ငါ့ဆီကနေ ပိုက်ဆံချေးဖို့ စဉ်းစားနေတာလား…
Vol. 59 Ch. 874
တီးတိုးရေရွတ်ပြီးနောက် တိုနီ စူပုပ်နေသည့် မျက်နှာထားဖြင့် လီချိန်ရှင်း၏ အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။
“ ဟော… သွားတုန်းကတော့ ပြုံးဖီးနေတဲ့ မျက်နှာထားနဲ့ပါ… ဘာလို့ ချဉ်စူးနေတဲ့ မျက်နှာကြီးနဲ့ ပြန်လာခဲ့တာတုန်း..” လီချိန်ရှင်း မေးလိုက်၏။
“ပြောမနေစမ်းနဲ့..” တိုနီ ပြောလိုက်ပြီး “ ဟိုအကောင် ဝူဝန်းရှူဆိုတဲ့ အိုနာကျိုးကန်းကြီးပေါ့… သူ လင်းရီကို အရေးမယူတဲ့ အပြင် ပြိုင်ပွဲမှာ ဆက်ပြီး ယှဉ်ပြိုင်ဖို့တောင် ခွင့်ပြုပေးလိုက်သေးတယ်…”
“ ဟမ်... ဘာတွေ ဖြစ်နေတာတုန်းဟ.. သူ ငါတို့ ငွေတွေ လက်ခံထားတယ် မဟုတ်ဘူးလား… ဒီလောက် အသေးအမွှားလေးတောင် မလုပ်ပေးနိုင်ဘူးတဲ့လား…”
“ မင်းသား သိတဲ့အတိုင်း အဲ့ကောင်က ပရိသတ်တစ်ချို့ ရှိတဲ့ အင်တာနက် ဆယ်လီလေ… ဝူဝန်းရှူလို ကလိမ်ကကျစ်က သူ ပြန်သွားတဲ့အခါကျရင် အွန်လိုင်းပေါ်မှာ ပြဿနာ အရှာခံရမှာ ဆိုးလို့ နေမှာပေါ့.. ဒါကြောင့်မို့ လက်လျော့လိုက်တာနေမယ်…”
“ ဌာန ခေါင်းဆောင် ဖြစ်လာတယ်ဆိုတာက တိုက်ဆိုင်မှု သပ်သပ်နဲ့တော့ မဟုတ်ဘူးပဲ…”
“ အမှန်ပဲ… ဒီလူက ကမ္ဘာကြီး အကြောင်းကို အတော်လေး နှောကျေနေပြီးသား…” တိုနီမှ တည်တင်းသည့် မျက်နှာထားဖြင့် ဆိုလိုက်ပြီး “ နောင်ကျ သူနဲ့ အလုပ်ဆက်လုပ်ဖို့ လိုသေးတာကြောင့် မဟုတ်ရင် ကောင်းကောင်းကြီး စကားပြောပစ်ခဲ့တယ်….”
“ အဲ့လို လုပ်စရာ မလိုပါဘူးကွာ… စိတ်အေးအေးထား..” လီချိန်ရှင်း ပြောလိုက်ပြီး “ သူက ငါတို့ကို ထိပါးနေတာလည်း မဟုတ်ဘူး… သူ့ကို ပြောပြနေလည်း အပိုပဲ… တကယ်လို့ သူ့ကို သွားပြီး ကြိမ်းမောင်းနေရင်တောင် ငါတို့ကိုယ်တိုင်က လင်းရီကို ကိုင်တွယ်ဖို့ လိုနေသေးတုန်းပဲလေ…”
“ ဟမ်… မင်းသားပြောပုံအရဆိုရင် မင်းသားမှာ အစီအစဉ် ရှိထားလို့လား…”
လီချိန်ရှင်း သူ၏ ကိုယ်ဟန်ကို တစ်မျိုးပြောင်းလဲလိုက်ပြီး တိုနီကို ကြည့်၍ “ လှေပေါ်မှာ လူတွေ ဒီလောက် အများကြီးရှိတာ ငါတို့ သူ့ကို တိတ်တိတ်လေး သင်ခန်းစာပေးနိုင်မယ့်လူကို မရှာနိုင်ဘူးလား… သူ့နေရာသူ နားလည်သွားရင်ကို လုံလောက်ပြီ..” လီချိန်ရှင်း ပြောလိုက်ပြီး “ အရင်တစ်ခေါက်က လိုက်စထွင်းကြောင့် စပွန်ဆာတော်တော်များများကလည်း ငါ့ရဲ့ ကျော်ကြားမှုနဲ့ ဩဇာလွှမ်းမိုးမှုတွေအပေါ် သံသယ ဖြစ်နေကြပြီ.. မဟုတ်လို့ကတော့ ရေရှည်မှာ စာချုပ်တွေ ဆက်ချုပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး…”
“ အဲ့အကြောင်း ပြောမနေစမ်းနဲ့…. တွေးကြည့်လိုက်တာနဲ့တင် လူကို တဆတ်ဆတ်တုန်တယ်…” တိုနီ ပြောလိုက်ပြီး “ ဒီရဲ့ ရှိုးပွဲပြီးရင် သူတို့နဲ့ ညှိနှိုင်းဆွေးကြည့်ဖို့ အကောင်းဆုံ ကြိုးစားပေးမယ်…အဲ့ကောင်ကြောင့်သာ မဟုတ်ရင် အစောကြီးကတည်းကရင် အဆင်ပြေနေလောက်ပြီ…”
“ ဒါကြောင့်မို့လည်း သူ့ကို သင်ခန်းစာပေးချင်နေတာပေါ့… သူ့ရဲ့ အပြုအမူတွေက ငါတို့ရဲ့ အနာဂတ်အကျိုးစီးပွားတွေအတွက် တော်တော်ကြီးကို ခြိမ်းခြောက်လာနိုင်တယ်…”
“ ကောင်းပြီ… ခု အသင့်ပြင်ထားလိုက်… ငါ အပြင်သွားပြီး တစ်စုံတစ်ယောက်ကများ အလုပ်လက်ခံလို လက်ခံငြား လိုက်ရှာလိုက်ဦးမယ်…”
“ အင်း.. လိုအပ်ရင် ပိုပေးသင့်သလောက် ပိုပေးလိုက်…”
“ မပူနဲ့… ဒီလိုကိစ္စမျိုးတွေမှာ အတွေ့အကြုံ ရှိပြီးသား…”
…………………
အခန်းထဲတွင်တော့ ဝူဝန်းရှူ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီ ကျီချင်းရန်ထံ ဖုန်းခေါ်လိုက်သည်။
သာမန် စုံတွဲများကဲ့သို့ တီတီတာတာ အရေးမပါသည့် အကြောင်း အရာများကို တစ်နာရီကျော်လောက် ပြောပြီးနောက် ဖုန်းချလိုက်လေသည်။
ပျင်းရိစွာဖြင့် ကိုယ်ကို အညောင်းဆန့်ရင်း လင်းရီ အခန်းပြင်သို့ ထွက်လာခဲ့လိုက်၏။
အချိန်မှာ အတော်လေး နောက်ကျနေပြီဖြစ်သောကြောင့် ကုန်းပတ်ပေါ်တွင် လူသိပ်မရှိပဲ အများစုမှာ ၎င်းတို့၏ ကိုယ်စီ အခန်းထဲသို့ ရောက်ရှိနေကြချေပြီ။
မည်သို့ဆိုစေ သူတို့က အပျော်ခရီး ထွက်နေခြင်း မဟုတ်။ ကျွန်းပေါ်သို့ အချိန်မရွေး ရောက်ရှိနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်လေသည်။
လှေ၏ ပဲ့ထိန်းဘက်သို့ ဦးတည်လမ်းလျှောက်လာရင်း လက်ရန်းကို ကိုင်လျက် လင်းရီ ပင်လယ်လေကို အားပါးတရ ရှူရှိုက်လိုက်၏။ အေးမြ လတ်ဆတ်သည့် ပင်လယ်လေက သူ့စိတ်ကို အများကြီး သက်တောင့်သက်သာ ဖြစ်သွားစေသည်။
“ မစ္စတာလင်း…. ရှင် အထုတ်ခံလိုက်ရပြီလား…”
လင်းရီ နောက်လှည့်ကြည့်လိုက်တော့ သူ အစည်းအဝေးခန်းထဲတွင် မြင်ခဲ့သည့် အမျိုးသမီး ဆယ်လီ ဖြစ်နေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။
သို့သော်လည်း သူမ၏ ဝတ်စုံကိုတော့ ပြောင်းလဲထားသည်။ ဂျင်းနှင့် အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားပြီး ဆံပင်ကိုတော့ နောက်တွင် ခပ်မြင့်မြင့် စုချည်ထားကာ သန့်ရှင်းသပ်ရပ်ပြီး အားကစားမယ်တစ်ဦး၏ အသွင်ကို ခံစားရရှိစေသည်။
“ မဟုတ်တာ… အဆင်ပြေပါတယ်…”
“ အမ်…ကောင်းတာပေါ့... ကျွန်မ မေးချင်တာ… ရှင် အသင်းရှာတွေ့ပြီလားလို့…” အမျိုးသမီး ဆယ်လီမှ ယဉ်ကျေးစွာ စကားဆိုလာခဲ့သည်။
“ နေစမ်းပါဦး….” လင်းရီ ပြောလိုက်ပြီး “ မင်း ငါနဲ့ စကားမပြောခင် မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ အရင်မိတ်ဆက်သင့်တယ် မဟုတ်ဘူးလား…”
“ ဟင်…” ဆယ်လီ အမျိုးသမီးမှာ လုံးဝ ကြက်သေသေသွားခဲ့ပြီး “ ရှင် ကျွန်မကို မသိဘူးပေါ့…”
“ သိနေရမှာလား…”
“ စိတ်မရှိပါနဲ့… ကျွန်မ မိတ်ဆက်ပါရစေ…ကျွန်မ နာမည်က ကျောက်ရင်ညန်… မနှစ်က နဂါးမြို့တော် ရုပ်ရှင်ထဲမှာ တတိယ ခေါင်းဆောင် မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်လေ….”
“ ဪ …..”
“ ခု မှတ်မိပြီမလား…”
“ မမှတ်မိဘူး…” လင်းရီ ခေါင်းခါရမ်းလိုက်ပြီး “ ကျုပ်က ဂျပန်ကားလောက် ကြည့်တာ….”
ကျောက်ရီညန် “……. “
ရှင် မသိရင်လည်း ဘာလို့ သိသလို အသံပြုနေတာလဲ…
“ ရပါတယ်… ရှင်မသိလည်း အဆင်ပြေပါတယ်.. ကျွန်မကလည်း ဟိုလိုကြီး နာမည်ကြီးနေတာမျိုးမှ မဟုတ်တာ… “ ကျောက်ရီညန်မှာ နိမ့်ချသူ တစ်ဦးပီပီ အရှက်မရသွားသလို စိတ်လည်း မဆိုးသွားပေ။
“ ဆိုတော့ မင်းက ဒီလာပြီး နာမည်တစ်လုံး ထင်ကျန်အောင် လာလုပ်တယ်ပေါ့…
“ အွန်း… ဒီနေ့ခေတ်မှာ နာမည်ကြီးဖို့ဆိုတာ တော်တော်လေး ခဲယဉ်းလာပြီ… အထူးသဖြင့် အနုပညာ နယ်ပယ်မှာပေါ့.. ကျွန်မပြောတာ ပေါက်တတ်ကရနဲ့ နာမည်ကြီးတာကို ပြောနေတာ မဟုတ်ဘူးနော်… တကယ်လို့ ကိုယ်တိုင်ကမှ မကြိုးစားဘူးဆိုရင် ကိုယ့်အတွက် အလုပ် မရှိသလောက်ပဲ…”
“ အင်း… မှန်ပါတယ်..” လင်းရီ သဘောတူလိုက်သည်။
“ ဟို ဗလကြီး သုံးယောက်က တော်တော်လေး သန်မာပါတယ်… မင်းကို တစ်ပတ်လောက်အထိ ကာကွယ်ပေးထားဖို့ဆိုတာ ပြဿနာ မရှိလောက်ပါဘူး…”
“ ဒါပေမယ့် နောက်ဆုံးကျတော့ သဘောတူညီမှု မရလိုက်ဘူးလေ…” ကျောက်ရင်ညန် သူမ နှုတ်ခမ်းသားလေးများအား ကိုက်ပြီး ကြေကွဲသံသဲ့သဲ့ဖြင့် ပြောလိုက်၏။
“ သဘောတူညီချက် မရလိုက်ဘူးပေါ့… သူတို့ သုံးယောက်က သဘောတူခဲ့တယ် မဟုတ်ဘူးမလား..”
“ ကျွန်မ မန်နေဂျာက သူတို့တောင်းတဲ့ ဈေးကို အေဂျင်စီဆီ အစီရင်ခံပြလိုက်တယ်လေ… သူတို့ပြောတာ ခြောက်သိန်းက အရမ်းများတယ်တဲ့… ဒါတောင်မှ ဒေါ်လာမဟုတ်သေဘူးနော်… ကုမ္ပဏီကလည်း သဘောမတူ.. သူတို့ကို ဈေးလျော့ခိုင်းပြန်တော့လည်း သဘောမတူတဲ့အပြင် မိန်းကလေး ဖြစ်လို့ လက်တွဲမခေါ်နိုင်ဘူးဆိုပြီး လှောင်ရယ်လိုက်ကြသေးတယ်… ကျွန်မက သူတို့ကို ဆွဲထားသလို ဖြစ်နေမှာလေ… ဒီတော့……………….”
လင်းရီ နားလည်လိုက်သည်။
သူတို့ အစည်းအဝေးခန်းထဲတွင် ဆွေးနွေးစဉ်က ဆယ်လီများအား တစ်ပတ်ကာကွယ်ပေးခ ဒေါ်လာခြောက်သိန်းတောင်းခံပြီး တစ်ပတ်ပြည့်သည်နှင့် ကိုယ့်လမ်းကိုယ် လျှောက်ကြမည် ဖြစ်၏။
သို့သော်လည်း ထိုလူများကသာ အမျိုးသမီးတစ်ယောက်ကို အတူ ခေါ်သွားရမည် ဆိုပါက ၎င်းတို့၏ အမြန်နှုန်းမှာ သေချာပေါက် နှေးကွေးသွားပြီး ဆန်ကာတင်စာရင်းပေါ်၌ ကောင်းစွာ သက်ရောက်မှု ရှိလာနိုင်သည်။
အကယ်၍ ဆန်ကာတင် ရလဒ်သာ မကောင်းမွန်ပါက အောင်မြင်နိုင်ဖို့ အခွင့်အရေးလည်း များစွာ လျော့နည်းသွားလိမ့်မည်။
“ မင်းက ဆယ်လီ မဟုတ်ဘူးလား…. သူတို့အတွက် ပိုက်ဆံ ရှာပေးနေသူကို ပိုက်ဆံလေးတော့ သုံးပေးသင့်တာပေါ့..…”
“ဒါက ဆယ်လီဖြစ်တာကြောင့်နဲ့ မဆိုင်ဘူး……” ကျောက်ရင်ညန်မှ ပြောလိုက်ပြီး “ ကျွန်မဘက်က ဒီလာနိုင်ဖို့တောင် ကုမ္ပဏီကို အနိုင်နိုင် ပြောခဲ့ရတာ… တကယ်လို့ သူတို့ဘက်က တစ်သိန်းလောက်ပဲ တောင်းရင်တောင် ကုမ္ပဏီက ပြန်ဆုံးဖြတ်ကြည့်ဦးမှာ… ဒါပေမယ့်ခြောက်သိန်းကြီးကျတော့ များလွန်းပါတယ်..”
“ မင်းတို့ အေဂျင်စီကလည်းကွာ….... ပိုက်ဆံ ဒီလောက်လေးတောင် မသုံးပေးချင်ဘူးတဲ့လားဟ….”
“ ဘယ်တတ်နိုင်မှာ… အေဂျင်စီမှာ မင်းသမီးတွေဆိုတာက ရိုက်သတ်လို့တောင် မကုန်နိုင်ဘူးလေ… သူတို့ကသာ တိုင်းကျော်ပြည်ကျော် မင်းသမီး တစ်လက် မဟုတ်ဘူးဆိုရင် ပိုက်ဆံသုံးပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး…”
“ အဲ့တာဆိုလည်း ကိုယ့်ဘာကိုယ်ပဲ ပေးလိုက်ပေါ့… ဘာတွေ အထွေအထူး လုပ်နေတာ…”
“ ကျွန်မမှာသာ အဲ့လောက် ပိုက်ဆံအများကြီးရှိနေရင် ရှင့်ကိုတောင် လာရှာမနေပါဘူး…” ကျောက်ရင်ညန်မှ နှုတ်ခမ်းကိုက်ပြီး ပြောလိုက်၏။ ညှိုးငယ်နေသည့် သူမလေး၏ မျက်နှာက အကြင်နာ ပိုချင်စရာလေးပင်။
“ ဒါဆို ငါ့နား ပိုက်ဆံ လာချေးချင်တယ်ပေါ့…”
ဤအမျိုးသမီး ဆယ်လီက သနားဖို့ကောင်းသည်ဟု လင်းရီ ခံစားလိုက်ရသည်။ မင်းသမီးတစ်ယောက်ဖြစ်ရတာလည်း မလွယ်ပါ့လားနော်...
“ အာ…. မဟုတ်ပါဘူး.. အထင်မလွဲနဲ့..” ကျန်းရင်ညန် ပြောလိုက်ပြီး “ ရှင် အသင်းဖွဲ့ဖို့သင့်တော်တဲ့လူ တွေ့ပြီလားလို့ပါ..”
“ အင်း ငါ့မှာ လူနှစ်ယောက် ရှိတယ်… ကျွန်းပေါ်ရောက်တာနဲ့ အတူထွက်ဖို့ အသင့်ပဲ…”
“ သူတို့က အရမ်း တော်တာလား… ရှင့်ကို သေချာပေါက် ကာကွယ်ပေးနိုင်မယ်ပေါ့…”
“ ဟမ်…” လင်းရီ ခေတ္တ ရပ်တန့်လိုက်ပြီး “ နေစမ်းပါဦး.... ငါက ဘာလို့ သူများ ကာကွယ်တာကို လိုအပ်ရမှာ…”
“ ဒါပေမယ့် ရှင်လည်း ကျွန်မတို့နဲ့ အတူ အစည်းအဝေး ခန်းထဲမှာ ရှိနေတာပဲ မဟုတ်ဘူးလား…” ကျောက်ရင်ညန် မေးမြန်းလိုက်ပြီး “ ရှင်လည်း ကျွန်မတို့လို အကူအညီ ရှာနေတာ မဟုတ်ဘူးလား…”
“ အာ.... မဟုတ်သေးပါဘူး.. မင်းကြည့်ရတာ နားလည်မှု လွဲနေသလိုပဲ..” လင်းရီ ပြောလိုက်ပြီး “ ငါက အစည်းအဝေးခန်းထဲမှာ ရှိနေခဲ့တယ်ဆိုပေမယ့် မင်းတို့နဲ့ မတူဘူး.. ငါက ဟိုသုံးယောက်နဲ့ တစ်လှေတည်းသွားတွေ..ပိုက်ဆံသုံးပြီး အကူအညီ ရှာဖို့ မဟုတ်ဘူး..”
“ ဒါဆို… ရှင်က အကူအညီ ကမ်းပေးမယ့်သူပေါ့..” ကျောက်ရင်ညန် အင်မတန်အံ့အားသင့်သွားခဲ့ပြီး “ ရှင့်မှာ ဒါရိုက်တာရန်နဲ့လည်း အဆက်အသွယ်ရှိတယ်... ပြီးတော့ ရှင်က စထွင်မာ..”
“ ငါတို့နှစ်ယောက်က အဆက်အသွယ် ရှိလို့မရဘူးလား..” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ စထွင်မာ ဖြစ်တာကော ဘာမှားနေလို့… လာပြီး မဝေဖန်နဲ့…”
“ အဓိကက ရှင် အရမ်းကြည့်ကောင်းနေလို့လေ… ကျွန်မ စိတ်ကူးထဲက ကြမ်းကြုတ်ခက်ထန်တဲ့ အမျိုးသားတွေနဲ့လည်း မတူဘူး…”
“ မင်းစိတ်ကူးထဲက ကြမ်းကြုတ်ခက်ထန်တဲ့ အမျိုးသားက ဘယ်လိုပုံစံလဲ… မင်းကြည့်လို့ရအောင် ငါ ဘောင်းဘီ ချွတ်ပြပေးရမလား..”