← Chapters

တစ်နပ်စာကို ယွမ် ၆၀၀၀၀ နဲ့ဝယ်တဲ့သူ? ချမ်းသာတဲ့လူအားလုံး အရူးတွေ!

Vol. 11 Ch. 158

တစ်နပ်စာကို ယွမ် ၆၀၀၀၀ နဲ့ဝယ်တဲ့သူ? ချမ်းသာတဲ့လူအားလုံး အရူးတွေ!

Vol. 11 Ch. 158

ချင်လင်ခေါင်းကိုက်သွားသည်။

သူတို့စံအိမ်ကြော်ငြာမှာ အလွန်အရေးကြီးသည်။ သို့သော် အင်တာနက်ပေါ်မှလူများက မှတ်ချက်ကိုလမ်းလွှဲအောင်လုပ်လိုက်၏။ ဘယ်သူ့ကိုအပြစ်တင်ရမလဲ?

သူတို့က သတို့သမီးခန်းကိုကြော်ငြာခြင်းဖြစ်သော်လည်း ပြည်သူတွေက အမြောက်ပစ်ရန် ထက်သန်နေကြသည်။ သူတို့ကိုထိန်းနိုင်ပါ့မလား?

ချင်းလင်စံအိမ်ကြော်ငြာဗီဒီယိုပြပြီမှန်း လူများကသိကြသည်။ အတော်များများက ဗီဒီယိုကြည့်နေရင်း ဝင်ပါမလို့ရှိသေး ဗီဒီယိုကရုတ်တရက်ပျောက်သွား၏။

နာမည်ကြီးခြင်းကြောင့် ချင်းလင်စံအိမ်၏ထွေလာဗီဒီယိုဖြစ်လျှင်တောင် အမြတ်ထုတ်မည့်သူများရှိသည်။ ဘာပဲဖြစ်ဖြစ် နာမည်ကြီးသည်လေ။

နောက်ပြီး အဖော်အချွတ်ဝတ်ထားသော အမျိုးသမီးများကျော်ကြားမှုနောက် မျောလိုက်ချင်သည့် ဘလော့ဂါများပိုများသောခေတ်ပျက်ဖြစ်နေသည်။

''ဘုရားရေ... ချင်းလင်စံအိမ်ဗီဒီယိုပြနေပြီလေ... ဒီသတို့သမီးခန်းက ဘယ်လိုလုပ်စည်းမျဉ်းနဲ့မညီဖြစ်ရတာလဲ?!''

''ချင်းလင်စံအိမ်အတွက် စိတ်မကောင်းတာ... ဒီလိုဝါးလုံးရှည်နဲ့ သိမ်းကြုံးရိုက်တာမျိုးက တကယ်ကြောက်စရာကောင်းတယ်... ဘယ်လိုလုပ်ပြီး ဒီသတို့သမီးခန်းက စည်းမျဉ်းဖောက်တာလဲ ပြောပါဦး''

''ဟား ဟား... ချင်းလင်စံအိမ်က သတို့သမီးခန်းကြော်ငြာနေပြီ... ဗီဒီယိုက တကယ့်ထွေလာပဲ... အရာရှိတွေရဲ့အတွေးတွေက မညစ်ပတ်လွန်းဘူးလား? သူတို့မြင်သမျှ ညစ်ပတ်တာချည်းပဲလား?''

ထိုလူတွေ နာမည်ရရန်ကြိုးပမ်းခြင်းကြောင့် ချင်းလင်စံအိမ်ပိုနာမည်ကြီးလာတာ သံသယဖြစ်ဖွယ်မရှိပေ။

ဤသည်ကို ချင်လင်မြင်လျှင် အခွင့်အရေးအမိအရယူပြီး ကျောက်မိုချင်းအား ကောင်းယောင်ယောင်နှင့် နောက်ထပ်ဗီဒီယိုတင်ခိုင်းလိုက်သည်။

''မင်္ဂလာပါ အားလုံးပဲ... ကျွန်မကောင်းယောင်ယောင်ပါ... အားလုံးသိတဲ့အတိုင်း ကျွန်မတို့စံအိမ်က လုပ်ငန်းအသစ်ဖွင့်ထားပါတယ်... လုပ်ငန်းအသစ်ဖွင့်တဲ့အတွက် စံအိမ်မှာ မဲနှိုက်ပွဲအစီအစဉ်လည်းရှိပါတယ်... ဒီဆုတွေရဲ့စိတ်ဝင်စားစရာကောင်းပုံက ဖရဲသီးဘုရင်နှစ်လုံးအစီအစဉ်ထက်တော့ မလျော့ပါဘူးနော်!''

ထိုဗီဒီယိုထွက်ထွက်ချင်း ချင်းလင်စံအိမ်ကျော်ကြားမှုမှာ အုံကြွသွားသည်။

ဘာပဲဖြစ်ဖြစ် ဖရဲသီးဘုရင်နှစ်လုံးကျော်ကြားမှုက အလွန်ရေပန်းစားခဲ့သည်လေ။ အရင်ဖရဲသီးဘုရင်စားဖူးသူက ဖရဲသီးဘုရင်၏အရသာကို မိုးပေါ်ထိမြှောက်ကြသည်။

နောက်ပြီး အရင်ကဖရဲသီးဘုရင်ကို ကမ္ဘာပေါ်တွင် လူ ၆၀၀ သာ စားရသည်။ ထိုထွင်လုံးမှာ အလွန်ပေါက်သွားခဲ့သည်။

အခုချင်းလင်စံအိမ်က မဲနှိုက်အစီအစဉ်ရှိသည်ဆို၏။ ဆွဲဆောင်ချက်က ဖရဲသီးဘုရင်နှစ်လုံးထက်တောင် ပိုကြီးနေသည်။

ဖရဲသီးဘုရင်က တစ်နှစ်မှနှစ်လုံးပဲရှိသည်ဟု သိထားကြ၏။ ချင်းလင်စံအိမ်က ဒီထက်ရှားတာများတွေ့ထားလို့လား?

ဤအချက်ကို အများကြီးအာရုံစိုက်ကြမှာ အသေအချာပင်။ ဗီဒီယိုကိုတွေ့သူတိုင်းက သိချင်လာကြသည်။

သို့သော်လည်း ချင်းလင်စံအိမ်က ဘာဆုပါလို့မပြောချေ။

ဒါရင်တဖိုဖိုဖြစ်အောင်လုပ်တာမလား?

ချင်လင်က အသည်းယားအောင်လုပ်ထားလိုက်သည်။

သူကဒါကိုအခွင့်အရေးယူပြီး ဘာမှန်းမသိခင် အားလုံးကိုစိတ်အစာကျွေးထားလိုက်၏။

ထို့ကြောင့် ချင်လင်၏အစီအစဉ်အတိုင်း ကျောက်မိုချင်းက ကောင်းယောင်ယောင်ကိုရှာပြီး ဗီဒီယိုရိုက်လိုက်သည်။

''မင်္ဂလာပါ အားလုံးပဲ... ကျွန်မက ကောင်းယောင်ယောင်ပါ... အားလုံးက မဲနှိုက်အစီအစဉ်ကိုစိတ်ဝင်စားနေတယ်ဆိုတာ တွေ့ရပါတယ်... ကျွန်မက အားလုံးကို ဆုမဲအကြောင်း သတင်းကောင်းပေးဖို့ ရောက်လာတာပါ... ဆုမဲကြေညာဖို့ တစ်ရက်လိုပါသေးတယ်''

ထိုဗီဒီယိုမှာ စိတ်ကိုဆွသောဗီဒီယိုဖြစ်၍ အထောင်းခံရနိုင်သည်။ ချင်လင်က ကျောက်မိုချင်းကိုဗီဒီယိုတင်ခိုင်းကတည်းက အပြောခံရဖို့ ပြင်ဆင်ထားပြီးသားပင်။

သို့သော် သူအပြောခံရလည်း ကိစ္စမရှိ။ ဤသည်မှာ သူတက္ကသိုလ်တုန်းက သင်ယူခဲ့သောနည်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အပြောခံရလေလေ ပိုနာမည်ကျော်လေလေပင်။ အပေါက်ဆုံးအချိန်တွင် သူကြော်ငြာသည့်ပစ္စည်းအရည်အသွေးက ကောင်းသည်ဟုအတည်ပြုပေးရမည်။ မဟုတ်ရင် ကိုယ့်ရှူးကိုယ်ပတ်နိုင်သည်။

ဂိမ်းထုတ်ကုန်အရည်အသွေးမှာ မြင့်ပြီးသားဖြစ်၏။

ထိုဗီဒီယိုထွက်လာလျှင် ဒီအကြောင်းလိုက်နေသူများမြင်သွားမည်။ အတော်များများက ဒီမိန်းကလေး ဆုကြေညာတော့မည်ဟုထင်ကြမည်။ သူတို့အားလုံးက ဖရဲသီးဘုရင်နှစ်လုံးထက် စိတ်ဝင်စားစရာကောင်းတာကို စောင့်ကြည့်နေကြခြင်းဖြစ်လေသည်။

အဆုံးကျမှ မိန်းကလေးက ဒီလိုလှည့်စားမယ်လို့ ဘယ်ထင်ပါ့မလဲ? ဒါသူတို့ကို နောက်နေတာလား?



''သည်းမခံနိုင်တော့ဘူး... လာနောက်နေသလိုပဲ... ယောင်ယောင် ငါ့ကောင်မလေးလုပ်မှ ခွင့်လွှတ်ပေးနိုင်မယ်''

''အရင်ပုံပဲ... ဒီထက်ပိုမျက်နှာပြောင်နိုင်သေးလား? ကောင်းယောင်ယောင်ကို ဆုအဖြစ်ပေးရင်ပေး... မပေးရင် သည်းမခံဘူးနော်''

''ချင်းလင်စံအိမ်သူဌေးကိုသတ်ပြီး ကောင်းယောင်ယောင်ကိုလု''

"…"

တလွဲကောင်တွေရဲ့မှတ်ချက်တွေဖတ်ပြီး ချင်လင်နည်းနည်းအတွေးများသွား၏။ တကယ်တော့ သူ့ကိုအပြောမခံရဘူးပေါ့? သူ့တက္ကသိုလ်သီအိုရီတွေက မှားနေတာဖြစ်မည်။

ဒီမိန်းကလေးရဲ့အပြစ်ကင်းလှပတဲ့အသွင်က တကယ်အကျိုးရှိပုံရသည်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာမှာ တလွဲကောင်တွေက အများသား။

တကယ်လို့သူသာ ဒီလိုဗီဒီယိုမျိုးတွေ့မယ်ဆိုရင် ပယ်ပယ်နယ်နယ်ဝေဖန်ပစ်လိုက်မည်။

နောက်တစ်နေ့တွင် အားလုံး၏စိတ်ဝင်စားမှုမှာ ယိုဖိတ်နေပြီ။ နောက်ဆုံးတော့ ချင်လင်လည်း ကျောက်မိုချင်းကို ကြော်ငြာဗီဒီယိုတင်ခိုင်းလိုက်သည်။

ဗီဒီယိုမှာ အရင်ထက်ရှည်၏။ ကောင်းယောင်ယောင်ကို ဗန်းပြထားဆဲပင်:

''မင်္ဂလာပါ အားလုံးပဲ... ကျွန်မက ကောင်းယောင်ယောင်ပါ... ထပ်ဆုံပြန်ပြီနော်... မနက်ဖြန် စံအိမ်ရဲ့ရွက်လွှင့် သတို့သမီးခန်းနဲ့ စားသောက်ဆိုင်တွေ ဖွင့်ပါမယ်... ကျွန်မတို့စံအိမ်ရဲ့မဲနှိုက်အစီအစဉ်ကို အားလုံးသိချင်နေကြပြီလို့ ထင်ပါတယ်... ဒါပေမဲ့ မလောပါနဲ့ဦး... အရင်ဆုံး အားလုံးကို လုပ်ငန်းအသစ်နဲ့မိတ်ဆက်ပေးပါရစေ''

''ပထမအနေနဲ့ ကျွန်မတို့ ရွက်လွှင့်တာက ၁၀ ကီလိုမီတာရှည်ပါတယ်... ဝင်ကြေးက တစ်ယောက်ကို ယွမ် ၁၅၀ ပါ... ယောင်ယောင် အားလုံးကိုသတိပေးချင်တာက တကိုယ်ရေသန့်ရှင်းရေးကြောင့် လဲမယ့်အဝတ်အစားအပြင် ကိုယ်ပိုင်မျက်နှာသုတ်နဲ့ ရေချိုးတဘက်တွေယူလာခဲ့ရပါမယ်''

''နောက်တစ်ခုက အခန်းပါ... သူ့မှာ သီးသန့်ကိုယ်တိုင်လုပ်အသားကင်နေရာပါပါတယ်... စံအိမ်ရဲ့ညခင်းအလှကို ကြည်နူးနိုင်ပါတယ်... သတို့သမီးခန်းမှာ လေအေးပေးစက် ရေအားလျှပ်စစ်... အားလုံးရှိပါတယ်... အစမ်းသတ်မှတ်စျေးက တစ်ညကို ယွမ် ၃၀၀ ပါ... အခန်း ၁၅၀ ပဲရှိပါတယ်ရှင့်... ဦးသူယူစနစ်ပါ''

''နောက်ပြီး အားလုံးအတွက် သတင်းကောင်းရှိပါတယ်... သတို့သမီးခန်းနဲ့စံအိမ်အတွက် လက်မှတ်တချို့ကို လိုင်းပေါ်ကမှာယူနိုင်ပါပြီ...''

ရွက်လွှင့်လက်မှတ်က ယွမ် ၁၅၀။ ဤသည်က ပုံမှန်ရွက်လွှင့်စျေးနှုန်းဖြစ်သည်။

အိပ်ခန်းက တစ်ည ယွမ် ၃၀၀ တဲ့။ ထိုစျေးနှုန်းမှာ ရုံချန်းစီရင်စုမှ ဟိုတယ်စျေးထက်တောင်မြင့်နေ၏။ တကယ်တော့ 4A ရှုခင်းနေရာမှ ဟိုတယ်အများစုထက် စျေးမြင့်သေးသည်။

သို့သော် ဗီဒီယိုကြည့်နေသူများမှာ ကောင်းယောင်ယောင်၏နောက်ထပ်စကားများကြောင့် လျင်လျင်မြန်မြန်အာရုံပြောင်းသွား၏။

''ကဲ... အားလုံးကို သတင်းကောင်းပြောဖို့ အချိန်ကျပါပြီ... မနက်ဖြန် လုပ်ငန်းအသစ်စပြီး စံအိမ်ကလည်း မဲနှိုက်ပေးမှာပါ... မနက်ဖြန် စံအိမ်မှာ ယွမ် ၁၀၀ သုံးတိုင်း မဲလက်မှတ်တစ်စောင်ရပါမယ်... မဲပေါက်သူက ယွမ် ၅၀၀၀၀ တန် အကြီးအကဲစားပွဲကိုရမှာပါ... ဒီစားပွဲမှာ ပါဝင်တာတွေက အပြင်မှာရဖို့ခက်တဲ့ ရှားပါးရတနာတွေပါရှင့်... မဲအကန့်အသတ်ရှိပါတယ်... ၃ ရက်ဆက်တိုက်အတွင်း နေ့စဉ်မဲပေါက်တဲ့ခရီးသည်က ၅ ယောက်ပဲရှိမှာပါရှင်''



All Chapters