← Chapters

သန်မာသည့် ရန်သူ

Vol. 59 Ch. 885

သန်မာသည့် ရန်သူ

Vol. 59 Ch. 885

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဟွမ်ယွင်ဟန်၏ စကေးများမှာ လီဂျန်းနီထက် ပိုမိုကြမ်းတမ်းကြောင်း မြင်သာနိုင်သည်။

ထိုအချိန်၌ ကလက်ခ်နှင့် ကျန်သုံးယောက်လည်း အတူချီတက်လာကြ၏။

သူတို့ရှေ့ရှိ အမျိုးသားနှင့် အမျိုးသမီးက သူတို့ စိတ်ကူးထားသည်ထက် ကိုင်တွယ်ရ ခက်ခဲသည်ဟု ခံစားနေရလေသည်။

ဘန်း .. ဘန်း … ဘန်း …ဘန်း……

ဟွမ်ယွင်ဟန်မှာလည်း လီဂျန်းနီနည်းတူ ညှာတာနေခြင်း အလျင်းမရှိ၊ ပြတ်ပြတ်သားသား ပြုမူခဲ့သည်။ ငါးမိနစ်အတွင်း ကလက်ခ် နှင့် ကျန်သုံးယောက်မှာ မြေပေါ်တွင် လဲလျောင်းနေရချေပြီ။

အကုန်လုံးမှ မြေပြင်ပေါ်၌ ညီးတွားရင်း ပြန်မထနိုင် ဖြစ်နေခဲ့ကြ၏။

တိုက်ပွဲမှာ လျင်မြန်စွာဖြင့် အဆုံးသတ်သွားခဲ့သည့်အပြင် လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်မှာ အနည်းငယ် မောဟိုက်ရုံမျှသာ ဖြစ်သွားခဲ့ပြီး မှဲ့တစ်ပေါ် မစွန်းသွားခဲ့ကြချေ။

လင်းရီလည်း တိုက်ပွဲ တစ်ရပ်လုံးကို အစမှ အဆုံးထိ သေချာလေး မြင်တွေ့လိုက်ရလေသည်။ ၎င်းတို့၏ ခွန်အားက ကောင်းချုံထက် ကြီးမားနေသော်လည်း မိုဟုန်ရှန်းနှင့် ယှဉ်လျှင်တော့ ဝေးကွာနေဆဲပင်။

ကမ်းခြေတွင်တော့ တိုနီနှင့် ဝှိုက်တို့မှာ မေးရိုးကြီးများ သဲသောင်ပြင်နှင့် ထိစပ်သည်အထိ အံ့အားသင့်နေကြတော့၏။

အုပ်စုနှစ်ခုလုံး အမှောက်သိပ်ခံလိုက်ရသည်ကို သူတို့ မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေကြတော့သည်။

“ ခု …. သူတို့ကို ပြန်ခေါ်ဖို့ အသင့်ပြင်ထားလိုက်တော့… ဒီပရိုဂရမ်မှာ ဆက်ပြီး ယှဉ်ပြိုင်ခိုင်းစရာ မလိုတော့ဘူး…”

…………………

တော်အုပ်ထဲ၌ လီဂျန်းနီမှ မြေပြင်ပေါ် အမှောက်သိပ်ခံထားရသည့် လူများကို ခပ်စိမ်းစိမ်း တစ်ချက်ကြည့်ရင်း “ နင်တို့ရဲ့ ပစ္စည်းတွေကို ထားခဲ့ပြီး ဒီရှိုးကနေ ထွက်သွားလိုက်တော့..”

“ မင်းဘာပြောတယ်…”

လီချိန်ရှင်း မည်သို့မျှ သည်းမခံနိုင်တော့ပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး “ ငါ ဒီရောက်တာ နေ့တစ်ဝက်ပဲ ရှိသေးတာကွ… အဲ့တာကို အစီအစဉ်ကနေ နှုတ်ထွက်ခိုင်းနေတယ်….”

“ ဒါက မပြောထားတဲ့ စည်းမျဉ်းပဲ… တကယ်လို့ မြေပြင်မှာ မှောက်နေတဲ့လူတွေက ငါတို့ဆိုလည်း ခုအတိုင်း လုပ်မှာပဲ….”

“ ငါ … လီချိန်ရှင်းက ဟွာရှရဲ့ ထိပ်တန်း ဆယ်လီတစ်ယောက်…. လုံးဝ မထွက်သွားနိုင်ဘူး… နောက်ဆုံး ပန်းတိုင်အထိ ရောက်အောင်သွားပြီးတော့ ငါ့ဖန်တွေကို ဖြေရှင်းချက် ပေးရဦးမယ်….”

“ နင့်ခွန်အားလေးနဲ့လား…” လီဂျန်းနီမှ အထင်သေးစွာ ကြည့်လိုက်ရင်း “ စိတ်ကူးယဉ်မနေစမ်းနဲ့… ထွက်သွားလိုက်တာက နင့်အတွက် အကောင်းဆုံးပဲ…”

လီဂျန်းနီ မူလက တစ်ပါးသူ၏ စားနပ်ရိက္ခာကို လုယက်ရန် ရည်ရွယ်ချက် မရှိသော်လည်း ယခု တစ်စုံတစ်ယောက်က တံခါးလာခေါက်၍ ပို့ပေးလာခဲ့သောကြောင့် သူမကလည်း လက်လွှတ်ပေးလိုက်၍ မဖြစ်ပြန်ချေ။

“ ဘယ်လိုတောင် မောက်မာထားပါလိမ့်…”

လီချိန်ရှင်း တစ်ခုခု ပြောတော့မည့် ဆဲဆဲတွင် မလှမ်းမကမ်းမှနေ၍ အသံတစ်သံကို ကြားလိုက်ရ၏။

လူတိုင်း မသိစိတ်မှ အသံ၏ လားရာဘက်သို့ မျှော်ကြည့်လိုက်ကြသောအခါ သက်လတ်ပိုင်း လူနှစ်ယောက် ရောက်လာခဲ့ကြောင်း မြင်တွေ့လိုက်ကြရသည်။

ထိုနှစ်ဦးကတော့ နောက်မှ တိတ်တဆိတ် လိုက်ပါလျက်ရှိသည့် ဝေ့ကျင်းလိန်နှင့် စွေ့ကွမ်းတဲ့တို့မှ တစ်ပါး အခြားသူ မဟုတ်ပေ။

နှစ်ယောက်က လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ကို သိရှိသော်လည်း လီဂျန်းနီတို့ကတော့ မသိရှိကြချေ။ ထို့ကြောင့် ပစ္စည်း လာလုသူများဟုသာ မှတ်ယူလိုက်ကြ၏။

သို့သော်လည်း လင်းရီကတော့ အရိပ်အမြွက် တစ်စုံတစ်ရာကို သွား၍ သတိပြုမိ၏။

ထို လူနှစ်ယောက်၏ ခြေလှမ်းများက အင်မတန်ကို တည်ငြိမ်နေခြင်းပင်။ တောအုပ်၏ လမ်းကြောင်းက တစ်ခါတစ်ရံ စိုစွတ်ပြီး မြေသားနုသောကြောင့် အမှတ်မထင် ကျွံဝင်သွားတတ်လေ့ရှိသည်။ သို့သော်လည်း ၎င်းတို့ကတော့ ထမင်းစားရေသောက်သဖွယ် အသာအယာ လျှောက်လှမ်းနေကြလေသည်။ အခြေခံတစ်ချို့သာ မရှိထားပါက ဆွဲအားကို ကောင်းမွန်စွာ အသုံချနိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူခန့်မှန်းသည်သာ မှန်ကန်မည်ဆိုပါက ထိုလူနှစ်ယောက်၏ ခွန်အားမှာ နင်တုန်းလျန်နှင့် ကျန်သူများ အထက်၌ တည်ရှိ၏။

လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ ကိုင်တွယ်နိုင်ပါ့မလားဆိုတာကတော့ သူ စောင့်ကြည့်ရဦးမည်။

“ ခင်များတို့ကလည်း ရိက္ခာ လာလုတာပဲလာ…” ဟွမ်ယွင်ဟန် အေးစက်စက် မေးမြန်းလိုက်၏။

သူ၏ လေသံမှာ စိုးရိမ် ကြောင့်ကြနေခြင်း မရှိ။ ယခုလို ရုန်းရင်းဆန်ခတ် ဖြစ်ပြီးသည့်နောက်တွင် လူတစ်ချို့မှ သူတို့ထံ ချဉ်းကပ်လာမည် ဖြစ်သောကြောင့် ပြဿနာများကတော့ လွှဲရှောင်သာ၍ မရကြောင်း သူသိလေသည်။

သို့သော်လည်း သူ၏ ခွန်အားဖြင့်ဆိုပါက ထိုလူများကို ကိုင်တွယ်နိုင်ရန် ယုံကြည်ချက် ရှိသည်။

“ ဟုတ်တယ်ဆိုရင်ကော..” ဝေ့ကျင်းလိန် ပြောလိုက်ပြီး “ ဒီလိုမျိုး ပတ်ဝန်းကျင်မှာ ရိက္ခာ အပိုတွေ မရှိဘူးဆိုရင် ရှင်သန်ရတာ ခက်ခဲတယ်… ခု အခွင့်အရေး ရှိလာပြီဆိုတော့ အမိအရ ဆုပ်ကိုင်မထားသင့်ဘူးလား…”

သူတို့နှစ်ယောက်အတွက် ရိက္ခာများ လုယက်သည်က ၎င်းတို့၏ အပြုအမူအတွက် အကြောင်းပြချက် တစ်ခုမျှသာ။ သူတို့၏ စစ်မှန်သည့် ရည်ရွယ်ချက်က လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ကို ဟန့်တားရန်ဖြစ်သည်။

သူတို့ဘက်က အနိုင်ယူပြီး ပြိုင်ပွဲမှ နှုတ်ထွက်စေခိုင်းနိုင်သရွေ့ သူတို့၏ အလုပ်မှာလည်း ပြီးမြောက်အောင်မြင်သွားပေလိမ့်မည်။

“ အကြံလေးကတော့ မဆိုးပါဘူး… ဒါပေမယ့် ခင်များတို့က ဒီမြေပြင်ပေါ်က လူတွေကို မမြင်တာလား… ခင်များတို့မှာကော အခွင့်အရေး ရှိမယ်လို့ ထင်နေတာလား…”

“ ရှိခြင်း မရှိခြင်းက မင်းဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး…”

“ မိတ်ဆွေ… ခင်များဒီလိုလုပ်မှ ဖြစ်မှာလား… ကျုပ်တို့ အားလုံးက ဟွာရှန့်တွေပဲလေ… ဒီလိုမျိုး တိုက်ခိုက်ဖို့ မသင့်ပါဘူး….”

“ ငါသိတယ်… ဒါပေမယ့် စိတ်မပူနဲ့.. မင်းတို့ ပစ္စည်းတွေကို ယူပြီးသွားရင် တခြား အုပ်စုက ပစ္စည်းတွေကိုလည်း ယူမှာ… ဘယ်သူ့ကိုမှ အခွင့်အရေး မပေးဘူး…”

ဟွမ်ယွင်ဟန် ပြုံးပြီး ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် နောက်သို့ ဆုတ်၍ ဝေ့ကျင်းလိန်ကို လက်ညှိုးကွေး၍ စိန်ခေါ်လိုက်၏။

“ ကျုပ် စကားကို နားမထောင်ချင်မှတော့ ဘယ်တတ်နိုင်တော့မှာ… တက်လာခဲ့…”

“ ကျေးဇူးပြုပြီး …” ဝေ့ကျင်းလိန်လည်း လက်ပြလိုက်သည်။

ဟွမ်ယွင်ဟန် မြေပြင်ပေါ်သို့ အားယူ ခြေတစ်ချက် ဆောင့်လိုက်ပြီး ဝေ့ကျင်းလိန်ထံ ပြေးဝင်လာခဲ့၏။

သူတွေးထားသည်က သူ၏ ခြေကန်ချက်ဖြင့် တစ်ဖက်သူကို မြေပြင်သို့ အမှောက်သိပ်မည် ဟူ၍ပင်။ သို့သော်လည်း ထင်မှတ်မထားသည်က သူ၏ ခြေထောက်ကို တစ်ဖက်သူက လက်ဝါးဖြင့် ပိတ်ပင်တားဆီးလိုက်လေသည်။

ဟွမ်ယွင်ဟန်နှင့် လီဂျန်းနီတို့ နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။ မည်သူကမျှ လီကျင်းလိန်ကို ထိုမျှ ခွန်အားကြီးမားနေမည်လို့ ထင်မှတ်မထားကြချေ။

ဟွမ်ယွင်ဟန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ပြီးနောက် ဝေ့ကျင်းလိန် လက်သီးတစ်ချက်ပြီး တစ်ချက် တရစပ် ထိုးနှက်လာခဲ့၏။ အဆက်မပြတ် တိုက်ခိုက်မှုများ အောက်တွင် တစ်ဖက်သူမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပဲ တရကြမ်း နောက်ဆုတ်လိုက်ရ၏။

ခေတ္တမျှကြာအောင် နှစ်ယောက်မှာ မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေသော်လည်း မကြာမီ လီကျင်းလိန်မှ အပေါ်စီး ရလာခဲ့သည်။

ဟွမ်ယွင်ဟန်နှင့် လီဂျန်းနီလည်း အစကတည်းက ဝေ့ကျင်းလိန်မှာ သူ၏ ခွန်အားကို အပြည့်အဝ အသုံးမချခဲ့ကြောင်း သတိပြုမိလိုက်၏။ သူ၏ ခွန်အားကိုသာ အပြည့်အသုံးပြုခဲ့ပါက ဟွမ်ယွင်ဟန်မှာ တုံ့ပြန်နိုင်စွမ်းပင် ရှိလိမ့်မည် မဟုတ်ချေ။

အခြေအနေ မဟန်သည်ကို မြင်တော့ လီဂျန်းနီ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မဟုတ်ပါက ဟွမ်ယွင်ဟန်မှာ ဆယ်ကွက်အတွင်း ရှုံးနိမ့်သွားနိုင်လေသည်။

သို့သော် လီဂျန်းနီ၏ ပါဝင်လာမှုကလည်း တိုက်ပွဲ၏ အတက်အကျကို အလှည့်အပြောင်း မဖြစ်စေခဲ့ချေ။ ဝေ့ကျင်းလိန်၏ ကြမ်းတမ်းခက်ထန်သည့် တိုက်ခိုက်မှုများ အောက်ဝယ် နှစ်ယောက်မှာ အနိုင်ယူခြင်း ခံလိုက်ရ၏။ သူတို့၏ ရင်ဘက်ကို ကိုယ်စီ ဖိကပ်ထားရင်း မြေပြင်သို့ လဲကျသွားခဲ့လေသည်။

“ လူငယ်လေး.. မင်းတို့ ရှုံးသွားပြီ… ပစ္စည်းတွေကို ကမ်းပေးလိုက်တော့…” ဝေ့ကျင်းလိန် အပြုံးလေးဖြင့် ပြောလိုက်၏။

လီဂျန်းနီ ဝေ့ကျင်းလိန်ကို မယုံကြည်နိုင်သည့် မျက်ဝန်းတို့ဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူနှင့် ဟွမ်ယွင်ဟန်မှာ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခြင်း ခံထားရပြီး ယခုလို သန်မာသည့် ပြိုင်ဘက်မျိုးနှင့် တွေ့ဆုံရသည်က အင်မတန်ရှားပါးလေသည်။ ထို့ပြင် ယခု တိုက်ပွဲက နှစ်ယောက်တစ်ယောက် တစ်ဖက်သတ် တိုက်ပွဲဖြစ်၏။ သို့တိုင်အောင် သူမတို့ဘက်က ရှုံးနိမ့်သွားခဲ့သည်။

ဒီလူက ဘယ်ကမ္ဘာကနေ ရောက်လာခဲ့တာလဲ…

“ ငါယိုးပဲ…” ဟွမ်ယွင်ဟန် ကျိန်ဆဲလိုက်ပြီး “ အဲ့ကောင်ကြောင့်… အဲ့ကောင်ကြောင့်သာ မဟုတ်ရင် ဒီလောက်ထိ ဒုက္ခများနေမှာမဟုတ်ဘူး..”

“ နင် ဘာတွေ လျှောက်ပြောနေတာလဲ..” လီဂျန်းနီ သူ့ကို တားမြစ်လိုက်၏။

“ ငါပြောတာမှားလား…”

ဟွမ်ယွင်ဟန် လီချိန်ရှင်းနှင့် ကျန်သူများကို ကြည့်လိုက်ပြီး “ သူ့ကြောင့်သာ မဟုတ်ရင် ဒီလူတွေက ငါတို့ကို လာရှာမှာတဲ့လား…”

ဟွမ်ယွင်ဟန် ဤမျှ ဒေါသူပုန်ထနေရခြင်းက ၎င်းတို့၏ အစီအစဉ်မှာ ပျက်စီးသွားသောကြောင့်ပင်။ ယခုအခြေအနေအရဆို သူတို့ဘက်က ကျွန်းအနက်ပိုင်းသို့ စူးစမ်းနလေ့လာနိုင်သည့် အခွင့်အရေးမှာ အင်မတန်မှ နည်းပါးသွားခဲ့ချေပြီ။

“ ဟေ့ကောင်… မင်း ဒါကတော့ နည်းနည်းလေး ကျိုးကြောင်း မဆီလျော်သလိုပဲ…” လင်းရီ ပြောလိုက်ပြီး “ ငါ့ဘက်ကလည်း ပြဿနာ အရင်ရှာနေတာ မဟုတ်ပဲနဲ့ ဘာလို့ ငါ့ကို လာပြီး အပြစ်တင်နေတာ…”

“ မင်း မဟုတ်ဘူးဆိုတော့ ဘယ်သူ့ကြောင့်လဲ….”

“ ကဲကဲ တော်လိုက်ကြတော့… အကုန်လုံးက တစ်သင်းသားတည်းချင်းကိုပဲ ဒီလို အသေးမွှား ကိစ္စလေးတွေပေါ်မှာ ဘာလုပ်ဖို့ ငြင်းခုန်နေမှာလဲ… ဟုတ်တယ်မလား…”

“ အဲ့တာ မင်း သောက်ပူမပါဘူး..” ဟွမ်ယွင်ဟန် နှာခေါင်းရှုံ့လိုက်၏။

“ ငါ ဘယ်လိုလူတွေကို ကြည့်မရဆုံးလဲသိလား… မင်းလိုလူစားမျိုးတွေပဲ… ဘာမှမဖြစ်သေးတဲ့ အချိန်ကျရင်တော့ ကိုယ့်ကိုယ် အတတ်ကြီးလိုလုပ်နေပြီးတော့မှ ပြဿနာလေး နည်းနည်းလောက်ဖြစ်လာရင် သူများအပေါ် အပြစ်ပုံချပြီး စောဒက တက်ပြတဲ့ ကောင်တွေ…” လင်းရီ ပြောလိုက်ပြီး “ မင်းမကိုင်တွယ်နိုင်ဘူးဆိုရင်လည်း အိမ်ပြန်အိပ်နေလိုက်..”

“ မင်း….. ငါ့လာပြီး မဝေဖန်နဲ့… ပြန်ရောက်ရင် မင်း ကောင်းကောင်းတွေ့မယ်…”

“ ဟားဟား….. “ လင်းရီ ကျယ်လောင်စွာ ရယ်သွမ်းလိုက်ပြီး “ အစကတော့ ဟုတ်သလိုလိုနဲ့ တကယ်တမ်းကျတော့လည်း ဘာမှမဟုတ်ပါလားကွာ…”

“ မင်းကို ရပ်တော့…………..”

“ တော်လောက်ပြီ…” ဝေ့ကျင်းလိန် စကားဖြတ်ပြောလိုက်ပြီး “ သောက်စကားမများနဲ့.. မင်းတို့ရဲ့ ပစ္စည်းတွေ ချန်ထားရစ်ခဲ့ပြီး လစ်လိုက်ကြတော့…. နောက်နှစ်ကျရင် ဒီလို ရှိုးပွဲမျိုး ရှိချင် ထပ်ရှိဦးမှာ.. အဲ့ခါကျမှ ပြန်လာခဲ့ကြ….”

“ ငါ လခွမ်းကို လစ်ခိုင်းနေတာလား…” လင်းရီ ကျိန်ဆဲလိုက်ပြီး “ မင်းတို့လည်း ခု ထွက်သွားရင် ထွက်သွား.. မထွက်သွားဘူးဆို ပစ္စည်းတွေ ချန်ထားခဲ့ပြီးမှ ထွက်သွား… သောက်ရေးမပါတာတွေ လာမပြောနဲ့… “

နောက်ရှိ ကင်မရာမန်းကတော့ ငိုမဲ့မဲ့ ဖြစ်နေတော့၏။

ဘိုးဘေးလေး….ကျိန်ဆဲတာလေးတွေ နည်းနည်းလျော့ပေးပါဦးလား… ခုက ရိုက်ကူးရေးလုပ်နေတာလေ…

All Chapters