြေရလာနိုင်တယ်။” အန္တိမသဟဇာတက နည်းဗျူဟာ ပြောင်းလဲကာ သူမကို ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။
"ကျွန်မ ငြင်းတယ်"
"မင်းက ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ ဒါက ရှေ့ဆက်လျှောက်ရမဲ့ လမ်းစဉ်ကို မြင်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခုပဲ။ ထူးကဲသာလွန်မှု အစစ်အမှန်ကို ရနိုင်တယ်"
အန္တိမသဟဇာတက အနည်းငယ် ဒေါသ ထွက်လာမိသည်။ အကြွင်းမဲ့တားမြစ်ချက် စတင်ကတည်းက ထိုအမျိုးသမီးသည် လမ်းတိုင်း၌ သူ့ကို လိုက်လံတားဆီး ပိတ်ဆို့နေ၏။
နှစ်ဦးလုံး အကျိုးရှိသည့် အခွင့်အခါကောင်းများရှိခဲ့ပြီး ဒိုင်မေးရှင်းအနိမ့်ရှိ လျှို့ဝှက်ချက်များ ပါဝင်နေသည်။ သို့သော် သူမက ငြင်းဆန်ပြီး အမြဲလိုလို ဆန့်ကျင်ခဲ့၏။ ထိုသူက အခွင့်အခါကောင်းတိုင်းတွင် တားဆီးနေသည်သာ မဟုတ်ပါက ထူးကဲသာလွန်မှု လမ်းစဉ်ထံ မည်မျှရောက်ရှိနေမည်ကို သိချင်လိုမိသည်။
"သမိုင်းကြောင်းနှင့် အချိန်က ကျွန်မဘက်မှာ" မေတ္တယျက အေးစက်စက် ပြန်ပြောလိုက်သည်။
"ဒီကောင်လေးက အမှန်တရားကို ရှာဖွေတွေ့ရှိပြီး ကျွန်မရဲ့ အဆင့်ကို ရောက်လာတာနဲ့ စိတ်အေးသွားလိမ့်မယ်။ အဲ့ဒီခါကျရင် သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ပျော်ပျော်ကြီး ပြောပြလာမှာပဲ။ အဲ့ဒီအခါ ကျွန်မကို ထူးကဲသာလွန်မှု လမ်းစဉ်ကို လျှောက်လှမ်းဖို့ ကူညီပေးနိုင်လိမ့်မယ်။ ဘာလို့များ အခု သူ့ကို ရန်စနေရမှာလဲ "
"မင်းက အဲဒါ သေချာမသိသေးဘူးလေ"
"ဒါပေမဲ့ ကျွန်မ သိတယ်။ သဲလွန်စတွေ အကုန်လုံးက ဒီကောင်လေးက ဘယ်လိုမျိုးလဲ ဆိုတာကို ပြသနေတာပဲ။ အရင်တစ်ခေါက်က ချီယွမ်နောက်ကို လိုက်ခဲ့တာလည်း အဲ့ဒါကြောင့်ပဲ မဟုတ်ဘူးလား။ အခု သူ့မျိုးဆက်က သူ့ထက်တောင် ပါရမီ ထူးကဲပြီးတော့ ဆွဲဆောင်အား ပိုကောင်းသေးတယ်"
အန္တိမသဟဇာတက သူမကို ကြည့်လာသည်။ သူ၏ စိတ်ခံစားချက်များကို ဖိနှိပ်ထားခြင်းသာ မဟုတ်လျှင် ဒေါသများ ပေါက်ထွက်လာလိမ့်မည်။ သို့သော်လည်း စိတ်ခံစားချက်များက အသုံးမဝင်ကြောင်း သိထားလေသည်။
ငါ နဂိုအစီအစဉ်တိုင်း ဆက်လုပ်ရမယ်။ ကောင်းကင်စာအုပ် ငါ့ကို စိတ်မပျက်စေတာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ဒီစကြဝဠာရဲ့ နေရာတိုင်းထိ လိုက်ပြီးတော့ နှိမ်နှင်းပစ်မယ်။
သူတို့တိုက်ပွဲက ဆက်လက် တိုက်ခိုက်နေခဲ့ကာ အရင်ကထက်ပင် ပိုမို ကြမ်းတမ်းလာခဲ့သည်။
....
အနီရောင်မြူ တားမြစ်နယ်မြေ
ကောင်းကင်စာအုပ် စံပြက မျက်လုံးကို ဖွင့်ကြည့်လာသည်။
နောင်ထပ် အချိန်ဆက်နွယ်မှုတစ်ခုလား။ ဒီလူ့ဆီမှာ ပင်မဖြစ်ရပ်တွေ ဘာ်လောက်များများတောင် ရှိနေတာလဲ။ ပိုပြီးအရေးကြီးတာက သူ့ဆီမှာ ဒီလောက်အများကြီး ရှိနေတာဆို မဟာတာအိုက ငယ်ရွယ်တဲ့သူ့ကို သတ်ဖို့ ဟာကွက်ဘာလို့ ရှာမတွေ့သေးတာလဲ။
သူက ပေါ်ထွက်လာသည့် စာလုံးများကို ကြည့်လိုက်သည်။ သူ့ကို သတ်နိုင်သည့် ဖြစ်ရပ်များစွာ ရှိနေသည့်အခါ အတိတ်ကို ကာကွယ်ဖို့ရာ မလွယ်ကူသင့်ပေ။ အထူးသဖြင့် ထိုအရာများက သူသာ အတိတ်ကို ကာကွယ်ဖို့ ကျရှုံးသွားလျှင် သူ့ကို သေဆုံးသွားနိုင်လေ၏။
အဲဒါဆိုတော့ သူက ဒီလောက်တောင် လုပ်နိုင်စွမ်းရှိနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် မဟာတာအိုက စွမ်းဆောင်နိုင်စွမ်း မရှိတာလား...
ကောင်းကင်စာအုပ် စံပြက အဖြေကို သိထားသည်။ မိုးကောင်းကင်တာအိုကို ကျင့်ကြံထားသူအနေဖြင့် မဟာတာအို၏ စနစ်က မည်သို့ လုပ်ဆောင်ကြောင်း သိထားလေသည်။ ရူးနေသည့်သူ မဟုတ်ပါက စွမ်းရည် မပြည့်ဝဘူးဟု ခေါ်ရဲမည် မဟုတ်ပေ။
သူက စာအုပ်အဆင့်မြှင့်တင်ထားမှု တစ်ခုလုံးကို စောင့်ကြည့်လိုက်သည်။ ထိုစာအုပ် အဆုံးသတ်သွားသည့်အခါ အကြည့်များက တောက်ပလာ၏။
ငါက အဲဒီနှစ်ယောက်ဆီကနေပြီးတော့ ထိုက်တန်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးတချို့ ရရှိတော့မှာလား။ ကြည့်ရအောင်။ အဲ့ဒါက ဝမ်ဝေ့ရဲ့ အပိုင် ဖြစ်လောက်တယ်။ စိတ်ဝင်စားစရာပဲ...
ထိုစာရွက်ထဲတွင် ဤပြည့်စုံမှုက မဖြစ်နိုင်သေးသော်လည်း သူက ကဏ္ဍအနည်းငယ်ဖြင့် အချက်အလက်များစွာကို ကောက်ချက်ချနိုင်လေသည်။
ကောင်းကင်စာအုပ်က သတင်းအချက်အလက်တစ်ချို့ကို သုံးသပ်ဖို့ စာရွက်အနည်းငယ် လှန်လိုက်သည်။ သူက သတင်းအချက်အလက် တချို့ကြောင့် ရုတ်တရက် ရပ်တန့်လိုက်၏။
သူက ငါ့အမွေအနှစ်နဲ့ အရူးကြီးချူးရဲ့ နည်းလမ်းကို သုံးပြီးတော့ အခမ်းအနားအသစ်ကို ဖန်တီးခဲ့တာလား။ ဒီခွေးကောင်က ငါက သူ့ရန်သူဆိုတာကို သိနေလောက်ပြီ...
သူက ဧကရာဇ်ကျား၏ အစီအစဉ် ရှုံးနိမ့်ပြီးသည့်နောက်တွင် ဝမ်ဝေ့သည် သူ့ကို သံသယရှိလာမည် ဖြစ်ကြောင်း ကောက်ချက်ချမိ၏။ သို့သော် ယခုတွင် ထိုသူက သူ့တည်ရှိမှုကို အသေအချာ သိနေပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ အရူးကြီးချူး၏ ပုံမှန်ပြုမူပုံအရ သူသည် ထိုအရာကို ရရှိဖို့ သေချာပေါက် ကြိုးစားလိမ့်မည်။
သူတို့ တွေ့တာနဲ့ ငါ့ရဲ့ လက်ရာကို သေချာပေါက် သတိထားမိမှာပဲ။ သူက ငါ့အကြောင်း မတော်တဆ ထုတ်ပြောနိုင်ချေ ၇၆ ရာခိုင်နှုန်းလောက် ရှိတယ်...
သူက အမွေအနှစ်ကို ဖန်တီးသည့်အချက်ကို ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပြီး ထိုနည်းလမ်းက ဝမ်ဝေ့ကို ကျင့်ကြံဆင့် နိမ့်ကျမှုနှင့် သူနှင့် မရင်းနှီးမှုတို့အပေါ် အခွင့်ကောင်းယူကာ အရူးလုပ်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်၏။ သို့သော် အရူးကြီးချူးအတွက်မူ ဤသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သူ့ခြိမ်းခြောက်မှုက ပိုပြီးတော့ မြင့်တက်သွားပြီ။ ငါ့ဆီမှာ ကျန်တဲ့အချိန်ကလည်း လျော့ကျသွားပြီ...
သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် လက်ကို မြှောက်ကာ လေထုထဲ သင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။ ထို့နောက် အလားအလာကောင်းသည့် စွမ်းအားတစ်ခုက စာအုပ်ထဲ ဝင်ရောက်လာ၏။ သူက ထိုသင်္ကေတကို ရေးဆွဲလိုက်သည်နှင့် ဟွင်သွမ်းကမ္ဘာထောင်ချီက သူတို့တစ်ကမ္ဘာလုံးကို လွှမ်းခြုံလို့ရသည့် အားကောင်းသည့် အစီအရင်ကို အသက်သွင်းလာကြသည်။ ထိူ့နောက် သူတို့ကို အသန့်စင်ဆုံးစွမ်းအားဖြင့် သန့်စင်ခံလိုက်ရပြီး ကောင်းကင်စာအုပ်အတွက် အာဟာရ ဖြစ်သွားကြသည်။
မည်သည့်အရာမှ အသက်မရှင်ပေ။ လူများ၊ ကျင့်ကြံသူများ၊ သံသရာအဖွဲ့ခွဲများ၊ စွမ်းအင်၊ ကာလံဒေသံနှင့် အခြေခံသဘောတရားများပင် အပါအဝင် ဖြစ်သည်။ ထူးကဲကာ သန့်စင်သည့် စွမ်းအားတစ်ခုဖြင့် လွှမ်းခြုံသွားပြီးသည့်နောက်တွင် စာအုပ်ထဲ၌ နောက်ထပ် စာကြောင်းရေများ တိုးလာသည်။
မဟာတာအိုက သူ့ရွေးချယ်ခံသားတော်နဲ့ ပတ်သက်ပြီးတော့ မပြောဘူးပဲ။ ကြည့်ရတာ ဝမ်ဝေ့အတွက် ထိုက်တန်တဲ့ ပြိုင်ဘက်ဖြစ်အောင် နည်းလမ်းတွေ ဖန်တီးပေးတော့မဲ့ပုံပဲ။ သူက ငါ့ကို မယုံဘူးဆိုတော့ ဖြစ်သင့်ပါတယ်လေ...
မဟာတာအို သားတော်၏ ရည်ရွယ်ချက်က သိသာနေသည်။ ဝမ်ဝေ့၏ အချိန်ဆက်နွယ်မှုတစ်ခုတွင် သတ်နိုင်ဖို့ရာ အားကောင်းဖို့ ဖြစ်၏။ ထိုအရာက သူ့အနာဂတ်ကိုယ်လည်း သတ်နိုင်လိမ့်မည်။ မဟာတာအိုက ဝင်ရောက်စွက်ဖက်မှုများကို တားမြစ်ဖို့ အချိန်မြစ်ကြောင်းကို ပိတ်ဆို့ထားဖို့သာ လိုအပ်၏။ ထိုအခါ ကစားပွဲက ပြီးဆုံးသွားလိမ့်မည်။
အဲ့ဒါဆိုတော့ အဲ့ဒီအချိန်ဆက်နွယ်မှုတွေက ဘာတွေလဲ....
ကောင်းကင်စာအုပ်က သူ့ဘာသာသူ မေးလိုက်သည်။ ဤသည်က သူ တွေးဖူးသည့် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ တကယ်တော့ သူသည် ထိုမေးခွန်းကို မေးခဲ့ဖူးသည့် အကြိမ်အရေကိုပင် မရေတွက်နိုင်တော့ပေ။
ထူးကဲသာလွန်မှုတစ်ပိုင်း အဆင့်တွေက ကာလံဒေသံကို ကျော်လွန်သွားပြီ။ အဲထက်ပိုပြီး အားကောင်းတဲ့သူက ဘာလို့ မကျော်လွန်နိုင်ရမှာလဲ...
ထိုအရာ၏ နောက်ကွယ်က အရှုပ်အထွေးအားလုံး၏ တကယ့်ဆုလာဒ် ရှိနေနိုင်သည်။
သူက တွက်ချက်မှုများ၊ ကောက်ချက်ချမှုနှင့် သုံးသပ်ချက်များစွာကို ပြုလုပ်ခဲ့ဖူး၏။ သူရရှိသည့် အဖြေကမူ အဓိပ္ပာယ်မရှိလှပေ။ နောက်ဆုံးတွင် နှမြောစရာကောင်းလှစွာဖြင့် မှန်ကန်သည့် အဖြေကို မရှာနိုင်ခဲ့ပေ။
ကောင်းကင်စာအုပ်စံပြက သူ့စာအုပ်ကို ကြည့်ရင်း သူသည် ကမ္ဘာတချို့ကို စတေးပြီး ဖြစ်စဉ်ကို အရှိန်မြှင့်တင်နိုင်မလားဟု စဉ်းစားနေမိသည်။ သူသည် လက်ခံရရှိသည့် သတင်းများနှင့် မပျော်ပေ။
တကယ်လို့ ငါသာ လှုပ်ရှားလိုက်ရင် ကိစ္စတွေအားလုံးက ထိန်းချုပ်မှု လွတ်ကင်းသွားလိမ့်မယ်...
ကမ္ဘာဦးဟွင်သွမ်းသည် အလုံးစုံသိမြင် ပကတိဘုံကျောင်းက ဂမ္ဘီရအကြောင်း ထုတ်လွှင့်လာကတည်းက မငြိမ်းအေးတော့သည့်အတွက် ဖရိုဖရဲ လက္ခဏာများကို မြင်တွေ့နေရပြီ ဖြစ်သည်။ သို့သော်လည်း အခြေအနေက အစောပိုင်းအဆင့်မျှသာ ရှိနေသေး၏။ အကယ်၍ သူသာ ကမ္ဘာများကို ဖျက်ဆီးပစ်လိုက်လျှင် လူများစွာက သူ့အပြုအမူကို သတိထားမိလာလိမ့်မည်။
ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုက ငါ့အတွက် အရေးသာချက် ရှိတယ်။ အဲ့ဒါဆိုတော့ ဖရိုဖရဲဖြစ်မှုကို အရှိန်မြှင့်တင်ဖို့ မလိုဘူး။ ငါ လုပ်ဖို့ လိုတာက မဟာတာအိုသားတော်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ယူရမလား။ ဒါမှမဟုတ်ဘူးဆိုရင် သူ့ဆီမှာ အခွင့်အရေးရအောင် ချန်ထားပေးရမလားဆိုတာပဲ...
ကောင်းကင်စာအုပ်က လက်ရှိ မဟာတာအိုနှင့် ပူးပေါင်းသည့် ဆက်ဆံရေး ရှိနေလေသည်။ ဤသို့သော အပြုအမူမျိုးက သူတို့၏ မတည်ရှိလုနီးပါး ယုံကြည်မှုကို ဖျက်ဆီးပစ်နိုင်၏။
ငါက ဘာလို့ တုံ့ဆိုင်းနေရမှာလဲ။
သူ့အစီအစဉ်က အင်မတန် အန္တရာယ်များလှသည်။ သူ ကျရှုံးသွားခဲ့လျှင် သေခြင်းတရားက စောင့်ကြိုနေလိမ့်မည်။ သူက ဝမ်ဝေ့လက်ထဲတွင် ဖြစ်စေ၊ မဟာတာအို လက်ထဲတွင်ဖြစ်စေ သေဆုံးသွားရမည်သာ ဖြစ်၏။ ထို့ကြောင့် သူက ဘယ်သူ့ကိုဖြစ်ဖြစ် ရန်စဖို့ရာ စိတ်ထဲ ထည့်မတွက်ခြင်း ဖြစ်သည်။
အကုန်ပုံအောရင် ပုံအော ဒါမှမဟုတ် လက်ရှောင် … အလယ်အလတ်လမ်းစဉ်ဆိုတာ မရှိဘူး
ဒါက ငါ့ရဲ့ ဆောင်ပုဒ်ဖြစ်ခဲ့တာ မဟုတ်ဘူးလား။
သူက သူ့ကိုယ်ပွားတစ်ယောက်ကို ကမ္ဘာတချို့ဆီ သွားကာ သူ လိုအပ်သည့် အရာတစ်ချို့ ယူခိုင်းခဲ့သည်။
ဘာပဲဖြစ်ဖြစ် မဟာတာအိုက ချမ်းသာပြီးတော့ သူ့ရွေးချယ်ခံသားတော်ကို လေ့ကျင့်ပေးဖို့ နည်းလမ်းအများကြီးရှိတယ်....