← Chapters

လက်စားချေမည့် အစီအစဉ်

Vol. 59 Ch. 875

လက်စားချေမည့် အစီအစဉ်

Vol. 59 Ch. 875

“ အား….” ကျောက်ရင်ညန် မျက်နှာကို အုပ်၍ အော်ဟစ်လိုက်ပြီး တစ်ဖက်သို့ အလျင်အမြန် လှည့်သွားခဲ့သည်။ လင်းရီ တကယ်ကြီး ဘောင်းဘီချွတ်ပစ်လိုက်မည်ကို သူမ စိုးရွံ့နေမိ၏။

အကြောင်းမူကား သူမ ကုန်းပတ်ပေါ် ပတ်လျှောက်စဉ်အခါက ကိုယ်လုံးတီး ဖြစ်နေကြသည့် အုပ်စုနှစ်စုနှင့် ပက်ပင်းတိုးခဲ့သောကြောင့်ပင်။

“ ဘာတွေ အဲ့လောက်ထိ အော်နေတာ… မသိတဲ့သူဆို ငါ မကောင်းတာ တစ်ခုခု လုပ်လိုက်တာကျနေတာပဲ..”

ကျောက်ရင်ညန် ပြန်လှည့်လာခဲ့ပြီး လင်းရီ ဘာမှ မလုပ်ထားသည်ကို မြင်တော့မှ စိတ်သက်သာရာရသွားခဲ့လေသည်။

“ အမ်… ဒါဆို ကျွန်မတို့ စကားပြောကြတော့မလား..”

“ ငါနဲ့ အသင်းဖွဲ့ချင်နေတာလား…”

“ အွန်း အွန်း.. ကျွန်မကို ခေါ်သွားပေးလို့ရမလားဟင်…”

“ မရဘူး…”

“ ကျွန်မက အရမ်း အားနွဲ့တယ်လို့ ရှင်ထင်နေတာမလား…”

“ ဟုတ်တယ်…”

ကျောက်ရင်ညန် “ …… “

ရှင်ငြင်းချင်ရင်တောင် အဲ့လောက်ထိ တည့်တိုးဆန်ဖို့တော့ မလိုဘူးလေ..

နာမည်ကြီး မဟုတ်ရင်တောင် ကျွန်မရဲ့ နာမည်နဲ့ သိက္ခာကိုတော့ ဂရုစိုက်ဖို့ ရှိသေးတယ်ရှင့်..

“ တကယ်တမ်းကျတော့ ကျွန်မက တော်တော်လေး သန်မာပါတယ်…. ကျွန်မကို ပိန်တယ်ဆိုပြီး လျှော့မတွက်လိုက်နဲ့ … အမြဲတမ်း လေ့ကျင့်ခန်း လုပ်နေကျ…. ဆယ်ကီလိုမီတာကို မိနစ် လေးဆယ် အတွင်း အရောက်ပြေးနိုင်တယ်… ရှင်တို့ကို သေချာပေါက် လိုက်မှီနိုင်ပါတယ်..” ကျောက်ရင်ညန်မှ ပြောလိုက်ပြီး “ ကျွန်မ လိုအပ်တာက ဘယ်ဟာက စားလို့ရတယ် ၊ မရဘူးဆိုတာ သိရင် လုံလောက်ပြီ..”

“ အမ်….”

“ ကျွန်မပြောချင်တာ...ကျွန်မတို့ တောထဲရောက်ရင် အစားစာရမယ် မဟုတ်ဘူးလား… ဘာက စားလို့ရတယ် မရဘူးဆိုတာကို မခွဲတတ်လို့…” ကျောက်ရင်ညန် လင်းရီကို မျှော်လင့်အားကိုးသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။

“ ဒီတော့ ကျွန်မကို ခေါ်သွားပေးနိုင်မယ်မလား…”

“ မရဘူး…” လင်းရီ ပြောလိုက်ပြီး “ လေ့ကျင့်ခန်းလုပ်တာနဲ့ တောနက်ကြီးထဲမှာ ရှင်သန်ရတာက မတူညီတဲ့ ကိစ္စရပ်နှစ်ခု …. မိန်းကလေး… မင်း တစ်ခြား တစ်ယောက်ကိုပဲ သွားရှာလိုက်….”

“ ကောင်းပါပြီ…. ဒါဆိုလည်း ကျွန်မ အတင်းမတောင်းဆိုတော့ပါဘူး… ကျေးဇူးတင်ပါတယ်….”

လင်းရီဘက်မှ ခါးခါးသီးသီး ငြင်းဆန်နေသည်ကို မြင်တော့ ကျောက်ရင်ညန် မည်သည့် စကားတို့မျှ ဆက်မဆိုတော့ပဲ မည်သို့ လုပ်ရ ကောင်းနိုးနိုး အတွေးတို့ဖြင့် နေရာမှ ထွက်ခွာသွားခဲ့တော့၏။

သို့သော်လည်း လင်းရီကတော့ သူ့ နဂိုနေရာတွင် ဆက်လက် နေလျက် ပင်လယ်ထဲ လူးလွန့်နေသည့် လှိုင်းလုံးများအား ကြည့်ရှုနေသည်။ ထို့နောက် လကို ဖြတ်သွားသည့် အဖြူရောင် တိမ်တစ်ဆုပ်ကို မျှော်ကြည့်ရင်း ယခုလောက် သက်တောင့်သက်သာ ဖြစ်သည့် နေရာ မရှိတော့ဟု စိတ်ထဲ ခံစားနေရ၏။

လှိုင်းသံများနှင့် ည၏ တေးသီသံကိုသာ ကြားယောင်နေရပြီး ဆိတ်သုဉ်းနေသည့် တဒင်္ဂက သူနှင့်ကမ္ဘာကြီးအား သူစိမ်းများအလားပင်။

………………..

ထိုအခိုက်အတန့်တွင်တော့ တိုနီနှင့် ချိန်တုန်းကျယ်မှာ ကြယ်ငါးပေါ်ရှိ ကော်ဖီဆိုင်၏ ထောင့်တစ်နေရာတွင် ထိုင်နေကြသည်။

စားပွဲထိုးမှ ကော်ဖီ နှစ်ခွက်ကို လာချပေးသွားပြီးနောက် ပြန်လှည့်ထွက်သွားခဲ့တော့၏။

“ ဘာကိစ္စလဲပြော…” ချိန်တုန်းကျယ် မေးငေါ့၍ မေးလိုက်သည်။

“ ငါ ကြားတာ နင်နဲ့ လင်းရီက ရန်ငြိုးရန်စ ရှိထားတယ်ဆို… အဲ့တာ အမှန်ပဲလား…”

ချိန်တုန်းကျယ် တိုနီကို စေ့စေ့ကြည့်လိုက်၏။

“ ဘာလို့ အဲ့ဒါလာမေးနေတာ..”

တိုနီ ပြန်မဖြေပဲ အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်လိုက်သည်။

“ ဒီထဲမှာ ယွမ် နှစ်သောင်းရှိတယ်.. ငါ အကူအညီလိုတယ်….”

“ ဘာအကူအညီလဲ…”

“ လင်းရီကို ငါ့ကိုယ်စား သင်ခန်းစာပေးပေး…” တိုနီ ပြောလိုက်ပြီး “ တိုက်ဆိုင်ချင်တော့ နင်တို့လည်း သူနဲ့ ရန်ငြိုးရှိပြီးသားပဲလေ… ဒီရဲ့ ယွမ် နှစ်သောင်းက နင်တို့ကို အလကားပေးတာနဲ့တောင် တူနေသေးတယ်…”

ယွမ်နှစ်သောင်းက တိုနီအတွက် မများပြားသလို နည်းလည်း မနည်းပါးချေ။ မည်သို့ဆိုစေကာမူ လူတိုင်းက လင်းရီကဲ့သို့ ယွမ် သန်း ဆယ်ဂဏန်းလောက်ကို မျက်တောင်တစ်ခတ်အတွင်း သုံးဖြုန်းနိုင်သူများ မဟုတ်ကြချေ။

သို့သော်လည်း ချိန်တုန်းကျယ်ကတော့ တိုနီ၏ ဘဏ်ကတ်ကို ချက်ချင်း မယူပဲ ထိုအစား သတိချပ်ထားသည့် လေသံဖြင့် “ တိုနီ… ဟုတ်တယ်နော်…. မင်း သိထားရမှာ ထုတ်လုပ်ရေး အသင်းရဲ့ စည်းမျဉ်းတွေအရ ခွင့်ပြုချက်မရှိပဲ ရန်ဖြစ်ရင် ပြိုင်ပွဲကနေ အထုတ်ခံရမယ် ဆိုတာ နားလည်လား… မင်းက ငါတို့ကို ဒီ ယွမ် နှစ်သောင်းလေးနဲ့ စွန့်စားခိုင်းနေတယ်ဆိုတော့….. ရိုးအလွန်းမနေဘူးလား…”

“ ငါ စုံစမ်းပြီးသွားပြီ.. နင် အရင်တုန်းက နိုင်ငံခြားမှာ ကြေးစားလုပ်ခဲ့ဖူးတယ်မဟုတ်ဘူးလား.. ဒီ ကိစ္စလောက်လေးကတော့ နင့်အတွက် ပါမွှားလေးပါ…ဟုတ်တယ်ဟုတ်…” တိုနီ ပြောလိုက်ပြီး “ ပြီးတော့ နင် စိတ်ချထားလို့ရတယ်.. အချိန်ကျလာရင် ငါ နင်တို့ဘက်ကနေပြီး သက်သေထွက်ပေးမယ်.. ငါ့ရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် ထုတ်လုပ်ရေး အသင်းက စကားနှစ်ခွန်း မဟရဲဘူး…”

ချိန်တုန်းကျယ် မလှုပ်မယှက်သာ နေသည်။

“ ငါတို့ရဲ့ အထောက်အထားကို သိထားပြီးပြီဆိုတော့ ဒီယွမ် နှစ်သောင်းက အရမ်း ဈေးပေါတယ်လို့ မထင်ဘူးလား..”

“ မထင်ပါဘူး… နင် အဓိပ္ပာယ်ကောက် လွဲနေပြီ…” တိုနီ ပြောလိုက်ပြီး “ ငါ ဒီရောက်လာခဲ့တာ နင့်ကို ငှားရမ်းဖို့ မဟုတ်ဘူး… ပူးပေါင်းဆောင်ရွက်ဖို့ပဲ… ဘာပဲဆိုဆို နင်တို့နှစ်ယောက်ကြားမှာလည်း ရန်ငြိုးရန်စတွေက ရှိထားတယ်… ဘယ်လိုလဲဖြစ်ဖြစ် နင်သူ့ကို တစ်နည်းနည်းနဲ့တော့ လက်စားပြန်ချေမှာပဲ ဟုတ်တယ်မလား… ငါ့ဘက်က အလကား ယွမ် နှစ်သောင်း လာပေးတာကိုနင်မပျော်ဘူးလား..”

“ မှန်တယ်… ဒါပေမယ့် ယွမ် နှစ်သောင်းကတော့ ငါတို့အတွက် နည်းလွန်းနေတယ်..”

“ မစ္စတာချိန်…. လောဘ အရမ်းကြီးရင် မကောင်းဘူးနော်…” တိုနီ ပြောလိုက်ပြီး “ ငါက ဒီကို ကောင်းသော ရည်ရွယ်ချက်နဲ့ လာခဲ့တာ.. တကယ်လို့ နင်တို့ သဘောမတူရင်လည်း ငါ တခြားတစ်ယောက်ကိုပဲ လိုက်ရှာလိုက်တော့မယ်…”

တိုနီမှာ လိင်မကွဲပြားသော်လည်း သူ၏ စကားလုံးများနှင့် အပြုအမူတို့ကတော့ ပြတ်ပြတ်သားသားရှိသည်။

သူ ချလာပေးသည့် ကော်ဖီပင် တစ်ငုံမသောက်သွားပဲ လှည့်ထွက်သွားတော့၏။

“ ဟေ့.. ခဏလေးနေဦး..” ချိန်တုန်းကျယ် တိုနီ၏ ခြေလှမ်းများအား ရပ်တန့်စေလိုက်၏။

“ မစ္စတာချိန်က သဘောတူလိုက်ပြီလား…”

“ ကြေးကို နည်းနည်းထပ်တိုးပေးမယ်ဆိုရင် ဒီကိစ္စ အဆင်ပြေပြီ.. ငါတို့ မင်းကိုယ်စား သေချာပေါက် သင်ခန်းစာပေးပေးမယ်…” ချိန်တုန်းကျယ် ပြောလိုက်ပြီး “ ဒါပေမယ့် နောက်ထပ် တစ်ပြားတောင် မတိုးပေးချင်ဘူး ဆိုလို့ကတော့ မေ့လိုက်တော့…”

“ဘယ်လောက် ထပ်လိုချင်လဲ…”

“ တစ်သောင်း…”

“ သဘောတူတယ်…” တိုနီ နှစ်ခါ မစဉ်းစားပဲ “ ကိစ္စပြီးရင် ကျန်တဲ့ တစ်သောင်းကို လွှဲပေးမယ်..”

ဟွာရှ၌ လီချိန်ရှင်း၏ ကျော်ကြားမှုအရ ယွမ်တစ်သောင်းမှာ မပြောပလောက်သည့် ကိန်းဂဏန်းလေးမျှသာ။

“ ကောင်းပြီလေ.. အဆင်ပြေတယ်…”

“ ဒီမှာ နင်တို့အတွက်…” တိုနီပြောလိုက်ပြီး “ ငါ ထုတ်လုပ်ရေး အသင်းသားတွေကို လာဘ်ထိုးပြီး သူ့အခန်း ကတ်တစ်ကတ် အပိုတောင်းထားတာ… နင်တို့ ရုတ်ချည်း ဝင်သွားပြီ သူ့ကို စပရိုက်တိုက်လိုက်..”

“ ပညာတတ်တွေများ ဦးနှောက်ကောင်းလိုက်တာ… တကယ်လို့ ငါတို့သာ ဆိုလို့ကတော့ တံခါးဖျက်ပြီး ဝင်မိမှာပဲ…”

“ ဒီလို ကိစ္စမျိုးဆိုတာ ပရော်ဖက်ရှင်နယ် ဆန်ဆန်လုပ်ရတယ်… တရကြမ်းကြီး ဝင်တိုးဝှေ့လိုက်လို့မရဘူး…”

ချိန်တုန်းကျယ် အခန်းကတ်ကို ယူလိုက်ပြီး “ အဆင်ပြေပြီလို့သာ မှတ်လိုက်တော့ … ငါ သွားနှင့်ပြီ… ကျန်တဲ့ ယွမ်တစ်သောင်းကိုသာ လွှဲပေးဖို့ ပြင်ထားလိုက်….”

“ စိတ်ချထားလိုက်… ငါ ၊ တိုနီက နာမည်တစ်လုံးနဲ့ နေလာတာ… ယွမ် တစ်သောင်းလောက်လေးကတော့ ကပ်တွက်မနေဘူး… တကယ်လို့ ရလဒ်ကို ကျေနပ်ရင် ပိုတိုးပြီးတောင် ပေးဦးမယ်..”

“ ကောင်းပြီ… သတင်းကောင်းကိုသာ စောင့်နေလိုက်…”

သဘောတူညီမှု ပြုလုပ်ပြီးနောက် နှစ်ယောက်မှာ ခေါင်းညိမ့်၍ ကိုယ်စီ လမ်းခွဲလိုက်ကြသည်။

ချိန်တုန်းကျယ် သူ့အခန်းသို့ ဦးတည်လိုက်ပြီး တံခါးဝနား ရောက်တော့ အထဲမှ ကျီးအာသံများကို ထူးဆန်းစွာ ကြားလိုက်ရ၏။

သူ စိတ်ထဲ အတွေးတစ်ခုက ဝင်ရောက်လာပြီး တံခါးဖွင့်ကြည့်လိုက်တော့ မာတင်နှင့် ကျန်နှစ်ယောက်မှာ ဆံဝါမလေးများနှင့် ဒိုက်ထိုးနေကြပြီး ပွဲတော်ကြီးကို ဖြစ်လို့နေသည်။

ချွတ်ထားသည့် အဝတ်အစားများကို ကြည့်ရသလောက်တော့ အမျိုးသမီးများမှာ ရှိုးထဲ ပါဝင်မည့် ပြိုင်ပွဲဝင်များ ဖြစ်မည်မှာ သေချာသလောက်ရှိ၏။

သူမတို့၏ ဟော်မုန်းက အထွတ်အထိပ် ရောက်နေ၍လားတော့ မပြောတတ်၊ အမျိုးသမီး သုံးဦးလုံးမှာ ရှက်ရွံ့မနေသည့် အပြင် ချိန်တုန်းကျယ်ကိုပါ ပူးပေါင်းရန် ကမ်းလှမ်းလာခဲ့သည်။

ချိန်တုန်းကျယ်ကလည်း အားနာမနေချေ။ သူ လင်းရီ ကိစ္စကို ဘေးချိတ်ထားလိုက်ပြီး ခါးပါတ်ချွတ်၍ ပျော်ပျော်ကြီး ဝင်နွှဲတော့၏။

နာရီဝက်လောက်ကြာတော့ အမျိုးသမီး သုံးဦးမှာလည်း တော်တော်လေး အားပြတ်သွားခဲ့ကာ ဒိုက်ထိုးပွဲကြီးမှာ အဆုံးသတ်သွားခဲ့တော့သည်။

မာတင် စီးကရက် မီးညှိလိုက်ရင်း “ ဟို မိန်းမလျာက မင်းကို ဘာလုပ်ဖို့ ရှာနေတာလဲတဲ့…. ဘာလဲ … ခေါ်ပြီး ချစ်စကား ကြိုက်စကားတွေ ပြောတာလား…”

“ ပေါက်တတ်ကရ မလုပ်နဲ့… သူ ခေါ်လိုက်တာ အလုပ်ကိစ္စကြောင့်ကွ.. မင်းမှန်းကြည့်စမ်း… ဘာကြောင့်ဖြစ်မယ်လို့ ထင်လဲ..”

ပိုက်ဆံ ရမည့် အလုပ်ဟူသည့် အသံကြားတော့ မာတင် ရုတ်ချည်းဆိုသလို မျက်လုံး အရောင်လက်လာခဲ့ပြီး “ ဘယ်လို အလုပ်တဲ့လဲ….”

“ သူ ငါတို့ကို ယွမ် သုံးသောင်းပေးပြီး လင်းရီဆိုတဲ့ကောင်ကို သင်ခန်းစာပေးပေးဖို့ ကမ်းလှမ်းလာတယ်.. “ ချိန်တုန်းကျယ် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဟ …. ဒါ အလကားပေးတဲ့ ပိုက်ဆံပဲကွ…”

“ ဒါကြီးကတော့ တိုက်ဆိုင်လွန်းသွားပြီ… ငါတို့ကောင်တွေ သူ့ကို ကိုင်တွယ်မလို့ ဟန်ပြင်ကာရှိသေး တစ်စုံတစ်ယောက်က ပိုက်ဆံပေးပြီး ကိုင်တွယ်ပေးဖို့ တောင်းဆိုလာတယ်…” လီရှန်း ပြောလိုက်၏။

“ ဒါကြောင့်မို့ ပိုက်ဆံ အလကားပေးတယ်လို့ ငါပြောတာပေါ့ကွ..”

မာတင် သူ့နာရီကို ကြည့်လိုက်ပြီး “ ခု ည ဆယ့်တစ်နာရီ ကျော်ပြီဆိုတော့ လှုပ်ရှားဖို့ အချိန်ကောင်းပဲ…”

“ ဒါဆိုလည်း အသင့်ပြင်.. အခု လှုပ်ရှားကြစို့… ငါတော့ မစောင့်နိုင်တော့ဘူး…”

“ သွားကြစို့…”

လေးယောက်သား ကိုယ်စီ ပြင်ဆင်လိုက်ကြပြီး လင်းရီ အခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာခဲ့ကြလေသည်။

ချိန်တုန်းကျယ် အခန်းကတ်ကို ထုတ်၍ တံခါးသော့ကို စကန်ဖတ်လိုက်၏။ သော့မှာ အလိုအလျောက် ပွင့်ဟလာခဲ့ပြီး လေးယောက်သား လျှပ်စီးကဲ့သို အမြန်နှုန်းဖြင့် အထဲသို့ ပြေးဝင်လိုက်ကြသည်။ သို့သော်လည်း အံ့အားသင့်ဖို့ ကောင်းစွာဖြင့် လင်းရီမှာ အခန်းထဲ ရှိမနေချေ။

“ ဒီကောင် ဘယ်လဲ သွားခဲ့တာ…”

All Chapters