Chapters

ဖရဲသီးစျေးကွက်ကြီးတယ်! အိပ်ခန်းဆိုတာ အရမ်းအရေးကြီးတဲ့အရာ! ၃

Vol. 11 Ch. 157

ဖရဲသီးစျေးကွက်ကြီးတယ်! အိပ်ခန်းဆိုတာ အရမ်းအရေးကြီးတဲ့အရာ! ၃

Vol. 11 Ch. 157

အရင်နေရာတွင် မူလခန်းမကို ငါးပြတိုက်အဖြစ်ပြောင်းလဲသောအခါ လုပ်ငန်းအသစ်များတည်ဆောက်နိုင်ရန် ဖြိုဖျက်ရလိမ့်မည်။

တတိယအပိုင်းမှာ ဝန်ထမ်းစားသောက်ခန်းဖြစ်သည်။

ဝန်ထမ်းစားသောက်ခန်းမှာ အနောက်ဘက်တွင်ဖြစ်၏။ ဝန်ထမ်းများအခုစားနေသော အရှေ့ဘက်တွင်မဟုတ်။ ယခုမှာ စားသောက်ဆိုင်သစ်ဖွင့်ပွဲကြောင့်ဖြစ်သည်။

ဆရာလင်းက ဖွင့်ပွဲအတွက် အလွန်အလေးအနက်ထားသည်။ မနက်အစောကြီး ချက်ပြုတ်သူဂုဏ်တက်စေရန် စားဖိုမှူးကိုတောင်ခေါ်လာ၏။

ထို့ကြောင့် ယနေ့ ဝန်ထမ်းများမှာ စားသောက်ဆိုင်အရှေ့ဘက်တွင် စားကြမည်။

ချင်လင်က ကျောက်မိုချင်း၊ လင်းဖန်တို့နှင့်အတူ ရောက်သွားသောအခါ အထဲမှဝန်ထမ်းအများစုငြိမ်ကျသွားပြီး ဆူဆူညံညံမလုပ်ရဲကြချေ။

အများစုကလည်း ဝန်ထမ်းသစ်များဖြစ်နေသည်။ ငယ်ရွယ်သည့်အပြင် ဝန်ထမ်းအသစ်များဖြစ်သောကြောင့် သူတို့ခေါင်းဆောင်များရှေ့တွင် ထိန်းထိန်းသိမ်းသိမ်းနေကြ၏။ အချိန်တစ်ခုကြာမှ ပိုအဆင်ပြေသွားမည်ဖြစ်သည်။

ချင်လင်ရောက်လျှင် ဆရာလင်းက အထူးဟင်းပွဲပြင်ဆင်ရန် အကူနှစ်ယောက်ကိုခေါ်လိုက်၏။

စားဖိုဆောင်မှာ မူလ၏သုံးဆမဟုတ်။ စားဖိုဆောင်ကို ဤစားသောက်ဆိုင်ထဲရွှေ့ပြီးနောက် တိုးလာသောခရီးသည်များကိုကာမိစေရန် လူသစ်ထပ်ခေါ်ရသည်။

အခုနောက်ထပ်အကူ ၆ ယောက်ထပ်ခေါ်ထားပြီဖြစ်၍ မူလအကူသုံးယောက်မှာ စားဖိုမှူးများဖြစ်သွားလေပြီ။ နောင်မှာ အလုပ်သင်ထပ်ခေါ်ရဖွယ်လည်းရှိသည်။

မူလအကူသုံးယောက်မှာ လက်ရာအတော်ကောင်းကြသည်။ ဤသည်မှာ စံအိမ်အကူလစာမြင့်သောကြောင့်လည်း ဒီမှာအကူအဖြစ်လုပ်လိုကြ၏။

ဟင်းပွဲများကို စားပွဲပေါ်တင်ပြီးနောက် ဆရာလင်းက_ ''သူဌေး... စားသောက်ဆိုင်ရဲ့ပထမဆုံးအစားအသောက်အရသာက ထူးခြားတာရှိရင် ကျွန်တော့်ကိုပြောပါ''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

......

စာဖိုမှူးတစ်ဦးတည်းက စားဖိုဆောင်အသစ်မှာချက်တဲ့ဟင်းပွဲနဲ့ အဟောင်းမှာချက်တဲ့ဟင်းပွဲအရသာတူမတူ သူမသိပေ။

''စံအိမ်က အခုအရမ်းအသက်ဝင်နေပါလား'' လင်းဖန်က စားနေသောစံအိမ်ဝန်ထမ်းများကို စိတ်သက်သာရာရစေလိုက်သည်။

အားလုံးမှာ သားရဲ့အောင်မြင်မှုပင်။ သူ့အဖေသာအနားရှိနေရင် ပီတိဖြစ်နေလိမ့်မည်။

ချင်လင်က စားပြီးနောက် သူ့ဥက္ကဌရုံးခန်းထဲပြန်သွားကာ ဖုန်းထုတ်၍ စောစောကကျောက်မိုချင်းပို့လိုက်သောဗီဒီယိုကို ကြည့်လိုက်သည်။

like နှင့်မှတ်ချက်များပင် ရှိနေပြီ။

''ဒီသတို့သမီးခန်းဆိုတဲ့ နာမည်နဲ့ပတ်သက်ပြီး ပြောမလို့မလား? အဲဒါတွင်းအောင်းဖို့အထူးလုပ်ထားတဲ့အိမ်လေ!''

''မိန်းကလေးအဖော်ခေါ်သွားပါလား...''

“အမြောက်ပစ်!”

''အမြောက်က ညမှာအပစ်မရပ်ဘူး...''

“…”

မှတ်ချက်နေရာတွင် ရှုပ်လာသော်လည်း အစပိုင်းမှာ စားသောက်ဆိုင်၊ ရွက်လွှင့်လုပ်ငန်းတို့ကို အာရုံစိုက်ပုံမရ။ အားလုံးက သတို့သမီးခန်းကို စိတ်ဝင်စားနေကြသည်။ မှတ်ချက်များလမ်းလွဲပြီး ပိုဆိုးလာတော့မည်ထင်၏။

နောက်ဆုံးမှတ်ချက်များမှာ အမှန်ပင်အလွန်အမင်းဖြစ်လာသည်။ တစ်ယောက်ယောက်က မိန်းကလေးများကို သတို့သမီးခန်းသွားပြီး အမြောက်ပစ်ရန် အကြံပြုထားလေသည်။

ပိုဆိုးသည်က ဒီလိုအကြံပြုချက်မျိုးကို ထောက်ခံတဲ့လူရှိနေပြီး လိုက်ဖမ်းတမ်းတောင် ကစားလိုက်သေး၏။

''အမြောက် ၁ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုပါတယ်!''

''အမြောက် ၂ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုပါတယ်!''

''သုံးနှစ်သားအမြောက် လျှောက်ထားပါတယ်!''

''နှစ်နှစ်သားအမြောက် သတင်းပို့ပါတယ်!''

“…”

''သေစမ်း!'' ထိုမှတ်ချက်များကိုမြင်လျှင် ချင်လင်ကဆဲလိုက်သည်။ ဒီကောင်တွေက ကောင်မလေးရှိကြောင်းကြွားနေတာမလား?

ချင်လင်ပိုအံ့သြမိသည်က ဗီဒီယိုမှတ်ချက်များကိုကြည့်နေရင်း ပျောက်သွားလေသည်။

''ဘာဖြစ်တာလဲ?'' ချင်လင်ကြောင်သွား၏။ တောင်တန်းစံအိမ်တရားဝင်အကောင့်ကိုနှိပ်လိုက်ရာ ကျောက်မိုချင်းပို့လိုက်သောဗီဒီယိုမတွေ့တော့မှန်းသိလိုက်သည်။ သူကချက်ချင်း ကျောက်မိုချင်းကိုဖုန်းဆက်မေးလိုက်သည်။

ကျောက်မိုချင်း၏ကူကယ်ရာမဲ့သံကြားရသည်_ ''အကောင့်နောက်ခံမှာ အသိပေးစာဝင်လာတယ်... မကောင်းတဲ့လုပ်ငန်းကြော်ငြာလို့ သံသယရှိတယ်တဲ့... တင်ပြီး သိပ်တောင်မကြာလိုက်ဘူး''

“…” ထိုစကားကြားလျှင် ချင်လင်ကြက်သေသေသွားသည်။

မင်္ဂလာဦးညက အရမ်းအရေးကြီးတယ်မလား? ဒါ မတော်တရော်အတွေးရှိတဲ့ အဲဒီပရိသတ်တွေပဲလေ။