ကျွန်းက အန္တရာယ်များလွန်းတယ်… မသွားနဲ့
Vol. 59 Ch. 879
“ ငါကလည်း လူလေးနောက်တစ်ယောက်လောက်ပဲ ထပ်ထည့်လိုက်တာပါဟ…. ဒီကိစ္စ ချဲ့ကားပြီး ပြောစရာ မလိုဘူးတော့ ထင်တာပဲ…” လင်းရီ ပြောလိုက်သည်။
“ ငါတို့ နောက်ထပ် လူတင် မတင်က ပြဿနာ မဟုတ်ဘူး..” ဟွမ်ယွင်ဟန် ပြောလိုက်ပြီး “ လှေကို ငါတို့ ယူထားတာ… မင်းက အေးဆေးထိုင်ပြီး အသီးအပွင့်တွေကို ခံစားတာက အဆင်ပြေတယ်… ဒါပေမယ့် မင်းက ငါတို့ရဲ့ ခွင့်ပြုချက်လည်း မရပဲနဲ့ နောက်ထပ် လူတွေ တင်ချင်နေတယ်.. အဲ့တာ မင်းအလွန် မဟုတ်ဘူးလား..”
လင်းရီ တစ်ခုခု စကားပြောတော့မည့် အချိန်တွင် လီဂျန်းနီမှ ဦးစွာ ပြောလာခဲ့၏။
“ မစ္စတာလင်း.. ကျွန်မတို့ရဲ့ အစီအစဉ်တွေအပေါ် အကျိုးသက်ရောက်မှု မရှိသရွေ့ ရှင့်ကို မျက်နှာသာပေးဖို့ ဝန်မလေးပါဘူး… ဒါပေမယ့် ဒီလှေရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်နဲ့… လူလေးယောက် စီးမယ်ဆို သိပ်ကောင်းမှာ မဟုတ်ဘူး..”
“ အဲ့တာနဲ့လည်း မဆိုင်ဘူး..” ဟွမ်ယွင်ဟန် ပြောလိုက်ပြီး “ လှေက လူလေးယောက် တင်နိုင်တယ်ဆိုဦးတော့ ဒီကောင် တစ်စုံတစ်ယောက်ကို ဒီတိုင်း ခေါ်လာတာကြီးကိုတော့ လက်သင့်မခံနိုင်ဘူး… ဒီကောင်က အကန့်လေးကို မထားတာ.. သူ့ကိုယ်သူ ဘုရင်လို့ ထင်နေလားမသိဘူး..”
မူလက ကျွန်းပေါ်သို့ အောင်မြင်စွာနှင့် အခြေချနိုင်ပြီ အမှတ်နှင့် ပျော်ရွှင်နေသည့် ကျောက်ရင်ညန်မှာ မျှော်လင့်မထားစွာဖြင့် ရေအေးကြီး တစ်ဇလုံနဲ့ လောင်းချခံရသလို ဖြစ်သွားခဲ့တော့သည်။
သူမ လင်းရီကို ကိုးရို့ကားယားဖြစ်စွာ ကြည့်လိုက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတေ၏။
“ ကျွန်မတော့ နှောင့်ယှက်မိပြီနဲ့တူတယ်… ထွက်သွားတာက ပိုကောင်းပါတယ်လေ…”
“ မင်း အဲ့ဒီကျွန်းပေါ် မရောက်ချင်ဘူးလား…”
“ ရောက်ချင်တယ်… ဒါပေမယ့် လှေက ရှင့်အပိုင်မှ မဟုတ်တာ…. ကျွန်မလည်း ရှင့်ကို အခက်မတွေ့စေချင်ပါဘူး…”
“ ပြေတယ်…. ငါ နောက် လှေတစ်စင်း ယူလိုက်မယ်..”လင်းရီ သာမန်လျှံကာ ပြောလိုက်ပြန်သည်။
“ ဒါပေမယ့် …. လှေ အစင်းငါးဆယ်လုံးက ပိုင်ရှင် ရှိပြီးသားတွေ ဖြစ်ကုန်ပြီလေ…”
“ အဲ့တော့လည်း သူများနား တစ်စင်း ပြန်ယူရုံပေါ့…"
“ ဟင်… ရမှာတဲ့လား…” ကျောက်ရင်ညန် တီးတိုးပြောလိုက်ပြီး “ လှေရှိမှ ကျွန်းပေါ် အခြေချလို့ရမှာကို ဘယ်သူကမှ လွယ်လွယ်ကူကူနဲ့ လက်လျှော့ပေးမှာ မဟုတ်ဘူး… သူတို့ ရှင့်အသက်ကိုတောင် ရန်မူလာနိုင်တယ်နော်…”
“ မင်းထင်သလောက်လည်း မဆိုးရွားသေးပါဘူးဟ…”
ပြောရင်းဖြင့် လင်းရီ ပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီး လျင်မြန်စွာဖြင့် သူ၏ ပစ်မှတ်ကို ရွေးချယ်လိုက်လေသည်။
ထို့နောက် မာတင်နှင့် ဘရောင်းထံ လျှောက်လှမ်းသွားလိုက်၏။
တစ်ချိန်တည်းတွင် လင်းရီနှင့် ဟွမ်ယွင်ဟန်တို့၏ အငြင်းအခုန်က လူအများအပြား၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
“ ဒီဟွာရှန့်တွေက တော်တော်လေး စိတ်ဝင်စားဖို့တော့ ကောင်းသား…. ကျွန်းပေါ်တောင် အခြေမချရသေးဘူး… အချင်းချင်း ကိုက်နေကြပြီ…”
“ အဲ့တာ သူတို့ ထုံးစံပဲလေ…. ငါတို့အတွက် ပိုကောင်းသွားတာပေါ့…”
သင်္ဘောပေါ်ရှိ လူတိုင်းမှ ရှိုးပွဲကောင်းကောင်းကို စောင့်ဆိုင်းနေစဉ် ရန်စီဘေးနား ရပ်နေသည့် ဝှိုက်မှ “ မစ်ရန်... အခြေအနေတော့ မဟန်ဘူးနော် … ခင်များ မျှော်လင့်ချက် ကြီးကြီး ထားတဲ့သူက မောင်းထုတ်ခံရတော့မယ်… ခု ကျွန်းပေါ်ရောက်နိုင်မလားတောင် မသေချာတော့ဘူး…”
ရန်စီ လင်းရီ၏ နောက်ကျောကို စိတ်ဝင်တစား ငေးမောရင်း ရှုပ်ထွေးသည့် အမူအရာတို့က မျက်နှာပေါ် တစ်လှည့်စီ ဖြစ်ပေါ်နေသည်။ သူမ၏ စိတ်အသိမှာလည်း သံသယတို့ဖြင့် ပြည့်နှက်သွားခဲ့၏။
သူက ငါနဲ့ သင်္ဘာပေါ်မှာ တစ်ချိန်လုံး အတူတူရှိနေတာ မဟုတ်ဘူးလား.. ဘယ်အချိန်တုန်းက အဲ့ဒီ ဆယ်လီအမျိုးသမီးနဲ့ ရင်းနှီးသွားခဲ့တာ…
“ သူ့မှာလည်း သူ့အကြံဉာဏ်နဲ့သူ ရှိမှာပေါ့… ကျွန်မလည်း ဘယ်လိုလုပ်ပြီး ရှင်းပြတတ်မှာ… ဒါပေမယ့် သူကျွန်းပေါ်ကို ရောက်မယ့်လမ်းမှာ ဘယ်သူကမှ တားနိုင်မယ်လို့ မထင်ဘူး…”
“ ဒါပေမယ့် လှေတွေအကုန်လုံးက ပိုင်ရှင်ကိုယ်စီနဲ့ ဖြစ်ကုန်ပြီလေ… သူဘယ်လိုလုပ်ပြီး ကျွန်းပေါ် ရောက်အောင် သွားတော့မှာလဲ…”
“ လှေကို ပေါ်တင်ကြီး လုမလို့တဲ့လား…. တကယ်လို့ ဟွာရှန့်သားတွေရဲ့ လှေကို လုမယ်ဆိုရင်တော့ ပြဿနာ ရှိမှာ မဟုတ်လောက်ဘူး… ဒါပေမယ့် ကျုပ်တို့ရဲ့ လှေတွေကိုမှ ကြိုးစားကြည့်ချင်နေတယ် ဆိုရင်တော့ …… တန်ကြေးတစ်ခုတော့ ပေးဆပ်ရမှာနော…”
“ ကဲပါ… စောင့်ကြည့်ကြတာပေါ့…”
တစ်ချိန်တည်းတွင် မာတင်နှင့် ဘရောင်းတို့လည်း လင်းရီ သူတို့ထံ လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရ၏။
သူတို့ လင်းရီကို နောက်တစ်ကြိမ် ပြန်မြင်လိုက်ရတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားခဲ့လေသည်။ ထိုညက မြင်ကွင်းမှာ သူတို့စိတ်ထဲ၌ လတ်လတ်ဆတ်ဆတ် ကျန်ရှိနေသေး၏။
ဒီလူက သူတို့ထက်ကို အများကြီး ပိုကြမ်းတယ်… ငါတို့လှေကို လိုချင်နေတယ်ဆိုရင်တော့ ပြန်ပြီးတိုက်ခိုက်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး…
လှေပေါ်ရှိ ကျန်သူများကလည်း လင်းရီကို ထူးဆန်းသည့် အကြည့်တို့ဖြင့် ကြည့်ရှုလိုက်ကြ၏။
သူတို့အတွေးက လင်းရီ၏ ကိုယ်လုံးကိုယ်ပေါက်ဖြင့် သူတို့လူမျိုး လှေကိုသာ ရွေးချယ်လိမ့်မည်လို့ ထင်မှတ်ထားခဲ့သည်။ သို့မှသာ အောင်မြင်နိုင်ချေ အခွင့်အရေး များပြားပေမည်။
မျှော်လင့်မထားစွာဖြင့် ထိုသူက အမေရိကန် လူမျိုးများထံ တန်းမတ်စွာဖြင့် လျှောက်လှမ်းသွားခဲ့၏။
“ ငါ အဲ့နှစ်ယောက်ကို သိတယ်… တစ်ယောက်က မာတင် … သူ့ဘေးက တစ်ယောက်က ဘရောင်း… သူတို့ အကုန်လုံးက နိုင်ငံတကာ ကြေးစားတပ်ဖွဲ့က … တိုက်ရည်ခိုက်ရည်က လုံးဝကို ဆရာကျတယ်…. ဒီဟွာရှန့်ကောင်က အဲ့လိုလူတွေကိုမှ ရွေးပြီး ပြဿနာ သွားရှာတယ်ဆိုတော့… ဒီကောင် နာချင်နေပြီနဲ့တူတယ်..”
“ အဲ့ကောင် တကယ်ကြီး သူတို့ရဲ့လှေကို လိုချင်နေတယ်ပေါ့လေ…”
“ ငါ့အထင်တော့ သူ အဲ့လူနှစ်ယောက်ရဲ့ နောက်ခံကို မသိလို့နေမယ်… မဟုတ်ရင် သူ စိတ်ကူးယဉ်ရဲမှာတောင် မဟုတ်လောက်ဘူး…”
“ ကျွတ်…. ကိုယ့်ပြိုင်ဘက်အကြောင်းတောင် သေချာနားမလည်ထားပဲနဲ့များ တစ်ခုခု ဖြစ်သွားရင်တော့ အပြစ် ဘယ်တင်လို့ရမှာ…”
သင်္ဘောပေါ်ရှိ လူတိုင်းမှ လင်းရီကို ဟာသလုပ်နေကြပြီး အကုန်လုံးက လင်းရီ သွေးနားထင်ရောက်နေသည်ဟု မှတ်ယူနေကြ၏။
ဒီ ဟွာရှန့်တိုဖူးက နိုင်ငံခြား ကြေးစားနှစ်ယောက်ကို စိန်ခေါ်ချင်နေတယ်… ဒါက ကို့ယ်သေတွင်း ကိုယ်တူးတာနဲ့ ဘာထူးတော့မှာ….
“ မစ်ရန်… ခုချိန်သူ့ကို ပြန်လာခိုင်းရင် အချိန်မှီသေးတယ်နော..” ဝှိုက်မှ ပြောလိုက်ပြီး “ ကျုပ် ဘရောင်းနဲ့ မာတင်ကို ကောင်းကောင်းကြီး သိတယ်… သူတို့နှစ်ယောက်က ကျုပ် မြင့်မြင့်မှန်းထားတဲ့ ပြိုင်ပွဲဝင်တွေထဲမှာ ပါတယ်… ကံကောင်းထောက်မရင် ပထမဆုတောင် ရနိုင်လောက်တဲ့အထိပဲ…. ဟွာရှန့်ကောင်က သူတို့လှေကို လိုချင်နေတယ်ဆိုရင်တော့ မြင်မကောင်း ရှုမကောင်း ကိစ္စတွေ ဖြစ်ကုန်လိမ့်မယ်နော…”
“ အဲ့ဒါက သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ..ကျွန်မလို ရှိုးရဲ့ ဒါရိုက်တာလေးက တားမြစ်နိုင်တဲ့ အခွင့်အရေး ကျွန်မမှာ မရှိဘူး…”
ဝှိုက် ရန်စီကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး “ သူ့ခွန်အားကို အဲ့လောက်တောင် ယုံကြည်ချက် ရှိနေတယ်ပေါ့..”
“ အင်း…”
ဝှိုက် ခေါင်းခါရမ်းလိုက်ရင်း “ မစ်ရန်ကိုယ်တိုင်က မစိုးရိမ်မှတော့ ကျုပ်လည်း ဝင်မစွက်ဖက်တော့ပါဘူး..”
တစ်ချိန်တည်းတွင် လင်းရီ မာတင်တို့ထံ ရောက်လာခဲ့တော့၏။
“ ဟဲဟဲ… မစ္စတာလင်း .. ဒီနေ့ အရမ်းကြည့်ကောင်းနေတယ်နော်… ကံကောင်းချင်တော့ ကျုပ်တို့ လှေတစ်စင်း ရထားတယ်…”
“ အင်း… ကံကောင်းတာပေါ့..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်းက အရမ်း အန္တရာယ်များတယ်ကွ… ဘာဖြစ်မလဲ ဘယ်သူကမလဲ ကြိုမသိနိုင်ဘူး… မင်းတို့ရဲ့ ဘေးကင်းလုံခြုံရေးကို ထောက်ထားပြီးတော့ ငါ့အထင် မင်းတို့ အဲ့ကျွန်းကို မသွားတာ ကောင်းမယ်နဲ့တူတယ်…. ပြန်ပြီး အေးဆေးနားလိုက်တော့…”
“ အာ... ဟုတ် ဟုတ်… မစ္စတာလင်းရဲ့ စေတနာတွေကို ငြင်းပယ်လို့ ဘယ်ကောင်းမှာ…ကျုပ်တို့ မသွားတော့ပါဘူးဗျ…”
ပြောပြီးနောက် နှစ်ယောက်မှာ စိတ်ပျက်အားလျော့စွာဖြင့် နောက်ဆုတ်သွားကြပြီး ကျန်ခဲ့သည့် လှေကိုတော့ လင်းရီမှ လွှဲပြောင်း လက်ခံလိုက်လေသည်။
“ ဝှက်…. " အားလုံး မျက်ပြူးဆန်ပြာ ဖြစ်ကုန်ကြပြီး "ဘာတွေဖြစ်နေတာတုန်းဟ…”
သူတို့ရှေ့ရှိ မြင်ကွင်းက လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။
ကျန်သူများကို မဆိုထားနှင့်။ ရန်စီပင် ယခုလို ရလဒ်မျိုး ထွက်လာလိမ့်မည်လို့ မျှော်လင့်မထားချေ။
ဘယ်မလဲ သွေးထွက်သံယို မြင်ကွင်းတွေ…
ဘယ်မလဲ အရှုံးမပေးတဲ့ သတ္တိတွေ…
“ အဲ့နှစ်ကောင်က ဦးနှောက်တစ်ခန်းလွတ်နေတာလားဟ… လှေကို အဲ့အတိုင်းကြီး ပေးပစ်လိုက်တယ်ပေါ့လေ…”
“ လာနောက်နေတာလား… ဒါမှမဟုတ် အဲ့ကောင်တွေ ငွေလက်ခံထားကြလို့များလား….”
နှစ်ယောက်ထွက်ခွာသွားသည်ကို မြင်တော့ ဝှိုက် လည်ပင်းသွေးကြောကြီးများ ထောင်ထလျက် မာတင်တို့ထံ ဒေါသတကြီး တိုးဝင်သွားပြီး “ မင်းတို့နှစ်ယောက်.... ဘာလို့ သူတိုနှစ်ယောက်ကို ဒီတိုင်း ပေးလိုက်ရတာ… အဲ့တာက ဘာအဓိပ္ပာယ်လဲဆိုတာ မင်းတို့ နားမလည်ဘူးလားကွ…”
ဝှိုက်အဖို့ လူတစ်အုပ်စု လျော့ကျသွားသည်က ပြဿနာ မဟုတ်သော်လည်း ထိုနှစ်ယောက်မှာ ပြန်လည် ငြင်းဆန်ခြင်းပင် မပြုခဲ့ပဲ လှေကို လိုလိုလားလား ပေးပစ်လိုက်လေသည်။ ယင်းအပြုအမူက လူရှေ့သူရှေ့တွင် သိက္ခာကျစရာကြီးဖြစ်ကာ သူ မည်သို့မျှ လက်သင့်မခံနိုင်ခဲ့ချေ။
“ အဲ့ဒီလူကြီးလူကောင်းက ကျွန်းပေါ် မှာအန္တရာယ်များတယ်.. မသွားနဲ့ဆိုလို့ ငါတို့ လက်လျော့လိုက်တယ်လေ…ခု မပြိုင်တော့ဘူး…”
“ သူက အန္တရာယ်ရှိတယ် ပြောတာနဲ့ မင်းက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်… မင်းရဲ့ ငိုးဦးနှောက်က ယီးတွေ တွေးနေတာလားကွ…”
မာတင် ပခုံးတွန့်ရုံသာ တွန့်ပြလိုက်ပြီး “ ဆောတီးပဲ..ဒါငါတို့ ဆုံးဖြတ်ချက်... မင်းဆီက ငါ ဘာစကားမှ ထပ်မကြားချင်ဘူး… ဘာပဲပြောပြော ငါတို့အခု နှုတ်ထွက်ပြီ…”
“ မင်းတို့ …..”
“ တော်လောက်ပြီ… သောက်ရေးမပါတာတွေ ပြောမနေကြနဲ့.. မကျေနပ်ရင် တစ်ယောက်ယောက်ကို ကျုပ်ဆီလာပြီး လှေလာယူခိုင်းလို့ရတယ်..” လင်းရီ မြဲမြံသည့် လေသံဖြင့် ပြောလိုက်၏။
“ မလိုပါဘူး…” ဝှိုက်ပြောလိုက်ပြီး “ ငါပြောမှာက မင်း ကျွန်းပေါ်သွားဖို့ လှေရလိုက်တယ်ဆိုပေမယ့် နောက်ဆုံးရလဒ်အပေါ်တော့ သက်ရောက်မှု ရှိမှာ မဟုတ်ဘူး.. သိပ်ပြီး မမောက်မာနဲ့….”
ဝှိုက် လင်းရီ၏ လေသံကို သဘောမကျကြောင်း သိသာလေသည်။
“ စောင့်ကြည့်တာပေါ့..”
လင်းရီ မာတင်နှင့် အခြားသူ၏ လှေကို ယူလိုက်တော့ လီဂျန်းနီ မျက်မှောင်ကြုတ်သွားခဲ့၏။
ဤကိစ္စက တော်တော်လေးကို မူမမှန်ဟု သူမ ခံစားနေရသည်။ နိုင်ငံခြားသား နှစ်ယောက်၏ သွင်ပန်း သဏ္ဌာန်အရတော့ အားနည်းမည့်ဟန် လုံးဝ မရှိချေ။ အကယ်၍ အခြားသော အကြောင်းပြချက် မရှိဘူးဆိုပါက ထိုမျှ စကားနာခံနေမည် မဟုတ်ပေ။
ဧကန္တ …. သူ အဲ့လူနှစ်ယောက်ကို ငွေပေးထားတာများလား…
တွေးကြည့်လိုက်တော့ ၎င်းက ဖြစ်နိုင်ချေများသည်ဟု လီဂျန်းနီ ခံစားလိုက်ရသည်။
သူက တောတွင်း ကျွမ်းကျင်သူဆိုတော့ တခြား တိုက်ရေးခိုက်ရေးမှာ တခြားသူတွေထက် အားလျော့နေမှာပဲလေ…
သူမ တကယ်ကြီး အထင်သေးမိသွားတယ်… ဒီလူရဲ့ ဦးနှောက်က သူမ ထင်ထားတာထက်ကို ပိုပြီး ထက်မြိနေတာပဲ…
ဘယ်အချိန်လှုပ်ရှားလိုက်လဲ သူမတောင် မသိလိုက်ရဘူး….