← Chapters

ရှုမျှော်ခင်း 4A အတွက်လျှောက်လွှာ? စီရင်စုတောင်းဆိုချက်! ၂

Vol. 11 Ch. 151

ရှုမျှော်ခင်း 4A အတွက်လျှောက်လွှာ? စီရင်စုတောင်းဆိုချက်! ၂

Vol. 11 Ch. 151

ချင်လင်မှာ မွေးမြူရေးခြံအတွက် စိတ်ကူးအသစ်ရှိသည်။

ဒီတစ်ကြိမ် ဝမ်ချိုင်က ပန်းကန်ပြားဖမ်းနည်းသင်ယူနိုင်ခဲ့သဖြင့် ဂိမ်းထဲကမြင်းပြိုင်ပွဲအကြောင်း သူတွေးမိသည်။ အချိန်ကျရင် မြင်းပြိုင်နည်းကိုပါ သူလေ့လာနိုင်လိမ့်မည်။

ထို့ကြောင့်သူက နောင်တွင်အသုံးပြုနိုင်ရန် ပြေးလမ်းတစ်ခုတည်ဆောက်ထားချင်သည်။

နောက်ပြီး မွေးမြုရေးခြံထဲတွင် မြင်းတချို့မွေးထားတာကောင်းမည်။ ခရီးသည်များနှင့်ဓာတ်ပုံရိုက်ခြင်း (သို့) မြင်းစီးသည့်အတွေ့အကြုံကို ပေးစွမ်းနိုင်ရန်ဖြစ်သည်။

သို့သော် မူလမြေတွင် ဆောက်နိုင်မဆောက်နိုင် သူမသိပေ။ ပြေးလမ်းမှာ သေးနုတ်နုတ်ဖြစ်နေသည်။

ချင်လင်က သူ့အတွေးကို စွန်းမင်အားပြောပြလိုက်၏။

သူတို့စကားပြောနေစဉ် ချန်လီနှင့် စီရင်စုဌာနမှလူတချို့ဝင်လာပြီး စားပွဲဝိုင်းများတွင်လိုက်၍ စကားပြောဧည့်ခံကြသည်။

''ဥက္ကဌစွန်း သူဌေးချင်... ဒီနေ့အစားအသောက်တွေကောင်းရဲ့လား?'' ချန်လီက ချင်လင်နှင့်စွန်းမင်စားပွဲသို့ရောက်လာပြီး အပြုံးနှင့်မေးလိုက်၏။

စွန်းမင်က စလိုက်သည်_ ''အကြီးအကဲချန်... အစားအသောက်ကဘယ်လိုရမှာလဲ? ဘယ်လောက်ပဲအရသာရှိရှိ ဥက္ကဌချင်ရဲ့စံအိမ်က အစားအသောက်တွေလောက် ကောင်းပါ့မလား?''

''အမှန်ပဲ'' ချန်လီကပြုံးပြီး ချန်လီအား_ ''သူဌေးချင်... အရင်စားလိုက်ပါဦး... စားပြီးရင် မင်းနဲ့ဆွေးနွေးစရာရှိသေးတယ်''

''ကောင်းပါပြီ!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။

စားပြီးနောက် ချန်လီက ချင်လင်ကိုရှာပြီး သူ့ရုံးခန်းထဲခေါ်သွားလိုက်၏။ ချင်လင်ကိုနေရာပေးပြီးလျှင် သူ့လက်ထဲစာဖိုင်ကမ်းပေးလိုက်သည်။

ချင်လင်က ဇဝေဇဝါနှင့် စာဖိုင်ကိုယူလိုက်၏။ အကြောင်းအရာကိုမြင်သောအခါ သူကမေးလိုက်သည်_ ''အကြီးအကဲချန်... ကျွန်တော့်စံအိမ်က စံမီသွားပြီလား?''

အကြောင်းအရာမှာ ရှုမျှော်ခင်း 4A အတွက် လျှောက်လွှာတင်ခြင်းဖြစ်သည်။

ရှုမျှော်ခင်းအဆင့် 4A လျှောက်ထားခြင်းမှာ ရိုးရိုးရှင်းရှင်းမဟုတ်။ ရှုမျှော်ခင်းနေရာတိုင်းလျှောက်ထားနိုင်သောကိစ္စလည်းမဟုတ်ပေ။ အရင်ဆုံး မြို့တော်အဆင့်ခရီးသွားဌာနအစီရင်ခံစာကို လျှောက်ထားရသည်။ မြို့တော်အဆင့်လျှောက်လွှာကျလျှင် စီရင်စုအဆင့်ခရီးသွားဌာနကို အကဲဖြတ်ပေးရန် ဆက်သွယ်ရ၏။

ဒုက္ခအများဆုံးမှာ လိုအပ်ချက်အမျိုးစုံရှိခြင်းပင်။

ရုံချန်းစီရင်စု၏ကျယ်ကျယ်ပြန့်ပြန့်ခရီးသွား+အစီအစဉ်နောက်ပိုင်းတွင် စီရင်စုအတွင်းကြီးကြီးသေးသေးရှုမျှော်ခင်းနေရာစုံ ၃၀ ကျော်ရှိသော်လည်း ရှုမျှော်ခင်း 4A ကိုအောင်မြင်စွာလျှောက်ထားနိုင်သောနေရာ ၄ ခုသာရှိသေးသည်။

ချန်လီကပြုံးပြီး_ ''ချင်းလင်စံအိမ်က အခုတော့မမီသေးဘူး... ဒါပေမဲ့ ချဲ့ထွင်တဲ့လုပ်ငန်းတွေပြီးသွားရင် လုံးဝမီတယ်... သူဌေးချင်... လျှောက်လွှာရဲ့အခြေအနေတွေကို တစ်ချက်ကြည့်လိုက်ပါဦး... အခုမင်းစံအိမ်အတွက်လိုတဲ့အချက်တွေ အဲမှာရေးထားတယ်... ငါလည်း အကြံဉာဏ်ပြုချက်တွေပေးထားတယ်''

ချင်လင်ကခေါင်းညိမ့်ပြီး စာဖိုင်ကိုဖတ်လိုက်သည်။

ရှုမျှော်ခင်း 4A အတွက်လျှောက်ရန် လိုအပ်ချက်များစွာရှိသည်။ ချန်လီပေးထားသောအချက်အလက်တွင် လိုအပ်ချက်တိုင်းကို အသေးစိတ်စာရင်းပြုစုထား၏။

ပထမလိုအပ်ချက်: သယ်ယူပို့ဆောင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးပြဿနာများ။

ချန်လီပေးထားသောအချက်အလက်တွင် ညွှန်ပြထားသည်မှာ စီရင်စုမြို့တော်သို့ တိုက်ရိုက်သွားလမ်းနှစ်လမ်းရှိသည်။ ထိုအပေါ်တွင် အကြံပြုချက်လည်းရေးထား၏: တောင်တန်းစံအိမ်က စီရင်စုကို သီးသန့်ဘတ်စ်ကားလျှောက်ရန်။



ဒုတိယလိုအပ်ချက်: ဝန်ဆောင်မှုများပြည့်စုံခြင်း။

သတို့သမီးခန်း၊ စားသောက်ဆိုင်၊ စျေးဝယ်စင်တာ၊ ရွက်လွှင့်အစီအစဉ်၊ မြက်ခင်းလျှော၊ တောတွင်းစွန့်စားခန်း၊ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ် အစရှိသဖြင့်။

နောက်တွင် အကြံပြုချက်များလည်း ရေးထားသည်: အထောက်အထားအချက်အလက်၊ လမ်းညွှန်အချက်အလက်ပြည့်စုံခြင်း၊ အရောင်းစင်တာ ရောင်းချသူသင်တန်းပေးခြင်း၊ လက်မှတ်ကိုင်ဆောင်ထားခြင်း...။

တတိယလိုအပ်ချက်: ခရီးသွားလုံခြုံမှု။

လုံခြုံရေး၊ စောင့်ကြည့်ကင်မရာ၊ ရှုမျှော်ခင်းပတ္တရောင်လှည့်ခြင်း။

အကြံလည်းပေးထားသည်: ဆေးကုသခန်းတည်ဆောက်ရန်။

စတုတ္ထလိုအပ်ချက်: ပတ်ဝန်းကျင်သန့်ရှင်းရေး။

စံအိမ်စီးပွားရေးစလုပ်စဉ်က စီရင်စုမှထောက်ခံချက်ပေးထားသည်။ ဒါကပြဿနာမရှိ။ 'စံမီသည်' ဟု နောက်တွင်ရေးထား၏။

ပဉ္စမလိုအပ်ချက်: စာတိုက်နှင့်ဆက်သွယ်ရေးဝန်ဆောင်မှု။

ဤနေရာတွင် ချန်လီက စီရင်စုမှဆက်သွယ်ရေးပူးပေါင်းပြီး အမြန်ဆုံးအပြီးသတ်မည်ဟု ရေးထားသည်။

ဆဋ္ဌမလိုအပ်ချက်: ခရီးသွားစျေးဝယ်ခြင်း။

ဒီအတွက် အရောင်းစင်တာရှိသည်။

ချန်လီအကြံပြုချက်: အထူးစျေးဝယ်ထုတ်ကုန် အနည်းဆုံးတစ်ခုတည်ထောင်ရန်။

ဒါကိုမြင်လိုက်သည်နှင့် သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တွေက အချိန်ကိုက်ပဲဟု ချင်လင်ခံစားမိသည်။ ယွီရွှေ့စမ်းရောင်းနေတဲ့အပိုင်းဘယ်လိုနေမလဲ သူသိချင်လာသည်။

…

နဝမလိုအပ်ချက်: ခရီးသည်စိတ်ကျေနပ်မှု။

အကြံပြုချက်: ခရီးသည်ပေးမှတ်၊ မကျေနပ်ချက်၊ အကြံပြုချက် ဝန်ဆောင်မှုများကို ထုတ်ဖော်ပြသခြင်း။

ဒဿမလိုအပ်ချက်: မျက်စိပသာဒဖြစ်ဖွယ်ရာနှင့် အသွင်အပြင်အရ စျေးကွက်ဆွဲဆောင်မှု (စံမီ)

ဧကာဒဿမလိုအပ်ချက်: တစ်နှစ် လူဦးရေ ၅ သိန်းကျော်လက်ခံခြင်း (စံမီ)

ဤလိုအပ်ချက်များပြည့်စုံမှ အဆင့် 4A ကိုအောင်မြင်နိုင်မည်။

နောက်ဆုံးလိုအပ်ချက်နှစ်ခုမှာ အခက်ခဲဆုံးအချက်ဖြစ်မှန်းသိသာသော်လည်း ချင်းလင်စံအိမ်အတွက်တော့ နောက်ဆုံးနှစ်ချက်က အရိုးရှင်းဆုံးပင်။

ချန်လီ၏အချက်အလက်များကိုဖတ်ပြီးနောက် ချင်လင်က သူ့စံအိမ်မှာ ရှုမျှော်ခင်း 4A လျှောက်ရန် အမှန်တကယ်ပြည့်မီကြောင်း တွေ့လိုက်ရသည်။

သူလျှောက်နိုင်တယ်ဆိုရင် လက်လျှော့မည်မဟုတ်။ ဒါသူ့စံအိမ်အတွက် အတည်ပြုချက်ပုံစံတစ်ခုလည်းဖြစ်နေသည်။ ပြီးတော့ 4A ဆိုတာ နိုင်ငံတော်အဆင့် ရှုမျှော်ခင်းနေရာလေ။

5A ကမူ နိုင်ငံတကာအဆင့်ဖြစ်၏။ 5A ရရန် 4A ကိုအခြေခံထားပြီး အဆင့်မြှင့်ရသည်။ အရင်ဆုံး 4A ဖြစ်ပြီး အနည်းဆုံးသက်တမ်း ၃ နှစ်ရှိရမည်ဖြစ်သည်။

4A အဆင့်အောင်မြင်သွားလျှင် နောက် ၃ နှစ်အကြာတွင် 5A အကြောင်းစဉ်းစားနိုင်ပြီ။

''အကြီးအကဲချန် ကျေးဇူးပါပဲ'' ချင်လင်က စာဖိုင်ကိုပိတ်ပြီး ချန်လီကို စိတ်ရင်းနှင့်ကျေးဇူးတင်လိုက်သည်။



သူရှုမျှော်ခင်း 4A လျှောက်ချင်တယ်ဆိုရင် ဒီအချက်အလက်တွေနဲ့တင် အတော်အချိန်ကုန်သက်သာမည်။ သူကိုယ်တိုင်သာလုပ်ရမည်ဆိုလျှင် သေချာပေါက်တလည်လည်နဲ့ အချိန်ကုန်ဦးမည်။

ချန်လီကလက်ကာပြလိုက်ပြီး_ ''ကျေးဇူးမတင်ပါနဲ့... ငါကချင်းလင်စံအိမ်ကို 4A မြှင့်ချင်တာ မင်းထက်ပိုတယ်... ချင်းလင်စံအိမ်အောင်မြင်သွားရင် တို့ရုံချန်းစီရင်စုမှာ ပဉ္စမမြောက်ရှုမျှော်ခင်းနေရာဖြစ်လာလိမ့်မယ်... ဒါကလည်း ငါ့အတွက် နိုင်ငံရေးအရအောင်မြင်မှုပဲလေ... နောက်ဆိုရင် မင်းရဲ့ချင်းလင်စံအိမ်အရှိန်အဝါကိုတောင် အားကိုးရဦးမလားမသိဘူး''

ထိုစကားများက နည်းနည်းထိလွယ်ရှလွယ်ဖြစ်သောကြောင့် ချန်လီကရပ်လိုက်သည်။ ထို့နောက်သူက_ ''ပြီးတော့ စီရင်စုက သူဌေးချင်ကို မေးချင်တာရှိသေးတယ်''

''အကြီးအကဲချန် ဘာများလဲ?'' ချင်လင်က သိချင်စိတ်နှင့်မေးလိုက်သည်။ ထို့နောက်သူက_ ''ကျွန်တော်တတ်နိုင်တာဆို သေချာပေါက်စီရင်စုနဲ့ ပူးပေါင်းမှာပါ''

ချန်လီကရှင်းပြလိုက်သည်_ ''သူဌေးချင်... ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့စက်ရုံအတော်များများက ကုန်စထုတ်နေပြီမလား?''

ချင်လင်ကခေါင်းညိမ့်ပြီး_ ''အနည်းနဲ့အများပေါ့... နောက်ဆုံးထုတ်လုပ်ရေးလိုင်း ၇ ခုက အလုပ်သမားဝင်တုန်းရှိသေးတယ်... သူတို့က ချဉ်စပ်ဆော့ကိုလုပ်နေတာ''

အရင် သူဂိမ်းထဲကရခဲ့သောဆော့မှာ လျှို့ဝှက်နည်းနှစ်ခုရှိသည်: ချို၊ ချဉ် နှင့် အစပ်။

ချဉ်ချိုအရသာကို အရောင်းဖွင့်ထားပြီးပြီ။ အခု ထုတ်လုပ်ရေးလိုင်း ၃၅ ခုမှာ ချဉ်ချိုထုတ်ကုန်များထုတ်နေသည်။ စီရင်စုကိုယ်စားလှယ်ချန်ဟယ်အပြင် တန့်ကွမ်းက နောက်ထပ်ပြည်ပကိုယ်စားလှယ်သုံးဦးနှင့်လည်း လေလံဆွဲထား၏။ သူတို့မှာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ။

ထို့ကြောင့် ကျန်ထုတ်လုပ်ရေးလိုင်း ၇ ခုကို ချဉ်စပ်အရသာထုတ်ရန် စီစဉ်ထားသည်။ တန့်ကွမ်းကို ဖော်စပ်နည်းပေးထားပြီး ကိရိယာများပြင်ဆင်ခိုင်းထား၏။

ချန်လီပြောချင်သည့်အရာမှာ ချင်းလင်ဆော့နှင့်လည်း ပတ်သက်နေလိမ့်မည်။

ထင်ထားသည့်အတိုင်း ချန်လီက_ ''သူဌေးချင်... တကယ်တော့ စီရင်စုက ချင်းလင်ဆော့ထုတ်လုပ်ရေးကို တောက်လျှောက်အာရုံစိုက်နေခဲ့တာ... မင်းကုန်ကြမ်းတွေ တစ်နေရာကမှာထားတယ်ဆိုတာ ငါတို့သိတယ်... စီရင်စုက မင်းကို မွေးရပ်မြေကကုန်ကြမ်းတွေ အစားထိုးစေချင်တယ်''

'မွေးရပ်မြေ' ဆိုသောစကားလုံးမှာ အသုံးကောင်းသည်။ သူက စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုအသုံးချခြင်းဖြစ်၏။

စီရင်စုက ချင်းလင်အစားအသောက်ကုမ္ပဏီကိုပေးထားသော အဖွဲ့အစည်းကြီးကြပ်ရံပုံငွေကို ညွှန်ကြားရန်၊ အပြီးသတ်ရန် အထူးကြီးကြပ်သူခန့်ထားသောကြောင့် ချင်းလင်အစားအသောက်ကုမ္ပဏီ၏အခြေအနေကို အသေးစိတ်သိထားသည်။

ထိုစက်ရုံများအားလုံး နှစ်ဆိုင်းခွဲဆင်းပြီး ကုန်ထုတ်ချိန်မှစ၍ ထိုနေ့မှာပင် ချင်းလင်ဆော့ ၂၀၀ ဂရမ်ပုလင်း ၈၅၀၀၀၀ ထုတ်နိုင်ခဲ့သည်။ တစ်နှစ်ကိုအနည်းဆုံး ပုလင်းသန်း ၃၀၀ ထုတ်နိုင်ပြီး ဆော့တန် ၆၀၀၀၀ နှင့်ညီမျှသည်။ (မနှစ်က နိုင်ငံအတွင်း ဆော့တန် ၁.၃ သန်းကျော်ထုတ်လုပ်ခဲ့ပြီး တန် ၆၀၀၀၀ မှာ မနှစ်ကထိပ်တန်းဘရန်း ၁၀ ခုမှထုတ်လုပ်သောဆော့၏ သုံးပုံတစ်ပုံရှိသည်။)

တွေးကြည့်ပါ။ ဆော့တန် ၆၀၀၀၀ အတွက် ကုန်ကြမ်းဘယ်လောက်တောင်လိုပါသလဲ?

ဒီကုန်ကြမ်းတွေအားလုံးကို ရုံချန်းစီရင်စုထဲက အစားထိုးသုံးနိုင်ရင် စီးပွားရေး၊ အလုပ်အကိုင်နဲ့ လူနေမှုဘဝဘယ်လောက်များများကို အကျိုးဖြစ်အောင် သူတို့ဖန်တီးပေးနိုင်မလဲ?

နောက်ပြီး ချင်းလင်ဆော့သာ ထိပ်တန်းဘရန်း ၁၀ ခုထဲတိုးဝင်နိုင်ရင် နောင်မှာ ဝယ်လိုအားပိုတောင်တက်လာဦးမည်။

စီရင်စုက ဒီအကျိုးအမြတ်ကို ရုံချန်းစီရင်စုအတွက်ထိန်းထားချင်သည်ပေါ့။

ချင်လင်ကမျက်မှောင်ကြုတ်၍_ ''အကြီးအကဲချန်... ဆော့ကိုဒီနေရာတင်ဝယ်နိုင်တာ အကောင်းဆုံးပဲ... ကုန်ကျစရိတ်လည်း တော်တော်သက်သာမယ်... ဒါပေမဲ့ ရုံချန်းစီရင်စုက လောလောဆယ် ကုန်ကြမ်းအများကြီးမထောက်ပံ့နိုင်သေးဘူး''

ချန်လီကခေါင်းညိမ့်ပြီး_ ''စီရင်စုက ဒီအခြေအနေကိုသိတယ်... အဲဒါကြောင့် စီရင်စုက နောက်ထပ်ထောက်ပံ့ငွေထုတ်ပြီး ခရမ်းချဉ်စိုက်တောင်သူတွေကိုဦးစီးမယ်လို့ ရည်ရွယ်ထားတယ်... အချိန်ကျရင် အဲဒါတွေကို ချင်းလင်အစားအသောက်ကုမ္ပဏီကိုပို့မယ်''

''ဒါပေါ့... ချင်းလင်အစားအသောက်ကုမ္ပဏီကိုလည်း မရှုံးစေရပါဘူး... စာချုပ်ချုပ်တဲ့အခါ ပေါက်စျေးအတိုင်းပေးမယ်... လိုအပ်တာမှန်သမျှလုပ်ပေးမယ်... စိုက်ပျိုးရေးကိစ္စဖြေရှင်းဖို့ စီရင်စုက ကြားဝင်ဆောင်ရွက်ပေးမယ်... ချင်းလင်အစားအသောက်ကုမ္ပဏီက ထုတ်လုပ်ဖို့နဲ့ရောင်းချဖို့ကိုပဲ အပြည့်အဝတာဝန်ယူပေးရုံပါပဲ''

''ကောင်းပါပြီ... စီရင်စုက ဒီလိုစီစဉ်ထားတယ်ဆိုရင်လည်း ကျွန်တော် စီရင်စုနဲ့ပူးပေါင်းပါ့မယ်'' ချင်လင်က အသင့်ထောက်ခံလိုက်သည်။ ဒါရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပဲလေ။

အခြေအနေပေးတယ်ဆိုရင် သူ့မွေးရပ်မြေအတွက် ပိုပါဝင်ပေးရမှာပေါ့။ သို့သော်လည်း အမှန်တကယ်ပူးပေါင်းဆောင်ရွက်လျှင် တချို့ရှုထောင့်များကို ပိုအာရုံစိုက်ရမည်။

ဤသည်က စီရင်စုကိုမယုံကြည်ခြင်းမဟုတ်သော်လည်း စိုက်ပျိုးသူများကို အပြည့်အဝယုံထား၍မရပေ။ အကယ်၍ တချို့ကလောဘကြီးပြီး ဓာတုပစ္စည်းများထည့်စိုက်လျှင် ဒုက္ခကြီးကြီးရောက်နိုင်သည်။

အချိန်ကျရင် သူဒါမျိုးလုံးဝလက်ခံမည်မဟုတ်ကြောင်း ကြိုတင်သဘောတူထားရမည်။

ချင်လင်သဘောတူသောအခါ ချန်လီကပြုံးလိုက်ပြီး_ ''ဒါဆိုရင် စီရင်စုကိုယ်စား ကျွန်တော်ကပဲ သူဌေးချင်ကိုကျေးဇူးတင်ပါရစေ''

သည်လိုနှင့် စီရင်စုက နောင်ခရမ်းချဉ်သီးစိုက်ဖို့ အစပျိုးနိုင်တော့မည်။

တကယ်တော့ ခရမ်းချဉ်သီးစိုက်သည့်နေရာများစွာရှိသော်လည်း အရောင်းထိုင်းသောကြောင့် အကြီးအကျယ်မလုပ်ရဲသည့်နေရာများရှိသည်။

မနှစ်က ခရမ်းချဉ်သီးများတပုံ့ပုံ့ဖြစ်နေသောသတင်းများမှာလည်း အတောမသတ်ချေ။

သို့သော် ချင်းလင်ဆော့ထုတ်ဖို့ ရုံချန်းစီရင်စုကို ဘယ်သူများတောင်းဆိုလိုက်ပါသလဲ? ဒီဖြစ်လာတဲ့အကျိုးအမြတ်က အကြီးအကျယ်ပင်။



All Chapters