အရင်းအမြစ်များအတွက် တိုက်ခိုက်ကြခြင်း
Vol. 59 Ch. 883
လီဂျန်းနီ ဘာမျှ မပြောချေ။ အဘယ်ကြောင့်ဆိုသော် ယင်းက အဓိပ္ပာယ် ရှိပြီး ကျောက်ရင်ညန် ပြောသည်ကလည်း လက်တွေ့ကျနေသောကြောင့်ပင်။
ကမ္ဘာပေါ်၌ လူချမ်းသာတို့က ပိုမိုကောင်းမွန်သည့် အရင်းအမြစ်များ ရယူထားသည်မှာ ငြင်းဆန်၍ မရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်၏။
လူချမ်းသာတို့က စားဝတ်နေရေး အပူအပင် ကင်းစွာဖြင့် တစ်နှစ်တာ ၃၆၅ ရက်လုံး မတူကွဲပြားသည့် အမျိုးသမီးတို့ဖြင့် သောက်စား ပျော်ပါးနိုင်နေသော်လည်း နွမ်းပါးသူများအဖို့တော့ တစ်နှစ်နေ၍ အမျိုးသမီးတစ်ယောက်နှင့် သောက်စား ပျော်ပါးရန်က မဖြစ်နိုင်လု နီးပါးပင်။
ယင်းက လူ့အဖွဲ့အစည်းကြီး၏ အစာကွင်းဆက်ပင် ဖြစ်၏။
“ ပြီးတော့ ငါ့အထင် နင်လည်း စိတ်အရမ်း တုန်လှုပ်စရာ မလိုပါဘူး… ဒီနေရာက ကြောက်ဖို့ ကောင်းတယ် ထင်ရပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ထုတ်လုပ်ရေး အသင်းသားတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေသရွေ့ အသက်အန္တရာယ်ဆိုတာ ရှိလာမှာ မဟုတ်ဘူးလေ.. ဘာပဲဆိုဆို ဒါက ရှိုးပွဲ တစ်ခုပဲမဟုတ်လား…”
လင်းရီ ကျောက်ရင်ညန်ကို ကြည့်လိုက်ပြီး ဤကောင်မလေးက မဆိုးဟု ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။
အနည်းဆုံးတော့ လူတော်တော်များက ယခုလို အမြင်မျိုး မဆုပ်ကိုင်ထားကြပေ။ ယင်းကလည်း သူမ အနုပညာနယ်ပယ်၌ နှစ်ပေါင်းများစွာ မြဲမြံနိုင်ခြင်း၏ အကြောင်းတရား ဖြစ်ရပေမည်။
မည်သို့ပင်ဆိုစေ အဆိုပါနယ်ပယ်ကလည်း တောတွင်းရှိ အစာကွင်းဆက်ကဲ့သို့ ဝါစဉ်အလိုက် ကြီးစိုးသည့် နေရာဌာန ဖြစ်သောကြောင့်ပင်။
လင်းရီနှင့် ကျောက်ရင်းညန်၏ ပြောစကားများကို နားထောင်ပြီးနောက် လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ ဘာမျှ ဆက်မပြောကြတော့ပေ။ သူတို့ လင်းရီနောက်မှ လေးနက်သည့် အမူအရာဖြင့် ဆက်လက် လိုက်ပါကြတော့၏။
သို့သော်လည်း လီဂျန်းနီကတော့ ရင်ထဲတွင် ခေါင်းခါရမ်းလျက် တိတ်တဆိတ် ကျိန်ဆဲလို့ နေခဲ့၏။
' အဲ့လောက် ရိုးရှင်းတဲ့ လောဂျစ်လေးကတော့ ငါလည်း သိတာပေါ့ဟဲ့… ဒါပေမယ့် ဒီကျွန်းပေါ်မှာ နင်တို့လို သာမန်လူတွေ နားမလည်နိုင်တဲ့ မျှော်လင့်မထားတဲ့ အခြေအနေတွေကလည်း ဖြစ်လာနိုင်သေးတယ်…’
နေ့တစ်ဝက်လုံးလုံး လေးယောက်နှင့် ကင်မရာမန်းတို့မှာ ဘေးရန်ရှင်းရှင်းနှင့် မည်သည့် အန္တရာယ်မျိုးနှင့်မျှ မကြုံခဲ့ရချေ။
ကျောက်ရင်ညန်၏ သက်လုံကြောင့်သာ မဟုတ်ပါက သူတို့ ယခုထက်ပင် ပို၍ ခရီးရောက်နေချေပြီ။
“ နေဦး….”
သတိပေးခြင်းမရှိပါပဲနှင့် လင်းရီ သူ့ခြေလှမ်းများကို ရုတ်ခြည်းဆိုသလို ရပ်တန့်ပစ်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် သူ့အနီးတစ်ဝိုက်၌ တရှဲရှဲမြည်သံကို ကြားလိုက်ရသောကြောင့်ဖြစ်၏။
လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့လည်း စိတ်ထိတ်လန့်လာကြပြီး အရပ်ရှစ်မျက်နှာကို နေရာစုံအောင် လိုက်ကြည့်ကာ မမြင်ရသေးသည့် အန္တရာယ်ကြောင့် ရင်တလှပ်လှပ် ဖြစ်နေကြတော့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဘေးခြုံများထဲမှ လူလေးယောက် ထွက်လာခဲ့လေသည်။
“ လီချိန်ရှင်း…. နင်ကိုး…” ကျောက်ရင်ညန် ပြောလိုက်သည်။
အနုပညာ နယ်ပယ်ထဲ၌ ကျောက်ရင်ညန်၏ နာမည် ဂုဏ်သတင်းမှာ လီချိန်ရှင်းနှင့် မနှိုင်းယှဉ်နိုင်ချေ။
ဝါစဉ်အရ ကြီးစိုးသည့် နေရာဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံပါက နှုတ်ဆက်ရလေ့ရှိ၏။
“ ရိုး… တိုက်ဆိုင်ချက်ပဲနော်…” လီချိန်ရှင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒီလောက် နေရာ အကျယ်ကြီးမှာတောင် လာဆုံဖြစ်ကြတယ်ဆိုတော့….”
“ ဟုတ်တယ်နော်..” ကျောက်ရင်ညန် သာမန် လေသံဖြင့်သာ ပြောဆိုလိုက်သည်။
သူမ မူလက လီချိန်ရှင်းကို အသင်းထဲ ပါဝင်ရန် ဖိတ်ခေါ်ချင်နေခဲ့သော်လည်း သူမက အသင်းထဲ၌ ဘာကောင်မျှ ဟုတ်မနေချေ။ အကယ်၍ တစ်စုံတစ်ရာ ဖြစ်လာပြီဆိုပါက သူမကို ကာကွယ်ရန် အလို့ငှာ အသင်းပေါ် မှီခိုရဦးမည်ဖြစ်သည့်အပြင် သူမထံ၌ ဆုံးဖြတ်ချက် ချပိုင်ခွင့်ကလည်း ရှိမနေချေ။ ထို့ကြောင့် လက်လျော့လိုက်ရ၏။
“ ဆက်သွားကြစို့..” လင်းရီ လျစ်လျူရှုလျက် ပြောလိုက်သည်။ သူ ထိုလူများနှင့် စကားပြောရန် ရည်ရွယ်ချက် ရှိမနေချေ။
လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ကလည်း ထိုနည်းလည်းကောင်းပင်။
သူတို့၏ အသင်းဖွဲ့စည်းပုံက လုံလောက်အောင် ကောင်းမွန်နေပြီး ဖြစ်သောကြောင့် လူထပ်ထည့်ရန် မလိုအပ်တော့ချေ။
ကျန်သည့် သုံးယောက်၌ စွမ်းရည်တစ်ချို့ ရှိနေလျှင်တောင် သူမတို့ဘေး၌ ဆယ်လီတစ်ယောက် ရှိနေသည်က သူမတို့၏ လုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်လေသည်။
“ မစ္စတာလင်း… သွားဖို့ မလောနဲ့ဦးလေ…” နင်တုန်းလျန် နောက်မှ လှမ်းအော်လိုက်၏။
“ ဘာလဲ.. တစ်ခုခု လိုအပ်လို့လား…” လင်းရီ လှည့်၍ မေးမြန်းလိုက်သည်။
“ ငါ မင်းနဲ့ ဆွေးနွေးချင်တာလေး ရှိလို့… “ နင်တုန်းလျန် ပြောလိုက်ပြီး “ အခု ငါတို့မှာ ထောက်ပံ့ရေး ပစ္စည်းတွေက မလောက်ငှဘူး… မင်း အသင်းထဲမှာ မိန်းကလေးက နှစ်ယောက်တောင် ရှိတယ်ဆိုတော့ ငါတို့ကို နည်းနည်းလောက် ခွဲပေးလို့ အဆင်ပြေတယ်မလား..”
နင်တုန်းလျန် လီချိန်ရှန်း ညွှန်ကြားသည့် အတိုင်း ပြောဆိုလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူက တိုင်းသိပြည်သိ ဆယ်လီတစ်ဦးဖြစ်ပြီး နောက်မှနေ၍ ကင်မရာမန်းကလည်း ကပ်လျက် လိုက်ပါလာသောကြောင့် သူ၏ စကားလုံးများနှင့် အမူအရာကို ဆင်ခြင်ရပေမည်။
အချိန်ကျ၍ ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ လုယက်မည်ဆိုပါက ယင်းက နင်တုန်းလျန်နှင့် ကျန်သူများ၏ တာဝန်ပင်။ သူကတော့ ဘာမျှ လုပ်ရန် မလိုအပ်ပေ။
“ ဟမ်… မင်း မပြောခင် မစဉ်းစားတတ်ဘူးလားကွ….” လင်းရီ ပြောလိုက်ပြီး “ ငါလည်း ပြောမယ်... မင်းတို့လေးကောင်လည်း သောက်ရူးလိုလို ဘာလိုလိုနဲ့…. မင်းတို့ စောက်ဆင့်နဲ့ ဆုရနိုင်မှာလည်း မဟုတ်ဘူး… အဲ့တော့ ငါ့ကို ပစ္စည်းတွေပေးပြီး အိမ်ပြန်လိုက်ကြပါလား…”
လင်းရီနောက်ရှိ ကင်မရာမန်းမှာ ရှော့ခ်ရနေပြီး ရင်ထဲမှ တိတ်တဆိတ်ကျိန်ဆဲလိုက်၏။
‘ ကျေးဇူးရှင်လေး… ငါတို့က အခု မှတ်တမ်းရိုက်နေတာနော်… မင်း ဘယ်လိုတောင် ပေါက်တတ်ကရတွေ ပြောနေတာတုန်း…”
“ မင်း ဘာစကားပြောတာ… ငါတို့က မင်းနဲ့ စကားကောင်း ဆွေးနွေးချင်နေတာ… ဘာလို့ လူကို လာဆဲနေတာလဲ…”
“ ဒါတောင် ပါးပါးလေးပဲ ရှိသေးတယ်..” လင်းရီ လက်ကို စိတ်မရှည်စွာ ဝေ့ယမ်းလိုက်ပြီး “ လစ်လိုက်တော့... မင်းတို့ လစ်နိုင်သလောက် ဝေးဝေး လစ်ကြ… ဒီလာပြီး မျက်စိ ရှုပ်စရာ လာလုပ်မနေနဲ့…”
“ ဒါပေမယ့် ငါတော့ မင်းတို့ကောင်တွေ ရိက္ခာမပေးသရွေ့ ထွက်မသွားချင်ဘူး….” နင်တုန်းလျန် ပြောလိုက်သည်။
၎င်းကိုကြားတော့ လင်းရီ အပြုံးလေးဖြင့် “ အဲ့တာဆိုရင်တော့ မင်းတို့ စိတ်ကူးယဉ်လွန်းနေပြီ..”
လင်းရီ၏ စကားလုံးများကို ကြားပြီးနောက် နင်တုန်းလျန်နှင့် ကျန်နှစ်ယောက်မှာ ဒေါသမထွက်သွားကြချေ။ ထိုအစား နောက်သို့လှန် ရယ်မောလိုက်ကြရင်း “ မစ္စတာလင်း…. မင်း အထင်လွဲနေပြီနဲ့တူတယ်…” နင်တုန်းလျန် ပြောလိုက်ပြီး “ ဒါက TV အစီအစဉ် တစ်ခု ဆိုပေမယ့် ကနေဦး သဘောတူညီချက်အရ စစ်မှန်တဲ့ တောတွင်း ရှင်သန်မှု အကြောင်း ပုံဖော်မယ်လို့ ပြောထားပြီးသား.. ဒါကြောင့်မို့ အရင်းအမြစ်တွေ လုယက်တာက တရားဝင်တယ်.. ငါတို့က ကျိုးကြောင်းမဆီလျော်တာတွေ လုပ်နေတာ မဟုတ်ဘူး…”
နောက်တွင် ရှိနေသည့် ကင်မရာမန်းလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ယခင် အစည်းအဝေး အတွင်း ထုတ်လုပ်ရေး အသင်းမှ ယခုလို အခြေအနေမျိုး ဖြစ်ပျက်လာမည်ကို မျှော်လင့်ထားပြီးသားပင်။ သူတို့ဘက်က ပေါ်ပေါ်ထင်ထင် မထောက်ခံသော်လည်း လျှို့ဝှက်စွာ ပံ့ပိုးပေးထား၏။ သို့သော်လည်း ပရိုဂရမ်၏ အလယ်ပိုင်းလောက်တွင်မှ ဖြစ်ပျက်မည်လို့ မျှော်လင့်ထားခဲ့ကြလေသည်။ ယခုတော့ ပွဲအစဦးကတည်းကရင် ဖြစ်ပျက်နေကြပြီ ဖြစ်၏။
ဒီလူတွေကလည်း တော်တော်လေးကို သောင်းကြမ်းကြသကိုး…
“ ကောင်းတာပေါ့..” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ ပြောတဲ့အတိုင်းဆို တကယ်လို့ ငါသာ မင်းတို့ရဲ့ ပစ္စည်းတွေကို ယူလိုက်မယ်ဆိုရင် နောက်လဝက်လောက်အထိ ရိက္ခာအတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့..”
“ ဟားဟားဟား…” နင်တုန်းလျန် ရယ်သွမ်းလိုက်ပြီး “ တစ်ဖက်ကို လေးယောက်ရှိတာချင်း အတူတူ … ပစ္စည်းတွေက ဘယ်ဘက်ရောက်သွားမလဲ စောင့်ကြည့်ကြတာပေါ့..”
“ စိန်လိုက်လေ….”
“ ဟိုးဟိုး…ကိုယ့်လူတို့က ချကြပြုကြတော့မယ်ပေါ့… အလာမြန်ပေလို့ ကံကောင်းသွားတယ် ဆိုရမယ်…”
နှစ်ဖက် အုပ်စုမှ တိုက်ခိုက်ရန် မောင်းတင်နေကြစဉ် နောက်ထပ် အခြားအုပ်စုတစ်ခုမှာ ဘေးခြုံများထဲမှ ထွက်ပေါ်လာကြသည်။
လင်းရီ ကြည့်လိုက်တော့ နိုင်ငံခြားသားများ ဖြစ်နေသည်ကို မြင်လိုက်ရလေသည်။ ၎င်းတို့ကလည်း လေးယောက် တစ်အုပ်စုပင်။
“ မင်း ဘယ်သူလဲ..”
နောက်ထပ် လူတစ်အုပ်စု ရောက်လာခဲ့သည်ကို မြင်တော့ နင်တုန်းလျန်နှင့် ကျန်သူများအားလုံး တင်းမာသွားခဲ့ကြသည်။
ယခုလို နေရာမျိုး၌ ကိုယ့်ဒူးကိုယ်ပင် မယုံရလေရာ ယခုတော့ နိုင်ငံခြားသားလေးယောက်မှာ ဘယ်ကမှန်းမသိ ထွက်လာခဲ့ကြ၏။ သူတို့ ပိုပြီး ဂရုစိုက်ရပေမည်
“ လူတိုင်းပဲ… အဲ့လောက်ထိလည်း သတိထားမနေကြပါနဲ့…” ခေါင်းဆောင် နိုင်ငံခြားသားမှ ဟွာရှန့် လေသံ မတောက်တခေါက်ဖြင့် ပြောလိုက်ပြီး “ ငါ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ.. ငါ့နာမည်က ကလက်ခ်ပါ… ငါ့အသင်းက ရိက္ခာပြတ်လပ်လု အခြေအနေဖြစ်နေတာကြောင့်မို့ ဒီလာပြီး အကူအညီ တစ်ချို့ လာတောင်းတာ… လူတိုင်း ပူးပေါင်းပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..”
“ မင်း…….. အိပ်မက်မက်နေလိုက်…” နင်တုန်းလျန်မှ ဒေါသတကြီး ပြောဆိုလိုက်သည်။
“ အဲ့လောက်ကြီးလည်း ခါးခါးသီးသီး ဖြစ်မနေစမ်းပါနဲ့ ရောင်းရင်းရာ…” ကလက်ခ်မှ ကျီစယ်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ တကယ်လို့ မင်းတို့ အဆုံးထိ မရောက်နိုင်ဘူးဆိုရင် ဘယ်လိုပဲနေနေ လှည့်ပြန်သွားရမှာပဲလေ… ဒီတော့ ငါတို့ကို ပစ္စည်းတွေ ပေးထားလိုက်တာ ပိုမကောင်းဘူးလား…. ငါတို့ ပထမ နေရာရပြီးရင် မင်းတို့ကိုလည်း အကျိုးအမြတ်တစ်ချို့ ပြန်ခွဲပေးမယ်.. ဒါကြောင့်မို့ ပစ္စည်းတွေကို ငါ့လက်ထဲ အပ်လိုက်… ငါတို့ မမှောင်ခင် ခရီးရှေ့ဆက်ရဦးမှာ…”
“ လုံးဝ မဖြစ်နိုင်ဘူး…”
နင်တုန်းလျန်၊ မုန့်ချီနှင့် ချွီရှင်းညန်တို့မှာ တစ်ယောက်ပြီး တစ်ယောက် နေရာယူလိုက်ကြပြီ လင်းရီတို့ကို မကိုင်တွယ်မှီ ကလက်ခ်အား အမှောက်သိပ်ရန် အသင့်ဖြစ်နေကြ၏။
“ ဒါ စန်းတာ( ဟွာရှသိုင်း ) ကိုယ်ဟန်ပဲ…”
“ မှန်တယ်… မင်း အမြင်ကတော့ သိပ်မဆိုးပါဘူး..”
နင်တုန်းလျန်နှင့် ကျန်သူများမှ ပရော်ဖက်ရှင်နယ် သိုင်းကိုယ်ဟန် ကိုယ်စီနှင့် ဖြစ်နေတော့ ကလက်ခ်နှင့် ကျန်သူများမှ အချိန်မှီ ရပ်တန့်လိုက်ကြသည်။
သူ အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ အကယ်၍ သူတို့ တိုက်ခိုက်ကြပြီ ဆိုပါက အကျိုးအမြတ် တစ်စုံတစ်ရာ မရသည့်အပြင် သူတို့ လက်ထဲ ရှိတာလေးပင် ပြန်ပါသွားနိုင်သည်။
“ ငါတို့ မလိုလားအပ်တဲ့ စွန့်စားမှုတွေ မလုပ်ချင်ဘူး… ဒါကြောင့်မို့ မင်းတို့နဲ့ မတိုက်ခိုက်တော့ဘူး…….” ပြောပြီးနောက် ကလက်ခ် လင်းရီကိုကြည့်ကာ အပြုံးလေးဖြင့် “ ဒါပေမယ့် ငါတို့ နှစ်ဖွဲ့ပေါင်းပြီး သူတို့ရဲ့ အရင်းအမြစ်တွေကို ခွဲဝေကြမယ်ဆိုရင်ကော…. ဘယ်လိုထင်လဲ…”