← Chapters

ထည့်စရာ

Vol. 82 Ch. 1146

ထည့်စရာ

Vol. 82 Ch. 1146

ဝမ်ဝေ့က ပုလ္လင်ပေါ်တွင် ထိုင်ရင်း စက္ကန့်ပိုင်းကြာ စဉ်းစားနေသည်။ သူ့ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

"ဂိုဏ်းချုပ်"

"ဝမ်ကျူ ပြော"

"ပထမဦးဆုံး ဥက္ကဌ ထျန်းဝမ်ယန်က သေသွားပါပြီ။ ခုံရုံးက ကုန်သွယ်ရေးဗဟိုချက်ရဲ့ ပိုင်နက်ကို သိမ်းပိုက်ပြီးသွားပါပြီ"

"အင်း အဲလိုကတော့ ထင်ထားပြီးသားပါ" ထိုအမျိုးသား၏ အားစိုက်ထုတ်မှုက နောက်ဆုံးသော အားစိုက်ထုတ်မှုကလွဲ၍ ဘာမှမဟုတ်ပေ။

ထို့ကြောင့် သူက မည်သို့ပင်ဖြစ်စေကာမူ သေဆုံးဖို့ရာ ကံကြမ္မာဖန်လာခဲ့၏။

"သူက ငါတို့ဆီ ဘာလို့အညံ့မခံတာတုန်းဆိုတာကို သိပြီလား"

"သူ ချစ်ရတဲ့သူတစ်ယောက်က စစ်ပွဲအတွင်းမှာ သေဆုံးသွားပါတယ်တဲ့။ အဲဒါကြောင့်သူက ကျွန်မတို့ကို အပြစ်တင်နေတာပါ"

"အဲလိုလား" တစ်စုံတစ်ယောက်က မည်မျှပင်ဉာဏ်များစေကာမူ သူတို့သည် စိတ်ပိုင်းဆိုင်ရာ အနှောင်အဖွဲ့တချို့တော့ ရှိတတ်ကြလေသည်။

"ဘယ်သူလဲဆိုတာ... ထားလိုက်ပါတော့ ဆက်ပြော"

"ထုံရို့ပင်းရဲ့ အဆောင်နဲ့ ကျွန်မတို့တွေ အသူရာချောက်နက် အဖွဲ့ခွဲ အများစုကို နှိမ်နှင်းပြီးသွားပါပြီ။ ဒါပေမဲ့တချိူ့ကတော့ လွတ်မြောက်သွားကြတယ်"

"လွတ်မြောက်သွားတယ်တဲ့လား။ ဘယ်ကိုတုန်း"

"ချောက်နက်ကိုပါ"

"ငါတို့တွေ အဝင်ဝကိုတားပြီး စောင့်ကြည့်ထားတယ် မဟုတ်ဘူးလား"

"အဲဒီလူတွေက ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျွန်မတို့တွေ ဘယ်နည်းလမ်းကိုပဲသုံးသုံး သူတို့ကို ရှာမတွေ့နိုင်ဘူး။ အဲဒါကြောင့် သူတို့တွေက ပြန်သွားတယ်လို့ ကောက်ချက်ချလိုက်တာပါ။ အသေးစိတ်ကိုတော့ ဆက်လက်လေ့လာနေတုန်း ဆိုပေမဲ့ တိုးတက်နှုန်းကတော့ မရှိသလောက်ပါပဲ"

"ငါ သိပြီ" ဝမ်ဝေ့က အသူရာချောက်နက်ကို လှမ်းကြည့်လိုက်သည်။

အဲဆိုတော့အရင်က တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာလား။ ငါကအဲဒီဟာကို ထပ်ပြီးရင်ဆိုင်ရမှာလား...

စိတ်တိုစရာပဲ...

သူက သတိကြီးကြီးထားကာ ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာပြီးသည့်နောက်မှာ ထိုပြဿနာကို ရှင်းထုတ်ဖို့ ကြံရွယ်ထားခဲ့သည်။

"သူတို့အကြောင်း အာရုံမစိုက်နဲ့တော့" ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ အသူရာချောက်နက်က သူ့ပြဿနာသာဖြစ်သည့်အတွက် ကံကြမ္မာရေးတပ်ဖွဲ့ဝင်များက တခြားတစ်ခုကို အာရုံစိုက်သည်က ပိုမိုကောင်းလိမ့်မည်။

"နောက်ထပ် ဘာရှိသေးလဲ"

"ဂိုဏ်းချုပ်က ရွှေရောင်နတ်ဘုရားအကြောင်းကို ကြားပြီးသွားပြီလား မသိဘူး" ဝမ်ကျူက မေးလိုက်သည်။

"အဲဒါက ဘာလဲ"

"အဲဒါက လတ်တလောလေးက မြင့်တက်လာတဲ့ အင်အားစုတစ်ခုပါ"

"အင်းအားစု အသစ်တဲ့လား။ ဒီသတင်းကို တင်ပြလောက်အောင် သူတို့က အဲလောက်တောင် အရေးကြီးတာလား"

ဝမ်ကျူက သူမ၏ သခင်ဖြစ်သူကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမက ရွှေရောင်နတ်ဘုရားသည် သူမသခင်၏ နယ်ရုပ်တစ်ရုပ်ဖြစ်လိမ့်မည်ဟု သံသယတချို့ရှိနေသည်။ ထိုသူ၏ မြင့်တက်လာမှုက ရုတ်တရက်ဆန်ကာ မြန်ဆန်လွန်းလှပြီး သူ့စွမ်းအားကြီး အင်အားက တစ်နေရာမှ ထွက်ပေါ်လာခြင်း မဖြစ်နိုင်ပေ။

ကုန်သွယ်ရေးဗဟိုချက်နဲ့ စိတ်ဝိညာဥ်ဇစ်မြစ်ဂိုဏ်းတို့က ထိုသို့စွမ်းအားမျိုး ရှိသည်က အဓိပ္ပာယ်ရှိသော်လည်း ရွှေရောင်နတ်ဘုရားအတွက်မူ...

သူ့စွမ်းအားက ကြုံရာကျပန်းဆန်လွန်းသည့်အတွက် ကိစ္စတစ်ခုလုံးက ‌စီစဉ်ထားသလိုမျိုး ဖြစ်နေသည်။ သို့သော်လည်း ဂိုဏ်းချုပ်က အမှန်တရားကို မပြောလိုသည့်အတွက် သူ့အကြောင်းအရင်းနှင့် သူ ရှိရပေမည်။

"ဒီအချိန်တိုလေးအတွင်းမှာ ရွှေရောင်နတ်ဘုရားက ကမ္ဘာ့အသိုက်အဝန်း ၁၄၀၀ ကျော်ကို လွှမ်းမိုးပြီးသွားပါပြီ။ ကျွန်မတို့ထက်တောင် ပိုပြီး များပါသေးတယ်"

"တကယ်လား" ဝမ်ဝေ့က အလေးအနက် မေးလိုက်သည်။

"ဟုတ်ပါတယ်။ အဆုံးမဲ့လေဟာနယ်က အခု သုံးပိုင်းကွဲသွားပြီးတော့ ကျွန်မတို့ရယ်၊ ရွှေရောင်နတ်ဘုရားရယ်နဲ့ ဘယ်သူမှမလွှမ်းမိုးရသေးတဲ့ ကြားနေအပိုင်းရယ်ပေါ့"

"အဲလိုလား"

သူမ သခင်၏ တုံ့ပြန်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုခံစားချက်က ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် ဝမ်ကျူက ဘာမှမမေးပေ။

"ဒါက လက်ရှိ အခြေအနေပါ။ ဒီရန်သူအသစ်နဲ့ဆိုရင် ကျန်ရှိနေတဲ့ ကမ္ဘာ့အသိုက်အဝန်းတွေက သူတို့ရဲ့ စစ်တပ်စွမ်းအားကို မြင့်တင်ဖို့ ခုံရုံးကို တည်ထောင်လာကြတာကတော့ သတင်းကောင်းပါပဲ။ အဲဆိုတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က သုံးပုံနှစ်ပုံ ရောက်ပြီလို့ ပြောလို့ရတာပေါ့"

"သုံးပုံနှစ်ပုံလား"

"ရွှေရောင်နတ်ဘုရားက ခုံရုံးတည်ရှိမှုကို ခွင့်မပြုဘူး။ အဲဒီအစား သူက သူ့ကို ကိုးကွယ်တာကိုပဲ လိုချင်တာ"

"အဲဆိုတော့လည်း သုံးပုံနှစ်ပုံက သိပ်ပြီးတော့လည်း မဆိုးပါဘူး" ဝမ်ဝေ့က ခေ့ါင်းညိတ်လိုက်သည်။

"အဲဆိုတော့ ကျွန်မတို့တွေ သူ့ကို ဘာလုပ်လိုက်ရမလဲ" ဝမ်ကျူက မေးလိုက်သည်။

"အဲဒီအကြောင်း စိုးရိမ်မနေနဲ့။ ငါ ဆွေးနွေးဖို့ ခုံရုံးအစည်းအဝေး ခေါ်ရမယ်။ ပိုပြီးအရေးကြီးတာက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေရဲ့ ချဲ့ထွင်မှုက ဘယ်လိုအခြေအနေ ဖြစ်နေပြီလဲ"

"အတော်လေး အဆင်ပြေပါတယ်။ ကျွန်မတို့တွေက ဂိုဏ်းချုပ်ရဲ့ မှန်းဆချက်အတိုင်း ကိုက်ညီပါတယ်။ ကျွန်မတို့တွေ ဒိုင်မေးရှင်းအနိမ့်ကို ဖြန့်ကျက်ပြီးတာနဲ့ အရာအားလုံးက အဆင်သင့်ဖြစ်သွားမှာပါ"

"ကောင်းပြီ" ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် စည်းမျဉ်းသစ်ပင်မျိုးစေ့အား သူမထံပေးလိုက်သည်။

"ဒါကို မူလအရှင်ဆီ ပေးပြီးတော့ တစ်စုံတစ်ယောက်ကို စီစဉ်ခိုင်းလိုက်"

ဝမ်ကျူက မျိုးစေ့ကို လက်ခံပြီးသည့်နောက်တွင် ဂိုဏ်းချုပ်က ဤအသေးအဖွဲ့ကိစ္စအား သူကိုယ်တိုင် မလုပ်လိုက်တာလဲဟု စဉ်းစားနေသည်။

"ကောင်းပြီ။ သွားလို့ ရပြီ"

ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ဝမ်ကျူက ဦးညွှတ်ကာ ထွက်ခွာသွား၏။

သူမက ငါ့ကို သိလွန်းနေတာပဲ...

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤသို့သော အရည်အချင်းမျိုးက ဝမ်ကျူအတွက် ပြီးပြည့်စုံသော်လည်း ဝမ်ဝေ့၏ ပြိုင်ဘက်က သိနိုင်သည့် အားနည်းချက်တစ်ခု ဖြစ်လာနိုင်သည်။ ဝမ်ကျူက ဖမ်းဆီးခံလိုက်ရလျှင်ပင် သူအပေါ် သစ္စာဖောက်လိမ့်မည်ဟု မထင်ပေ။ သို့သော် တစ်ဖက်လူက သူမ ထုတ်မပြောလျှင်ပင် သတင်းအချက်အလက် ရရှိနိုင်သည့် နည်းလမ်းများစွာ ရှိနေသေးသည် မဟုတ်ပါလော။

အဲဒါကြောင့်မလို့ သူမက ငါနဲ့အတူတူ မတက်လှမ်းနိုင်တာပဲ...

ဒိုင်မေးရှင်းအနိမ့်က ပြီးပြည့်စုံတဲ့ကာကွယ်မှုတစ်ခုပဲ။ ငါက သူမကို ကာကွယ်ပေးလောက်အောင် အားမကောင်းသရွေ့ အထက်ဘုံကို လှမ်းခေါ်လို့ မရသေးဘူး...

ဝမ်ဝေ့က အမှန်တကယ် နှမြောဖို့ကောင်းကြောင်း ခံစားမိသည်။ သူမကို ဤသို့လုပ်ရည်ကိုင်ရည်ရှိအောင် လေ့ကျင့်ပေးထားခဲ့သည်။ ယခင်က သူသည် သူမကို ခေါ်ဆောင်မသွားလိုသည့် အကြောင်းအရင်းက သူမ၏ ပါရမီကြောင့်သာ ဖြစ်၏။ သို့သော် သူ့စွမ်းရည်ဖြင့် ကျင့်ကြံရေးပါရမီသည် ပြဿနာအနည်းဆုံး ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

"ရှင် ပြန်လာပြီပဲ"

ဝမ်ဝေ့က ရှုရှစ်ကို လှည့်ကြည့်လိုက်သည်။

"ရှင့်ကို လာပြီး ရှာသေးတယ်။ ဒီမှာ မရှိလို့လေ" သူမက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ရှင်က ဘာလို့ ကျွန်မထက် လှနေရတာတုန်း"

"ငါက မင်းထက် အမြဲတမ်းကြည့်ကောင်းတယ်လေ။ မင်းရဲ့အတ္တက ဒီအချက်ကို လက်မခံနိုင်တာ"

ရှုရှစ်က မျက်လုံးဝေ့ကာ သူ့ကို သေသေချာချာ လေလာ့ကြည့်လိုက်သည်။

"ရှင်က သွင်ပြင် ဂရုစိုက်တတ်တဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး။ ဘာတွေများ ဖြစ်ခဲ့လို့တုန်း"

"ငါကအသားအရေ ဂရုစိုက်နည်းတစ်ခုကို တွေ့ထားတာလေ"

"မျှဝေပါဦးလား"

"မင်း မတတ်နိုင်လောက်ဘူး"

"နှမြောစရာပဲ" ရှုရှစ်က သက်ပြင်းချလိုက်၏။

"ဒါပေမဲ့ အခုကျွန်မတို့တွေ ကောလဟာလတွေကို ဖိနှိပ်လို့ရမှာတောင် မဟုတ်တော့ဘူး"

ဝမ်ဝေ့က သူများသည် သူ့အပြောင်းအလဲအသစ်နှင့် ပတ်သက်ပြီး ပြောမည့်စကားများကို ကြိုတင်မြင်ယောင်နေပြီ ဖြစ်၏။

နမူနာအနေဖြင့် သူသည် နိမ့်ကျသည်ဟု ခံစားမိသည့်အတွက် သွင်ပြင်ကို ရှုရှစ်နှင့်ထိုက်တန်အောင် ပြောင်းလဲထားခြင်း ဖြစ်သည်ဟု ဆိုလိမ့်မည်။

ဤသည်က မပြင်းထန်သည့် အရာတစ်ခု ဖြစ်၏။

"အဲဒီကိစ္စတွေ မပြောစမ်းပါနဲ့"

"ဒါနဲ့ ရှင် အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်"

ရှုရှစ်က သူ့ကို ကြည့်ကာ "ကောင်းပြီ။ ရှင် အဆင်ပြေတယ်ဆိုရင် ကျွန်မတို့တွေ ရှင် ဆုံးဖြတ်ဖို့ လိုနေတဲ့ ကိစ္စအများကြီးအတွက် ခုံရုံးအစည်းအဝေး ကျင်းပဖို့ လိုတယ်။ အထူးသဖြင့် အလယ်ပိုင်းနယ်မြေက သံတမန်တွေပေါ့"

"အလယ်ပိုင်းနယ်မြေလား"

"အဆုံးမဲ့ လေဟာနယ်ရဲ့ လက်ရှိအခြေအနေကိုတော့ ရှင် သိပြီးသွားပြီမလား"

"အင်း"

"ကောင်းပြီ။ ကျွန်မတို့တွေက ကျွန်မတို့နဲ့ ရွှေရောင်နတ်ဘုရားကြားက နယ်မြေတွေကို အဲနာမည် ပေးထားတာ"

"တကယ့်ကို ရူးလောက်တဲ့ နာမည်ပဲ"

"သူတို့လူတွေက ဒီမှာ ရှိနေပြီးတော့ ရှင်နဲ့တွေ့ခွင့်တောင်းနေကြတာ"

"ကောင်းပြီလေ"ဤသို့ဖြင့် သူ့အတွေးတစ်ချက်ဖြင့် ခုံရုံး၏ ခေါင်းလောင်းသံက ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားခဲ့ကာ သုံးရက်ကြာမြင့်ပြီးသည့်နောက်တွက် ခုံရုံးအစည်းအဝေး ကျင်းပမည်ဟု သိလိုက်ကြသည်။ ထို့နောက် နှစ်ဦးသားက စကားစမည်ပြောပြီးသည့်နောက်တွင် ရှုရှစ်က ထွက်ခွာသွား၏။

"သူက အလင်းမဲ့အမှန်တရားအတွင်း ရှိနေရင်း နှစ် ၂၈၀၀၀ ကုန်ဆုံးသွားခဲ့သည့်အတွက် သူ ပျက်ကွက်နေစဉ်အတွင်း အရေးကြီးသည့် ကိစ္စတချို့ ဖြစ်ပျက်သွားခဲ့သည်။ နမူနာအနေဖြင့် လော့ချန်သည် ဤမျိုးဆက်အတွင်း ပထမဦးဆုံး ထွက်ခွာသွားသည့် ဧကရာဇ် ဖြစ်လာခဲ့သည်။ ပင်ကိုနတ်ဆိုး နတ်ဘုရားများကလည်း ဤကမ္ဘာနှင့် သဟဇာတဖြစ်နေပြီး စီစဉ်ထားသည့်အတိုင်း ပင်ကိုနတ်ဆိုးများက မြောက်ပိုင်းရှိ နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းကာ ကမ္ဘာဦးနတ်ဘုရားများကမူ လူသားအင်းအားစုနှင့် ပူးပေါင်းထားကြသည်။

နောက်ဆုံးတွင် အသင်္ချေအင်ပါယာကမ္ဘာက ဟို့ဖုန်းဟွမ်ကြောင့် အထွတ်အထိပ်သားရဲ ၅ကောင် သန့်စင်ဆေးကြောမှုကို လက်ခံရရှိလိုက်သည်။ ယခုမှစ၍ ဓာတ်၅ပါးနှင့် ယင်ယန်တို့က ပြီးပြည့်စုံသွားပြီဖြစ်ကာ ကမ္ဘာ၏ ကံကောင်းမှုကလည်း ပိုမိုသိပ်သည်းလာလေသည်။ ထို့ကြောင့် ပါရမီရှင်များစွာ မွေးထုတ်ပေးနိုင်လိမ့်မည်။

ပို၍အရေးကြီးသည်က အထွတ်အထိပ်သားရဲ ၅ကောင်သည် မြင့်မြတ်သက်ရှိများအဖြစ် မှတ်ယူနိုင်သည့်အတွက် ကျိန်စာများအပေါ် ခံနိုင်ရည် မြင့်မားလေသည်။ ထိုကောင်းချီးကြောင့် အသင်္ချေအင်ပါယာကမ္ဘာမှ မွေးဖွားလာသည့် ကလေးများက ကျိန်စာများနှင့် ပတ်သက်ပြီး အနည်းငယ် ခုခံနိုင်စွမ်း ရှိနေလိမ့်မည်။ အသင်္ချေအင်ပါယာကမ္ဘာ ကိုယ်တိုင်ပင် အလွယ်တကူ ကျိန်စာသက်ရောက်ခံရမည် မဟုတ်ပေ။

သူမရဲ့ အပြုအမူက ကောင်းကင်ဧကရာဇ် ခေတ်ကာလကို ရှည်ကြာသွားစေတာပဲ...

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူမက သူမ၏ အပြုအမူအတွက် ကုသိုလ်အမြောက်အများ ရရှိသည်မှာ မထူးဆန်းတော့ပေ။

ထို့နောက် သူက အနောက်ပိုင်းကုန်းမြေကို အာရုံစိုက်လိုက်သည်။ မိစ္ဆာကျင့်ကြံသူများက ခုံရုံး၏ ပင်မစစ်တပ်အင်အားအဖြစ် အသုံးပြုပြီးသည့်နောက်တွင် ပြန်လည်ဖွဲ့စည်းထားပြီ ဖြစ်၏။ ယခုတွင် သူတို့၏ အင်အားက နိမ့်ကျကာ မတည်ရှိလုနီးပါး ဖြစ်နေသည်။

ဘာလို့ ဒီလို အပြောင်းအလဲမျိုး ဖြစ်လာတာလဲ...

မိစ္ဆာကျင့်ကြံသူများ တည်ရှိသည်မှာ ထိုအရာက ပါရမီ မရှိသည့် လူသားများအတွက် ဖြတ်လမ်းဖြစ်နေ၍ ဖြစ်သည်။

သို့သော်လည်း ဤမျိုးဆက်အတွင်း အရင်းအမြစ်နှင့် လေ့ကျင့်ရေး နည်းလမ်းများက ပေါများလွန်းသည့်အတွက် မိစ္ဆာကျင့်ကြံသူ ဖြစ်လာဖို့ မလိုအပ်တော့ပေ။ သူတို့ကျင့်ကြံဆင့်ကို တိုးမြင့်ဖို့အတွက် အပြစ်ကင်းသည့်သူများကို အဘယ်ကြောင့် သတ်ဖြတ်နေဦးမည်နည်း။ သူတို့တွင် အရင် ကြိုးစားကြည့်စရာများစွာ ရှိနေသည်။

ထို့နောက် ကျင့်ကြံရေးစနစ် ထောင်ပေါင်းများစွာကို ရရှိထားသေးသည်လည်း မဟုတ်ပါလော။ သူတို့က မူလစနစ်တွင် ပါရမီ ကင်းမဲ့နေစေကာမူ တခြားသောစနစ်များတွင် ပါရမီကင်းမဲ့နေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိုအပြောင်းအလဲများက မိစ္ဆာတာအိုကို သိသိသာသာ အားပျော့သွားစေ၏။

အခု ကျင့်ကြံရေးကပိုပြီးတော့ လွယ်ကူလာပြီ။ အစစ်အမှန် ကောင်းကင်တာအိုက သေမျိုးတွေကို တားဆီးကန့်သတ်ဖို့ နည်းလမ်းသစ်‌တွေ ဖန်တီးပြီးလောက်ပြီ

ယခင်က အလုံခန္ဓာကိုယ်နှင့် မွေးဖွားလာသည့်သူများကသာ မူလစနစ်ကို ကျင့်ကြံနိုင်ကြသည်။ သို့သော် ယခုတွင် တစ်စုံတစ်ယောက်က ထိုသို့ပါရမီမျိုး မရှိလျှင်ပင် ကျန်းမာသည့် အရိုးနှင့်ခန္ဓာကိုယ်သာ လိုအပ်သည့် သိုင်းပညာကို လေ့ကျင့်နိုင်ပြီ ဖြစ်၏။

ရှန်းလား … ဒါက စနစ်အသစ်များလား...

[ ရှန်း - ထည့်စရာ အဓိပ္ပါယ်တစ်မျိုးပါပဲ ]

သေမျိုးများက ယခုအခါ ရှန်း ပါရှိခြင်း သို့မဟုတ် မပါရှိခြင်းဖြင့် မွေးဖွားလာကြသည်။ ရှန်း ပါရှိကြသူများက ကျင့်ကြံနိုင်ကြပြီး မရှိသည့်သူများက မည်သည့်စနစ် ဖြစ်စေကာမူ မကျင့်ကြံနိုင်ကြပေ။ အစစ်အမှန် ကောင်းကင်တာအိုသည် ဤခေတ်ကာလအတွင်း လူများအတွက် မျှော်လင့်ချက် ချန်ထားပေးသည့်အတွက် ဤစနစ်က မပြီးပြည့်စုံပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ယခင်စနစ်ကို အသုံးပြုထားပြီး ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းနေပြီးသား ဖြစ်ပါက အဆင်ပြေလိမ့်မည်။ ထိုစဉ် ဤစနစ်အသစ်က မပြီးပြည့်စုံသေးပေ။ သူတို့က မှန်ကန်သည့် အရင်းအမြစ်ကို ရှာတွေ့သရွေ့ သူတို့၏ ရှန်းကို ဖွဲ့စည်းနိုင်လိမ့်မည်ဖြစ်ကာ ယခင်က‌လောက် ရှာပါးနေခြင်းမျိုး မဟုတ်တော့ပေ‌။

All Chapters