← Chapters

ချစ်လည်းချစ်သလို မုန်းလည်းမုန်းမိတယ်

Vol. 59 Ch. 873

ချစ်လည်းချစ်သလို မုန်းလည်းမုန်းမိတယ်

Vol. 59 Ch. 873

“ နောက်ပြန်လှည့်နေတယ်..”

ဝူဝန်းရှူ ရှော့ခ်ရသွားခဲ့ပြီး အလျင်အမြန် မတ်တပ်ရပ်၍ အခန်း ပြတင်းပေါက်ထံ ပြေးကြည့်လိုက်သည်။

သို့သော်လည်း ကမ်းမမြင်နိုင်သည့် ပင်လယ်ကြီးနှင့် ပိန်းပိန်းမှောင်နေသည့် ကောင်းကင်အောက်တွင် သင်္ဘောမှ မည်သည့် နေရာသို့ ဦးတည်နေသည်ကို မြင်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

သို့သော်လည်း ရန်စီ၏ စကားလုံးများကတော့ မမှားယွင်းနိုင်လောက်ချေ။

“ ဘာတွေဖြစ်နေတာ… ဘာလို့ ငါတို့က နောက်ပြန်လှည့်နေရတာ… ဘယ်ကောင်ကများ ဒီလိုမျိုး လုပ်ရလောက်တဲ့အထိ ရဲတင်းနေတာလဲကွ…”

“ လင်းရီလေ…” ရန်စီ ပြောလိုက်ပြီး “ ရှင်သူ့ကို ထုတ်လိုက်ပြီးတော့ သူကပဲ ကြယ်ငါးကို နောက်ပြန်လှည့်ဖို့ အမိန့်ပေးခဲ့တာ….”

“ သောက်ပေါက်တတ်ကရ..” ဝူဝန်းရှူ စားပွဲကို ဒေါသတကြီးဖြင့် လက်ဝါးရိုက်လိုက်ပြီး “ ဒီသင်္ဘောကို ဌာနက ငှားထားတာ… သူ့မှာ ပြန်လှည့်ဖို့ အမိန့်ပေးရအောင် ဘာအရည်အချင်းရှိလို့… အဲ့ ဒီသောက်ကပ္ပတိန်ကကော ဘာလို့ သောက်တလွဲတွေ လုပ်နေတာ… သောက်သုံးမကျ………..”

“ ဒီသင်္ဘောကို လင်းရီပိုင်တာ….”

တရစပ် ဆဲရေးမွှန်နေသည့် ဝူဝန်းရှူမှာ ရုတ်ချည်း အာစေးမိသွားခဲ့တော့၏။

“ ဘာ… ဘာပြောလိုက်တယ်… ဒီသင်္ဘောကို လင်းရီ ပိုင်တာ….”

“ အမှန်ပဲလေ..” ရန်စီ ပခုံးတွန့်လိုက်ပြီး “ သူက အင်တာနက် စထွင်မာတင် မကသေးဘူး.. ဝမ်ကျန်း ဆိပ်ကမ်းရဲ့ ဘော့စ်ဆိုလည်း ဟုတ်တယ်.. ဒီလောက်ကြီးတဲ့ လှေကို ရှင်တို့ဌာနက ချပေးတဲ့ ရန်ပုံငွေ မဖြစ်စလောက်လေးနဲ့ ဘာလို့ ရခဲ့တယ်ထင်လဲ…. အဲ့တာ လင်းရီနဲ့ ကျွန်မက ရင်းနှီးနေလို့ပဲ…. မဟုတ်လို့ကတော့ ဆီဖြည့်ဖို့တောင် မလောက်တဲ့ ပိုက်ဆံလေးနဲ့ လှေကြီးတစ်ခုလုံး ငှားပေးရလောက်အောင် ဘယ်သူကမှ ပိန်းတိန်းမနေဘူးရှင့်…”

ဝူဝန်းရှူ၏ တွေးခေါ်နိုင်စွမ်းမှာ တဒင်္ဂမျှ ရပ်တန့်သွားခဲ့၏။ လက်ရှိ အဖြစ်အပျက်က သူ၏ မျှော်လင့်ထားမှုကို ကျော်လွန်နေသောကြောင့် လိုက်မှီအောင် မနည်းတွေးတောနေရလေသည်။

“ ဒါပေမယ့် ငါတို့ စာချုပ်ချုပ်ထားတယ် မဟုတ်ဘူးလား.. တကယ်လို့ သူ့ဘက်က စာချုပ် ချိုးဖောက်ရင် ငါတို့ပေးထားတဲ့ ပမာဏရဲ့ သုံးဆပြန်လျော်ပေးရမှာလေ…”

“ သုံးဆဆိုတောင် ဘယ်လောက်ရှိမှာ မို့လို့…. ယွမ် ကိုးသိန်းတည်းရယ်… သူ့ဘက်က အဲ့လောက် ငွေလေးကို ဂရုစိုက်မနေဘူး…” ရန်စီ ပြောလိုက်ပြီး “ ခု သင်္ဘောက နောက်ပြန်လှည့်နေပြီဆိုတော့ အစီအစဉ်ကလည်း ရိုက်ကူးဖို့ မဖြစ်နိုင်တော့ဘူး… ရှင့်ဘက်က ဌာနချုပ်ကို တင်ပြဖို့ ဖြေရှင်းချက် ကောင်းကောင်းလေး ပြင်ဆင်ထားတာ ကောင်းမယ်…”

ဝူဝန်းရှူ မျက်နှာပျက်သွားခဲ့၏။ ပရိုဂရမ် ဖြစ်မြောက်ရေးအတွက် အရာအားလုံး ကြိုတင်ပြင်ဆင်ထားပြီး ၎င်းတို့၏ ကုန်ကျစရိတ်ကပင် ယွမ် သန်းဆယ်ချီ ကျော်လေသည်။

အကယ်၍ သင်္ဘောက နောက်ပြန်လှည့်နေပြီး အစီအစဉ် စတင်ရန် ကြန့်ကြာနေမည်ဆိုပါက နှစ်သစ်ကူးပြီးမှသာ ရိုက်ကူးရေးက ပြီးမြောက်သွားလိမ့်မည်။ ထိုသို့ ဖြစ်လာမည်ဆိုပါက ဌာနဘက်ကလည်း တိုင်းတာ၍ မရနိုင်လောက်အောင် ငွေကြေးဆုံးရှုံးသွားမည်ဖြစ်၏။

ထို့ပြင် အခြားသော TV ဌာနများကလည်း ယခု ရိုက်ကူးရေး အစီအစဉ်အတွက် ပံ့ပိုးထားသောကြောင့် ယခု အရှုပ်တော်ပုံကြီးက ကျိုးဟိုင်တွင် နာမည်ကြီးသွားကာ ပြည်တွင်း ရုပ်ရှင်နှင့် ရေဒီယို စီမံခန့်ခွဲရေး NRTA ၏ ဝေဖန်ရှုတ်ချခြင်းကိုပါ ခံရနိုင်သည်။ ထိုသို့ ဖြစ်ပျက်လာပြီဆိုပါက သူ၏ လက်ရှိ လက်ထောက် ဌာနမှုးဟူသည့် နေရာလေးလည်း ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။

“ ဒါရိုက်တာရန်…. မင်းတို့နှစ်ယောက်က အရမ်း ရင်းနှီးတယ်မလား… သွားပြီး သူ့ကို သင်္ဘောပြန်လှည့်ဖို့ ပြောလိုက်….”

“ သူက သူဌေးကြီးလေ… သူ့ကိုယ်သူ နှိမ့်ချပြီး ဒီလိုရှိုးပွဲမှာ ပါဝင်ခိုင်းဖို့တောင် မနည်းတောင်းဆိုထားရတာ… ဒီကိစ္စကိုတော့ ဖျောင်းဖြပေးနိုင်မယ် မထင်ဘူး…”

ဘန်း….

ဝူဝန်းရှူ စားပွဲကို ရိုက်နှက်လိုက်ပြီး “ မင်းက ဒီရှိုးရဲ့ ဒါရိုက်တာ… အရာအားလုံးအတွက် မင်းမှာ တာဝန်ရှိတယ်… ဘယ်လို လုပ်ရမလဲဆိုတာ သင်ပေးဖို့ လိုသေးတာလားကွ…. ငါမင်းကို အလုပ်ထုတ်ပစ်လိုက်လို့ရတယ် နားလည်လား…”

ရန်စီအရေး မစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး “ သဘောပဲ… ဒါပေမယ့် ရှင့်ဘက်က အချိန်စာရင်းတွေ အတိုင်း ရိုက်ကူးရေး မစနိုင်ရင် ရှင်းပြဖို့ ပြင်ဆင်ထားလိုက်….”

ပြောပြီးနောက် ရန်စီ သူမဆံပင်ကို ဘေးသို့ သပ်လိုက်ကာ တံခါးဝထံ ဦးတည်လိုက်သည်။

“ မသွားနဲ့ဦး….”

ဝူဝန်းရှူ အကျိုးဆက်ကို ပြန်လည်တွေးမြင်ကြည့်ပြီးနောက် ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး ရန်စီနောက်သို့ အမှီလိုက်ကာ အမောတကော ဖြစ်နေသည့် လေသံဖြင့် “ လင်းရီ ဘယ်မှာလဲ.. ငါသူ့ကို သွားရှာလိုက်မယ်…”

“ မသိဘူး…"

“ မင်းက သူနဲ့ ရင်းနှီးတယ် မလား… လုပ်.. ဖုန်းခေါ်လိုက်…”

“ ဘလော့ထားတယ်… ခေါ်လို့မရဘူး….”

“ မင်း….”

ဝူဝန်းရှူနှင့် ရင်ဆိုင်ရာ၌ ရန်စီ ကြောက်ရွံ့နေခြင်း လုံးဝ မရှိချေ။

သူမ၏ အရည်အချင်းဖြင့်ဆိုပါက မည်သည့် TV ဌာနကိုပဲ သွားသွား လူတိုင်းမှ နေရာပေးချင်၍ တိုက်ခိုက်နေကြရမည် ဖြစ်၏။

အကယ်၍ ဝူဝန်းရှူမှ သူမကို အလုပ်ဖြုတ်ချင်သည့် တိုင်အောင် ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ဌာနဘက်က ယခုလို ကိစ္စမျိုးကို မည်သို့မျှ သဘောတူလိမ့်မည် မဟုတ်ကြောင်း သူမ သေချာလေသည်။

“ မင်း… တကယ်…..”

ဝူဝန်းရှူ တစ်ကိုယ်လုံး တုန်ယင်သည်အထိ ဒေါသထွက်နေခဲ့ပြီး လက်ညိုးတထိုးထိုး ပြုပြီးနောက် ဘာမျှ မပြောနိုင်ဘဲ ထွက်ခွာသွားခဲ့သည်။ အချိန် အတော်ကြာအောင် မေးမြန်းစုံစမ်းပြီးနောက် လင်းရီ သူ့အခန်းသို့ ပြန်သွားခဲ့ပြီ ဖြစ်‌ကြောင်း သိရှိလိုက်ရလေသည်။

“ အိုက်ယိုး… မစ္စတာလင်းက ဒီရောက်နေတာကိုး…. ကျုပ် လိုက်ရှာနေတာ တော်တော်တောင် ကြာသွားတယ်…” ဝူဝန်းရှူမှ ဖော်လံဖား အပြုံးလေးဖြင့် ချဉ်းကပ်လာခဲ့၏။

“ ဘာကိစ္စ ကျုပ်ကို လိုက်ရှာနေတာ…”

“ ကျုပ် အခုလေးတင် မှားသွားခဲ့တာကို တောင်းပန်ချင်လို့ပါ…. တကယ်လို့ ကျုပ် လှေပေါ်က လူတိုင်းကို ဆင်းခိုင်းခဲ့ရင်တောင် မစ္စတာလင်းကိုတော့ ဘယ်တော့မှ ဆင်းခိုင်းမှာ မဟုတ်ဘူး…”

“ ဒီလှေက ကျုပ်အပိုင်… ကျုပ်လှေပေါ်ကနေ ကျုပ်ကို နှင်ချဖို့ ခင်များမှာ ဘာအရည်အချင်း ရှိလို့…”

“ ဒါက…..”

ဝူဝန်းရှူ အရှက်ရသွားခဲ့သော်လည်း အရှက်ပြေ ပြုံးလိုက်ပြီး “ ဥက္ကဌလင်း… ကျုပ်တို့က ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေမဟုတ်ဘူးလား…. ခင်များ ဘလိုင်းကြီး စာချုပ် ချိုးဖောက်လိုက်လို့ မရဘူးလေ…”

“ ကျုပ်လှေနဲ့ ကျုပ်အိမ်ပြန်တယ်.. အဲ့တာက ဘယ်လိုလုပ်ပြီး စာချုပ်ချိုးဖောက်တယ် ဖြစ်သွားတာ…”

“ ဥက္ကဌလင်း… ခင်များက ကြီးမြတ်တဲ့ လူစားမျိုးပါ… ကျုပ် တကယ့်ကို မရည်ရွယ်ပါဘူး… ကျုပ်အမှားကိုလည်း ကျုပ် နားလည်ပါတယ်.. ကျေးဇူးပြုပြီး ဥက္ကဌလင်းက ကျုပ် လယ်ဗယ်ရောက်အောင် ကိုယ့်ကိုယ်ကို မနိမ့်ချလိုက်ပါနဲ့ဗျာ….” ဝူဝန်းရှူ အလေးအနက်ထား၍ ပြောလိုက်ပြီးနောက် “ ဥက္ကဌလင်း ကျွန်းပေါ် ရောက်တဲ့အချိန်ကျရင် ကျုပ်ဘက်က ထုတ်လုပ်ရေး အသင်းသားတွေကို ပစ္စည်းတွေ ပိုပေးဖို့ ပြောထားလိုက်မယ်လေ… အဲ့တာဆို ဥက္ကဌလင်းလည်း ရလဒ်ကောင်းရဖို့ မခဲယဉ်းတော့ဘူး…”

“ အဲ့လိုလုပ်စရာ မလိုဘူး… ကျုပ်က ကျုပ်ရဲ့ ကိုယ်ပိုင် ခွန်အားနဲ့ပဲ စကားပြောတယ်…”

၎င်းကိုကြားတော့ ဝူဝန်းရှူ စိတ်ထဲ၌ ကြိတ်၍ သက်ပြင်းချလိုက်သည်။ ကြည့်ရသလောက်တော့ သူတို့ ဆွေးနွေးညှိနှိုင်းနိုင်သေးပုံပင်။ မဟုတ်ပါက ယခုလို စကားမျိုး ပြောလာလိမ့်မည် မဟုတ်ချေ။

“ ဒါပေါ့ ဒါပေါ့… ကျုပ်လည်း သာမန်လုပ်ရိုးလုပ်စဉ်တွေ အတိုင်းပဲ လိုက်နာလိုက်ပါ့မယ်…” ဝူဝန်းရှူမှ ခေါင်းညိမ့်ပြီး အရိုအသေပေးလိုက်၏။

“ အဲ့တာ ခင်များနဲ့ မဆိုင်ဘူး.. ဒီမှာ မျက်စိ လာရှုပ်မနေစမ်းနဲ့… ပြန်လိုက်တော့…”

“ ဟုတ် ဟုတ် ဟုတ်… ကျုပ် မစ္စတာလင်းကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး…”

လင်းရီ တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိမ့်လိုက်၏။

“ ဒါနဲ့ ဒီသင်္ဘောက…..”

“ အဲ့တာ ခင်များ သောက်ပူမပါဘူး…”

“ ဟုတ် ဟုတ် … ကောင်းပါပြီ… ဒါဆို ကျုပ် သွားနှင့်ပါတော့မယ်… အေးဆေး အနားယူပါ ဥက္ကဌလင်း…” ဝူဝန်းရှူ ပြောလိုက်ပြီးနောက် အရစ်က ဆက်ရှည်နေသေးကာ “ ဒီရှိုးပွဲပြီးသွားရင် ကျုပ်ဘက်က သေချာပေါက် ကောင်းကောင်းမွန်မွန်နဲ့ လာတောင်းပန်ပါ့မယ်ဗျ…”

“ အေး အခု လစ်လိုက်တော့လို့….”

ဝူဝန်းရှူ ခေါင်းညိမ့်လိုက်ပြီး အရိုအသေပေးကာ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူ့နဖူးပေါ်ရှိ ချွေးအေးများကို ဖယ်ရှားလိုက်၏။

သူတို့ အစည်းအဝေးခန်းထဲ ရှိစဉ်အခါက ဤလူ၏ အရှိန်အဝါတို့မှာ အင်မတန်သန်မာနေကြောင်း သတိမမူမိခဲ့ချေ။

ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်များကို ပြန်လည်မြင်ယောင်ကြည့်ပြီးနောက် ဝူဝန်းရှူ သူနည်းနည်း အမြင်လျှန်းသွားသည်ဟု ခံစားလိုက်ရသည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဝူဝန်းရှူ အဝတ်အစားများကို သေချာတင်းရင်းလိုက်ပြီး သူ၏ နဂို ဟန်ပန်သို့ ပြန်ပြောင်းလဲလိုက်၏။

“ ဌာနခေါင်းဆောင်ဝူ….”

ဝူဝန်းရှူ အစည်းအဝေးခန်းထဲသို့ ပြန်မရောက်မီ လမ်းတွင် တိုနီနှင့် ပက်ပင်းဝင်တိုး၏။ ဝူဝန်းရှူ သူ့ရှေ့ရှိ အနှီ မိန်းမလျာလေးအား ချစ်လည်း ချစ်သလို မုန်းလည်း မုန်းမိသည်။

ချစ်သည်က တစ်ဖက်တွင် သူ့အတွက် လက်ဖက်ရည်ဖိုး များစွာ ပေးထားသောကြောင့်ဖြစ်သည်။ မုန်းမိသည်က ဤကောင်မှာ လင်းရီကို စော်ကားပြီး သူ့ကိုပါ ကြားထဲက ဝင်ပါရအောင် ပြုလုပ်ခဲ့သောကြောင့်ဖြစ်၏။

ယခုလို ပြန်တွေ့ရချိန်တွင်တော့ သူ၏ ခံစားချက်တို့ ရောပြွန်းနေခဲ့ကာ ရှုပ်ထွေးနေလေသည်။

“ မစ္စတာ တိုနီ..”

ဆိုရိုးများအတိုင်း ပြုံးပြလာသူကို ပါးသွားရိုက်၍ မသင့်တော်သောကြောင့် ဝူဝန်းရှူ ယဉ်ကျေးစွာဖြင့် ပြန်နှုတ်ဆက်လိုက်၏။

“ နင် လင်းရီဆိုတဲ့ အကောင်ကို ကိုင်တွယ်ပြီးရောပေါ့… “

“ အဲ့တာက…”

ဝူဝန်းရှူ ခေတ္တ ရပ်တန့်လိုက်ပြီး “ ကျုပ် အခု ပြန်တွေးကြည့်လိုက်တဲ့ ကျုပ်လုပ်လိုက်တဲ့ လုပ်ရပ်က သိပ်ပြီး မသင့်လျော်သလားလို့..”

တိုနီ ရယ်မောလိုက်ပြီး “ ဘာလဲ… နင်က ညတွင်းချင်း ပြန်ပို့ဖို့ စီစဉ်နေတာလား…. အဲ့တာလည်း အကြံကောင်းပဲ…. အစောကြီကတည်းကနေ အဲ့လိုမျိုး လုပ်လိုက်ရမှာ…”

“ အဲ့လို မဟုတ်ဘူး… ကျုပ်ဆိုလိုတာ ကျုပ် သူ့ကို ရှိုးပွဲမှာ ဆက်ပြီး ပါဝင်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်…” ဝူဝန်းရှူ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မစ္စတာတိုနီကလည်း သဘောထားကြီးတဲ့ လူတစ်ယောက်ပါ… ဒီလို အသေးအမွှား ကိစ္စလေးကို ပုံကြီးချဲ့စရာ မလိုဘူးလို့ ထင်တာပဲ…”

“ ဟင်… ဌာနခေါင်းဆောင်ဝူ… နင့်အခုက ဘာသဘောလဲ…သူ့ကို ဒီတိုင်းပဲ လွှတ်ထားလိုက်တော့မလို့လား…”

“ ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်လိုက်ပါ…ဘာပဲဆိုဆို ဒီကိစ္စက ပြီးသွားပြီ…” ဝူဝန်းရှူ ဟန်ကိုယ့်၍ ပြောလိုက်ပြီး “ မစ္စတာတိုနီ… ကျုပ် လုပ်စရာလေး ရှိသေးလို့ နောက်မှ စကားဆက်ပြောကြတာပဲ…”

ဝူဝန်းရှူ ထွက်ခွာသွားသည်ကို ကြည့်ရင်း တိုနီ၏ မျက်နှာ မည်းနက်လာသည်။

“ ဒင်းက တကယ့်ကို အကြံသမား ဉာဏ်သမားပဲ… ပရိသတ်လေး နည်းနည်းနဲ့ အင်တာနက် ဆယ်လီလေးကို သူ့ဘက်က တကယ်ကြီး အလေးအနက် ထားနေတယ်လား..”

All Chapters