← Chapters

နင် ရေချိုးချင်သေးလား…

Vol. 59 Ch. 876

နင် ရေချိုးချင်သေးလား…

Vol. 59 Ch. 876

“ စိတ်မလောနဲ့… အရင်ဆုံး အထဲမှာ ရှာကြည့်ကြစို့… ဒီသင်္ဘောက ကြီးပဲကြီးတာ … သူ ထွက်ပြေးသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”

ထိုအခိုက်အတန့်တွင်တော့ မာတင်မှ ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစများအား ထုတ်ဖော်ပြသလာကာ လူတိုင်းအား ဆောင်ရွက်ရန် အသီးသီးညွှန်ကြားလိုက်သည်။

သို့သော်လည်း အခန်း၏ နေရာလပ်မကျန် ရှာဖွေပြီးသည့်တိုင် သူတို့ လင်းရီ၏ အစအနကိုပင် ရှာမတွေ့နိုင်ချေ။

“ ဒီကောင် ဘယ်လဲ သွားခဲ့တာ… စော်လေးတစ်ပွေနဲ့ သွားအိပ်နေတာများလား…”

“ ဖြစ်နိုင်တယ်… အဲ့ကောင် ရုပ်လေးက တကယ်မဆိုးဘူး..” လီရှန်း စောဒကတက်လိုက်၏။

“ ဘော့စ်… ကျုပ်တို့ အခု ဘယ်လိုလုပ်ကြမှာ… အပြင်ထွက်ရှာကြမလား..”

“ မဖြစ်နိုင်လောက်ဘူး.. ဒီ သင်္ဘောကြီးက အကြီးကြီးပဲ… ရှာတွေ့ဖို့ လွယ်မှာ မဟုတ်ဘူး…” မာတင်ပြောလိုက်သည်။

“ ဒါနဲ့‌နော် .. ဒီကောင့် အခန်းက ငါတို့အခန်းတွေထက်တောင် ပိုပြီး ဇိမ်ကျနေသေး…. အစားအသောက်တွေကလည်း ရှယ်ကြီးပဲ…. အဲ့ကောင် ဒီပြန်လာတာကို စောင့်ရအောင်ကွာ… ဒီလောက်ကောင်းတဲ့ နေရာကို ဒီကောင် ပြန်မလာဘူးဆိုတာ ငါမယုံဘူး…”

“ အင်း… အကြံကောင်းပဲ…” ချိန်တုန်းကျယ် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဟွာရှန့်စကားနဲ့ဆို ငါးမျှားဖို့ အချိန်ပေါ့..”

နောက် အစီအစဉ်ကို ချမှတ်ပြီးနောက် လေးယောက်သား လင်းရီ အခန်းထဲ၌ အားပါးတရ သောင်းကြမ်းကြတော့၏။ PS 3 ပင် ဆော့လိုက်ကြသေးသည်။

“ ဒီကောင့်အခန်းက ဘာလားကွ…. ငါတို့ထက် သာနေတာတော့ လက်ခံလို့ရပါသေးတယ်… ဒါပေမယ့် ဒီရဲ့ ဇိမ်ခံ အသုံးအဆောင်တွေက ဘာကြီးလဲ… ထုတ်လုပ်ရေး အသင်းက ဒီကောင့်ကို အထူးအလေးပေးလွန်း မနေဘူးလား..” လီရှန်း ပြောလိုက်၏။

“ ငါတို့နဲ့ ယှဉ်ရင်တော့ အဲ့ကောင်က တကယ့်ကို ထူးခြားတယ်… ဘာပဲဆိုဆို သူက အတွင်းဖိတ်ကြားချက် ရထားတဲ့သူပဲလေ…” ချိန်တုန်းကျယ် ပြောလိုက်ပြီး “ နောက်ပြီးတော့ နာမည်စာရင်းပေးတဲ့ နေ့တုန်းက သူ့ကို ခေါ်လာခဲ့တဲ့သူဆိုတာလည်း ထုတ်လုပ်ရေး အသင်းရဲ့ ဒါရိုက်တာ…. ဒီတော့ အထူးအလေးပေး ဆက်ဆံခံရတာ သဘာဝပဲ..”

“ ဒါပေမယ့် ခုကစပြီးတော့ ဒီအခန်းက ငါတို့အပိုင် ဖြစ်သွားပြီ…” မာတင် အပြုံးလေးဖြင့် ပြောလိုက်၏။

“ ကျုပ် တစ်ခု အကြံပြုချင်တယ်..” လီရှန်း ဆိုးညစ်သည့် အပြုံးဖြင့် ပြောလိုက်ပြီး “ သူ ပြန်ရောက်လာတဲ့အချိန်ကျရင် အဲ့ကောင်ကို အရင်ဆုံး သင်ခန်းစာပေးကြမယ်… ပြီးတာနဲ့ သူ့ကို ကိုယ်တုံးလုံး ချွတ်ပြီး အပြင်မောင်းထုတ်ကြမယ်… သင်္ဘောတစ်ခုလုံးက လှောင်ရယ်ကြပါစေ…. အဲ့တာမှ အဲ့ကောင် ရှိုးထဲ ဝင်ပြိုင်ဖို့ အရှက်ရသွားတော့မှာ…”

“ အဲ့အကြံလည်း မဆိုးဘူးပဲကွ…”

“ နေဦး… တစ်ယောက်ယောက် လာနေပြီ ထင်တယ်…” မာတင်မှ ရုတ်တရက်‌ ပြောဆိုလိုက်၏။

ယခုအချိန်၌ ဝန်ထမ်းများနှင့် ယှဉ်ပြိုင်သူများအားလုံးမှာ အနားယူရန် အခန်းကိုယ်စီသို့ ပြန်သွားခဲ့ကြချေပြီ။ ထို့ကြောင့် ကော်ရစ်ဒါရှိ ခြေသံများက လေးယောက်ကို လေးလေးနက်နက် ဖြစ်သွားစေခဲ့သည်။

“ ငါ တစ်ချက်သွားကြည့်လိုက်မယ်… အလျင်မလိုနဲ့ဦး…”

ဘရောင်းမှ ထရပ်ကာ တံခါးဝထံသွား၍ အပြင်ဘက်ရှိ အသံကို သေချာလေး နားကပ်၍ နားစွင့်လိုက်၏။

ထိုအချိန်တွင် အီလက်ထရစ် တံခါးမှ သော့ပွင့်သံကို လေးယောက်လုံး ကြားလိုက်ရလေသည်။

ထို့နောက် တံခါးမှာ တွန်းပွင့်လာခဲ့ပြီး လင်းရီ အထဲသို့ ဝင်ရောက်လာခဲ့၏။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် သူ ချိန်တုန်းကျယ်နှင့် ကျန်သူများကို မြင်တွေ့သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ဘရောင်းမှ တံခါးကို အလျင်အမြန် ပိတ်၍ လင်းရီ၏ ထွက်ပေါက်ကို ကာဆီးထားလိုက်၏။

“ မင်းတို့ကောင်တွေက တော်တော်လေး အထင်ကြီးလောက် စရာပဲ… ငါ့အခန်းထဲ အသံတစ်သံ မထွက်ပဲနဲ့ ဝင်လာနိုင်ကြတယ်ပေါ့….”

“ ထင်မထားဘူးမလား..” ချိန်တုန်းကျယ် အပြုံးလေးဖြင့် ဆိုလိုက်သည်။

“ ထမင်းစားနေတုန်းက မင်းရဲ့ စောက်လေသံကို ငါတို့ လုံးဝ သဘောမကျဘူး….”

“ အဲ့တော့…..... ငါ့ကို လက်စားချေချင်တယ် ဆိုပါတော့….”

“ မဟုတ်တာ…. ငါတို့က နိုင်ငံကြီးသားတွေ… မင်းကသာ ကောင်းကောင်းမွန်မွန် ပြုမူမယ်ဆိုရင် ဒီကိစ္စ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်သွားလိမ့်မယ်..”

“ ဟုတ်လား… ဆိုစမ်းပါဦး… မင်းတို့က ဘယ်လိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းချင်နေတာ…”

“ ဒူးထောက်ပြီး တောင်းပန်… ပြီးရင် အဝတ်အစားတွေ အကုန်ချွတ်ပြီး ဒီကနေ ထွက်သွားလိုက်….”

လင်းရီ စိတ်မရှည်စွာ နားကလော်လိုက်ရင်း “ ငါမင်းတို့ကောင်တွေကို အောက်တန်းစားတွေလို့ ခေါ်လိုက်ရင် အနာပေါ် တုတ်ကျသလို တော်တော်လေး အထိနာသွားလိမ့်မယ်လို့ထင်တယ်… ဒီလိုမျိုးနည်းလမ်းလောက်ပဲ စဉ်းစားထွက်ကြတယ်ပေါ့…”

“ မင်းက တိုက်ရည်ခိုက်ရည် တော်တော်လေးကောင်းတာ ငါသိတယ်… ငါတို့ နှစ်ယောက် ယှဉ်ချရင်တောင် မင်းကို အနိုင်ယူနိုင်မယ်လို့ ငါ့ဘက်က ရာနှုန်းပြည့် ယုံကြည်ချက် မရှိဘူး… ဒါပေမယ့် ….. အခု ငါ့ရဲ့ ရဲဘော်ရဲဘက်ဟောင်းတွေ ဒီရောက်နေကြပြီ…. သူတို့ အကုန်လုံးက ထိပ်တန်း ကျွမ်းကျင်သူတွေချည်းပဲ…. မင်းတစ်ယောက် ကိုင်တွယ်ဖို့လောက်ကတော့ ပြဿနာ မရှိဘူး…”

လင်းရီ သူ့နောက်၌ ရပ်နေသည့် ဘရောင်းထံ လှည့်ကြည့်လိုက်သည်။ ထို့နောက် ချိန်တုန်းကျယ်ဘေးနား ရပ်နေသည့် မာတင်ထံ အကြည့်ပို့လိုက်၏။

“ မင်းပြောနေတာ ဒီနှစ်ယောက်လား…..”

“ ဘယ်သူ ရှိရဦးမှာ…” ချိန်တုန်းကျယ် မောက်မာသည့် မျက်နှာထားဖြင့် ပခုံးတွန့်လိုက်ပြီး “ တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင် စမ်းကြည့်လို့ရတယ်… ပရော်ဖက်ရှင်နယ် တစ်ယောက်နဲ့ အပျော်တမ်း လေ့ကျင့်သူကြားက ခြားနားမှုကို သူတို့က ပြပေးလိမ့်မယ်…”

လင်းရီ နောက်သို့လှည့်၍ ဘရောင်းကို တစ်ချက် စူးစမ်းကြည့်လိုက်သည်။

ထို့နောက်…

လက်သီးတစ်လုံးက သူ့မျက်နှာနှင့် မိတ်ဆက်သွားခဲ့လေသည်။

“ အား….”

ဘရောင်း မျက်နှာကိုအုပ်၍ အော်ဟစ်ပြီးနောက် မြေပြင်သို့ လဲကျကာ တန်းသတိလစ်သွားခဲ့သည်။

ရုတ်ချည်း ပြောင်းလဲသွားသည့် ဖြစ်စဉ်က ချိန်တုန်းကျယ်နှင့် ကျန်သူများကို ကြက်သေသေသွားစေသည်။

သူတို့အားလုံး ဘရောင်း၏ အစွမ်းအစကို ကောင်းစွာ နားလည်ထားကြသည်။ မာတင်လောက် အစွမ်းမထက်သော်ငြား လွန်စွာမှ စွမ်းပကားကြီးနေဆဲပင်။

ထိုသို့သော လူစားမျိုးကို အဘယ်သို့သော လက်သီးမျိုးနှင့် တစ်ချက်တည်း အမှောက်သိပ်လိုက်နိုင်ပါသနည်း။

“ မင်း…. မင်း… ခိုးကြောင်ခိုးဝှက်တိုက်တယ်….”

“ ဒါကို ခိုးကြောင်ခိုးဝှက်တိုက်တယ်လို့ ခေါ်တာလား…” လင်းရီ ရေရွတ်လိုက်ပြီး “ ဒါဆိုလည်း ဒီတစ်ခေါက် ပေါ်တင် ထိုးမယ်ကွာ…”

ပြောပြီးနောက် လင်းရီ မာတင်ထံသို့ အေးဆေး လျှောက်လာခဲ့သည်။ တစ်ဖက်သူကလည်း ရှိန်နေခြင်းမရှိ။ ကိုယ့်အစွမ်းအစကို ယုံကြည်ချက် အပြည့်ရှိသည်။ သူ့ဘက်က စတင်တိုက်ခိုက်တော့မည့် အသွင်ကို ယူထားပြီး လင်းရီကိုပင် လက်ညှိုးကွေး၍ စိန်ခေါ်လိုက်သေး၏။

“ ဟွာရှန့်ကောင်… မင်းရဲ့ စကေးက ငါမျှော်မှန်းထားတာထက်ကျော်လွန်နေတယ်… ဒါပေမယ့် နှမြောဖို့ကောင်းတာ… ငါက လူမည်းကွ…. လူမည်းတွေရဲ့ ကြံ့ခိုင်မှု ကိန်းညွှန်းတွေက မင်းတို့ ငပျော့တွေထက် အပုံကြီးသာတယ်…. ပြီးတော့ ငါ့အတွေ့အကြုံ……..”

“ ဟေ့လူ…. ဒီတိုင်း ချမှာကို ဘာလို့ သောက်စကားတွေ အဲ့လောက်များနေတာ….” လင်းရီ ပိတ်ဟောက်လိုက်ပြီး “ မချခင် ပဒီးပတားတွေ ရွတ်နေရအောင် ကိုယ့်ကိုယ်ကို ဒရာမာတွေထဲက ဗီလိန်လို့ ထင်နေတာလားကွ….”

ဝှစ်….

လင်းရီ မာတင်၏ ခန္ဓာကိုယ်ကို ကန်ကျောက်လိုက်၏။

အကန်ခံရချိန်တွင် တစ်ဖက်သူ၏ မျက်ဝန်းများမှာ ဇီးကွက်သဖွယ် ပြူးကျယ်လာခဲ့ပြီး ထရပ်ကား တစ်စီးနှင့် အတိုက်ခံရသလို ခံစားလိုက်ရသည်။

သူလည်း သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ဘရောင်း၏လမ်းသို့ စံမြန်းသွားခဲ့ရ၏။

သူ၏ ရဲဘော်နှစ်ယောက်မှ အမှောက်သိပ်ခံလိုက်ရသည်ကို မြင်တော့ ချိန်တုန်းကျယ်နှင့် လီရှန်းတို့မှာ မြေပြင်သို့ ပုံလျက်သားကျသွားခဲ့သည်အထိ ထိတ်လန့်သွားခဲ့ကြပြီး တစ်ချိန်တည်းတွင် မယုံကြည်နိုင်ဖွယ် ကောင်းသည်ဟု ခံစားနေရ၏။

“ မစ်… မစ္စတာလင်း…. ဟဲဟဲ… ကျုပ်တို့ စကားအေးဆေး ပြောကြမယ်လေနော…. ခုနက စကားပြောမှားသွားတာ.. စိတ်မရှိပါနဲ့နော်….”

“ တောင်းပန်တာက အသုံးဝင်ကြေးဆို ငါ လေ့ကျင့်ထားတာတွေ သဲထဲ ရေသွန် ဖြစ်ကုန်တော့မှာပေါ့ကွ..”

လင်းရီ ဘာမျှ ဆက်မပြောပဲ နှစ်ယောက်ကို ကန်ကျောက် ထိုးကြိတ်ရင်း အကုန် သွေးပွက်ပွက် အန်တော့မှ ရပ်တန့်လိုက်တော့၏။

“ ကျွတ်... ဝိလိုက်တဲ့ ကောင်တွေ….”

လင်းရီ သင်ခန်းစာပေးပြီးနောက် အခန်းမှာလည်း ရှုပ်ပွသွားခဲ့ကာ လူနေချင်စရာ မကောင်းတော့ချေ။ ထို့ကြောင့် လှည့်ထွက်လာ၍ အခန်း နံပါတ် 6003 ထံ ဦးတည်လိုက်လေသည်။

ဒေါက် ဒေါက် ဒေါက်…

တံခါးခေါက်သံကို ကြားတော့ ရန်စီ သူမ လက်ထဲရှိ အလုပ်များကို ချ၍ တံခါးဝထံ လျှောက်လာလိုက်သည်။ သို့သော်လည်း ချက်ချင်း တံခါးမဖွင့်ပေးချေ။ ထိုအစား‌ ချောင်းကြည့်ပေါက်မှ တစ်ဆင့် အပြင်ကို ကြည့်လိုက်တော့ လင်းရီ ရောက်နေကြောင်း မြင်တွေ့လိုက်ရလေသည်။

ထိုအခိုက်အတန့်တွင်ပဲ သူမမျက်နှာ ပန်းနုရောင် သမ်းသွားခဲ့ကာ အလျင်အမြန်ပဲ ပြန်လည်ပျောက်ကွယ်သွားပြီး လင်းရီအတွက် တံခါးဖွင့်ပေးလိုက်၏။

“ နင် ဘာလဲလာလုပ်တာ..”

“ ငါက လာလို့ မရလို့လား…”

“ ငါလဲ စကားအရ မေးတာပါဟယ်…”

“ သောက်ရူး လေးကောင် ငါ့အခန်းထဲလာပြီး ပြဿနာ ရှာနေလို့ သင်ခန်းစာပေးလိုက်တယ်လေ… ခု ငါ့အခန်းထဲမှာ သွေးတွေနဲ့ လူနေလို့ မကောင်းတော့လို့..”

“ အဲ့လို ကိစ္စမျိုး ဖြစ်သွားသေးတာလား…” ရန်စီ၏ အမူအရာမှာ လေးနက်တည်ကြည်လာခဲ့ပြီး “ ဘယ်သူတွေလဲ ပြောလိုက်… ငါ အခုပဲ သူတို့ကို ထုတ်ပစ်လိုက်မယ်…”

လင်းရီ သူ့လက်ကို ထူးမခြားနားစွာ ဝှေ့ယမ်းလိုက်ပြီး “ ယင်ကောင် အသေးအမွှားလေးတွေပါကွာ…. အလေးအနက်ထားနေစရာ မလိုပါဘူး…”

“ ကောင်းပြီလေ…”

ရန်စီ လင်းရီ၏ အရည်အချင်းကို နားလည်ထားသောကြောင့် ယခုကိစ္စအပေါ် ရှည်ရှည်ဝေးဝေး တွေးတောမနေတော့ချေ။

စည်းမျဉ်းများက အင်အားနည်းသူများကို ကာကွယ်ပေးရန် ထုတ်ထားခြင်းဖြစ်ပြီး လင်းရီကဲ့သို့ လူစားမျိုးကတော့ လိုပင် မလိုအပ်ချေ။

“ နင့်ပုံစံ ကြည့်ရတာတော့ ဒီည ပြန်ဖို့ စိတ်ကူးမရှိတဲ့ပုံပဲနော်..”

“ မင်းက မကြိုဆိုချင်ဘူးလား…”

“ အဲ့ သဘောမျိုး မဟုတ်ပါဘူး…” ရန်စီ လင်းရီ၏ ဂျက်ကတ်ကို ကူချွတ်ပေးရင်း “ နင် ရေချိုးချင်သေးလား….”

All Chapters