၆ကြိမ်မြောက် ခုံရုံးအစည်းအဝေး
Vol. 82 Ch. 1147
အနောက်ပိုင်းကုန်းမြေဆီမှ အကြည့်မလွှဲခင် ဝမ်ဝေ့က ဖုန်းဟွမ်ကို စစ်ဆေးကြည့်ခဲ့သည်။ ထင်ထားသည့်အတိုင်း ထိုဘုန်းတော်ကြီးက ပထမအဆင့် ကုသိုလ်ရွှေခန္ဓာကိုယ်ကို ဖွဲ့စည်းပြီးသွားပြီ ဖြစ်၏။ ဒိုင်မေးရှင်းအနိမ့်တစ်လျှောက် ဗုဒ္ဓဘာသာဖြန့်ဝေမှုသည် ထိုအောင်မြင်မှုအတွက် ကုသိုလ်အလုံအလောက် စုစည်းနိုင်ခဲ့သည်။
သူက မတက်လှမ်းခင် ဒုတိယအဆင့်ထိ ရောက်နိုင်လောက်တယ်...
ဝမ်ဝေ့က တခြားသူများကိုပါ စစ်ဆေးကြည့်လိုက်သည်။ သတိထားမိသည့် တစ်ခုတည်းသောအရာက မျှခြေညီနန်းဆောင်နှင့် ထိုက်ယီနက်နဲမုခ်တို့က နတ်ဘုရားသဟဇာတ ကမ္ဘာကို အာရုံစိုက်လာခြင်း ဖြစ်၏။ ထိုအရာက တာအိုဘာသာ ကောင်းကင်အလိုဆန္ဒ ကမ္ဘာတစ်ခု ဖြစ်နေ၍ အဓိပ္ပါယ်တော့ ရှိပေသည်။ ဗုဒ္ဓဘာသာ မြင့်တက်လာမှုဖြင့် သူတို့က တစ်စုံတစ်ခု လုပ်ဖို့ လိုအပ်နေသည်။ မဟုတ်ပါက သူတို့သည် အားနည်းသွားနိုင်သည်။
တကယ်လို့ အန္တိမသဟဇာတသာ မရှိရင် ဗုဒ္ဓဘာသာဖြန့်ဝေမှုနဲ့ မျှခြေညီအောင် လုပ်ပေးပါတယ်...
ဝမ်ဝေ့က ခေါင်းအသာယမ်းကာ တွေးလိုက်မိသည်။
အန္တိမသဟဇာတက တာအိုဘာသာ၏ လက်ရှိအခြေအနေအတွက် မသက်ဆိုင်ကောင်း မသက်ဆိုင်သော်လည်း သူက ထိုအရာဖြင့် နက်နက်နဲနဲ ဆက်နွယ်နေသည့် အချက်ကိုမူ မပြောင်းလဲနိုင်ပေ။
ဝမ်ဝေ့က ဝမ်ချီကို ဆင့်ခေါ်လိုက်သည်။
"ဂိုဏ်းချုပ်"
"နောက်ထပ် ခရီးက ဘယ်တော့လဲ"
"သိပ်မကြာခင်ပါ"
ကမ္ဘာအများကြီးက ထိုအပေးအယူအကြောင်း အနည်းငယ် စိုးရိမ်နေသည့်အတွက် အရင်အသုတ်တွင် သူတို့က အကောင်းဆုံးကို မပို့ပေးခဲ့သည့်အတွက် သူတို့၏ အကျိုးရလဒ်က အရေအတွက်ပေါ်သာ မူတည်နေသည်။ သို့သော် ဤတစ်ကြိမ်တွင် လူများစွာက အကျိုးအမြတ်ကို သိလာသည့်အတွက် သူတို့၏ စည်းပိတ်ထားသည့် အကောင်းဆုံး ရွေးချယ်ခံတချို့ကိုပင် စေလွှတ်ဖို့ ပြင်ဆင်နေကြသည်။
"အခု သွားလိုက်တော့။ မင်း အဲဒီကိုရောက်တာနဲ့ အရူးအမူး စွဲလမ်းပန်း ဒါမှမဟုတ် ယင်ယန် အချစ်ပန်းရှိလားဆိုတာကို သေချာမေးလိုက်။ တကယ်လို့ သူတို့မှာ မရှိဘူးဆိုရင်လည်း မင်းဘာသာ မင်း ရှာခဲ့။ လိုအပ်လာရင် ဂိုဏ်းကို ဆက်သွယ်လိုက်"
"ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့။ ကျုပ်ကို အပ်ထားလိုက်ပါ"
"ကောင်းပြီ။ ငါ ကတိပေးထားတဲ့အတိုင်း ဒီကိစ္စပြီးသွားတာနဲ့ မင်းကို ထာဝရအဆင့် နေရာတစ်ခု ပေးမယ်"
ဝမ်ချီ၏ အကြည့်များက တောက်ပလာသည်။ သူ့အလုပ်က လွယ်ကူသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူ တက်လှမ်းသွားသည့်အချိန်တိုင်း အသက်ကို စွန့်စားထားရ၏။ ဒိုင်မေးရှင်းအမြင့်တွင် မတော်တဆ ဖြစ်ရပ်က အချိန်မရွေး ဖြစ်သွားနိုင်သည်ဖြစ်ရာ ဝမ်ဝေ့ပင်သူ့ကို ကယ်နိုင်မည် မဟုတ်ပေ။
ဝမ်ချီ ထွက်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ ခေါင်းဆောင်များကို ဆင့်ခေါ်လိုက်သည်။ သူက သူတို့ကို တရားဝင် မတွေ့ဆုံခဲ့ဖူးသေးသည့်အတွက် ဤသည်က သူတို့ကို ကြိုဆိုဖို့အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ဖြစ်၏။ သူက စစ်ပွဲအတွင်း ပါဝင်ဆင်နွဲမှုအတွက် သူတို့ကို ကျေးဇူးတင်ကာ ကမ္ဘာကြီးနှင့် နေသားကျလာပြီလားဟု မေးမြန်းခဲ့သည်။ အစည်းအဝေးက နာရီပိုင်းကြာ ကြာမြင့်ခဲ့ပြီး ဝမ်ဝေ့က ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ့ဦးဆောင်မှုနှင့် ဩဇာတိက္ကမတို့ကို ပြသခဲ့သည်။
သူတို့ ထွက်ခွာသွားသည့်အခါ သူက မျက်လုံးအသာမှိတ်ပြီး အစည်းအဝေးအချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ သူ့အဘိုးက သူ့ကို လာရောက်တွေ့ဖို့ ကြိုးစားနေသော်လည်း သူ့ကို ရှောင်ဖို့အတွက် လီကျွင်းဆီ ထွက်သွားလိုက်သည်။ ထို့ကြောင့် လူအိုကြီးက အခြေအနေကို ရိပ်မိလာသည့်အတွက် ယုယန်က အမှန်တရားကို ပြောပြလိုက်ရသည်။
ထင်ထားသည့်အတိုင်း သူ့အဘိုးက ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူက ဝမ်ထျန်းသာ မဖျောင်းဖျခဲ့လျှင် ခုံရုံးဆီ လာပြီး သောင်းကျန်းပစ်နိုင်သည်။
တခြားနည်းဖြင့်ပြောရလျှင် ကောင်းကင်ဧကရာဇ်ထံ သူအမေ၏ ကိစ္စဖြစ်ပျက်ပြီးသည့်နောက်တွင် မိသားစုအရေး ကိစ္စတစ်ခု ပေါ်ထွက်လာနိုင်သည်။
အစည်းအဝေးအချိန်အခါက ကျရောက်လာပြီဖြစ်ကာ အားလုံးက အချိန်မီ ရောက်ရှိလာကြသည်။ ဖုန်းဟွမ်ပင် ပုံရိပ်ယောင်စေလွှတ်၍ အစည်းအဝေး တက်ရောက်လာ၏။ အားလုံးက ဝမ်ဝေ့၏ သွင်ပြင်ကို သတိထားမိကာ အတင်းတုပ်လိုသည့်ဆန္ဒကို မဖုံးကွယ်နိုင်ကြတော့ပေ။
ဝမ်ဝေ့က လက်ကိုမြောက်ကာ ထိုသူများ စကားပြောနေသည်ကို တားဆီးလိုက်၏။
“ကျူပ်တို့ဆီမှာ လုပ်စရာတွေ အများကြီးရှိတယ်။ အခု လိုရင်းကိစ္စကိုပဲ ပြောရအောင်။ အရေးကြီးဆုံးကနေ စလိုက်ကြရအောင်။ သံတမန်တွေက ဘယ်မှာလဲ”
အညိုရောင်ဆံပင်အရှည်နှင့် ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦးက လူငါးဦး အဖွဲ့ကို ဦးဆောင်လျှက် လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လာသည်။
“ကျွန်မက ဟွားလုံပါ။ အလယ်ပိုင်းနယ်မြေ မဟာမိတ်ကိုယ်စား သူတော်ကောင်း ကောင်းကင်ဧကရာဇ်ကို ဂါဝရပြုပါတယ်”
သူမက အလေးအနက် ဦးညွှတ်လိုက်စဉ် တခြားသူများကလည်း လိုက်လံနှုတ်ဆက်လိုက်ကြသည်။
“သူတော်ကောင်း ကောင်းကင်ဧကရာဇ်တဲ့လား။ ဒါက တစ်ခါမှ မကြားဖူးတဲ့ နာမည်ပဲ”
“အရှင့်ကို လူတွေက ပထမကောင်းကင်ဧကရာဇ်လို့ မခေါ်ဘဲနဲ့ ဒီဂုဏ်ပုဒ်အသစ်ကို ခေါ်ဝေါ်နေကြတာပါ” အမတ်တစ်ယောက်က ရှင်းပြလိုက်သည်။
“အဲလိုလား။ ဒါနဲ့သူတို့က ငါ့ကို အထွတ်အထိပ် ကောင်းကင်ဧကရာဇ်လို့ ဘာလို့မခေါ်ရတာလဲ။ အဲဒါက ပိုပြီးတော့တောင် သင့်တော်ဦးမယ်”
မည်သူကမှ ပြန်မဖြေကြပေ။ လူတချို့ကမူ နေရခက်စွာ အချင်းချင်း ကြည့်လိုက်ကြ၏။
“ငါ သိပြီ။ ဒီနာမည်က အရမ်းကို လွှမ်းမိုးအားကြီးတော့ လူတချို့က သဘောမကျကြဘူး။ အဲဒါကြောင့် သူတော်ကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်ပြီးတော့ ငါ့ကို ဒီဂုဏ်ပုဒ်အောက်မှာ ကိုက်ညီအောင် ပြုမူဖို့ ကန့်သတ်လိုက်တာပဲ။ ငါ မလုပ်ရင် ငါ့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးဖို့ အကျိုးသင့်အကြောင်းသင့် အကြောင်းပြချက် ရသွားတာပေါ့။ အဲဒီနာမည်ကို ပေးတဲ့သူက ဧကရာဇ်တွေကို ထိန်းချုပ်ဖို့ ကျင့်ဝတ်တွေကို အသုံးပြုလေ့ရှိတဲ့ ပညာသင်သားပဲ ဖြစ်ရမယ်”
ဟွားလုံက တည်ငြိမ်နေသော်လည်း သူမ ခေါ်ဆောင်လာသည့်သူအားလုံးကမူ ဤသို့သော လေထုမျိုးအောက်တွင် တည်ငြိမ်နေခြင်း မရှိတော့ပေ။ တချို့က မျက်နှာများ နီရဲလာကြ၏။
ထိုစဉ် အမတ်တချို့က ထိုသံတမန်များကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်ကြသည်။ သူတို့က သူတို့၏ခေါင်းဆောင်သည် မည်သို့လူစားမျိုးဖြစ်ကြောင်း သိထားလေ၏။ သူတို့က ဤအမျိုးသားကို ကျင့်ဝတ်များဖြင့် ထိန်းချုပ်နိုင်သည်ဟု စဉ်းစားနေလျှင် အကြီးမားဆုံး ပြက်လုံးတစ်ခု ဖြစ်သွားလိမ့်မည်။
“အဲဆိုတော့ အဲဒီပညာသင်သားက ဘယ်သူလဲ” ဝမ်ဝေ့က သံတမန်များကို ကြည့်ကာ မေးလိုက်သည်။ သို့သော်သူ့စိတ်ထဲ တစ်စုံတစ်ခု ဝင်ရောက်လာ၏။
“ထားလိုက်ပါတော့။ အဲဒီလူက ငါ သူ့နာမည်ကို မှတ်မိလောက်အောင် အရေးမပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ ဒီနာမည်ကို သဘောကျတယ်။ ဒီလိုအချိန်အခါမျိုးမှာတော့ သင့်တော်တာပေါ့”
ဒီလူက စည်းမျဉ်းတွေ လိုက်နာတဲ့သူမျိုးတော့မဟုတ်ဘူး…
ဟွားလုံက တွေးလိုက်မိသည်။
သူက သူ့အကျိုးအမြတ်အတွက် ဒီဂုဏ်ပုဒ်ကို အသုံးပြုနိုင်တယ်ဆိုပေမဲ့ လိုအပ်လာတဲ့အခါမှာ စွန့်ပစ်ပြီးတော့ အာဏာရှင်တစ်ယောက်လည်း ဖြစ်လာနိုင်တယ်။ နည်းနည်းလေးမှ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး…
“ဒါနဲ့ဘာလို့များ တွေ့ဖို့ ရောက်လာတာလဲ” ဝမ်ဝေ့ကမေးလိုက်သည်။
စိတ်ခံစားချက်၊ တာဝန်တွေက ဒီအမျိုးသားပေါ်မှာ အလုပ်ဖြစ်မှာမဟုတ်ဘူး…
ဟွားလုံက တွေးလိုက်မိသည်။
အကျိုးအမြတ်ကပဲ အလုပ်ဖြစ်လိမ့်မယ်…
သူမက ဤအစည်းအဝေးတွင် နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။
“ရွှေရောင်နတ်ဘုရားက ကျွန်မတို့ရဲ့ ပိုင်နက်ကို ချဉ်းကပ်လာပါပြီ။ အရှင်တစ်ယောက်တည်းကပဲ သူ့ကို တားနိုင်တဲ့ စွမ်းအားမျိုး ရှိတယ်ဆိုတာကို သိထားပါတယ်။ အဲဒါကြောင့် အရှင့်ရဲ့အမွေအနှစ်အတွက် ဒီကိစ္စထဲ ဝင်ရောက်စွက်ဖက်ဖို့ တောင်းဆိုတာပါ”
“ငါ့ရဲ့ အမွေအနှစ်အတွက်တဲ့လား။ စိတ်ဝင်စားစရာကောင်းတဲ့ စကားသုံးနှုန်း ရွေးချယ်ပုံပဲ” ဝမ်ဝေ့က ရယ်မောလိုက်သည်။
“ငါလည်း သိချင်မိသား။ မင်းတို့ရဲ့ မဟာမိတ်မှာ ကမ္ဘာ့အသိုက်အဝန်း ဘယ်လောက် ရှိလဲ”
သူက ချက်ချင်း အဖြေပြန်မပေးသေးဘဲ မေးလိုက်သည်။
“၅၃၈ ခုပါ။ ဒါပေမဲ့ ကျွန်မတို့တွေက သူတို့သာ တောင်းဆိုသရွေ့ မဟာမိတ် မဟုတ်တဲ့ အဖွဲ့သားတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်”
“အရွယ်အစားက အတော်လေးကြီးတာပဲ။ မင်းတို့ဆီမှာ ခေါင်းဆောင်တော့ ရှိမှာပေါ့။ မဟုတ်ဘူးဆိုရင် ကွဲပြားတဲ့ အုပ်ချုပ်ရေးစနစ်များ ရှိတာလား”
“ကျွန်မတို့ဆီမှာ မဟာမိတ်ခေါင်းဆောင် ရှိပါတယ်။ သူမရဲ့ နာမည်က နယ်ရှင်စည်းတံဆိပ်ဧကရီလို့ ခေါ်ပါတယ်”
“စည်းတံဆိပ်တာအိုတဲ့လား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သူမက ကမ္ဘာ့အသိုက်အဝန်းအများကြီးကို ဖျောင်းဖျနိုင်မှာပေါ့”
“ဟုတ်ပါတယ်။ သူမသာ မပါရင် အခြေအနေက ပိုပြီးတော့ ဆိုးဝါးသွားနိုင်ပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ပြောစမ်းပါဦး။ မင်းတို့ရဲ့ အစီအစဉ်က ဘယ်လိုလဲ”
ဟွားလုံက သက်ပြင်းချလိုက်သည်။
“ကျွန်မတို့တွေက အိမ်မက်လောကတဆင့် ဆက်သွယ်ရေးတည်ထောင်ပြီးတော့ ဒီခြိမ်းခြောက်မှုကို သုတ်သင်ပစ်ဖို့ ရည်ရွယ်တာပါ။ ကျွန်မတို့တွေ စွမ်းအားတွေ အကုန်ပေါင်းလိုက်ရင် ရွှေရောင်နတ်ဘုရားက အခွင့်အရေး ရလာမှာ မဟုတ်ပါဘူး။ အဲဒီအခါကျရင် သူ ကျွန်ပြုထားတဲ့သူတွေကိုလည်း လွတ်မြောက်အောင် လုပ်ပေးနိုင်လိမ့်မယ်”
“အဲဆိုတော့ ငါကရော”
တဲ့တိုးဆန်လိုက်တာ…
ဟွားလုံက တွေးလိုက်မိသည်။
“ကျွန်မတို့တွေက အရှင့်ရဲ့ အင်အားကို မှီခိုရမယ်ဆိုတာကို သိပါတယ်။ အဲဒါကြောင့် အကျိုးအမြတ်များဆုံး ပေးဖို့ ပြင်ဆင်ထားပါတယ်”
“မင်းတို့တွေက အားစိုက်ထုတ်မှု အနည်းဆုံးလုပ်ပြီးတော့ အကျိုးအမြတ် လိုချင်သေးတယ်ဆိုတဲ့စကားကို လှလှလေးပြောလိုက်တာပဲ”
“အဲလို မဟုတ်ပါဘူး။ ဒါက ကျွန်မတို့ရဲ့ ဆိုရင်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က…”
“ကောင်းပြီ။ အခြေအနေတွေကို ဘယ်လိုဖြစ်သွားမလည်းဆိုတာကို ရှင်းပြနေဖို့ မလို့တော့ဘူး။ မင်းတို့ရဲ့ အလယ်ပိုင်းနယ်မြေ မဟာမိတ်က အဖွဲ့သုံးဖွဲ့ထဲမှား အားအနည်းဆုံးပဲ။ အဲဒါဆိုတော့ နောက်အဆင့်က ငါနဲ့ ရွှေရောင်နတ်ဘုရားတို့က မင်းတို့ကို ဝါးမြိုပြီး ငါတို့ထဲက တစ်ယောက် ရပ်တည်နိုင်တဲ့အထိ စောင့်ရုံပဲ။ အဲဒီအချိန်ကျရင် ဒိုင်မေးရှင်းအနိမ့်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်”
အခန်းက တိတ်ဆိတ်သွားခဲ့သည်။ တခြားသော သံမတန်များကလည်း အမူအရာ ပျက်ယွင်းသွားကြ၏။ သို့သော် ဟွားလုံက တည်ငြိမ်နေလျှက် ရှိသည်။
အခြေအနေဆိုးတော့ ဖြစ်လာပြီ…
ကောင်းကင်ဧကရာဇ်က မည်သို့လူစားမျိုးဖြစ်ကြောင်း သုံးသပ်ပြီးသည့်နောက်တွင် သူမက ဤဦးတည်ချက်သို့ ရောက်လာလိမ့်မည်ဟု ခံစားနေမိခဲ့သည်။ သို့သော် သူက ဤမျှ တဲ့တိုးဆန်လိမ့်မည်ဟု ထင်မှတ်မထားပေ။
“ဒါက အကောင်းဆုံး ရွေးချယ်မှုမဟုတ်ဘူးလို့ ထင်တယ်”
“ဘာကြောင့်များလဲ”
“အရှင့်ရဲ့ ရည်မှန်းချက်က ကောင်းကင်ခုံရုံးတွေကို ဖြန့်ဝေဖို့လို့ နားလည်ထားပါတယ်။ ဒါပေမဲ့ ရွှေရောင်နတ်ဘုရားကတော့ သူ အုပ်စိုးတဲ့ကမ္ဘာတိုင်းက ကောင်းကင်ခုံရုံးတွေကို ဖျက်ဆီးပစ်တယ်။ တကယ်လို့ အရှင်သာ ဒီချဉ်းကပ်မှုမျိုးကို လုပ်မယ်ဆိုရင် ကမ္ဘာများစွာကို ဆုံးရှုံးသွားပြီးတော့ အစကနေ ပြန်စတင်ရလိမ့်မယ်။ အဲဒါတောင် အရှင်က နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်မယ်ဆိုပြီးတော့ တွက်ဆထားတဲ့ အခြေအနေမှာပါ”
“ဟား ဟား ဟား။ မင်းက ငါ့အကူအညီလည်း လိုချင်သေးတယ်။ ငါ့ရဲ့ အင်အားကိုလည်း သံသယဖြစ်သေးတယ်”
“အဲလို မဟုတ်ပါဘူး။ ကျွန်မက ဖြစ်နိုင်ချေကိုပဲ ပြောပြရုံပါ”
ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။
“မင်းရဲ့ ငြင်းခုံမှုက ထင်ထားသလောက် အကျိုးအမြတ် မရှိဘူး။ ငါက အချိန်ရှိတယ်။ အဲဆိုတော့ အချိန်ဖြုန်းဖို့လည်း ဂရုမစိုက်ဘူး။ အထူးသဖြင့် အချိန်ကြာကြာဆွဲလေလေ ငါ့ဘက်က အကျိုးအမြတ် ပိုများလေလေ အခြေအနေမျိုးမှာပေါ့”
“အရှင်…”
“အဲဒီအစား ငါ့ရဲ့အကြံပြုချက်ကို နားထောင်လိုက်”
ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“မင်းတို့ရဲ့ မဟာမိတ်က ငါတို့ဆီ အညံ့ခံလိုက်”
“မရပါဘူး။ အဲလိုက လုံးဝမဖြစ်သင့်ဘူး” သံတမန်တစ်ယောက်က ဝင်ပြောလိုက်သည်။ ထိုစဉ် ဟွားလုံက ထိုသူ့ကိုအေးစက်စက် ကြည့်လာလေသည်။
“ငါက ကုန်သွယ်ရေးဗဟိုချက်ရဲ့ လက်ကျန်တွေကို ဘယ်လိုဆက်ဆံလဲဆိုတာကိုလည်း တွေ့တာပဲ။ အဲဒီကမ္ဘာတွေက ဘယ်လောက်ထိ စည်ပင်ကြွယ်ဝလာတယ်ဆိုတာကိုလည်း မြင်နိုင်တာပဲ။ ငါ့ကို တော်လှန်ရဲတဲ့သူတွေကိုတော့ ပြစ်ဒဏ် ပေးတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“မင်းတို့လူတွေ အညံ့ခံမယ်ဆိုရင် မင်းတို့ရဲ့ အကျိုးအမြတ်က သူတို့နဲ့ အရမ်းကို ကွာခြားနေလိမ့်မယ်။ အနည်းဆုံး ကမ္ဘာ ၅၀၀ကို တစ်ခါတည်းပေးတဲ့အတွက် အကျိုးအမြတ် ၂၀ ရာခိုင်နှုန်းပေးဖို့ အာမခံနိုင်တယ်”
“တကယ်လို့ ကျွန်မတို့ဘက်က မလိုလားရင်ရော” ဟွားလုံက ခေတ္တမျှ တွေးတောပြီးသည့်နောက်တွင် ပြောလိုက်သည်။
“အဲဆိုရင်တော့ တိုက်ပွဲနဲ့ပဲ မင်းတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ကြတာပေါ့”