အကြီးအကဲစားဖွယ်! ဖရဲသီးအစစ်မှည့်ပြီ! ၂
Vol. 11 Ch. 153
တန့်ကွမ်းက ချင်လင်ကိုထုတ်လုပ်ရေးလိုင်းဆီခေါ်သွားလိုက်သည်။ သူက ချဉ်စပ်ဆော့တချို့ယူ၍ ချင်လင်လက်ထဲကမ်းပေးကာ_ ''ဥက္ကဌချင်... မြည်းကြည့်ပါဦး... ကျွန်တော်မြည်းခိုင်းကြည့်ပြီးပြီ... ဒါက ချဉ်စပ်အရသာထိပ်တန်းဘရန်း ၁၀ ခုထက် ပိုကောင်းတယ်တဲ့... ဒါပေမဲ့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ရဖို့လိုသေးတယ်''
ချင်လင်ကယူပြီး မြည်းကြည့်လိုက်သည်။ သူကအစပ်ကြိုက်သူမဟုတ်သော်လည်း ဆော့ကိုမြည်းကြည့်ပြီး အရသာအရမ်းကောင်းသည်ဟု ခံစားမိသည်။
ဂိမ်းထဲဝင်ပြီး မှတ်ချက်သွားမကြည့်ရင်တောင် ဒါအရည်အသွေး ၁ ရှိမှန်း သူသိသည်။
စိတ်ချရစေရန် သူလည်း တန့်ကွမ်းအား_ ''ထုတ်ထားတဲ့ပုလင်း ၂ ပုလင်းပေးလိုက်ပါ... စံအိမ်မှာလေ့လာကြည့်ပြီးရင် ခင်ဗျားဆီဖုန်းပြန်ခေါ်လိုက်မယ်''
“ဟုတ်ကဲ့!'' တန့်ကွမ်းခေါင်းညိမ့်လိုက်သည်။
ချင်လင်က ချဉ်စပ်ဆော့ ၂ ပုလင်းနှင့် စက်ရုံမှထွက်လာခဲ့သည်။ သူကအရင်ဆုံးဂိုဒေါင်သွားပြီး ဆော့ ၂ ပုလင်းနှင့် ဂိမ်းထဲဝင်လိုက်၏။ မှတ်ချက်ကိုကြည့်လိုက်သည်။ အရည်အသွေး ၁။
သူစိတ်သက်သာသွား၏။ သူကတန့်ကွမ်းကိုဖုန်းခေါ်ပြီး စထုတ်နိုင်ပြီဖြစ်ကြောင်းပြောလိုက်သည်။
ဂိုဒေါင်မှထွက်လာပြီးလျှင် စံအိမ်ဆီသွားလိုက်သည်။ ဒီတစ်ကြိမ်တွင် ချင်လင်က အရင်လမ်းအတိုင်းမမောင်းဘဲ အသစ်ဖောက်ထားသောလမ်းမပေါ်မှမောင်းခဲ့၏။
ဤလမ်းကို စံအိမ်သွားရန် စီရင်စုက အထူးဖောက်ခဲ့ခြင်းဖြစ်သည်။ စံအိမ်သို့တိုက်ရိုက်ဦးတည်ထားသောကြောင့် တခြားသို့မသွားနိုင်။ စံအိမ်အတွက်သက်သက်ဖောက်ပေးသည်နှင့်ပင် တူနေသည်။ နောက်ပြီး မူလလမ်းထက်လည်းပိုနီးသည်။
မကြာမီ ချင်းလင်စံအိမ်ရောက်လာ၏။ လမ်းအဆုံးမှာ ကားပါကင်ဖြစ်သည်။
ဤကားပါကင်မှာ အရင်တစ်ခုထက်ပိုကြီးသည်။ ထို့အပြင် အထူးတည်ဆောက်ထားခြင်းဖြစ်၏။ လမ်းညွှန်အမှတ်အသားများ၊ ကားရပ်နားနေရာများ၊ သတိပေးတိုင်များရှိသည်။ အဆပေါင်းများစွာလည်း ပိုသာ၏။
ချင်လင်က နေရာလွတ်တွင် ကားပါကင်ထိုးလိုက်သည်။ သူကလမ်းလျှောက်ဝင်သွားရင်း အရင်ခန်းမထက် ငါးဆခန့်ပိုကြီးသောအဆောက်အဦးကိုတွေ့လိုက်ရ၏။

ထိုခန်းမမှာ နောင်တွင် စံအိမ်၌ဝန်ဆောင်မှုပေးသောခန်းမဖြစ်မည့် ရွက်လွင့်လုပ်ငန်းခန်းမပင်။
ချင်လင်က ခန်းမထဲဝင်လိုက်သည်။ ခန်းမမှာ ဟာလာဟင်းလင်း၊ ညီညီညာညာနှင့် ကြီးကျယ်ခမ်းနားနေ၏။
ထိုအချိန်တွင်…
ခန်းမထဲ၌ ကောင်းယောင်ယောင်နှင့် စားပွဲထိုးမလေးအုပ်စုမှာ သန့်ရှင်းရေးလုပ်နေကြသည်။
''ညီမချင်... ဒီပန်းအိုးကို အစ်မနဲ့ဟိုဘက်ကူသယ်ပေးပါဦး'' ကောင်းယောင်ယောင်က မိန်းကလေးတစ်ယောက်ကိုညွှန်ကြားနေ၏။
စားပွဲထိုးမလေးက အလျင်စလိုနှင့်_ ''ဟုတ်ကဲ့... ကြီးကြပ်ကောင်း''
ချင်းလင်အစားအသောက်ကုမ္ပဏီကဲ့သို့ပင် ချင်းလင်စံအိမ်ချဲ့ထွင်ပြီးသောအခါ ဝန်ထမ်းရာထူးများအပြောင်းအလဲရှိသွားသည်။
ကောင်းယောင်ယောင်မှာ စံအိမ်၏ပထမဆုံးဝန်ထမ်းတွေထဲကတစ်ဦးဖြစ်သည်။ သူမက စံအိမ်နှင့်အတူ တစ်ဆင့်ချင်းတက်လာ၏။ အရင်က အလုပ်သမားခေါင်းအဖြစ်ရာထူးတက်ခဲ့ပြီး အမြဲတမ်းလုပ်ဆောင်ချက်ကောင်းရှိခဲ့သည်။ ယခုစံအိမ်ချဲ့ထွင်ခြင်းလုပ်ငန်းပြီးစီးသွားသောအခါ သူမလည်း ကြီးကြပ်သူအဖြစ်ရာထူးတိုးသွားပြီး စားပွဲထိုးများကိုအထူးစီမံခန့်ခွဲရသည်။
ကောင်းယောင်ယောင်အပြင် ပထမအသုတ်စားပွဲထိုးများမှာလည်း အလုပ်သမားခေါင်းအဖြစ် ရာထူးတိုးသွား၏။ ယခုအချိန်မှစ၍ သူတို့မှာ ရွက်လွှင့်လုပ်ငန်းခန်းမ၊ စားသောက်ဆိုင်နှင့် အရောင်းစင်တာ စသည်တို့တွင် တာဝန်ခံများဖြစ်လာလိမ့်မည်။
စားပွဲထိုးများအရေအတွက်တိုးသလို လုံခြုံရေးအစောင့်အရေအတွက်လည်း ထပ်တိုးလာသည်။ လုံခြုံရေးခေါင်းဆောင်မှာ ချန်တပေပဲဖြစ်သည်။
ပထမအသုတ်ဝန်ထမ်းဟောင်းအတော်များများ ရာထူးတက်သွား၏။
စံအိမ်မွေးမြူရေးခြံနှင့်ပန်းပင်လယ်ကျယ်ကြီးဆောက်ပြီးလျှင် အခြေခံနှုန်းထားပြီးပြီဖြစ်သည်။ ထိုအချိန်ကျလျှင် ဌာနအမျိုးမျိုးသတ်မှတ်ပြီး သူတို့ရာထူးကိုတိုးပေးရပေမည်။ ကောင်းယောင်ယောင်၊ ချန်တပေတို့မှာ ဌာနစီမံသူအဖြစ်ရာထူးတိုးဖို့ အခွင့်အရေးရှိနေဆဲပင်။
''သူဌေး!'' ကောင်းယောင်ယောင်က သူမလက်ထဲမှပန်းအိုးကိုချပြီး ချင်လင်ကိုအပြုံးနှင့်နှုတ်ဆက်လိုက်သည်။
ချင်လင်ကခေါင်းညိမ့်ပြပြီး ညွှန်ကြားလိုက်၏_ ''ဆေးကုသခန်းထဲမှာ နေရာထားဖို့ မမေ့နဲ့ဦး''

ကောင်းယောင်ယောင်ကပြုံး၍_ ''စိတ်မပူပါနဲ့ သူဌေး... ကျွန်မသိပါတယ်''
''ဟုတ်ပြီ'' ချင်လင်က ကောင်းယောင်ယောင်ကိုယုံကြည်ထားသဖြင့် ရွက်လွှင့်ခန်းမအပြင်ဘက်ထွက်ပြီး ရှေ့ဆက်လျှောက်သွားလိုက်သည်။
သတို့သမီးခန်းထဲတွင်လည်း သန့်ရှင်းရေးလုပ်နေသောအမျိုးသမီးများအလုပ်ရှုပ်နေသည်ကိုတွေ့ရ၏။ သူတို့က စောင်များ၊ ခေါင်းအုံးများ၊ နေ့စဉ်အသုံးအဆောင်များကို ခင်းကျင်းနေကြသည်။
''သူဌေး... ကျွန်မတို့အလုပ်လုပ်မလုပ်လာစစ်တာလား?'' အဒေါ်တစ်ယောက်က ချင်လင်ကိုမြင်သွားပြီး စရင်းနောက်ရင်းနှုတ်ဆက်၏။
''အစ်မဟုန်... ခင်ဗျားတို့ကို စိတ်မချစရာမရှိပါဘူး'' ချင်လင်ကအပြုံးနှင့် ဖြေလိုက်သည်။ အစ်မဟုန်မှာ အရင်က ကျိကျုံးဟိုတယ်ဧည့်ခန်းသန့်ရှင်းရေးခေါင်းဆောင်ဖြစ်၏။ ယခင်က ပန်းကန်ဆေးတာဝန်ခံဖြစ်သော်လည်း ယခုသူမအရင်အလုပ်အတိုင်းပြန်ဖြစ်သွားလေပြီ။
အစ်မဟုန်ကပြုံးပြီး သတို့သမီးခန်းတစ်ခန်းထဲသို့ စောင်ပိုက်၍ဝင်သွားသည်။ တကယ်တော့သူမက တာဝန်ခံအကြောင်းသိသည်မဟုတ်။ ဘယ်လိုဦးဆောင်ရမည်သာ သူမသိသည်။ တစ်ယောက်ယောက်ကိုလုပ်စေချင်ရင် သူမအရင်လုပ်ပြပြီး အားလုံးနှင့်အတူတူပြီးအောင်လုပ်လိုက်သည်။
ချင်လင်က အစ်မဟုန်လုပ်ပုံကိုင်ပုံကို သဘောကျသည်။ သန့်ရှင်းရေးသမားတော့ သူမလို။ သူတို့အလုပ်ပိုလုပ်ရန်သာလိုသည်။
သူက အလှဆင်ထားသော သတို့သမီးခန်းတချို့ကို စစ်ဆေးကြည့်လိုက်သည်။ သန့်ရှင်းရေးပိုင်းနှင့်ပတ်သက်၍ ပြောစရာမရှိပေ။
သတို့သမီးခန်းနံရံပေါ်တွင် ချိတ်ဆွဲထားသောစမ်းသပ်ကိရိယာလည်းရှိသည်။ ၄င်းမှာ အန္တရာယ်ရှိသောဓာတ်ငွေ့ သတ်မှတ်ချက်အတိုင်းရှိမရှိစမ်းသပ်ရန်ဖြစ်၏။ သတ်မှတ်ချက်နှင့်ကိုက်ညီမှသာ ဧည့်သည်များကိုဝင်ခွင့်ပေးနိုင်မည်။
အရွယ်အစား၊ ပစ္စည်းများနှင့် ဆောက်လုပ်ရေးနည်းစနစ်ကြောင့် ဆောက်လုပ်သောအခါ အန္တရာယ်ရှိဓာတ်ငွေ့များယိုစိမ့်တတ်သည်။ ယခုမူ စံမီနေပြီဖြစ်၏။
ချင်လင်က စားသောက်ဆိုင်ကို တစ်ချက်သွားကြည့်လိုက်သည်။ ထိုနေရာတွင်လည်း ပြင်ဆင်နေသောလူများရှိသည်။ သူမှာထားသောစားပွဲကို လာပို့ပြီး တပ်ဆင်ထားပြီးဖြစ်၏။
မူလခန်းမဆီ ပြန်သွားသောအခါ ကျောက်မိုချင်းက လက်တော့ပ်နှင့်စာရိုက်နေသည်ကို ချင်လင်တွေ့လိုက်ရသည်။
ချင်လင်က ကျောက်မိုချင်းအနောက်လျှောက်သွားလိုက်ပြီး ကွန်ပျူတာကိုကြည့်လိုက်၏။
ကွန်ပျူတာပေါ်တွင် အဆိုပြုချက်တစ်စောင်။
စံအိမ်ချဲ့ထွင်ပြီး ရွက်လွှင့်ခြင်း၊ သတို့သမီးခန်းနှင့် စားသောက်ဆိုင်တို့ကို တချိန်တည်းဖွင့်မည်။ ကြော်ငြာအားကောင်းရင်ကောင်းသလောက် စံအိမ်ခရီးသည်အရေအတွက် သေချာပေါက်တိုးလာမည်။ လုပ်ငန်းအစီအစဉ်များ လိုအပ်ချက်မရှိနိုင်။ မဟုတ်လျှင် လုပ်ဆောင်ချက်များ လုံးဝကစဉ့်ကလျားဖြစ်သွားမည်။
ထိုအချိန်ကျလျှင် ပန်းပင်လယ်လူဦးရေကန့်သတ်ချက်မှာ ၁၅၀၀ ဖြစ်မည်။ သတို့သမီးခန်းနှင့်တခြားလုပ်ငန်းများမျှကြည့်လျှင် ရွက်လွှင့်လုပ်ငန်းအတွက် လူ ၂၀၀၀ ကန့်သတ်လည်း ပြဿနာရှိမည်မဟုတ်။
တောင်တန်းစံအိမ်တွင် နေ့စဉ် ခရီးသည် ၂၀၀၀ နှင့် ၃၅၀၀ ကြားရမည်။
ရွက်လွှင့်လက်မှတ် ၁၅၀၊ ပန်းပင်လယ်လက်မှတ် ၅၀ ဖြစ်၍ တစ်နေ့လက်မှတ်ဖိုး ၄ သိန်းပင်။
ဒီအရေအတွက်တွေကို လူအတော်များများနားလည်နိုင်မည်မဟုတ်ပေ။ မနက်ပိုင်းပန်းပင်လယ်သွားပြီး နေ့လယ်ပိုင်းရွက်လွှင့်၊ မနက်ပိုင်းရွက်လွှင့်ပြီး နေ့လယ်ပိုင်းလည်ပတ်မည်ဟု အများစုက အမှတ်တမဲ့ထင်ကြပေမည်။ လူ ၁၅၀၀ ကရှိနေဆဲ။