ဖရဲသီးစျေးကွက်ကြီးတယ်! အိပ်ခန်းဆိုတာ အရမ်းအရေးကြီးတဲ့အရာ! ၂
Vol. 11 Ch. 156
''ဥက္ကဌချင်'' ကျိုးချန်ကျွင်းက ချင်လင်ဆီလျှောက်လာသည်။
''ဒီနေ့ဘာလို့အားနေတာလဲ?'' ချင်လင်က အပြုံးနှင့်မေးလိုက်၏။
ကျိုးချန်ကျွင်းထံတွင် ရင်းနှီးမြှုပ်နှံပြီးနောက် ကျောက်မိုချင်းက လူလွှတ်ပြီး ငွေအသုံးကြီးကြပ်သည်မှလွဲ၍ တစ်ဖက်လူဘယ်လိုလုပ်သလဲ သူဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။
''''ကျွန်တော့်အလုပ်အကြောင်း လာအစီရင်ခံတာပါ'' ကျိုးချန်ကျွင်းက သူ့လက်ထဲမှစာဖိုင်ကို ချင်လင်ဆီရိုရိုသေသေကမ်းပေးလိုက်ပြီး_ ''စက်ရုံကထုတ်လုပ်ရေးလိုင်းလည်း ရောက်လာပါပြီ... ကုန်ကြမ်းတွေဝယ်ထားပြီးပါပြီ... ဒါကျွန်တော့်အဆိုပြုချက်ပါ''
ချင်လင်က စာဖိုင်ကိုယူပြီး စဖတ်ကြည့်လိုက်သည်။
ကျိုးချန်ကျွင်းက ထိုဆော့ကို 'ရုံချန်းစီရင်စုမူလလက်ဟောင်းဆော့'ဟု နာမည်ပေးထား၏။ နောက်တွင် နှစ် ၅၀၀ လက်ဆင့်ကမ်းအမွေဟုတောင် အညွှန်းတပ်ထားသည်။
ထိုနာမည်မှာ ဆော့ကိုပုံစံထွင်ပေးခြင်းဖြစ်ပြီး ကြော်ငြာသည့်အခါ စိတ်ဝင်စားမှုရစေရန် အခြေခံပေးခြင်းဖြစ်သည်။ ဤကဲ့သို့အစားအသောက်မျိုးအတွက် အသုံးများသောနည်းလည်းဖြစ်၏။
ထုတ်ကုန်ကြော်ငြာချက်ကိုမြှင့်တင်လိုက်လျှင် စီရင်စုမှလုပ်ငန်းထောက်ပံ့ငွေလျှောက်ရန်လည်း ပိုလွယ်သွားမည်။
ကျိုးချန်ကျွင်းမှာ အလွန်စိတ်ကူးကောင်းမှန်း သိသာ၏။
နှစ်ပေါင်း ၅၀၀ အမွေခံဆိုတာ သူတို့မိသားစုသာသိသည်။
''မင်းအစီအစဉ်အတိုင်းလုပ်ပါ... ဒီကိစ္စမှာ မင်းကငါ့ထက်သာမှာပါ'' ချင်လင်က အဆိုပြုချက်ကိုပြန်ပေးလိုက်သည်။
စီမံပိုင်ခွင့်မှာ တစ်ဖက်လူလက်ထဲရှိပြီး သူကရင်းနှီးမြှုပ်နှံသူသက်သက်ဖြစ်၍ ဝင်ရောက်မစွက်ဖက်လိုပေ။
သို့သော် တစ်ဖက်လူ၏သဘောထားကြောင့် သူစိတ်ကျေနပ်ရ၏။ နောင်လည်း ဒီလိုသဘောမျိုးရှိမလား သူသိချင်မိသည်။
နောက်ရက်ပိုင်းအတွင်း စံအိမ်မှာ လုပ်ငန်းအသစ်ဖွင့်ရန်အတွက်ပြင်ဆင်ရင်း လုံးဝအလုပ်များနေခဲ့၏။
စံအိမ်လာသောခရီးသည်များလည်း နေရာသစ်ဖွင့်မည်ကိုသိကြသည်။ ခရီးသည်အတော်များများက အဖော်နှင့်လာရောက်တည်းခိုကြမည်။ ခန်းမအသစ်နှင့်စားသောက်ဆိုင်ဗီဒီယိုကို လိုင်းပေါ်တင်ပြီး လူစိတ်ဝင်စားအောင်လုပ်ထား၏။

စံအိမ်ဧည့်ခန်းအသစ်ထဲတွင်_
ချင်လင်က စင်္ကြံခပ်ကျယ်ကျယ်ဆီ လမ်းလျှောက်သွားသည်။
စားဖိုဆောင်နှင့်ဆက်ထားသော အရင်ခန်းမနှင့်မတူသည်က ခန်းမအသစ်မှာကြီးသည်။ နောက်ပိုင်းတွင် ရုံးခန်းများခွဲထားသော ရုံးနေရာကြီးကြီးမားမားရှိ၏။
သို့သော် ထိုရုံးခန်းအများစုမှာ လွတ်နေသည်။ အထွေထွေစီမံရေးရုံးခန်း၊ ဘဏ္ဍရေးရုံးခန်း၊ ဘဏ္ဍာညွှန်မှူးရုံးခန်းနှင့် ဥက္ကဌရုံးခန်းလောက်သာ အသုံးပြုရသေး၏။
ဘဏ္ဍာရေးရုံးခန်းမှာ ကျောက်မိုချင်း၏ လက်ထောက်များသုံးရန်ဖြစ်သည်။
အထွေထွေစီမံရေးရုံးခန်းမှာ ကောင်းယောင်ယောင်နှင့် တခြားကြီးကြပ်သူများအတွက်ဖြစ်၏။ ၄င်းရုံးခန်းမှာ အတော်ကြီးပြီး ထိုင်ခုံများနှင့် နေရာခြားထားသည်။
အလုပ်သမားခေါင်းသုံးရန် ရုံးခန်းတော့မရှိပေ။
နောက်ပြီး ရုံးခန်းကိုတစ်ဦးတည်းအသုံးပြုနိုင်ရန် အနိမ့်ဆုံးမန်နေဂျာအဆင့်ရှိရပေမည်။
စံအိမ်ကိုလောလောဆယ်ထိန်းသိမ်းနိုင်သည့်အတွက် မန်နေဂျာမရှိသေး။ ဤကိစ္စများကို ဖြည်းဖြည်းချင်းအချိန်ယူလုပ်ကိုင်ရပေမည်။
ကောင်းယောင်ယောင်သာ ကြီးကြပ်သူအဖြစ် ကောင်းကောင်းဆက်စီမံနိုင်လျှင် မန်နေဂျာရာထူးတိုးနိုင်ချေရှိသည်။ အကယ်၍ မလုပ်နိုင်ခဲ့လျှင် သူမကြီးကြပ်သူလုပ်ဖို့ နည်းနည်းအခက်အခဲရှိဦးမည်။ သို့ဆိုလျှင် အပြင်မှဝန်ထမ်းအသစ်ခေါ်ရန် စဉ်းစားရပေမည်။
ချင်လင်က ဘဏ္ဍာရေးညွှန်မှူးရုံးခန်းဆီလျှောက်သွားပြီး တံခါးမခေါက်ဘဲဝင်လိုက်သည်။ ကျောက်မိုချင်းက လှမ်းကြည့်လိုက်ပြီး_ ''တံခါးမခေါက်တော့ ရှင်လို့ထင်သားပဲ''
ချင်လင်ကပြုံးပြီး ကျောက်မိုချင်းဆီလျှောက်သွားလိုက်၏။
ဒီနေ့သူမက တီရှပ်ဖြူနှင့်ဝတ်စုံလေးဝတ်ထားသည်။ သူ့အတွင်းရေးမှူးမဖြစ်တာ နှမြောစရာပင်။
ချင်လင်ကရှေ့တိုးသွားပြီး ကျောက်မိုချင်းကိုဆွဲထူလိုက်သည်။ ထို့နောက်သူက ခုံတွင်ဝင်ထိုင်လိုက်ပြီး ကျောက်မိုချင်းဘာမှမတုံ့ပြန်နိုင်ခင် သူ့ပေါင်ပေါ်ဆွဲတင်ကာ ဖက်ထားလိုက်၏။
''ကျွန်မတို့ရုံးခန်းထဲမှာလေ... ဘယ်သူမှမြင်လို့မဖြစ်ဘူး'' ကျောက်မိုချင်းက ချင်လင်ကိုစိုက်ကြည့်လိုက်သည်။
''တံခါးမခေါက်ဘဲဝင်တာ ကိုယ်ပဲရှိတယ်လို့ မင်းပြောတယ်လေ'' ချင်လင်ကပြုံးစိစိနှင့် ပြောလိုက်၏။ ထို့နောက် အဓိပ္ပါယ်ပါပါနှင့်_ ''ရုံးခန်းရှိတာ ကောင်းလိုက်တာ... တံခါးလော့ချလိုက်တာနဲ့ ပိုပျော်စရာကောင်းသွားပြီ''
ထိုစကားများကြောင့် ကျောက်မိုချင်းက သူ့ခါးကိုလှမ်းဆွဲဆိတ်လိုက်သည်။

ဒီလူဘာပြောချင်တယ်ဆိုတာ နားမလည်ဘဲနေမလား?
တွေးစရာကိုမလို။
သို့သော် ကျောက်မိုချင်းက ချင်လင်ဒီလိုဖက်ထားသည်ကို သဘောကျနေသည်။
ကျောက်မိုချင်းက အရေးကြီးကိစ္စကိုလည်း မမေ့_ ''ခရီးသည်တွေက ကျွန်မတို့လုပ်ငန်းအသစ်ကိုဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ထားကြပြီ... ကျွန်မတို့လည်း လုပ်ငန်းအသစ်မိတ်ဆက်ဗီဒီယိုကို အရင်ဆုံးအမြည်းအနေနဲ့ တင်ထားမယ်''
“အင်း” ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
…
ခရီးသည်များတင်သောဗီဒီယိုမှာ အာရုံအများကြီးစိုက်ခံနေရပြီဖြစ်သည်။ ချင်းလင်စံအိမ်တရားဝင်အကောင့်မှ လုပ်ငန်းအသစ်အမြည်းဗီဒီယိုတင်လိုက်လျှင် အပူတပြင်းဆွေးနွေးစရာတောင် ချက်ချင်းဖြစ်သွားနိုင်သည်။
အထူးသဖြင့် ချင်းလင်စံအိမ်ကိုအာရုံစိုက်ထားသော ပရိသတ်များပင်။
အချိန်တစ်ခုကြာပြီးနောက် ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ ပရိသတ် ၁.၆၅ သန်းကျော်သွားပြီဖြစ်သည်။ မတက်ကြွသောပရိတ် လုံးဝမရှိ။ ချင်းလင်စံအိမ်ကိုစောင့်ကြည့်နေသူများမှာ သေချာပေါက်ခရီးသွားမြတ်နိုးသူများဖြစ်ကြသည်။
''နောက်ဆုံးတော့ ချင်းလင်စံအိမ်မှာ လုပ်ငန်းအသစ်ရှိပြီပေါ့... ပန်းပင်လယ်က အရမ်းလှလို့သာမဟုတ်ရင် အရင်ကတည်းကပြောတော့မလို့''
''အခုတော့ တည်းခိုစရာရှိပြီ... အရင်တစ်ခါသွားတုန်းက နေ့လယ်တောင်ရောက်နေပြီ... ပန်းပင်လယ်လက်မှတ်ကလည်း ရောင်းကုန်သွားပြီတဲ့... လူကဘတ်စ်ကားစီးလာလို့ ပင်ပန်းနေတာ... ဒါပေမဲ့ စံအိမ်မှာ တည်းခိုစရာမရှိဘူး... ငါရုံချန်းစီရင်စုထဲတောင် ပြန်သွားရသေးတယ်''
''တည်းခိုခန်းက ကောင်းမယ့်ပုံပဲ... သေးသေးလေးနဲ့ သပ်သပ်ရပ်ရပ်လေး... ကိုယ့်ဘာသာချက်စားနိုင်မယ့် ခြံဝင်းနေရာလေးလည်းပါတယ်''
''မဆိုးဘူး... ပြီးတော့ ရွက်လွှင့်တာရော... အရင်တစ်ခေါက်က မသွားလိုက်ရတာ နာတယ်ကွာ''
“…”
ကျောက်မိုချင်း၏ထွေလာဗီဒီယိုမှာ ချင်းလင်စံအိမ်တွင် နာမည်ရလာသည်။ အချိန်တိုအတွင်း အတော်များများသိသွားကြပြီး ထွေလာဗီဒီယိုအောင်မြင်သွား၏။
နောက်ပိုင်းမှ ပွဲအစီအစဉ်ကြေညာချက်ထုတ်ပြန်ပြီး အုတ်အော်သောင်းတင်းဖြစ်အောင်လုပ်ရမည်။
နောက်တစ်နေ့ နေ့လယ်ခင်းအချိန်_
ချင်လင်က ကျောက်မိုချင်းနှင့်လင်းဖန်ကို စားသောက်ဆိုင်အသစ်ထဲခေါ်သွားသည်။ အထဲတွင်စားသောက်နေသော ဝန်ထမ်းများရှိ၏။
စားသောက်ဆိုင်အသစ်မှာလည်း ကြီးမားပြီး သုံးပိုင်းခွဲထားသည်။
ပထမအပိုင်းမှာ ခရီးသည်များ မှာစားသည့်နေရာဖြစ်သည်။ ထိုင်ခုံများစီစီရီရီနှင့် အထက်တန်းစားသောက်ဆိုင်စံမီအောင် အားလုံးစိတ်တိုင်းကျပြင်ဆင်ထားပြီး ယခင်ဧည့်ခန်းထက် သုံးဆခန့်ပိုကျယ်ဝန်း၏။
ဒုတိယအပိုင်းမှာ ဘူဖေးအသားကင်နေရာဖြစ်သည်။ ထိုနေရာတွင် လေဝင်လေထွက်ကောင်းရန်လို၏။ စားသောက်ဆိုင်အပြင်ဘက်တွင် ဝါးနှင့်တဝက်ကာထားသော အခန်းငယ်များရှိသည်။ ထိုအခန်းများက တမူထူးခြားသောခံစားမှုကိုပေးစွမ်းပြီး အရင်အခန်းများထက်လည်း သုံးဆခန့်ကျယ်လေသည်။