← Chapters

ယင်ယန် တာအိုအုတ်မြစ်

Vol. 82 Ch. 1145

ယင်ယန် တာအိုအုတ်မြစ်

Vol. 82 Ch. 1145

ဝမ်ဝေ့နှင့် ယုယန်တို့က အစိမ်းရောင် ကွင်းပြင်ထဲတွင် ခေါင်းချင်းဆိုင်လျှက် လဲလျောင်းနေကြသည်။ သူတို့၏ ခြေ‌ထောက်များက ဆန့်ကျင်ဘက်တွင် ရှိနေကြ၏။ သူတို့က ကောင်းကင်အထက် လမင်းကြီးကို ကြည့်နေကြသည်။

"ခံစားချက် ပိုကောင်းသွားပြီလား" ယုယန်ကမေးလိုက်၏။

"ဟုတ်"

"သိပ်လက်ခံချင်သေးတဲ့ပုံတော့ ‌မပေါ်ဘူးပဲ"

"အခု ကျွန်တော် လိုချင်တယ်ဆိုရင် အိပ်လို့လည်း ရပြီ … ပြုံးလို့လည်ရပြီ။ အဲဆိုတော့ ပိုပြီး ခံစားချက်ကောင်းလာတယ်လို့ပဲ ပြောရမှာပေါ့" ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

"ဒါက တိုးတက်မှုပဲ။ ဘဝဆိုတာက အတက်အကျတွေနဲ့ပြည့်နေတာ။ ဒီအတွေ့အကြုံက အတက်အကျတွေထဲက တစ်ခုပါပဲ" သူမက သူ့ကို ဖျောင်းဖျလိုက်သည်။

"အဖေနဲ့ အဘိုးရော ဘယ်လိုလဲ"

"မင်းရဲ့အဖေက နဝမ အဆုံးအစွန်အုတ်မြစ်ကို ရောက်ပြီးတော့ စိတ်အခြေအနေ ကောင်းနေတယ်လေ"

"သူက ဒသမသာလွန် အုတ်မြစ်ကိုရော မစမ်းဘူးလား"

"အခုတော့ မဟုတ်သေးဘူး။ အခု အမေတို့ နှစ်ယောက်သား အချိန်အတူတူ ကုန်ဆုံးနေကြတာ"

"တစ်ဦးဘေးမှာ တစ်ဦးရှိတာ ကောင်းတာပေါ့။ အမေ အိမ်ပြန်လာချင်ပြီလား"

"မပြန်သေးပါဘူး။ ပြဿနာတွေ မဖြစ်အောင် ဆက်ဟန်ဆောင်နေတာပဲ ကောင်းတယ်" ယုယန်က ရှင်းပြလိုက်သည်။

"ပြီးတော့အိမ်မှာ အစ်မနဲ့ အချိန်ဖြုန်းရတာလည်း မဆိုးပါဘူး... မင်းအဖေနဲ့ တစ်ခါတလေ ဝေးကွာသွားတာက စိတ်ခံစားချက်တွေကို ပိုဆန်းသစ်စေတယ်လေ "

"အင်း သတင်းအချက်အလက်တွေ များလိုက်တာ"

"မင်းက အရွယ်ရောက်ပြီးသား လူဆိုတော့ ဘာများ ရှက်နေတာတုန်း..."

"ကျွန်တော်က ဘယ်လောက်ပဲအသက်ကြီးကြီး ‌အမေရဲ့ လိင်မှုဘဝအကြောင်းကိုတော့ မသိချင်ဘူးလေ" ဝမ်ဝေ့က ဖြတ်ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော် ဘယ်လောက်ပဲအသက်ကြီးကြီး အမေ့ရဲ့ ကောင်ငယ်လေးပဲ ဖြစ်နေအုံးမှာဆို။ အခုကျ ရုတ်တရက် ကျွန်တော်က အရွယ်ရောက်သွားပြီတဲ့လား"

ယုယန်က ရယ်မောလိုက်သည်။

"အဖိုးကရော သီးသန့်ကျင့်ကြံရေးကနေ ထွက်လာပြီလား"

"အင်းသူက မတက်လှမ်းခင်မင်းကို နောက်ဆုံးတစ်ကြိမ် တွေ့ချင်နေတယ်"

ဝမ်ဝေ့က ငြီးတွားလိုက်သည်။

"တစ်ခုခုများ မှားလို့လား"

"ဒီအဖြစ်အပျက်အပြီးမှာ အစစ်အမှန်ကောင်းကင်တာအိုနဲ့ ဆက်ဆံရေးကို မဆုံးဖြတ်ရသေးတော့ ဘာမှမဖြစ်အောင် သူ ခဏအချိန်ဆွဲထားသင့်တယ်လို့ ထင်တယ်"

ယုယန်က မျက်မှောင်ကြုတ်လိုက်၏။

"ဒီတစ်ခေါက်တော့ မင်းစကားကို နားထောင်လိမ့်မယ်လို့ မထင်ဘူး"

"ဘာလို့ အဲ့လို ပြောရတာလဲ"

"သူ့ကြည့်ရတာ တာအိုနှလုံးသားကို ပြုပြင်ပြီးတော့ ပြန်လည်ဝင်စားခြင်းကို စတင်ဖို့ ဆုံးဖြတ်ပြီးသွားတဲ့ပုံပဲ။ အခုတစ်လော သူ့အပြုအမူတွေကဆိုရင် ထပ်ပြီး အချိန်ဆွဲထားလို့ ရမယ်မထင်ဘူး"

"ဒီလိုဆိုရင်တော့ ကျွန်တော့်ကို တွေ့ခွင့်မပေးတာ ကောင်းလိမ့်မယ်"

"ဟူး " ယုယန်က သူ့ယောက္ခမသည် မည်မျှခေါင်းမာကြောင်း သိထားသောကြောင့် ထိုသူသည် သူမသားစကားကို နားထောင်မည် မဟုတ်ပေ။ သို့သော်လည်း နှုတ်ဆက်စကားပြောဘဲ ထွက်ခွာသွားမည့်သူ မဟုတ်ပေ။

ဝမ်ဝေ့က ပုခုံးတွန့်လိုက်၏။ ဤသည်က ထိုလူအိုကြီးခေါင်းမာသည်ကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။

"ဒါနဲ့ အမေ့ရဲ့ အုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော့်အကူအညီ လိုသေးလား"

သူ့အမေသည် ဤမျိုးဆက်ရှိ ဧကရာဇ်အများစုကဲ့သို့ ကန့်သတ်ချက် ချဉ်းကပ်လာပြီဖြစ်ကြောင်း ပြောနိုင်လေသည်။

"အမေ့ဘာသာ အမေ လုပ်လိုက်မယ်။ ဒါပေမဲ့ အမေ့ကို ဒီတစ်ခုတော့ ကူညီပေးရဦးမယ်" သူမက သတင်းအချက်အလက် ပါဝင်နေသည့် အဆောင်တစ်ခုကို ပေးလိုက်သည်။

"ယင်ယန် ကျင့်စဉ်လား။ တကယ်ကြီးလား" သူက ရှုံ့မဲ့သွား၏။

"ခေါင်းစဉ်ကိုပဲ အာရုံစိုက်မနေနဲ့။ ရည်ရွယ်ချက်ကိုကြည့်"

ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီး ကိစ္စတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူ့အကြည့်များက တောက်ပလာ၏။

"စိတ်ဝင်စားရာပဲ။ ယင်ယန်နှစ်ကိုယ်တူ ကျင့်စဉ်ကို အဖေ့ရဲ့အကူအညီနဲ့ ဒသမသာလွန် အုတ်မြစ်ရအောင် လုပ်ချင်တာလား"

"အင်း … လော့ချန် တာအိုသက်သေပြပြီးကတည်းက အဲ့လိုလုပ်ဖို့ တွေးခဲ့မိပြီးတော့ ယင်ယန်အချစ်ပန်းပွင့်အကြောင်းကို လေ့လာခဲ့တာ။ ဘယ်လိုထင်လဲ။ ဖြစ်နိုင်တယ် ထင်လား"

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။

"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိစ္စတချို့တော့ လိုအပ်လိမ့်မယ်။ ပထမဦးဆုံး အမေ့ရဲ့အုတ်မြစ် ပြန်လည်ဖွဲ့စည်းနေတုန်း နဝမ အဆုံးအစွန်အုတ်မြစ်ကို ရောက်ထားတာ အကောင်းဆုံးပဲ။ တကယ်လို့ အမေ့ရဲ့ အုတ်မြစ်က အရမ်းအလှမ်းကွာနေတယ်ဆိုရင် ယင်ယန်အချစ်ပန်းပွင့်အတွက်တောင် လုပ်ဖြစ်မှာ မဟုတ်ဘူး"

"အဲဒါကိုတော့ မှန်းဆမိပါတယ်" ယုယန်က ခေါင်းညိတ်လိုက်သည်။

"ဒုတိယအနေနဲ့ဆိုရင် အမေ့အနေနဲ့ ယင်ယန်အချစ်ပန်းပွင့်လိုမျိုး တူညီတဲ့အရာကို ကြားခံနယ်အဖြစ် လိုအပ်လိမ့်မယ်။ မဟုတ်သေးဘူး အဲဒီပန်းပွင့်ကို သုံးတာတော့ အကောင်းဆုံးပဲ"

"အင်း အဲဒါကိုတော့ နည်းနည်းစိုးထိတ်မိတယ်" ယုယန်က သက်ပြင်းချလိုက်သည်။ အရူးအမူး စွဲလမ်းပန်းက ပြင်းထန်လွန်းသည်ဟု မှတ်ယူလို့ရသည့် ကြီးထွားရာ ပတ်ဝန်းကျင်အခြေအနေမျိုး လိုအပ်သည့် ရှားပါးဆေးပင်တစ်ခု ဖြစ်ပေသည်။

လော့ချန်က တစ်ခုရရှိခဲ့သည်မှာ ကံကောင်းလှ၏။ ပြောရလျှင် ဝမ်ဝေ့၏ ကံကောင်းမှုက သူ့နှင့် ရစ်ပတ်သွားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူသည် ထိုအရာကို ရရှိနိုင်မည် မဟုတ်ပေ။

"ဒိုင်မေးရှင်းအနိမ့်မှာ ရှိသေးလားဆိုတာ စစ်ဆေးကြည့်လိုက်မယ်" ဝမ်ဝေ့က အကြံပြုပြီးသည့်နောက်တွင် အဆုံးမဲ့လေဟာနယ်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။

"တစ်ခု တွေ့ပြီ။ ဒါပေမဲ့ အစောပိုင်းအခြေအနေပဲ ရှိသေးတယ်။ ပွင့်ဖို့တော့ အချိန်ကြာဦးမယ်"

"ကိစ္စမရှိဘူး။ အမေ့ဆီမှာ အချိန်ကလွဲပြီး ဘာမှမရှိဘူး" ယုယန်က ပြုံးကာပြောလိုက်သည်။ သူမသာ ထိုအရာကို ရရှိသည်နှင့် အရာအားလုံးက ကိစ္စမရှိတော့ပေ။

"ဒါနဲ့ ကျွန်တော့ဆီမှာ ပိုပြီးကောင်းတဲ့ အကြံတစ်ခု ရှိတယ်။ အခု ဝမ်ချီကို နောက်တစ်သုတ် ပို့ခိုင်းတော့မှာဆိုတော့ သူ့ကို ယူခိုင်းလို့ရလောက်တယ်။ ပြီးပြည့်စုံတဲ့ ယင်ယန်ပန်းပွင့်ပေါ့" ဝမ်ဝေ့က ပြောလိုက်သည်။

"တကယ်လို့ အဲဒါက အလုပ် မဖြစ်ဘူးဆိုရင် အရင်းအမြစ်ချီ နေရာလွတ်ထဲက ပန်းပွင့်ရဲ့ ဖြစ်စဉ်ကို အရှိန်မြင့်တင်ပေးနိုင်တဲ့ ထူးကဲချီ တချို့ ရှာပေးမယ်။ ခဏနေပါဦး … ဘာလို့မစဉ်းစားမိခဲ့ပါလိမ့်။ ကျွန်တော်က အမေ့ရဲ့ ကျင့်စဉ်ကို ကူညီပေးဖို့ ချီတချို့ကို ရှာပေးရုံပဲလေ။ အဲဒါဆိုရင် တာအိုအုတ်မြစ်အတွက် အထောက်အကူ ဖြစ်လာလိမ့်မယ်"

"အမြဲတမ်း အားကိုးလို့ရတာပဲ" ယုယန်ကပြုံးကာ ပြောလိုက်သည်။ သို့သော် စိတ်ထဲ၌မူ သူမက မ‌ပျော်ပေ။ သူမက တာအိုသက်သေပြပြီးသည့်နောက်တွင် သားဖြစ်သူကို များစွာကူညီပေးနိုင်လိမ့်မည်ဟု ထင်ထားမိခဲ့သော်လည်း ကိစ္စများက သူမ လိုချင်သလို ဖြစ်မလာခဲ့ပေ။

ဝမ်ဝေ့က သူ့အမေ၏ ခံစားချက်များကို သတိမထားမိခဲ့ပေ။

သူက ဆက်ပြောလိုက်၏။

"အမေ နောက်ဆုံး လုပ်ဖို့လိုတာက စမ်းသပ်ချက်အတွက်ပဲ။ မိုးမြေရဲ့ စည်းမျဉ်းတွေက အခြေခံအုတ်မြစ် ပြန်လည်တည်ဆောက်ဖို့ကို ခက်ခဲအောင် လုပ်ထားတာ။ အဲလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်မလဲ"

" အဲဒါကိုတော့ ခန့်မှန်းမိပါတယ်" ယုယန်က ပြောလိုက်သည်။ လူနှစ်ဦးကသာ ဒသမသာလွန်အုတ်မြစ်ကို ရရှိထားပြီး သူမ၏ ခင်ပွန်းဖြစ်သူက သုံ့လီဖန်း၏ သမာရိုးကျနည်းလမ်းကို ထည့်တွက်မထားလျှင် တတိယမြောက်လူ ဖြစ်လာလိမ့်မည်။

ထို့ကြောင့် သူမက ကြိုးစားကြည့်သည်နှင့် ကောင်းကင်တာအိုသည် သူမ၏ တီထွင်ဖန်တီးထားမှုတို့ကြောင့် သက်ညှာပေးလိမ့်မည်။

"မဟုတ်သေးဘူး အခြေအနေက ထင်ထားတာထက် ပိုပြီး ပြင်းထန်နိုင်တယ်။ စမ်းသပ်ချက်ဆိုတာက ယင်ယန်အပေါ် ဒါမှမဟုတ်ဘူးဆိုရင် အမေနဲ့အဖေ့ကြားက ဆက်ဆံရေးအပေါ်ကို စမ်းသပ်လိမ့်မယ်။ တကယ်လို့ တစ်ခုခုသာ မှားသွားခဲ့ရင်..."

"မစိုးရိမ်နဲ့။ အမေတို့ကြားက ချစ်ခြင်းမေတ္တာက ကောင်းကင်တာအိုလောက်နဲ့ ကျိုးပျက်သွားမဲ့အရာမျိုး မဟုတ်ဘူး" ယုယန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ သူမမှာ ယုံကြည်ချက်ရှိနေဟန်ပေါ်သည်။ သူမက စမ်းသပ်ချက်သည် ဘယ်လိုဖြစ်မလဲ ကောက်ချက်ချထားပြီးသား ဖြစ်၏။ အဓိကရည်ရွယ်ချက်က သူတို့၏ ငယ်ရွယ်စဉ်ဘဝရှိ ရုန်းကန်မှုများ ဖြစ်လိမ့်မည်။ သူတို့သည် မျိုးနွယ်၏ မျှော်လင့်ချက်များကို သယ်ပိုးထားရစဉ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက်လည်း တိုက်ခိုက်ရဦးမည် ဖြစ်၏။ သို့သော်လည်း ထိုစဉ်အခါကတည်းက ဝမ်ထျန်းသည် အရာအားလုံးကို သူမအတွက် ပေးဖို့ ပြင်ဆင်ထားခဲ့သည်။ ကံကောင်းစွာဖြင့် သူမက ပိုမိုဉာဏ်ကောင်းကာ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုအရာ မရှိလျှင်ပင် မည်သည့်အရာကကမှ သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။

"အမေတို့က ယုံကြည်ချက် ပြင်းထန်နေတာပဲ" ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။

"အမေရော ဆုံးဖြတ်ပြီးသွားပြီလား"

"ဘာကိုလဲ"

"အမေရဲ့ ၁၀ ဆင့်မြောက် ဆင့်ကဲပြောင်းလဲရေး သွေးမျိုးဆက်လေ"

"ဒါလား"

ယုယန်က ၁၀ဆင့်မြောက် ဆင့်ကဲပြောင်းလဲမှုကို ရယူထားနိုင်ခဲ့သည့်အတွက် အရေးကြီးသည့် ဆုံးဖြတ်စရာကိစ္စတစ်ခု ရှိလာသည်။ ရှေးဦးစမ်းသပ်ချက်က သူမသည် သူမဘာသာ အောင်မြင်မည်လား သို့မဟုတ် ဝမ်ဝေ့၏ လမ်းစဉ်ကို လိုက်ကာ ယုမျိုးနွယ်ကို အကျိုးမြတ်ရယူခိုင်းရမလား မစဉ်းစားရသေးပေ။ သိုသော်လည်း သူမက စမ်းသပ်ချက်အတွက် ဝမ်ဝေ့၏ အကူအညီကို လိုအပ်နေ၏။ သူမက မအောင်မြင်နိုင်သည့် အခွင့်အရေးလည်း ရှိနေသည်။ ထို့နောက် သူတို့မျိုးနွယ်သည် လူသားမကောင်းဆိုးဝါး နတ်ဘုရားမျိုးနွယ် ဖြစ်ခြင်း၏ ကံအလေးချိန်ကို တောင့်ခံနိုင်မည် မဟုတ်ကြောင်း စိုးရိမ်ရသည်။

"ဟုတ်ပြီ။ အမေ တစ်ယောက်တည်း လုပ်နိုင်မယ်လို့ထင်တယ်" ယုယန်က သက်ပြင်းချကာ ပြောလိုက်၏။

"အမေ ဂမ္ဘီရတချို့ကို စမ်းကြည့်ဖူးတယ်။ အဲဒီသွေးမျိုးဆက်ရှိရင် ကိစ္စတွေက အမေတို့အတွက် အဆုံးအသတ် ကောင်းမှာမဟုတ်ဘူး"

“အဲဒါကို သိပါတယ်။ ဒါပေမဲ့ အမေ အပြည့်အဝ လက်မလျှော့နိုင်သေးဘူးမလား"

"ဟုတ်တယ်။ ငါ့ရဲ့ကံကောင်းမှုနဲ့ ကြမ္မာကို တည်ဆောက်ပြီးဖို့ ကြံစည်ထားတာ။ အဲဆိုတော့ အမေ မတက်လှမ်းခင် အောင်မြင်မှုတချို့တော့ ရဖို့ လိုအပ်တယ်"

"အဲဒါက မလုံလောက်သေးဘူး"

"အမေ သိပါတယ်။ အဲဒါကြောင့် ဒိုင်မေးရှင့်အမြင့်က ဘိုးဘေးတွေက အသက်ရင်ရက် ရှိလားဆိုတာကို သိချင်နေတာ"

"အဲဒါက ရေရှည်စီမံကိန်းတစ်ခုပဲ" ဝမ်ဝေ့က ဝင်သတိပေးလိုက်သည်။

"ကံကောင်းတာက အမေတို့ဆီမှာ အချိန်အများကြီး ရှိနေတာပဲ"

"နောက်ထပ် အစီအစဉ်ရော ရှိသေးလား" ဝမ်ဝေ့က မေးလိုက်သည်။

"အခုကတော့ ကိုးကွယ်ရေးဂိုဏ်းတစ်ခုကို တည်ထောင်ဖို့ပေါ့" ဝမ်ဝေ့က ရှုံ့မဲ့သွားကာ အေးလိုက်သည်။

"ကိုးကွယ်ရေးဂိုဏ်းက ဘယ်လိုကူညီပေးမှာတုန်း။ ထားလိုက်ပါတော့ တခြားအကြံအဉာဏ်သာ ပြောတော့ "

"မင်းက ပျော်စရာလည်း မကောင်းဘူး။ ဒီမှာက..."

နှစ်ဦးသားက နာရီပိုင်းမျှ ခေါင်းစဉ်များစွာ ပြောဆိုခဲ့၏။

"အဖေနဲ့ အဘိုးတို့က စောင့်နေလောက်ပြီ"

"ဟုတ်တာပေါ့။ လူအိုကြီးက မင်း သူ့ကို မတွေ့ဘူးဆိုတာကို ပျော်မှာ မဟုတ်ဘူး"

"လူအိုကြီးတဲ့လား"

"သူက ဒီမှာမှ မရှိတာ။ အမေ အဲလိုခေါ်လည်း ဘယ်သူမှ ဂရုမစိုက်ပါဘူး"

"ကျွန်တော်က ပြောလိုက်မှာ မစိုးရိမ်ဘူးလား"

"မင်း အဲလိုလုပ်မယ်ဆိုရင် ကလေးဘဝတုန်းက အလိုလိုက်ခဲ့တာတွေ အကုန်လုံးက အလကား ဖြစ်သွားမှာပေါ့။ အဲလိုဆိုရင် အမေ့ရဲ့ အချစ်ရဆုံး ကလေး မဟုတ်တော့ဘူး"

"ကျွန်တော်က အမေ့ရဲ့ တစ်ဦးတည်းသော သားလေ"

"အမေ ပြောတာ အဲလိုပဲ"

ဝမ်ဝေ့က ရယ်မောလိုက်သည်။

"လူအိုကြီးသာ သံသယဖြစ်တယ်ဆိုရင် အမှန်တိုင်း ပြောလိုက်ပါ။ ဘာဖြစ်ဖြစ် ကျွန်တော် စိတ်မအေးသေးသရွေ့ သူ့ကို တွေ့ခွင့်ပေးမှာ မဟုတ်ဘူး"

"ကောင်းပြီလေ"

"အဖေ့ကို ကျွန်တော့်ကိုယ်စား နှုတ်ဆက်လိုက်ပါဦး"

ဝမ်ဝေ့က ပျောက်ကွယ်သွားပြီး ခုံရုံးဆီ ပြန်သွားလိုက်သည်။

All Chapters