← Chapters

ဒါက စိတ်ကူးယဉ် ဇာတ်လမ်း မဟုတ်ဘူး…

Vol. 59 Ch. 882

ဒါက စိတ်ကူးယဉ် ဇာတ်လမ်း မဟုတ်ဘူး…

Vol. 59 Ch. 882

“ သွားစို့… အခု ပစ္စည်းတွေ သိမ်းတော့…”

ပစ္စည်းများ သိမ်းပြီးနောက် လေးယောက်သား ကင်မရာမန်းနှင့် အတူ တောအုပ်ထဲသို့ ဦးတည်လိုက်ကြလေသည်။

လင်းရီနှင့် ကျန်သူများ ထွက်ခွာသွားခဲ့သည်ကို မြင်တော့ လူအုပ်စု နှစ်စုမှာ နောက်မှ လိုက်လာခဲ့ကြ၏။

“ အဲ့ကောင်တွေနောက် လိုက်ရအောင်… ငါတို့ လူပြတ်တဲ့ နေရာရောက်ရင် အဲ့ကောင်တွေရဲ့ ရိက္ခာတွေကို လုယူကြမယ်…” လီချိန်ရှင်း ပြောလိုက်သည်။

အခကြေးငွေ ပေးပြီးနောက် လီချိန်ရှင်းမှာ အလိုအလျောက် အသင်း၏ ဘော့စ် ဖြစ်လာပြီး ကျန်သူများက သူ၏ အမိန့်ကို နာခံရမည်မှာ သဘာဝပင်။

“ ငါတော့ ငြင်းစရာ အကြောင်း မရှိဘူး..” နင်တုန်းလျန် ပြောလိုက်ပြီး “ အမှန်ဆို ငါလည်း အစတုန်းကတည်းကရင် အဲ့လိုမျိုး တွေးထားပြီးသား…”

မုန့်ချီနှင့် ချွီရှင်းညန်တို့လည်း ခေါင်းညိမ့်လိုက်ကြသည်။

“ ငါ ခုလေးတင် ကြည့်လိုက်တာ အခု… ငါတို့ အိတ်ထဲမှာပါတဲ့ ရိက္ခာတွေက ရက်သတ္တပတ်စာအတွက်တော့ လုံလောက်တယ်… တကယ်လို့ သူတို့ လေးယောက်ဆီကနေ ထပ်ပြီး လုယက်လိုက်မယ်ဆိုရင် အနည်းဆုံး လဝက်လောက်ကတော့ အငြိမ်းပဲ…. ဒါက တော်တော်လေးကို အဆင်ပြေတယ်…”

လီချိန်ရှင်းမှာ ယခုအခွင့်အရေးကို အသုံးချ၍ ယခင်က အရှက်ရခဲ့သည်ကို ပြန်လည် ဆေးကြောချင်နေသည်။

နင်တုန်းလျန်နှင့် ကျန်သူများ သဘောတူရခြင်း အကြောင်းပြချက်ကတော့ သူတို့၏ အနာဂတ်အတွက် ကြိုတင်တွေးတောပြီး ထိုအတွေးများ ရှိနေခြင်းကြောင့်ပင်။

သူတို့၏ တာဝန်က လီချိန်ရှင်းကို တစ်ပတ်တိတိ ကာကွယ်ပေးရန် ဖြစ်ပြီး တစ်ပတ်ပြည့်ပြီးနောက် ၎င်း၏ သေခြင်းရှင်ခြင်းက သူတို့နှင့် မသက်ဆိုင်တော့ချေ။ သူ့လမ်းသူဖောက်၍ ဆက်လျှောက်ရပေမည်။

ထို့ကြောင့် လီချိန်ရှင်းဘက်မှနေ၍ အချိန်ရှိတခိုက် ထောက်ပံ့ရေး ပစ္စည်းများကို တတ်နိုင်သလောက် ရယူထားမှသာ နောက်ပိုင်း၌ အူမတောင့်မည်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် တောထဲရှိ အစားအသောက်များမှာ မသတီစရာ ကောင်းလှပြီး သူ၏ နုနယ်သည့် အစာအိမ်က ထိုအစားအသောက်များကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“ ဒါဆိုလည်း အဲ့အတိုင်းပဲ လုပ်ကြတာပေါ့…” လီချိန်ရှင်း ပြောလိုက်သည်။

“ ဒါပေမယ့် ငါတို့ လုတဲ့ အချိန်ကျရင် မင်းတို့သုံးယောက်က ကင်မရာကို အတတ်နိုင်ဆုံး ကွယ်ဖို့ ကြိုးစားပေး… ဖြစ်နိုင်ရင် ငါ့ရဲ့ စကားကို ပြန်မငြင်းနဲ့… ငါ့ရဲ့ ညွှန်ကြားချက်တွေကို အကောင်းဆုံး နာခံပြီးတော့ ထင်ပေါ်အောင် အကောင်းဆုံး ကြိုးစားပေးကြ…. ငါ့ ပရိတ်သတ်ကြီးက ငါ့ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုံရိပ်ကို မျက်လုံးထဲစွဲသွားဖို့ လိုတယ်….”

နင်တုန်းလျန်နှင့် ကျန်နှစ်ယောက်မှ ခေါင်းညိမ့်လိုက်ကြ၏။ မည်သူကမျှ ဘာမျှ မပြောကြချေ။

သူတို့ဘက်က ပိုက်ဆံ လက်ခံထားသောကြောင့် ထိုမျှလောက်တော့ လိုက်လျောပေးသင့်လေသည်။

“ ဘယ်သူကမှ မကန့်ကွက်ဘူးဆိုတော့… အခု စလိုက်ကြစို့…”

“ ကောင်းတယ်….”

ထိုအခိုက်အတန့်၌ လီချိန်ရှင်းတို့အပြင် အိုဝန်နှင့် ဂျုံးစ်ကလည်း လှုပ်ရှားရန် အဆင်သင့် ဖြစ်နေကြ၏။

“ အားလုံး အဆင့်သင့်ပဲလား…” အိုဝန် တိုးတိုးတိတ်တိတ် မေးမြန်းလိုက်သည်။

ဂျုံးစ် သူ့နောက်ရှိ ကင်မရာမန်းကို မသိမသာ တစ်ချက်ကြည့်လိုက်ရင်း တီးတိုးလေသံဖြင့် “ သူတို့အကုန်လုံးက ဟိုလူဆီပဲ အာရုံစိုက်နေကြတာ… ငါတို့ အနက်ပိုင်းလောက်ရောက်ရင် ကျန်သူတွေကို အေးဆေး မျက်ခြည်ဖြတ်ထားခဲ့လို့ရတယ်… သူတို့ သတိပြုမိမှာ မဟုတ်လောက်ဘူး.. ဒီတိုင်း ငါ့လက်နက်တွေက သိပ် မကောင်းတာလေးတစ်ခုပဲကွာ…”

“ ဒီလိုနေရာမျိုးမှာ သေနတ်တစ်လက် ဆောင်လာနိုင်ခဲ့တာနဲ့တင် ကံကောင်းနေပြီ…” လင်းရီ၏ နောက်ကျောကို ကြည့်ရင်း အိုဝန် ပြန်ပြောလိုက်၏။

“ သူ့နားမှာ လူအများကြီးရှိတယ်ဆိုတော့ ဒီလိုနေရာမျိုးမှာ ရှင်လျက် ဖမ်းခေါ်သွားဖို့ဆိုတာတော့ မဖြစ်နိုင်လုနီးပါးပဲ… ဒီတော့ ဒေါ်လာ လေးသန်းကို မက်မောမနေနဲ့… အခွင့်အရေး မရှိရင် တစ်ခါတည်းသာ ပစ်သတ်လိုက်…”

“ အင်း… ငါသိတယ်…”

နှစ်ယောက်သား ပစ္စည်းများ သိမ်းဆည်းပြီးနောက် လင်းရီနှင့် ကျန်သူများနောက်မှ တိတ်တိတ်လေး လိုက်ပါသွားခဲ့ကြသည်။

သူတို့ဘက်က သင့်လျော်သည့် အခြေအနေကို အခွင့်ကောင်းယူပြီး လှုပ်ရှားရန် ပြင်ဆင်နေကြလေသည်။

သို့သော်လည်း လီချိန်ရှင်းနှင့် အိုဝန်တို့ အုပ်စုကသာလျှင် လင်းရီတို့ကို မျက်စိကျနေခြင်း မဟုတ်။ မီတာတစ်ရာ အကွာအဝေး၌ မီးပုံဖိုရင်း ထိုင်နေသည့် လူနှစ်ယောက်ကလည်း ထွက်ခွာသွားသည့် လင်းရီတို့နောက်ကျောကို စိုက်ကြည့်နေကြသည်။

“ အဲ့ကောင်မက လီမိသားစုခွဲရဲ့ လီဂျန်းနီ မဟုတ်လား…”

ပြောလိုက်သူကတော့ မုတ်ဆိတ်နှင့် သက်လတ်ပိုင်း လူကြီး တစ်ဦးဖြစ်သည်။ သူက အသက်လေးဆယ် အရွယ်မျှရှိပြီး အဖြူရောင်ဂျင်းနှင့် အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထား၏။ သူ၏ မျက်နှာပေါ်တွင်တော့ မည်သည့် အမူအရာတို့မျှ ရှိမနေချေ။

ထိုအမျိုးသား၏ နာမည်ကတော့ ဝေ့ကျင်းလိန်ဖြစ်ပြီး ရန်ကျင်း ဝေ့မိသားစုမှနေ၍ သူ၏ ဝမ်းကွဲ စွေ့ကွမ်းတဲ့ နှင့်အတူ ဤကျွန်းရှိ အခြေအနေအား စူးစမ်းရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

“ ဟုတ်တယ် သူမပဲ… ငါသူ့ကို အရင်က တစ်ခါမြင်ဖူးတယ်…”

စွေ့ကွမ်းတဲ့က ဝေ့ကျင်းလိန်ထက် ပို၍ ပိန်သည်။ သို့သော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာကတော့ ဝေ့ကျင်းလိန်နည်းတူ ဗလာကျင်းနေ၏။

“ သူ့ဘေးက ဟွမ်ယွင်ဟန်… ဟွမ်မိသားစုရဲ့ အကြီးဆုံးသား..... သူလည်း စကေးတစ်ချို့တော့ ရှိတယ်…”

“ ငါ့အထင် လီမိသားစုလည်း ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို သတိပြုမိသွားတာ ဖြစ်ရမယ်… ဒါကြောင့်မို့ သူတို့ကို ဒီလာပြီး စုံစမ်းခိုင်းတာ နေမှာ…” ဝေ့ကျင်းလိန် ပြောလိုက်ပြီး “ ငါတို့ ခဏနေသွားရင် သူတို့ကို ရပ်တန့်ဖို့ နည်းလမ်း စဉ်းစားရမယ်… အဲ့ကောင်တွေကို ဖျက်ဆီးခွင့်ပြုလိုက်လို့မဖြစ်ဘူး…”

“ ကောင်းပြီ…”

…………………………..

ထိုအခိုက်အတန့်တွင် လင်းရီကတော့ သူတို့ကို စောင့်ကြည့်နေကြသည့် အုပ်စု ဘယ်လောက်တောင် များနေလဲ ဆိုတာ သတိမမူမိပဲ လီဂျန်းနီနှင့် ကျန်သူများကို ကျွန်း၏ တောအုပ်ထဲသို့ ဦးဆောင်သွားခဲ့လေသည်။

စိုစွတ်သည့် ရေခိုးရေငွေ့တို့က လီဂျန်းနီနှင့် ကျန်သူများကို အလွန်အမင်း ကသိကအောက် ဖြစ်နေစေတော့၏။

သူတို့အားလုံးက မြင့်မားသည့် အဆင့်တစ်ခု၌ ရှိနေသော်လည်း တောတွင်း ရှင်သန်နိုင်မှုကတော့ မတူကွဲပြားသည့် ကိစ္စတစ်ရပ်ဖြစ်သွားခဲ့ချေပြီ။ အနှစ်နှစ်ဆယ်ကျော် အသက်ရှင်သန်လာခဲ့ပြီးသည့်နောက် ပထမဆုံးအကြိမ် ယခုလို နေရာမျိုး လာရောက်ဖူးသောကြောင့် နေရာဒေသနှင့် မြင်တွေ့ရသမျှက လွန်စွာမှကို စိမ်းသက်နေကာ နေသားကျရန် အချိန်တော်တော် ယူရပေမည်။

လင်းရီနှင့် စကားအချေအတင် ဖြစ်ထားသည့် ဟွမ်ယွင်ဟန်ပင် သူတို့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာပြီး ထင်မှတ်မထားသည့် အန္တရာယ်တို့ ကျရောက်လာမည်ကို စိုးရွံ့သောကြောင့် ပတ်ဝန်းကျင်ကိုလည်း သတိအပြည့်နှင့် နားစွင့်ထားသည်။

လင်းရီ ပတ်ဝန်းကျင်ကို တစ်ချက် စူးစမ်းကြည့်လိုက်တော့ ငှက်များနှင့် အင်းဆက်အများအပြားကို တွေ့လိုက်ရ၏။ သီးခြား ကျွန်းစု ဖြစ်သော်လည်း ဂေဟ စနစ်ကတော့ သူထင်မှတ်ထားသည်ထက်ပင် ရှင်သန်နေသည်။

“ အား….”

လင်းရီနှင့် ကျန်သူများ မြေပုံကြည့်ရင်း လမ်းလျှောက်နေစဉ် ကျောက်ရင်ညန်မှ ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်၏။

“ ဘာလဲဖြစ်တာ…” လင်းရီ နောက်လှည့်ပြီး မေးမြန်းလိုက်သည်။

“ သစ်ပင်ပေါ်မှာ ပင့်ကူ အကြီးကြီးပဲ… ငါ့လက်ဝါးထက်တောင် ကြီးနေသေးတယ်….”

“ ဘာများလဲလို့ကွာ…” လင်းရီ တခြား ဘာမှ ဆက်မပြောဘဲ လမ်းဆက်လျှောက်လိုက်၏။

“ နင် မသတ်ပစ်တော့ဘူးလား….”

“ ဒီပရိုဂရမ်က လူသားနဲ့ တောရိုင်းလေ… တောရိုင်းကိုသတ်မယ့် လူသားမှ မဟုတ်တာ…. အပင်ပေါ် သူ့ဘာသူ အနားယူနေတဲ့ တိရစ္ဆာန်ကို ဘာလို့ ငါက သွားသတ်ရမှာ….”

“ အမ်…. အိုကေလေ…. အဲ့တာလည်း အဓိပ္ပာယ်တော့ ရှိပါတယ်….”

“ မင်းတို့အကုန်လုံး ကိုယ်ကို လုံလုံခြုံခြုံ အုပ်ထားကြ… ဖြစ်နိုင်ရင် မျက်လုံးပဲ ဖော်ထား…” လင်းရီ သတိပေးလိုက်ပြီး “ တကယ်လို့ အကောင်တစ်ကောင် ကိုက်မိ၊ တုပ်မိခဲ့ရင် သာယာတဲ့ ခံစားချက်မျိုး ရမှာတော့ မဟုတ်ဘူးနော်..”

“ အိုကေ…”

အုပ်စုမှာ ရှေ့ဆက် လမ်းလျှောက်သွားကြ၏။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်ရင်ညန်လည်း ယခုက ရှိုးပွဲအစီအစဉ်တစ်ခု ဆိုလျှင်တောင် သူမဘက်က အလေးအနက် ထားရမည်ဖြစ်ကြောင်း သတိပြုမိလာခဲ့၏။ မဟုတ်ပါက သူမ အချိန်အရွေး ထုတ်ပယ်ခံလိုက်ရနိုင်သလို အသက်အန္တရာယ်လည်း ရှိလာနိုင်လေသည်။

ထိုစိတ်ကို မွေးမြူထားရင်း ကျောက်ရင်ညန် ဖြည်းညင်းစွာဖြင့် တည်ငြိမ်သည့် စိတ်အခြေအနေသို့ ဝင်ရောက်လာခဲ့ကာ ပိုးမွှား အသေးစားလေးများ တွေ့လာခဲ့လျှင်တောင် ထထ မအော်တော့ချေ။

“ လင်းရီ.. ငါတို့ နည်းနည်းလေး ခပ်သွက်သွက် လျှောက်လို့ မရဘူးလား..” လီဂျန်းနီ မေးမြန်းလိုက်ပြီး “ ငါ့စိတ်ထဲ တော်တော်လေးကို ထင့်နေလို့….”

“ ငါလည်း အတူတူပဲ… ခုလေးတင် သစ်ပင်ပေါ်မှာ ခွေနေတဲ့ မြွေကြီး နှစ်ကောင် မြင်လိုက်ရသေးတယ်…. ပို သတိထားတာ အကောင်းဆုံးပဲ…” ဟွမ်ယွင်ဟန် ပြေလိုက်သည်။

“ ဘာမှ စိတ်ပူမနေနဲ့… မြွေတွေ ရှိရင်တောင် အဆိပ်မရှိဘူး…. ငါတို့က ဒီတိုင်း ဖြတ်လျှောက်ပဲ.. ဒီတော့ စိတ်ချလက်ချ အေးဆေးလမ်းလျှောက်လို့ရတယ်… ငါတို့ ဂရုစိုက်ပြီး အကောင်တွေကို ငါတို့ကိုယ်ပေါ် အထိမခံဘူးဆိုရင် အဆင်ပြေပြီ…”

“ မင်းဘာလို့ အဲ့လောက်တောင် စိတ်ချလက်ချ ဖြစ်နေနိုင်ရတာ…. မတော်လို့ သားရိုင်းကောင်ကြီး ရုတ်တရက် ပေါ်လာခဲ့ရင်ကော…”

“ မင်းကြည့်ရတာ စိတ်ကူးယဉ် ဝတ္ထုတွေ အဖတ်များနေပြီနဲ့ တူတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါက သဲကန္တရာရကျွန်း… မြွေတွေ ၊ အင်းဆက်တွေ၊ ကြွက်တွေ၊ ပုရွက်ဆိတ်တွေ အပြင်ကို ငါးရှဉ့်လေး တစ်ကောင်လောက် ပေါ်လာခဲ့မယ်ဆိုရင်တောင် သဘာဝတရားကြီးရဲ့ ကြင်နာမှု လက္ခာဏာတစ်ရပ် ဖြစ်နေပြီ… မင်းထင်နေတာ… စိတ်ကူးယဉ် ဝတ္ထုတွေထဲလို လူသားစားတဲ့ သတ္တဝါကြီး တစ်ကောင်က ဗြုန်းစားကြီး ပေါ်လာပြီး ဝရုန်းသုန်းကားတွေ ဖြစ်လိမ့်မယ်လို့ ထင်နေတာလား.. မင်းက ငတုံးလား….”

“ ဟျောင့်... မင်း ဘယ်သူ့ကို ပြောနေတာတုန်းကွ…”

“ ကဲပါ … ငြင်းခုန် မနေကြနဲ့တော့ …အသေးမွှားလေးတွေကို ငြင်းခုန်ပြီး ဘာလဲလုပ်မှာ..” လီဂျန်းနီမှ ဝင်ဖြန်ဖြေလိုက်၏။

“ ငါလည်း အဲ့တာက ပြဿနာရှိမယ် မထင်ဘူး..” ကျောက်ရင်ညန် ပြောလိုက်ပြီး “ ဇီဝဗေဒ ရှုထောင့်ကနေ ကြည့်မယ်ဆို အစာကွင်းဆက်ရဲ့ ထိပ်ဆုံးက သတ္တဝါတွေက တောနက်ကြီးထဲမှာပဲ နေကြတာလေ…. အောက်ဆုံးသတ္တဝါတွေလောက်ပဲ တောစွန်တောဖျားနား ကျက်စားကြတာ… ဒီတော့ အရမ်းကြီး အန္တရာယ် မရှိလောက်ပါဘူး…”

“ နောက်တစ်နည်းပြောရရင် ဒီလို အပြုအမူမျိုးက လူသားတွေနဲ့တောင် ခပ်ဆင်ဆင်ရယ်.. ရန်ကျင်းကို ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် လူကုန်ထံတွေက တတိယ အဝိုင်းပတ်လမ်းမှာ နေတယ်… နွမ်းပါးသူတွေကျတော့ ပဥ္စမ အဝိုင်းပတ်လမ်း မြို့ဆင်ခြေဖုံးတွေမှာ နေတယ်… တစ်ချို့ဆို ငှားခ သက်သာအောင် ပိတ်ဟော် စီရင်စုထဲ နေကျတဲ့သူတောင် ရှိသေး… အခြေခံ သဘောတရားလောက်ကတော့ အတူတူပဲလေ..”

All Chapters