သံသယတိမ်တိုက်များ
Vol. 59 Ch. 877
“ အတူတူလား…”
“ နင်အရင်သွားလိုက်…. အခန်းက နည်းနည်းလေး ရှုပ်ပွနေတော့ ငါအရင် သိမ်းလိုက်ဦးမယ်…”
လင်းရီ ရန်စီကို ခါးမှ နေ၍ ကောက်မလိုက်ပြီး “ ဘာကိုသိမ်းဦးမှာ… ဘယ်မှာလုပ်လုပ် အတူတူပဲ…”
“ အဟင့်ဟင့်... ငါ့ကို အရင်ချပေးလို့…” ရန်စီ လင်းရီ ရင်ခွင်ထဲ၌ ညင်သာစွာ ရုန်းကန် လှုပ်ရှားလိုက်ပြီး “ ငါတို့ ရေချိုးခန်းထဲမှာတော့ လုပ်လို့မရဘူးလေ…”
“ အချိန်ရရင် ကားထဲမှာတောင် လုပ်လို့ရသေးတာကို ရေချိုးခန်းထဲ လုပ်တာက လုံးဝ သာမန်ပဲ….”
“ ဟွန့်… နင်ကတော့ လူကို အမြဲတမ်း အနိုင်ကျင့်တယ်….”
………………………………..
အခန်း နံပါတ် 4018 ထဲ၌ အမေရိကန်သားနှစ်ဦး ထိုင်နေကြသည်။
တစ်ဦးမှာတော့ ပိန်ပိန်းပါးပါးနှင့် အရပ် 1.7 မီတာခန့် မြင့်ကာ ရုပ်ရည်မှာ ဖြူဖွေးနေသော်ငြား အန္ဒိယအနွယ်ဘက်သို့ အနည်းငယ် သွားယိမ်းလေသည်။ သို့သော်လည်း သူ၏ မျက်လုံးများမှာမူ အမေရိကား၏ စားကျက်ခင်းပေါ်သို့ ကောင်းကင်ယံထက်မှ သတိအပြည့်နှင့် ပျံဝဲနေသည့် သိန်းငှက်နည်းတူ ထက်ထက်ရှရှရှိသည်။
ထိုအမျိုးသား၏ နာမည်မှာတော့ အိုဝန်ပင်။ သူက မဟူရာဝက်ဆိုဒ်မှ ကြေးစား လုပ်ကြံသတ်ဖြတ်သူ တစ်ဦးလည်းဖြစ်၏။
သို့သော်လည်း သာမန်လောကတွင်တော့ စူပါမားကတ်တစ်ခု၏ ငွေကိုင် စာရေး တစ်ယောက်မျှသာ ဖြစ်သည်။ တစ်ချို့သော စွမ်းအားကြီးသည့် လူပုဂ္ဂိုလ်တစ်ချို့မှလွဲ၍ သူ၏ အထောက်အထားကို သိထားသူက ရှားလေသည်။
အိုဝန်နှင့် ဆန့်ကျင်ဘက်တွင် လူမည်းအမျိုးသားတစ်ဦးက ထိုင်နေသည်။
နှိုင်းယှဉ်ရမည် ဆိုပါက လူမည်းအမျိုးသား၏ ကိုယ်လုံးကိုယ်ပေါက်မှာ ကြွက်သားကြီးများနှင့် ပို၍ အထင်ကြီးဖို့လည်း ကောင်း၏။
အမည်မှာတော့ ဂျုံးစ်ပင်။ အိုဝန်ကဲ့သို့ မဟူရာ ဝက်ဆိုဒ်၏ လုပ်ကြံသတ်ဖြတ်ရေး သမား တစ်ယောက်ဖြစ်သည်။ သို့သော်လည်း သာမန် အရပ်သားတစ်ယောက်ကဲ့သို့ နေထိုင်ရာတွင် ထရပ်ဒရိုင်ဘာ တစ်ယောက်အဖြစ် အသွင်ယူထားပြီး လွန်ခဲ့သည့် နှစ်ဝက်ခန့်က လမ်းပျောက်နေသည့် ခွေးလေးတစ်ကောင်ကို ကယ်တင်ပေးခဲ့သည့် ကရုဏာရှင်ဟူ၍ သတင်းစာထဲ၌ပင် တစ်ကြိမ် ပါလာခဲ့ဖူးသေးသည်။
အကယ်၍များ သူသတ်ခဲ့သည့် လူများမှာ မရေမတွက်နိုင်အောင် ရှိနေပြီဆိုတာကို လူတို့ သိရှိသွားမည်ဆိုပါက………..
ထိုအခိုက်အတန့်တွင်တော့ ဂျုံးစ် ဆိုဖာပေါ်တွင် ထိုင်နေပြီး ခေါင်းကိုလည်း လက်တစ်ဖက်ဖြင့်ထောက်ထားကာ လေးလေးနက်နက် စဉ်းစားခန်းဝင်နေလေသည်။
တစ်ဖက်ရှိ အိုဝန်မှာတော့ သူ့ဖုန်းဖြင့် မိနစ်နှစ်ဆယ်ကျော်ကြာအောင် တစ်ဖက်သူနှင့် ဆက်သွယ်ပြီးတော့မှ ဖုန်းချလိုက်၏။
“ တစ်ဖက်သူက ဘာပြောလဲ..” ဂျုံးစ် မေးလိုက်သည်။
“ ပစ်မှတ်က လင်းရီလို့ခေါ်တဲ့ ဟွာရှန့်သားပဲ… အလုပ်အပ်တဲ့သူရဲ့ တောင်းဆိုချက်က ရိုးရှင်းတယ်… ဖြစ်နိုင်ရင် ငါတို့ သူ့ကို အမေရိကားဆီ ရှင်လျက်ခေါ်လာပေးရမယ်… မဖြစ်နိုင်ရင်တော့ ကျွန်းပေါ်မှာတင် တစ်ခါတည်း လက်စဖျောက်ပစ်ခဲ့ဖို့ပဲ…”
“ ဆုလဒ်ကကော…”
“ အသက်ရှင်လျက် ဖမ်းလာနိုင်မယ်ဆိုရင် လေးသန်း… မရရင်တော့ တစ်ဝက်ပေါ့…”
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဂျုံးစ်မှ “ တစ်ဖက်သူက သူ့အကြောင်း ဘယ်လောက်ထိ သိထားလဲ…”
“ သူက ပြည်တွင်းမှာ လွှမ်းမိုးမှု တစ်ချို့ရှိထားတဲ့ ဟွာရှန့် စီးပွားရေး သမား တစ်ယောက်… ဒါကြောင့်မို့ ငါတို့ လှုပ်ရှားရင် သတိထားဖို့တော့ လိုမယ်… တကယ်လို့ ရှာတွေ့သွားခဲ့ရင် ငါတို့ကောင်တွေ ဒုက္ခရောက်သွားနိုင်တယ်..”
“ အင်း…. ဒါဆို ငါအရင် သွားပြင်ဆင်ထားလိုက်ဦးမယ်… ငါ့စိတ်ထင် ငါတို့ နှစ်ရက်သုံးရက်လောက်နေရင် ကျွန်းပေါ်ကို ရောက်လောက်ပြီ..”
…………………….
တစ်ညတာလုံး လင်းရီဘက်မှ ရန်စီကို ပြင်းပြင်းထန်ထန် တရစပ် ထိုးစစ်ဆင်ပြီး နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ ရီဝေသည့် မျက်ဝန်းတို့ဖြင့် နိုးထလာခဲ့၏။ ရန်စီမှာမူ သူ့ဘေး၌ ရှိမနေတော့ချေ။သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ခြားနား၏။ ရန်စီမှ ပိုက်ဆံ မထားသွားခဲ့ချေ။
ရန်စီမှာ အတွေ့အကြုံ သိပ်မရှိသော်ငြား ပါရမီကောင်းသူ တစ်ယောက်ဖြစ်ကြောင်း လင်းရီ ညက သတိထားမိလိုက်လေသည်။
သူ တစ်ချက်ပုတ်လိုက်သည်နှင့် အနေအထားမျိုးစုံကို မည်သို့ ပြောင်းပေးရမည်ဖြစ်ကြောင်း သူမ နားလည်ပြီးသား ဖြစ်သည်။ မလိုအပ်သည်များကို ပြောဆိုရင်းဖြင့် အချိန်ဖြုန်းနေရန် မလိုအပ်ချေ။
အရေးကြီးဆုံးကတော့ သူမ၏ သက်လုံက လင်းရီ ထင်မှတ်မထားသည်ထက်ကို ပိုမို ကောင်းမွန်နေခြင်းပင်။ ထို့ကြောင့် နှစ်ယောက်လုံးမှ မောပမ်းလွန်း၍ ရှေ့မဆက်နိုင်တော့သည့် အခြေအနေမျိုးက လင်းရီအတွက် ဖြစ်မလာခဲ့ချေ။
ကျန်သည့် နေရက်များတွင်တော့ လင်းရီ သူမအခန်းထဲ၌သာ နေရစ်ခဲ့သည်။
သင်္ဘောက ဧရာမကြီး ဖြစ်ပြီး သူ ပျော်စရာ ရှာနိုင်သည့် နေရာများစွာကိုလည်း သိထားလေသည်။ သို့သော်လည်း သေချာလေး နှိုင်းယှဉ်ကြည့်ပြီးနောက် ရန်စီ၏ အခန်းလောက် ပျော်စရာ မကောင်းကြောင်း လင်းရီ သတိပြုမိလိုက်၏။ ထို့ကြောင့် အိပ်ခန်းထဲ၌သာ အေးဆေး အနားယူနေလိုက်လေသည်။
ထိုအတောအတွင်း လင်းရီနှင့် ကျီချင်းရန်တို့၏ စကားဝိုင်းမှာလည်း ကြိမ်ဖန်များစွာ တိုးပွားလာခဲ့တော့သည်။
အဘယ်ကြောင့်ဆိုသော် ထုတ်လုပ်ရေး အသင်း၏ တောင်းဆိုမှုကြောင့် ကျွန်းပေါ်သို့ အခြေချပြီးသည်နှင့် ဆက်သွယ်ရေး ပစ္စည်းများကို ကိုင်ဆောင်ခွင့် မပြုထားချေ။
ထို့ကြောင့် သူမ အချိန်ရသည့် အခါတိုင်း ဖုန်းထုတ်၍ လင်းရီနှင့် စကားပြောလေ့ရှိ၏။ အကယ်၍ ပြောစရာ စကားမရှိလျှင်တောင် လင်းရီ၏ အသက်ရှူသံကို နားထောင်နေရရုံမျှဖြင့် သူမ စိတ်ကျေနပ်လေသည်။
ဤအချိန်အတောအတွင်း သင်္ဘောပေါ်ရှိ လူတို့၏ စိတ်အခြေအနေမှာလည်း မသိသာ ပြောင်းလဲလာခဲ့၏။
သူတို့အားလုံးက ပုံမှန်မဟုတ်စွာဖြင့် သတိကို အဆုံးစွန်ဆုံး မြင့်တင်ထားခဲ့ကြသည်။
တစ်ဖက် သူစိမ်းကို ကြည့်သည့် အကြည့်တို့မှာ လွန်စွာမှကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်နေပြီး ခုခံမှုတို့ဖြင့် ကာရံထားခဲ့၏။
နှစ်ရက်နီးပါးခန့် ရွက်လွင့်ပြီးနောက် ကျွန်း၏ အရိပ်အယောင်ကို ကုန်းပေါ်ပတ်မှ နေ၍ မြင်တွေ့နိုင်နေချေပြီ။
ဆိုလိုသည်က သင်္ဘောမှာ အချိန်မရွေး ရပ်တန့်သွားနိုင်ပြီး အသက်ကယ်လှေများအတွက် တိုက်ပွဲက အချိန်မရွေး စတင်လာနိုင်သည်ဟူသည့် သဘောပင်။
ထိုအတောအတွင်း လီဂျန်းနီဘက်မှ လင်းရီကို ကျွန်းပေါ်သို့ အခြေချပြီးနောက် ရှေ့ဆက်မည့် အစီအစဉ်များကို ဆွေးနွေးရန် ဖိတ်ခေါ်လာခဲ့သော်လည်း လင်းရီကတော့ ရိုးရှင်းသည့် စကားလုံး အနည်းငယ်လောက်ဖြင့်သာ တုံ့ပြန်ပြီး အလေးအနက်ထားမနေချေ။
အဘယ်ကြောင့်ဆိုသော် ထုတ်လုပ်ရေး အသင်းမှ ထောက်ပံ့ပေးသည့် သတင်းအချက်အလက်တို့က လွန်စွာမှကို အကန့်အသတ်ဖြင့် ရှိပြီး မျက်ကန်း ဆွေးနွေးနေသည်ထက် ကုန်းပေါ်သို့ ရောက်ပြီးမှ အခြေအနေကို လေ့လာကာ အစီအစဉ််များ ရေးဆွဲသည်က ပိုမိုကောင်းမွန်လေသည်။
လင်းရီ၏ အမြင်တွင်တော့ သူတို့နှင့် ဆွေးနွေးနေရန်ပင် မလိုချေ။ ရန်စီမှာ ထုတ်လုပ်ရေး ဒါရိုက်တာ ဖြစ်သောကြောင့် ကျွန်းပေါ်ရှိ အခြေအနေများကို သူမ လက်ဖမိုးကဲ့သို့ ကောင်းမွန်စွာ နားလည်ထားသည်။အကယ်၍ သူ့ဘက်မှ စူးစမ်းချင်သည်ဆိုပါက တစ်ခွန်းမေးလိုက်သည်နှင့် ရ၏။ သို့သော် သူ မလုပ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ ဤရှိုးပွဲသို့ ပါဝင်လာသည်မှာ စနစ်၏ အလိုကြောင့်သာ ဖြစ်ပြီး စနစ်၏ မူဝါဒအရ ညစ်ပတ်ခြင်းကို ခွင့်မပြုထားချေ။
ထို့ကြောင့် သူ့ဘက်က သာမန် လုပ်ရိုးလုပ်ထုံးများကိုသာ လိုက်နာရန် တတ်နိုင်တော့၏။
၎င်းအပြင်ကို သူ အဲလစ်နှင့် နောက်ဆုံးတွေ့ခဲ့သည်မှာလည်း လဝက်ကျော်နေချေပြီ။ သို့သော်လည်း တစ်ဖက်သူမှ သူ့ထံသို့ ဆက်သွယ်လာသည့် အရိပ်အယောင်ကို အစအနလေးပင် မမြင်တွေ့ရသေးသလို ကော်ပိုရေးရှင်းဘက်မှလည်း မည်သည့် သတင်းတို့မျှ ထွက်ပေါ်မလာချေ။ ၎င်းတို့ဘက်က ချစ်ပ် 3.0 ကိစ္စကို လုံးဝလျစ်လျူရှုထားဟန်ပင်။
ယင်း အပြုအမူက လင်းရီကို ပဟေဠိ ဖြစ်သွားစေခဲ့ပြီး နားလည်ရန် ခက်ခဲသွားစေတော့၏။
ချစ်ပ် 3.0 ဆိုတာ ဘယ်လိုအရာလဲ.. သူတို့ဘက်က ချစ်ပ် 3.0 ရဲ့ အရေးပါတဲ့ ကဏ္ဍကို သူ့ထက်တောင် နားလည်နေရမှာ မဟုတ်ဘူးလား… ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ လက်လျော့လိုက်တယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..
သို့တိုင်အောင် ယခုအချိန်ထိ မည်သည့် လှုပ်ရှားမှု တစ်စွန်းတစ်စကိုမျှ မတွေ့ရသေးသောကြောင့် လူကို သံသယကြီးစွာ ဝင်နေစေတော့သည်။
ထို့ပြင် ကျောက်ဝန်ကလည်း သူ့ကို သိသောကြောင့် လင်းရီ မည်သို့ ဆောင်ရွက်လဲဆိုတာကို သေချာပေါက် နားလည်ပေမည်။
သူတို့က ဒီနည်းပညာကို AMD ဆီ ရောင်းစားပစ်မှာကို မကြောက်ဘူးတဲ့လား…
အဆိုပါ အချက်များအားလုံးက လင်းရီ၏ သံသယ စိတ်ကို တိုးပွားလာစေသည်။
မကောင်းသည့် ကိစ္စ တစ်ခုခု လာတော့မည်ဟု လင်းရီ၏ မသိစိတ်မှ ရေးတေးတေးလေး အာရုံခံနေမိ၏။
ထပ်ပေါင်းအနေဖြင့် အာယာနဲမစ်ဆူဘက်က အခြေအနေကလည်း ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ပင်။
အဆိုပါ ဉာဏ်များပြီး ရည်ရွယ်ချက်ကြီးသည့် အမျိုးသမီးက Intel ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေလေသည်။
သူမဘက်က ငြိမ်ချက်သားကောင်းနေပြီး မည်သည့် လှုပ်ရှားမှုတို့မျှ ရှိမလာချေ။
ငိုးမ … ဒါကြီးက စောက်ရမ်းပဲ ဇဝေဇဝါဖြစ်ဖို့ကောင်းတယ်…
ကလင် ကလင် …
ထိုအချိန်တွင် လင်းရီ ဖုန်းသံမြည်လာခဲ့၏။ ရန်စီမှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ ငါအခု အခန်းထဲမှာ.. ဘာလဲလုပ်မလို့…”
“ ငါ ခုလေးတင် အစည်းအဝေး ပြီးလို့ နင် စားတော့မှာလားလို့…. နင် အပြင်မှာစားမလား… ဒါမှမဟုတ် ငါနင့်အတွက် ယူလာခဲ့ပေးရမလား…”
“ အဲ့ဒါဆို ယူခဲ့ပေး…”
“ နင် ဘာစားချင်မှာ…”
“ အကုန်ရတယ်…. မင်း အဆင်ပြေမယ် ထင်တာ ထည့်ခဲ့လိုက်…”
“ အိုကေလေ…”
ဖုန်းချပြီး မိနစ် နှစ်ဆယ်ခန့်လောက် ကြာတော့ ရန်စီ အခန်းထဲ ရောက်လာခဲ့၏။
သူမ လက်ထဲတွင် စားစရာ ထည့်ထားသည့် ပန်းကန် နှစ်ချပ်ကိုလည် သယ်ဆောင်လာလေသည်။
“ ခုလေးတင်ပဲ ငါတို့ ကျွန်းပေါ် ဘယ်အချိန် အခြေချမလဲဆိုတဲ့ ကိစ္စ ဆွေးနွေးခဲ့ပြီးတာ… ညကျ…..”
“ ရပ် ရပ် ရပ်….”
လင်းရီ ရန်စီကို စကားအဆုံးသတ်ခွင့် မပေးလိုက်ချေ။
“ ငါ့ကို လာမပြောပြနဲ့… ညစ်ပြီး ကစားတာက ပျင်းဖို့ကောင်းတယ်…”
“ နင် မသိချင်တာ သေချာပြီနော်…”
ရန်စီ၏ လေသံမှာ အံ့အားသင့်နေခြင်း မရှိချေ။ သူမလည်း ယခုလို ဖြစ်မည်ကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်၏။
“ အင်း…. သေချာတယ်… အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ လာမပြောပြနဲ့…”
“ ကျွန်းအကြောင်းကော ပြောပြဖို့ မလိုဘူးလား…”
“ မလိုဘူး…”
“ ကောင်းပြီလေ… ဒါဆိုလည်း အရင်စားကြတာပေါ့…”
စိတ်ထဲတွင်တော့ ရန်စီ ကျွန်းပေါ်ရောက်ပြီးနောက် လင်းရီ၏ စွမ်းဆောင်မှုကို မျှော်လင့်နေပြီး ဖြစ်၏။
“ စကားမစပ် နင့်အခန်းက သန့်ရှင်းပြီးသွားပြီ… ဒီည နင့်အခန်း နင်ပြန်အိပ်တော့…”
“ ဘာလို့….”
“ ကျွန်းပေါ်ရောက်ဖို့ သိပ်မလိုတော့ဘူး.. ဒီည နင့်ညီကို မသရမ်းဖို့ပြောထား…. နင့် သက်လုံကို ထိန်းထားမှ ဖြစ်မှာ.. မဟုတ်ရင် နင်နောက်ကောက်ကျန်နေလိမ့်မယ်….”
“ အဲ့လိုဆိုတောင် ငါ့ဘက်က စွန့်စားဖို့ အသင့်ပဲ…”
အား…..
ရန်စီ မတုံ့ပြန်နိုင်မီ လင်းရီမှ သူမကို ခါးမှ တစ်ဆင့် ပွေ့ထားလိုက်၏။
“ နင် ဘာလုပ်တာလဲ… ငါ ဘာမှ မစားရသေးဘူးလေ…” ရန်စီ မျက်နှာကြီး နီရဲလျက် ပြောလိုက်၏။
“ ငါဗိုက်ပြည့်ရင် တော်ပြီပေါ့.. မင်းဘက်က အများကြီး စားထားစရာ မလိုပါဘူး…. မဟုတ်လို့ကတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ပြီးရင် ပြန်အန်ထုတ်နေရလိမ့်မယ်..”